"အံ့သြထိတ်လန့်ဖွယ် ရှာဖွေတွေ့ရှိမှု"
Vol. 5 Ch. 68
ဖှေး ရင်ပြင်ပေါ်သို့ရောက်ရှိလာသည့်အချိန်တွင် ဘေးပတ်ဝန်းကျင်သို့ အသေချာလှည့်ပတ်ကြည့်ရှုလိုက်သည်။ လူတော်တော်များများမှာ ဖြူဖက်ဖြူရော်နှင့် ပိန်ကပ်နေက အဝတ်အစားအစုတ်အပြတ်များ ဝတ်ဆင်ထားသောလူများများ၏။ ထိုသူများမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ဆင်းရဲနွမ်းပါးသော မြို့သူမြို့သားများပင်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဖှေးရောက်ရှိလာသည်ကိုတွေ့သော အခါ သူတို့အားလုံး ပျော်ရွှင်သွာအားပေးလိုက်ကြပြီး မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြသည်။
"ဟိုမှာ ကြည့်စမ်း အရှင်မင်းကြီးတကယ်ပဲရောက်လာပြီ......"
"အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် တရားမျှတအောင်ပြန်လုပ်ပေးပါ....."
"ကျွန်တော်တို့ အကျဥ်းထောင်အရာရှိတွေကို တရားစွဲချင်ပါတယ်...သူတို့တွေက အာဏာကိုအလွဲသုံးစားလုပ်ပြီး အပြစ်ကင်းစင်တဲ့လူတွေကို ဖမ်းချုပ်ခဲ့ပါတယ်...."
"ဘုရင်အလတ်ဇန္ဒား ကျွန်တော်မျိုးရဲ့သားက ဝန်ကြီးချုပ် ဘစ်ဇားရဲ့သားကို မတော်တဆအာခံသလိုဖြစ်သွားတဲ့အတွက် ဖမ်းဆီးပြီး မြေအောက်ရေ သံမဏိအကျဥ်းထောင်မှာ ချုပ်ထားခြင်းခံခဲ့ရပါတယ်...ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးပါလား..အရှင်မင်းကြီး....."
မြို့သူမြို့သားများ မြေပြင်ပေါ်တွင်ဒူးထောက်လျှက် အော်ဟစ်တောင်းဆိုနေကြသည်။
ဖှေးတစ်ဖက်သို့လှည့်ပြီး ဘရွတ်အားကြည့်လိုက်သည်။ ဘရွတ်လျှင်မြန်စွာခေါင်းခါရမ်းလိုက်ပြီး..."အရှင်မင်းကြီး ဒီလူတွေကို အရှင်မင်းကြီးရောက်လာလိမ့်မယ်လို့ ကျွန်တော်လဲ အသိမပေးထားပါဘူ....ဘာလို့ရောက်နေကြလဲ ကျွန်တော်မသိဘူးဗျ လူစုခွဲပြီး အိမ်ပြန်လွှတ်လိုက်ရမလား..."
ဖှေး ပြုံးပြီး သူ၏ခေါင်းကိုခါရမ်းလိုက်သည်။ "ရတယ် မလွှတ်နဲ့...ငါက အကျဥ်းထောင်က်ိုပြန်လည် စီစစ်ပေးဖို့လာခဲ့တာလေ...ဒါအကောင်းဆုံးပဲ ဒီလိုပုံနဲ့ဆိုရင် အကျဥ်းသားတစ်ယောက်ချင်းစီရဲ့ အချက်အလတ်တွေကို ငါပိုပြီးတိတိကျကျသိရတာပေါ့....စစ်သားတွေကို ရင်ပြင်မှာ ငါ့အတွက်ထိုင်ခုံတစ်လုံးနဲ့ စားပွဲခုံတစ်ခုစီစဥ်ခိုင်းလိုက်...ထောင်မှုးအိုလတ်ဂ်ကိုလဲ စာရွက်စာတမ်းတွေယူလာပေးဖို့ပြောလိုက်.....ငါအကျဥ်းထောင်ကိစ္စကို မြို့သူမြို့သားတွေရှေ့မှာပဲ ပြန်လည်စီစစ်မယ်...."
