← Chapters

"နောက်တစ်ပုလင်းကျန်သေးတယ်"

Vol. 6 Ch. 77

"နောက်တစ်ပုလင်းကျန်သေးတယ်"

Vol. 6 Ch. 77

လွန်ခဲ့သည့်၁၀ရက်ခန့်က ဘုရင့်အစောင့်တပ်ဖွဲ့၏ ဒုတိယခေါင်းဆောင်အား ဘုရင်မှ စစ်ဘက်ဆိုင်ရာတွင် အမြင့်ဆုံးရာထူးသို့ တိုးမြှင့်ပေးခဲ့သည်။ ဘရွတ်မှာ ယခုအချိန်တွင် ချမ်းဘော့ဒ်၏ စစ်ဘက်ဆိုင်ရာကိစ္စများကို လုံးစုံကိုင်တွယ်ထားသူဖြစ်၏။ဝန်ကြီးချုပ်ဘတ်စ်နှင့်အတူ ချမ်းဘော့ဒ်၏ အကြီးအကဲနှစ်ဦးထဲမှ တစ်ဦးအဖြစ်သက်မှတ်ခြင်းခံရသည်။ ကြယ်တစ်လုံးအဆင့်စစ်သည်ဘရွတ်၏အနာဂတ်မှာ ရုတ်တရက်ပင်မြှင့်မားသွားခဲ့ပြီး ချမ်းဘော့ဒ်တွင် အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက်အပါဝင်ဖြစ်လာခဲ့သည်။ အရင်ကသူ့အား အဖက်မလုပ်ခဲ့သော လူကုံတံကြီးများပင်လျှင် သူတို့၏မျက်နှာတွက်ကြီးမားသောအပြုံးများဖြင့် ဘရွတ်အားသူတို့အိမ်တွင်ကျင်းပသော ပါတီပွဲများသို့ တလေးတစားဖြင့် မကြာခဏဖိတ်ခေါ်နေကြသည်၊ လက်ဆောင်ပနာများပေးကြသည်၊ လှပသောအစေခံမလေးများပို့ပေးကြသည်။ သူ၏အိမ်သို့ လာရောက်လည်ပတ်နှုတ်ဆက်သောလူများမှာလဲ မနက်မှစပြီးညရောက်သည်ထိ ပြည့်နှက်နေ၏။

တခြားသူများဆိုပါက ထိုကဲ့သို့အခြေအနေသို့ရုတ်တရက်ရောက်ရှိသွားပါက ဘဝင်မြင့်သွားနိုင်သည်။သို့သော် ဆင်းရဲသည့်မိသားစုတစ်ခုမှ မွေးဖွားလာသောဘရွတ်မှာ သူ၏ရိုးသားဖြောင့်မက်ခြင်း၊ ခင်မင်ရင်းနှီးစွာနေတတ်ခြင်းတို့ကို ကိုင်စွဲထားဆဲပင်။ သူနှင့် အကျိုးစီးပွားဖြစ်ရန်အတွက် ခင်မင်ရင်းနှီးရန်ကြိုးစာနေသူများအပေါ်တွင် ဘရွတ်၏ တုန့်ပြန်ပုံမှာ အတော်အံ့သြစရာကောင်းသည်။ ထိုသူများအား သူလက်ခံမည်လဲမဟုတ်၊ ငြင်းဆန်မည်လဲမဟုတ်ပေ။ သူ၏ တံခါးဝသို့ရောက်လာသူမှန်သမျှအား အတော်အတန်စိတ်ကျေနပ်မှုရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ချမ်းဘော့ဒ်တိုင်းပြည်သည် စစ်ပွဲအပြီးတွင် အင်အားနည်းသွား၍ ပြန်လည်ထူထောင်နိုင်ရန်အချိန်ယူရဦးမည်ဖြစ်သည်။ ထို့အပြင် လာမည့်နှစ်ဝက်ခန့်တွင် ချမ်းဘော့ဒ်သည် ဇီးနစ်အင်ပါယာမှကျင်းပမည်ဖြစ်သည် သေရေးရှင်ရေးတမျှအရေးကြီးသည့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဥ်ပြိုင်ကြရဦးမည်ဖြစ်သည်။ ဘုရင်အလတ်ဇန္ဒားပြောကြားချက်အရ သူတို့၏အရှေ့တွင်ရှိသောရည်ရွယ်ချက်မှာ တိုင်းပြည်အတွင်းရှိ စွမ်းအားများအားလုံး အမြန်ဆုံးပေါင်းစည်းတည်ဆောက်ရန်ဖြစ်သည်။ ထို့ကြောင့်ပင် ဘရွတ် ဘုရင်နှင့် ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်များအကြားတွင် တိုင်းပြည်တွင်းအမြင်မကြည်လင်မှုများ မဖြစ်စေလိုပေ။ ထို့ကြောင့်ပင် သူရင်းနှီးမှု အနည်းငယ်မျှခန့်တော့ တည်ဆောက်ထားရမည်ဖြစ်သည်။

