မင်းက ဗေဒင်ပညာကို စော်ကားနေတာပဲ
Vol. 2 Ch. 16
လူငယ် မဂ္ဂဇင်း ဌာနတွင်။
"ကြည့်လိုက်ဦး သူဌေးလေးရဲ့ ဆိုင်မှာ သတင်းဌာနက လူတွေရောက်နေတယ်"
ဟော်ဟန် ဟာ ကြယ်နီမူလတန်းကျောင်းရှေ့က လင်းဖန်ရဲ့ ဆိုင်လေးကို လှမ်းကြည့်ပြီး အော်ပြောလိုက်ပါတယ်။
"သိပ်အံ့သြစရာ တော့မရှိပါဘူး အဲ့ဆိုင်က ပန်ကိတ်က အရမ်းအရသာ ရှိလွန်းတာကို"
"ဟော်ဟန် နင့်ရဲ့ ကိုလူချော ကတော့ သတင်းသမားတွေပါလာတော့ တော်တော်ပျော်နေမှာပဲ"
ကျောက်ချင်းယီ လည်း ဒီပန်ကိတ် ဆိုင်လေးကို စိတ်ဝင်စားပါတယ်။ပိုပြီးအရေးကြီးတာက ဒီပန်ကိတ်ကြောင့် သူမ အပေါ်မကျေမနပ်ဖြစ်နေတဲ့ သူမ အစ်မ ရဲ့ စိတ်တွေကို လျော့ချပေးနိုင်ခဲ့ပါတယ်။ဒီမနက်တုန်းက သူမရဲ့ အစ်မကို လင်းဖန်ဆိုင်က ပန်ကိတ်ကို သွားပြီး ကျွေးလိုက်ပါတယ်။ပန်ကိတ်ကို စားပြီးတဲ့ နောက်မှာတော့ ချင်းဖန်ရဲ့ အမူအယာ ဟာ တစ်ခြားလူတွေလိုပဲ ဖြစ်နေခဲ့ပါတယ်။
သူမ ပန်ကိတ်ကို ပိုပြီးစားလေလေ ပိုပြီး ပျော်ရွင်လေပါပဲ။အခုဆို ချင်းဖန် ရဲ့ ပန်ကိတ်စားနေတဲ့ ရုပ်ဆိုးဆိုးပုံကို ဓာတ်ပုံမရိုက်မိတာတောင် သူမ နောင်တရမိပါတယ်။
"ငါ့ရဲ့ ကိုလူချောလေး ဆိုတာ ဘာကိုပြောချင်တာလဲ ၊ သူက လူတိုင်းရဲ့ ကိုလူချောလေးပဲလေ,
အိုကေ? ဟုတ်တယိ ငါကတော့ ကိုလူချောလေး တော်တော် ပျော်နေမယ်လို့ ထင်တယ်"
ဟော်ဟန် ပြုံးပြီးပြောလိုက်ပါတယ်။
ဒါပေမဲ့ သူတို့မသိတာကတော့ သူတို့ရဲ့ ခန့်မှန်းချက်တွေ မှားနေတယ် ဆိုတာပါပဲ။
လင်းဖန်ရဲ့ အခုအခြေအနေဟာ စိတ်ဆင်းရဲပြီး ၊ ကူညီရာ မဲ့နေခဲ့ပါပြီ။အကယ်၍ သူ့မှာ သာ စီးကရက် တစ်လိပ်လောက်ရှိရင် သူဟာ စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်ပြီး ဝမ်းနည်းမူတွေကို ဖော်ပြနေမိမှာပ့ါ။
စွယ်စုံကျမ်းရဲ့ ဒုတိယ စာမျက်နှာက တကယ်ဟာသ ကြီးပါ။
"စွယ်စုံကျမ်းရဲ့ ဒုတိယ စာမျက်နှာကို ဖွင့်ပြီးပါပြီ၊ ဒုတိယစာမျက်နှာ တွင်တော့ သင်နှင့် နီးစပ်တဲ့ လူတစ်ယောက်ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်နေပါလိမ့်မယ်"
"မစ္စတာ ထျန် ဟာ သင်နဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ဖြစ်တဲ့ အတွက် သူရဲ့ အလုပ်အကိုင် ဗေဒင်ပညာကို ဒုတိယ စာမျက်နှာတွင်ဖော်ပြပေးလိုက်ပါတယ်"
စမ်းသပ်ချက် - အောင်မြင်ပြီး လူသိများတဲ့ ဗေဒင်ဆရာ လင်း ဖြစ်လာရန်။
