“မြေအောက်ရေ သံမဏိအကျဥ်းထောင်၏ နောက်ခံဇာတ်လမ်း”
Vol. 5 Ch. 67
ဖှေး လူရိုင်းဇာတ်ကောင်၏ ပုဆိန်ကြီးအား လက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ သွေးများဖြင့်ပြည့်နှက်နေသော လေထုအတွင်းမှလေကို တဆုံးရှူလိုက်ပြီး သူ၏ အာရုံစူးစိုက်မှုအား အမြင့်ဆုံအနေအထားရောက်ရန်အတွက် ချိန်ညှိနေ၏။ သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ခုလုံး အမြင့်ဆုံးအနေအထားသို့ ရောက်ပြီဆိုသော အခါမှ ဖှေး သူ၏အရှေ့တွင်ရှိသော သစ်သားတံကားကြီးကို ညာခြေဖြင့်ကန်ဖွင့်လိုက်တော့သည်။
သစ်သားတံခါး တစ်စစီကြွေလွှင့်သွားချိန်တွင် နောက်ဆုံးခေါင်းဆောင်ကြီး အေဒရီရယ်၏ သားရဲတွင်းကို ဖှေးမြင်တွေ့လိုက်ရတော့သည်။
မဆုံးနိုင်သည့် အော်ဟစ်သံများစွာနှင့်အတူ မကောင်းဆိုးဝါးအမျ်ိုးအစား အများအပြား ဖှေးနှင့် အယ်လီနာတို့ထံ တိုးဝင်လာတော့သည်။ တစ်ချိန်တည်းမှာပင် စိတ်ကူး၍မရအောင်ပင် ကြီးမားလှသော ဖိအားကြီးတစ်ခုကိုလည်း သူတို့နှစ်ယောက်လုံးခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် လေထုတစ်ခုလုံးပင် သိပ်သည်းလာသည်။ ဖှေးနှင့် အယ်လီနာတို့၏ ရွှေ့လျားမှုများမှာ ရေအောက်သို့ရောက်နေသကဲ့သို့ နှေးကွေးသွား၏။ ဆိုးယုတ်သော စွမ်းအင်များမှာ ထင်မှတ်မထားနိုင်လောက်သည့်အထိပင်။
“သေကြစမ်း ကျူးကျော်ဝင်လာတဲ့သူတွေ.....”
အော်ဟစ် ဟိန်းဟောက်လိုက်သံကြောင့် အခန်းတစ်ခုလုံးပင် တုန်ခါသွားသည်။ ပေးပတ်ဝန်းကြင်တွင်ရှိသော ရုပ်တုများစွာကြေမွကုန်သည်။ မြေပြင်တစ်ခုလုံး အက်ကွဲကုန်ပြီး ငရဲမှဖိတ်ခေါ်နေသကဲ့သို့ မီးများထတောက်လာသည်။
ထို့နောက်တွင် ၅ကိုက်ခန့်အမြင့်ရှိ နတ်ဆိုးသဏ္ဍန်တစ်ခု သူတို့နှစ်ယောက်၏ ရှေ့တွင်ပေါ်ပေါက်လာခဲ့သည်။
ထိုအရာမှာ နတ်ဆိုးတစ်ပိုင်းတစ်စဖြစ်နေသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမတွင် မင်သက်ဖွယ်ကောင်းလောက်အောင်ပင် လှပသည့် မျက်နှာတစ်ခုရှိ၏။ ကမ္ဘာပေါ်တွင် လှပပါသည်ဟုဆိုသည့်အရာအားလုံး သူမနှင့်ယှဥ်ပါက မှေးမှိန်သွားလောက်သည်ထိပင်လှပ၏။ သူမ၏မျက်နှာအား ဘုရားသခင်က မျက်နှာလိုက်ကာ ဖန်တီးထားသည်ဟုပင် ထင်ချင်စရာကောင်းလှ၏။ သို့သော် ထိုမျှလှပသော သူမ၏ မျက်နှာမှလွဲ၍ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးမှာ မကောင်းဆိုးဝါးခန္ဓာကိုယ်အစိတ်ပိုင်းများပင်။ ပို၍ သန်မာလာရန်အတွက် အေဒရီရယ်မှာ ငရဲမှစွမ်းအင်များကို လက်ခံရယူခဲ့သည်။ သူမ၏လှပသော လက်များမှာ ချွန်မြနေသည့် မကောင်းဆိုးဝါးလက်သည်းများဖြစ်လာခဲ့သည်။ သူမ၏ နောက်ကျောတွင် ရေဘဝဲကဲ့သို့ကြီးမားသည့် လက်တံကြီးလေးခုပါရှိ၏။ ထိတ်လန့်ဖွယ်အာရုံများမှာ သူမ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လျှက်ရှိသည်။
“ကျား....”
