← Chapters

“မြေအောက် လိုဏ်ဂူဝင်္ကဘာ”

Vol. 5 Ch. 69

“မြေအောက် လိုဏ်ဂူဝင်္ကဘာ”

Vol. 5 Ch. 69

အိုလတ်ဂ် တဖက်သို့လှည့်လာပြီး ဖှေးကြည့်ရာနေရာသို့ လှမ်းကြည့်လိုက်သည်။ သူဖှေးတွေးနေသည့် အရာအား ချက်ချင်းနားလည်သွားပြီး ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။ “အရှင်မင်းကြီး ဒီဝင်္ကဘာလို လိုဏ်ဂူကြီးက မြေအောက်ရေ သံမဏိအကျဥ်းထောင်မှာ တင်အဆုံးမသက်သေးပါဘူး....အဲ့တံခါးရဲ့အနောက်မှာ အဆုံးမရှိတဲ့ဂူလမ်းကြီးရှိပါသေးတယ်....အဲ့လမ်းကြီးက ဘယ်ကိုရောက်တယ်ကိုလဲဘယ်သူမှမသိကြပါဘူး။ ဘာလို့လဲဆိုတော့ ဝင်သွားတဲ့လူတွေအကုန် အထဲမှာပဲပျောက်ဆုံးသွားကြလို့ပါ....အဲ့တံခါးအနောက်က အန္တာရယ်ရှိပါတယ် တချို့ကလဲ ဝင်္ကဘာအကြီးကြီးတစ်ခုရှိတယ်လို့ပြောကြတယ်၊ တစ်ချို့ကလဲ အဲ့တံခါးအနောက်ကဂူထဲမှာ ငရဲပြည်ကလာတဲ့ လူသားစား သတ္တဝါကြီးတစ်ကောင်ကျက်စားနေတယ်လို့လဲပြောကြပါတယ်။ တံခါးမဆောက်ရသေးခင်ကဆို အဲ့ဂူထဲကနေ အူသံလိုလို၊ ဟောင်သံလိုလိုကြီးတွေကို တစ်ခါတစ်လေကြားရပါတယ်...တစ်ခါတစ်လေကျရင် ဂူအတွင်းကနေ စုပ်အားကြီးတစ်ခုဖြစ်ပေါ်လာပြီး လူတွေကို အထဲကို စုပ်ယူသွားတတ်ပါတယ်....ဒါကြောင့် အဲ့လ်ိုသေကြေမှုတွေ ဆက်မဖြစ်အောင်လို့ အရှင့်ရဲ့ခမည်းတော်က လက်သမားတွေကို သံမဏိတံခါးတစ်ခု ပြုလုပ်ခိုင်းပြီး အဲ့အပေါက်ကို ပိတ်ပစ်ခဲ့တာပါ အရှင်မင်းကြီး။ လူတွေလဲ ဝင်သွားပြီး ကိုယ့်သေတွင်းကိုယ်မတူးနိုင်တော့အောင်ပေါ့.... “

အိုလတ်ဂ်မှာ ရှင်းပြနေရင်းနှင့် ထိုတံခါးကြီးအား ကြောက်ရွံသည့်ပုံပင်ပေါက်နေသည်။

ဖှေး အပြင်ပိုင်းတွင် တည်ငြိမ်သည့်ဟန်ဖြင့် ခေါင်းငြိမ့်ပြနေသော်လည်း ခေါင်းထဲတွင် အလွန်ထိတ်လန့်အံ့သြနေ၏။ အိုလတ်ဂ်၏ ဖော်ပြချက်အရ မြေအောက်ရေ သံမဏိအကျဥ်းထောင်မှာ မြေအောက်လိုဏ်ဂူ၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ အစိတ်အပိုင်းသေးသေးလေးတစ်ခုမျှပင် ဖြစ်နိုင်သည်။

ဤသည်မှာ အလွန်ရူးကြောင်ကြောင်နိုင်လွန်းလှသည်။ “ဒီမြေအောက် လိုဏ်ဂူကြီးကို ဘယ်သူတူးဖော်ခဲ့တာလဲ...” ဖှေး ဤလိုဏ်ဂူနှင့် ချမ်းဘော့ဒ်တိုင်းပြည်၏ ဆောက်လုပ်ထားပုံတို့ကို သွား၍ ဆက်စပ်မိသည်။ ဤလိုဏ်ဂူနှင့် ချမ်းဘော့ဒ် နန်းတော်တို့ကို လူတစ်ယောက်ထဲက ဆောက်လုပ်ခဲ့သည် ဖြစ်နိုင်၏။

