ကြည့်ရတာ အခြေနေမကောင်းဘူး
Vol. 2 Ch. 17
ဒီအချိန်မှာတော့ ကြယ်နီ မူလတန်းကျောင်းရဲ့ ဝင်ပေါက်ဝ မှာ ဘယ်သူမှ မရှိတော့ပါဘူး။လူတိုင်းဟာ အဝေးကို ထွက်ပြေးနေကြပါပြီ။ဒီလျှပ်စီးတွေဟာ အရမ်းလင်းပြီးတော့ အတော်ကြောက်ဖို့ ကောင်းပါတယ်။
ပုံမှန်လူတွေအတွက်တော့ ဒီလိုအရာတွေက ထူးဆန်းလှပါတယ်။မိုးကြိုးပစ်ချလို့ သူတို့ကိုမှန်လိုက်ရင် ဆေးရုံ သွားပြီး ကုလို့ရတဲ့ အရာမဟုတ်ပဲ ချက်ချင်းသေရမှာပါ။
မိုးကြိုးပစ်ချလို့ အသက်ရှင်တဲ့ လူဆိုတာ အတော်ရှားပေသည်။
"ငါတို့အနားကို မလာနဲ့နော် ကောင်လေး၊ မင်းကို နတ်ဘုရားတွေက စိတ်ဆိုးနေတာဖြစ်မယ်။ငါတို့ကိူပါ ဆွဲမထည့်နဲ့"
လူလိမ် ထျန် ဟာလင်းဖန် သူတို့ဆီကို လျောက်လာတာ မြင်ပြီး အလျင်အမြန် လှမ်းပြောလိုက်ပါတယ်။
ဒါက အတော်ကို ထူးဆန်းပါတယိ။
လျှပ်စီးယာ နှစ်ကြိမ်ဆက်တိုက်လက် ပြီး တစ်ချက်ဆီတိုင်းဟာ အတော်ကြောက်မက်ဖွယ် ကောင်းပါသည်။
"အိုး ခိုင် မော့ "
လင်းဖန် သူ့ရှေ့မှာ ကြောက်ရွံ့မူကြောင့် ပြေးလွှားနေသည့် လူတွေကို ကြည့်ကာ ဆွံ့အ သွားခဲ့ပါသည်။ဒါက ဒီတိုင်း နားလည်းမူလွှဲသွားတာပါ အဲလောက်ထိကြောက်နေဖို့ မလိုပါဘူး။
"ဟိတ်လူတွေ ....ခင်ဗျားတို့က ပန်ကိတ် မဝယ်ကြတော့ဘူးလား?"
လင်းဖန် လှမ်းမေးလိုက်ပါတယ်။
"ဒီနေ့တော့ မဟုတ်ဘူး ၊ သူဌေးလေးရေ ငါတို့ မနက်ဖြန်မှ ပဲ လာဝယ်မယ်နော်"
"ဟုတ်တယ် ဟုတ်တယ် ၊ ငါရောပဲ"
"မင်းလည်း သတိထားသင့်တယ်နော် သူဌေးလေး၊ ဒီနေရာကို မိုးကြိုး တစ်ကယ် မပစ်ချခင် ငါတို့ ထွက်သွားမှ ဖြစ်မယ်"
လူအုပ်ကြီးဟာ အာလုံးသဘောတူ ထားတဲ့အလား တတွတ်တွတ် ရေရွတ်ပြီး ထွက်သွားနေကြပါတယ်။ပန်ကိတ်တွေဟာ သူတို့အတွက် တကယ်အရေးကြီးပါသည်။သို့ပေမယ့် သူတို့အသက်က ပိုပြီး အရေးကြီးမှန်း လူတိုင်းနားလည်ကြပါတယ်။
မိုးကြိုးတစ်ကယ် မပစ်ချဘူးလို့ ဘယ်သူပြောနိုင်မလဲ?