စစ်ဘက်ဆိုင်ရာကိစ္စရပ်များကို ပြန်လည်စစ်ဆေးခြင်းများအပြင်၊ အနာဂတ်အတွက် အစီစဥ်တချို့ကို ပြောင်းလဲရန်အတွက် ဘရွတ်အချိန်များများအသုံးပြုခဲ့သည်။ ဤသည်မှာ လာမည့်ရက်၃၀အတွင်းသူ၏ ပထမဆုံးရည်ရွယ်ချက်များပင်ဖြစ်သည်။ အလတ်ဇန္ဒားကလဲ လိုအပ်ချက်တစ်ချို့ကိုထောက်ပြခဲ့ပြီး၊ အံ့သြဖွယ်အကြံအစည်အစီစဥ်တစ်ချို့ကိုလဲ ပြောပြခဲ့သည်။ ဘရွတ်ထိုအကြံစည်များအား သေချာလေ့လာတွေးတောကြည့်ခဲ့သည်။ သူပို၍ပို၍တွေးလေ ပို၍ပို၍စိတ်လှုပ်ရှားလာလေသာဖြစ်၏။ သူယခင်က ထည့်သွင်းမစဥ်းစားမိခဲ့သည့်အချက်အလက်များပင်ပါရှိနေ၏။ ထို့ကြောင့် ဘုရင်ပထမဦးစွာ စတင်အကြံပေးဖော်ပြခဲ့စဥ်က သူနားမလည်နိုင်ခဲ့ချေ။ သို့သော် ထိုအကြံစည်များအားနည်းချက်မရှိပုံကို ဘရွတ်တွေးခေါ်ကြည့်ရင်း တဖြည်းဖြည်းသဘောပေါက်လာခဲ့သည်။ ထိုအကြံစည်များအား ချမ်းဘော့ဒ်ပြည်၏လက်ရှိအ​ခြေအနေနှင့်ကိုက်ညီစေရန် ​ချိန်ညှိကာ လက်တွေ့အသုံးပြုနိုင်ပါက ချမ်းဘော့ဒ်တိုင်းပြည်ကြီးမာစွာပင် တိုးတတ်ပြောင်းလဲလာမည်ဖြစ်သည်။

သူ၏ လက်ထဲတွင်ရှိသော အာဏာမာပို၍ကြီးမားလာသည့်လျှင့်အမျှ ဘရွတ်တစ်ခါမှမကြုံဖူးသေးသော ဖိအားများကိုလည်း ခံစားနေရ၏။

ဘုရင်အလတ်ဇန္ဒား၏ ဉာဏ်ရည်သည်ပုံမှန်ပြန်ဖြစ်လာပြီးနောက်တွင် သူ၏ စွမ်းအားများ၊ အမျှော်မြင်များသည်လဲ မထင်ထားလောက်အောင်ပင်တိုးတက်လာခဲ့သည်။ ချမ်းဘော့ဒ်၏နံပါတ်၁စစ်သည်ကြီး လမ်းပါ့ဒ်ကပင် ဘုရင်၏စွမ်းအားများသည် သူခန့်မှန်းမရနိုင်တော့သည့် အနေထားသို့ပင်ရောက်သွာပြီဖြစ်ပြီး သူကိုယ်တိုင်ပင်အလတ်ဇန္ဒားကို စွမ်းအားခြင်းယှဥ်နိုင်တော့မည်မဟုတ်ဟုပင် ထင်ကြေးပေးခဲ့သည်။

ဤအချက်မှာ ဘရွတ်၊ ပီးရာ့စ်စသော သစ္စာရှိနောက်လိုက်များအား ဖိအားများဖြစ်ပေါ်စေသည်။ သူတို့အားလုံး ဘုရင့်နောက်မှလိုက်၍ ဘုရင်နဲ့အတူတိုက်ခိုက်ချင်ပါက သူတို့၏စွမ်းအားများကိုလည်း တိုးပွားစေရန်လေ့ကျင့်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူတို့အားလုံးအနောက်တွင်ကျန်ရစ်နေခဲ့ပြီး အသုံးမကျသည့်လူများဖြစ်လာမည်ကို စိုးရိမ်နေကြ၏။

