"အချိန်ကျရောက်လာပြီ"
Vol. 6 Ch. 76
ရုတ်တရက်ပင် ဖှေး၏ခေါင်းထဲတွင် အကြံတစ်ခုဖျတ်ကနဲပေါ်လာ၏။
..............
သူနန်းတော်သို့ပြန်ရောက်ချိန်တွင် အစေခံများသည် ညစာအတွက်ပြင်ဆင်ပြီးဖြစ်၏။ အန်ဂျယ်လာနှင့် အန်မာတို့ကို ဘယ်မှာမှမတွေ့ရသဖြင့် ဖှေးအနည်းငယ်ထူးဆန်းနေသကဲ့သို့ ခံစားရသည်။ တော်ဝင် စားဖိုမှုးများ၏လက်ရာသည် အရမ်းကြီးမကောင်းမွန်လှပေ လွန်ခဲ့သည့်နေ့များတွက် အသားကင်တစ်ချို့နှင့် ပေါင်မုန့်တစ်ချို့မှလွဲ၍ သစ်သီးများကိုသာ ဖှေးစားသုံးခဲ့ရသည်။ ဖှေးသိပ်မကြိုက်သော်လည်း အစာအိမ်ထဲတွင်အစာရှိရန်လည်း လိုအပ်သေးသဖြင့်စားရသည်။ တစ်ကိုက်နှစ်ကိုက်ခန့်စားပြီးနောက်တွင် ဖှေးစားသောက်ဆောင်မှ ထွက်လာခဲ့၏။ ဖှေးသူ၏ အရေးကြီးသောအနာဂတ်အစီစဥ်များကို အကောင်ထည်ဖော်နိုင်ရေးတွေးနိုင်ရန်အတွက် တိတ်ဆိတ်သည့်နေရာတစ်ခုလိုအပ်ပေသည်။
ထိုအချိန်တွင် အန်ဂျယ်လာသည် အန်မာနှင့်အတူပြန်ရောက်လာခဲ့သည်။
"နင်တို့နှစ်ယောက်ဘယ်သွားနေကြတာလဲ.....နင်တို့ကိုတစ်နေ့လုံးမတွေ့ရသေးဘူး....."ဖှေးပြုံးလိုက်သည်။
"ဟီးဟီး...အရှင်မင်းကြီး အန်ဂျယ်လာကို သတိရနေလို့လား....."
အန်မာသည် အန်ဂျယ်လာကိုဖှေး၏ လက်မောင်းများအတွင်းသို့ တွန်းပို့ပြီး ဖှေးအားမျက်စပစ်ပြလိုက်သည်။ သူမ တခစ်ခစ်ရယ်မောပြီး "အဲ့တာတော်တော်တော့ တိုက်ဆိုင်တယ် ကျွန်မတို့နှစ်ယောက် တော်ဝင်ထီးနန်းမြှောက်ပေးမယ့် သံတမန်အဖွဲ့က မင်းသမီးတာနာရှာနဲ့လမ်းမှာ အမှတ်မထင်တွေ့ခဲ့ကြပြီး အကြာကြီးစကားပြောနေခဲ့ကြတာလေ....အရှင်မင်းကြီး မင်းသမီးတာနာရှာကတော်တော်ဖော်ဖော်ရွေရွေရှိတာပဲ....သူမက ကျွန်မတို့နှစ်ယောက်ကို အထက်စီးကနေစကားမပြောဘူး။ သူမနဲ့ အန်ဂျယ်လာတို့ စကားတော်တော်များများ ပြောဖြစ်ခဲ့ကြတယ်....အများဆုံးကတော့ အရှင်မင်းကြီးအကြောင်းတွေပေါ့......"
