"အိမ်မက်များထံသို့ လျှောက်လှမ်းနိုင်ခွင့်"
Vol. 6 Ch. 75
"အေးကောင်းတယ်....ပထမဦးဆုံးအနေနဲ့ ဒီမြေအောက်ရေ သံမဏိအကျဥ်းထောင်းကြီးက စိုစွတ်မှောင်မဲလွန်းနေတယ်လို့ ငါခံစားရတယ်။ ဒီထဲကို တစ်နေ့လုံးနေရောင်ခြည်လဲ မဝင်နိုင်ဘူး.....ပတ်ဝန်းကျဥ်အခြေအနေကလဲ နေထိုင်ဖို့အတော်ဆိုးဝါးလွန်းတယ်....ဒီထဲမှာနေတဲ့ ကိုယ်ခံအားနည်းတဲ့ထောင်သားဆိုရင် ဖျားနာပြီးသေသွားခဲ့ကြတယ်လို့ ငါစာရွက်စာတမ်းတွေထဲမှာဖတ်လိုက်ရတယ်....ဒီအကျဥ်းထောင်ထဲမှာ ထောင်သားတွေကို ထားဖို့ သင့်လျှော်တဲ့နေရာမဟုတ်ဘူးလို့ငါထင်တယ်...အထူးသဖြင့် ရိုးရှင်းကြတဲ့ ချမ်းဘော့ဒ်မြို့သားတွေကိုပေါ့...အိမ်နီးချင်းစကားများတာနဲ့ အနည်းငယ်ခိုက်ရန်ဖြစ်ပွားတာလောက်ကို ဒီလိုထောင်ကြီးထဲမှာ ထားဖို့မသင့်လျှော်ဘူးလို့ငါထင်တယ်.....ဒါကြောင့် မြေအောက်လိုဏ်ဂူရဲ့ အပြင်ဘက်မှာ ငါအကျဥ်းထောင်တစ်လုံးထပ်ပြီး ပြစ်မှုသေးတဲ့လူတွေကို ထားချင်တယ်....အိုလတ်ဂ် အဲ့ကိစ္စကိုအမြန်ဆုံးဆောင်ရွက်ပေးပါ......"
အိုလတ်ဂ် အံ့သြသွားသည်။
ဘုရင်ပထမဆုံးအနေဖြင့် ခိုင်းစေမည့်ကိစ္စမှာဤကိစ္စဖြစ်လိမ့်မည်ဟုထင်မထားပေ။ မြေအောက်ရေ သံမဏိအကျဥ်းထောင်မှာ ၁၀၀ ရာခိုင်နှုန်း လုံခြုံမှုရှိသောကြောင့်ပင်။ ဤနေရာမှ မည်သူမျှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ အပြီးပြည့်စုံဆုံး အကျဥ်းထောင်ဖြစ်သည်။ သို့သော် အိုလတ်ဂ် ဖှေး၏ ဆုံးဖြတ်ချက်ကို ပြန်၍ မေးခွန်းမထုတ်ရဲပေ။ သူဘုရင်အား သူ၏သစ္စာရှိမှုကိုပြသရန် အလျှင်မြန်ပင် မြှောက်ပင့်ထောက်ခံလိုက်သည်။ "အရှင်မင်းကြီးဟာ မြို့သူမြို့သားတွေအပေါ်မှာ အလွန်အကြင်နာကြီး၊ ကိုယ်ချင်းစာတရားကြီးလှပါတယ်။ ကျွန်တော်ဒီအပြင်ပိုင်း အကျဥ်းထောင်ကို အမြန်ဆုံးတည်ဆောက်ပေးပါမယ်....."
