“ဘုရင်တစ်ပါး၏ နည်းလမ်းများ”
Vol. 5 Ch. 73
ဖှေး မှော်ဆရာပြောပြသည်များအား နားထောင်ပြီးနောက်တွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးအား သဘောပေါက်သွား၏။
ဒဏ္ဍာရီလာမြေနေရာအဟောင်းများဟု ခေါ်ဆိုကြသောအရာများမှာ ရတနာသိုက်များကဲ့သိုပင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်မှ ကံကောင်းပြီးရှာဖွေတွေ့ရှိခဲ့ပါက နတ်ဘုရားများနှင့် ဘုရားသခင်များလက်ထက်က မှော်ပစ္စည်းများ၊ ကျင့်စဥ်မှော်စာလိပ်များကို ရရှိနိုင်မည်ဖြစ်သည်။ ထိုမှော်ပစ္စည်းများကိုသာ ကောင်းမွန်စွာအသုံးချနိုင်ပါက အကယ်၍ အန်ဟိုဗင်အင်ပါယာမှ ချမ်းဘော့ဒ်တိုင်းပြည်အား စစ်ကြေငြာလိုက်လျှင်ပင် မှုစရာမလိုတော့ပေ။
“ဟုတ်ပြီလေ...မင်းလုံလုံလောက်လောက်ရှင်းပြပြီးသွားပြီ။ အခုအဲ့မြေပုံဘယ်မှာလဲ...ငါ့ကိုပေးတော့....” ဖှေး ပြုံးပြပြီး လက်ဖြန့်ကာတောင်းလိုက်သည်။ “ဆရာအီဗန် ခင်ဗျားပြောတာမှန်ပါတယ်..ကျွန်တော်တို့ပူးပေါင်းဖို့ အခွင်လမ်းတွေအများကြီးရှိတဲ့ပုံပဲ...အမ်.. ဒါပေမယ့်..အဲ့တာတွေမတိုင်ခင် ကျွန်တော့ကိုမြေပုံလေးအရင်ပေးပါလား...ကျွန်တော်စစ်ဆေးကြည့်လို့ရတာပေါ့...ခင်ဗျားပြောနေတာတွေက အလိမ်အညာအတုတွေဆိုဘယ်လိုလုပ်မလဲ....”
“ဟားဟာ...အဟွတ်အဟွတ်... ဟီးဟီး..လူလေးမင်းက ငါ့ကိုစောက်ပိန်းထင်နေတာလား။” မှော်ဆရာမျာသွေးများကို ချောင်းဆိုးလိုက်ပြီး သူ၏မျက်နှာတွင် ရယ်ချင်နေသော အမူအယာတစ်ခုဖြင့်ပြောလိုက်သည်။ “ငါမင်းကို မြေပုံပေးလိုက်တာနဲ့တပြိုင်နက်၊ ငါအလောင်းတစ်လောင်းဖြစ်သွားမှာစိုးတယ်ကွာ.....”
ဖှေး လုံးဝပင် ဒေါသဖြစ်မသွားချေ။ ဖှေးမြေပြင်ပေါ်သို့ ငုတ်တုတ်ထိုင်လိုက်ပြီး မှော်ဆရာ၏ ပုခုံးကိုပုတ်ကာ “ဆရာကြီး အီဗန် ကျွန်တော်ဘယ်လိုပ် အဲ့လိုလုပ်ပါ့မလဲဗျ။ ကျွန်တော်ဘုရင်တစ်ပါးအနေနဲ့တောင် စစ်ပွဲနတ်ဘုရားထံမှာ ကျိမ်ဆိုပြီးသွားပြီလေဗျာ။ နောက်ပြီးတော့ ချမ်းဘော့ဒ်မှာဖုံးကွယ်နေတဲ့ ဒဏ္ဍာရီလာမြေကိုရှာဖွေလေ့လာဖို့ဆိုရင် စွမ်းအားကြီးမှော်ဆရာတွေ၊ စစ်သည်တွေရဲ့ အစွမ်းတွေအများကြီးလိုအပ်မှာပေါ့ဗျ။ ခင်ဗျားကို ကျွန်တော်အလိုအပ်ဆုံးပဲလေ....ဟားဟား ကျွန်တော်တို့နှစ်ယောက်လုံး ရည်ရွယ်ချက်အတူတူရှိပြီး တစ်ယောက်အကူညီတစ်ယောက်လိုနေကြတာပဲကိုဗျာ ကျွန်တော်က ဘာလို့ခင်ဗျားကို သတ်ပြစ်ရမှာလဲဗျ......”