အန်မာ၏ စကားကိုကြားသော ဖှေးတစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။
အကြီးဆုံးမင်းသမီးနှင့် လမ်းပေါ်တွင် အမှတ်မထင်တွေ့ခဲ့သည်ဆိုသည်မှာ တိုက်ဆိုင်မှုသက်သက်မဖြစ်နိုင်ချေ။ ထို့အပြင် ခင်မင်ရင်းနီးစွာ စကားစမြည်ပြောခြင်းမှာ တစ်နေ့လုံးနီးပါးပင်မကြာနိုင်ချေ။ ဇီးနစ်အင်ပါယာ၏ မင်းသမီးမှာ အလွန်ဉာဏ်နီဉာဏ်နက်များသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ မင်းသမီးတာနာရှာနှင့် ယှဥ်ပါက အန်ဂျယ်လာရော၊ အန်မာရောရိုးသားကြသည့် မိန်းကလေးများဖြစ်ကြသည်။ မင်းသမီးမှာ ချမ်းဘော့ဒ်တိုင်းပြည်မှအချက်လုက်များကို သိရှိလိုသဖြင့် အန်ဂျယ်လာနှင့် အန်မာအား တမင်ချည်းကပ်ခဲ့ကြောင်း ဖှေးရိပ်မိသည်။
ဖြစ်ခဲ့သည်များကို ဖှေးသဘောပေါက်ရိက်မိသော်လည်း ပြုံးကာ "ဟုတ်လား....အန်ဂျယ်လာလိုကောင်မလေးနဲ့ ဘယ်သူကမရင်းနီးချင်ပဲရှိမှာလဲ....ဇီးနစ်အင်ပါယာရဲ့အကြီးဆုံးမင်းသမီးတာနာရှာတောင် အန်ဂျယ်လာရဲ့ချစ်စရာကောင်းမှုတွေကို မလွန်ဆန်နိုင်ခဲ့ဘူးထင်တယ်....ဟားဟား အော်ဟုတ်သားပဲအန်ဂျယ်လာ အရှင့်သမီးနဲ့တစ်နေ့လည်လုံး ဘာအကြောင်းတွေပြောဖြစ်ခဲ့ကြတာလဲ....."
"ကျွန်မတို့အကြောင်းအရာတော်တော်များများပြောခဲ့ကြတယ်....." အန်ဂျယ်လာမှာ ဖှေး၏ အလွန်အကျွံမြှောက်ပင့်မှုတို့ကြောင့် ရှက်သွေးဖြာသွား၏။ သူမ၏ဆံပင်များကို ပြင်နေချင်ယောင်ဆောင်ပြီး အောက်သို့ငုံ့ကာဆက်ပြော၏။ "အရှင့်သမီးက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ သမိုင်းကြောင်းကိုတော်တော်စိတ်ဝင်စားပုံရတယ်....အရင်ဘုရင်အသက်ရှိစဥ်က တိုင်းပြည်ရဲ့အခြေအနေတွေအကြောင်းတို့...ချမ်းဘော့ဒ်မှာရှိတဲ့အရေးပါတဲ့ပုဂ္ဂုလ်တွေအကြောင်းတို့.....မကြာခင်တုန်းကမှ ပြီးသွားတဲ့ ခုခံမှုစစ်ပွဲအကြောင်းတ်ို့ပါ.....အလတ်ဇန္ဒား အရှင်သမီးကနင်ရန်သူ့စစ်သည်တွေကို နင်တစ်ယောက်ထဲရင်ဆိုင်သွားတဲ့အချက်ကို အမှန်တကယ်လေးစားနေတယ်...နင်က ငါတို့အားလုံးလေးစားထိုက်တဲ့ ရဲရင့်ပြီး ဉာဏ်ရည်မြင့်မားတဲ့ဘုရင်ပဲလို့လဲ သူမကပြောလိုက်သေးတယ်...."
