← Chapters

“ဇစ်မြစ်”

Vol. 5 Ch. 72

“ဇစ်မြစ်”

Vol. 5 Ch. 72

ခနတာတိတ်ဆိတ်အပြီးတွင် မှော်ဆရာ၏ မျက်နှာတွင် အမူအယာမျိုးစုံပေါ်ပေါက်လာခဲ့သည်။ သူရုတ်တရက် သက်ပြင်းချလိုက်ပြီး “လူငယ်လေး မင်းဒီလို သဲလွန်စအနည်းငယ်လောက်ကနေ အမှန်တရားကိုခန့်မှန်းနိုင်တာ တော်တယ်လို့တော့ ငါဝန်ခံရလိမ့်မယ်.......ဒါပေမယ့် ဟီးဟီး...အဲ့တာက ဘာမှအသုံးဝင်မှာမဟုတ်ဘူး။ အန်ဟိုဗင် အင်ပါယာက မင်းသားဘယ်ထွက်သွားတာလဲဆိုတာမသိပေမယ့် မင်းသားပျောက်နေတယ်လို့သတိထားလိုက်မိတာနဲ့ အန်ဟိုဗင်အင်ပါယာရဲ့ နားတွေကနေ ဘယ်အရာကိုမှဖုန်းကွယ်ထားလို့ရမှာမဟုတ်ဘူး.....မြင်းတစ်ကောင်ပျောက်သွားတယ်ဆိုရင်တောင် အန်ဟိုဗင်အင်ပါယာရဲ့ထောက်လှမ်းရေးတွေက ဘယ်ကိုထွက်သွားတယ်ဆိုတာကို ထောက်လှမ်းနိုင်စွမ်းရှိတယ်...မင်းသားတစ်ပါးနဲ့ သူ့ရဲ့စစ်သည်သုံးထောင်ဘယ်ကိုထွက်သွားလဲဆိုတာကို စုံစမ်းနိုင်ဖို့က ဘာမှခက်ခဲမှာမဟုတ်ဘူး....ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အန်ဟိုဗင်အင်ပါယာကြီးသိသွားရင်တော့ ချမ်းဘော့ဒ်နဲ့ ဇီးနစ်အင်ပါယာတော့ ငရဲကျပြီသာ မှတ်ပေတော့ပဲ....အကုန်သေကုန်ကြတော့မယ်..ဟားဟား”

“မင်း အမေပဲသေမှာကွ ဖျောင်း ဖျောင်း” ဖှေး မှော်ဆရာ၏ မျက်နှာအား နှစ်ချက်ခန့်ဆက်တီးလိုက်သည်။ သွားနှစ်ချောင်းခန့် ကျွတ်ထွက်ကာ လေထဲသို့ လွှင့်စင်သွား၏။ “ဒီမှာအဖိုးကြီး ခင်ဗျားတို့ ဘာကြောင့်ချမ်းဘော့ဒ်ကို လာခဲ့တယ်ဆိုတာကို အမှန်တိုင်းပြောစမ်း....”

မှော်ဆရာ သရော်ပြုံးပြုံးလိုက်သည်။ သူ၏မျက်လုံးထဲတွင် မလိုမုန်းထားသည့်ခံစားချက်များဖြင့် စကားတစ်ခွန်းမှမပြောပဲ အသံတိတ်နေ၏။

“ဟမ် မင်းက ငါ့ရှေ့မှာလာပြီး အကြောလာတင်းပြနေတာပဲ....” ဖှေး ဒေါသဖြစ်သွားကာ ရယ်ပင်ရယ်မိသည်။ “ဟားဟား ဟုတ်ပြီလေ အဖိုးကြီး ခင်ဗျားက သတ္တိကောင်းတဲ့ပုံပဲ...ဒါကိုတောင့်ခံနိုင်ဖို့သာ ပြင်ဆင်ထား....”