ဖှေး၏ စကားကိုကြားသောအခါ မှော်ဆရာစတင်၍တွေဝေလာသည်။
ခေတ်အဆက်ဆက် အေဇာရုတိုက်ကြီးပေါ်တွင် မှေးမိန်ညိုးနွမ်း၍မရသော အရာနှစ်ခုရှိသည်။ ပထမတစ်ခုမှာ သူရဲကောင်းစစ်သည်တို့၏ လမ်းစဥ်စည်းမျဥ်းနှင့် ဒုတိယတစ်ခုမှာ ဘုရင်မင်းမြတ်တို့၏ ဂုဏ်သရေပင်ဖြစ်သည်။ အထူးသဖြင့် ဖှေးစစ်ပွဲနတ်ဘုရားထံတွင် ဂုဏ်သရေရှိသောဘုရင်တစ်ပါးအနေဖြင့် တိုင်တည်ထားသော ကတိစကားပင်ဖြစ်သည်။ ပုံမှန်အတိုင်းဆိုပါက အီဗန်ဖှေးအား ချက်ချင်းပင်ယုံကြည်သွားမည်ဖြစ်သည်။ သို့သော် အကြောင်းတစ်မျိုးမျိုးကြောင့်သူ့အရှေ့တွင်ရှိသောဘုရင်မှာ ဉာဏ်နီဉာဏ်နက်များသည့်ပုံပေါက်ပြီး မယုံကြည်ရဟု အီဗန်ခံစားရသည်။
အီဗန် တွံ့ဆုတ်တွေဝေနေသည်ကိုတွေ့သည့်အခါ ဖှေး၏အမူယာမှာ အေးစက်သွားသည်။
ဖှေးမျက်နှာမဲ့ကာ မတ်တပ်ရပ်ပြီး အောက်လမ်းဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။ သူ၏ခန္ဓာကိုယ်အား အေးစက်မှောင်မိုက်နေသော စွမ်းအင်များ လွှမ်းခြုံသွား၏။ ဖှေး သူ၏လက်အားမမြှောက်ပြီးနေရာတစ်နေရာသို့ လက်ငြိုးလိုက်၏။ “ချွတ်” ဟူသော မည်သံတစ်ခုနှင့်အတူ မယုံနိုင်စရာကောင်းလောက်သည့်အရာတစ်ခုဖြစ်ပျက်သွားကာ မှော်ဆရာ၏မျက်လုံးများပြူးကျယ်လာခဲ့သည်။
သွေးသံများကြားထဲမှ အရိုးဓားတစ်လက်နှင့် အရိုးဒိုင်းကာတစ်လက်ကား ကိုင်တွယ်ထားသော အရိုးခြောက်မှာ မြေပေါ်လဲကျနေသော ကြေးစားစစ်သည်တစ်ဦး၏ အလောင်းအတွင်းမှ ဖောက်ထွက်လာသောကြောင့်ပင်။ အရိုးခြောက်မှာ ချိုးချိုးချွတ်ချွတ်မည်သံနှင့် အတူ ရွေ့လျားလာတော့သည်။ ဟောက်ပက်ဖြစ်ကာ မှောင်မိုက်နေသော မျက်လုံးတစ်စုံနှင့်ဆိုပါက ထိုအရိုးစုမှာ ငရဲပြည်မှလာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ကင်။
အောက်လမ်းဆရာ၏ [အရိုးခြောက်ဆင့်ခေါ်ခြင်း] အစွမ်းပင်။
“အား...မင်း........” မှော်ဆရာစတင်တုန်ခါလာသည်။ “မင်းက...တကယ်...တကယ်တန်းတော့ အောက်လမ်းစုန်းပညာလိုက်စားနေတဲ့...မှော်ဆရာလား.... “
ဖှေး မျက်မှောင်ကြုံ့လိုက်သည်။
သူမှော်ဆရာ၏ ခန္ဓာကိုယ်အတွင်းမှ လည်းအလားတူစွမ်းအင်တစ်မျိုးကိုခံစားမိလိုက်၏။