ဖှေး ထိုအချက်အား စိတ်ပျက်လက်ပျက်ကြိတ်ပြီး ရယ်မောရန်သာတက်နိုင်တော့သည်။
ဤရိုးသားလှသည့်ကောင်မလေးနှစ်ယောက်မှာ မင်းသမီးကြီး၏ ထောင်ခြောက်အတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ မင်းသမီးတာနာရှာသည် သူမသိသင့်သည်ကိစ္စများရော၊ မသိသင့်သည့်ကိစ္စများပါ သိရှိသွားပြီဖြစ်နိုင်၏။ လွန်ခဲ့သည့်နေ့အနည်းငယ်အတွင်းက အလတ်ဇန္ဒားအပေါ်တွင်ဖြစ်ပျက်သွားသည့် ထူးဆန်းသည့်ပြောင်းလဲမှုများက်ိုပါ သိရှိသွားလောက်ပြီဖြစ်သည်။
"နောက်ပြီးတော့....ဟမ်.." အန်ဂျယ်လာ ပြောနေရင်းဖြင့် နောက်ဆုံးတွင်တစ်စုံတစ်ခုအား သတိထားလိုက်မိသွားပြီဖြစ်သည်။ "အလတ်ဇန္ဒား ငါမပြောသင့်တာတစ်ခုခုပြောလိုက်မိခဲ့ပြီလား...." အန်ဂျယ်လာလာ သိမ်ငယ်စွာဖြင့် ပြန်မေးလိုက်၏။
ဖှေးပြုံးကာ ခေါင်းခါရမ်းလိုက်၏။ "မဟုတ်ပါဘူး...အန်ဂျယ်လာ နင်ပြောခဲ့တဲ့ဟာတွေက အရေးကြီးကိစ္စတွေမဟုတ်ပါဘူး...အဲ့ကိစ္စတွေထားလိုက်တော့ ငါနင့်ကိုပြစရာတစ်ခုလိုတယ်....ငါနင့်ရဲ့အကြံဉာဏ်တွေလိုအပ်လို့......" ဖှေး အန်ဂျယ်လာ၏ နူးညံ့သောလက်ကို ကိုင်ဆွဲပြီး နန်းတော်ပင်မဆောင်အတွင်းသို့ လမ်းလျှောက်သွား၏။ အန်ဂျယ်လာရှက်သွားပြီး သူမ၏လက်အား ပြန်ဆွဲယူချင်ဟန်ဆောင်၏။ သို့သော် အကြိမ်အနည်းငယ်ကြိုးစားပြီးမအောင်မြင်သော် သူမလက်အား ဖှေးကိုကိုင်ခွင့်ပေးလိုက်ရတော့သည်။ သူတို့အနောက်တွင်ရှိနေသော အန်မာမှာထိုအဖြစ်ပျက်ကိုမြင်သော် သဘောကျရယ်မောမိ၏။
အန်မာ သူတို့နောက်အားလိုက်မသွားခဲ့ပေ။
ဖှေး တကယ်တန်းဖြစ်ခဲ့သည်များကို အန်ဂျယ်လာအား မသိစေလိုပေ။ အကယ်၍ အန်ဂျယ်လာမှာ မင်းသမီးတာနာရှာနှင့်စကားမပြောဖြစ်ခဲ့လျှက်တောင် မင်းသမီးမှာ တခြားနည်းလမ်းဖြင့်ထိုအချက်အလက်များအား သိရှိပြီဖြစ်နေလောက်၏။ ထို့ကြောင့်ပင် တာနာရှာထံမှ အရာအားလုံးအား ဖုံးကွယ်ထားနိုင်ရန် ဖှေးယခင်ကတည်းက မမျှော်လင့်မထားချေ။
သူတို့နှစ်ယောက်သား မကြာခင်မှာပင် ပင်မနန်းတော်ဆောင်အတွင်းသို့ ရောက်လာခဲ့ကြသည်။
ဖှေး စက္ကူတစ်ရွက်ကဲ့သို့ပင် ပါးလွှာသည့်သားရေတစ်ခုကို ထုတ်ယူပြီး မင်တံတစ်ခုယူကထိုသားရေပေါ်တွင်ရေးဆွဲတော့သည်။ ဖှေးသည် ပုံဆွဲဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ပုံဆွဲလမ်းကျွမ်းကျင်၏။ မကြာမှီမှာပင် ထင်ရှားသောရုပ်ပုံများ သားရေပေါ်တွင်ပေါ်လာတော့သည်။