ဖှေး သရော်ပြုံးပြုံးပြီး မှော်ဆရာ၏ ခြေထောက်တစ်ဖက်အားကိုင်ဆွဲလိုက်သည်။ ထို့နောက်တွင် ခွန်အားအနည်းငယ်အသုံးပြုပြွး လက်ဖြင့်ညစ်ကာ ခြေထောက်ရိုးကို ချိုးလိုက်၏။ မှော်ဆရာမှာ နာကြင်စွာအော်ဟစ်ပြီး သတိလစ်သွားတော့သည်။ ထို့နောက်တွင် သွေးပုလင်းကို ထုတ်ယူပြီး ကျိုးနေသော ခြေထောက်ပေါ်သို့ ဆေးသက်အနည်းငယ် ပြန်ချပေးလိုက်သည်။ မကြာမှီတွင် မှော်ဆရာအဖိုးကြီးနိုးလာပြီး သူ၏​​ခြေထောက်ရိုးအား အံ့သြထိတ်လန့်စွာကြည့်လိုက်။ “ငါ...ငါ့အရိုးကပြန်ဆက်သွားပြီလား....ဒါ..ဒါက....”

“အဖိုးကြီး ဒါကိုကြည့်စမ်း....” ဖှေး ဆေးရည်တစ်ဝက်ခန့် ကျန်ရှိနေသေးသော ဆေးပုလင်းအလတ်စားကို ကိုင်လှုပ်ပြလိုက်သည်။ သူ၏ မျက်နှာမှာ အပေးအယူလုပ်တော့မည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ ညစ်ပတ်စွာပြုံးနေ၏။ “ဒီဆေးပုလင်းထဲမှရှိတဲ့ဆေးရည်က ဘယ်သူကိုမဆို၊ ဘယ်လောက်ဆိုးတဲ့ဒဏ်ရာဖြစ်ဖြစ် အကုန်ပျောက်အောင်ကုသနိုင်ပြီး အသက်ကယ်ပေးနိုင်စွမ်းရှိတယ်...ခင်ဗျားဘာမှမပြောပဲ ဆက်ပြီးခေါင်းမာနေဦးမယ်ဆိုရင် ခင်ဗျားအရိုးတွေကို အကုန်ရိုက်ချိုးမယ်...ပြီးရင် ဆေးရည်သုံးပြီး ပြန်ဆက်မယ်...နောက်ပြီး ထက်ရိုက်ချိုးမယ်...ခင်ဗျားဆက်ပြီး ငါနဲ့ကစားနေချင်သေးတယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့အရိုးတွေအားလုံး အကြိမ်ကြိမ်ရိုက်ချိုးခံရတဲ့အရသာကို ခင်ဗျားကိုပေးလိုက်မယ်......အဲ့ခံစားချက်က ဘယ်လိုနေမလဲဆိုတော့....ဟီးဟီးဟီး....ဟားဟားဟားဟား”

မှော်ဆရာ ချက်ချင်းပင် ထိတ်လန့်သွားပြီး ငိုကြွေးတော့သည်။ “မင်း...မင်း...မကောင်းဆိုးဝါး.....”

ဖှေး ရယ်မောလိုက်သည်။ “ခင်ဗျား ကျွန်တော့ကို အမှန်တိုင်းပြောမယ်ဆိုရင်တော့ ခင်ဗျားရဲ့အသက်ကို ဒီဆေးပုလင်းနဲ့ ကယ်တင်ပေးမယ်....ခင်ဗျား ခန္ဓာကိုယ်ထဲမှာ ကျိုးနေတဲ့အရိုးတွေလဲ အကုန်ပြန်ကောင်းသွားမယ်ဗျာ..တကယ်လို့ အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းလို့တောင် ရသေးတယ်လေ ဟီးဟီး...”