ဖှေး ရုတ်တရက်အော်ဟစ်လိုက်သည်။ လူရိုင်းဇာတ်ကောင်း [ဟိန်းဟောက်ခြင်း]အား အသုံးပြုလိုက်ခြင်းဖြစ်သည်။
မှော်စွမ်းအင် တစ်ခု ပျံ့နှံ့သွားပြီး အေဒရီရယ်အနောက်တွင် လိုက်ပါလာကြသည့် အဆင့်နိမ့်မကောင်းဆိုးဝါးများကို ခြောက်လန့်လွှတ်လိုက်သည်။ ကံမကောင်းစွာပင် ထို [ဟိန်းဟောက်ခြင်း]အစွမ်းမှာ ခေါင်းဆောင်ကြီး အေဒရီရယ်အပေါ်တွင် ထိရောက်မှုမရှိပေ။ အေဒရီရယ်ကြောက်ရွံ့ခြင်းကို လုံးဝမခံစားရချေ။ ထိုအစား သူမ၏ခေါင်းကို အောက်ငုံ့ကြည့်လိုက်ပြီး ပြန်လည်ဟိန်းဟောက်လိုက်သည်။ သူမ၏ခန္ဓာကိုယ်မှ အနံဆိုးလှသည့် အစိမ်းရောင်တိမ်တိုက်ကြီးလေးခု ထွက်ပေါ်လာသည်။
“အယ်လီနာ ဝေးဝေးမှာနေ အဲ့တာတွေနဲ့မထိမိစေနဲ့ အဲ့တာတွေက အသေအဆိပ်ပြင်းတယ်.....”
ဖှေး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ သွေးပုလင်း အလတ်စားတစ်လုံးကို ထုတ်ယူလိုက်ပြီး သွားတွင်ကိုက်ထားလိုက်သည်။ ထို့နောက်တွင် အစိမ်းရောင်တိမ်တိုက်များထဲသို့ တိုးဝင်သွားပြီး အေဒရီရယ်ထံသို့ ချက်ချင်းပင် ချည်းကပ်သွားတော့သည်။ သူ၏လက်ထဲမှ ပုဆိန်ကြီးမှာ အဖြူအရောင်အလင်းတန်းအဖြစ်သို့ ပြောင်းသွားပြီး အေဒရီရယ်ကို ခုတ်ပိုင်းလိုက်သည်။
“အား......”
အေဒရီရယ် နာကြင်မှုကို ခံစားလိုက်ရသည်။ နာကြင်စွာအော်ဟစ်ပြီး ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်တော့သည်။
ဖှေးမှာ သေစေနိုင်သော အဆိပ်ဒဏ်သင့်နေသည်မှာ ကြာပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ အမွေးအမျှင်အားလုံး အစိမ်းရောင်သို့ပင် ပြောင်းလဲသွားပြီဖြစ်သည်။ အေဒရီရယ် ပြန်လည်တိုက်ခိုက်သည့် ရိုက်ချက်တော်တော်များများကိုလည်း ဖှေးခံလိုက်ရသည်။ ဖှေး၏ ပါးစမ်မှသွေးများ စီးကျလျှက်ရှိပြီး သူ၏သွေးတန်းမှာလဲ လေလျှော့လိုက်သော ဘောလုံးကဲ့သို့ တရစက်လျှော့ကျလျှက်ရှိသည်။
ဖှေး တစ်ဖက်သို့လှည့်ပြီး တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။ အေဒရီရယ်နှင့် အကွားအဝေးတစ်ခုရရှိစေရန် ဖှေး အဝေးသို့ထွက်ပြေးလိုက်သည်။ ထို့နောက်တွင် သွေးပုလင်းအလတ်စားကို ဖွင့်ပြီး အမြန်မော့သောက်နေ၏။
သို့သော် အေဒရီရယ်မှာ ဖှေးအား အပြေးမခံချေ။ အနီးကပ်လိုက်ပါလာ လျှက်ရှိသည်။ ဖှေး ထံသို့ အစိမ်းရောင်အဆိပ်ငွေ့ တိမ်တိုက်တစ်ခုကို ပစ်လွှတ်လိုက်ပြီး ထိုတိမ်တိုက်မှာ ဖှေးအား လွှမ်းခြုံသွားတော့၏။
ထိုအချိန်တွင်........