ဘရွတ်ခေါင်ငြိမ့်လိုက်ပြီး ဖှေးအမိန့်များကို ထမ်းဆောင်ရန် ထွက်ခွာသွား၏။
မကြာမှီမှာပင် ရင်ပြင်ပေါ်တွင် ယာယီတဲတစ်ခုထိုးလိုက်သည်။ အထဲသို့ စားပွဲခုံနှင့် ခုံတစ်လုံးနေရာခနထားလိုက်သည်။ လွန်ခဲ့သည့်ဆယ်နှစ်ကာလပတ်လုံး အမှုအခင်းကိစ္စများနှင့် အကျဥ်းချထားသည့်လူများ၏ကိစ္စများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တဲအတွင်းစားပွဲခုံပေါ်သို့ တင်ထားလိုက်ကြသည်။ တစ်ချို့စာရွက်စာတမ်းများမှာ ကာလကြာရှည်လှပြီဖြစ်သောကြောင့် မှိုများပင်တက်နေပြီဖြစ်သည်။ ဖှေးထိုစာရွက်များကို ဖွင့်ကြည့်လိုက်ရာတွင် နှာခေါင်းထဲသို့ မှိုနှံ့များအလုံးလိုက်ဝင်လာခဲ့သည်။
"ဂုဏ်သရေရှိပြီး၊ ကြီးမြတ်တဲ့ဘုရင်အလတ်ဇန္ဒား ဒါတွေက လွန်ခဲ့တဲ့ဆယ်နှစ်ပတ်လုံးမှာ သိမ်းဆည်းထားခဲ့တဲ့ စာရွက်စာတမ်းတွေပါ။ ကျွန်တော်မျိုးရဲ့လူတွေကို ဒီနေရာကိုသယ်ဆောင်လာဖို့ အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်...စာရွက်တစ်ရွက်မှ ပျောက်ဆုံးနေခြင်းမရှိပါဘူး အရှင်မင်းကြီး....ကျွန်တော်မျိုး ချမ်းဘော့ဒ်ရဲ့ထောင်မှုး ဖြစ်တဲ့အချိန်ကတည်းက ကျွန်တော်တာဝန်တွေကနေတစ်ခါမှ ရှောင်ဖယ်ပျင်းရိနေခဲ့ရင်းမရှိပဲ ထိန်းသိမ်းထားခဲ့တာတွေပါ အရှင်မင်းကြီး....." အမြှောက်ပင့်သမား အိုလတ်ဂ်မှာ ဖှေး၏ ဘေးတွင်ပြုံးပြီးရပ်နေကာ ရှင်းပြလိုက်၏။ သူ၏လက်ထဲတွင်ရှိသော ငှက်မွေးယပ်တောင်ဖြင့် ဖှေးအား ယပ်ခတ်ပေးလျှက်ရှိသည်။
ဖှေး အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
အိုလတ်ဂ်တဲအတွင်းမှ နေ၍ အပြင်သို့ ပျော်ရွှင်စွာပြေးထွက်သွားပြီး ကြေငြာလိုက်သည်။ "ကြီးမြတ်တဲ့ဘုရင် အလတ်ဇန္ဒားက ဘစ်ဇားပြုလုပ်ခဲ့တဲ့ မတရားမှုတွေကို ပြန်လည်ဖြေရှင်းပေးဖို့ မြေအောက်ရေ သံမဏိအကျဥ်းထောင်ကိုရောက်လာခဲ့ပြီ.....အသင်တို့တွေထဲမှာ ဘစ်ဇားရဲ့မတရားစွပ်စွဲ အကျဥ်းချမှုတွေကို ခံခဲ့ရသူတွေရှိရင် ဘုရင်အလတ်ဇန္ဒားကို လုံခြုံလွတ်လပ်စွာပြောပြလို့ရပါတယ်...ငါတို့ရဲ့ဘုရင်က ပညာရှိတယ်၊ တရားမျှတတယ်၊ ကြင်နာတတ်တယ်...........အဲ့အတွက်ကြောင့်မင်းတို့ကိုလည်း အမျှတအမှန်ကန်ဆုံးဖြစ်အောင် ပြန်လည်ဆောင်ရွက်ပေးပါလိမ့်မယ်......."