ထိုစွမ်းအင်များမှာ အားဖျော့နေပြီး မှော်ဆရာ၏ ခန္ဓာကိုယ်အတွင်းတွင် ကောင်းမွန်စွာဖုံးကွယ်ထားသည်။ သို့သော်လည်း ထိုအောက်လမ်းစွမ်းအင်များမှာ ဒိုင်ယာဘလိုကမ္ဘာမှ အဆင့်၆ အောက်လမ်းဆရာ၏ အာရုံခံနိုင်မှုမှ ပုန်းကွယ်၍ မနေနိုင်ချေ။
“ဟားဟား ဒါကတော့ထင်မထားစရာပဲ ဆရာ အီဗန်ရေ ခင်ဗျားလဲ အောက်လမ်းပညာတွေသင်ထားတက်မြောက်ထားတာပါလားဗျ။ ကျွန်တော်ဘာမှ ဆက်ပြောနေမှာမဟုတ်တော့ဘူး။ ကျွန်တော့ကို အဲ့မြေပုံအသာတကြည်ထုတ်ပေးလိုက်။ ကျွန်တော်တို့တွေ ငြိမ်းငြိမ်းချမ်းချမ်းပူးပေါင်းကြပြီး။ အဲ့ဒဏ္ဍာရီလာမြေတွေကို အတူတူလေ့လာရှာဖွေကြတာပေါ့......ဒါမှမဟုတ်ရင်တော့ ခင်ဗျားလဲသိမှာပါ ကျွန်တော့လိုအောက်လမ်းပညာသည်တစ်ယောက်အနေနဲ့ ခင်ဗျားသေသွားခဲ့ရင်တောင် ခင်ဗျားဝိဉာဥ်ကိုဖမ်းချုပ်ထားပြီး ထာဝရနှိပ်စက်နေလို့ရတယ်နော်......”
သေခြင်း၏ စွမ်းအင်များသည် ဖှေး၏လက်အတွင်းမှ တရဆက်ထွက်လျှက် သူ၏မျက်နှာအား အရက်စက်ဆုံးအနေထားထားပြီး မှော်ဆရာအားအပြတ်ခြိမ်းခြောက်နေ၏။ ဖှေးသူ့ကိုယ်သူ စူပါဟီးရိုးဇာတ်ကားများထဲမှ ဗီလိန်တစ်ယောက်ကဲ့သို့ပင် ခံစားနေရသည်။
မှော်ဆရာ ရက်စက်ကြမ်းကြုတ်သည့်ပုံရသော အရိုးခြောက်အားတစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏မြေပုံအား မပေးချင်ပေးချင်ဖြင့် ဖှေးအား ပေးလိုက်ရတော့သည်။ မှော်ဆရာမှာ အနှိပ်စက်ခံထားရ၍ မှော်စွမ်းအင်အတွင်းအားများ ကုန်လုနီးနီးဖြစ်နေသော်လည်း သူ၏ သိမ်းဆည်းရာမှော်လက်စွပ်အားဖွင့်နိုင်ရန်အတွက်တော့ မှော်စွမ်းအင်လုံလုံလောက်လောက်ကျန်ရှိနေသေး၏။ သူ၏လက်အားမြှောက်လိုက်ရာ ခေါက်ထားသည့်မြေပုံတစ်ခု သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။
“လူလေး ဒါကမြေပုံပဲ....မင်းစကားမင်းတည်ပါစေ။...မင်းတစ်ခုတော့မှတ်ထားပါ မင်းငါ့လိုကြယ်လေးလုံးမှော်ဆရာတစ်ယောက်မပါပဲနဲ့ ဒဏ္ဍာရီလာနေရာကို ခြေတောင်ချနိုင်မှာမဟုတ်ဘူး....ငါ့ကိုသတ်တာမင်းအတွက် ဘာမှအကျိုးရှိမှာမဟုတ်ဘူး.....”