ဖှေး ချမ်းဘော့ဒ်နန်းတော်သည်လည်း ဤမြေအောက်လိုဏ်ဂူ နည်းတူဟုပင်ခံစားရသည်။ အစိတ်အပိုင်း အသေးလေးတစ်ခုမျှက်ို သာလူအများ မြင်တွေ့ကြရ၏။ ဖုံးကွယ်ထားသော လျို့ဝှက်ချက််အပိုင်းအစများစွာ ကျန်ရှိနေသေးလေသည်။

ထိုအခိုက်တန့်တွင် ဖှေး၏ သိလိုစိတ်တို့မှာ အထွဋ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။

ဖှေး အချိန်ရပါက ထိုတံခါးအနောက်ရှိဂူထဲသို့ဝင်ကာ သွားရောက်လေ့လာပြီး လျို့ဝှက်ချက်အမှန်တရားကိုဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့နှစ်ယောက်သား စကားပြောနေကြရင်း အိုလတ်မှာ ဖှေးအား မြေအောက်အကျဥ်းထောင်ဟောခန်းကြီး၏ ပထမအထပ်ရှိ အခန်းတစ်ခုအတွင်းသို့ခေါ်ဆောင်လာခဲ့သည်။ ထိုအခန်းအား ပရိဘောကပစ္စည်းများနှင့် အသေအချာ ခင်းကျဥ်းပြင်ဆင်ထား၏။ အခန်းတွက် ထွန်းညှိထားသော မီးတုတ်များမှာ အေးစက်စိုစွတ်နေသော လေထုအတွင်းသို့ အနွေးဓာတ်တစ်ချို့ပေးလျှက်ရှိသည်။ ဖှေးအထဲသို့ ဝင်သွားပြီး အမဲရောင်သာမွေးတစ်ခုခင်းထားသော ကျောက်ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်ကာ ယခင်က လှစ်လျှူရှုထားခဲ့သည့်အကြောင်းအရာများကို ပြန်လှည်တွေးတောနေ၏။

“ကျွီ ဒုန်း ဒုန်း” သံမဏိတံခါးဖွင့်ပိတ်သံများနှင့် သံခြေချင်းနှင့် ကျောက်ကြမ်းပြင်သို့ ရိုက်ခတ်သည့်အသံများကို ကြားရပြီးနောက်တွင် ဘရွတ်သူ၏ အနောက်မှလူတစ်ယောက်နှင့်အတူ ပြန်ရောက်လာခဲ့သည်။

“အရှင်မင်းကြီး ကျွန်တော် ပီတာကိုခေါ်လာခဲ့ပါပြီး....” ဘရွတ်အရိုအသေပေးပြီး ပြောလိုက်သည်။

ဘရွတ်အလွန်လေးစားရသည့် ဘုရင့်အစောင့်တပ်ဖွဲ့ ပထမခေါင်းဆောင်ဟောင်းပီတာကို ဖှေးအသေချာ အကဲခတ်ကြည့်ရှုလိုက်သည်။ ထိုသူမှာ ၆ပေ၄လက်မအရပ်အမြင့်ရှိသည့် လူတစ်ယောက်ဖြစ်သည်။ သူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ဖိနပ်ပင်မပါချေ။ အကြာကြီးအကျဥ်းချခံထားရသောကြောင်ဖြစ်ပေလိမ့်မည် သူ၏ဆံပင်များမှာ ရှည်လျားကာ ရှုပ်ပွနေသည်။ သူ၏ လက်များ၊ ခြေများကို လက်ထိပ်၊ ခြေထိပ်များဖြင့် ချုပ်နှောင်ထားပြီး ပွန်းရာပဲ့ရာများဖြင့်ပြည့်နှက်နေ၏။ ထိုသူမှာ သူတောင်းစားတစ်ဦးထက်ပင် အခြေနေဆိုးလှသည်။

