“ပေါင်းစပ် သတ်ဖြတ်မှု”
Vol. 5 Ch. 66
သို့သော် ဖှေး ယခုအချိန်တွင် နောက်ဆုံးခေါင်းဆောင်ကြီးနှင့် တိုက်ခိုက်ရန်အစီစဥ်မရှိသေးပေ။ ထို့ကြောင့် [ဘုရားကျောင်းအဝင်ဝ]သို့ ရောက်ရှိသည်နှင့်ဖှေး ပထမဆုံးသွားသည့်နေရာမှာ ဘုရားကျောင်းအပြင်ဘက်ရှိ အဆောက်ဦးတစ်ခုအတွင်းသို့ပင်။
ချယ်စီလိုအပ်သော မှော်တူမှာ ထိုအဆောက်အုံအတွင်းတွင်တည်ရှိသည်။ တူအား ရှာဖွေယူဆောင်ပြီး [သူပုန်စခန်း]ရှိ ချယ်စီအားပေးလိုက်သည်နှင့် တပြိုင်နက် ချယ်စီမှနေ၍ ဖှေး၏ ပစ္စည်းများတွင် မှော်စွမ်းအင်၊ ဂုဏ်သတ္တိများ ပေါင်းထည့်ပေးမည်ဖြစ်သည်။
ဖှေးအရင်က ဒိုင်ယာဘလိုဂိမ်းဆော့ခဲ့ဖူးသော အတွေ့ကြုံများကြောင့် အနည်းငယ်ခန့်အကြာတွင်ထိုအဆောက်ဦးအား ရှာတွေ့သွားသည်။ ထိုနေရာမှာ အဆောက်ဦးဆိုသည်ထက် ဝင်္ကပါကြီးတစ်ခုကဲ့သို့ပင်။ အဆောက်ဦးထဲတွင် လျှောက်လမ်းများစွာနှင့် မှောင်မိုက်နေသော အခန်းများစွာတို့ဖြင့် ပြည့်နှက်နေ၏။ ဖှေးနှင့် အယ်လီနာတို့ ထိုအခန်းများအတွင်းသို့ ကြည့်ရုံဖြင့်ပင် မူးမိုက်မိုက်ဖြစ်စေ၏။ အတွင်းရှိ လေထုမှာ စိတ်ဓာတ်ကျစရာပင်။အော်ဟစ်သံများ၊ လေတိုးသံများ၊ သွေးများဖြင့် အေးစက်စိုစွတ်နေသော ကြမ်းပြင်ပေါ်တွင်လည်း ကြွက်ကြီးများ ဖြင့်ပြည့်နက်နေကြသည်။ နေရာတစ်ခုလုံး ငရဲခန်းကဲ့သို့ပင်။
လျှောက်လမ်းများ၊ မှောင်မိုက်သော အခန်းများအတွင်းတွင် အဆင့်မြင့်မကောင်းဆိုးဝါးများ လှည့်လည်သွားလာနေကြသည်။ သူ့တို့နှစ်ယောက် ရှေ့ဆက်သွားသည့်အချိန်တိုင်းတွင် ကြမ်းပြင်ပေါ်သို့သွေးများ ဖုံးလွှမ်းသွားရသည်။ အန္တာရယ်များမှာ နေရာအနှံ့တွင် ပုံးကွယ်နေကြသည်။
သူတို့နှစ်ယောက် ထိုအဆောက်ဦးအတွင်းသို့ဝင်သည့်အချိန်မှစ၍ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်သတ်ဖြတ်ရသည်မှာ ဆက်တိုက်ပင်။ နာရီဝက်ခန့်ကြာပြီးနောက်တွင် ဖှေးနှင့် အယ်လီနာတို့ ကိုယ်ပေါ်တွင် သွေးများ၊ အရိုးစများဖြင့် ဖုန်းလွှမ်းကုန်တော့၏။ သို့သော်သူတ်ို့နှစ်ယောက်လုံးနောက်ဆုံးတွင် တူသိမ်းဆည်းထားသည့် အခန်းအားတွေ့ရှိလိုက်ရသည်။
“အယ်လီနာ ငါတို့လိုက်ရှာနေတဲ့တူက ဒီအခန်းထဲမှာပဲ ခေါင်းဆောင်[စမစ်ဒ်]က မကောင်းဆိုးဝါးအုပ်တစ်ခုနဲ့အတူတူ အဲ့တူကိုကာကွယ်နေတယ်။ ငါ့နောက်မှာပဲနေ.....ထရစ်စတမ်မှာတုန်းကလို ရှေ့ကိုအရမ်းတက်မလာနဲ့ ဟုတ်ပြီလား.......”
