သို့သော်.......
Vol. 6 Ch. 78
"ဝှစ်"
ဘရွတ်ဘေးတွက် တိတ်တိတ်ဆိတ်ဆိတ်ရပ်နေသော ပီတာမှာ ဘရွတ် [ဟော့ခ် ဆေးပုလင်း]ကိုမယူရသေးခင် လှမ်းယူလိုက်သည်။ ထို့နောက်တွင် ပုလင်းအဖုံးဖွင့်ကာ တစ်ပုလင်းလုံးသောက်ချလိုက်တော့သည်။
"........"
ဘရွတ် ပျာယာခက်သွားသည်။
ပီတာမှာ လွန်ခဲ့သည့်ဆယ်ရက်ခန့်ကမှ မြေအောက်ရေ သံမဏိအကျဥ်းထောင်မှ ဘုရင့်၏လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူဖြစ်သည်။ အကျဥ်ထောင်၏ မှောင်မဲအေးစက်စိုစွတ်သောပတ်ဝန်းကျဥ်အခြေအနေနှင့်၊ နှိပ်စက်ခံခဲ့ရမှုများကြောင့် သူ၏ခန္ဓာကိုယ်မှာ အလွန်အားနည်းနေ၏။ ကြယ်နှစ်လုံးအဆင့်စစ်သည်ကိုကိုယ်စားပြုသော သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အချက်အချာနေရာနှစ်ခုမှာလဲ ပျက်စီးလုနီးနီးဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ကြယ်နှစ်လုံးအဆင့်အတွင်းအားအများစုမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး အလွန်စွမ်းအားနိမ့်ကျလာခဲ့သည်။ ပြန်လည်လေ့ကျင့်ပြီး ကြယ်နှစ်လုံးအဆင့်စစ်သည်ပြန်ဖြစ်လာစေရန် လုပ်ဆောင်၍ရသော်လည်း အချိန်နှစ်ပေါင်းများစွာထပ်မံကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် ပီတာ၏ခန္ဓာက်ိုယ်မှာ အားအနည်းဆုံးအဖြေအနေသို့ပင်ရောက်ရှိနေ၏။ ဟော့ခ်ဆေးပုလင်း၏ ဘေးထွက်ဆ်ိုးကျ်ိုးကို မခံနိုင်ပါက အသက်အန္တရာယ်ပါရှိလာနိုင်သည်ဖြစ်သည်။
ပီတာမှာ သူ့အား အန္တရာယ်မဖြစ်စေလို၍ ပုလင်းကိုအရင်ယူပြီး သောက်လိုက်မှန်းဘရွတ်သိ၏။
ဤအချိန်တွင် ဘရွတ်မှာ အလွန်စိတ်လှုပ်ရှားစိုးရိမ်နေပြီဖြစ်သည်။ သူပီတာကို အနီးကပ်စောင့်ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ချေ။ ဘရွတ် တစ်စုံတစ်ခုအား မတွေ့လိုက်ရမည်ကို စိုးရိမ်သဖြင့် မျက်တောင်ပင်မခက်ရဲပေ။
တဖက်တွင်ဖှေးမှာ ကြိတ်ရယ်မိနေ၏။
စက္ကန့်အနည်းငယ်ကြာတွင် ဘရွတ်စိုးရိမ်လျှက်ရှိသော ဘေးထွက်ဆိုးကျိုးဟုယူဆရသော အရိပ်အယောင်များကို စတင်တွေ့လိုက်ရတော့သည်။
ပထမဦးဆုံး ပီတာ၏နဖူးမျက်ခုံးများအလည်တည့်တည့်တွင် အစိမ်းရောင်အလင်းတစ်ခုပေါ်ပေါက်လာသည်။ ထိုအလင်းရောင်မှ မယုံနိုင်ဖွယ်မှော်စွမ်းအင်များကို အာရုံခံနေရ၏။ ထို့နောက်မှာ အစွမ်းရောင်မှာပို၍ပို၍ပင် ကျယ်ပြန့်တောက်ပလာသည်။ မကြာခင်မှာပင် ပီတာ၏ခေါင်းတစ်ခုလုံး ဆံပင်များပါ စိမ်းလာတော့သည်။ မြင်ရသည်မှာ အလွန်ထူးဆန်းလှ၏။
တစ်ချိန်တည်းမှာပင် နဖူးမှချွေးစက်များကျလာပြီး သူ၏ မျက်နှာကြွက်သားများမှာလဲ လှုပ်ရှားလျှက်ရှိသည်။ သူသည် ဖော်မပြနိုင်လောက်သည့်ဝေဒနါတစ်ခုက်ို ခံစားနေရသည်မှာ သိသား၏။