သို့သော် ထိုရှုပ်ထွေးညစ်ပတ်နေသောဆံပင်များအောက်တွင် ဖုံးကွယ်နေသည့် သူ၏မျက်လုံးများကို မြင်လိုက်ရသောအခါ ဖှေးအံ့သြသွားသည်။ ထိုမျက်လုံးများမှာ အံ့သြဖွယ်ကောင်းလောက်အောင်ပင် တောက်ပလျှက်ရှိသည်။ ဖှေးထိုသူအား တောင်တစ်လုံးပေါ်တွင် အိပ်ပျော်နေသော နဂါးတစ်ကောင် (သို့မဟုတ်) လွင်ပြင်ပေါ်တွင် အနားယူနေသော ကျားတစ်ကောင်ကဲ့သို့ခံစားလိုက်ရ၏။ သူ၏မျက်လုံးထဲတွင် တည်ငြိမ်မှုများ၊ မိမိကိုယ်မိမိယုံကြည်ချက်တို့ဖြင့်ပြည့်နှက်နေသည်။ ထောင်သားတစ်ယောက်၏ မျက်လုံးများဟုပင် ထင်နိုင်ဖွယ်မရှိပေ။

“ကျွန်တော်မျိုး ပီတာ အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်....”

အခန်းထဲသို့ဝင်လာပြီးနောက်တွင် ပီတာ၏မျက်လုံးများမှာ အခန်းထဲရှိလူများအား လိုက်လံကြည့်ရှုလေ့လာနေသည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများ ဖှေးအပေါ်တွင်ကျရောက်သွားသည့်အချိန်တွင် ချက်ချင်းပင်ဒူးထောက်ပြီး အရိုအသေပေးကြောင်းပြသလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ချိန်းကြိုးများမှာ သူ၏ရွှေ့လျားမှုတို့ကြောင့် တချွင်ချွင်မြည်နေ၏။

“ရပါတယ် ကျေးဇူးပြုပြီး ထပါ...အိုလတ်ဂ် ခေါင်းဆောင်ပီတာကို ဒီအချုပ်အနှောင်တွေဖြုတ်ပေးပြီး သူထိုက်ဖို့နောက်ထပ် ခုံတစ်လုံးယူခဲ့ပေးပါ.....”

ဖှေး ထိုင်နေရာမှထကာ ပီတာထံသို့လမ်းလျှောက်သွားပြီး ပီတာအား မြေပေါ်မှထူပေးရင်း အမိန့်ပေးလိုက်သည်။ ဤဘုရင်အစောင့်တပ်ဖွဲ့၏ပထမခေါင်းဆောင်ဟောင်း ပီတာမှာ မကြာမှီအချိန်တွင်းမှာပင် အရင်ရာထူးအာဏာတို့ကိုပြန်လည်ရရှိတော့မည်ဖြစ်ကြောင်းကို အိုလတ်ဂ်ချက်ချင်းပင် သတိထားမိသွားသည်။ ပီတာမှာ အဆိုးဆုံးအမှုဖြစ်သည့် တိုင်းပြည်သစ္စာဖောက်မှုဖြင့် သေဒဏ်ပေးထောင်ချထားခံရသူဖြစ်သော်လည်း ဘုရင်အလတ်ဇန္ဒား၏ အမိန့်တစ်ခုထဲဖြင့်ပင် ပြန်လည်လွတ်မြောက်လာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ထောင်မှူးမှာ ထိုကဲ့သို့အခြေအနေများကိုကောင်းမွန်စွာ အကဲခက်သူဖြစ်သည်။ ထို့ကြောင့်ပင် သားမွေးခင်းထားသော ခုံတစ်လုံးကို ရိုသေစွာယူလာပေးပြီး၊ ပီတာ၏လက်မှ အချုပ်အနှောင်များကို ထောင်စောင့်တစ်ယောက်ထံမှ သော့ယူပြီး သူကိုယ်တိုင်ပင် ညင်သာစွာဖြုတ်ပေးလိုက်သည်။

ဖှေး အမဲရောင်သစ်သားစားပွဲကြီးအား လက်တစ်ဖက်ထဲဖြင့် ကိုင်ဆွဲပြီး ပီတာ၏ အရှေ့သို့ရွှေ့ပေးလိုက်သည်။ စားပွဲပေါ်ရှိ အိုလတ်ဂ်ပြင်ဆင်ပေးထားသော အစားသောက်များကို လက်ညိုးထိုးပြလိုက်ပြီး “အရင်စားလိုက်ပါဦး ပီတာ၊ ဗိုက်ပြည့်ပြီဆိုမှ စကားဆက်ပြောကြတာပေါ.....”

