“ဘာကြောင့်လဲ”
Vol. 5 Ch. 71
[ဟော့ခ် ဆေးပုလင်း]မှာ ၅၀မီလီမီတာခန့်သာ အမြင့်ရှိသည့် စမ်းသပ်ဖန်ပြွန်ကဲ့သို့ ပုလင်းငယ်လေးသာဖြစ်သည်။ ဖှေး ကြေးစားစစ်သည်အား စမ်းသပ်သည့်အနေဖြင့် ဆေးရည်၃ပုံတစ်ပုံခန့်တိုက်ကျွေးကြည့်ခဲ့သည်။ ဖှေး ထိုဆေးပုလင်းအား သိမ်းဆည်းထားရန်အတွက် နေရာကောင်းတစ်ခုရှိသည် သူ၏ ခါးပတ်အတွင်းရှိ မှော်ဆန်သည့်သိမ်းဆည်းရာနေရာထဲ၌ပင်။
ဖှေး အောက်သို့ထိုင်လိုက်ပြီး ခုနလေးတင်မှ သူသတ်လိုက်သည့် ယခုအချိန်တွင် ဗလတောင့်တောင့်အရပ်ရှည်ရှည်နှင့် ကြေစားစစ်သည်၏ ရင်ဘက်ပေါ်သို့လက်တင်ကာ [ဆေးပုလင်း ရှာဖွေခြင်း]ကို အသုံးပြုလိုက်သည်။ ပေါက်ထွက်လာသော သွေးများမှလွဲ၍ ဘာမှမရလိုက်ချေ။ ဖှေး လုပ်နိုင်သည်မှာ ဘာမျှမရှိချေ။ [ဆေးပုလင်း ရှာဖွေခြင်း]အစွမ်းမှာ လယ်ဗယ်၁ သာရှိသေးသဖြင့် ဆေးပုလင်းရှာဖွေတွေ့နိုင်ချေမှာ နည်းသေးသည်ဖြစ်သည်။
အခန်းအတွင်းရှိ အလောင်းလေးလောင်းထံမှာ ဆေးပုလင်းတစ်ပုလင်းရလိုက်သည်မှာ မမျှော်လင့်ထားသော အံ့သြမှုပင်။ သို့သော် ဖှေးသိချင်နေသည့် ပြသနာ၏အဖြေအား အခုချိန်ထိအဖြေရှာမရသေးပေ။
ဒိုင်ယာဘလို ကမ္ဘာ၌ပင်မရှိသော ဆေးပုလင်းမှ အဘယ်ကြောင့် ဤကမ္ဘာတွင်ပေါ်လာခဲ့သည် ဟူသောအချက်ပင်။ အကယ်၍ ယုတ်တိရှိသောရှင်းပြချက်တစ်ခုကို စဥ်းစားကြည့်ပါက [ဆေးပုလင်း ရှာဖွေခြင်း]အစွမ်းအား အပြင်ကမ္ဘာသို့ ယူဆောင်ခဲ့စဥ်က ထိုအစွမ်းမှာ ဆင့်ကဲပြောင်းလဲသွားသဖြင့် [ဟော့ခ် ဆေးပုလင်း]ရရှိလာသည်ဟူသော အချက်ကိုပင် ဖှေးတွေးမိသည်။ [ဟော့ခ် ဆေးပုလင်း] ရရှိနိုင်ခြေ ရာခိုက်နှုန်းကိုလဲဖှေးမသိသေးချေ။ ထို့အပြင် ထိုဆေးပုလင်းမှာ ကြေးစားစစ်သည်ကဲ့သို့ လူတိုင်းအားသန်မာစေမည်လားဆိုသည့်အချက်ကိုလည်း ဖှေးသေချာမသိချေ။
ထိုဆေးရည်များအား သူ၏လူယုံများကိုတိုက်ပြီး သူတို့၏ခွန်အားများတိုးပွားလာအောင် မပြုမူမှီ ဖှေး ထိုအချက်အလက်များကို အရင်သိအောင် စမ်းသပ်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ မြေကမ္ဘာပေါ်တွင်လျှင် ဆေးဝါး ကုမ္ပဏီများသည် ဆေးဝါးများအားစျေးကွက်အတွင်း မဖြန့်ခင်စမ်းသပ်မှုအကြိမ်ကြိမ်ပြုလုပ်ရသည်မှာ အသေချာပင်ဖြစ်သည်။