[စမစ်ဒ်]အား စတင်စိန်ခေါ်မတိုက်ခိုက်မှီ အရင်တုန်းက ဖြစ်ခဲ့သည်ကို ဖှေးသတိရသွားသဖြင့် အယ်လီနာအား သူ့စကားနားထောင်ရန်တိုက်တွန်းလိုက်သည်။
“ဟုတ်ကဲ့ပါ မစ်စတာ....” အယ်လီနာ ထက်မံခေါင်းငုံ့နေပြန်သည်။ သူမသည် အမှောင်ထဲတွင် တိတ်ဆိတ်သော ပန်းလေးတစ်ပွင့်ကဲ့သို့ ရပ်နေ၏။ အဝေးတစ်နေရာတွင်တောက်လောင်နေသော မီးက သူမ၏ လှပသော ပုံရိပ်ကိုမြေပြင်ပေါ်တွင် ထင်ဟပ်စေလျှက်ရှိသည်။ သူမ ပျော့ပျောင်းညင်သာစွာပြောလိုက်သည်။ “ဒီတစ်ခါတော့ စိတ်မပြတ်စေရပါဘူး မစ်စတာ....”
ဖှေး အံ့သြသွားသည်။
အကြောင်းအမျိုးမျိုးကြောင့် တစ်ခါတစ်လေတွင် အယ်လီနာ၏ အမူအယာမှာ ဆန်းကြယ်နေသည်ဟု ဖှေးခံစားမိသည်။ တိုက်ပွဲအတွင်းတွင် သူမသည် သွေးအေးပြီး ရန်လိုသည့် စစ်သည်တစ်ဦးဖြစ်သည်။ သူမ ပစ်လွှတ်လိုက်သည့် မြှားတိုင်းသည် သေခြင်းတရား၏ အဓိပ္ပါယ်ကို ဖော်ဆောင်သည်။ မှော်ပညာနှင့် ရှားပါးပစ္စည်းတို့မှတောက်ပသော အလင်းရောင်များအောက်တွင် သူမသည် စစ်နတ်သမီးတစ်ယောက်အလားကဲ့သို့ပင်......သို့သော် သူမ သူ့အားစကားပြောသည့်အချိန်တွင်မူ သူမ၏ အမူအရာမှာ ရိုသေပြီး နူးညံ့သည့်ပုံပေါက်သည်။ အနည်းငယ်ပင် ရှက်ရွံ့သလိုလိုဖြစ်နေသေးသည်။
“ဟီးဟီး ဒီကောင်မလေးငါ့ကို ကြိုက်နေတာများလား.....”
ဖှေး ၏ ပင်ကိုသဘောအရ အယ်လီနာအား ဂရုစိုက်သောကြောင့် အနောက်သို့လှည့်ပြီး ထက်မံသတိပေးလိုက်သည်။ “နင့်အတွက် လုံခြုံမှုက အဓိကပဲနော် ဟုတ်ပြီလား...အန္တာရယ်များလာပြီဆိုရင် နင်အရင်လွတ်အောက်ဆုတ်ခွာသွား...ငါ့ကိုမစိုးရိမ်နဲ့ ငါ့မှာ ငါ့ဟာနဲ့ငါလွတ်အောင်ပြေးနိုင်တဲ့ နည်းလမ်းတွေရှိတယ်...”
.............
သုံးမိနှစ်ခန့်ကြာပြီးနောက်.......