ဘရွတ်တစ်ယောက် ထိတ်လန့်သွားသည်။
သူတစ်ဖက်ကိုလှည့်ပြီး ဖှေးအားကြည့်လိုက်သည်။ ဖှေးမှာ လုံးဝပင်ပျာယာခက်မနေချေ။ ထိုအစား သူ၏မျက်နှာတွင် အပြုံးတစ်ခုရှိနေသည်။ ဤသည်မှာ ဘရွတ်အား အနည်းငယ်စိတ်သက်သာရာရစေသည်။ ထို့ကြောင့် ဘရွတ်စိုးရိမ်စိတ်များကိုထိန်းချုပ်ကာ ဆက်လက်ပြီးအခြေနေစောင့်ကြည့်နေ၏။
အစိမ်းရောင်များမှာ ပီတာ၏ ခန္ဓာကိုယ်နေရာအနှံ့ပြားသို့ပင် ပျံ့နှံ့လာတော့သည်။ ခေါင်းမှလည်ပင်း၊ ရင်ဘက်၊ လက်မောင်း၊ လက်ကောက်ဝတ်၊ ခြေထောက်....စသည်ဖြင့် ၁၀စက္ကန့်ခန့်ကြာသောအခါ ဘုရင့်အစောင့်တပ်ဖွဲ့ ပထမခေါင်းဆောင်ပီတာမှာ အစိမ်းရောင်လူသားတစ်ယောက်ဖြစ်လာတော့၏။ သူ၏ဆံပင်များပင် ကျောက်စိမ်းကဲ့သို့ အစိမ်းရောင်တောက်ပနေ၏။ ဤအခြေအနေမှာ အဆိပ်မိခံထားရသည်နှင့် ဘာမှမကွာခြားပေ။ ဘရွတ်အားပို၍စိုးရိမ်စေသည်မှာ သက်ရှိသတ္တဝါတစ်ကောင်ကောင်မှာ ပီတာ၏အရေပြားအောက်တွင် သွားလာလျှက်ရှိသည်ကိုတွေ့မြင်ရခြင်းပင်။ ပီတာ၏အရေပြားမှာ ဖောင်းကြွ ရှုံ့တွနေ၏။ သွေးကြောများထောင်နေကာ၊ ချွေးများမှာလဲ ရေချိုးထားသကဲ့သို့ပင် စိုရွဲနေ၏။ ဤဖြစ်စဥ်မှာအလွန်နာကြင်မှုကိုခံစားနေရသည်မှာ ထင်ရှားသည်။
"အဲ့ဆေးပုလင်းကို ဟော့ခ် ဆေးပုလင်းလို့ခေါ်တာလဲ မစမ်းပါဘူး။ ပီတာက ပိုပိုပြီး ကြီးထွားလာနေတာပဲ...." ဘရွတ်တွေးလိုက်မိသည်။
ဖှေး ထိုအရာကိုကြည့်ရင်း ကြောက်ရွံ့သလိုဖြစ်နေ၏။
ဖှေး စမ်းသပ်မှုများပြုလုပ်နေစဥ်က ထိုဆေးပုလင်းအား ကိုယ်တိုင်သောက်သုံးကြည့်ပြီးဖြစ်သည်။ နာကျဥ်မှုမှာ မခံမရပ်နိုင်လောက်အောင်ပင်ဖြစ်၏။ ခန္ဓာကိုယ်အား ပုရွက်စိတ်ထောင်ပေါင်းများစွာမှ ဝိုင်းဝန်းကိုက်ဖြတ်စားသုံးနေသကဲ့သို့ ခံစားရခြင်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်နေကာ ဆီဒယ်အိုးထဲတွင် အကြော်ခံနေရသကဲ့သို့ပင် ခံစားရ၏။ ဖှေးမှာ သတ္တိကောင်းခံနိုင်ရည်ရှိသည့်လူတစ်ဦးဖြစ်သော်လည်း ထိုကဲ့သို့နာကျဥ်မှုမျိုးအား ထက်မံ၍ မခံစားလိုတော့ပေ။ ထို့အပြင် စွမ်းအားတိုးမြှင့်ပေးသော ဟော့ခ်ဆေးပုလင်းမှာ ဖှေးအပေါ်တွင်မည်သည့်အာနိသင်မျှမရှိချေ။
မိနစ်ဝက်ခန့်အကြာပြီးတွင် နာကြင်စွာခံစားနေခဲ့ရသည့် ပီတာ၏မျက်နှာအမူအယာမှာ အနည်းငယ်သက်သာလာသည့်ဟန်ပေါက်လာ၏။ အစိမ်းရောင်မှာလည်း မှေးမိန်စပြုလာသည်။ ရုတ်တရက်ပင် ပီတာ၏ခန္ဓာကိုယ်မှ စွမ်းအားကြီး အာရုံများထွက်ပေါ်လာသည်ကို ဘရွတ်သတိထားမိလိုက်သည်။ ဘုရင်အလတ်ဇန္ဒားထံမှ ခံစားရသောအာရုံကဲ့သို့ပင်ဖြစ်သည်။ ထိုခံစားမှုမှာ နဂါးတစ်ကောင်ကဲ့သို့ ရုပ်ပိုင်းဆိုင်ရညသန်စွမ်းမှုမျိုးပင်။ သူ့အား ပို၍အံ့သြစေသည်မှာ ထိုခံစားမှုသည် တစ်စထက်တစ်စ ပို၍ပြင်းထန်လာခြင်းပင်။ ဤသည်မှာ ပီတာ၏ခွန်အားများမှာ အလျှင်အမြန်ပင် တိုးပွားလာနေသည်ဟူသည့် အဓိပ္ပါယ်ပင်။