ဤအချိန်တွင် ပီးရာ့စ်၊ ဒရော့ဂ်ဘာစသော လူသန်ကြီးများသည် ဘုရင်ထံမှထူးဆန်းသည့်လေ့ကျင့်ရေးနည်းလမ်းများဖြင့် နေ့တိုင်းအပြင်းထန်လေ့ကျင့်လျှက်ရှိကြသည်။ တစ်ဖက်တွင် ဘရွတ်မှာ စစ်ဘက်ဆိုင်ရာကိစ္စများဖြင့် အလုပ်ရှုပ်နေသဖြင့် လေ့ကျင့်ရန်အတွက်အချိန်သိပ်မရဖြစ်နေ၏။ ထို့ကြောင့်ပင် သူပို၍ပို၍နောက်ကျကျန်နေသကဲ့သို့ ခံစားနေရ၏။ သို့သော်လည်း သူဘာမှမတက်နိုင်ချေ။

သူထိုကဲ့သို့ ရုန်းကန်နေစဥ်တစ်နေ့တွင် ဖှေးမှ သူ၏ ကိုယ်ရံတော် ဖာနမ်ဒို-တိုးရီစ်အား ဘရွတ်ကို ဆင့်ခေါ်ရန်လွှတ်လိုက်၏။ "မစ်စတာ ဘရွတ် အရှင်မင်းကြီးက နန်းတော်ဆောင်က်ိုချက်ချင်းလာခဲ့ပါဦးတဲ့။ အရေးကြီးကိစ္စတစ်ခု ပြောစရာရှိလို့ပါတဲ့...."

ဘရွတ် ကြောင်တောင်တောင်ဖြစ်သွားသည်။ ယနေ့တွင် အရေးကြီးကိစ္စဆွေးနွေးရန်ရှိကြောင်းကို ဖှေးခဲ့ခြင်းမရှိသောကြောင့်ပင်။ သူတိုးရီစ်နှင့်အတူ ပင်မနန်းတော်ဆောင်သို့ချက်ချင်းလိုက်ပါသွားခဲ့သည်။

နန်းတော်အဆောင်အတွင်းသို့ရောက်သောအခါ ဘုရင့်အစောင့်တပ်ဖွဲ့၏ ပထမခေါင်းဆောင်ပီတာသည်လည်း ဘုရင်နဲ့အတူရှိနေပြီး စကားစမြည်ပြောလျှက်ရှိသည်ကို အံ့သြဖွယ်တွေ့ရှိလိုက်ရသည်။ သူတို့နှစ်ယောက်မှလွဲ၍ နန်းတော်ဆောင်အတွင်းတွင် မည်သူမျှမရှိချေ။

"ဟားဟား ဘရွတ် မင်းအချိန်ကိုက်လေးရောက်လာတာပဲ...မင်းတို့နှစ်ယောက်ကို ငါအရေးကြီးပြစရာတစ်ခုရှိတယ်...."

ဘရွတ်ရောက်လာသည်က်ိုတွေ့သောအခါ ဖှေးသူ၏ပုလ္လင်ပေါ်မှ ရယ်မောကာဆင်းလာခဲ့သည်။ သူဘရွတ်၏ ပုခုံးများက်ိုပုတ်ကာ သူ၏လက်ဖဝါးတစ်ဖက်ကို ရုတ်တရက်ဖွင့်ပြလိုက်သည်။ ပီတာနှင့် ဘရွတ်တို့နှစ်ဦးလုံး ဖှေးလက်ဖဝါးအတွင်းမှ သေးငယ်သည့် ပုလင်းလေးတစ်လုံးကို တွေ့လိုက်ရ၏။ ပုလင်းအတွင်းတွင် အစိမ်းရောင်အရည်များပါရှိပြီး ထိုပုလင်းမှမှော်စွမ်းအင်အနည်းငယ်ခန့်ကို ခံစားနေရသည်။

"ဒါက......" ပီတာနှင့် ဘရွတ်အံ့သြ သွား၏။

"ဒါက ငါမကြာခင်ကမှ ဖော်စပ်ခဲ့တဲ့ ကြမ်းတမ်းတဲ့ စွမ်းအားတိုးမြှင့်ဆေးရည်ပဲ....." ဖှေးအဓိပ္ပါယ်မရှိသော အရာများဖြင့် စတင်ရှင်းပြသည်။ "ဒါကိုငါက [ဟော့ခ် ဆေးပုလင်း]လို့နာမည်ပေးထားတယ်....ဟီးဟီး ဒါကတော်တော်မှော်ဆန်တဲ့ ဆေးပုလင်းပဲ...."

"ဟော့ခ် ဆေးပုလင်းဟုတ်လား....နာမည်ကတော့ တစ်မျိုူပဲနော်....." ဘရွတ် ပုလင်းအတွင်းရှိ ဆေးရည်တွင်ပါရှိသည့် မှော်စွမ်းအားများကို ခံစားနေရသဖြင့် မေးလိုက်သည်။ "အရှင်မင်းကြီး ဒီဆေးရည်ရဲ့အာနိသင်ကရောဘယ်လိုလဲ..."

"ဟုတ်တာပေါ့....ဟီးဟီးဟီး ဒီဆေးရည်က လူတစ်ယောက်ရဲ့ခွန်အားတွေကို အဆပေါင်းများစွာ ချက်ချင်း တိုးပွားစေနိုင်စွမ်းရှိတယ်.... " ဖှေး ဆရာကြီးလုပ်လိုသဖြင့် "ဒါက မှော်ဆရာဆေးဝါးပညာရှင်တွေ ဖော်စပ်ခဲ့တဲ့ [အရူး ဆေးပုလင်း]လိုပဲ ဒါပေမယ့် [အရူး ဆေးပုလင်း]နဲ့ မတူတဲ့အချက်က [ဟော့ခ် ဆေးပုလင်း]ကြောင့် တိုးပွားလာတဲ့ ခွန်အားတွေက ပျောက်မသွားပဲ ထာဝရတည်ရှိနေမှာပဲ...."

"ထာဝရ အစွမ်းတွေတိုးမြှင့်ပေးမှာ ဟုတ်လား..." ဘရွတ်နှင့် ပီးရာ့စ်နှစ်ယောက်လုံး အံ့သြသွား၏။ "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒါကဒဏ္ဍာရီတွေမှာပါတဲ့ မဟာဆေးပုလင်းကြီးတွေက တစ်ခုလား...."

အေဇာရုတိုက်တွင် မှော်ဆရာအမျိုးမျ်ိုးရှိသည့်အထဲတွင် ဆေးဝါးဖော်စပ်သည့် မှော်ဆရာများလဲပါဝင်သည်။ ထိုမှော်ဆရာများသည့် ထူးဆန်းသည့်ဆေးပုလင်းမျိုးစုံကို ဖန်တီးနိုင်ကြသည်။ ဆေးပုလင်းများ၏ ပါဝင်ပစ္စည်းများနှင့် အာနိသင်များအရ ဆေးပုလင်းများကို အဆင့်ခွဲခြားထား၏။ ဒဏ္ဍာရီများထဲမှ မဟာဆေးပုလင်းကြီးများမှာ အမြင့်ဆုံးအဆင့်ဖြစ်သည်။ ထိုဆေးပုလင်းများအားလုံးတွင် မယုံနိုင်စရာကောင်းလောက်သည့် အာနိသင်များရှိကြသည်။ စွမ်းအားကို ထာဝရတိုးမြှင့်ပေးနိုင်သော ဆေးပုလင်းများအကြောင်းမှတ်တမ်းမှာ အနည်းငယ်သာရှိသည်။

သို့သော် ထိုဆေးပုလင်းများမှာ ဒဏ္ဍာရီများထဲတွင်သာရှိ၏။ မဟာဆေးပုလင်းများကို မဟာမှော်ဆေးပညာရှင်ကြီးများကသာ ဖန်တီးနိုင်စွမ်းရှိသည်။ ထို့အပြင်ရှားပါးပြီး အဖိုးတန်သော ကုန်ကြမ်းပစ္စည်းများစွာလဲ လိုအပ်သေး၏။ ထိုရှားပါးပစ္စည်းများမှာ အဆင့်၈ အဆင့်၉စသော မဟာအင်အားကြီးအင်ပါယာများကပင် ရှားသည်ဟုသက်မှတ်ထားရသော ကုန်ကြမ်းပစ္စည်းများဖြစ်သည်။ ဖှေးက သူ့လက်ထဲတွင် မဟာဆေးပုလင်းနှင့် အာနိသင်တူညီသည်ဟုဆိုသော ဆေးပုလင်းတစ်ခုကိုပြလိုက်သည့်အချိန်တွင်မူ ပီတာနှင့် ဘရွတ်တို့မှာ ယုံကြည်ရန်ခက်ခဲနေ၏။