ဖှေး ခေါင်းငြိမ်းလိုက်ပြီး စိုးရိမ်စွာဖြင့် ထက်မံမှာကြားလိုက်သည်။ "အေး ကောင်းတယ်....ဒါပေမယ့် ပြည်သူတွေကိုတော့ အနှောင့်အယှက်မဖြစ်စေနဲ့.....သူတို့တွေကိုပါဝင်လုပ်အားပေးဖို့ အတင်းအကြပ်မစေခိုင်းဖို့တော့ သတိရပါ......နောက်ပြီး ဒဏ်ရာရရဲမက်တွေကို ကုသပေးတဲ့ကုသဆောင်ကလဲ တော်တော်စုတ်ပြတ်နေပြီ။ မင်းလူတစ်ချို့ခေါ်ပြီး အဲ့ကုသဆောင်ကိုပဲ နည်းနည်းပါးပါပြုပြင်လိုက်ပြီး ရိုးရှင်းတဲ့အကျဥ်းထောင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါလား.....တိုင်းပြည်ကလဲ လောလောဆယ် ဘဏ္ဍာရေးအခြေအနေက ကြပ်တည်းနေတော့ သိပ်ပြီးအကုန်အကျမများအောင် အရိုးရှင်းဆုံးပဲပြုပြင်လိုက်......"
အိုလတ်ဂ် ထိုအရာမှာ သူ့အတွက်အခွင့်ရေးဖြစ်ကြောင်း သိလိုက်သည်။ သူချက်ချင်းပင် ပြန်လှည်လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး အကျဥ်းထောင်ပြုပြင်မွမ်းမံတာရဲ့ ကုန်ကျစရိတ်ကို ကျွန်တော်ပဲ အကုန်အကျခံပြီး တည်ဆောက်သွားပါမယ်....တိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်ထဲက တစ်ပြားမှထုတ်သုံးစရာမလိုပါဘူး...."
ဖှေး အိုလတ်ဂ် ထိုကဲ့သို့ပြောလာမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။
ဖှေး ပြုံးကာ အိုလတ်၏ ပုခုံးကိုပုတ်ပြီး သဘောတူလိုက်သည်။ "အေး ကောင်းတယ်ကွာ...ငါမင်းရဲ့သစ္စာရှိမှုကို အတော်ကျေနပ်မိတယ်...ငါ့ရဲ့အုပ်ချုပ်မှုစနစ်က ဆုလာဘ်ပေးတဲ့နေရာနဲ့ အပြစ်ပေးတဲ့နေရာမှာ ပြတ်သားတယ်ဆိုတာ မင်းသတိရပါ.....မင်းရဲ့အပြုအမူတွေက လူထုရဲ့ကောင်းကျိုးကိုဖြစ်ပေါ်စေပြီး လူတွေကလဲ အသိမှတ်ပြုကြမယ်ဆိုရင် မင်းအတွက်ဘာဆုံးရှုံးနစ်နာမှုမှ မရှိစေရဘူး....."
ဖှေးထိုကဲ့သို့ပြောပြီးနောက်တွင် ပြုံးပြီးမြေအောက်ရေ သံမဏိအကျဥ်းထောင်မှ ထွက်ခွာသွားတော့၏။
အိုလတ်ဂ်ဖှေး၏ အားတတ်စေသောစကားမျာကြောင့် စိတ်လှုပ်ရှားပျော်ရွှင်နေသည်။ အကျဥ်းထောင်အား ပြုပြင်မွမ်းမံရမည့်ကိစ္စမှာ သူ့အတွက်အခွင့်ကောင်းတစ်ခုဖြစ်မှန်း အိုလတ်ဂ်သိသည်။ ထို့ကြောင့်ပင် သူ၏ပိုင်ဆိုင်မှုများအကုန်သုံးလျှင် သုံးရပါစေ အကျဥ်းထောင်ပြုပြင်မွမ်းမံသည့်လုပ်ငန်းအား အကောင်းဆုံးဖြစ်ရန်ဆောင်ရွက်မည်ဟု ဆုံးဖြတ်လိုက်၏။ ထို့အပြင် ဘုရင်ဆိုလိုသည့်သဘောအရ ဘုရင့်ကိုသာ စိတ်ကျေနပ်စေရန်မဟုတ်ပေ။ လူထုကိုလည်း စိတ်ကျေနပ်စေရမည်ဖြစ်သည်။ ဤကဲ့သို့ သဘောမှာ အိုလတ်ဂ်အား မိမိကိုယ်မိမိယုံကြည်ချက်ပို၍ ရှိလောစေသည်။
.............