အိုလတ်ဂ် ဖှေးအား ဂုဏ်ပုဒ်အခုနှစ်ဆယ်ခန့်ပင် အသုံးပြုကာ ကြေငြာလိုက်သည်။ ထို့နောက်တွင် စစ်သားများကို မြို့သူမြို့သားများအား စနစ်တကျခွဲဝေပြီး တဲအတွင်းသို့တစ်ယောက်ခြင်း ဝင်ခွင့်ပြု၍ လျှောက်တင်ခွင့်ပြုရန် အိုလတ်ဂ်အမိန့်ပေးလိုက်သည်။
ဖှေး ဘယ်သူမှမသိအောင် သဘောကျခေါင်းငြိမ့်မိသည်။
အိုလက်ဂ်မှာ လောဘကြီးတတ်၊ သေရမှာ ကြောက်ရွံ့တတ်သူ နှင့် မြှောက်ပင့်တတ်သူတစ်ဦးဖြစ်သော်လည်း သူမှာလည်း သူ၏ အားသာသောအရည်အချင်းများစွာရှိ၏။ စစ်ဘက်ဆိုင်ရာအရာရှိ ဘရွတ်နှင့် နှိုင်းယှဥ်ပါကအိုလတ်ဂ်မှာ ပို၍ နိုင်ငံရေးအခြေအနေအပေါ် ပို၍အာစုံစိုက်မှု အားကောင်းသည်။ ဤကဲ့သို့ အခြေအနေများအား ပို၍ကျွမ်းကျင်စွာကိုင်တွယ်နိုင်သည်။ အိုလတ်ဂ်ကဲ့သို့ လူများသည် ကောင်းကောင်းအသုံးချတတ်ပါက လက်ထောက်ကောင်းကောင်းပင်ဖြစ်လာနိုင်၏။
"ဂုဏ်သရေရှိလှသော ဘုရင်အလတ်ဇန္ဒား...ကျွန်တော့ရဲ့ နစ်နာမှုတွေက်ို ဖြေရှင်းပေးပါ......"
နွမ်းပါးသော အဝတ်အစားများနှင့် သက်ကြီးပိုင်းလူတစ်ယောက် ပထမဦးစွာ ဝင်ရောက်လာပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကာလျှောက်တင်လိုက်သည်။ ထိုလူ၏ သားမှာ ဘစ်ဇားစံအိမ်မှ အစေခံတစ်ဦးဖြစ်သည်။ သူ၏သားမှာ ဂေးလ်၏ ခွေးစာခွက်တစ်ခုကို မတော်တဆကျကွဲစေခဲ့သဖြင့် ဂေးလ်မှ ရွှေဒင်္ဂါးဆယ်ပြား အလျှော်ပေးရန်တောင်းဆိုခဲ့သည်။ သူတို့မိသားစုမှာ ထိုကဲ့သို့ပိုက်ဆံမရှိသဖြင့် ဖမ်းဆီးချုပ်နှောင်အကျဥ်းချထားထဲ့ခြင်းဖြစ်သည်။
လျှင်မြန်စွာပင် ထောင်စောင့်တစ်ယောက်မှာ ဖှေးထံသို့ စာရွက်စာတမ်းတစ်ခု ကမ်းပေးလိုက်သည်။ စာရွက်ထဲတွက် မှတ်တမ်းတင်ထားသည်မှာလဲ ထိုကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် ဖှေးသူ၏ မင်တံနှင့်ခြစ်လိုက်ပြီး အမှုအားချက်ချင်းပယ်ဖြတ်လိုက်သည်။ ထိုအဖိုးကြီးသားအား ချက်ချင်းလွှတ်ပေးလိုက်ပြီး နစ်နာကြေးအနေဖြင့် ဘစ်ဇားထံမှသိမ်းဆည်းထားသော ပိုင်ဆိုင်မှုများထဲမှ ရွှေဒင်္ဂါးဆယ်ပြားထုတ်ပေးလိုက်၏။ ထိုလူ၏ သားမှာ နှိပ်စက်မှုအနည်းငယ်ခံစားထားရသော်လည်း ကျန်းမာရေးကောင်မွန်စဲဖြစ်သည်။ သားအဖနှစ်ယောက်ဖက်ကာ ဝမ်းသာစွာငိုကြွေးအပြီးတွင် ဖှေး၏ကြင်နှာမှုအတွက် ကျေးဇူးတင်သည့်အနေဖြင့် ဒူးထောက်လိုက်ကြသည်။