“ဘန်း ဘန်း ဘန်း ဘန်း”
ရွှေရောင်တောက်ပနေသော အယ်လီနာ၏ လေးထံမှ ရေခဲမြှားများ ပျံသန်းထွက်ခွာသွားပြီး အေဒရီရယ်အား ထိမှန်ကုန်သည်။
အယ်လီနာချက်ချင်းပင် သူမ၏လေးကြိုးများကိုတင်လိုက်ပြီး မှော်စွမ်းအင်များမှာ သူမ၏ ခန္ဓာကိုယ်ထဲတွင် ပေါ်ထွန်းလာတော့သည်။ ဖှေးအန္တရာယ်ရှိနေသည်ကိုတွေ့ရသောအခါ အယ်လီနာ အေဒရီရယ်အား အေးစက်စွာစိုက်ကြည့်ရင်း ပြင်းထန်စွာ စတင်တိုက်ခိုက်တော့သည်။
ထိုကဲ့သို့ပြင်းထန်သောတိုက်ခိုက်မှုများမှာ နတ်ဆိုး အေဒရီရယ်၏ အာရုံစိုက်မှုကို ဆွဲခေါ်လိုက်သကဲ့သို့ပင်။
သူမဒေါသဖြစ်စွာဟိန်းဟောက်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ အယ်လီနာထံဦးတည်လာတော့သည်။
“အကွာအဝေးကိုထိန်းထား.....သူမကို ကိုက်၃၀ထက်ပိုပြီး နီးကပ်မလာစေနဲ့....” ဖှေး သွေးပုလင်အလတ်စား နောက်တစ်လုံးထပ်သောက်နေရင်း လှမ်းအော်လိုက်သည်။ ထို့နောက်တွင် အေဒရီရယ်၏ အနောက်သို့ပြေးလိုက်သွားပြီး သူမ၏ နောက်ကြောအား ပုဆိန်ဖြင့် အချက်ပေါင်းများစွာခုတ်၍တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် အေဒရီရယ်မှာ ဖှေးအား တဖန်ပြန်လည်၍ ဦးတည်တိုက်ခိုက်တော့သည်။
ထိုနည်းလမ်းကို အသုံးပြုပြီး အယ်လီနာနှင့် ဖှေးတို့နှစ်ယောက် အေဒရီရယ်၏ ပစ်မှတ်များအဖြစ် တလှည့်စီတာဝန်ယူနေကြပြီး သူတို့နှစ်ယောက်လုံး အလွန်အန္တရာယ်များသည့် အခြေအနေတွင် ကျရောက်နေသည်။
သို့သော် တစ်ဖက်တွင်လည်း အေဒရီရယ်၏ သွေးတန်းမှာ တစ်စနှင့်တစ်စ လျှော့နည်းစပြုလာပြီဖြစ်သည်။
နောက်ဆုံး နာရီဝက်ခန့်အကြာတွင် ဖှေး စောင့်မျှော်နေသည့်အရာ ဖြစ်လာခဲ့ပြီဖြစ်သည်။ ကျယ်လောင်သော နာကြင်စွာအော်ဟစ်သံကြီးနှင့်အတူ အေဒရီရယ်မှာ သူမ၏ သွေးအိုင်ကြီးထဲသို့ လဲကျသွားတော့သည်။ လဲကျပြီးချိန်တွင် အေဒရီရယ်၏လှပသော မျက်ဝန်းများထံမှ မျက်ရည်စများစီးဆင်းသွားသည်ကို ဖှေးမြင်လိုက်ရသည်။ သူမ၏ လှပသော မျက်လုံးများထဲတွင် စိတ်အေးချမ်းမှုရသွားသည့် အသွင်အပြင်တစ်ခုကိုလဲ သူမသေဆုံးခါနီးတွင်မြင်လိုက်ရ၏။
ထို အသွင်အပြင်မှာ သူမ၏ မျက်နှာမှ လျှင်မြန်စွာ ပျောက်ကွယ်သွားသည့်အတွက် ဖှေး ကိုယ့်ကိုယ်ကို အမြင်မှားလိုက်လေသလားဟုပင် သံသယဝင်လာလေသည်။