အခိုက်တံ့တစ်ခုအကြာတိတ်ဆိတ်ပြီးနောက်တွင် ပီတာအရှေ့ရှိ ဝက်​ခြေထောက်ကြီးတစ်ခုအား ကိုင်ဆွဲလိုက်ပြီး စတင်စားသောက်တော့သည်။ ထို့နောက်တွင် ဝိုင်တစ်ခွက်ကိုမော့လိုက်ပြီး သူ့ရှေ့မှအစားသောက်များအားလုံးအား အားရပါးရစားသောက်တော့သည်။ မကြာမှီတွင် လူ၅ယောက်လောက်ပင် ဝေမျှစားလို့ရသောအစားသောက်များမှာ သူတစ်ယောက်ထဲစားလိုက်သဖြင့် ပြောင်သွားတော့သည်။ ငွေရောင်အိုးအတွင်းရှိ နောက်ဆုံးကျန်ရှိနေသေးသော ဝိုင်အားမော့သောက်လိုက်ပြီး မက်တပ်ထကာ ဖှေးအရှေ့တွင် နောက်တစ်ကြိမ်ဒူးထောက်လိုက်သည်။ “အရှင်မင်းကြီး ကျွန်တော်မျိုးပီတာ အရှင့်အပေါ်မှာ သစ္စာခံယူပါတယ်....။ ကျွန်တော့မှာရှိသမျှအရာအားလုံး ကျွန်တော့အသက်ပါမချန် အရှင့်ကို ပေးဆပ်ပါ့မယ်....”

ဖှေး အနည်းငယ်အံ့သြသွားသည်။ ပီတာတစ်ယောက် စားသောက်ပြီးလျှင်ပြီးချင်း သူ့ထံတွင် သစ္စာခံလိမ့်မည်ဟုထင်မထားပေ။ ဖှေး ပီတာအား သိမ်းသွင်းရန်စီစဥ်ထားခဲ့သည့် မိန့်ခွန်းကြီးကြီကျယ်ကျယ်များပင် မပြောလိုက်ရချေ။ ဖှေး သူ့ကိုယ်သူတွေးလိုက်မိသည်”ငါ့ရဲ့ ရုပ်ရည်သွင်ပြင်ကိုကတည်းက လူတိုင်းရဲ့ယုံကြည်မှုကိုရနိုင်တဲ့ပုံဖြစ်နေပြီလားမသိဘူး....”

သို့သော်ဘုရင်အလတ်ဇန္ဒား၏ ပုံမှန်ပြန်ဖြစ်လာကြောင်း၊ စစ်မြေပြင်တွင် သူရဲကောင်းဆန်ခဲ့သည့်ဇာတ်ကြောင်းများ၊ စွမ်းအားကြီးရန်သူများကို ခုခံတိုက်ခိုက်နိုင်ခဲ့မှုများ၊ ချမ်းဘော့ဒ်အား စော်ကားလာသည့် ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်များကိုပင် သောက်ဂရုမစိုက်ပဲ သတ်ဖြတ်ခဲ့မှုများမှာ ချမ်းဘော့ဒ်တစ်ခွင်တွင် လူတိုင်းသိနေသည့် အထိပြန့်နှံ့နေပြီဖြစ်ကြောင်းကိုတော့ ဖှေးမသိချေ။ အကျဥ်းထောင်သားများပင်လျှင် သူတို့၏ အားလပ်အချိန်များတွက် ထိုအ​ကြောင်းများကို ပြောနေခဲ့ကြခြင်းဖြစ်သည်။ ချမ်းဘော့ဒ်တွင် ဖြစ်ပျက်ခဲ့သည်များအား ပီတာအကုန်သိရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင်ဘရွတ်မှာလဲ လမ်းတစ်လျှောက်တွင် ထက်မံ၍အကုန်ပြောပြပြီးဖြစ်၏။ ဘုရင်အစောင့်တပ်ဖွဲ့ပထမခေါင်းဆောင်ဟောင်းမှာ လိမ္မာပါးနပ်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ အပြောင်းအလဲတစ်ခုစတင်ချင်ဖြစ်မှန်းရိပ်မိလိုက်ပြီး ပြန်လည်မွေးဖွားလာသော ဘုရင်မှာသူ၏ သစ္စာတရားအား တန်ဖိုးအထားဆုံးလူဖြစ်မည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဆိုင့်ငန်းမနေပဲ ချက်ချင်းသစ္စာခံယူလိုက်ခြင်းဖြစ်သည်။