ထိုကိစ္စများကိုတွေးပြီးသော် ဖှေးသက်ပျင်းချလိုက်မိ၏။
ထို့နောက်တွင် ဖှေး၏ အာရုံစိုက်မှုများသည် မြေပြင်ပေါ်တွင် သတိလစ်ခွေလဲလျှက်ရှိသော အမဲရောင်ဝတ်ရုံနှင့် ကြယ်လေးလုံးအဆင့်စစ်သည်ထံသို့ ကျရောက်သွားသည်။ မှော်ဆရာ၏ ခြေလက်များမှာ အကြိမ်ကြိမ်ရိုက်ချိုးခံထားရဖြင့် ခွေခေါက်နေ၏။ သူ၏ ပါးစပ်မှလဲ သွေးများစီးကျလျှက်ရှိသည်က်ိုတွေ့ရသည်။ ဤမှော်ဆရာမှာ အေဇာရုတိုက်တစ်ခုလုံးတွင် ကံအဆိုးဆုံးမှော်ဆရာတစ်ယောက်ဖြစ်နိုင်သည် ဟူသောအချက်မှာ အလွန်ရယ်စရာကောင်းလှ၏။ ထိုမှော်ဆရာ၏ ကြယ်ငါးလုံးအဆင့်သို့ပင် ရောက်ခါနီးနေပြီဖြစ်သော စွမ်းအားများဖြင့်ဆိုလျှင် ချမ်းဘော့ဒ်ကဲ့သို့ ဝေးလှံခေါင်းဖြားသည့် တိုင်းပြည်ငယ်လေးအား သူတစ်ယောက်ထဲဖြင့်ပင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်စွမ်းရှိသည်။ သို့သော်ဖှေး၏ အကြံအစည်နှင့် ဉာဏ်နီဉာဏ်နက်များကြောင့် ထိုမှော်ဆရာမှာ ထောင်ချီသောစစ်သားများရှိသည့် မိမိစခန့်အတွင်း၌ပင် အလစ်အငိုက်တိုက်ခိုက်ခံရပြီး သဲအိပ်တစ်လုံးကဲ့သို့ ရိုက်နှက်ခံခဲ့ရသည်။ ယခုအချိန်တွင် ဤမှော်ဆရာမှာ တပိုင်းသေနေပြီဖြစ်သည်။ သူနိုးလာတော့မည့် အရိပ်ယောင်ပြတိုင်း ထောင်စောင့်များမှာ သူ့အားဝိုင်းဝန်းရိုက်နှက်ပြီး ပြန်လှည်၍ သတိလစ်သွားအောင်ပြုကြသည်။ အသက်ရှန်ရန်အတွက်လိုအပ်သော နံရိုးအနည်းငယ်မှလွဲ၍ သူ၏ခန္ဓာကိုယ်အတွင်ရှိ အရိုးများအားလုံးကြိုးကြေနေပြီဖြစ်သည်။
ဖှေး ညစ်ပတ်သောအပြုံးတစ်ခုနှင့် မှော်ဆရာအား နှိုးလိုက်သည်။
ဖှေးသူ၏ ခါးပတ်အတွင်းမှာ [သွေးပုလင်းအလတ်စား]တစ်လုံး ထုတ်ယူပြီး ပုလင်းအဖုံးကိုဖွင့်လိုက်သည်။ ထို့နောက်တွင် မှော်ဆရာ၏ကြိုးကြေနေသာ ခြေလက်များပေါ်သို့ ဆေးစက်အနည်းငယ်ခန့်ချလိုက်သည်။ ချက်ချက်းပင် ခြေလက်များအား ဆေးရည်၏မှော်စွမ်းအားများလွှမ်းခြုံသွားပြီး ပြန်လည်ပျောက်ကင်းစပြုလာတော့သည်......