မှော်ဆရာမှာ အခြေအနေကို ခြင့်ချိန်စဥ်းစားကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်ရှိ ခြေလက်များ၊ အရိုးများအသားများမှာ အကုန်ကျိုး​ကြေနေပြီဖြစ်သည်။ သူယခုအချိန်အထိ အသက်ရှင်နေနိုင်ခြင်းမှာ သူ၏ မှော်စွမ်းအင်အတွင်းများကိုအသုံးပြုကာ အသက်ဆက်ထားခဲ့သောကြောင့်သာဖြစ်သည်။ သူ၏ အစွမ်းထက်သည့် မှော်စွမ်းအားမျာကုန်သွားသည့်အချိန်တွင် သူ့အသက်သည်လည်း သေဆုံးတော့မည်ဖြစ်သဖြင့် သူတွင်လိုအင်ဆန္ဒများလဲမရှိတော့၊ မျှော်လင်ချက်များလည်းမရှိတော့ချေ။ ထို့ကြောင့်ပင် သူသတ္တိရှိနေပြီး၊ ခေါင်းမာနေခဲ့ခြင်းဖြစ်သည်။ သို့သော်ယခုအချိန်တွင် အသက်ရှင်နိုင်သည့် မျှော်လင့်ချက်ကို မြင်လိုက်ရသဖြင့် မှော်ဆရာ၏ ခံယူချက်မှာ ယိမ်းယိုင်လာတော့သည်။ မျှော်လင့်ချက်မဲ့သည့်အချိန်တွက် သူရဲကောင်းများထွက်ပေါ်လာနိုင်သော်လဲ မျှော်လင့်ချက်မှာ သူရဲကောင်းများကိုပင် လူကြောက်များအဖြစ်သို့ပြောင်းလဲစေနိုင်သည်။ ဖှေး၏ လက်ထဲမှ အနီရောက်ဆေးပုလင်းသည် အမဲရောင်ဝတ်ရုံနှင့် မှော်ဆရာအတွက် မျှော်လင့်ချက်ပင်ဖြစ်သည်။ ထိုအချက်ကိုသာ သူကောင်းကောင်းအသုံးပြုနိုင်ပါက အရင်လိုစွမ်းအားများ၊ အာဏာများကိုပြန်လည်ရရှိနိုင်လေ၏။ ထို့ကြောင့် သူတဖြည်းဖြည်းနှင့် ဖှေးထံ နာခံလာတော့သည်။ မှော်ဆရာခေါင်းငြိမ့်လိုက်ပြီး “ဟုတ်ပြီလေ...ငါမင်းကိုသိသမျှအကုန်ပြောပြမယ်...ဒါပေမယ့် ငါပြောပေးပြီးတာနဲ့ မင်းငါ့ကိုကုပေးရမယ်ဆိုတာကို ကျိမ်မှရမယ်..မင်းမင်းစကား မင်းမတည်ဘူးဆိုရင်........”

“ငါ ချမ်းဘော့ဒ်နိုင်ရံရဲ့ဘုရင်တစ်ပါးအနေနဲ့ စစ်ပွဲနတ်ဘုရား ကိုတိုင်တည်တယ်ကွာ....တကယ်လို့ငါ စကားမတည်ခဲ့ဘူးဆိုရင် အနက်ဆုံးငရဲကိုကျပြီး ထာဝရနှိပ်စက်ခံစားရပါစေ.....” ဖှေး သူ၏လက်အားမြှောက်ပြီး လေးနက်စွာ ကျိမ်ဆိုလိုက်သည်။