ထိုမြင်ကွင်းအား မြင်သော် ဘေးပတ်ပတ်လည်မှ မြို့သူမြို့သားများလည်း စိတ်လှုပ်ရှားလာကြတော့သည်။
လူများတဲအတွင်းသို့တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြပြီး သူတို့ခံစားခဲ့ရသည့် မတရားမှုများကို တင်ပြကြတော့သည်။ တော်တော်များများမှာ သေးငယ်ပြီး မဆိုစလောက်ကိစ္စများသာဖြစ်၏။ သို့သော် ဘစ်ဇားနှင် တစ်ခြားဆွေကြီးမျိုးကြီးများကို ကျူးလွန်မိသောကြောင့် အာဏာအသုံးချကာ အကျဥ်းချ အနှိပ်စက်ခံနေရသူများဖြစ်ကြသည်။
နာရီဝက်အတွင်းမှာပင် ဖှေးအကျဥ်းသား၄၀ခန့်ကို ပြန်လည်လွှတ်ပေးပြီဖြစ်သည်။ အပြစ်ကင်းစင်သူများမှာ သူတို့၏လွတ်လပ်ခွင့်များကို ပြန်ရသည်သာမက နစ်နာကြေးတော်တော်များများကိုလည်းရကြသည်။ ရွှေဒင်္ဂါးတစ်ပြားဆိုသည်မှာ သူတို့၏ နှစ်စဥ်ဝင်ငွေဖြစ်၏။ ရင်ပြင်ပေါ်မှလူများအားလုံး ကျေးဇူးတင်စိတ်ချမ်းသာနေကြ၏။
ဖှေး တရားမျှတမှုကို ဆောင်ရွက်ပေးရသည့် အရသာကို ဖှေးသဘောကျသည်။
သို့သော် ပြန်လည်စီစစ်ပေးခြင်း ဆက်လက်လုပ်ဆောင်ပေးနေသည့်အချိန်၌ပင် ဒီအတိုင်းရပ်ကြည့်ရန်လာသော လူများပင် စိတ်အားထက်သန်လာကြပြီး သူတို့မကျေနပ်သည်များကိုပါ ဝင်ရောက်တိုင်တမ်းကြတော့သည်။ တစ်ချို့လူများမှာ သူတို့၏ပိုင်ဆိုင်မှုများကို ဆွေကြီးမျိုးကြီးများမှ အတင်းအဓမ လုယူသိမ်းပိုက်ခြင်းကို ခံခဲ့ရကြသည်။ တစ်ချို့လူများမှာ ကုန်သည်အကြီးစားကြီးများ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို ခံခဲ့ကြရသည်။ တစ်ချို့ဆိုလျှင် သူတို့၏လှပသော သမီးများကိုပင် ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်များ၏ သိမ်းပိုက်ခြင်းကိုခံလိုက်ရကာ တစ်ခါမှပြန်လည်မတွေ့ဆုံရတော့ပေ......
ရုတ်တရက်ပင် ရင်ပြင်ပေါ်ရှိလူများမှာ စိတ်အားထက်သန်လာကြပြီး ဒေါသများပင်ဖြစ်လာကြတော့သည်။ လူများလာသဖြင့် ဖှေး ထိန်းမနိုင်တော့ဖြစ်လာသည်။
သတင်းများကြားသဖြင့် လူအသစ်များပင် ရောက်လာကြသည်ကို ဖှေးသိရသဖြင့် လူမြင်ကွင်းတွင် ပြန်လည်စီစစ်သည့် ကိစ္စအားရပ်လိုက်ပြီး သူ၏ အတွင်းရေးမူးအား လူတိုင်း၏ကိစ္စများကို ရေးမှတ်ထားပြီး ဝန်ကြီးချုပ်အသစ် ဘတ်စ်ထံသို့ တင်ပြဖြေရှင်းခိုင်းရန် မှာကြားလိုက်သည်။ ဖှေးသူ၏ ယောက်ခမလောင်းမှာ ဤကိစ္စများအား ကောင်းမွန်စွာဖြေရှင်းနိုင်မည်ဟုယုံကြည်၏။