ဖှေး သူသည် စိုးရိမ်မှုများ လွန်ကဲနေခြင်းသာဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူဒိုင်ယာဘလို ဂိမ်းဆော့ခဲ့စဥ်က [စမစ်ဒ်]မှာ အလွန်အစွမ်းထက်လှသည်။ သို့သော် ယခုအချိန်တွင်မူ ဖှေး နှင့် သူ၏ကိုယ်ရံတော်၏ တိုက်ခိုက်မှုများအောက်တွင် [စမစ်ဒ်]အတွက် မျှော်လင့်ချက်ပင်မရှိချေ။ [စမစ်ဒ်] အကြိမ်အနည်းငယ်ခန့် ဟိန်းဟောက်အော်ဟစ်ပြီး လဲကျသေဆုံးသွားတော့သည်။ ဖှေး သွေးပုလင်း သောက်ရန်ပင်မလိုလိုက်ပေ။
“ဒီကောင်သေတာကလဲ မြန်လိုက်တာ ပစ္စည်းကောင်းကောင်းမွန်မွန်လဲတစ်ခုမှ မရလိုက်ဘူး...”
မြေပြင်ပေါ်တွင် မှော်ပစ္စည်းလေးခုကိုသာမြင်ရသဖြင့် ဖှေးစမစ်ဒ်၏ အလောင်းအား ပိတ်ကန်ရင်းပြောလိုက်သည်။ အရပ်၇ပေခန့်ရှည်ပြီး အပြာရောင်အသားအရေနှင့် ထိုမကောင်းဆိုးဝါးမှာ ခွန်အားမှလွဲ၍ ဘာစွမ်းအားမှမရှိချေ။
“မင်းကလဲ ခေါင်းဆောင်ကြီးတစ်ယောက်ပဲမလား...ဘာလို့ ခေါင်းဆောင်ကြီးချင်းအတူတူကို ကွာခြားချက်တွေကြီးနေရတာလဲ....[မေ့လျှော့ခြင်းခံရသော မျှော်စဥ်]က ခေါင်းဆောင်ကြီး မြို့စားကတော်တုန်းကလဲ ပစ္စည်းကောင်းကောင်းမရပါဘူး ဒါပေမယ့် ရွှေဒင်္ဂါးအများကြီးရလိုက်သေးတယ်....မင်းစီက ပစ္စည်းလဲမရ ရွှေလဲမရ....”ဖှေး ဒေါသဖြစ်နေ၏။
သို့သော်လည်း စမစ်ဒ် အားသတ်ဖြတ်နှိမ်နင်းရာမှ အတွေ့ကြုံအမှတ်(exp)တော်တော်များများ ရရှိလိုက်သောကြောင့် ဖှေး စိတ်လျှော့ကျေနပ်ပေးလိုက်ရသည်။
နောက်ဆုံးတွင်ဖှေး ထက်မံ၍ လယ်ဗယ်(အဆင့်)တစ်ခု တက်သွားပြန်ပြီဖြစ်သည်။
လူရိုင်းဇာတ်ကောင် ဖှေးမှာ ယခုအချိန်တွင် လယ်ဗယ်(အဆင့်)၁၄သို့ရောက်ရှိနေပြီဖြစ်သည်။ အနည်းငယ်စဥ်းစားချင့်ချိန်ပြီးနောက်တွင် ဖှေးသူ၏ ထက်မံရရှိလာသော ကျွမ်းကျင်မှုဆိုင်ရာအမှတ်နှစ်မှတ်ထဲမှ တစ်မှတ်ကို [ဆေးရည် ရှာဖွေခြင်း]ဟူသည့် အစွမ်းကိုရရှိရန်အသုံးပြုလိုက်ပြီး ကျန်တစ်မှတ်ကို [ဓားလက်နက် ကျွမ်းကျင်မှု]ကို တိုးမြှင့်ရန် အသုံးပြုလိုက်သည်။
မကောင်းဆိုးဝါးများထံမှ ကျလာသော သာမန်ပစ္စည်းများမှ ဖှေး၏ စံနှုန်းများဖြင့် နီးပင်မနီးစပ်ချေ။ ထို့ကြောင့် ဖှေးအလုပ်ရှုပ်ခံပြီး ကောက်မနေတော့။ ဖှေး သူ၏ အခြေအနေအား ပြန်လည်ကြည့်ရှုလိုက်သည့်အချိန်တွင် သူ၏ လက်နက်များ၊ ချပ်ဝတ်များ၏ အကြမ်းခံနိုင်မှုတို့မှာ လျှော့နည်းနေပြီဖြစ်ပြီး၊ ဝယ်ယူလာသော ဆေးပုလင်းများလည်း ကုန်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဖှေး မြို့ပြောင်းစာလိပ် ကို အသုံးပြုပြီး သူပုန်စခန်း သို့ပြန်လာခဲ့တော့သည်။