ဖှေး မြေပုံအားယူလိုက်ပြီး လေ့လာရန်အတွက် ဖွင့်ကြည့်လိုက်သည်။
မြေပုံမှာ မသေးငယ်လှချေ။ တစ်ဖက်စီတိုင်းတွင် ၃ကိုက်ခန့်အကျယ်အဝန်းရှိပြီး အမျိုးအမည်မသိသော ပစ္စည်းတစ်မျိုးဖြင့်ပြုလုပ်ထားသည်။ မြေပုံမှာ အလေးချိန်ပင်မရှိသကဲ့သို့ ပေါ့ပါးနေ၏။ မြေပုံ၌ပင်လျှင် လေပေါ်ဝဲပျံနိုင်သည့် စွမ်းအင်တစ်ချို့ပါရှိနေသည်ကိုခံစားနေရသည်။ ဖှေးမြေပုံအားဖွင့်လိုက်သည့်အချိန်တွင် တောင်းတန်းများ၊ မြစ်များ၊ ရေကန်များ၊ သစ်တောများ များစွာ မြေပုံပေါ်တွင် ရေးဆွဲထားသည်ကိုတွေ့လိုက်ရသည်။ နေရာမျိုးစုံအား အရောင်မျိုးစုံဖြင့် ဝိုင်းပြထားသည်များကိုလည်းတွေ့ရသည်။ မြေပုံပေါ်တွင် ထူးဆန်းသည့်စာလုံးများဖြင့် မှတ်တမ်းများရေးထိုးထားသည်ကိုလည်းတွေ့နေရသည်။ ဖှေး ထိုစာလုံးများအား တစ်နေရာရာတွင်တွေ့ဖူးသလိုခံစားရသော်လည်း ဘယ်မှာတွေ့ဖူးခဲ့မှန်းပြန် စဥ်းစား၍မရချေ။
ဖှေးဤမြေပုံအား တစ်ခါမှမမြင်ဖူးသော်လည်း အီဗန်မှာ သူ့ကိုလှည့်စားရန်အတွက် မြေပုံအတုကိုပေးလိုက်သည်မဟုတ်ကြောင်း ဖှေးတန်းသိသည်။
ဖှေး သူ၏လက်အားဝှေ့ရမ်းလိုက်ကာ သူ၏ရှေ့တွင်ရှိသောအရိုးခြောက်စစ်သည်မှာ အရိုးစများအဖြစ်သို့ပြောင်းလဲသွားပြီး မြေပေါ်သို်တစ်စစီကြွေကျကုန်၏။ ထို့နောက်တွင် လူရိုင်းဇာတ်ကောင် အဖြစ်သို့ပြန်လည်ပြောင်းလဲလိုက်ရာ သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံနေသော သေခြင်းစွမ်းအင်များမှာ တစ်ခါမှမရှိခဲ့ဖူးသလိုပင် ပျောက်ကွယ်ကုန်တော့သည်။
ဤပြောင်းလဲမှုကို မြင်သည့်အခါတွင်မှော်ဆရာ၏ မျက်လုံးများမှာလောဘဖြင့်တောက်ပသွား၏။
သူမှာ ပါရမီပါရှိထူးချွန်သည့် မှော်ဆရာတစ်ဦးမဟုတ်ခဲ့ချေ။ လအဆင့် ဆရာတစ်ယောက်ဖြစ်သည့် ဖာဒီနန်၏လက်အောက်တွင် နှစ်ပေါင်း၂၀ ကျော်ကြာလေ့လာသင်ကြားခဲ့သည့်အချိန်တွင်မှ သူသည်ကြယ်လေးလုံးအဆင့်သို့ပင်တက်လှမ်း လာနိုင်ခဲ့သည်။ ထို့ကြောင့်ပင် မန်ချက်စတာအင်ပါယာမှလူများ၏ နှိမ်ချလှောင်ပြောင်ခြင်းတို့ကို ခံခဲ့ရသည်။ ထို့ကြောင့်ပင်သူ၏အစွမ်းများကို အချိန်တိုတိုအတွင်းတိုးမြှင့်ပေးနိုင်သည့် အောက်လမ်းပညာရပ်များကို မလေ့လာပဲမနေနိုင်ခဲ့ချေ။ သို့သော်လည်း ထိုစွမ်းအင်များကို လူအများသိရှိသွားပြီး