လင်ဖန်အတွက်ကတော့ ဗေဒင်ဟောဖို့ ဆိုရင် အတွေ့အကြုံလိုနေပါသေးတယ်။
လင်းဖန် လက်ရှိအချိန်အထိ မစ်ရှင်တွေပြီးတာ သူ့မှာ စွယ်စုံအမှတ် ၁၂ မှတ် ရနေပါပြီ။လင်းဖန် သူ့ရဲ့ စွယ်စုံကျမ်းကို စစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာ ၁၂ မှတ်နဲ့ ဘာမှ လုပ်လိူ့ မရသေးတာတွေ့လိုက်ရပါတယ်။
သူလိုချင်တဲ့ ခေါင်းစဥ်ကို ရွေးယူဖို့ဆိုရင် စွယ်ဆုံအမှတ် ၁၀၀၀ ရှိမှ ရမှာပါ။သူ့မှာရှိတဲ့ ၁၂ မှတိလောက်က အဖျားနားတောင် မကပ်နိုင်သေးပေ
။သူလုပ်နိုင်တာက အမှတ်တွေ ဖြည်းဖြည်းချင်းစုသွားဖို့ပါပဲ။
အခုဆို ၆ နာရီရှိနေပါပြီ။
မစ္စတာ ယန်ဟာ ဘတ်စကားပေါ်မှ ဆင်းပြီး ကျောင်းဆီကို လမ်းလျောက်သွားလိုက်ပါတယ်။
သူက အဂ်လိပ် ဘာသာစကား သင်တဲ့ ကျောင်းဆရာ ဖြစ်ပြီး တတိယတန်း ရဲ့ အတော်ဆုံးကျောင်းဆရာပါ။မစ္စတာ ယန်ဟာ တစ်ခြားလူတွေကို ကူညီရင်း ဘဝကို အဓိပါယ် ရှိရှိ နဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။သူကျောင်းဆရာ ဖြစ်လာကတည်းက ငွေကြေး လိုအပ်နေတဲ့ ကျောင်းသား ၃၂ ယောက်လောက်ကို ကူညီပေးခဲ့ပါတယ်။
မစ္စတာ ယန်ကတော့ ဒီလို ကူညီခွင့်ရတာ ကိုပဲ ဝမ်းသာ ပီတိ ဖြစ်နေတဲ့ လူတစ်ယောက်ပါ။
သို့ပေမယ့်လည်း ၊ဘဝဟာ မအေးအေးဝင်း စီစဥ်တာ မဟုတ်တော့ အမြဲတမ်း အစဥ်မပြေနေခဲ့ပါဘူး။တစ်ရက်မှာ ယန်ယောင်ကွမ် ဟာ သူမိန်းမ တစ်ခြားယောက်ျားတစိယောက် နဲ့ ဖောက်ပြန်နေတာကို တွေ့ရှိခဲ့ ပြီး အတော်ဒေါသ ထွက်ခဲ့ရပါတယ်။နောက်ဆုံးတော့ သူတို့ နှစ်ယောက် ကွာရှင်းကာ ကလေးနှစ်ယောက်ကို သူနှင့်အတူ ခေါ်လာခဲ့ပါသည်။
အနည်းဆုံးတော့ သူ့သားသမီး တွေဟာ လိမ်မာကြပြီး ၊ တက္ကသိုလိကောင်း အတွက် စာကို အသည်းအသန် ကြိုးစားကြပေသည်။
မစ္စတာ ယန်ရဲ့ ဘဝ ရည်မှန်းချက် ပန်းတိုင်ကတော့ သူ့ သားသမီး တွေ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပြီး အောင်မြင်ကြဖို့ပါပဲ။