ဆုလာဒ် - စွယ်စုံအမှတ် ၃၀ ရရှိမည်ဖြစ်ပြီး တတိယ စာမျက်နှာကို ပါ ဖွင့်လှစ် နိုင်မည်ဖြစ်သည်။
မှတိချက် - စာမျက်နှာ တစ်ခုပွင့်တိုင်းတွင် ရရှိလာသည့် အသိပညာများပို သေချာလေ့လာပါ။
လူလိမ် ထျန်ဟာ ကာစတန်မာ တွေ များများရဖို့ ကြိုးစားပြီး အော်ဟစ်နေသည့် အချိန်မှာ သူ့ကို မျက်လုံးတစ်စုံက ထူးဆန်းစွာ စိုက်ကြည့်နေတယ် လို့ ခံစားလိုက်ရပါတယ်။သူ့ရဲ့ ဆံပင်တွေအနည်းငယ် ထောင်သွားသလို ခံစားလိုက်ရပြီး ဖင်တောင် အနည်းငယ် ကျုံ့သွားခဲ့ပါတယ်။
"မင်းငါ့ကို ဘာလို့ အဲလို ကြည့်နေတာလဲ"
လူလိမ် ထျန်ဟာ လင်းဖန် ကို ပြန်ကြည့်ပြီး
မသက်ာ စွာ မေးလိုက်ပါတယ်။လင်းဖန် စိတ်ထဲ မှာ ဘယ်လို ရည်ရွယ်ပြီး သူ့ကို ကြည့်နေလည်းဆိုတာ မပြောတတ်တော့ပါဘူး။
လင်းဖန်စိတ်ထဲမှာတေ့ အကယ်၍ လက်ထဲမှာ ဓားတစ်ချောင်းသာ ရှိခဲ့ရင် လူလိမ်ထျန်ကို အစိပ်စိပ် အမွှာမွှာ ဖြစ်အောင် လုပ်ပစ်ချင်နေခဲ့ပါပြီ။
"ငါဘယ်တုန်းက ဒီလိူ လူနဲ့ ရင်းနှီးသွားရတာလဲ
......ချီးပဲ"
လင်းဖန် တွေးလိုက်ပါတယ်။
အနာဂတ်ကို ကြိုတင်ဟောပြောခြင်း။
လူလိမ် ထျန်ရဲ့ ဆိုင်းဘုတ် နဲ့ သူ့ဆိုင်လေးမှာထိုင်းပြီး အော်ဟစ် နေတာကို မြင်နေရတာ လင်းဖန် ကိုသတ်နေသလိုပါပဲ။
လင်းဖန်အရင်တုန်းက အသစ်ပွင့်မယ့်စာမျက်နှာဟာ ပန်ကိတ် ရောင်းတာထက်ကောင်းမယ်လို့ထင်နေခဲ့တာပါ။
ဒါပေမဲ့ လက်ရှိ အခြေအနေကတော့ လင်းဖန်အတွက် ပြောစရာတောင် မရှိတော့ပါဘူး။တကယ်လို့ သူသာ ဗေဒင်ပညာကို စတင်ပြီးမလုပ်ကိုင်ရင် စွယ်စုံကျမ်းက ဒီမှာတင် ရပ်တန့်နေတော့မှာပါ။လင်းဖန်ရဲ့ လက်ရှိအခြေအနေက အိပ်မက်တစ်ခုလိုပါပဲ စွယ်စုံကျမ်းကို လက်လွတ်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။
"ဟင်းးး"
လင်းဖန် သက်ပြင်းပဲ ချနိုင်ပါတော့တယ်။ကြည့်ရတာ အနာဂတ်မှာ သူလူတွေကို ဗေဒင် ဟောမှ ဖြစ်တော့မယ့် ပုံပါပဲ။
သို့ပေမဲ့ သူ့ရှေ့က ကာစတန်မာ ကိုကြည့်လိုက်တဲ့ အချိန်မှာပဲ သူ့ခေါင်းထဲမှာ အချက်အလက်တွေ ပေါ်လာခဲ့ပါတယ်။
"ယန်ယောင်ကွမ် ၊ အသက် ၄၀ နှစ် ၊ ဂေါင်မင် ဒုတိယ ကျောင်မှ ဘာသာစကား ဆရာ ၊ မုဆိုးဗိုလ်၊ လက်ရှိ သားတစ်ယောက် သမီးတစ်ယောက် ၊ ဆိုးယုတ်သည့် စိတ်ထားများ မရှိ ၊ သက်တမ်းတစ်လျောက်တွင် ပျော်ရွင်စွာ နေထိုင်နိုင်မည်........."
