အခန်း (၇၄)
Vol. 5 Ch. 74
အီဗန်ဟုခေါ်သော မှော်ဆရာမှာ အလွန်စွမ်းအားကြီးသလို နောက်ခံအင်အားလဲအလွန်တောင့်တင်းလှ၏။ ထို့အပြင်သူ၏ ယုတ်မာကောက်ကျစ်တတ်သော စိတ်ထားကိုလည်း ဖှေးသိရှိပြီးဖြစ်၍ ထိုမှော်ဆရာအား ကုသမပေးရဲပေ။ ဖှေးအခိုက်တန့်တစ်ခုစာခန့် ဂရုမစိုက်ပါက ဤကစားပွဲတွင်ဖှေး ရှုံ့နှိမ့်သွားမည်ဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်ရှိ လူများလဲအကုန်အသတ်ခံရနိုင်၏။ ဖှေးထိုကဲ့သို့ အဆိပ်ပြင်းသောမြွေအား ရင်ခွင်မပိုက်ရဲပေ။
ဒဏ္ဍာရီလာမြေနေရာဟောင်းများ၏ လျို့ဝှက်ချက်၊ ချမ်းဘော့ဒ်တိုင်းပြည်၏ သမိုင်းကြောင်း၊ အန်ဟိုဗင် အင်ပါယာ၏မင်းသား မတ်တီဂျ-ကိဇ်မန်း၏ သေဆုံးမှုစသောအချက်တို့အား ဤမြေအောက်ရေ သံမဏိအကျဥ်းထောင်အတွင်း၌ပင် ထာဝရမြုပ်နှံပိတ်လှောင်လိုက်တော့မည်ဖြစ်သည်။ ဖှေးမှလွဲ၍ မည်သူမျှသိ၍မဖြစ်ချေ။ နိုင်ရာစားဝါဒ အသုံးပြုသည့် အေဇာရာတိုက်ပေါ်တွင် ဖှေးတစ်ချက်မျှသတိလွတ် ပေါ့လျော့၍မရချေ။
“ငါတို့တွေတူညီချင်ရင်တော့ တူညီလိမ့်မယ်.....ဒါပေမယ့် ကံတရားကတော့ မင်းဘက်မှာရှိမနေခဲ့ဘူးပေါ့......”
ဖှေး [အတွင်းအား ဆေးပုလင်း]တစ်လုံးအား ထုတ်ယူပြီးသောက်သုံးလိုက်၏။ သူ [ဆေးပုလင်းရှာဖွေခြင်း] အစွမ်းကိုအသုံးပြုခဲ့စဥ်ကကုန်ဆုံးသွားခဲ့သည့် အတွင်းအားမှော်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်ဖြစ်သည်။ ထို့နောက်တွင် သူ၏လက်ဖဝါးအား မှော်ဆရာ၏အလောင်းပေါ်တွင် တင်လိုက်ပြီး [ဆေးပုလင်း ရှာဖွေခြင်း]ကို ထက်မံအသုံးပြုလိုက်သည်။
“ဖောက်...”
ကောင်းကင်ဘုံမှ အသံလေးဖှေး၏ နားထဲတွက်မြည်ဟီးသွားသည်။
“ဒါပဲလေ.....”