ထို့နောက်တွင် မှုန်ကုပ်ကုပ်ဖြစ်နေသော ကောင်မလေး ချယ်စီအား မှော်တူပေးလိုက်သည်။
“ဝိုး မယုံနိုင်စရာပဲ...အသင်က တကယ်ပဲ စမစ်ဒ်ကို သတ်ပြီး မှော်တူကိုပြန်ယူလာနိုင်ခဲ့တာပဲ....အသင်ငါ့ရဲ့ခင်မင်ရင်းနှီးမှုတွေကို ရရှိသွားပါပြီး ငယ်ရွယ်တဲ့စစ်သည်။ ကျေးဇူးဆပ်တဲ့အနေနဲ့ အသင့်ရဲ့ပစ္စည်းတွေထဲက တစ်ခုခုကို မှော်စွမ်းအင်တွေနဲ့ ဖြည့်ဆည်းမွမ်းမံပေးပါမယ်.....”ပန်းပဲဆရာမလေး၏ မျက်လုံးများမှာ မှော်တူကိုမြင်သော် တောက်ပသွား၏။ သူမ၏ မှုန်ကုပ်ကုပ်နှင့် ဝမ်းနည်းနေသော အသွင်အပြင်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမ၏ လှပသော မျက်နှာတွင် အပြုံးတစ်ပွင့်တောက်ပနေသည်။ သူမ၏ အသွင်အပြင်မှာ ပိုမိုငယ်ရွယ်သွားသလိုပင်ထင်မြင်ရပြီး သူမ၏ ဖှေးအား ဆက်ဆံပုံမှာ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ဤကဲ့သို့ ပြောင်းလဲမှုတို့ကြောင့် ဖှေးအံ့သြသွားသည်။ မူရင်းဂိမ်းထဲတွင် ထိုကဲ့သို့ မဟုတ်သောကြောင့်ပင်။
ဖှေး ခေါင်းထဲအတွင် အကြံတစ်ခုရလာပြီး ချယ်စီ၏ ပျော်ရွှင်ကာစိတ်အားထက်သန်မှုအပေါ် ရောသောဖောသောလုပ်၍ ခင်မင်ရင်းနီးစွာ စကားသမြည်ပြောကြသည်။ သူတို့နှစ်ယောက်သား ခင်မင်ရင်းနီးသွားကြပြီး ချယ်စီမှာ ဖှေး၏ ချပ်ဝတ်နှင့် လက်နက်များအား ၂၀% ဒစ်စကောင့်ဖြင့် ပြင်ပေးမည်ဟု ကမ်းလှမ်းလာသည်။ ဖှေးလိုချင်ပါက သူမ၏ဆိုင်မှာ ချပ်ဝတ်နှင့် လက်နက်အသစ်များကိုလည်း ၂၀% လျှော့စျေးဖြင့် ရောင်းချပေးမည်ဖြစ်သည်။
ဖှေး ထိုကမ်းလှမ်းမှုကို အလွန်သဘောကျသည်။
သို့သော် ဖှေး သူ၏ပစ္စည်းတစ်ခုခုအား မှော်စွမ်းအင်များပေါင်းထည့်ချင်းအား ယခုချက်ချင်းမလုပ်ဆောင်လိုသေးပေ။ ဤသည်မှ အဖိုးမဖြတ်နိုင်သည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ထို့ကြောင့် ဖှေးမည်သည့်ပစ္စည်းတွင် မှော်စွမ်းအင်များပေါင်းထည့်လိုက်ပါက အကောင်းဆုံးဖြစ်မည်ဆိုသည်အား သေချာအချိန်ယူ စဥ်းစားဆုံးဖြတ်ရဦးမည်ဖြစ်သည်။
ဖှေး သူ၏ အပြာရောင်မှော်ပစ္စည်းများ အားလုံးကိုလဲ ချယ်စီထံတွင် ရောင်းချလိုက်သည်။ ထိုမှ ထက်မံရရှိလာသော ရွှေဒင်္ဂါးများ ထက်မံပေါင်းထည့်ပါက ဖှေးသည်ယခုအခါတွင်ရွှေဒင်္ဂါး ၅၄၀၀၀ပြားခန့်ရှိသည့် လူချမ်းသာကြီးတစ်ဦးဖြစ်နေပြီဖြစ်သည်။သူ၏ ဘေးရှိ လှပသောကိုယ်ရံတော်ကိုကြည့်ပြီး တစ်ခုခုတွေးလိုက်မိသည်။ သူ အယ်လီနာနှင့် သင့်လျှော်မည့် ချပ်ဝတ်ပစ္စည်းတစ်ချို့ကိုလဲ ထက်မံဝယ်ယူလိုက်သည်။
“ရက်ရောမှုအတွက် ကျေးဇူးပါပဲ မစ်စတာဖှေး.......”