ထို့နောက်တွက် အေဒရီရယ်၏ ခန္ဓာကိုယ်မှ စတင်လောင်ကျွမ်းတော့သည်။ သူမ၏ နတ်သမီးမျက်နှာနှင့် နတ်ဆိုခန္ဓာကိုယ်တို့အား မီးတောက်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ မကြာမှီတွင် သူမ၏ ရုပ်အလောင်းမှာ မီးလောင်ပြာကျသွားပြီဖြစ်သည်။ သူမ၏ ကျေးကျွန်မကောင်းဆိုးဝါးများလည်း မြေပြင်ပေါ်သို့လဲကျ ကုန်ကြပြီး မီးများတောက်လောင်ကျွမ်းကုန်ကြသည်။
မကြာမှီတွင် ၅ထပ်မြောက်မြေအောက်ခန်းအတွင်းတွင် မကောင်းဆိုးဝါးတစ်ကောင်မှ မရှိတော့ချေ။
ဖှေး သူမြင်လိုက်ရသည့် အေဒရီရယ်၏ မျက်နှာအမူအရာအကြောင်းကို ပြန်စဥ်းစားနေစဥ်မှာပင် ကောင်းကင်မှ အဖြူရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူ့အား ဝန်းရံလိုက်သည်။
“ဟားဟား...ငါ လယ်ဗယ်(အဆင့်)တက်သွားပြန်ပြီဟေ့.....”
ဖှေး ပျော်ရွှင်သွားသည်။ သူ၏ ဇာတ်ကောင်ဆိုင်ရာ အချက်အလက်များ စာမျက်နှာအား ဖွင့်ပြီးကြည့်လိုက်လေသည်။ ပြင်းထန်သောတိုက်ပွဲကြားများစွာအပြီးတွင် ဖှေး၏ လူရိုင်းဇာတ်ကောင်မှာ လယ်ဗယ်(အဆင့်) ၁၆သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ “ငါလွန်ခဲ့တဲ့ ၄နာရီအတွင်းမှာ အဆင့်၄ခုတတ်ခဲ့လို့ မဆိုးဘူးလို့ယူဆရမယ်......”ဖှေးတွေးလိုက်မိသည်။
ဂုဏ်သတ္တိဆိုင်ရာ အမှတ်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ အမှတ်များအား ဖြန့်ဝေအသုံးချပြီးနောက်တွင် ဖှေး၏ မျက်လုံးများမှာ မြေပြင်ပေါ်ရှိရွှေရောင်အလင်းတန်းများထံသို့ ကျရောက်သွားသည်။ အေဒရီရယ်ကို သတ်ဖြတ်ရာမှ ရွှေရောင်ရှားပါးပစ္စည်း ၄ခု ဆက်တိုက်ကျလာခဲ့သည်။ ဖှေး ဝမ်းသာစွာဖြင့် လမ်းလျှောက်သွားပြီး ပစ္စည်းများကို ကောက်ယူလိုက်သည်။ ပစ္စည်းမျာမှာ စဖင်းနစ် ဒိုင်းကာတစ်လက်၊ အထူးကောင်းမွန်သော သံဖိနပ်တစ်ရံ၊ ရှေးကျသည့် ကနုတ်လက်ရာများဖြင့်အလှဆင်ထားသည့် သံမဏိခေါင်းဆောင်းတစ်လုံး၊ အလွှာသုံးလွှာပါရှိသည့် အဝါရောင်ခါးပတ် တစ်လက်တို့ဖြစ်ကြသည်။
“ဝိုး....စမစ်ဒ်နဲ့ မြို့စားကတော်တို့စီက ပစ္စည်းကောင်းကောင်းမရလိုက်တာလဲမပြောနဲ့.....ပစ္စည်းအကောင်းစားတွေက နောက်ဆုံးခေါင်းဆောင်ကြီး အေဒရီရယ်စီမှာပဲ လာစုနေကြတာကိုး...ဟားဟားဟား....ငါကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားပဲဟေ့ ဒီပစ္စည်းတွေအကုန်လုံးက လူရိုင်းဇာတ်ကောင် အလိုအပ်စုံးပစ္စည်းတွေချည်းပဲ.....”
