← Chapters

ကလေးမလေးကို ကယ်လိုက်ပြီ

Vol. 2 Ch. 18

ကလေးမလေးကို ကယ်လိုက်ပြီ

Vol. 2 Ch. 18

"ငါ့မြေးက ဘယ်နား အခြေနေမကောင်းတာလဲ ပြောစမ်းပါဦး"

အန်တီ ကျန်းဟာ သိပ်ပြီးစိတ် မကြည်လင်တော့ပါဘူး။သူမဟာ ထပ်ပြီး မဖော်ရွေ နိုင်တော့ပေ။သူမရဲ့ ကောင်းမွန်နေတဲ့ ခံစားချက်လေးတွေဟာ လင်းဖန် ကြောင့်ပျက်စီး သွားခဲ့ရပါပြီ။ဒီကိစ္စရဲ့ နောက်ကွယ်မှာ ခိုင်လုံတဲ့ အ​ြောင်းပြချက်သာမရှိရင် သူ လင်းဖန် ကို ပညာ ကောင်းကောင်း ပေးဖို့တောင် ဆုံးဖြတ်ထားပါသည်။

"အန်တီ ကျန်း ကျွန်တော် ပီအဲ လေးရဲ့ မျက်နှာကို ကြည့်ပြီး တော့ သူဒီည မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ မြင်နေရတယ်။ဒီလို မကောင်းတဲ့ ခံစားချက်မျိုးလေ.....မဟုတ်ဘူး ၊ ဒီဟာ ကိူ ဘယ်ရှားပစ်ချင်တယိဆိုရင် ဒီည အပြင်ကို ထွက်ပြီး ညစာစားကြရင် အကောင်းဆုံးပဲ။ဘယ်လို အကြောင်းအရင်းပဲ ရှိရှိ အိမ်မှာ မစားမိစေနဲ့"

"မှတိချက် - အကယ်၍ သင်သာ ကံကြမ္မာကိူ တိုက်ရိုက် ထပ်ပြောခဲ့လျင်"

ဒါကို ကြားပြီး လင်းဖန် ဟာ ပြောလက်စကားများတောင် ရပ်တန့်သွားခဲ့ပါတယ်။

"ငါ ဘာမှတောင် မပြောရသေးဘူးလေ၊ အဲတာ တောင် တိုက်ရိုက် ပြောတယ် လိူ့ သတ်မှတ်ချင်နေတာလား..ချီးပဲ"

လင်းဖန် စိတ်ထဲကနေ တွေးလိုက်ပါတယ်။ယင်းနောက် လင်းဖန် ဟာ အကြောင်းအရာကို ချက်ချင်း တစ်မျိုးပြောင်းပြောဖို့ပြင်လိုက်ပါတယ်။

"အန်တီ ကျန်း, ခင်ဗျား ဒီကောင်လေး ပြောနေတာကို တကယ်ယုံနေတယ်လား? ကျွန်တော်သာ ဆိုရင် ပါးနှစ်ချက်လောက် ဆွဲပြီး ရိုက်ပြီးလောက်ပြီ။အဲ့ကောင်က ခင်ဗျား မြေးကို ကျိန်ဆဲ နေတာ"

အဲ့အချိန်မှာ လမ်းဘေးဘက် အဆောက်အဦးတစ်ခု၏ ဝင်ပေါက်ဝ တွင် သက်လတ်ပိုင်း ကျော်ကျော် လူကြီးဟာ ဝင်ပြောလိုက်ပြီး လင်းဖန်ကို စိုက်ကြည့်နေခဲ့ပါတယ်။

ဒီလူကတော့ လင်းဖန် ရဲ့ အိမ်နီးချင်း လူအိုကြီး ဝမ် ပါ။လင်းဖန် ဒီကို အိမ်ပြောင်းလာကတည်းက သူတို့ ဘယ်တော့မှ မတည့်ကြပါဘူး။