"ဟမ်"
ပီတာ အသက်ပြင်းထန်စွာရှူထုတ်လိုက်ပြီး သူ၏မျက်လုံးများကိုဖွင့်ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်အားကြည့်ရှုလိုက်ပြီး ပျောက်ဆုံးနေသည်မှာကြာပြီဖြစ်သည့် ခွန်အားများကိုခံစားလိုက်ရသည်။ ဤခွန်အားမှာ သူ၏ယခင်က ကြယ်နှစ်လုံးအဆင့်စွမ်းအားများ အမြင့်ဆုံးအခြေအနေထက်ပင် ပို၍အစွမ်းထက်သည်ကို ခံစားလိုက်ရသည်။ ပီတာစိတ်လှုပ်ရှားပျော်ရွှင်လာသဖြင့် မျက်ရည်များပင်ဆို့နှင့်လာသည်။ ယခင်က သူ၏ အတွင်းအားအချက်ချာနေရာများ ဘစ်ဇား၏ အကျဥ်းချနှိတ်စက်မှုများကြောင့် ပျက်စီးသွားသဖြင့် မျှော်လင့်ချက်မဲ့ကာ အသုံးမဝင်သည့် လူတစ်ယောက်ဖြစ်လာတော့မည်ကို အလွန်စိုးရိမ်လျှက်ရှိသည်။ ယခုအခါတွင် မျှော်လင့်ချက် အလင်းရောင်တစ်ခု ပြန်လှည်ရရှိလာပြီဖြစ်သည်။ သူချက်ချင်းပင် ဖှေးဘက်သို့လှည့်ကာ ဒူးထောက်လိုက်ပြီး မျက်နှာတွင်ပျော်ရွှင်သေယအမူယာတစ်ခုနှင့်ပြောလိုက်သည်။ "ကျေးဇူးပါ အရှင်မင်းကြီး...ကျွန်တော့ခန္ဓာကိုယ်ပြန်ကောင်းသွားပါပြီ...အတိုင်းဆမဲ့ခွန်အားတွေကိုလည်း ကျွန်တော်ခံစားနေရပါတယ်....ကျွန်တော့ကိုယ်ထဲက အတွင်းအားစီးကြောင်းတွေကလဲ အနည်းငယ်ပိုပြီး ကျယ်ပြန့်သွားပါပြီ။ ကျွန်တော် နှစ်ဝက်ခန့်မကြာခင်မှာပဲ ကျွန်တော့ရဲ့ကြယ်နှစ်လုံးအဆင့်စွမ်းအင်တွေကို ပြန်လည်ရရှိလာအောင် လေ့ကျင့်နိုင်တော့မှာပါ...."
အနည်းငယ်လေ့လာပြီးနောက်တွင် ပီတာဟော့ခ်ဆေးပုလင်း၏ အာနိသင်ကို အပြည့်အဝနားလည်သွားခဲ့ပြီဖြစ်သည်။ သူ၏ အတွင်းအားအချက်ချာနေရာများ ပြန်လည်ရောက်ရှိမလာခဲ့သော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့မှာ ထင်မထားလောက်သည့်အဆင့်သို့ပင် ရောက်ရှိလာခဲ့တော့သည်။ သူကြယ်နှစ်လုံးအဆင့်စစ်သည်တစ်ဦးအား ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာအသုံးပြုပြီး အနိုင်ယူနိုင်၏။ ဆေး၏ အာနိသင်မှာ ထိုနေရာ၌ပင် မရပ်တံ့သွားချေ။ သူ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားစီးကြောင်းများမှာလည်း ပို၍ကျယ်ပြန့်လာသည်ကို ခံစားရသည်။ ဤသည်မှာ သူအတွင်းအားကျင့်စဥ်ကျင့်ပါက သူ၏တိုးတတ်သည့်နှုန်းမှာ သာမန်စစ်သည်များထက် အဆပေါင်းအနည်းငယ်ခန့် ပို၍မြန်ဆန်လာတော့မည်ဖြစ်သည်။ ဟော့ခ် ဆေးပုလင်း၏အာနိသင်မှာ ဒဏ္ဍာရီများထဲမှ မဟာဆေးပုလင်းထက်ပင် ပို၍အစွမ်းထက်နေတော့၏။
ဖှေး တည်ငြိမ်သည့်မျက်နှာဖြင့်ပြန်ပြောလိုက်သည်။ "အပျော်မလွန်ပါသေးနဲ့ဦး ပီတာ....ဟော့ခ် ဆေးပုလင်းရဲ့ ဘေးထွက်ဆိုးကျိုးကမပြီးသေးဘူး...."