ဖှေးမှာ အလွန်ဝမ်းသာပျော်ရွှင်နေရာ သူ၏ သွားများပင် ပြုတ်ထွက်လုမတတ်ပင်။
ပစ္စည်းလေးခုကို မစစ်ဆေးရသေးသော်လည်း ထိုပစ္စည်းများမှာ အရည်အသွေးမှီပစ္စည်းများဖြစ်ကြောင်း ဖှေး မျက်လုံးဖြင့်ကြည့်ရုံမျှဖြင့်ပင် သိရှိနိုင်သည်။ ဖှေးအနားတဝိုက်ရှိ တစ်ခြားမကောင်းဆိုးဝါးများထံမှ ကျလာခဲ့သော အပြာရောက်မှော်ပစ္စည်းများ၊ ရွှေဒင်္ဂါးပြားများကို လိုက်လံကောက်ယူ သိမ်းဆည်းသည်။
ထို့နောက်တွင် မြို့ပြောင်း စာလိပ်ကို အသုံးပြုပြီး သူပုန်စခန်းသို့ အယ်လီနာနှင့် အတူ ပြန်လာခဲ့တော့သည်။
သူပုန်စခန်းသို့ပြန်ရောက်ရောက်ခြင်းပင် ပျော်ရွှင်စွာအော်ဟစ်အားပေးသံများကို ဖှေးသူ၏နားထဲတွင် ကြားလိုက်ရသည်။
“အေဒရီရယ် သေပြီ...ဟုတ်လား....ငါအိမ်မက်မက်နေတာမဟုတ်ပါဘူးနော်....အဲ့နတ်ဆိုးတကယ်ပဲသေသွားပြီလား.......”
“အဲ့တာ ရဲရင့်တဲ့လူရိုင်းစစ်သည်မလား သူကတကယ်ပဲ အေဒရီရယ်ကို နှိမ်နင်းနိုင်ခဲ့တာပဲ မယုံနိုင်စရာပါလား......”
“သူပုန်တိုက်မှာ အလင်းရောင်ပြန်လည် ထွန်းတောက်လာခဲ့ပြီ......”
“အရှေ့ကိုသွားတဲ့လမ်းပွင့်သွားပြီဆိုတော့....ငါတို့အခု လုတ်ဂိုလိမ်ကို သွားလို့ရပြီပေါ့.... “
ဖှေး အံ့သြသွားသည်။ တစ်ဖက်သို့လှည့်ကြည့်လိုက်ရာတွင် သူ၏လှပသော ကိုယ်ရံတော်မှာလဲ ပျော်ရွှင်မှုကြောင့် မျက်ရည်များပင်ကျလျှက်ရှိနေသည်ကိုတွေ့လိုက်ရသည်။ အယ်လီနာဖှေးအား ယုံကြည်လေးစားမှုများဖြင့် စိုက်ကြည့်ကာပြောလိုက်သည်။ “မစ်စတာ ဖှေး အသင်က သူပုန်စခန်းရဲ့ အိမ်မက်ဆိုးတစ်ခုဖြစ်တဲ့ အေဒရီရယ်ကို နှိမ်နင်းလိုက်ပါပြီ။ အဲ့တာကြောင့်မို့ အသင်က သူပုန်စခန်းရဲ့ ဒဏ္ဍာရီလာသူရဲကောင်းတစ်ဦး ဖြစ်လာပါလိမ့်မယ်.....လွန်ခဲ့တဲ့ နှစ်၆၀က ဘိုးဘေးတွေရဲ့ သွေးသစ္စာကတိစကားအရ အသင်က [သူပုန်စခန်း]ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လာတော့မှာဖြစ်ပြီး စခန်းအတွင်မှာ ရှိတဲ့လူတိုင်းကို ဦးဆောင်ပေးပါ....နောက်ပြီး အသင်က ကြီးမြတ်သော နတ်ဘုရားက ချိီးမြှင့်တဲ့ အစွမ်းကြီး၃ခုကိုလဲ ရရှိဦးမှာဖြစ်ပါတယ်....”