အန်တီ ကျန်းဟာလည်း လူအိုကြီး ဝမ်ပြောတာကို ကြားပြီး မျက်မှောင်ကျုတ် လိုက်ပါတယ်။ကြည့်ရတာ လင်းဖန် ဟာ သူမထင်သလို့ ယဥ်ကျေးမူရှိတဲ့ လူငယ် လေး မဟုတ်တဲ့ ပုံပါပဲ။သူမစိတ်ထဲမှာလည်း လင်းဖန် သူ့မရဲ့ မြေးမလေးကို ကျိန်ဆဲ နေတယ်လို့ ခံစားရပါတယ်။

လင်းဖန် ဟာစိတ်တိုသွားပြီး လူအိုကြီး ဝမ် ကို ကြည့်လိုက်ပါတယ်။သို့ပေမဲ့ သူ ဒီလူနဲ့ ငြင်းခုန်လိုစိတ် မရှိပါဘူး။ဒါကြောင့် သူ အန်တီ ကျန် းဘက်ကို ပြန်လှည့်ပြီး ထပ်ပြောလိုက်ပါတယ်။

"အန်တီ ကျန်း၊ ဒါက ဟာသ လုပ်နေတာမဟုတ်ဘူးနော်။ကျွန်တော်ကို ယုံကြည်မှ ဖြစ်မယ်၊ ဒါက အသက် သေခြင်း၊ ရှင်ခြင်းနဲ့ သက်ဆိုင်နေတယ်။ သေချာဂရုစိုက်မှ ရမယ်၊ ကျွန်တော် ပြောတဲ့ စကားလုံးတိုင်းရဲ့ နောက်ကွယ်မှာ သူ့အကြောင်းပြချက်နဲ့ သူရှိတယ် ၊ မဟုတ်ရင် ကျွန်တော် လေကုန် ခံပြီး ပြောနေမှာ မဟုတ်ဘူး"

"ဟားဟား မင်း ဘကြီးကို သေခြင်း၊ ရှင်ခြင်းလိူ့ သွားပြောလိုက်ပါလား။ကြည့်ရတာ မင်း ရှန်ဟိုင်းမှာ ဘယ်လိူ ပေါင်းသင်းဆက်ဆံရမလဲတောင် မသိတော့ဘူးထင်တယ်၊ ရူးများသွားတာလား၊ မင်းရဲ့ စိတ်တွေက ဆရာဝန်နဲ့သွားပြရမယ့် အခြေနေဖြစ်နေပြီ မဟုတ်ရင် အန်တီကျန်း နဲ့ သူ့မြေးမလေးကို မျက်နှာချင်းဆိုင် ကျိန်ဆဲနေဖို့ ဆိုတာ မဖြစ်နိုင်ဘူး"

လူအိုကြီး ဝမ် ဟာ ဒီ လင်းဖန် ဆိုတဲ့ကောင်ကို လုံးဝ သဘောမကျတာပါ။သူလင်းဖန် ကိုမြင်လိူက်တိုင်း လုံးဝ အချိုးမပြေပါဘူး။

လူကြီးတွေကို ရိုသေရမှန်းမသိ၊ သူ့ကို တွေ့ရင်တောင် လင်းဖန်က နှုတ်ဆက်ရမှန်း မသိပေ။ဒီကောင်ဟာ ဂါရဝေါစ ဆိုတာ ဘာမှန်းဆိုတာတောင် မသိတာ ကျန်းသေပါတယ်။

လူအိုကြီး ဝမ် ဟာ စိတ်ထဲ မှာ တွေးနေရင်း တစ်ခုခု ကို မြင်ကာ အလျင်အမြန်ပဲ အော်ခေါ်လိုက်ပါတယ်။

"ညီလေး မြောင် ၊ ညီလေး မြောင် ဒီကို အမြန်လာစမ်းပါဦး၊ ဒီကောင်လေးက မင်း သမီး ကို ကျိန်ဆဲနေတယ်"

အဲ့အချိန် မှာ ၊ ပီအဲ မြောင် ရဲ့ အဖေ ဟာ လျှပ်စစ် စက်ဘီးလေး စီးပြီး ပြန်လာနေတာကိုတွေ့နေရပါတယ်။လူအို ဝမ် ဟာ သူကိုမြင်တဲ့ အခါမှာ မျက်လုံးထဲ အရောင်လက်သွားပြီး အလျင်အမြန် လှမ်းခေါ်လိုက်တာပါ။