"ဟမ်....." စိတ်အေးနေပြီဖြစ်သော ပီတာနှင့်ဘရွတ်မှာ ထက်မံအံ့သြသွား၏။ "ဘေးထွက်ဆိုးကျိုး နောက်တစ်ခုကျန်သေးတာလား...."
"အဲ့အစိမ်းရောင်တွေ့လား...မင်းခန္ဓာကိုယ်က အစိမ်းရောင်က လုံးဝပျောက်မသွားသေးဘူး...ငါ့အထင်အရဆ်ိုနောက်၄ရက်၅ရက်လောက်နေမှ ပျောက်သွားမှာကွ...."
ပီတာ ထူးဆန်းသည့်မျက်နှာဖြင့်မေးလိုက်သည်။ "အရှင်မင်းကြီး အရှင်မင်းကြီးပြောတဲ့ ဆိုးဝါးတဲ့ဘေးထွက်ဆိုးကျိုးဆိုတာ အဲ့တာကိုပြောတာလား....."
"ဟုတ်တယ်...." ဖှေးရယ်ချင်စိတ်ကို ထိန်းထားသည်။ "မင်းခန္ဓာကိုယ်ကြီး အစိမ်းရောင်သန်းနေပြီးတော့ ၅ရက်လောက်နေမှပုံမှန်ပြန်ဖြစ်မှာ အတော်ကြောက်စရာမကောင်းပေဘူးလား...." ဖှေးစတင်ရယ်မောတော့သည်။
ဘရွတ်နှင့် ပီတာတို့ အရူးလုပ်ခံလိုက်ရသည်။
ထိုအရာသည် ကြောက်စရာကောင်းသောဘေးထွက်ဆိုးကျိုးမဟုတ်ပေ။
"ဘရွတ်...ငါ....." ပီတာအနည်းငယ် ရှက်ရွံ့သွားသည်။ ပီတာသည် "ကြောက်စရာဘေးထွက်ဆိုးကြောင့်" ဘရွတ်အတွက်စိုးရိမ်မိသဖြင့် ပုလင်းကိုအရင်ယူကာသောက်လိုက်ခြင်းဖြစ်သည်။ ဘုရင်သည်စနောက်နေခြင်းကိုသာ သိရှိခဲ့ပါကာ ဘရွတ်ကိုသာ ပို၍သန်မာလာစေရန်အခွင့်ရေးပေးခဲ့မည်ဖြစ်သည်။
"မစ်စတာ ပီတာ...." ဘရွတ်မှာ သူ၏ယခင်ကဆရာဖြစ်သူ ပီတာအား အရင်ကဲ့သို့ပင်တလေးတစားခေါ်နေတုန်းပင်ဖြစ်သည်။ "ချမ်းဘော့ဒ်အတွက် ပိုပြီးသန်မာလာတဲ့သူတစ်ယောက်တိုးလာပြီး ဇီးနစ်အင်ပါယာက ကျင်းပမဲ့ ပြိုင်ပွဲမှာ အနိုင်ယူနိုင်မယ်ဆိုရင် ဘယ်သူပဲဖြစ်နေဖြစ်နေပါ.....အားနာစရာမလိုပါဘူး....." ဘရွတ်၏စကားများမှာ လေးစားမှု နားလည်မှုတို့ဖြင့်ပြည့်ဝနေသည်။ ပီတာမှာ ဘာပြန်ပြောရမှန်းမသိချေ။ ဖှေးမှာ သဘောကျပြီးခေါင်းငြိမ့်လိုက်မိသည်။ဤကြယ်တစ်လုံးစစ်သည်မှာ ရိုးသားပြီး သဘောထားလည်းကြီးမား၏။ အကောင်းဆုံးမှာဖှေးအပေါ်တွင် သစ္စာရှိခြင်းပင်။
"တကယ်တန်းတော့ မင်းတို့တွေပျာယာခက်စရာမလိုပါဘူး...ဟီးဟီး..." ဖှေး သူ့လက်ကိုဝှေ့ရမ်းလိုက်ရာ သူ၏လက်ဖဝါးပေါ်တွင် နောက်ဆေးပုလင်းတစ်လုံးရောက်လာခဲ့သည်။ "ငါ့မှာ နောက်ထပ်ပုလင်းတွေရှိသေးတယ်....."