မှော်ဆရာ ဖှေးကို ယုံကြည်သွား၏။

“ငါ့နာမည်က အီဗန်ပါ။ ငါက ကြယ်လေးလုံးအဆင့်မှော်ဆရာတစ်ယောက်ပေါ့။ ငါက ဟိုး အရမ်းဝေးတဲ့နေမှာတည်ရှိတဲ့ အဆင့်၉ မန်ချက်စတာ အင်ပါယာကနေလာခဲ့တာ။ ငါ့ရဲ့ဆရာ ဖာဒီနန်ရဲ့ညွှန်ကြားချက်အတိုင်း အေဇာရုတိုက်ကိုပတ်ပြီး ခရီးနှင်နေခဲ့တာပေါ့ကွာ.....လွန်ခဲ့တဲ့ ၃လလောက်က ငါအန်ဟိုဗင် အင်ပါယာကို တောနက်တစ်ခုထဲကနေ ခရီးနှင်နေရင်းနဲ့ ကြေးစားစစ်သည်အဖွဲ့နှစ်ဖွဲ့ ထူးဆန်းတဲ့အမဲရောင်မြေပုံတစ်ခုကိုလုရင်း၊ အသေအကြေတိုက်ပွဲဖြစ်နေတာကို ငါမမျှော်လင့်ပဲသွားတွေ့လိုက်ရတယ်....ပထမဆုံးကတော့ ငါဘာများပါလိမ့်နည်းနည်းစိတ်ဝင်စားသွားပြီး အဲ့တိုက်ခိုက်နေကြတဲ့ ကြေးစားစစ်သည် ၁၀၀ ကျော်လောက်ကို ငါအကုန်သတ်ပြီး မြေပုံကိုယူလိုက်တယ်....စစလာခြင်းတော့ ငါသိပ်ပြီး အမှုမထားမိဘူး...ဒါပေမယ့် မြေပုံကိုပြုလုပ်ထားတဲ့ပစ္စည်းက ကြယ်လေးလုံးအဆင့်ရှိတဲ့ ငါတောင်မှ တစ်ခါမှမမြင်ဖူးသေးတဲ့ပစ္စည်းတွေဖြစ်နေတာကို ငါတွေ့လိုက်ရတယ်....အဲ့တာနဲ့ငါလည်း မြေပုံထဲကစာတွေကို ဘာသာပြန်ပြီး အနည်းငယ်လေ့လာလိုက်တဲ့အချိန်မှာ ငါအလွန်အံ့သြဖို့ကောင်းတဲ့အရာကြီးတစ်ခုကို သတိမထားမိပဲ ယူလာခဲ့မိတာကိုသိလိုက်ရတယ်.....အဲ့မြေပုံက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းကဖြစ်ပွားခဲ့တဲ့ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေလက်ထပ်တုန်းက ရှေးဟောင်းပစ္စည်းတစ်ခုပဲကွ.....အဲ့မြေပုံပေါ်မှာ နေရာတော်တော်များများကို အနီရောင်နဲ့ဝိုင်းပြထားတဲ့ အဲ့နေရာတွေက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒဏ္ဍာရီလာမြေအောင်းတွေပဲ.........အဲ့မြေဟောင်းတွေအပြင် တစ်ခြားနေရာတွေကိုလဲ ဝိုင်းပြထားသေးတယ်....ဒါပေမယ့် အဲ့တာတွေက ဘာကိုကိုယ်စားပြုတာဆိုတာကိုတော့ငါမသိဘူး....ငါအဲ့အကြောင်းတွေကိုသိပြီးတဲ့နောက်မှာ ငါအဲ့ဒဏ္ဍာရီလာမြေဟောင်းတွေကို လေ့လာချင်လာတယ်.....အဲ့တာနဲ့ငါနှစ်လလောက်အချိန်ယူပြီး ဒီမြေပုံကိုအသေချာအသေးစိတ်လေ့လာပြီးတဲ့နောက်မှာ ဒဏ္ဍာရီလာမြေပေါင်းများစွာရှိတဲ့ထဲကမှ တစ်ခုရဲ့တည်နေရာကို ငါသိလာရတယ်......”

“ဒါဆို အဲ့ဒဏ္ဍာရီလာမြေတစ်ခုရဲ့တည်နေရာက ချမ်းဘော့ဒ်မှာပေါ့ဟုတ်လား....” ​ဖှေးမေးလိုက်သည်။

“အေး...ဟုတ်တယ်။ ငါချမ်းဘော့ဒ်ကို ခနခနလာပြီးလေ့လာခဲ့တယ်...သဲလွန်စအနည်းငယ်တွေ့ပေမယ့်....အဲဲ့ဒဏ္ဍာရီလာနေရာရဲ့ ဝင်ပေါက်ကိုငါရှာမတွေ့နိုင်ခဲ့ဘူး.....နောက်ပြီး ချမ်းဘော့ဒ်မှာနေတဲ့သူတွေကလဲ အများကြီးဆိုတော့ ငါလွတ်လွတ်လပ်လပ်ရှာလို့မရဘူး...အဲ့ဒါနဲ့ အဲ့နေရာကိုရှာဖို့က အချိန်ကုန်လူပင်ပန်းကြီးမှာကို ငါရိပ်မိလာတယ်....ငါတစ်ယောက်ထဲမလုပ်နိုင်လောက်ဘူးပေါ့.....အဲ့တာနဲ့ ငါနည်းနည်းလောက်တွေးကြည့်ပြီးတဲ့နောက်မှာ အကူညီတစ်ခုရှာဖို့ ဆုံးဖြတ်လိုက်တယ်.....”