ပစ္စည်းအသစ်များ တပ်ဆင်ပြီးနောက်တွင် အယ်လီနာမှာ ပို၍ပင် သွယ်လျှ လှပနေတော့သည်။ သူမ၏ အနီရောင်ဆံပင်များမှာ လေညင်းနှင့်အတူ တလွင့်လွင့်ဖြစ်နေ၏။ သူမ၏ ဆံပင်များမှ မီးတောက်များကဲ့သို့ပင်၊ သူမ၏ ဖြူဖွေးနူးညံ့ချောမွေ့သော အသားအရည်နှင့် အလွန်လိုက်ဖက်လှသည်။ သူမအား သူပုန်စခန်းတွင် အလှဆုံးပန်းကလေးဟု ခေါ်ကြသည်မှာ မဆန်းပေ။
................
................
“ပန်းပွင့်ကလေးများ သူမ၏မျက်နှာကိုမြင်ပါက ပန်းပွင့်ကလေးများပင် ကြွေလွင့်သွားကြရတယ်.......
လေညင်းကလေးများ သူမ၏အသံကို ကြားပါက..လေညင်းကလေးများပင် တိတ်ဆိတ်လို့သွားကြရတယ်.....
နေရောက်ခြည်ကလေးက သူမ၏အပြုံးကိုမြင်ပါက နေရောက်ခြည်ကလေးပင် အဝေးသို့ရှက်ရွံ့ပြီးထွက်ပြေးသွားရတယ်......”
ဤလှပသော ကဗျာမှာ ခရီးသွားကဗျာဆရာများ ငယ်ရွယ်သည့် သူတော်စဥ် အေဒရီရယ်အကြောင်း စပ်ဆ်ိုခဲ့သော ကဗျာတစ်ပုဒ်ဖြစ်၏။ လွန်ခဲ့သည့်အချိန်က [တာမိုး ကုန်းမြင့်]ပေါ် ရှိဘုရားကျောင်းတွင် တိုက်တစ်ခုလုံးက ဂုဏ်ယူရသည်အထိလှပသော အမျိုးသမီးငယ်လေးတစ်ယောက်ရှိခဲ့သည်။ သူမ၏ အမည်မှာ အေဒရီရယ်ပင်ဖြစ်သည်။ ယောက်ျားပေါင်းများစွာမှာ သူမ၏အလှကြောင့် ရူးသွပ်ခဲ့ရပြီး၊ မိန်းမပေါင်းများစွာမှာ သူမ၏အလှအား အရူးအမူးမနာလိုဖြစ်ခဲ့ကြရသည်။ ထိုကောင်မလေးမှာ မိဘမဲ့ကတစ်ယောက်ဖြစ်ပြီး တ်ိုက်တစ်ခုလုံးတွင် သူမ၏ အလှကြောင့်ကျော်ကြားခဲ့၏။
နောက်ပိုင်းတွင် မည်သူမျှမသိသော အကြောင်းတစ်ခုခုကြောင့် ထိုအလှဆုံးဟုဆိုကြသော ကောင်မလေးမှာ ဒဏ္ဍာရီလာနတ်ဆိုးအမှောင်သခင်ကြီး ဒိုင်ယာဘလိုနှင့် ချစ်ကျွမ်းဝင်ခဲ့ကြသည်။ နတ်ဆိုးစွမ်းအင်များကို လက်ခံရယူကာ တိုက်တစ်ခုလုံးတွင် ကြောက်စရာအကောင်းဆုံး အမျိုးသမီးမကောင်းဆိုးဝါးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဘုရားကျောင်းကို