ဖှေး ဝမ်းသာသွားသည်။ အစိမ်းရောင် [ဟော့ခ် ဆေးပုလင်း]နောက်တစ်လုံး ပေါ်ပေါက်လာ၏။မွေးကင်းစကလေးငယ်ကဲ့သို့ ပုလင်းအတွင်းတွင်ရှိနေသည့်ဆေးရည်၏ ဝိညဥ်စွမ်းအင်တို့မှာ ဖှေးအားရင်းနှီးစေသည့် ခံစားချက်ကိုပေးလျှက်ရှိ၏။
ဖှေး အဖိုးတန်သည့် [ဟော့ခ် ဆေးပုလင်း]အား သူ၏သိမ်းဆည်းရာ ခါးပတ်အတွင်းသို့ပို့လိုက်ပြီး အနည်းငယ်ကြာစဥ်းစားလိုက်သည်။ ထို့နောက်တွင် မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလိုက်ပြီး မြေပေါ်တွင်ရှိနေသည့် အလောင်းများနှင့် အရိုးစများကို မီးဘောလုံးဖြင့်ပစ်လိုက်၏။ မကြာမှီမှာပင် ထိုအရာများအားလုံးလောင်ကျွမ်းပြာကျသွားပြီး...သက်သေအထောက်အထားတစ်စုံတစ်ရာမှ မကျန်ရှိတော့ချေ။
အလောင်းများမီးလောင်သွားပြီနောက်တွင် ဖှေး၏မျက်လုံးများသည် မြေပြင်ပေါ်တွင်ကျန်ရှိနေသည့် ငွေရောင်မျက်နှာဖုံးရှင် ပိုင်ဆိုင်ခဲ့သည့် မှော်ချပ်ဝတ်၊ မှော်လက်နက်နှင့် မှော်ပစ္စည်းတစ်ချို့အပေါ်တွင်ကျရောက်သွားသည်။ ထို့အပြင်မှော်ဆရာအီဗန်၏ ပစ္စည်းထားသိုရာနေရာဖြစ်သည့် မှော်လက်စွပ်မှာလဲ မီးလောင်ကျွမ်းမသွားပဲ ကျန်ရှိနေခဲ့ပြီး မြေပြင်ပေါ်တွင် တဖြတ်ဖြတ်တောက်ပကာ ဖှေးအားဆွဲဆောင်နေလျှက်ရှိသည်။
မှော်ဆရာ၏ စွမ်းအားနှင့် နောက်ခံသမိုင်းကြောင်းတို့အရ ထိုလက်စွပ်ထဲတွင် သိမ်းဆည်းထားသည့် တန်ဖိုးကြီးပစ္စည်းများ မြောက်များစွာရှိနေလိမ့်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ထို့အပြင်ငွေရောင်မျက်နှာဖုံးရှင်မှာလည်း တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်သောကြောင့် သူ၏ချပ်ဝတ်နှင့် ပစ္စည်းများတန်ဖိုးကြီးမားမည်မှာ မလွဲပေ။ သူထိုပစ္စည်းများကို ချမ်းဘော့ဒ်ရှိသူ၏လူယုံများကို ပေးအပ်အသုံးပြုစေပါက ချမ်းဘော့ဒ်၏ခွန်အားအနည်းငယ်ခန့်တိုးတက်မှာသည်မှာကား မလွဲချေ။ မှောင်ခိုမြေအောက်စျေးကွက်တွင် ပြန်ရောင်းပါကလဲ ငွေကြေးအမြောက်အမြားရနိုင်၏။
“ဒါပေမယ့်....အဲ့တာက အန္တရာယ်များလွန်းတယ်.....”