တစ်ဖက်တွင်လည်းဖှေးမှာ စာရွက်စာတမ်းများကို ဆက်လက်စစ်ဆေးသည်။ အမှုတော်တော်များများမှာ ဖြေရှင်းရန်မခက်ခဲလှပေ။ နှစ်နာရီခန့်အကြာတွင် ထောင်ထဲရှိအကျဥ်းသားများ၏ ၇၀ ရာခိုင်နှုန်းခန့်ကိုပင် ပြန်လွှတ်ပေးလိုက်သည်။ ချမ်းဘော့ဒ်ကဲ့သို့ ဝေးလှံခေါင်းဖျားသည့်တိုင်းပြည်ငယ်လေးတွင် လူတော်တော်များများမှာ ခင်မင်ဖော်ရွေတတ်ကြသဖြင့် အမှုအခင်းကြီးကြီးမားမားဟူ၍ မရှိပေ။ အမှုအခင်းတော်တော်များများမှာ ဆွေကြီးမျိုးကြီးများ၊ လူကုံတုံများက သာမန်လူတန်းစားများကို အာဏာပါဝါပြလိုသဖြင့် ပြုလုပ်ထားသည့်အမှုများသာဖြစ်သည်။ တစ်ခြားအမှုများမှာလဲ အိမ်နီးနားချင်းအခြင်းခြင်း စကားများရန်ဖြစ်မှု၊ ခိုးမှုဝှက်မှုများသာဖြစ်သည်။
စာရွက်စာတမ်းများ အားလုံးအား စစ်ဆေးပြီးချိန်တွင် မြို့သူမြို့သားများ ဒူးထောက်လိုက်ကြပြီး ဘုရင်အလတ်ဇန္ဒားအား ကောင်းချီးသြဘာပေးကြတော့သည်။ ထို့နောက်တွင် ဖှေး၊ ဘရွတ်နှင့် အိုလတ်ဂ်တို့သုံးယောက်သား မြေအောက်ရေ သံမဏိအကျဥ်းထောင်အတွင်းသို့ ဝင်ခဲ့ကြတော့သည်။
ရင်ပြင်အလယ်ရှိ ကျောက်တုံးအဆောက်ဦးထဲသို့ ဝင်ရောက်ပြီးချိန်တွင် အကျဥ်းထောင်၏ နာမည်ဖြစ်သည့် "ေမြေအောက်ရေ သံမဏိအကျဥ်းထောင်"ဆိုသည်မှာ အလွန်တိကျသည့်ဖော်ပြချက်ဖြစ်ကြောင်း ဖှေးသဘောပေါက်သိရှိသွားသည်။ ရင်ပြင်ပေါ်ရှိအဆောက်ဦးမှာ အကျဥ်းထောင်အရာရှိများ နေထိုင်ရာနေရာတစ်ခုသာဖြစ်ပြီး အကျဥ်းထောင်မှာ မြေအောက်တွက်ဖြစ်သည်။ တစ်စုံတစ်ယောက်မှာ ကျောက်တုံးထူထပ်သောတောင်၏ အောက်ခြေအထိ လိုင်ခေါင်းတစ်ခု တူးဖော်ထားခဲ့ပုံရသည်။
မြေအောက်လှိုင်ခေါင်းမှာ သုံးကိုက်အမြင့်ရှိပြီး၊ ၂ကိုက်ခန့်အကျယ်အဝန်းရှိသည်။ မြေအောက်နက်သောနေရာသို့ ကျောက်လှေကားများဖြင့် ဦးတည်ထားသည်။
ဖှေးသို့ လှေကားမှတဆင့် မြေအောက်သို့ဆင်းလာသည်နှင့် အမျှအလင်းရောင်မှာလဲ ပို၍ပို၍ မှေးမိန်လာခဲ့သည်။ မြေအောက်သို့ ကိုက်၄၀၀ခန့်ဆင်းအပြီးတွင် လှိုင်းခေါင်းမှာ အောက်သို့ဆက်မသွားတော့ပဲ ရေပြင်ညီအတိုင်းပင် ရှေ့သို့အရှည်ကြီးဆက်လက်တူးဖော်ထား၏။ လှိုင်ခေါင်း ဘေးဘက်နံရံများတွင် မီးတုတ်များချိတ်ဆွဲထားသည်။ မီးအလင်းရောင်ကြောင့် အနည်းငယ်လင်းသလိုရှိသော်လည်း ရှေ့သို့လှမ်းကြည့်ပါ မှောင်မိုက်နေတုန်းပင်။