အယ်လီနာပြောနေသည့် အချိန်တွင် လူများ ဖှေး၏အနားသို့ပို၍ ပို၍ရောက်လာခဲ့ကြသည်။ သူတော်စဥ် အာကာရာ၊ ပန်းပဲဆရာမ ချယ်စီ၊ အဖိုးကြီး ကိန်း၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခက်ရှာနှင့် ငယ်ရွယ်လှပသည့် အမျိုးသမီးသူပုန်စစ်သည်များ ဖှေးအနားသို့လမ်းလျှောက်လာကြကာ ဒူးထောက်ချလိုက်ပြီး ရှေးကျထူးဆန်းသော သီချင်းတစ်ပုဒ်ကို စတင်သီဆိုကြတော့သည်။
ဖှေး ပါးစပ်အဟောင်းသားဖြစ်နေသည်။
“ဒါတော်တော်ထူးဆန်းတာပဲ....မူရင်းဂိမ်းထဲမှာ ဒီလိုမြင်ကွင်းမျိုးပါတာကို ငါမမှတ်မိပါဘူး.......”
ဖှေး အံ့သြသွားသည်။ ဘိုးဘေးတွေရဲ့ သွေးသစ္စာ စကားနှင့် နတ်ဘုရားက ချီးမြင့်သည့် အစွမ်းကြီး၃ခု အကြောင်းအား မေးရန်ပြင်လိုက်သည့်အချိန် ၌ပင်....
“အများဆုံး ဂိမ်းကစားနိုင်တဲ့အချိန် ပြည့်ပါတော့မယ်........ဆယ်စက္ကန့် စတင့်ရေတွက်နေပါပြီ......”
ရုတ်တရက်ပင် လျို့ဝှက်ပြီး အေးစက်စက်အသံကြီးမှာ ဖှေး၏ခေါင်းထဲတွက် ရုတ်တရက် ထက်မံ၍ပေါ်ပေါက်လာတော့သည်။
ဖှေး အံ့သြသွားသည်။ သို့သော်လည်း သူ့ထံတွင် မေးခွန်းများမေးနေရန် အချိန်မရှိတော့ကြောင်း သိလိုက်ရသည်။ သူအပြင်သို့ သယ်ယူသွားချင်သော ပစ္စည်းများကို အမြန်ရွှေ့ပြောင်းသည်။ ကံမကောင်းစွာပင် သက်မှတ်ချက် လယ်ဗယ်(အဆင့်) မပြည့်မှီသေးသဖြင့် မြို့ပြောင်းစာလိပ်ကို သယ်ဆောင်သွားခွင့် မရသေးပေ။ ထိုအရာမှလွဲ၍ [သွေးပုလင်း အလတ်စား] [သက်လုံဆေးပုလင်း] [အတွင်းအား ဆေးပုလင်း] စသည့်ဆေးပုလင်း တစ်ချို့ကို အောင်မြင်စွာ ရွှေ့ပြောင်းနိုင်ခဲ့သည်။
ဆွဲငင်အားမဲ့သွားသည့် ခံစားချက်အားထက်မံခံစားလိုက်ရပြီး ဖှေး၏ အမြင်အာရုံများ မှောင်ကျသွားကာ အားလုံးပျောက်ကွယ်သွားတော့သည်။
.........