“ကောင်းတယ် ပီတာ....မင်းတစ်ချိန်လုံး မတရားစွပ်စွဲခံခဲ့ရတာပဲ....ဘရွတ်ငါ့အမိန့်ကိုထုတ်ပြန်လိုက် ဘုရင်ကိုယ်တိုင်စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ပီတာရဲ့တိုင်းပြည်သစ္စာဖောက်မှုက မဟုတ်မှန်တာကြောင့် လွှတ်ငြိမ်းပေးပြီးတော့ အရင်ရာထူးဖြစ်တဲ့ ဘုရင့်အစောင့်တပ်ဖွဲ့ရဲ့ပထမခေါင်းဆောင်ရာထူး ပြန်ပေးလိုက်တယ်လို့.....ဒီပြစ်မှုကို ဘစ်ဇားကအ​ကြောင်းမဲ့စွပ်စွဲခဲ့တာဖြစ်ကြောင်းကို ပါထည့်ကြေငြာ.......”

ဘရွတ်ပျော်ရွှင်သွားသည်။ အခြေအနေများအားလုံး ဤမျှလောက်ပင် ချောချောမွေ့မွေ့ပြီးဆုံးသွားလိမ့်မည်ဟု သူထင်မထားပေ။ ဘရွတ်လဲ ပီတာနှင့်အတူ ဒူး​ထောက်ပြီး သူ၏ကျေးဇူးတင်မှုကို ပြသလိုက်သည်။

သူ၏ဘေးတွင် အိုလတ်ဂ်မှာ ပီတာအား နွေးထွေးစွာဂုဏ်ပြုနေသည်။ ထောင်သားအဖြစ်မှ ဘုရင့်အစောင့်တပ်ဖွဲ့ပထမခေါင်းဆောင်အဖြစ် တိုးမြှင့်သွားပုံမှာ မယုံနိုင်စရာပင်။ အိုလတ်ဂ်မှာ လူကောင်းတစ်ယောက်မဖြစ်ခဲ့သော်လည်း အ​ခြေအနေကို ကောင်းမွန်စွာသုံးသပ်တတ်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဘုရင်၏ ပီတာအပေါ်တွင်ထားရှိသည့် မြင့်မားသောလေးစားမှုတို့ကို သတိထားမိသည့်အတွက် ပီတာအား ကောင်းမွန်သော ခင်မင်ရင်းနှီးမှုရရှိထားရန် လိုအပ်သည့်လူဖြစ်ကြောင်း သတ်မှတ်လိုက်သည်။

ပီတာဖှေးအား ကျေးဇူးတင်ပြီးနောက်တွင် မတ်တပ်ထပြီး တစ်ဖက်သို့လှည့်ကာ အံ့သြဖွယ်ကောင်းစွာပင် အိုလတ်ဂ်အားကျေးဇူးတင်စကားပြောလိုက်သည်။ “ငါ့ကို ဒီရက်ပိုင်းတွေအတွင်းမှာ ဂရုစိုက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်....မင်းသာမရှိဘူးဆို ငါဒီအေးစက်တဲ့ထောက်ထဲမှာ အနှိပ်စက်ခံရပြီး သေသွားနိုင်တယ်....ငါမင်းရဲ့ကျေးဇူးကိုမမေ့ပါဘူး တစ်နေ့ကျရင်ပြန်ပြီး လေးလေးနက်နက်ကျေးဇူးဆပ်ပါ့မယ်.....”

ဤမြင်ကွင်းကြောင့် ဖှေးနှင့် ဘရွတ်အံ့သြသွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ပင် ပြိုင်တူကြည့်မိကြ၏။

စစ်ဘက်ဆိုင်ရာအကြီးအကဲအသစ် ဘရွတ်မှာ ပီတာ၏ စိတ်ဓာတ်ကို ကောင်းစွာရင်းနှီးနားလည်ထားသည်။ ပီတာမှာ အိုလတ်ဂ်ကဲ့သို့ ပျော့ပြောင်းကာလောဘကြီးသောလူမျိုးကို အလွန်မုန်းတီးနှိမ်ချတတ်သည့် လူမျိုးဖြစ်သည်။ ထို့ကြောင့်ပင် ပီတာတစ်ယောက်အိုလတ်ဂ်အား ခေါင်းငုံ့ပြီး ကျေးဇူးတင်စကားပြောမည်အ​ခြေအနေကို ဘရွတ်လုံးဝတွေးမထားမိပေ။ ထို့ကြောင့် အလွန်ပင်အံ့အားသင့်နေသည်။ တစ်ဖက်တွင်ဖှေးလည်း ထို့နည်းလည်းကောင်းပင် အံ့အားသင့်လျှက် အိုလတ်ဂ်အား ခြေဆုံးခေါင်းဆုံးအခါခါပြန်ကြည့်နေ၏။