အီဗန်နှင့် မင်းသားတို့မှာ ထင်ရှားသေယပုဂ္ဂိုလ်များဖြစ်ကြ၏။ ထို့ကြောင့် သူတို့၏ ပစ္စည်းများမှာ အာရုံစိုက်မှုများစွာရရှိစေလိမ့်မည်ဖြစ်သည်။ အကယ်၍တစ်စုံတစ်ယောက်မှ ထိုပစ္စည်များကိုသတိထားမိသွားပြီး ချမ်းဘော့ဒ်မှလာသည်ကို စုံစမ်းမိသွားပါက....ဖြစ်ရပ်များစွာမှာ ချက်ချင်းပင်လူသိရှင်ကြားဖြစ်သွားတော့မည်ဖြစ်သည်။ ဖှေးရော ချမ်းဘော့ဒ်ရော ထိုကဲ့သို့အန္တရာယ်အားကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။ ယခုအချိန်တွက်ဖှေး အန္တရာယ်တော်တော်များများကိုရှောင်ရှားပြီး ချမ်းဘော့ဒ်အား အင်အားကြီးလာအောင်လုပ်ရမည့်အချိန်ဖြစ်သည်။ အဆင့်၄ အန်ဟိုဗင်အင်ပါယာကြီးတစ်ခုလုံးအားရင်ဆိုင်နိုင်သည့်အစွမ်း ဖှေးတွင်မရှိသေးချေ။
ဖှေး ပစ္စည်းများကို အလွန်နှမြောမိ၏။
သို့သော်လည်း သူ၏စိတ်ကို ဆုံးဖြတ်ချက်ချလိုက်ပြီး။ လက်စွပ်၊ ချပ်ဝတ်နှင့် ပစ္စည်းများထံတို့ မီးလုံးပေါင်းများစွာ ပစ်လွှတ်လိုက်သည်။ ဖှေးထိုပစ္စည်းများအား မီးလောင်ဖျတ်ဆီးပြီး အန္တရာယ်ဖြစ်လာနိုင်သည့် အခြေအနေမှန်သမျှကို ရှင်းလင်းပစ်ရန်ဖြစ်သည်။ သို့သော်.....
“ဟမ်..မီးမကြောက်ဘူးလား.....”
မီးတောက်များမှာ လက်စွပ်၊ ချပ်ဝတ်နှင် ပစ္စည်းများအား လွှမ်းခြုံပြီး မိနစ်အနည်းငယ်ခန့်လောင်ကျွမ်းနေသော်လည်း ထိုပစ္စည်းများမှာ အရည်ပျော်လောင်ကျွမ်း ပျက်ဆီးသွားမည့်အရိပ်အခြေလုံးဝမရှိချေ။ ချပ်ဝတ်အား အပြာရောင်မှော်စွမ်းအင်များ ဝန်ရံနေဆဲပင်ဖြစ်ပြီး၊ လက်စွပ်မှာလဲ ငွေရောင်တောက်ပနေဆဲပင်ဖြစ်သည်။
“ဒီကောင်တွေကတကယ်ပဲ အဖိုးတန်ပစ္စည်းတွေထင်တယ်...ငါဘယ်လိုလုပ်ရင်ကောင်းမလဲ....ဒီကောင်တွေကြောင့် အဖြစ်ဆိုးတွေစဖြစ်လာနိုင်တယ်....”
ဖှေး လျှပ်စစ်လုံးများ၊ ရေခဲစွမ်းအင်များဖြင့် ပစ်ကြည်သော်လည်းဘာမှမထူးပေ။ ဖှေးအောက်လမ်းဆရာဇာတ်ကောင်သို့ပြောင်းပြီး သေခြင်းစွမ်းအင်များဖြင့်လဲ ပစ်ကြည့်သေးသည်။ ပစ္စည်းများမှာ လုံးဝပင်ဖျက်ဆီးမရသကဲ့သို့ပင်။ ဖှေး လူရိုင်းဇာတ်ကောင်၏ခွန်အားများကို အသုံးပြုကာ ပစ္စည်းများအား တစ်စစီထုချေပြစ်လိုက်ရန်လဲ တွေးလိုက်မိသေးသည်။ သို့သော် မှော်ပစ္စည်းများအက်ကွဲရာမှ မတော်တဆမှော်စွမ်းအင်များ လွှင့်စင်ပေါက်ကွဲလာနိုင်သည်ကို စိုးရိမ်သောကြောင့် မလုပ်ရဲချေ။ ထို့နောက်တွင် အနည်းငယ်စဥ်းစားပြီးနောက် ပစ္စည်းများကို သူပို၍စွမ်းအားကြီးလာသည့်အချိန်ရောက်မှဖြတ်ဆီးရန်အတွက် သူ၏သိမ်းဆည်းရာ ခါးပတ်အတွင်းသို့သာထည့်ပြီး သိမ်းထားလိုက်ရတော့သည်။
ဤအချိန်တွင်အခန်းထဲတွင် ခြေထိတ်လက်ထိတ်များနှင့် သံကြိုးများသာကျန်ရှိတော့၏။ ဖှေး အချိန်အားတွက်ကြည့်လိုက်ရာ မြေအောက်ရေ သံမဏိအကျဥ်းထောင်အတွင်းတွင်နေနေသည်မှာ ၃နာရီခန့်ရှိပြီဖြစ်ကြောင်းသိလိုက်ရသည်။ အပြင်တွင်မှောင်နေလောက်ပြီဖြစ်သောကြောင့် ပြန်ရတော့မည်ဖြစ်သည်။
သို့သော် မပြန်ခင် ဖှေးလုပ်စရာတစ်ခုကျန်နေသေးသည်။ အိုလတ်ဂ် အား စမ်းသက်ရန်ဖြစ်သည်။
“အိုလတ်ဂ် အထဲကိုဝင်ခဲ့....” ဖှေးအော်လိုက်သည်။
အိုလတ်ဂ် အခန်းအတွင်းသို့ပြေးဝင်လာခဲ့သည်။ သူအခန်းအတွင်းသို့ရောက်ရောက်ခြင်း ထောင်သားများအားလုံး ပျောက်ဆုံးသွားပြီဖြစ်ကြောင်းကို သတိထားလိုက်မိသည်။ အမဲရောင်ပြာများကိုသာ တွေ့လိုက်ရတော့၏။ ကြေးစားစစ်သည်များနှင့် မှော်ဆရာတို့မှာ အသတ်ခံလိုက်ရပြီး ငွေရောင်မျက်နှာဖုံးရှင်၏ အလောင်းနှင့်အတူ လောင်ကျွမ်းခံလိုက်ရပြီဖြစ်ကြောင်းကို သိရှိလိုက်သည်။ ထို့ကြောင့်ပင် ငယ်ရွယ်သောဘုရင်၏ ရက်စက်ကြမ်းကြုတ်သည့်နှလုံးသားအား ပို၍ပင်ကြောက်ရွံ့သွားတော့၏။ ဖှေး၏ အနောက်တွင် တိတ်ဆိတ်စွာရပ်နေပြီး အသက်ပင်ဝဝမရှူရဲပေ.....
“အိုလတ်ဂ် မင်းခုနက ပြေးဝင်လာတုန်းက ဘာတွေမြင်လိုက်ခဲ့ရလဲဆိုတာ ငါ့ကိုပြောစမ်း...” ဖှေးအေးဆေးမေးလိုက်သည်။
သို့သော် အိုလတ်ဂ်မှာ ကြောက်ရွံ့သွားပြီး ချွေးများပြန်လာတော့သည်။ ဖှေးသူ့အား သတ်ချင်နေသည်ဟု ထင်သွားသဖြင့် ဒူးအမြန်ထောက်လိုက်ပြီး “အရှင်မင်းကြီး ကျွန်တော့ကိုခွင့်လွှတ်ပေးပါ....ကျွန်တော်ဘာမှမမြင်လိုက်ရပါဘူး ကျွန်တော်ပြေးဝင်လာတုန်းက အရှင်မင်းကြီးနံရံတွေပေါ်က ကောက်ကြောင်းတွေကိုလေ့လာနေတာကိုပဲ တွေ့လိုက်ရတာပါ...ချမ်းသာပေးပါ.....”
ဖှေး ကြောက်လန့်တကြားတုန်ခါနေသော အိုလတ်ဂ်ကိုကြည့်လိုက်ပြီး ပြုံးလိုက်ကာ “ထပါ။ ငါမင်းကို ဘယ်တုန်းက သတ်မယ်လို့ပြောလိုက်လို့လဲ.....”