လင်းဖန်းရဲ့ မျက်လုံးထဲမှာတော့ ဝက်ခြံနဲ့ တင်းတိတ် အနည်းငယ် ရှိတဲ့ မစ္စတာ ယန်ရဲ့ မျက်နှာမှာ သင်ကေတ တွေပေါ်နေသလိုပါပဲ။သင်ကေတတွေမှာ သူ့အဓိပါယ် နဲ့ သူရှိကြပါတယ်။
လင်းဖန်ဟာ ရုတ်တရက် တခြားလူရဲ့ အကြောင်းအရာ တွေကို မြင်နိုင်လာခဲ့ပါပြီ။
ဒါက စောင်ကျိုးနဲ အံ့သြစရာ ကြီးပါ ၊လင်းဖန် မျက်တောင် အနည်းငယ် ခတ်လိုက်ပေမယ့်လဲ အရာရာဟာ ဒီအတိုင်းပါပဲ။
အစတုန်းက ဗေဒင်ပညာဟာ အလိမ်အညာတွေနဲ့ စတင်ရလိမ်မယ်လို့ လင်းဖန်ထင်နေခဲ့တာပါ၊ အခုတော့ အဲလိုမဟုတ်တော့ပါဘူး။
"သူဌေးလေး မင်း အဆင်ပြေရဲ့လား"
ယန်ယောင်ကွမ် ဟာကြောင်အနေတဲ့ လင်းဖန်ကို မေးလိုက်ပါတယ်။သူဟာ လင်းဖန် စိတ်နဲ့ လူနဲ့ မကပ်တာကို တွေ့နေရပါတယ်။
လူလိမ်ထျန်ကလည်း လင်းဖန်ကို လှမ်းကြည့်နေခဲ့ပါတယ်။
"ဒီကောင် တစ်ခုခုဖြစ်နေတာလား"
"မဟုတ်ပါဘူး ၊ ဘာမှ မဟုတ်ပါဘူး"
လင်းဖန်ဟာ လက်ကာပြပြီး ပန်ကိတ်ကိူ အလျင်အမြန်ဆက်လုပ်လိုက်ပါတယ်။သို့ပေမယ့် သူဟာ မစ္စတာ ယန်ကို မကြာခန လှမ်းကြည့်ပြီး အကဲခတ်နေခဲ့ပါတယ်။
အသစ်အသစ် သော အချက်အလက်တွေဟာလင်းဖန်ရဲ့ ခေါင်းထဲမှာ ပေါ်လာနေပါတယ်။
"တကယ်ကောင်းတဲ့ ဗေဒင်ပညာပဲ ၊ နတ်ဘုရာ တစ်ယောက်က ကြည့်နေသလိုပဲ"
လင်းဖန်ရဲ့ စိတ်ထဲမှာ ပိုမို ရှင်းလင်းလာပြီး ၊ ဆက်ပြီး ကြည့်ရူနေခဲ့ပါတယ်။
"ကျောင်းပေါက်ဝ နားက ကံစမ်း လက်မှတ် တစ်ခုကို ဝယ်ပြီး ၊ အထူးဆုကြီး ကို ကံထူးနိုင်သည်..."