............
မှောင်မိုက်ပြီး စိတ်ဓာတ်ကျဖွယ်ဖြစ်သော ထောင်အတွင်းမှ အပြင်သို့ထွက်လာပြီးချိန်တွင် ဖှေးသူ၏ အစောင့်ရှောက်များကို ပြန်လွှတ်လိုက်ပြီး သူတိုင်းပြည်၏ နေဝင်ဆည်းဆာအချိန်အလှတရားကိုခံစားရင် မြို့လည်ခေါင်သို့ လမ်းလျှောက်သွား၏။
ယနေ့တွင် သူကိစ္စတော်တော်များများကို ပြီးမြောက်ခဲ့သည်။ အကျဥ်းထောင်အား ပြန်လည်စစ်ဆေးခြင်း၊ အဖိုးတန်လှသော ဒဏ္ဍာရီလာ မြေနေရာဟောင်းများပါရှိသည့် မြေပုံအား ရရှိခဲ့ခြင်းတို့ဖြစ်သည်။ ဖှေးစိတ်အားထက်သန်တက်ကြွနေသည်။ လှပလှသော ပတ်ဝန်းကျဥ်ရှုခင်းများနှင့် သာယာလှသော သဘာဝအသံများကြားတွင် ဖှေးကောင်းကင်ပေါ်ဟို့မော့၍ ဟစ်ကြွေးချင်စိတ်ပင်ပေါက်မိ၏။
အရာအားလုံးသည် နေဝင်ဆည်းဆာ၏ အလင်းရောင်အောက်တွင် ရွှေရောင်တောက်ပနေသည်။ ညစာစားချန်နီးပြီဖြစ်၍ ချက်ပြုတ်နေကြသော မီးခိုးများမှာ ကောင်းကင်တွင် တလူလူလွင့်နေ၏။ ကျေးငှက်များသည်လည်း အိပ်တန်းတက်ရန်အတွက် အသိုက်သို့ပြန်ဝင်နေကြပြီဖြစ်သည်။
ဖှေး မြို့ထဲတွင် အေးဆေးလမ်းပတ်လျှောက်နေ၏။ သူ၏မြို့သူမြို့သားများ၏ နေ့စဥ်အခြေအနေများကို အနီးကပ်လေ့လာလို၍ဖြစ်သည်။ မြင်ကွင်းတိုင်းသည် ဤကမ္ဘာသို့ရောက်ခါစဖြစ်နေသည့် ဖှေးအတွက် အသစ်ဆန်းဖြစ်စေသည်။ စိတ်ကူးယဥ် ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိနေသကဲ့သို့ပင် ကြီးမားသော နတ်ဘုရားရုပ်တုကြီးများ၊ ရှေးဆန်သောလူမှုအနေအထိုင်ဓလေ့များသည် ဖှေးတစ်ခါမှမမြင်ဖူးသေးသော အရာများပင်။ ချမ်းဘော့ဒ်အတွင်းတွင် တိတ်ဆိတ်ငြိမ်သက်ပြီး ငြိမ်းချမ်းနေရာ နတ်ပြည်သကဲ့သို့ပင်။
တိုင်းပြည်အတွင်းရှိ ဖှေး၏ ဂုဏ်သရေကြော်ကြားမှုတို့မှာ နှိုင်းယှဥ်၍ပင်မရချေ။ သူ့အား မသိရှိသူဟူ၍ တစ်ယောက်မှမရှိချေ။ လမ်းမှာတွေ့သည့်လူတိုင်း ဖှေးအားခင်မင်ရင်းနှီးစွာနှုတ်ဆက်ကြ၏။ အေဇာရုတိုက်ပေါ်တွင် ရာထူးအဆင့်အတန်းခွဲခြားမှုမြင့်မားသော်လည်း မြေကမ္ဘာပေါ်ရှိ ရှေးအချိန်ကာလများကဲ့သို့ ဘုရင်ကိုလမ်းပေါ်တွေ့ပါက ချက်ချင်းဒူးထောက်ပြီး ခစားရမည်ဟူသော ဓလေ့တော့မရှိပေ။ ဤသည်မှာလည်း ဖှေးအားအလုပ်ရှုပ်သက်သာစေသည်။ မြို့အတွင်းတွင် အေးဆေးလမ်းပတ်လျှောက်ကာ ချမ်းဘော့ဒ်၏ အလှကို လွတ်လွတ်လပ်လပ်ခံစားနိုင်၏။ သူ၏နှလုံးသားမှာ ဤကဲ့သို့ဝေးလှံခေါင်ဖြားသော တိုင်းပြည်ငယ်လေးအပေါ်တွင် သံယောဇဉ်များ တစ်စထက်တစ်စပို၍ တိုးပွားလာသည်ကို ခံစားရ၏။
"ဟေ့ကောင် ဇက်ကာ မပြေးနဲ့......"