“အဲ့တာနဲ့ပဲ အန်ဟိုဗင်အင်ပါယာရဲ့ မင်းသားနဲ့ဆုံသွားတာလား....”

“မင်းသား မတ်တီဂျ-ကီးဇ်မန်းနဲ့က အရင်ကတည်းသိပါတယ်။ သူကငါအစွမ်းထက်တယ်ဆိုတာကိုသိပြီး သူ့ရဲ့နောင်တော်နှစ်ယောက်နဲ့ အင်ပါယာထီးနန်းလုတဲ့အချိန် ဖြစ်လာမယ့်တိုက်ပွဲမှာ ပါဝင်ကူညီဖို့ငါ့ကိုစည်းရုံးခဲ့ဖူးတယ်။ အဲ့တာနဲ့ ငါသူ့ကိုသွားရှာပြီး လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက ဒဏ္ဍာရီလာတိုက်ပွဲဖြစ်ပွားခဲ့ရာ ​မြေတစ်ခုရဲ့တည်နေရာကို ငါတွေ့ထားကြောင်းပြောလိုက်ပြီး သူ့ကိုငါနဲ့အတူ ရှာဖွေလေ့လာဖို့ဖိတ်ခေါ်လိုပ်တယ်....သူသာအဲ့ဒဏ္ဍာရီလာမြေကိုရသွားတာနဲ့ သူ့ရဲ့နောင်တော်နှစ်ယောက်ကို အသားလေးအနိုင်ယူလိုက်နိုင်ပြီး အိုင်ဟိုဗင်အင်ပါယာရဲ့ အရှင်သခင်သစ်ဖြစ်လာနိုင်တယ်လေ။ သူ့အကိုနှစ်ယောက် သူ့ရဲ့အစီစဥ်ကိုသိသွားမှာစိုးရိမ်တာနဲ့ မင်းသားက အပျော်ခရီးထွက်ချင်ယောင်ဆောင်ပြီး သူ့ရဲ့လူယုံတပ်ဖွဲ့ကိုခေါ်ပြီး ငါတို့ ချမ်းဘော့ဒ်ကို ထွက်လာခဲ့ကြတယ်....နောက်ပြီးငါတို့ရုပ်တွေဖြတ် အလံတွေတံဆိပ်တွေကိုဖြုတ်ပြီး ခရီးနှင်လာလိုက်တာ ချမ်းဘော့ဒ်ကို မကြာခင်မှာပဲရောက်လာခဲ့တယ်.....အစီစဥ်ကတော့ ချမ်းဘော့ဒ်ကို အ​မြန်သိမ်းပိုက်ပြီး မြို့သူမြို့သားတွေ တော်ဝင်မျိုးနွယ်တွေကို အကုန်သတ်ပစ်ဖို့ပဲ..အဲ့တာမှ ငါတို့လဲ လွတ်လွတ်လပ်လပ်ရှာလို့ရမှာလေ...နောက်ပြီးချမ်းဘော့ဒ်လို ဝေးလံခေါင်းဖြားတဲ့တိုင်းပြည်ကို ငါတို့သိမ်းပိုက်ပြီးတော်တော်ကြာတဲ့အထိ ဇီးနစ်အင်ပါယာက သတိထားမိမှာမဟုတ်သေးဘူးလေ....ဇီးနစ်အင်ပါယာ သတိထားမိချိန်ဆိုရင် ငါတို့လဲ ဒဏ္ဍာရီလာ နေရာကို ရှာတွေ့ပြီးနေလောက်ပြီ ဟီးဟီး....”

“ထူးဆန်းတာတစ်ခုက ခင်ဗျားရဲ့ပုံအရဆိုရင် အဲ့မင်းသားကို ဒဏ္ဍာရီလာ နေရာကိုခွဲပေးဖို့နေနေသာသာ သူရဲ့ထီးနန်းလုပွဲကိုတောင် ကူညီပေးချင်တဲ့ပုံမပေါ်ပါဘူး။ ခင်ဗျားမှာ မကောင်းတဲ့အကြံစည်ရှိပြီးသားမလား....”