"ကြည့်ရတာ စွယ်စုံကျမ်းက လူတစ်ယောက်ရဲ့ ဘဝကိုပါ ပြောင်းလဲနိုင်ပါတယ်၊ ဒီမတိုင်ခင်က ယန်ယောင်ကွမ်း ဟာဒီလို ကံစမ်း လက်မှတ်တွေ မဝယ်ဖူးပါဘူး"
လင်းဖန်သူ့ကို ကြည့်နေတာမြင်တော့ ယန်ယောင်ကွမ် ဟာ ကြက်သီးတွေပါ ထလာခဲ့ပါတယ်။လင်ဖန်းက သူ့ကို ပစ်မှတ်ထားနေသလိုပါပဲ။
"သူဌေးလေး မင်း ဒီလိုတော့ ယောက်ျားချင်း စိတ်မဝင်စားသင့်ဘူးလေ ဟုတ်တယ်မလား"
မစ္စတာ ယန်ဟာ စိတ်ထဲက တွေးလိုက်ပါတယ်။သူဟာ လင်းဖန်ရဲ့ မျက်လုံးထဲက အကြည့်တွေကြောင့် လှည့်ပြန်ဖို့ လုပ်လိုက်တဲ့ အခါမှာ အသံကြားလိုက်ရပါတယ်။
"မစ္စတာ ယန် ၊ ခင်ဗျာ ကံစမ်း လက်မှတ် တွေဘာတွေဝယ်ဖူးလား"
လင်းဖန် မေးလိုက်ပါတယ်။
"ကံစမ်းမဲ လား ၊ တစ်ခါမှ မဝယ်ဖူးဘူး အဲတာက အလိမ်အညာတွေ ချည်းပဲ"
မစ္စတာ ယန်ဟာ ပြုံးပြီးတော့ပြန်ဖြေလိူက်ပါတယ်။ဒါပေမဲ့ ခနချင်းပဲ တစ်ခုခု မူမမှန်တာ သတိထားမိလိုက်ပါတယ်။
"ကျွန်တော်ရဲ့ မျိုးရိုးနာမည်က ယန် မှန်း ခင်ဗျားဘယ်လိုသိတာလဲ"
"ဒါက ကျွန်တော်ရဲ့ ကျွမ်းကျင်တဲ့ အနာဂတ် ဟော ပညာရပ်ကြောင့်လို့ပြောရင် ခင်ဗျား ယုံကြည်နိုင်လား"
လင်းဖန်ဟာ မေးလိုက်ပါတယ်။
လူလိမ်ထျန်ဟာ လည်း တစ်ခြားလူတွေကို ဗေဒင် ကြည့်ပေးနေရင်း လင်းဖန်ကိူ သံသယ ရှိစွာ လှမ်းကြည့်နေခဲ့ပါတယ်။
"ဒီကောင်က ငါ့လိုပဲ တစ်ခြားလူတွေကို ဗေဒင်ဟောချင် နေတာလား"
သူတွေးလိုကိပါတယ်။
"ဒါမှ မဟုတ် သူငါ့ကို အားကျပြီး လျောက်လုပ်နေတာလား"
"ဟားးးးဟားးးး"
ယန်ယောင်ကွမ်း ဟာ လင်းဖန် နောက်နေတယ် ထင်ပြီး ရယ်မောလိုက်ပါတယ်။လင်းဖန်ပြောနေတာကို သူစိတ်ထဲ သိပ်မထားပါဘူး။
လင်းဖန် ဘာတွေဖြစ်နေလဲ ချက်ချင်းနားလည်လိုက်ပါတယ်။ မစ္စတာ ယန်ဟာ သူ့ဘဝ မှာ ဗေဒင်ပညာတွေကို မယုံကြည်ခဲ့ပါဘူး၊အကယ်၍ သူသာ မစ္စတာ ယန်ရဲ့ အနာဂတ်ကို ဟောပြီး အောင်မြင်အောင်လုပ်ပေးနိုင်ခဲ့ရင် တော်တော် အကျိုးရှိမှာပါ။သူ့ကို လူသိများဖို့ဆိုရင် ကြော်ငြာ ပေးဖို့ လူလည်းလိုပါတယ်။အကယ်၍ သူသာ မအောင်မြင်ဘူးဆိုရင် အကုန်သွားပါပြီ။
လင်းဖန်ဟာ ပန်ကိတ်ကို ပေးလိုက်ပြီး မစ္စတာ ယန်ရဲ့ လက်မောင်းကို ဖမ်းဆွဲလိုက်ပါတယ်။