"မင်းတော့ သေပြီ ကောင်လေး"

သူ့စိတ် ထဲမှာ တွေးလိူက်ပါတယ်။

ပီအဲ မြောင် ရဲ့ အဖေ မြောင် ကျုံးရှင်း ဟာဒီနားလေးက ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်တာပါ။သူအလုပ်က ပြန်လာတဲ့ အချိန်မှာ သူ့သမီးနဲ့ အမေဟာ လမ်းဘေးမှာ မတ်တတ်ရပ်နေတာကို မြင်ပြီး စိတ်ထဲ မတင်မကျ ခံစားလိုက်ရပါတယ်။

အခု လူအို ဝမ် ရဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ သူ့စိတ်ထဲမှာ ဒေါသတွေ ထွက်လာခဲ့ပါပြီ ၊ သို့ပေမယ့် ဘာတွေ ဖြစ်နေလည်း အသိအကျတော့ မသိပါဘူးး။

မြောင် ကျုံးရှင်း ငယ်ငယ်တုန်းက အတော် ဆိုးသွမ်းခဲ့ပြီး ၊ ရန်ပွဲတွေ အများကြီးမှာ လည်း ဝင်ပါခဲ့ဖူးပါတယ်။မိန်းကလေး တွေ အများကြီးနဲ့ တွဲပြီး လည်း အိပ်ခဲ့ပါသည်။အထူးသဖြင့် သူတစ်ကြိမ် အဖမ်းခံခဲ့ ရပြီး ထောင်ထဲမှာ ၂ နှစ်လောက်တောင် နေခဲ့ဖူးတာပါ။

သူပြန်လွတ် လာတဲ့ အချိန်မှာ ဘဝ ကို အသစ်ကနေပြန်စပြီး ရိုးသားတဲဘ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယါ။သူဟာ IT ပညာကို တောင် သင်ယူခဲ့ပြီး ၊ အခုဆိုရင် ကုမ္ပဏီ မှာ IT မန်နေဂျာ အဖြစ်တောင် နေရာရ နေခဲ့ပါပြီ။

သူ့ရဲ့ ဝင်ငွေဟာ ဇိမ်ခံ အိမ်ကြီးပေါ်မှာ နေရလောက်တဲ့ အထိတော့ မကောင်းပါဘူး။သို့ပေမယ့် မိသားစု ကို အဆင်ပြေပြေတော့ ထားနိုင်ခဲ့ပါတယ်။

"ဒယ်ဒီ"

ပီအဲ မြောင် ဟာ သူ့ကို မြင်တဲ့ အချိန်မှာ အလျင်အမြန်ပဲ လှမ်းခေါ်လိုက်ပါတယ်။

"အမေ ၊ ဘာတွေ ဖြစ်နေတာလဲ"

မြောင်ကျုံးရှင်း ဟာ သူ့ရဲ့ စက်ဘီးကို လမ်းဘေးမှာ ရပ်လိုက်ပြီး ပီအဲ လေးကို ပွေ့ချီကာ မေးလိုက်ပါတယ်။

"ညီလေး မြောင် ၊ ဒီကောင်လေးကို သူ့ကိုယ်သူ ဗေဒင် ဟောတတ်တယ် ဆိုပြီး အန်တီ ကျန်းကိူ ပြောခဲ့တယ်။ သူပြောတာက မင်းရဲ့ သမီးမှာ ဒီည မကောင်းတာ တစ်ခုခု ဖြစ်လိမ့်မယ် တဲ့။ကြည့်ရတာ သူက မင်းရဲ့ သမီးကို ကျိန်ဆဲ ချင်နေတာ ဖြစ်လိမ့်မယ်"

မြောင် ကျုံးရှင်း ဟာ သူ့သမီးကို အရမ်းချစ်တာပါ။ဒီစကားကို ကြားတဲ့ အချိန်မှာ သူ့ ဒေါသတွေကို မထိန်းနိုင်တော့ပါဘူး။