ပီတာ အိုလတ်ဂ်အား ကျေးဇူးတင်စကားပြောအပြီးတွင် ဖှေးနှင့် ဘရွတ်တို့မျက်နှာမှအံ့သြနေသည့်မျက်နှာများကို သတိထားမိသဖြင့် ဖြစ်ပျက်ခဲ့သမျှအား ပြန်ရှင်းပြ၏။ သူစွပ်စွဲခံရပြီး ထောင်ကျပြီးနောက်တွက် ဘစ်ဇားမှာဖြစ်လာနိုင်သည့်ပြသနာများကို ကြောက်ရွံ့သဖြင့် သူ၏ မကောင်းသည့်အစီများကိုအကောင်ထည်ဖော်မည့်လမ်းတွင် ကန့်လန့်တိုက်နေသည့် ပီတာအား ရှင်းပစ်လိုသည်။ ထို့ကြောင့် ကွပ်မျက်ရမည့်ရက်မတိုင်ခင်မှာပင် ပီတာအား မြန်မြန်နှိပ်စက်ပြီးသေအောင်လုပ်ရန် ဘစ်ဇား အိုလတ်ဂ်ကို အမိန့်ပေးခဲ့သည်။ သို့သော် ပုံမှန်အတိုင်းဆိုပါက ဘစ်ဇား၏အမိန့်များကိုလိုက်နှာတတ်သော အိုလတ်ဂ်မှာ ထိုအမိန့်အားမလိုက်နာခဲ့ပဲ ဟန်ပြအနေဖြင့်သာ နှိပ်စက်ပြီး ပီတာအား ကောင်းမွန်စွာထားခဲ့သည်။ ထိုနည်းဖြင့် ဘုရင့်အစောင့်တပ်ဖွဲ့ပထမခေါင်းဆောင် ပီတာမှာ ယနေ့တိုင်အသက်ရှင်နေထိုင်နိုင်ခဲ့ပြီး ဖှေး ချမ်းသာပေးသော တရားမျှတမှုကိုပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုမဟုတ်ပါက ပီတာမှာယခုအချိန်တွင် အလောင်းတစ်ခုဖြစ်နေတော့မည်ဖြစ်သည်။

ဤသည်မှာ မည်သူမှ မထင်မှတ်ထားသောအရာပင်။

ပို၍ အံ့သြဖို့ကောင်းသည်မှာ အိုလတ်ဂ်ကဲ့သို့ အမြှောက်အပင့်ကောင်းသူတစ်ဦးမှာ ပီတာကဲ့သို့လူကောင်းတစ်ယောက်၏ကျေးဇူးတင်ခြင်းခံရသည့်အတွက် အနည်းငယ်ရှက်ရွံ့ပြီး ရယ်မောနေခြင်းပင်။ ဖှေး လဲထိုအရာမှာ စိတ်ဝင်စားစရာကောင်းသဖြင့် အတူလိုက်ပါရယ်မောနေ၏။

ပီတာမှာ နှိပ်စက်ခြင်းခံရမှုများမှ ကံကောင်းစွာပင် လွတ်မြောက်ခဲ့သောလည်း သူ၏ခန္ဓာကိုယ်မှာ ဤကဲ့သို့ဆိုးဝါးသည့် ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့ရမှုတို့ကြောင့် အားနည်းနေ၏။ အကယ်၍သူသည် ကြယ်နှစ်လုံးအဆင့် စစ်သည်တစ်ဦးမဟုတ်ပါက ယခုအချိန်တွင် အပြင်းအထန်ဖျားနေတော့မည်ဖြစ်သည်။ ထို့ကြောင့် ပီတာအား ထောင်အပြင်သို့ခေါ်သွားပြီး လေကောင်းလေသန့်နှင့် နေရောင်ခြည်သို့ပြန်လည်ခံယူစေရန် ဘရွတ်အားအမိန့်ပေးလိုက်သည်။

ဖှေး မြေအောက်ရေ သံမဏိအကျဥ်းထောင်ထဲတွက် အနည်းငယ်ကြာဆက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။