၅စက္ကန့်ခန့်အကြာတွင်....
မှော်ဆရာ၏ ခြေလက်များမှာ ကျိုးနေသည့်ပုံပေါက်နေဆဲဖြစ်ပြီး၊ အသားများအရိုးစများ ထွက်ပေါ်နေတုန်းဖြစ်သော်လည်း အရင်လောက်တော့ မဆိုးဝါးတော့ချေ။ ဖှေးထိုမှော်ဆရာ ၁၀၀ ရာခိုင်နှုန်းပြန်လည် သက်သာကောင်းမွန်လာမည်ကို မလိုလားချေ။ အကယ်၍ထိုမှော်ဆရာအသဲသန်စတင် တိုက်ခိုက်ပါက လယ်ဗယ်၁၆ လူရိုင်းဇာတ်ကောင်၏ အစွမ်းများသည် ထိုမှော်ဆရာအား ခုခံရန် လုံလောက်လိမ့်မည်မဟုတ်ပေ။
ထိုအချိန်တွင် ဖှေးစိတ်ဝင်စားဖွယ်ကောင်းသည့်အရာတစ်ခုကိုလည်း လေ့လာတွေ့ရှိလိုက်မိသည်။ သွေးပုလင်းမှာ မတူညီသောလူများအပေါ်တွင် မတူညီသောအာနိသင်ရှိသည်ဟူသောအချက်ပင်။ အစွမ်းသိပ်မကြီးသော လူများအပေါ်တွင် ဆေးပုလင်း၏ ကုသနိုင်စွမ်းအာနိသင်မှာ ပို၍မြန်ဆန်ထိရောက်ပြီး၊ အစွမ်းကြီးသောပုဂ္ဂိုလ်များအပေါ်တွင် ဆေးအစွမ်းအာနိသင် လျှော့နည်းသွားသည်ဖြစ်သည်။ ပီးရာ့စ်၏အသက်ကိုပင် ကယ်တင်နိုင်ခဲ့သောဆေးပမာနသည် ကြယ်လေးလုံးအဆင့် မှော်ဆရာ၏ အပြင်ပန်းဒဏ်ရာများကိုသာ ကုသနိုင်စွမ်းရှိ၏။
“ဗွမ်း.....”
ဆားအနည်းငယ်ထည့်ထားသော ရေအေးများဖြင့် မှော်ဆရာ၏ မျက်နှာအားလောင်းချလိုက်သည်။
“အား......” ကြယ်လေးလုံး အဆင့်မှော်ဆရာနာကြင်စွာ အော်ဟစ်ပြီးနိုးလာ၏။ သူ၏ မြွေကဲ့သို့မျက်လုံးများကို ဖွင့်လိုက်ပြီး ဘေးပတ်ပတ်လည်အား လှည့်ပတ်ကြည့်ရှုနေ၏။ သူ၏မျက်လုံးများသည် သက်တမ်းတစ်လျှောက်တွင် ဘယ်တော့မှမေ့နိုင်တော့မည်မဟုတ်သည့် မျက်နှာတစ်ခုပေါ်သို့ ကျရောက်သွားသည်။ “မင်း......မင်းပဲ......”