ဖှေး၏ ဘေးမှ ကလေးတစ်ယောက်၏ ရယ်သံကိုကြားလိုက်ရသည်။ ကလေးငယ်တစ်ယောက် မှောင်မိုက်နေသော လမ်းအတွင်းမှပြေးထွက်လာပြီး ဖှေးအားရုတ်တရက် ဝင်တိုက်လိုက်မိ၏။ ကလေးငယ်မှာ သူ၏ ကြည်လင်တောက်ပနေသော အပြာရောင်မျက်လုံးများဖြင့် ဖှေးအား မော့ကြည့်လိုက်သည်။ သူ့နောက်တွင် ကလေးများစွာပြေးလိုက်လာ၏။ ကလေးများမှာ ညစ်ပတ်နေကြပြီး သူတို့၏မျက်နှာများတွင် ဖုန်များပေကျံနေကာ အဝတ်စားများမှာ တွန့်ကြေနေ၏။ သူတို့အားလုံးဖှေးအားတွေ့သောအခါ ပြုံးလိုက်ကြ၏။
ပီးရာ့စ်၏ ၁၂နှစ်အရွယ်သမီး လူးဝစ်ကိုလဲ ထိုကလေးများအတွင်းတွင် တွေ့ရသဖြင့် ဖှေးအံ့သြသွားသည်။ ယခင်က လှပပြီးအားနည်းသော အရုပ်မလေးပုံပေါက်နေခဲ့သည့်ကောင်မလေးမှာ ယခုအချိန်တွင် ကလေးပီပီဆော့ကစားထားပုံရဖြင့် သူမ၏မျက်နှာပေါ်တွင် ဖုန်များသဲများပေကျံနေကာ ညစ်ပတ်နေ၏။ ယခင်က သူ့အဖေအသက်ကိုကယ်တင်ပေးပါက ဖှေး၏ ချစ်သူဖြစ်လာပေးမည်ဟု ပြောခဲ့သောကောင်မလေးနှင့် လုံးဝမတူညီတော့ချေ။
"အဲ့တာ ဘုရင်အလတ်ဇန္ဒားပဲ........"