“အိုလတ် တကယ်လို့ အကျဥ်းသားတစ်ယောက် ဖျားပြီးသေသွားတာတို့၊ ကွပ်မျက်လိုက်တာတို့ဆိုရင် အလောင်းကိုဘယ်မှာစွန့်ပစ်လဲ.....” ဖှေးထိုင်ခုံပေါ်တွင် ထိုင်နေရင်းတစ်စုံတစ်ခုကို သတိရကာမေးလိုက်သည်။

“အရှင်မင်းကြီး ထုံးစံတွေအရဆိုရင်တော့ မီးရှို့လိုက်ရမှာပေါ့...ဒါပေမယ့် ဒါကမြေအောက်လိုဏ်ခေါင်းဆိုတော့ အလောင်းတွေမီးရှို့ရင် အထဲမှာ အနံ့သက်မကောင်းတာတွေဖြစ်လာနိုင်ပါတယ်...အဲ့တာကြောင့် တကယ်လို့ထောင်သားတစ်ယောက်က သေသွားပြီး သူတို့မိသားစုတွေက ရုပ်အလောင်းကိုပြန်လာမယူဘူးဆိုရင် မြေအောက်ရေစီးကြောင်းထဲကိုပဲ ပစ်ချပြီးမြှောလိုက်ပါတော့တယ်.....” အိုလတ်ဂ် ဘုရင်မည်သည့်အတွက်မေးမှန်းမသိသဖြင့် ဂရုတစိုက်ဖြေကြားနေ၏။

“အော်......” ဖှေး အနည်းငယ်စိတ်ပျက်သွားသည်။ နောက်မေးခွန်းတစ်ခု ထက်မေးလိုက်သည်။ “ဒါဆို ရေထဲမမြှောရသေးတဲ့အလောင်းတွေရောရှိလား......”

အိုလတ်ဂ်ထိုမေးခွန်းမှာ အနည်းငယ်ထူးဆန်းသလိုခံစားရသည်။ သို့သော်လည်း ဘုရင့်ရည်ရွယ်ချက်ကိုမသိသဖြင့် ဂရုတစိုက်ပြန်လည်ဖြေကြားလိုက်သည်။ “အရှင်မင်းကြီး မစ်စတာ ဘရွတ်က အရှင်မင်းကြီးနေ့လည်ကျရင် လာမယ်လို့ပြောလို့ ကျွန်တော်ထောင်စောင့်တွေကို အလောင်းတွေအကုန်ရှင်းလင်းဖို့ မှာကြားခဲ့ပြီးပါပြီး.....”

“အော်..ဒါတော့ကံဆိုးတာပဲ...ဒါဆိုမကြာခင်မှာ ကွပ်မျက်ခံရတော့မယ့် ကြီးမားတဲ့ပစ်မှုကျူးလွန်သူတွေရောရှိလား....”

အိုလတ်ဂ် ဘုရင်အလိုရှိသည့်အရာကို အနည်းငယ်ရိပ်မိသွားသည်။ သူ၏မျက်လုံးများတောက်ပသွားပြီး “အရှင်မင်းကြီး ချမ်းဘော့ဒ်မြို့သူမြို့သားတွေကို သတ်ခဲ့တဲ့ ကြေးစားစစ်သားသုံးဦးကို ဒီမှာပဲဖမ်းချုပ်ထားတာရှိပါတယ်။ သူတို့ကို မစ်စတာ ဘရွတ်ကိုယ်တိုင် တိုက်ခိုက်ဖမ်းဆီးခဲ့တာပါ..သူတို့ကိုသေဒဏ်ပေးထားတာ အခုထိတော့မကွပ်မျက်ရသေးပါဘူး...အဲ့တာတွေအပြင် အရှင်မင်းကြီးလွန်ခဲ့တဲ့ရက်ပေါင်းအနည်းငယ်က သယ်ဆောင်လာတဲ့ ငွေရောင်မျက်နှာဖုံးရှင်ရဲ့အလောင်းနဲ့ ကြယ်လေးလုံးအဆင့်မှော်ဆရာလဲ ဒီမှာပဲရှိပါတယ်........”