“အဟွတ် အဟွတ်....” မှော်ဆရာ သွေးများကိုချောင်းဆိုးထုတ်လိုက်သည်။ ထို့​နောက်တွင် အားအင်ချိနဲ့နေသည့် အသံဖြင့် ဆက်ပြောသည်။ “ဟုတ်တာပေါ့...ဒဏ္ဍာရီလာနေရာတွေက ဒီလောက်အဖိုးတန်တာ ဘာလို့ငါကသူနဲဝေမျှရမှာလဲ....နေရာရဲ့ ဝင်ပေါက်ကိုတွေ့တာနဲ့ ငါသူ့ကိုချက်ချင်းသတ်ပြီး သူ့ရဲ့စစ်သည်၃ထောင်ကိုသိမ်းပိုက်ပြီး နေရာတစ်ခုလုံးကို ငါ့အတွက်လေ့လာရှာဖွေပေးဖို့ စီစဥ်ထားပြီးသား....ဟီးဟီး” မှော်ဆရာမှာ သူ၏အစီစဥ်အားပြောနေရင်း သဘောကျစွာရယ်မောလာသည်။

“မင်းကရော အန်ဟိုဗင်အင်ပါယာက လက်စားပြန်ချေမှာကိုမကြောက်ဘူးလား.....”

“ငါတို့လုပ်နေတာတွေကို ဘယ်သူမှမသိအောင်လို့၊ နောက်ပြီး ဒဏ္ဍာရီလာမြေဟောင်းအတွက်နဲ့ လုယူကြပြီးမလိုလားတဲ့တိုက်ပွဲတွေ ဖြစ်လာမှာဆိုးလို့ ငါတို့တွေက အင်ပါယာကနေ ခြေရာလက်ရာတွေကို တတ်နိုင်သမျှဖြောက်ပြီး လာခဲ့ကြတာ...ဟားဟား..မင်သားအတွက်ကတော့ ကိုယ့်သေတွင်းကိုတူးတာပေါ့ကွာ.....”

“ဒါဆိုခင်ဗျားခုနကပြောခဲ့တဲ့ အန်ဟိုဗင်အင်ပါယာကတဖြည်းဖြည်းနဲ့ ဖြစ်ပျက်ခဲ့တာတွေကိုသိလာလိမ့်မယ်ဆိုတာ ကျွန်တော့ကိုခြောက်ချင်လို့ပြောနေတာတွေပေါ့.....” ဖှေး သရော်ပြုံးလိုက်သည်။ “အန်ဟိုဗင် အင်ပါယာကဘယ်တော့မှ မင်းသားဒီမှာသေခဲ့တယ်ဆိုတာကို မသိနိုင်တော့ဘူးမလား....”

“ဘယ်အရာမှမသေချာဘူးလေ မင်းအန်ဟိုဗင်အင်ပါယာရဲ့အစွမ်းကို လျှော့တွက်လို့မရဘူး....သူတို့တွေ တချိန်ချိန်ကျရင်တော့သိသွားမှာပဲ....ဒါမယ့်သိသွားတော့လဲ ဘာဖြစ်လဲ..ငါက အဆင့်၉ မန်ချက်စတာ အင်ပါယာကလေ။ ငါ့ဆရာက အင်ပါယာမှာ အရေးပါတဲ့အရာရှိတစ်ယောက်ပဲ။ အန်ဟိုဗင် အင်ပါယာသိသွားတဲ့အချိတ်လောက်ဆိုငါက မြေဟောင်းကိုလေ့လာပြီးလို့ မန်ချက်စတာအင်ပါယာကို ပြန်ရောက်သတင်းပို့ပြီးလို့ ဆုလာဘ်တွေရာထူးကြီးတွေရနေလောက်ပြီ....အဲ့အချိန်မှာဆို အဆင့်၄ အန်ဟိုဗင် အင်ပါယာက ငါ့ကိုဘာလုပ်နိုင်တော့မှာလဲ...ဟားဟား....” မှော်ဆရာထိုကဲ့သို့ပြောရင်းဖြင့် သူ၏မျက်နှာတွင်ရက်စက်သည့်အမူအယာတစ်ခု ပေါ်ပေါက်လာသည်။