“ဟားဟား မင်းမှတ်ဉာဏ်ကောင်းသားပဲ အေးဟုတ်တယ်အဲ့တာငါပဲ.......” ဖှေး မိမိကိုယ်ကိုအထင်ကြီးကာ သဘောကျရယ်မောနေသည်။ သူ ကိုယ့်ကိုယ်ကို ဂုဏ်မယူပဲမနေနိုင်ချေ။ ကြယ်လေးလုံးအဆင့် မှော်ဆရာအား ကြယ်၃လုံးအဆင့်ပင်မရှိသော အစွမ်းဖြင့် အရှင်လက်လက်ဖမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်........ထိုအချက်မှာ ချမ်းဘော့ဒ် ဘုရင်များ၏ မဟာအောင်မြင်မှုများစာရင်းထဲသို့ပင် ထည့်သွင်းနိုင်၏။
“ဟာ.....မင်းတော့သေပြီ ဟားဟားဟား...မင်းတော့သေပြီကွ.....မာနထောင်လွှားနေတဲ့စောက်ပိန်း မင်းက ရီနေတုန်းပဲလား....မင်းလုပ်လိုက်မိတာကိုရော မင်းသိလိုက်ရဲ့လား....” မှော်ဆရာမှာ ငွေရောင်မျက်နှာဖုံးရှင်၏ အလောင်းကိုတွေ့လိုက်သည့်အချိန်တွင် အထိတ်တလန့်စတင်အော်ဟစ်တော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ဓာတ်လိုက်ခံနေရသည့်အတိုင်း တွန့်ခါနေ၏။ “ချမ်းဘော့ဒ် တစ်တိုင်းပြည်လုံး ငရဲဖြစ်လာတော့မှာပဲ....မင်းသတ်လိုက်တာက အန်ဟိုဗင် အင်ပါယာရဲ့ မင်းသား မတ်တီဂျ-ကီဇ်မန်းပဲကွ.....ဇီးနစ်အင်ပါယာတစ်ခုလုံး အမှုန့်ကြိတ်ခံရတော့မယ်....”
“သေစမ်း မင်းက ထပ်ပြီး အနှိပ်စက်ခံချင်နေတာလား ထောင်သားတစ်ယောက်ဖြစ်နေပြီး အာကျယ်အာကျယ်နဲ့ တစ်ထောင်ထောင်လာလုပ်နေတယ်....”
မှော်ဆရာနိုးလာလာခြင်း အသနားမခံပဲ ထီမမြင်သည့်ပုံဖြင့် ပြောချင်ရာအော်ပြောနေသည်ကိုတွေ့ရသောကြောင့် ဖှေးဒေါသဖြစ်သွားပြီး မှော်ဆရာထံသို့ပြေးသွားကာ မှော်ဆရာ၏ ပေါင်နှစ်ဖက်အားနင်းခြေပြစ်လိုက်၏။ “ချွတ် ချွတ်” အရိုးကြိုးကြေသံများကို ကြားလိုက်ရသည်။ သွေးပုလင်းအစွမ်းကြောင့် ပြန်းကောင်းလာခါစဖြစ်သည့် ခြေအရိုးများမှာ အမှုန့်ဖြစ်ကုန်ပြီး ပေါင်ရှိအသားများမှာ မြေပြင်ပေါ်သို့ ပိပြားကုန်တော့သည်။ သနားစရာကောင်းသော မှော်ဆရာမှာ သွေးအားအန်ပြီး ထက်မံသတိလစ်သွားတော့သည်။
ဖှေး မှော်ဆရာ၏ခြေထောက်ပေါ်သို့ သွေးပုလင်းထဲမှ ဆေးစက်များအနည်းငယ်ထက်မံလောင်းချလိုက်သည်။ “မင်း...မင်း...ခွေးသား...မင်း...မင်း...” မှော်ဆရာပြန်လည်သတိရလာပြီး ထက်မံအော်ဟစ်တော့သည်။
“ချွတ် ချွတ်”
ပြန်ကောင်းလာသော ခြေထောက်များအား ထက်မံ နင်းချိုးလိုက်သည်။
ဖှေး ထက်မံထိုင်ချလိုက်ပြီး ခြေထောက်ပေါ်သို့ စိတ်ရှည်လက်ရှည်ဖြင့် ဆေးစက်များ ထက်မံ၍လောင်းချသည်။
ယခုအချိန်တွင် မှော်ဆရာမှာ သူရောက်ရှိနေသည့်အခြေအနေအား နားလည်စပြုလာပုံရ၏။ သူအနည်းငယ်ပို၍ တိတ်ဆိတ်သွားသည်။ “မင်း....ရူးမိုက်တဲ့ကောင်....မင်းအသက်ရှင်ချင်တယ်ဆိုရင် အခုကတည်းကစပြီးပြေးထားတော့...မင်းအမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိပြီဆိုတာမင်းသိရဲ့လား.....”