"မစ္စတာ ယန် ကျွနိတော် ခင်ဗျား ရဲ့ မျက်နှာမှာ အမှန်တကယ်မြင်နေရတယ်။ခင်ဗျား ဒီနေ ပိုက်ဆံအများကြီး ရနိုင်မယ့်အထူးဆုကြီးကို ပေါက်ဖို့ရှိတယ်၊ ကျောင်းပေါက်ဝမှာ ရှိတဲ့ ကံစမ်းမဲ လက်မှတ်ကို ဝယ်ရမယ်ဆိုတာ မှတ်ထားပါ"
လင်းဖန်ဟာ လေးနက်စွက်ပြောလိုက်ပါတယ်။ဒါသာ အမှန်ဆိုရင် စွယ်စုံကျမ်းဟာဘယ်လောက် ဆန်းကျယ်လဲ ဆိုတာကို သိနိုင်ပါတယ်။
အကယ်၍ သူပြောလိုက်တာသာ အမှန်မဟုတ်ဘူးဆိုရင် မသိသလိုပဲ ဟန်ဆောင် နေလိုက်တော့မှာပါ။
သတင်းတင်ဆက်သူ ဝမ်ဟာ ဒါကို မြင်တဲ့ အခါမှာ အံ့သြနေခဲ့ပါတယ်။သူ့စိတ်ထဲမှာတော့ ကြိတ်ရယ်နေခဲ့ပါတယ်။
"ဒီ မအိမ်လုံးက ရုပ်တည်ကြီးနဲ့ နောက်နေတာပဲ၊ သူ့ဆိုင်နားမှာ လူလိမ်ဗေဒင်ဆရာ တစ်ယောက်ရှိတာ မလုံလောက်သေးလို့ထင်တယ် ဟားဟား"
သို့ပေမယ့် သတင်းတင်ဆက်သူ ဝမ်ဟာ ဘာမှဝင်မပြောခဲ့ပါဘူး။သူက လင်းဖန်လုပ်နေတဲ့ ရှိုးကိူပဲ ဘေးကနေ စောင့်ကြည့်နေခဲ့ပါတယ်။
လူလိမ်ထျန်ကလည်း လင်းဖန် စောက်ကျိုးနဲ့ တွေ ပြောနေတာကို ကြားလိုက်ပါတယ်။ဒီကောင်ပြောတာဟာ သူ လူတွေကို ပြောနေတာထက်တောင် ပိုဆိုးနေပါပြီ။
"ဒီကောင်စောက်ရူးပဲ ၊ တစ်စုံတစ်ယောက်ကို ထီပေါက်မယ် ဆိုပြီး လက်မှတ် အတင်းဝယ်ခိုင်းနေတယ် မပေါက်ဘူးဆိုရင် ဘာဆက်ဖြစ်မလဲ ဆိုတာ သူနားမလည်ဘူးလား"
"အိုး..."
ယန်ယောင်ကွမ်ဟာ လည်း လင်းဖန်ရဲ့ လေးနက်တဲ့ အမူအရာကြောင် အနည်းငယ် ကြောင်အသွားခဲ့ပါတယ်။
ဒါက
*ဘန်းးး*
ရုတ်တရက် ပြင်းထန်တဲ့ လျပ်စီးကြောင်းကြီး ဟာပေါ်လာပြီး လင်းဖန်ရဲ့ ဆိုင်နားကို လင်းလက်သွားခဲ့ပါတယ်။
"ဝှတ် သယ် ဖတ်.... ချီးပဲ"
ရုတ်တရပ် လင်းလက်သွားတဲ့ လျပ်စီးကြောင်းကြီးဟာ လင်းဖန်ကို နှလုံးခုန်မြန်ပြီး ၊ ကြောက်ရွံ့သွားစေပါတယ်။
သူ့ဆိုင်ဘေးနားက လူတွေလည်း သေမှာကို ကြောက်နေကြပါပြီ။
"လျှပ်စီးလက်တာ ၊ အဲတာ လျှပ်စီးလက်တာ"
လင်းဖန်ဟာ တံတွေးကို အတင်းမြိုချ လိုက်ပါတယ် ၊ သူထပ်ပြီး မတည်ငြိမ်နိုင်တော့ပါဘူး။