အန်ဂျယ်လာ ဖှေး၏ဘေးတွင် တိတ်ဆိတ်စွာရပ်နေပြီး စိတ်ဝင်တစားလိုက်ကြည့်နေသည်။ နောက်ဆုံးတွင် ဉာဏ်ကောင်းသောကောင်မလေးမှာ ဖှေးရေးဆွဲနေသော ပုံများကို နားလည်သွားတော့သည်။ ထူးထူးဆန်းဆန်းဒီဇိုင်းများဖြင့် အဝတ်စားပုံများပင်။
"ဟီးဟီး ပြီးသွားပြီ ဘယ်လိုထင်လဲအန်ဂျယ်လာ ငါတို့သည် ဒီဇိုင်းတွေနဲ့အဝတ်စားတွေချုပ်မယ်ဆိုရင် နင်ဝတ်ဆင်ချင်ရဲ့လား....." ဖှေး သားရေချပ်ကိုညွန်ပြပြီး ဂုဏ်ယူစွာဖြင့်မေးမြန်းလိုက်သည်။
ဖှေးရေးဆွဲထားသည့် ဒီဇိုင်းများမှာ အသေအချာစဥ်းစားရွေးချယ်ပြီးမှ ရေးဆွဲခဲ့သည့် အင်္ကျီဒီဇိုင်းများဖြစ်ကြသည်။ အေဇာရုတိုက်၏ သမိုင်းနှင့် ယဥ်ကျေးမှုတို့ကြောင့် ဖှေးခေတ်ရှေ့ပြေးလွန်းသည့် ဂျင်းဝတ်များ၊ စကတ်တိုများ၊ စတော့ကင်များကို ထည့်သွင်းမထားချေ။ ဝတ်စုံဒီဇိုင်းပေါင်း ဆယ်မျိုးခန့်ရေးဆွဲထား၏။ ဖှေး အမျိုးသမီးဝတ်စုံများကို ရှေးခေတ်ဥရောပစတိုင်ဖြင့် အတုယူရေးဆွဲထားသည်။ အထူးသဖြင့် "Pirates Of The Carinbbean"ရုပ်ရှင် ဇာတ်ကားမှ အမျိုးသမီးဝတ်စုံဒီဇိုင်းများကို အတုယူထားသည်။(ဂျက်စပဲရိုးကား) အမျ်ိုးသား ဝတ်စုံဒီဇိုင်းငါးမျိုးမှာ မျက်မှောက်ခေတ်၂၁ရာစု ဝတ်စုံဒီဇိုင်းများဖြင့် ပို၍နီးစပ်မှုရှိသည်။ အဓိကပြောင်းလဲမှုမှာ ဝတ်စုံများထဲတွင် ဘောင်းဘီရှည်များထည့်လိုက်ခြင်းပင်။ ထို့အပြင် ချမ်းဘော့ဒ်ရှိယောက်ျားများ၏ အတွင်းခံဝတ်လေ့မရှိသော အလေ့အထမှ ဖှေးအတွက်နေမထိထိုင်မသာဖြစ်စေသည်။ ထို့ကြောင့် ဖှေး ဒီဇိုင်းအတွင်းတွင် အတွင်းခံဘောင်းဘီကိုပါထည့်သွင်းလိုက်သည်။
အန်ဂျယ်လာ သားရေချပ်ကိုကိုင်ထားပြီး ဝတ်စုံဒီဇိုင်းများကို စိတ်ဝင်တစားကြည့်ရှုနေ၏။ သူမနီးကပ်စွာကြည့်ရှုနေပြီး သူမ၏ လှပသောနှုတ်ခမ်းဖြင့် အံ့သြစွာပြောဆိုလိုက်သည်။ "အလတ်ဇန္ဒား ဒီဝတ်ဆုံတွေက တော်တော်လှတာပဲ...ငါတော်တော် သဘောကျတယ်....ဒါပေမယ့် ဒါတွေကဘာလုပ်ဖို့လဲ..." အန်ဂျယ်လာ ဝတ်စုံ၏ အစိတ်အပိုင်းတစ်ခုအား ထောက်ပြပြီး စိတ်ဝင်တစားမေးလိုက်သည်။
ဖှေး အစိတ်အပိုင်းတစ်ခုခြင်းစီအား လိုက်လံကြည့်ရှုပြီး စိတ်ရှည်လက်ရှည်ရှင်းပြနေ၏။ ကံကောင်းစွာပင် အမျိုးသမီးများသည် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်ပါက ပို၍နားလည်လွယ်ကြသောကြောင့် မကြာမှီမှာပင် အမျိုးသမီးဝတ်စုံဒီဇိုင်း ၅ခုအား အန်ဂျယ်လာ နားလည်သဘောပေါက် နှစ်ခြိုက်သွားတော့သည်။