“ငါသာ မင်းနေရာမှာဆိုရင် ပထမဆုံး ကိုယ့်အသက်ကိုပဲအရင်စိုးရိမ်မှာပဲ....ကဲ ဂုဏ်သရေရှိ မစ်စတာ မှော်ဆရာကြီး ခင်ဗျားနာမည်ဘယ်လိုခေါ်တုန်း....နောက်ပြီး..အဲ့ခွေးသားနာမည်က မတ်တီဂျ-ကီဇ်မန်း ဟုတ်လား။” ဖှေး မြေပြင်ပေါ်ရှိ ငွေရောင်မျက်နှာဖုံးရှင်၏ အလောင်းအားညွှန်ပြပြီး အေးစက်စွာမေးလိုက်သည်။ “ငါ့ကို မင်းသိသမျှအကုန်ပြောပြတာကောင်းမယ်...ဒါမှမဟုတ်ရင်တော့......” သတ်ဖြတ်လိုသည့်အမူအရာ ဖှေးမျက်နှာပေါ်တွင်ပေါ်ပေါက်လာသည်။
“ငါ့ကို သတ်မှာလား....” မှော်ဆရာမှာ အံကြိတ်ပြီး ဒေါသဖြင့်ပြောလိုက်၏။ “ငါဒီလောက်ဒဏ်ရာတွေရထားပြီး ဆက်အသက်ရှင်နေသွားနိုင်မယ်ထင်လို့လား.....ဟီးဟီး ဒါပေမယ့် မင်းကတော့ချောင်မှာမဟုတ်ဘူး ဘုရင်လေး...အခုကတည်းက ကြောက်ပြီးတုန်ခါနေတော့....မင်းကိုလိုက်သတ်ကြတော့မယ်...မင်းချစ်တဲ့လူတွေသေရတာကိုမင်းတွေ့တော့မယ်....သူတို့ရဲ့ဦးခေါင်းခွံတွေ ဝိုင်ခွက်ဖြစ်ကုန်တာကို မင်းတွေ့ရတော့မယ်...သူတို့ရဲ့ခြေလက်တွေခုတ်ဖြတ်ခံရတာကိုလဲ မင်းမြင်ရတော့မယ်.....”
“ဖောင်း ဖောင်း ဖောင်း”
ဖှေး မှော်ဆရာအား ဝတ်ရုံမှဆွဲမပြီး မျက်နှာအား အကြိမ်ပေါင်းများစွာဖြတ်ရိုက်လိုက်သည်။ “မင်းစောက်မှတ်မရှိတဲ့ခွေးသား၊ မင်းစောက်ရေးမပါတာတွေ ထက်ပြောနေမယ်ဆိုရင် ငါမင်းခေါင်းကိုဖြတ်ပြီး ဝိုင်ခွက်လုပ်ပေးလိုက်မယ်...ငါမေးတာကိုဖြေစမ်း....”