ဖှေး ဝမ်းသာသွားသည်။

“ကောင်းတယ်....အဲ့ကြေးစားစစ်သားသုံးယောက်ကိုခေါ်လာဖို့တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်။ နောက်ပြီး ငွေ​ေရာင်မျက်နှာဖုံးရှင်ရဲ့ အလောင်းကိုလည်း သယ်လာခဲ့။ ငါအတွက် အလုံပိတ်အခန်းတစ်ခုစီစဥ်ထားပေး...နောက်ပြီး ဟိုကြယ်လေးလုံးအဆင့်စစ်သည်ရော အခြေအနေဘယ်လိုရှိလဲ မသေသေးဘူးမလား....”

“ဟုတ်ကဲ့ပါအရှင်မင်းကြီး အရှင်မင်းကြီးညွှန်ပြထားတဲ့အတိုင်းပဲ အဲ့မှော်ဆရာနိုးလာတော့မယ့်အရိပ်အယောက်ပြလာတာနဲ့ ထောင်စောင့်တစ်ယောက်က သူရဲ့ အရိုးတစ်ချောင်းချောင်းကို ရိုက်ချိုးပြီး ပြန်ပြီးသတိလစ်သွားအောင်လုပ်ထားပါတယ်...အဲ့လူအခုထိ အကျဥ်းခန်းထဲမှာ လဲကျသတိလစ်နေတုန်းပါ...” အိုလတ်ဂ် ဖှေး၏ ရက်စက်လှသော အမိန့်ကိုသတိရသွားသဖြင့် အရိုးထဲပင် စိမ့်နေအောင်အေးသွားသည်။

“ဟားဟားဟား ကောင်းတာပေါ့...အဲ့မှော်ဆရာကိုလဲ အခန်းပိတ်ထဲကို ယူလာဖို့အမိန့်ပေးလိုက် ငါအရေးကြီးကိစ္စတစ်ခု လုပ်စရာရှိတယ်။” အိုလတ်ဂ် အကျဥ်းသားများအား သွားခေါ်ရန်နှင့် ဖှေးတောင်းဆိုသည့် အခန်းပိတ်တစ်ခုကိုပြင်ဆင်ရန် ထောင်စောင့်တစ်ချို့နှင့်အတူထွက်ခွာသွားခဲ့သည်။

ဆယ်မိနစ်ခန့်အကြာတွင် အိုလတ်ဂ်ပြန်ရောက်လာပြီး ဖှေးအား မြေအောက်အကျဥ်းထောင်ဟောခန်းကြီး၏ ၆ထပ်မြောက်ရှိ အခန်းကျယ်ကြီးတစ်ခုအတွင်းသို့ခေါ်သွားသည်။ ထိုအခန်းကျယ်ကြီး၏ ညာဘက်အခြမ်းတွင် အလုံပိတ်အခန်းကျဥ်းလေးတစ်ခုရှိသည်။ ထိုအခန်းမှာ ၁၈၀စတုရန်းပေ ပတ်လည်ခန့်ကျယ်ဝန်း၏။ သေဒဏ်ကျ ကြေးစားစစ်သား၃ယောက်နှင့် ငွေရောင်မျက်နှာဖုံးရှင် ၏ ရုပ်အလောင်းမှာထိုအခန်းထဲသို့ရောက်ရှိနေပြီဖြစ်သည်။ သတိလစ်နေသော မှော်ဆရာကိုလည်း ထိုအခန်းထဲသို့ ဒရွတ်တိုက်ဆွဲထည့်ပြီးပြီဖြစ်၏။

“ထောင်စောင့်တစ်ချို့ကိုခေါ်ပြီး တံခါးဝကနေစောင့်ပေးထား။ ဘယ်သူ့ကိုမှ ဝင်မလာစေနဲ့......နောက်ပိုင်းဘာတွေပဲဖြစ်လာဖြစ်လာ ဘယ်သူမှ ဝင်မလာနဲ့ကြားလား.....” ဖှေးကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး”

အိုလတ်ဂ် ထောင်စောင့်များနှင့်အတူ အခန်းအပြင်သို့ထွက်သွားပြီး အခန်းကျယ်၏ တံခါးဝကို ဂရုတစိုက်စောင့်ကြပ်နေ၏။ မြေအောက်ရေ သံမဏိအကျဥ်းထောင်မှာ အလွန်လုံခြုံသောနေရာတစ်ခုဖြစ်သော်လည်း ဘုရင့်မျက်နှာအမူအရာကိုကြည့်ပါက အလွန်အရေးကြီးသည့်အရာတစ်ခုပြုလုပ်တော့မည်ဖြစ်ကြောင်းကို အိုလတ်ဂ်သဘောပေါက်၏။

All Chapters