"ငါဒါတွေကို ဝတ်ကြည့်ဖို့မစောင့်နိုင်တော့ဘူး......."လှပသောကောင်မလေး ပြောလိုက်သည်။
ဖှေး ရယ်မောလိုက်၏။
ဘယ်နေရာပဲရောက်နေရောက်နေ လူသားများ၏ အလှပအပေါ်ရှာဖွေခံစားတတ်ကြမှုသည် တူညီပုံရ၏။ ထိုဝတ်စုံဒီဇိုင်းများသည် ခေတ်တစ်ခေတ်နှင့် လူနေမှုစနစ်တစ်ခုကို ကိုယ်စားပြုသော ဒီဇိုင်းများဖြစ်ပြီး မိဖုရားလောင်းဖြစ်သူမှာ အလျှင်မြန်ပင် ကြိုက်နှစ်သက်သွားသောကြောင့် ဖှေးမိမိကိုယ်မိမိ ယုံကြည်ချက်ရှိအားတက်မိသွားသည်။
"အန်ဂျယ်လာ ငါလာမယ့်နေ့တွေမှာ အလုပ်များနေတော့မှာမို့လို့ အဲ့လိုဒီဇိုင်းနဲ့ဝတ်စုံတွေ ချုပ်ဖို့ကိစ္စကို နင်နဲ့ အန်မာ တာဝန်ယူပေးလို့ရမလား...." ဖှေးတောင်းဆိုလိုက်သည်။
"ပြသနာမရှိပါဘူး။ အန်တီ ဆိုဖီယာ၊ လော်ရာ၊ ဒန်နီ၊ နဲ့ အန်ကယ် လောရမ့်တို့နဲငါက တော်တော်ရင်းနှီးတယ်လေ...သူတို့က ချမ်းဘော့ဒ်မှာရှိတဲ့ အတော်ဆုံးအပ်ချုပ်ဆရာတွေပဲ....ငါတို့ဒီဝတ်ဆုံတွေကို အမြန်ဆုံး ချုပ်လုပ်နိုင်လိမ့်မယ်...." အန်ဂျယ်လာမှာနောက်ဆုံးတွင် သူမအလတ်ဇန္ဒါးအား အကူညီပေးနိုင်ပြီဖြစ်၍ ပျော်ရွှင်နေသည်။ သူမှ တွံ့ဆုတ်ခြင်းမရှိပဲချက်ချင်းပင် သဘောတူညီလိုက်၏။
"ဟားဟား အဲ့တာကောင်းတာပေါ့......." ဖှေးလဲ ဝမ်းသာသွားသည်။ ထို့နောက်တွင် ရုတ်တရက်ထက်ပြောလိုက်သည်။ "အန်ဂျယ်လာ ငါနင့်အတွက် အထူးသီးသန့်ဒီဇိုင်းတစ်ခုလုပ်ထားတာလဲရှိသေးတယ်.....
ဖှေးထိုကဲ့သို့ပြောပြီးသော် မင်တံကိုယူပြီး သားရေချပ်ပေါ်တွက် ထက်မံရေးဆွဲတော့သည်။
အန်ဂျယ်လာမှာ အလွန်စိတ်လှုပ်ရှားနေသည်။ ဖှေး၏သူမအတွက် သီးသန့်အထူးဒီဇိုင်းကို မြင်ရရန်မစောင့်နိုင်တော့ပေ။ သို့သော် ဖှေးရေးဆွဲပြီးသွားသော်လည်း သားရေချပ်ပေါ်တွင်ရေးဆွဲထားသည့်ပုံအား အန်ဂျယ်လာနားမလည်ပဲရှိနေ၏။ စက်ဝိုင်းပုံအဝတ်စနှစ်ခုအား ပါးလွှာသောကြိုးမျှင်သုံးခုဖြင့်တွယ်ဆက်ထားခြင်းဖြစ်သည်။ ထိုအရာအားသိသလိုသလ်ိုခံစားရသောလဲ အန်ဂျယ်လာ ဘာအတွက်အသုံးရမည်က်ို နားလည်နိုင်ချေ...."ဒါကရော အဝတ်စားပဲလား....ငါဒါကိုဘယ်လိုဝတ်ရမှာလဲ...ဘယ်နေရာမှာဝတ်ရမှာလဲ...."
အန်ဂျယ်လာ၏ ပဟေဠိဖြစ်နေသောမျက်နှာကိုတွေ့သောအခါ ဖှေး သူမ၏နားနားသို့ကပ်ပြီးပြောလိုက်သည်။
"အဲ့တာက........"