“ထွီ...မင်းက အဆင့်၄ အင်ပါယာဖြစ်တဲ့ အန်ဟိုဗင်အင်ပါယာက မင်းသား မတ်တီဂျ-ကီဇ်မန်းကို သတ်လိုက်တာပဲ....ဟားဟား အန်ဟိုဗင်အင်ပါယာကသာ ဒီအကြောင်းသိသွားပြီဆိုရင် မင်းရဲ့ချမ်းဘော့ဒ်တိုင်းပြည်လေးတင်မဟုတ်ဘူး မင်းရဲ့အမိအင်ပါယာ ဇီးနစ်ရော အမှုန့်ချေခံရတော့မယ်လေ....” မှော်ဆရာ ပါးစပ်အတွင်းမှသွေးများကို မြေပြင်ပေါ်သို့ထွေးထုတ်ပြီး ပြောလိုက်သည်။ ဖှေး၏ ခြိမ်းခြောက်မှုကြောင့် မေးခွန်းများကို အမှန်တိုင်းပင် အဖြေပေးလိုက်သည်။ အန်ဟိုဗင် အင်ပါယာဟုပြောလိုက်သည့်အချိန်တွင် မှော်ဆရာ၏မျက်နှာ၌ ပီတိဖြစ်သည့် အပြုံးတစ်ခုပေါ်လာတော့သည်။ သူသည် သူ့ရှေ့မှဘုရင်လေး စိတ်ပိုင်းဆိုင်ရာပျက်ပြားပြီး စတင်ထိတ်လန့်တော့မည့်အချိန်အားစောင့်နေခြင်းဖြစ်သည်။ အဆင့်၄ အင်ပါယာဆိုသည်မှာ ဝေးလှံခေါင်ဖြားသည့် နိုင်ငံငယ်လေးတစ်ခုခုခံနိုင်သည့် အရာမဟုတ်ပေ။
သို့သော် သူထင်ထားသကဲ့သို့ဖြစ်မလာခဲ့ချေ။
“အဲ့ကောင်က အဆင့်၄ အင်ပါယာတစ်ခုက မင်းသားလား...” အနည်းငယ်အကြာ တိတ်ဆိတ်အပြီးတွင် ဖှေးငွေရောင်မျက်နှာဖုံးရှင်၏အလောင်းအား လက်ညိုးထိုးကာရယ်မောလိုက်သည်။ “ဒါဆိုငါက အဆင့်၄ အင်ပါယာကမင်းသားတစ်ပါးကို သတ်လိုက်တာပေါ့....ဟားဟား..မင်းပြောတာကို ကြားပြီးတဲ့နောက်မှာ ငါတော်တော်လန်းဆန်းသွားသလို ခံစားလိုက်ရတယ်။ မင်းသားတစ်ပါးကို သတ်လိုက်ရတဲ့ခံစားချက်က တော်တော်ထူးခြားတာပဲ...အဲ့အင်ပါယာမှာရော နောက်ထပ်မင်းသားတွေရှိသေးလား....”
“မင်း......” မှော်ဆရာထိတ်လန့်သွားသည်။ ဖှေးရိုက်လိုက်သောကြောင့် နှုတ်ခမ်းမှာ ဖူးယောင်နေသောကြောင့် စကားကောင်းကောင်းမွန်မွန်မပြောနိုင်ချေ။ ထို့အပြင် သူဘာပြန်ပြောရမှန်းပင်မသိတော့ချေ။ သူ၏အရှေ့တွင် ရှိသောလူမှာ အဆင့်၄ အင်ပါယာအား စိတ်ဆိုးစေခြင်း၏ အကျိုးဆက်များကို မသိဘူးလားဟုပင် တွေးမိသည်။
မှော်ဆရာ၏ အမူအရာကိုတွေ့သောအခါ ဖှေးဖြေးညင်းစွာပြောလိုက်သည်။ “မင်းသတိမေ့သွားပြီးတော့ မင်းတို့စစ်သည်တွေကို ဇီးနစ်အင်ပါယာရဲ့ မြင်းစစ်သည်တွေက တစ်ယောက်မကျန်အကုန်သတ်လိုက်တယ်လေ...တစ်ယောက်မှလွှတ်မြောက်မသွားဘူး။ ငါ့အထင်တော့ မင်းတို့ကလဲ အင်ပါယာကနေခိုးထွက်လာကြတယ်ထင်ပါတယ်......အဲ့တာကြောင့်တစ်ဦးတည်းသော အသက်ရှင်တဲ့သူကလဲ မင်းပဲရှိတာလေ။ မင်းကလဲ လအဆင့်စစ်သည်တွေတောင် မလွှတ်မြောက်နိုင်တဲ့ မြေအောက်ရေသံမဏိ အကျဥ်းထောင်ထဲမှာလေ..အဲ့တော့မင်းတို့တွေ ချမ်းဘော့ဒ်က်ိုရောက်လာပြီး မင်းသားကို ချမ်းဘော့ဒ်က သတ်လိုက်တယ်ဆိုတာကို အန်ဟိုဗင် အင်ပါယာက ဘယ်လိုလုပ်သိနိုင်တော့မှာလံ.....”