“ခင်ဗျားရဲ့အကြံစည်ကတော့ ကောင်းပါတယ်...ခင်ဗျားရဲ့ကံကတော့ မကောင်းခဲ့ဘူး။ ခင်ဗျားကျွန်တော်နဲ့လာတွေ့ပြီး သဲအိပ်တစ်အိပ်လိုအရိုက်ခံလိုက်ရတယ်မလား။ မင်းအခုတော့ ထောင်သားတစ်ယောက်ဖြစ်ပြီး အသနားခံနေရပြီလေ.....” ဖှေးစကားနာထိုးလိုက်သည်။

မှော်ဆရာထိုစကားကိုကြားရသော် အထိနာသွား၏။ သူဖှေးကို ဒေါသဖြင့်စိုက်ကြည့်ပြီး စကားနာပြန်ထိုးရန်ပြင်လိုက်သည် ထို့နောက်တွင် တွံ့ဆုတ်သွားပြီး စိတ်လျှော့က ပြောလိုက်၏။ “ငါတတ်နိုင်မှာလဲ.....အနာဂတ်မှာဖြစ်လာမယ့်ကံကြမ္မာကို ကြိုတင်မှတွက်ချက်လို့မရတာ...ဒါပေမယ့် ငါတို့တွေတာအဲ့လိုအ​ကြောင်းကြောင့် မတွေ့ဆုံဖြစ်ခဲ့ဘူးဆိုရင် ငါတို့တွေအနာဂတ်မှာ ပူးပေါင်းဖြစ်မှာမဟုတ်တော့ဘူးလေ....”

ဖှေးထိုစကားမှ မည်ကဲ့သို့မှ မှတ်ချက်မပေးပေ။

ဖှေး စိတ်ထဲတွင် အလွန်ပင် ထိတ်လန့်အံ့သြနေခဲ့သည်။ မှော်ဆရာပြောသွားသည်များမှာ သူ၏ယခင်က သီအိုရီကို မှန်ကန်ကြောင်းသက်သေပြနေသည်။ ချမ်းဘော့ဒ်တွင် သမိုင်းကြီးတစ်ခုရှိနေပြီး မြေအောက်တွင်ရှိနေသည့် ဝင်္ကပါထိုဒဏ္ဍာရီလာနေရာဟောင်း၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်နေနိုင်သည်။

ဖှေး မျက်နှာပေါ်တွင် သူ၏စိတ်ခံစားချက်များကို မဖော်ပြချေ။ ဖှေးဆက်တိုက်မေးလိုက်သည် “ငါကို ဒဏ္ဍာရီလာမြေနေရာအကြောင်းတွေ့အကြောင်း ပြောပြ.....”

“မင်း ဒဏ္ဍာရီလာ မြေနေရာဟောင်းတွေအ​ကြောင်းကို တစ်ခါမှမကြားဖူးဘူးလား....” မှော်ဆရာမှာ အထင်မြင်သေးသည့်ဟန်ဖြင့် ရယ်မောလိုက်သည်။ သို့သော် ဖှေး၏ လူသတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသော အကြည့်ကိုမြင်သော် ချုပ်တီးလိုက်ပြီး ပြေပြေပြစ်ပြစ်ပြန်​ဖြေလိုက်သည်။