အန်ဂျယ်လာ၏ မျက်နှာတစ်ခုလုံးနီရဲကာရှက်ရွံ့ တော့သည်။ ဖှေးအား စိတ်ဆိုးသွားသည်ပုံဖြင့်စိုက်ကြည့်ပြီး သူမ၏မျက်နှာကို လက်ဖြင့်ဖုံးကြီးနန်းတော်ဆောင်အတွင်းမှ ပြေးထွက်သွားတော့သည်။
............
............
ရက်အတန်ကြာသောအခါ ချမ်းဘော့ဒ်တွင် ထူးခြားသည့်ဖြစ်ရပ်များစွာ ဖြစ်ပေါ်လာခဲ့၏။
ပထမဖြစ်ရပ်မှာ လောဘကြီးပြီး ရက်စက်တတ်သော ထောင်မှုးအိုလတ်ဂ်မှာ သူ၏စရိုက်များကိုပြုပြင်လိုက်ခြင်းပင်။ သူ၏ ကိုယ်ပိုင်ဝင်ငွေပိုက်ဆံများကိုအသုံးပြုပြီး ပျက်စီးယိုယွင်းနေခဲ့သော ကုသဆောင်အဟောင်းအားပြုပြင်နေသည်ကို တွေ့ကြရ၏။ သူ၏ပြောစကားအရ ဘုရင့်အမိန့်အတိုင်း ပြစ်မှုအငယ်များကိုချုပ်နှောင်ထားရှိရန် ကုသဆောင်ဟောင်းအား အကျဥ်းထောင်တစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနေကြောင်းသိရသည်။
ဤသည်မှာ ကောင်းသောအချက်ဖြစ်သည်။
ချမ်းဘော့ဒ်၏ မြို့သူမြို့သားများ ငရဲကဲ့သို့ မြေဖအာက်ရေ သံမဏိအကျဥ်းထောင်ကြီးနှင့် ဝေးကွားသွားပြီဖြစ်သည်။ ယခင်ကဆိုပါက အိမ်နီးနားချင်း စကားများမှုကြောင့် မြေအောက်အကျဥ်းထောင်ထဲတွင် လပေါင်းအနည်းငယ်ခန့် အချုပ်ခံထားရသူများပင်လျှင် အကျဥ်းထောင်၏ အေးစက်စိုစွတ်မှုဒဏ်ကို မခံစားနိုင်ကသောကြောင့် ဖျားနာသေဆုံးသွားခဲ့ကြရသည်။ အကျဥ်းထောင်အသစ်မှာ ထိုကဲ့သို့ပြသနာများအား သေချာပေါက်ချုပ်ငြိမ်းစေမည်ဖြစ်သည်။ မြို့သူမြို့သားများစွာ ဆောက်လုပ်ရာတွင်ဝင်ရောက်လုပ်အားပေးကြ၏။ အိုလတ်ဂ်ပင် တစ်ချိန်ထဲမှာပင် အံ့သြပြီးဝမ်းသာသွားခဲ့သည်။ လူအင်များများဖြင့် ဝိုင်းဝန်းတည်ဆောက်ပါက ပို၍လျင်လျင်မြန်မြန် ပြီးမြောက်သွားမည်ဖြစ်သည်။
ဒုတိယဖြစ်ရပ် မှာ ညတိုင်းညတိုင်းတွင် နန်းတော်မြောက်ဘက်ရှိရင်ပြင်တွင် ငယ်ရွယ်ရဲရင့်သောဘုရင်အလတ်ဇန္ဓားသည် တိုင်းပြည်အတွင်းရှိကလေးငယ်များကို ပုံပြင်ဇာတ်လမ်းများပြောပြရန်ရောက်ရှိလာမည်ဖြစ်သည်။ သူပြောသည့်ဇာတ်လမ်းများမှာ စိတ်ဝင်စားစရာကောင်းလှသဖြင့် လူကြီးတစ်ချို့ပါဝင်ရောက်နားထောင်ကြ၏။