“မင်း.....” မှော်ဆရာ၏ မျက်လုံးများမှာ ရုတ်တရက်ပြူးကျယ်သွားသည်။ “မင်းက ဘယ်လိုလုပ်သိတာလဲ.......”
“လွယ်ပါတယ်...အစကတည်းက ဘာလို့ရန်သူတွေကအလံတွေဘာတွေထောင်မထားတာလဲဆိုပြီး ငါအံ့သြနေတာ၊ မင်းတို့ကောင်တွေက သာမန်သူပုန်တွေဆိုရင်လည်း စစ်သည်တွေကအဲ့လောက်ကျွမ်းကျင်ပြီး စနစ်ကျနေမှာမဟုတ်ဘူးလေ။ အမဲရောင်ချပ်ဝတ်နဲ့ ရန်သူတွေစီမှာ ကြယ်အဆင့်စစ်သည်တွေအများကြီးပါပြီး၊ စစ်ပွဲသုံးကိရိယာတွေလဲ အပြည့်စုံပါနေတယ်...အဲ့တာတွေကိုကြည့်မယ်ဆို မင်းတို့ကောင်တွေက ကျွမ်းကျင်တပ်ဖွဲ့တစ်ခုဆိုတာကို ဘယ်သူမဆိုပြောနိုင်တာပဲ။ ဒါဆိုဖြေရှင်းချက်တစ်ခုပဲရှိတော့တယ် မင်းတို့တွေအလံတွေ၊ တံဆိပ်တွေကို ဖြုတ်သိမ်းထားတယ်ဆိုတာ မင်းတို့ဘယ်ကလာလဲဆိုတာကို ဖုံးကွယ်ချင်လို့ပဲ...အဲ့တာဆို ဘာလို့ဖုံးကွယ်ချင်နေတာလဲဆိုတဲ့ မေးခွန်းတစ်ခုထပ်ပေါ်လာတယ်...ဘာလို့လဲဆိုတော့ မင်းတို့တွေက လျို့ဝှက် စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတစ်ခု လုပ်နေကြလို့ပဲ....ဘယ်လောက်ထိ လျို့ဝှက်လဲဆိုရင် မင်းတို့အင်ပါယာကလူတွေကိုတောင် အသိခံလို့မရတဲ့အထိပဲ.....ဟီးဟီး”
အမှန်တကယ်မှာ ဖှေးစိတ်ထဲပေါ်လာသည့်အရာမှန်သမျှ လျှောက်ပြောနေခြင်းဖြစ်သည်။ သို့သောပြောရင်းပြောရင်းဖြင့် မှော်ဆရာ၏မျက်နှာအမူယာ မဲ့သွားသည်ကို ကြည့်ခြင်းဖြင့် သူပြောသည်များမှန်ကန်နေကြောင်းကိုသိလိုက်ရဖြင့် ကြိတ်ဝမ်းသာသွား၏။ ဖှေး ညစ်ပတ်စွာပြုံးလိုက်ပြီး မှော်ဆရာ၏အနားသို့ ကပ်သည်ထက်ကပ်လာလေသည်။ အနားသို့ရောက်သော် ဖှေး၏ မျက်နှာအမူယာမှာ အေးစက်သွားပြီး မှော်ဆရာအား ခြိမ်းခြောက်လိုက်သည်။ “ဒီမှာအဖိုးကြီး ဟီးဟီး ခင်ဗျားအရှုံးပေးလိုက်တော့....ခင်ဗျားထပ်ပြီး အနှိပ်စက်မခံချင်တော့ဘူးဆိုရင် ခင်ဗျားတို့တွေ ဘာလို့ချမ်းဘော့ဒ်ကို ခိုးထွက်လာခဲ့ကြတယ်ဆိုတာကို အမှန်တိုင်းပြောပြ။ ဘာကြောင့်လဲ....”