ဖှေးမြေအောက်ထောင်၏ ပို၍နက်သောနေရာသို့ရောက်လာ ပို၍အံ့သြမိလေဖြစ်သည်။
ချမ်ဘော့ဒ်အနောက်ဘက်ရှိ တောင်ကြီးထဲတွင်ဤကဲ့သို့လှိုင်ခေါင်းများတူးဖော် ဖောက်လုပ်ထားသည်ကို တွေ့ရသဖြင့် အလွန်အံ့သြမိသည်။ထောင်တစ်ခုလုံးတွင် အုပ်တစ်ချပ်မှမရှိချေ။ ကျောက်တောင်၏အတွင်းတွင် တူးဖော်ဆောက်လုပ်ထားခြင်းသာဖြစ်သည်။ ဖှေးတို့ သံမဏိဂိတ်တံခါးများစွာကို ဖြတ်ကျော်ပြီး ၁ကီလိုမီတာကျော်ကျော်ခန့် လမ်းလျှောက်လာပြီးအနောက်တွင် ရေစီးသံများကိုကြားလိုက်ရသည်။ လှိုင်ခေါင်း၏ တစ်ဖက်တစ်ချက်စီတိုင်းတွင် အခန်းများတူးဖော်ထွင်းဖောက်ထားပြီး သံမဏိချောင်းများဖြင့်ကာရံထားသည်။ ထိုအခန်းများအတွင်းတွင် ကျောက်ကုတင်တစ်လုံး၊ ကျောက်ထိုင်ခုံတစ်လုံးတ်ို့သာရှိ၏။ ဤသည်မှာ အကျဥ်းသားများထားရှိရာ အခန်းများပင်။
ဖှေး အကျဥ်းသားတော်တော်များများအား ပြန်လည်စစ်ဆေးပြီး လွှတ်ပေးလိုက်မှုတို့ကြောင့် အခန်းတော်တော်များများတွင် အကျဥ်းသမားများမရှိတော့ချေ။ တကယ့်ရာဇဝက်မှုများကျူးလွန်ခဲ့ကြသည့် အကျဥ်းသားအနည်းငယ်သာ ကျန်ရှိတော့သည်။ တစ်ချို့အကျဥ်းသားများမှာ ဖှေးကိုမြင်သော် အော်ဟစ်ပြီး အသနားခံနေကြသည်၊ တစ်ချို့မှာ အရေးပင်မလုပ်ချေ၊ တစ်ချို့မှာ ထီမမြင်သည့်ဟန်ဖြင့် လှောင်ပြောင်ရယ်မောနေကြသည်......
အဝေးသို့ရောက်လာလေ လှိုင်ခေါင်းမှာ ပိုမိုကျယ်ပြန့်လာလေဖြစ်ပြီး ထို့နောက်တွင် ခန်းမဆောင်ကြီးတစ်ခုကဲ့သို့ပင် မြေအောက်လှိုင်ခေါင်းကြီးမှာ ကျယ်ပြန့်သွားတော့သည်။
ရေစီးသံများမှာလည်း ပို၍ထင်ရှားကျယ်လောင်လာသည်။ ရှေသို့ကိုက်၅၀၀ခန့် ဆက်သွားပြီးနောက်တွင် လှိုင်ခေါင်း၏တစ်ဖက်တွင် စီးဆင်းနေသည့် မြေအောက်မြစ်ကြီးကို တွေ့ရှိလိုက်ရသည်။ အရိုးပင်အေးလောက်သည့် မြေအောက်မြစ်ရေများသည် ထိုအနီးတဝိုက်ရှိ အကျဥ်းခန်းများအတွင်းသို့ပင် စီးဆင်းဝင်ရောက်လျှက်ရှိသည်။ ရေဖြင့်မထိရန်မှာ အကျဥ်းခန်းများအတွင်းရှိ ကျောက်ကုတင်ပေါ်၍သာ နေရန်ဖြစ်သည်။ ထို့ကြောင့်ပင် အကျဥ်းထောင်နာမည်တွင် မြေအောက်ရေပါနေခြင်းဖြစ်သည်။
အကျဥ်းထောင်အား ဆောက်လုပ်ထားပုံမှာ အံ့သြမင်သက်စရာပင်။ ဤကဲ့သို့ကျောက်တောင်ကြီးတွင် လှိုင်ဖောက်၍ ဆောက်လုပ်ရန်မှာ မျက်မှောက်ခေတ် ၂၁ရာစု နည်းပညာ၊ စက်ကိရိယာများဖြင့်ပင် လူအင်အား၊ ငွေအင်အားအများအပြားကုန်ကျပေလိမ့်မည်ဖြစ်သည်။ မည်သူများ တူးဖော်ဆောက်လုပ်ခဲ့ကြသည်ကို အံ့သြဖွယ်ကောင်းလှ၏။