ရပ်အနည်းငယ်အကြာတွင် ချမ်းဘော့ဒ်တိုင်းပြည်မှလူများသည် ဘုရင်အလတ်ဇန္ဒား ထူးဆန်းပြီးသူတို့တစ်ခါမှမမြင်ဖူးသည့် အဝတ်စားများဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ အဝတ်အစားများမှာ ပထမပိုင်းတွင် အထူးတဆန်းဖြစ်နေကြသော်လည်း မကြာခင်မှာပင် ချမ်းဘော့ဒ်ရှိ မြို့သူမြို့သားများအသားကျသွား၏။ ထို့အပြင် ဘုရင်အလတ်ဇန္ဒားဝတ်သည့် အဝတ်အစားဖြစ်သောကြောင့် ကောင်းသည်ဟုလက်ခံထားကြ၏။ ကြည့်ရသည်မှာလဲ နွေးနွေး ထွေးထွေးရှိမည့်ပုံပင်။
နောက်ဆုံးတွင် ၈ရက်မြောက်နေ့၌ ဘုရင်အလတ်ဇန္ဒားတစ်ယောက်ထိုကဲ့သို့ အဝတ်စားများအပြည့်တင်ဆောင်ထားသောလှည်းကြီးတစ်ခုနှင့်အတူ မြို့လယ်ခေါင်သို့ရောက်လာခဲ့သည်။ ကလေးများနှင့် ဆင်းရဲသည့်မိသားစုများအား လက်ဆောင်အဖြစ်ပေး၏။ ဆောင်းသို့စတင်ဝင်ရောက်လာပြီဖြစ်သောကြောင့် ရာသီဥတုမှာတဖြည်းဖြည်းအေးစက်လာပြီဖြစ်သည်။ ထိုအဝတ်စားများမှာ ဆင်းရဲသည့်မိသားစုများအတွက် ဆောင်းတွင်းအားနွေးနွေးထွေးထွေးဖြတ်သန်းနိုင်ရန်အတွက် အထောက်ကူဖြစ်စေ၏။
ဖှေး၏ အကြံစည်မှာဤကဲ့သို့နည်းလမ်းဖြင့် ထိုအဝတ်စားများကို ချမ်းဘော့ဒ်တိုင်းပြည်တွင် ပေါ်ပျူလာဖြစ်လာစေရန်ဖြစ်သည်။ ဖှေး၏ အနိမ့်ဆုံးရည်မှန်းချက်မှာ ချမ်းဘော့ဒ်မြို့သားများ အတွင်းခံဝတ်တတ်လာကြစေရန်ဖြစ်သည်။
တတိယဖြစ်ရပ်မှာ ဖှေး၏ ဆယ်ရက်မြောက်ပုံပြောပြီးသောနေ့တွင်ဘုရင်တစ်ပါးအနေဖြင့် ဥပဒေအသစ်တစ်ရပ်ကိုထုတ်ပြန်လိုက်သည်။ ဤသည်မှာ ချမ်းဘော့ဒ်နိုင်ငံအတွင်းတွင်ရှိသော အသက်၆နှစ်မှ၁၅နှစ်အထိကလေးများအားလုံး ချမ်းဘော့ဒ်မြို့ပြနှင့် စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းတွင် တစ်နေ့ကိုတစ်နာရီခန့်လာကာ လေ့ကျင့်မှုအမျိုးမျိုးလုပ်ရမည်ဟူသော အချက်ပင်။ ထိုအရာကို တိုင်းပြည်၏ ဥပဒေစာအုပ်ထဲသို့ပါထည့်သွင်းပြီးဖြစ်သဖြင့် မိဘများတားဆီးခွင့်မရှိပေ။ တားဆီးပါက တရားမဝင်။
ချမ်းဘော့ဒ်မြို့ပြနှင့် စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းဆိုသည့်အရာအား ဘစ်ဇားပိုင်ဆိုင်ခဲ့သော စံအိမ်တွင်ဖွင့်လစ်လိုက်ခြင်းဖြစ်သည်။ အနည်းငယ်ပြုပြင်ပြောင်းလဲမှုများလုပ်အပြီးတွင် အလွန်ကောင်းမွန်သော သင်တန်းကျောင်းအဆောက်ဦးတစ်ခု ဖြစ်လာခဲ့သည်။ ချမ်းဘော့ဒ်ရှိပြည်သူများကို အံ့သြစေသည်မှာသင်တန်းကျောင်းရှိနည်းပြဆရာများမှာ နံပါတ်၁စစ်သည်ကြီး ဖရန့်ခ်-လမ်းပါ့ဒ်နှင့် စစ်ဘက်ဆိုင်ရာအကြံပေးပုဂ္ဂိုလ်အသစ် ဘရွတ်တို့ဖြစ်နေခြင်းပင်။ ဘုရင်အလတ်ဇန္ဒားကိုယ်တိုင်ပင် ကျောင်းအုပ်ကြီး ရာထူးယူပြီး သင်ကြားအုပ်ချုပ်လျှက်ရှိ၏။