“ကျေးဇူးပါ အရှင်မင်းကြီး” အိုလတ်ဂ်ဖှေး၏ အမိန့်အား မလွန်ဆန်ရဲပေ အမြန်ထလိုက်၏။
“စစ်ပွဲနတ်ဘုရားက ကောင်းချီးပေးတာကြောင့် လွန်ခဲ့တဲ့ ၄ရက်ကစပြီး ငါ့ရဲ့ဉာဏ်ရည်တွေပုံမှန်ပြန်ဖြစ်လာခဲ့တယ်။ အဲ့လေးရက်အတွင်းမှာ တော်တော်များများလည်းဖြစ်ပျက်ခဲ့တော့ ငါချမ်းဘော့ဒ်က အခြေအနေတွေကို နားလည်လာခဲ့တယ်။ ဝန်ကြီးချုပ် ဘစ်ဇားက သူ့ရဲ့အာဏာတွေကို အသုံးချပြီး ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးခဲ့တယ်.....စစ်ဘက်ဆိုင်ရာတရားသူကြီးဟောင်း ကွန်းကဆိုတာလဲ သူ့ရဲ့ကြံရာပါပဲ.....ဘစ်ဇားကတော့ အခုထွက်ပြေးသွားပြီ။ ငါလိုက်ဖမ်းခိုင်းထားတယ်....ကျန်တဲ့လူတွေကိုတော့ ကွပ်မျက်ပြီးပြီး.....အိုလတ်ဂ် နောက်ပြီးကြတော့မင်းလဲ ဘစ်ဇားရဲ့မကောင်းတဲ့အကြံတစ်ချို့ကို ကူညီပေးခဲ့တာပဲ....မင်းအကြိမ်တစ်ထောင်သေရင်တောင် ပြည်သူလူထုက စိတ်ဆိုးစိတ်နာပြေမှာမဟုတ်ဘူး....”
အိုလတ်ဂ် ပို၍ပို၍ပင်ကြောက်လန့်တုန်ခါလာတော့သည်။
ဖှေး သူ့အားကြည့်ပြီးဆက်ပြော၏။ “ငါကရက်စက်တဲ့လူသတ်သမားတစ်ယောက်မဟုတ်ပါဘူး။ မင်းအဲ့နေ့က ငါနဲ့အတူရန်တူတွေကိုတိုက်ခိုက်ဖို့ ကျောက်တုံးတားစီကိုလိုက်ပါလာခဲ့တယ်....မင်းဟာ ရန်သူ ၄၅ယောက်ကို သတ်ဖြတ်နှိမ်နင်းခဲ့ပြီး မင်းကဲ့ရဲဘော်ရဲဘက်လေးယောက်ကိုကယ်ရင်းနဲ့ မင်းဒဏ်ရာရခဲ့တယ်....အဲ့တာတွေ အကုန်လုံးကိုငါပြတ်ပြတ်သားသားမြင်ခဲ့တယ်...အဲ့လုပ်ရက်တွေက မင်းကိုယ်မင်းအမှားတွေအတွက် ပြန်ပေးဆပ်တာလို့ ငါလက်ခံတယ်....အဲ့တာကြောင့် ငါမင်းကို အရင်ကကျူးလွန်ခဲ့မိတဲ့အမှားတွေအတွက် အပြစ်ပေးမှာမဟုတ်တော့ဘူး...ထိုက်တန်တဲ့လူတွေကို ဆုချပြီး အပြစ်လုပ်တဲ့သူတွေကို အပြစ်ပေးရမယ်..ဒါကငါ့ရဲ့အုပ်ချုပ်တဲ့စည်းမျဥ်းပဲ....မင်းရဲ့ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ပီးရာ့စ်တို့ ဘရွတ်တို့က အခုချိန်မှာ ရာထူးတွေတိုးကုန်ကြပြီး ဘာလို့မင်းတစ်ယောက်ပဲထောင်မှူူးနေရာမှာ ဆက်ရှိနေလဲဆိုတာကို မင်းမကျေနပ်ဖြစ်မိလား...”