သူ့အား မဟာဘုရားကျောင်းမှလူများက မီးရှို့သတ်ကြမည်ကို စိုးရိမ်သဖြင့် သူ၏ကိုယ်အတွင်းတွင် အတက်နိုင်ဆုံးလျို့ဝှက်ထားခဲ့သည်။ မည်သူမျှ သတိမထားမိသေးချေ။ သူ မန်ချက်စတာအင်ပါယာမှ ထွက်လာခဲ့ရသည့်အကြောင်းရင်းမှာ အင်ပါယာအတွင်းရှိ အဆင့်မြင့်သူတော်စဥ်ကြီးများ သူ၏စွမ်းအင်များကို အာရုံခံရိပ်မိသွားမည်ကို စိုးရိမ်လှသောကြောင့်ဖြစ်၏။ သို့သော်ဖှေး၏ အောက်လမ်းစွမ်းအင်များကို ခန္ဓာကိုယ်အတွင်းတွင် ဖုံးကွယ်ထားသည့်နည်းလမ်းမှာ သူ့အားမျှော်လင့်ချက်အကြီးကြီးရစေသည်။ သူထိုနည်းကိုသိပါက အောက်လမ်းပညာများကို သူများအာရုံခံမိမည်ကို စိုးရိမ်စရာမလိုပဲ စိတ်ကြိုက်လေ့လာနိုင်၊ အသုံးပြုနိုင်ပြီဖြစ်သည်။
မြေပြင်ပေါ်ရှိ အရိုးစများကိုတွေ့သောအခါ အီဗန်အနည်းငယ်စိတ်အေးသွားသည်။
သူ၏အရှေ့တွင် ရှိသော လူငယ်မှာ သူ့အားသတ်ရန်စိတ်ကူးရှိပုံမရပေ။ သူ့အား ရှေးဟောင်းမြေအား ရှာဖွေလေ့လာရန်လိုအပ်၏။ “ဒါကောင်းတာပဲ...ငါကျန်းမာရေးပြန်ကောင်းလာပြီဆို ခနလောင်ဘုရင်နဲ့ပူးပေါင်းချင်ယောင်ဆောင်ပြီး ချမ်းဘော့ဒ်ကို ထိန်းချုပ်နိုင်အောင်လျို့ဝှက်ကြိုးစားတာပေါ့။ နောက်ပြီး အောက်လမ်းစွမ်းအင်တွေကို ကိုယ်ထဲမှာ သူများအာရုံခံလို့မရအောင် ဘယ်လိုဖုံးကွယ်ထားရမလဲဆိုတဲ့ နည်းလမ်းကိုရောပဲ...အချိန်ကျပြီဆိုရင် ဒီဘုရင်ကိုသတ်ပြီး ဒဏ္ဍာရီလာမြေကနေကသမျှအရာအားလုံးကို ငါအပိုင်သိမ်းလိုက်တာပေါ့...ဟီးဟီး”
“လူလေး ငါမင်းကိုမြေပုံပေးပြီးပြီလေ.....မင်းကတိပေးထားတဲ့အတိုင်းငါ့ကိုအမြန်ကုပေးပါတော့...ငါသိပ်ကြာကြာခံနိုင်မှာမဟုတ်တော့ဘူး.....” ကြယ်လေးလုံးမှော်ဆရာအီဗန်ဖှေးအား သတိပေးလိုက်သည်။
“အော်ဟုတ်သားပဲ အိုကေအိုကေ....ကျွန်တော်က စကားတည်တဲ့လူတစ်ယောက်ပါ....” ဖှေး မြေပုံကိုပြန်ခေါက်ပြီး သူ၏ခါးပတ်အတွင်း သိမ်းဆည်းရာနေရာသို့ ပို့လိုက်သည်။ ထို့နောက်တွင်သွေးပုလင်းအလတ်စား တစ်လုံးကိုထုတ်ယူပြီး မြေပြင်ပေါ်သို့ထိုင်ချကာပြောလိုက်သည်။ “ဆရာကြီး အီဗန် ခင်ဗျားနဲ့ ပူးပေါင်းခွင့်ရတာ ကျွန်တော့အတွက်ဂုဏ်ယူစရာပါပဲ.....ဒဏ္ဍာရီလာမြေကိုရှာတွေ့ပြီဆိုတာတဲ့ ရလာမယ့်အရာအားလုံးက ကျွန်တော်တို့အပိုင်ပဲ ဟားဟားဟား....”