အဲ့အချိန်မှာပဲ မစ္စတာ ယန်ဟာ ကျောင်းပေါက်ဝကို လျောက်နေပြီး ထီဆိုင်ကိုတွေ့လိုက်သည်။သူအိပ်ကပ်ထဲကို စမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ အကြွေစေ့ နှစ်စေ့ကို တွေ့လိုက်ရပါတယ်။
"မစ္စတာ ယန် ၊ ခင်ဗျား ကျေားင်ကို သွားလို့ ရှိရင် ကံစမ်းမဲ လက်မှတ်ကို ဝယ်ဖြစ်အောင်ဝယ်ပါ"
"မစ္စတာ ယန် ကျွန်တော်ပြောတာ မမေ့ပါနဲ့ ၊ ကျွန်တော် နောက်တစ်ခေါက်ထပ်ပြောလို့မရဘူး မဟုတ်ရင် ကျွန်တော် မိုးကြိုး ပစ်ခံရလိမ့်မယ်"
ပန်ကိတ်သည် ရဲ့ စကားဟာ မစ္စတာ ယနိ ခေါင်းထဲမှာ ပြန်ကြားယောင်နေခဲ့ပါတယ်။
"သူဌေးလေးက ပတ်ဝန်းကျင်ကလူတွေကို အရူးလုပ်ရတာ ကြိုက်တယ် ထင်တယ်၊ ဒီ ကံစမ်းမဲ လက်မှတ် တွေက အကုန် အတုအယောင်တွေ ချည်းပဲ ငါဘယ်လောက် ကံစမ်းမဲ ဝယ်ဝယ် ပေါက်မှာ မဟုတ်ဘူး"
ယန်ယောင်ကွမ် ဟာ ကံစမ်းမဲ လက်မှတ်ကို ဝယ်ဖို့ စိတ်ကူးမရှိပဲ ခေါင်းကို ခါယမ်းကာ လမ်းကို ဆက်လျောက်ဖို့ လုပ်လိုက်ပါတယ်။
သို့ပေမဲ့ သူဆက်သွားဖို့ ပြင်လိုက်တဲ့ အချိန်မှာ ထီဆိုင်ထဲက ကြော်ငြာအသံ ဟာ ထွက်ပေါ်လာပါတော့တယ်။
"ဒီ ရာသီရဲ့ ကံစမ်းမဲ အမြင့်ဆုံး ဆုက ဒေါ်လာ
၁၅ သန်းနော်။ဘယ်သူသိနိုင်မလဲ မင်းက ကံထူးရှင် ဖြစ်ရင်ဖြစ်နေမှာ ၊ ဒါကြောင့် အမြန်လာပြီး ကံစမ်းကြဖို့ တိုက်တွန်း လိုက်ပါတယ်"
ယန်ယောင်ကွမ်ဟာ အနည်းငယ် ဆွံ့အ သွားပြီး ခနကြာမှ ရယ်မောလိုက်ပါတယ်။
"ကောင်းပြီလေ ၊ ငါ့အိပ်ကပ်ထဲ မှာ ၂ ဒေါ်လာ ထဲရှိမှတော့ သိပ်ပြီးလည်း အသုံးမဝင်ဘူး။ဒီတော့ ကံစမ်းမဲ လက်မှတ် ဝယ်ကြည့်လိုက်မယ်၊ ငါမပေါက်ရင်တော့ သူဌေးလေး ဆီက ပြန်တောင်းရမယ် ဟား ဟားး"
သေချာတာပေါ့ ၊ ယန်ယောက်ကွမ်ဟာ နောက်နေတာပါ။သူတကယ် ပြန်တောင်းဖို့ စိတ်ကူးမရှိပါဘူး။
"သူဌေး ၊ ကျွန်တော့်ကို ကံစမ်းမဲ တစ်စောင်ပေးပါ"
ယန်ယောင်ကွမ်ဟာ ထီတစ်ခါမှ မထိုးဘူးတော့ ကံစမ်းမဲ လက်မှတ်တွေ ဘယ်လိုရောင်းလဲ မသိပါဘူး