ဖှေး၏ ပဟေဋ္ဌိဖြစ်နေသော အမူအယာကိုမြင်သော အိုလတ်ဂ်မှာ နောက်မှလိုက်၍ ရိုသေစွာရှင်းပြ၏။
"အရှင်မင်းကြီး ဒီအကျဥ်းထောင်ကို ချမ်းဘော့ဒ်နိုင်ငံသားတွေတည်ဆောက်ခဲ့တာမဟုတ်ပါဘူး။ တော်ဝင်သမိုင်းစာတွေအရဆိုရင် မြို့သားတစ်ယောက်တောင်တွေပေါ်မှာ အမဲလိုက်ရင်း ဒီမြေအောက် လျို့ဝှက်ဂူကြီးကို မတော်တဆရှာတွေ့ခဲ့တာပါ။ အဲ့အကြောင်းကို ဘုရင်သိတော့ ဒီနေရာက်ို မင်းပိုင်အဖြစ်သိမ်းခဲ့ပါတယ်....မင်းအဆက်ဆက်ပြုပြင် ထိန်းသိမ်းမှုတွေလုပ်ခဲ့ပြီးတော့ အကျဥ်းထောင်အဖြစ်ပြောင်းလဲခဲ့နာပါ.....လွန်ခဲ့တဲ့နှစ်၆၀ပတ်လုံးမှာ ဒီအကျဥ်းထောင်ကနေ အကျဥ်းသားတစ်ယောက်မှ မလွတ်မြောက်သွားဖူးပါဘူး.....အရှင့်ရဲ့ဖမည်းတော်လက်ထပ်တုန်းကဆို အင်မတန်ကြောက်စရာကောင်းပြီး အစွမ်းထက်တဲ့ စစ်သည်တစ်ယောက်ကို ဒီထောင်ထဲမှာချုပ်ထားဖူးပါတယ်...အဲ့စစ်သည်တောင် သေတဲ့အထိမလွှတ်မြောက်နိုင်ခဲ့ပါဘူး......"
"အော် အဲ့လိုကိုး...."
ထောင်မှုးအိုလတ်ဂ် ရှင်းပြသည်က်ိုကြားပြီးသော် ဖှေးချက်ချင်းပင်နားလည်သွားသည်။
ဤအကျဥ်းထောင်အား ချမ်းဘော့ဒ်နိုင်ငံသားများ ဆောက်လုပ်ခဲ့သည်မဟုတ်ဆိုသော အချက်မှာအလွန်အဓိပ္ပါယ်ရှိသည်။ ချမ်းဘော့ဒ်သည် ယခင်က အနည်းငယ်အင်အားကြီးသော အဆင့်၄ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့စေကာမူ ဤကဲ့သို့ကျောက်တောင်အား ထွင်းဖောက်၍ တည်ဆောက်ရန်မှာ နှစ်ပေါင်းရာချီကြာမည်ဖြစ်သည်။
"ဒါဆို ဒီမြေအောက်လှိုင်ဂူတွေကို ဘယ်သူတွေတည်ဆောက်ခဲ့တာလဲဆိုတာရော မင်းသိလား..." ဖှေးမေးလိုက်သည်။
"ဘယ်သူမှမသိပါဘူး အရှင်မင်းကြီး...ခြေရာလက်ရာတွေသဲလွန်စတွေ တစ်ခုမှမကျန်ခဲ့ပါဘူး.....ဒီကျောက်တုံးအခန်းတွေနဲ့ လှိုင်ဂူတွေကလွဲရင်ကျန်တဲ့ ကျောက်စာတွေဘာတွေကို တစ်ခုမှမတွေ့ရပါဘူး.....ဒီဂူကိုတစ်ယောက်ယောက်က အကြောင်းအမျိုးမျိုးကြောင့် တူးဖော်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခဲ့သည်ဟု ယူဆရမှာပဲ.........တစ်ချို့လူတွေဆိုရင် ဒါကိုနတ်ဘုရားတွေဆောက်လုပ်ခဲ့တယ်လို့ကို ယုံကြည်နေကြတယ်......"
"နတ်ဘုရားတွေလား....."