လူးဝစ်မှာလဲ ဖှေးကို မြင်မြင်ခြင်းမှတ်မိလိုက်သည်။ သူမ၏မျက်နှာတွင် ရှာဖွေမတွေ့ရှိနိုင်သော ရှက်ရွံ့ခြင်းအမူအယာတစ်ခုပေါ်ပေါက်သွား၏။ ထို့နောက်တွင် သူမနှင့်ကလေးများ ဖှေးပတ်ပတ်လည်တွင် ဝိုင်းလိုက်ကြသည်။
မကြာမှီအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်ရှိ မြို့သူမြို့သားများ အလွန်စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကိုတွေ့ရှိလိုက်ရ၏။
အရုပ်အသစ်တစ်ခုရသွားသကဲ့သို့ ကလေးငယ်များအားတစ်ယောက်ပြီးတစ်ယောက်ရောက်လာကြပြီး မြေပြင်ပေါ်တွင်စုဝိုင်းထိုင်နေကြသည်။ သူတို့အားလုံး မြေပြင်ပေါ်တွင်တိတ်ဆိတ်စွာထိုင်နေကြပြီးတစ်ခါတစ်ရံတွင် ထပြီးရယ်မောကြမည်ဖြစ်သည်။ ထိုကလေးငယ်များစုဝိုင်းထိုင်နေူည့် အလယ်တွင်ရှိသောပုဂ္ဂိုလ်မှာ ကလေးငယ်များအား ပုံပြင်များဇာတ်လမ်းများပြောပြနေကြသော ချမ်းဘော့ဒ်၏ မဟာခေါင်းဆောင်ကြီး ဘုရင်အလတ်ဇန္ဒားပင်။ ခရီးသွား ကဗျာဆရာကြီးများနှင့် ပုံပြောဆရာကြီးများကဲ့သို့ သူ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုရှိနေ၏။
"ဒီလိုရဲရင့်ပြီး ဂုဏ်သရေရှိတဲ့ဘုရင်ကို ချမ်းဘောဒ်တိုင်းပြည်အားရက်ရောစွာပေးခဲ့သည့်အတွက် ကျေးဇူးပါစစ်ပွဲနတ်ဘုရား...."
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်လူတိုင်း သူတို့၏နှလုံးသားထဲတွင် တစ်စုံတစ်ခုကြီးထွားနေသကဲ့သို့ ခံစားလိုက်ရသည်။ မှောင်ရီပျိုးနေပြီး ညစာစားချိန်ရောက်နေပြီဖြစ်သော်လည်း အိမ်ပြန်မလာသေး၍ သူတို့၏ကလေးငယ်များအား တုတ်တစ်ချောင်းဖြင့်လိုက်ရှာနေကြသော မိန်းမကြီးများပင် ထိုမြင်ကွင်းကိုမြင်ရသော် အံ့သြပြီး ရင်ထဲနွေးထွေးပျော်ရွှင်သွား၏။ သူတို့အားလုံး ဘေးတစ်ဖက်တွင်ရပ်နေပြီး စိတ်ရှည်လက်ရှည်စောင့်နေကြသည်။
.........
ကလေးများ၏ အလည်တွင်ဖြစ်သည်။
"ဟားဟား ဟုတ်ပြီလေ။ ဒီနေ့တော့ ဒီလောက်ပါပဲ။ ဆိုးဝါးတဲ့မှော်ဆရာကြီး ဘမ်ဘယ်လ်ဘီးနဲ့ သူ့ရဲ့အပျင်းကြီးတဲ့တပည့် ဆမ်ရဲ့ စွန့်စားခန်းဇာတ်လမ်းတွေအများကြီးကျန်သေးတယ်....ငါမင်းတို့ကို မနက်မှဆက်ပြောပြတာပေါ့.....(Transformerဇာတ်လမ်းမှ) အခုမှောင်တောင်မှောင်နေပြီ အိမ်အပြန်ပြန်ပြီး ညစာစားကြတော့လေ...."
"သား အိမ်မပြန်ချင်သေးဘူး..အိမ်မှာဆို ပျင်းစရကြီးလေ...."ကလေးများ စောဒကတက်ကြသည်။
ကလေးများ ဆက်လက်၍နားထောင်လိုကြသည်။ သူတို့အားလုံးဖှေးအား မသွားချင်သေးသည့်အကြည့်များဖြင့် ဝိုင်းကြည့်နေကြ၏။ ဖှေး စစ်ပွဲအနိုင်ရသကဲ့သို့ပင် ပျော်ရွှင်၍မိမိကိုယ်ကို ဂုဏ်ယူမိသွား၏။ သူရယ်မောကာ "မင်းတို့တွေကငယ်ပါသေးတယ်...မင်းတို့တွေအသက်ကြီးအရွယ်ရောက်လာရင် ဘမ်ဘယ်လ်ဘီးလို ဂုဏ်သရေရှိမှော်ဆရာကြီး၊ စစ်သည်ကြီးတွေဖြစ်နိုင်ကြတာပဲလေ....ပြီးတော့ကိုယ်ပိုင်စွန့်စားခန်းတွေကြုံရမှာပေါ့ မဟုတ်ဘူးလား......"