“ဒဏ္ဍာရီအရဆို လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက အေဇာရုတိုက်ကို နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေက ကြီးစိုးခဲ့ကြတယ်....အဲ့မျိုးနွယ်နှစ်ခုလုံးက အလွန်စွမ်းအားကြီးကြတယ်။ တောင်တွေကို အမှုန့်ကြိတ်နိုင်ပြ...ကောင်းကင်ကို နှစ်ခြမ်းပိုင်းနိုင်တယ်...ဒါမယ့် အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နဲ့တစ်ဖက် လုံးဝမတည့်ကြဘူး....မျိုးနွယ်တစ်စုစုကသေကိုသေရမယ်ဆိုပြီး သူတို့စဖြစ်တည်လာတည်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့ အသေကြေတိုက်ပွဲတွေ အမြဲလိုလိုဖြစ်ပွား​တော့တာပဲ....တိုက်ပွဲတွေ နှစ်တစ်သောင်းကြာလောက်ဆက်တိုက်ဖြစ်ပွားနေပြီး.....တိုက်ပွဲတည်နေရာတွေ သူတို့တိုက်ပွဲအတွင်းနေခဲ့ကြတဲ့နေရာတွေက အေဇာရုတိုက်တစ်ခုလုံးလိုလိုပဲ ပျံ့နှံ့လာခဲ့တယ်....ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဲ့နေရာတွေအိုဟောင်းလာပြီး မြေအောက်မှာဖုံးကွယ်ကုန်ကြတော့တာပေါ့.....နောက်ပြီးတော့ အဲ့နတ်ဘုရားတွေနဲ့နတ်ဆိုးမျိုးနွယ်တွေလဲ ရုတ်တရက်ပျောက်ကွယ်ကုန်ကြတယ်.....အချိန်ကာလအများကြီးကြာလာတော့ လူသားမျိုးနွယ်တွေစတင်ပေါ်ပေါက်လာကြရော....ဟုတ်တာပေါ့ အဲ့တာတွေက ကဗျာဆရာတွေ၊ ပုံပြင်ဆရာတွေပြောတဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုပါပဲ.....ဒါပေမယ့် လူတွေကတိုက်ပေါ်မှာ အဲ့အဆောက်ဦးဟောင်းနေရာအနည်းငယ်ကို စတင်ရှာဖွေတွေရှိလာကြတယ်...အဲ့မြေနေရာဟောင်းတွေ အဆောက်ဦးဟောင်းတွေကနေ မယုံနိုင်စရာကောင်းတဲ့ ပစ္စည်းတွေတူးဖော်ရမိကြတယ်....အခုအေဇာရုတိုက်မှာ ခေတ်စားနေတဲ့ အတွင်းအားကျင့်စဥ်တွေ၊ မှော်ပညာကျင့်စဥ်တွေကို အဲ့ဒဏ္ဍာရီလာမြေနေရာဟောင်းတွေကနေပဲ တူးဖော်ရှာဖွေတွေ့ရှိခဲ့ကြတာပဲလေ.....လူတွေက အဲ့နေရာတွေကနေ မှော်ပစ္စည်းတွေ၊ ကိရိယာတွေ၊ ချမ်းသာကြွယ်ဝမှုတွေ၊ ကျင့်စဥ်တွေပါတဲ့စာလိပ်တွေ၊ မှော်ကျင့်စဥ်တွေ အများကြီးရရှိခဲ့ကြတယ်....မင်း ဒဏ္ဍာရီလာ မြေဟောင်းတစ်ခုကိုရှာတွေ့တာနဲ့ မင်းအရာအားလုံးကိုပိုင်ဆိုင်သွားပြီ အဲ့တာအေဇာရုတိုက်ရဲ့စည်းမျဥ်းပဲ....အခုအေဇာရုတိုက်မှာရှိတဲ့ အင်အားကြီး အင်ပါယာတော်တော်များများက အဲ့နေရာဟောင်းတွေကို တူးဖော်ရမိပြီးတော့ စွမ်းအားကြီးလာကြတာတွေပဲ.....ငါတို့ရဲ့ မန်ချက်စတာ အင်ပါယာလဲအဲ့လိုပဲ။ ငါတို့ရဲ့ အင်ပါယာအရှင်သခင်ကြီး မတ်တ်-ဘတ်စ်ဘိုင်က ဒဏ္ဍာရီလာ ရှေးဟောင်းမြေတစ်ခုကိုရှာဖွေတွေ့ရှိပြီး အဲ့ကပစ္စည်းတွေကိုတူးဖော်ရရှိပြီးနောက်မှာ မန်ချက်စတာအင်ပါယာကြီးကို တည်ထောင်လိုက်တာပဲလေ...”

မှော်ဆရာရှင်းပြနေရင်း မှော်ဆရာ၏မျက်နှာတွင် မကြုံစဖူး ဂုဏ်ယူသည့်အမူယာတစ်ခုပေါ်လာ၏။ ဘတ်စ်ဘိုင်ဟုခေါ်သောလူမှာ အလွန်စွမ်းအားကြီးပုံရ၏။

All Chapters