သင်တန်းကျောင်းရှိဆရာများနည်းပြများကိုသိရသောအခါ မိဘများမှာ သူတို့၏ကလေးများကို သင်တန်းကျောင်းသို့အလျှင်အမြန်ပင်ပို့ကြတော့သည်။
တစ်ချို့ဆင်းရဲသည့် မိသားစုများမှာ ကုန်ကျစရိတ်များမည်ကို စိုးရိမ်လျှက်ရှိကြ၏။ သို့သော်လည်း သင်တန်းကျောင်းမှာ သင်တန်းကြေးလုံးဝမကောက်သည်ကို သိရသည့်အတွက် သူတို့၏ စိုးရိမ်ခြင်းများမရှိတော့ပေ။ အေဇာရုတိုက်ကဲ့သို့ စစ်ပွဲများလှသောနေရာတိုင်းတွင်မိဘများသည် သူတို့၏ ကလေးများကို စွမ်းအားကြီးမှော်ဆရာကြီးများ၊ စစ်သည်ကြီးများဖြစ်လာစေချင်ကြသည်။ သူတို့၏သားသမီးများကို မသန်မာစေချင်သည့်မိဘဟူ၍မရှိပေ။ ကလေးများ၏ အိမ်မက်မှာလဲ ဘုရင်အလတ်ဇန္ဒား၏အမိန့်ကိုကြာပြီးသော် ပို၍နီးကပ်လာပြီဖြစ်၏။ သူတို့၏ကလေးများကို ကြယ်အဆင့်မြင့်ဆရာများက အခကြေးငွေပင်မယူပဲ သင်ကြားပေးမည်မှာ မည်သူမျှ လက်လွှတ်မခံနိုင်သည့် အခွင့်ရေးပင်။
ကြီးမြတ်ပြီးသနားညှာတာမှုရှိသော ဘုရင် အလတ်ဇန္ဒားပင်ဖြစ်သည်။
...........
ဖှေးသည်လည်း ထိုရက်ပိုင်းအတွင်းတွင် အေးဆေးအချိန်ဖြုန်းနေသည်မဟုတ်ခဲ့ပေ။
ထိုကဲ့သို့ ကိစ္စများအပြင် တော်ဝင်စာကြည့်တိုက်သို့သွားပြီး အေဇာရုတိုက်၏သမိုင်းနှင့်ပတ်သက်သော စာများတော်တော်များများကိုရှုပြီးဖြစ်သဖြင့် ဖှေး၏ ဗဟုသုတများမှာ အလွန်တိုးပွားနေပြီဖြစ်သည်။ ထို့အပြင် နေ့စဥ်ဒိုင်ယာဘလိုကမ္ဘာသို့ဝင်ရောက်ပြီး စွမ်းအားများကိုလဲ ဆက်လက်တိုးမြှင့်နေခဲ့သည်။ ယခုအချိန်တွင် ဖှေး၏ လူရိုင်းဇာတ်ကောင်မှာ လယ်ဗယ်(အဆင့်)၂၀၊ မှော်ဆရာဇာတ်ကောင်မှာ လယ်ဗယ်၁၀၊ ပါလာဒင်နှင့် အောက်လမ်းဆရာဇာတ်ကောင်တို့မှာ လယ်ဗယ်၁၂ သို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။
ထို့အပြင် [ဟော့ခ် ဆေးပုလင်း]အမြောက်အများကိုလဲ ရရှိထားပြီးဖြစ်ပြီး လက်တွေ့စမ်းသပ်မှုအကြိမ်ပေါင်းများစွာကိုလဲ လုပ်ဆောင်စမ်းသပ်ပြီးဖြစ်သည်။ ထို့ကြောင့်ပင် ထိုဆေးပုလင်း၏ အစွမ်းကိုအသုံးပြုကာ ချမ်းဘော့ဒ်ရှိခေါင်းဆောင်များ၏ အစွမ်းကိုတိုးမြှင့်ရန်အသုံးပြုဖို့အချိန်ရောက်လာပြီဟု ဖှေးဆုံးဖြတ်လိုက်တော့သည်။
(နေ့လည်တစ်ပိုင်းထက်လာပါမယ်.....)