"ဒါပေမယ့် ကျွန်တော်တို့တွေက မှော်ဆရာတွေ၊ စစ်သည်တွေဖြစ်မလာနိုင်ပါဘူး ကျွန်တော့အဖေက သတ္တုတွေအကြောင်းပဲနားလည်တဲ့ ပန်းပဲဆရာလေ ကျွန်တော်လဲ ပန်းပဲဆရာတစ်ယောက်ပဲ ဖြစ်လာရမှာထင်တယ်......" ကောင်လေးတစ်ယောက်မှာ စိတ်မကောင်းသည့််ပုံဖြင့် ပြောလိုက်၏။
"ဟုတ်တယ် ဘယ်မှော်ဆရာကမှ ကျွန်တော်တို့လို သာမန်မိသားစုက ကလေးတွေကို မှော်ပညာသင်ကြားပေးချင်ကြမှာမဟုတ်ဘူးလေ....ကျွန်တော်တို့မှာ ကျင့်စဥ်စာလိပ်တွေလဲရှိတာမဟုတ်ဘူး......" နွမ်းကျေနေသည့်အဝတ်အစားများနှင့် ကောင်လေးနောက်တစ်ယောက်ကပြောလိုက်သည်။ "ကျွန်တော့မိသားစုက တော်တော်ဆင်းရဲတယ်လေ....ထမင်းတောင်နပ်မှန်အောင်မစားနိုင်ဘူး...ကျွန်တော့ကို ဗီစကောင့်လူးဝစ်ရဲ့ စံအိမ်မှာ အစေခံလုပ်ခိုင်းဖို့ပို့မယ်လို့ ကျွန်တော့အဖေကပြောတယ်....."
"ဟုတ်တယ်...ချမ်းဘော့ဒ်မှာ ဆွေကြီးမျိုးကြီးတွေနဲ့ လူကုံထံတွေပဲ သူတို့သားသမီးတွေကို ပညာသင်ပေးဖို့ စစ်သည်နဲ့မှော်ဆရာနည်းပြတွေငှားနိုင်ကြတယ်...." ဆံပင်အနီရောင်နှင့် ကောင်မလေးလူးဝစ်မှာ မျက်စပစ်ပြပြီးဆက်ပြောသည်။ "တစ်ယောက်ယောက်ကတော့ သမီးတို့ကိုသင်ပေးနိုင်ရင်ကောင်းမှာပေါ့ ဒါမယ့်သမီးရဲ့အဖေကလဲ အတွင်းအားကျင့်စဥ်နဲ့ပတ်သက်တာတွေ ဘာမှမသိဘူးလေ......ဟွန်း"
ကလေးများမှာ ရုတ်တရက် စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြ၏။ သူတို့မျက်နှာရှိ အပြုံးများပျောက်ကွယ်ကုန်ကြပြီး ဝမ်းနည်းခြင်းအရိပ်ယောင်များလွှမ်းလာကြသည်။ သူတို့အားလုံး သူရဲကောင်းများဖြစ်ချင်ကြသည်။ သို့သော် လူတန်းစားခွဲခြားမှုများ၊ ငွေကြေးအခြေအနေများကြောင့် လက်တွေ့ဘဝကြီးမှာ သူတို့၏ မျှော်လင့်ချက်အိမ်မက်များကို ရိုက်ချိုးသွားခဲ့၏။
ထိုကဲ့သို့ ကလေးများ၏ ဝမ်းနည်းသည့် မျက်နှာအမူအယာများကို မြင်ရသောဖှေး၏ နှလုံးသားမှာနာကြင်လာခဲ့သည်။