"ဟုတ်ပါတယ်အရှင်မင်းကြီး ဒီလောက်မာကြောတဲ့ ကျောက်ပြင်ကြီးကို နတ်ဘုရားတွေကလွဲပြီး လူသားတွေ မတူးဆွနိုင်ကြဘူးလို့ ယူဆကြလ်ို့ပါ
...တစ်ချို့ကလဲ ဒါတွေကတောင်တူးရာမှ ပါရမီရှင်တွေဖြစ်တဲ့ လူပုမျိုးနွယ်တွေလက်ချက်လို့လဲပြောကြပါတယ်...ဒါပေမယ့် လူပုမျိုးနွယ်တွေ မျိုးတုန်းသွားတာ နှစ်ပေါင်း၆၀၀လောက်ရှိပြီလေ....."
အိုလတ်ဂ် စကားပြောနေတုန်းမှာပင် ဖှေး၏ အမြင်အာရုံတစ်ခုလုံး လင်းထိန်သွားသည်။ ကိုက်ရာပေါင်းများစွာအမြင့်ရှိသည့် ခန်းမဆောင်ကဲ့သို့ ဂူထဲသို့ဖှေးရောက်သွား၏။ ကိုက်၁၀၀ခန့်အမြင့်ရှိသော နံရံပေါ်တွင် အထပ်ပေါင်း၁၀ခန့်ရှိသည်။ အထပ်တစ်ထပ်ချင်းစီတွင် အကျဥ်းခန်းများစွာပါရှိ၏။ ဖှေး မြေကမ္ဘာပေါ်ရှိ မိုးမျှော်တိုက်တစ်ခုပေါ်သို့ရောက်သွားသည့်အတိုင်းပင်။
ဤမျှကျယ်ပြောလှသော အခန်းကြီးတစ်ခု မြေအောက်တွင်ရှိနေသည်မှာ အလွန်ပင်ထိတ်လန့်အံ့သြဖွယ်ကောင်းလှသည်။ ဖှေးခံစားနေရသော အံ့သြမှုအား ဖော်ပြရန်ပင်စကားလုံးမရှိချေ။
"အရှင်မင်းကြီး ဒီနေရာက အရေးကြီး အပြစ်သားတွေကို ဖမ်းချုပ်ထားတဲ့နေရာပါ။ အရှင်မင်းကြီး ဖမ်းလာခဲ့တဲ့ ကြယ်လေးလုံးမှော်ဆရာနဲ့ ငွေရောင်မျက်နှာဖုံးရှင်ရဲ့ ရုပ်အလောင်းကိုလည်း ဒီမှာပဲထားထားပါတယ်။ သစ္စာဖောက်မှုနဲ့ စွပ်စွဲခံရတဲ့ ဘုရင့်အစောင့်တပ်ဖွဲ့ရဲ့ပထမခေါင်းဆောင်ဟောင်း မစ်စတာပီတာကိုလဲ ဒီနေရာမှာပဲ ချုပ်ထားပါတယ်..."
အိုလတ်ဂ် ဖှေးအား ဂရုတစိုက်ရှင်းပြနေ၏။
"အေး ကောင်းတယ်အိုလတ်ဂ် ဘရွတ်နဲ့တစ်ယောက်ယောက်ကို မစ်စတာ ပီတာကို သွားခေါ်ဖို့လွှတ်လိုက် ငါသူနဲ့တွေ့ချင််တယ်....."
အိုလတ်ဂ် ထောင်စောင့်နှစ်ယောက်ကိုခေါ်ပြီး ဘရွတ်အား အပေါ်ထပ်ရှိ အကျဥ်းခန်းများထံသို့ လမ်းပြခေါ်သွားရန် အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် ဖှေး အလွန်ကျယ်လှသည့် မြေအောက်အကျဥ်းထောင်ကြီးကို အသေးစိတ်လေ့လာကြည့်ရှုနေ၏။
ရုတ်တရက်ပင် ဖှေး၏ မျက်လုံးများသည် အဝေးရှိနံရံပေါ်တွင်ရှိသော ၂၀ကိုက်အမြင့်ရှိ အမဲရောင်သံမဏိတံခါးကြီးတစ်ခုပေါ်သို့ ကျရောက်သွားသည်။
"အဲ့တံခါးက ဘယ်ကိုသွားတဲ့တံခါးလဲ..." ဖှေးမေးလိုက်သည်။