အသိပေးချက် - သင်ဟာ အနာဂတ် ဟောပြောခြင်း ပညာရပ်ရဲ့ မှော်ဆန်မူကို စော်ကားနေပါတယ်။လူတစ်ယောက်ရဲ့ ကံကြမ္မာကိူ တိုက်ရိုက်ကြီး ပြောဆိုမူကို ရောင်ကျဥ်ရပါမယ်။ဒါဟာ ပထမ ဆုံးနဲ့ နောက်ဆုံး အကြိမ် အသိပေးခြင်းဖြစ်ပါတယ်။အကယ်၍ နောက်တစ်ကြိမ် ထပ်ဖြစ်ခဲ့လျင် လျပ်စီးမှ ဖြစ်ပေါ်လာတဲ့ မိုးကြိုးကို သင့်အပေါ်အား ပစ်ချရပါလိမ့်မည်။
အစက လင်းဖန်ဟာ ဒါကို ပုံမှန် လျှပ်စီးလက်တာလို့ ထင်နေခဲ့တာပါ။အခုတော့ စွယ်စုံကျမ်းရဲ့ သတိပေးချက် ဖြစ်တာ သူသိလိုက်ရပါပြီ။
ဆိုင်ဘေးနားက လူတွေဟာ လည်း ကြောက်ရွံ့မူကြောင့် မျက်နှာတွေ ဖြုဖတ်နေကြပါပြီ။ဒီနေရာကို သာ မိုးကြိုးပစ်ချလိုက်ရင် သူတို့တွေ ချက်ချင်း သေဆုံးသွားနိုင်ပါတယ်။
မစ္စတာ ယန်ဟာ လည်း အဝေးကို ပြေးဖို့ပြင်လိုက်ပါတယ်။
"မစ္စတာ ယန် မမေ့နဲ့နော် ငါထပ်ပြောလို့မရဘူး၊ မဟုတ်ရင် ငါမိုးကြိုး ပစ်ခံရလိမ့်မယ်"
"ဖြတ် ဖြတ် ဖြတ် ရွစ်"
နောက်ထပ် လျှပ်စီးကြောင်းကြီးဟာ ဖြစ်ပေါ်လာခဲ့ပါတယ်။
လင်းဖန်ဟာ လက်ကို အမြနိဝှေ့ယမ်းပြီး ပြောလိုက်ပါသည်။
"ငါ ဘာမှ ထပ်မပြောဘူးနော် ၊ ငါဘာမှ ထပ်မပြောဘူး ...ငါအပေါ်ကို မပစ်ချနဲ့နော်"
သတင်းတင်ဆက်သူ ဝမ်ဟာ လင်းဖန်အကြောင်းကိူ သတင်းရေးဖို့လာခဲ့တာပါ။အခုဒီနေရာ ဟာ အန္တရာယ် များတာ မြင်တဲ့ အခါမှာ သူအလျင်အမြန်ပဲ ပြန်ထွက်ပြေးဖို့ လုပ်ပါတော့တယ်။
သူဒီနေရာကို သတင်းအသေးလေး အတွက်လာခဲ့တာပါ၊ ဒီအတွက် အသက်ပါ စွန့်စားရမယ်ဆိုရရင်တော့ မဟုတ်သေးပါဘူး။
ပန်ကိတ် ဝယ်ဖို့လုပ်နေတဲ့ လူတွေလဲ ကြောင်အနေကြပါပြီ။အရသာရှိတဲ့ ပန်ကိတ်နဲ့ ယှဥ်ရင် သူတို့ရဲ့ အသက်က ပိုပြီး အဖိုးတန်ပါတယ်။
"မင်းကောင်းကင်ဘုံကို ဘယ်လိုတွေတောင် စော်ကားခဲ့လို့လဲ၊ ငါ့ကို ဒေါ်လာ ၂၀၀ ပေး ၊ မင်းကို ငါ ဗေဒင် အမြန်ဟောပေးမယ်"
လူလိမ်ထျန်ဟာ လည်း သူနဲ့ သိပ်မဝေးတဲ့ လင်းဖန်ပို လှမ်းအော်လိုက်ပါတယ်။ကောင်းကင်ဘုံကို ဒီလောက်ထိ ဒေါသေထွက်စေဖို့ ဆိုရင် ဒီကောင် ဝက်တစ်ကောင်ကို မဒိန်းကျင့် ခဲ့တာတောင် ဖြစ်နိုင်ပါတယ်။
"ချီးပဲ"
လင်းဖန် မပျော်ရွင် စွာပဲ အော်ဟစ်လိုက်ပါတယ်။သူက မစ္စတာ ယန် ကို သတိပဲ ထပ်ပေးလိုက်တာပါ ဒါကို နောက်ထပ်လျှပ်စီးကြောင်း ပေါ်ထွက်လာခဲ့ပါတယ်။
"ငါ အဲတာကို ထပ်မပြောတော့ဘူး ၊ ဟုတ်ပြီလား ...မပြောတော့ဘူး.."