"ဟမ်...မဟာဆေးပုလင်းဟုတ်လား....ဘယ်ကသာ ငါ့မှာ မဟာဆေးပုလင်းဖော်စပ်ဖို့ ရှားပါးကုန်ကြမ်းပစ္စည်းတွေဘယ်ရှိမှာတုန်း...." ဖှေးသည် တော်ဝင်စာကြည့်တိုက်မှာ စာအုပ်အတော်များများဖတ်ရှုပြီးဖြစ်၍ မဟာဆေးပုလင်းနှင့် ပတ်သက်သောအ​ကြောင်းရာများကို သိရှိပြီးဖြစ်သည်။ "ဟီးဟီး ဟော့ခ် ဆေးပုလင်းမှာ အဲ့လိုအစွမ်းထက်တဲ့ အာနိသင်ရှိပေမယ့်...တော်တော်ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလည်းရှိသေးတယ်....ဒါကြောင့် ငါအချိန်တော်တော်ကြာမင်းတို့ကို မပြောဖြစ်ပဲတွံ့ဆုတ်နေခဲ့တာပဲ....ဒါပေမယ့် မင်းတို့တွေဘေးထွက်ဆိုးကျိုးကိုသည်းခံနိုင်မယ်ဆိုရင်တော့ တိုးပွားလာမယ့်စွမ်းအားတွေကတော့ စိတ်ကျေနပ်စရာပဲ...ကဲ မင်းတို့နှစ်ယောက်ထဲက ဘယ်သူအရင်စမ်းသောက်ချင်လဲ...."

"ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးရှိတယ်ဟုတ်လား......"

ဘရွတ်နှင့် ပီတာတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ ဖှေးပြောသည်မှာ သဘာဝကျ၏။ ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာမရှိပါက ဤဆေးပုလင်းသည် မဟာဆေးပုလင်းအဆင့်ဝင်မည်ဖြစ်ပြီး တန်ဖိုးအလွန်ကြီးမားပေလိမ့်မည်။

ဘရွတ်စက္ကန်ံနည်းငယ်ကြာ တွံ့ဆုတ်နေပြီး သူ၏ လက်ကိုရုတ်တရက်မြောက်ကာပြောလိုက်သည်။

"ကျွန်တော့ကို စမ်းသောက်ခွင့်ပြုပေးပါ...."

ဇီးနစ်အင်ပါယာ၏ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲမှာ နီးသထက်နီးလာပြီဖြစ်သည်။ ချမ်းဘော့ဒ် နောက်ထပ်ဆုတ်လို့မရတော့ပေ။ ဤပြိုင်ပွဲတွင် ချမ်းဘော့ဒ်တိုင်းပြည်ရှုံးနိမ့်သွားပါက ချမ်းဘော့ဒ်တိုင်းပြည်ရှိတော့မည်မဟုတ်ပေ။ ချမ်းဘော့ဒ်တွင် ဘုရင်အလတ်ဇန္ဒားနှင့် လမ်းပါ့ဒ် တို့ကဲ့သို့ စွမ်းအားကြီးပုဂ္ဂလ်များရှိသော်လည်း ပြိုင်ပွဲရလဒ်မှာ ပွဲစဥ်ဆယ်ပွဲမှ အမှတ်များကိုသာစုပေါင်းတွက်ချက်ခြင်းဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး ထိုနှစ်ယောက်ကိုသာအားကိုးနေလို့မရချေ။ တစ်တိုင်းပြည်လုံး၏ စွမ်းအားကိုတိုးမြှင့်နိုင်မှသာ အနိုင်ရနိုင်ရန်သေချာမည်ဖြစ်သည်။ အချိန်မရတော့ပေ ဘရွတ်၏စိတ်ထဲတွင်ရှိသောအရာမှာ သူ၏စွမ်းအားများကိုတိုးမြှင့်ပြီး ဘုရင်နှင့်အတူ တိုက်ပွဲဝင်နိုင်ရန်ပင်ဖြစ်သည်။ သူ့ရှေ့တွင်ရှိသော ဆေးပုလင်းမှာ အန္တရာယ်များကောင်းများနိုင်သည်။ သို့သော် တစ်ခုတည်းသောအခွင့်ရေးသာဖြစ်တော့သည်။

ဘရွတ်ဆုံးဖြတ်ချက်ကြပြီး အစိမ်းရောင်ဆေးပုလင်းအား လှမ်းယူလိုက်တော့၏။

All Chapters