“မဖြစ်မိပါဘူးအရှင်မင်းကြီး...... အရှင်မင်းကြီးက ကျွန်တော့ကို အပြစ်တွေကနေခွင့်လွှတ်ပေးချင်လို့ ဒီမနက်က ဘရွတ်ကိုနေ့လည်ကျလာမည်လို့ပြောခိုင်းလိုက်တာက ကျွန်တော့ကိုပြင်ဆင်ချိန်ပေးမှန်း ကျွန်တော်သိပါတယ်....အဲ့အတွက်လဲကျွန်တော် ကျေးဇူးတင်မိပါတယ်အရှင်မင်းကြီး...အရှင့်အတွက်ဆို အသက်ကိုတောင် ပေးဆပ်သွားမှာပါ....
“အေး မင်းနားလည်ရင်ပြီးတာပဲ....” ဖှေးပြောလိုက်သည်။ “အခုဆိုရင် ချမ်းဘော့ဒ်မှာဘရွတ်က ဉာဏ်ရည်ပဲ...ဒါမယ့်သူ့ရဲ့ ရိုးသားဖြောင့်မတ်လွန်းတာတွေကြောင့် တချို့အလုပ်တွေမှာဆို အဆင်ပြေမှာမဟုတ်ဘူး.....ပီးရာ့စ်နဲ့ ဒရော့ဂ်ဘာ တို့ကလည်း စစ်သည်ကောင်းတွေဆိုပေမယ့် စဥ်းစားဉာဏ်က အဲ့လောက်မရှိဘူး.....ဦးလေးလမ်းပါ့ဒ်ကတော့ နိုင်ငံရေးဆွေးနွေပွဲတွေကို မုန်းတယိ မတက်ရောင်ချင်ဘူး၊ ဦးလေးဘတ်စ်မှာလဲ တာဝန်တွေအများကြီးနဲ့ ပြည့်နေတယ်....ချမ်းဘော့ဒ်မှာ လိုအပ်နေတာက ငါ့အတွက် ညစ်ပတ်တဲ့အလုပ်တွေလုပ်ပေးမယ့်.....မင်းလိုလိမ္မာပါးနပ်ပြီး ဘာမဆိုလုပ်ရဲတဲ့ကောင်ပဲ....ငါမင်းကို အဲ့လိုနေရာတွေမှာ ယုံကြည်အားကိုးဖို့စီစဥ်ထားတယ်....ဒါပေမယ့်....”
ဖှေး ရည်ရွယ်ချက်ရှိရှိနှင့် ဆက်မပြောပဲဆိုင်းငံ့လိုက်သည်။
အိုလတ်ဂ် ဖှေးလိုချင်သည်ကို ချက်ချင်းပင် သဘောပေါက်သွားပြီး “ကျွန်တော်စစ်ပွဲနတ်ဘုရားကိုတိုင်တည်ပါတယ် ကျွန်တော်ကအရှင်မင်းကြီးအတွက် သစ္စာအရှိဆုံးမြေခွေးတစ်ကောင်အဖြစ်ရှိနေပေးပါ့မယ်....အရှင်လက်ညိုးညွှန်တဲ့နေရာတိုင်းကို ရှေ့တန်းတက်ပါမယ်...တကယ်လို့စကားမတည်ခဲ့ဘူးဆိုရင် ငရဲမှာထာဝရ နှိပ်စက်ခံရပါစေ.....”
“ငါက ကျိမ်တွယ်တိုင်တည်တာတွေကို သိပ်ပြီးအယုံကြည်မရှိဘူး.....” ဖှေးဆက်ပြောသည်။ “ငါက လက်တွေအလုပ်ကိုပဲကြည့်တယ်...ငါမင်းကိုလုပ်ခိုင်စရာကိစ္စတွေရှိတယ်...အဲ့မှာမင်းရဲ့အရည်ချင်းကိုကြည့်တာပေါ့...””
“ခိုင်းပါ အရှင်မင်းကြီး ကျွန်တော်အကောင်းဆုံး ဆောင်ရွက်ပေးပါ့မယ်....”