သူ၏ မျက်လုံးများကို တဖန်ပြန်လည်ဖွင့်လိုက်သည့်အချိန်တွင် အပြင်ကမ္ဘာသို့ပြန်လည်ရောက်ရှိနေမှန်း သိလိုက်ရသည်။
နေမင်းမှာ ကောင်းကင်ရံ၏ အနောက်ဖက်အခြမ်းသို့ရောက်ရှိနေပြီဖြစ်ပြီး နေ့လည်စာစားချိန်ပင် ကျော်လွန်သွားပြီဖြစ်သည်။ အန်ဂျယ်လာနှင့် အန်မာတို့နှစ်ယောက်ဘယ်ထွက်သွားမှန်း ဖှေးမသိချေ။ ဖှေး အစေခံတစ်ယောက်အား စားစရာအနည်းငယ်ယူလာခိုင်းလိုက်ပြီး ဗိုက်ဖြည့်ပြီးနောက်တွင် သူ၏ ကိုယ်ရံတော်တိုးရီစ်နှင့် အတူ ဘရွတ်၏ ဦးဆောင်မှုအနောက်မှလိုက်၍ မြေအောက်ရေ သံမဏိအကျဥ်းထောင်သို့ ထွက်လာခဲ့ကြတော့သည်။ ထောင်တစ်ခုလုံးအား ပြန်လည်စစ်ဆေးပြီး ပြင်ဆင်မှုများပြုလုပ်ရန်အတွက် သူအဆင်သင့်ဖြစ်နေပြီဖြစ်သည်။
မြေအောက်ရေ သံမဏိအကျဥ်းထောင်ဆိုသည်မှာ ယခင် ချမ်းဘော့ဒ်ဘုရင်များလက်ထက်ကတည်းက အပြစ်သားများကို ချုပ်နှောင်စစ်ဆေးမေးမြန်းခဲ့ရာနေရာဖြစ်သည်။ သူတို့သုံးယောက်လုံး တောင်တန်းများထံသို့ ဦးတည်နေသည့် ကျောက်တုံးအဖြူရောင်များဖြင့် ခင်းထားသည့် လမ်းမှ လျှောက်လာခဲ့ကြသည်။ မိနှစ်၂၀ခန့် လမ်းလျှောက်ပြီးချိန်တွင်ရောက်ရှိလာပြီဖြစ်သည်။
၂၃ကိုက်ရှိသော ကျောက်တုံးဖြင့်ထုလုပ်ထားသည့် စစ်သည်ရုပ်တုကြီးနှစ်ခုမှာ ထောင်ဂိတ်တံခါးဝတွင် ရှိနေကြသည်။ ထိုရုပ်တုကြီးများမှာ ဂုဏ်သရေရှိသည့်ဟန်ပေါက်ပြီး မြင့်မားလှသောကြောင့် ကြည့်ရသူများအပေါ် ဖိနှိမ်သောခံစားချက်မျိုးကို ပေးလျှက်ရှိသည်။ ရုပ်တုများ၏ အနောက်တွင် အဖြူရောင်ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် ၁မိုင်ခန့်ရှည်လျားသော လှေကားထစ်များရှိ၏။ လှေကားမှတဆင့် တောင်တလုံးပေါ်သို့ တက်သွားရပြီး တောင်ထိပ်ရောက်သောအခါ အတော်အသင့်အကျယ်ဝန်းရှိသည့် ရင်ပြင်တစ်ခုရှိ၏။ ထိုရင်ပြင်၏ အလယ်တွင် ကဒုတ်ကျင်းစတိုင်ဖြင့်တည်ဆောက်ထားသည့် အမဲရောင်အဆောက်အဦးတစ်ခုရှိသည်။ ထိုအရာမှာ မြေအောက်ရေ သံမဏိအကျဥ်းထောင်ပင်။
ဤအမဲရောင်ထောင်ကြီးတွင် ဖီဆန်သူများ၊ ဆွေကြီးမျိုးကြီးများ၊ သူရဲကောင်းများ၊ အရာရှိများ စသည့်လူတန်းစားမျိုးစုံကို ထောင်ချခဲ့ဖူးသည်။ ထောင်ထဲတွင် သေဆုံးသွားခဲ့ကြသည့် ရာဇဝက်သားများ၊ မြို့သူမြို့သားများမှာ မရေတွက်နိုင်အောင်ပင်။ ဤနေရာအား ချမ်းဘော့ဒ်တွင်ရှိသည့် ကြောက်စရာအကောင်းဆုံးနေရယဟုပင် ပြောနိုင်၏။ တစ်စုံတစ်ယောက် မြေအောက်ရေသံမဏိအကျဥ်းထောင်တွင် အချုပ်ခံရပါက ထိုသူ အသက်ရှင်လျှက်ထွက်လာနိုင်တော့မည် မဟုတ်ဟုပင် တင်စားခဲ့ကြသည်။ နွေလယ်ခေါင်ဖြစ်နေစေကာမူ မည်သူမျှဤအေးစက်လှသော အကျဥ်းထောင်အနီးသို့ပင် မလာချင်ကြသေ။ သို့သော် ဖှေးနှင့် ဘရွတ်အား အံ့သြစေသည်မှာ တောင်ထိပ်ရင်ပြင်ပေါ်တွင် လူအများအပြားစုပြုံရောက်ရှိနေကြခြင်းပင်.........