“ဟားဟား လူလေး မင်းဆုံးဖြတ်ချက်မှန်တယ်....” အီဗန်မှာစိတ်သက်သာရသွားသည်။ သူပြုံးလိုက်သည်။ သို့သော် မြွေတစ်ကောင်ကဲ့သို့ ရက်စက်မှုမှာ သူ၏မျက်လုံးများထဲတွင် ဖျတ်ကနဲပေါ်သွာခဲ့၏။
“ဒါပေမယ့်...ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကတော့ မမှန်ခဲ့ဘူး...” ဖှေး မှော်ဆရာ၏ ခေါင်းအားအမြန်ကိုင်စွဲလိုက်ပြီး လည်ပင်းရိုးချိုးကာသတ်ပြစ်လိုက်တော့သည်။
“မင်း.....”
မှော်ဆရာ၏ မျက်လုံးများအတွင်းမှ ရှင်သန်ခြင်းများတဖြည်းဖြည်း ကုန်ဆုံးလာ၏။ သူမသေခင်နောက်ဆုံးအချိန်အထိ အံ့သြထိတ်လန့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အရှေ့တွင်ရှိသောငယ်ရွယ်သောဘုရင်မှာ သူ့အားသတ်ရဲလိမ့်မည်ဟူထင်မထားသောကြောင့်ပင်။ ဒဏ္ဍာရီလာ မြေဟောင်းတစ်ခုအားရှာဖွေလေ့လာရန်အတွက် စွမ်းအားကြီးမှော်ဆရာတစ်ယောက်မှာ မရှိမဖြစ်လိုအပ်သောကြောင့်ပင်။ ချမ်းဘော့ဒ်ကဲ့သို့တိုင်းပြည်ငယ်လေးမှာ မည်သည့်နေရာတွင်မှ ထိုကဲ့သို့ စွမ်းအားကြီးမှော်ဆရာအကူညီအား ရှာဖွေနိုင်လိမ့်မဟုတ်ပေ။
သို့သော် ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာအတွင်းတွင် ကြယ်လေးလုံးမှော်ဆရာအဆင့်သို့ရောက်နိုင်ရန် နည်းလမ်းရှိနေသည်ကို အီဗန်သိခဲ့ပါက ထိုကဲသို့မြေပုံအား အလွယ်တကူထုတ်ပေးခဲ့လိမ့်မည်မဟုတ်ချေ။ ဖှေးသည် ဘုရင်အလတ်ဇန္ဒား၏ အသက်ဝိဉာဥ်ပေါ်တွင်တိုင်တည်ပြီး စစ်ပွဲနတ်ဘုရားထံတွင် ကျိမ်ဆိုခဲ့သည်မှာမှန်သော်လည်း အလတ်ဇန္ဒားအစစ်မှန်၏ ဝိညဥ်မှာ ဘယ်ရောက်လို့ဘယ်ရောက်သွားမှန်းပင် ဖှေးမသိချေ။
“ခင်ဗျားလိုမြွေတစ်ကောင်နဲ့ ကျွန်တော်က ဘယ်လိုလုပ်ပူးပေါင်းရဲမှာလဲဗျာ....” ဖှေး အီဗန်၏ နားနားသို့ကပ်ကာပြောလိုက်သည်။