သူမအပိုင်သိမ်းလိုက်ပြီး နေထိုင်နေကြသော သူတော်စဥ်များအားလုံးကို သတ်ကာ ရှင်သန်နေသော ငရဲအဖြစ်သို့ ပြောင်းလဲခဲ့သည်။ တစ်ချိန်ထဲမှာ ပင် ထိုဘုရားကျောင်းမှာ သူပုန်စခန်းမှ အရှေ့ဘက်ရှိ မြို့တစ်မြို့ဖြစ်သည့် [လူ့တ် ဂိုလိမ်]မြို့သို့သွားရာ လမ်းအား ပိတ်ပင်လိုက်သည်။ ဤသို့ဖြင့် [သူပုန်စခန်း]တည်နေရာမှ အဆက်သွယ်ကင်းမဲ့သည့် နေရာတစ်နေရာဖြစ်လာခဲ့ရသည်။
ဘုရားကျောင်းသို့ သွားရာလမ်းပေါ်တွင် အယ်လီနာပြောပြသဖြင့် ဖှေးထို သမိုင်းအကြောင်းသိရှိခဲ့ရသည်။
“သူတော်စဥ်တစ်ယောက်က နတ်ဆိုးတစ်ယောက်နဲ့ ချစ်ကြိုက်သွားခဲ့တာလား....အချစ်ရဲ့အစွမ်းကတော်တော်ကြီးတာပဲ.....အယ်လီနာ နောက်ဆုံးတိုက်ပွဲက စတင်တော့မှာနော် ဒီတံကားကိုတွန်းဖွင့်လိုက်တာနဲ့ ငါတို့နှစ်ယောက် သူပုန်တိုက်မှရှိတဲ့ ကြောက်စရာအကောင်းဆုံးမကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ရတော့မှာ...ငါပြောတာကိုမမေ့နဲ့ ဘာတွေပဲဖြစ်နေဖြစ်နေ သူမနဲ့ကိုက်၃၀အကွာမှာပဲနေ အနားကိုပိုမကပ်နဲ့ကြားလား...”ဖှေး ဘုရားကျောင်းရှိ မြေအောက်ခန်းစတုတ္ထထပ်သို့ဝင်ရာ တံခါဝတွင် ရပ်နေရင်း အယ်လီနာအား လေးလေးနက်နက်သတိပေးလိုက်သည်။
လွန်ခဲ့သည့် တစ်နာရီခန့်တွင် သူတို့နှစ်ယောက်လုံး ဘုရားကျောင်းအတွင်းရှိ မကောင်းဆိုးများကို ရှင်းလင်းနေခဲ့ပြီး အေဒရီရယ်ရှိနေသည့် နေရာကိုရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ သူတို့နှစ်ယောက်၏ အရှေ့တွင်ရှိသော သစ်သားနံခါး၏ အနောက်တွင် သူပုန်စခန်း၏ အကြီမားဆုံးရန်သူခေါင်းဆောင်ကြီးဖြစ်သည့် အေဒရီရယ်မှာ သူတို့နှစ်ယောက်အား စောင့်ဆိုင်းနေသည်ဖြစ်သည်။ သူတို့နှစ်ယောက်အား ကြောက်မက်ဖွယ်တိုက်ပွဲကြီးတစ်ခု စောင့်နေသည်ဆိုသည်မှာ ဖော်ပြရန်ပင်မလိုချေ။
အယ်လီနာမှာ စိတ်လှုပ်ရှားနေသော်လည်း ပြတ်သားစွာ ခေါင်းငြိမ့်ပြလိုက်သည်။