"မင်း ခွေးသား၊ ငါ့သမီးကို ကျိန်ဆဲ ရဲတယ်လားငါမင်းကို မရိုက်ရဲဘူး ထင်နေတာလား"

ဘန်းးးး

ရုတ်တရက် မြောင်ကျုံးရှင်း ဟာ လင်းဖန် ရဲ့ ဗိုက် ကိုလှမ်းကန်လိူက်ပါတယ်။လမ်းဖန်ဟာ ဘာမှ တောင် ပြန်မတုန့်ပြန်နိုင်ခဲ့ပါဘူး၊ သူ သတိ ဝင်လာတဲ့ အချိန်မှာ မြေကြီးပေါ် လဲကျနေခဲ့ပ့ပြီ။

"ကျုံးရှင်း ဘာလုပ်တာလဲ"

အန်တီ ကျန်း ဟာ ချက်ချင်းပဲ သူ့သားကို လှမ်းဆွဲလိုက်ပါတယ်။

ဒါက ရှန်ဟိူင်းမှာပါ။ အကယ်၍ မင်းသာ လူတစ်ယောက်ယောက်ကိူ ပြစ်မူကျူးလွန်မိရင် စိတ်ပိူင်းဆိုင်ရာ ဒဏ်ရာရ ရင်တောင်မှ အနည်းဆုံး ဒေါ်လာ ၂၀၀၀ လောက်ကုန်ပြီး မဟုတ်ရင် ထောင်ထဲ မှာ တစ်လလောက်နေရမှာပါ။

"ငါမင်းကို သတိပေးလိုက်မယ် ကောင်လေး၊ မင်းနောက်ထပ် စောက်ရေးမပါတွေ ပြောအုန်းမယ် ဆိုရင် ငါမင်းကို သတ်ရလိမ့်မယ်"

မြောင် ကျုံးရှင်း ဟာ ထပ်ပြီး သတိပေးလိုက်ပါတယ်။သူ့သမီးဟာ သူ့ဘဝ ရဲ့ အရာရာတိုင်းပါပဲ။တစ်စုံတစ်ယောက်က သူ့သမီးကို ကျိန်ဆဲ နေတာကို လုံး ဝ ခွင့်လွတ်မှာ မယုတ်ပါဘူး။

လင်းဖနိ ရဲ့ ဒေါသ တွေဟာ လည်း အကန့်အသတ်ကို ရောက်လာခဲ့ပါပြီး။သို့ပေမဲ့ သူ ပီအဲ လေးကို ကြည့်လိုက်တဲ့ အချိန်မှာ မျက်ရည်တွေကို တွေ့လိုက်ရပါတယ်။သူ ပီအဲ လေးကိူ စိတ် ဒဏ်ရာ မရစေချင်ပါဘူး။သူ မြောင်ကျုံးရှင်း ကိုကြည့်ပြီး ထပ်ပြောလိုက်ပါတယ်။

""ငါက မင်းတို့ကို အကြံဥာဏ် ပေးနေတာ ၊ မင်းတို့ ငါကို မယုံရင်လည်း နေလိုက်တော့။ဒါပေမဲ့ တစ်ခုတော့ ပြောဦးမယ် အချိန်ကျ လာခဲ့ရင် မင်းငါ့ကို ဒူးထောက်ပြီး တောင်းပန် ရင်တောင် ငါဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး"

"မင်း"

လင်းဖန် သူ့ကိူ ထပ်ပြီးစကားပြောရဲ တာကိုကြည့်ပြီး မြောင် ကျုံးရှင်း ဟာ လက်ကို မြောက်ကာ ထပ်ထိုး ဖို့ လူပ်လိူက်ပါတယ်။သို့ပေမဲ့ ပီအဲ လေးဟာ သူ့လက်ထဲမှာပဲ ရှိနေပြီးတော့ စတင် ငိုနေခဲ့ပါပြီ။

"ကောင်းပြီလေ မင်းက ဒီလောက်​ေတောင် ယုံကြည်မှု ရှိနေတယ်ပေါ့ ။ ဒါပေမဲ့ ငါ့သမီး ဒီည ဘာမှ မဖြစ်ရင် မနက်ဖြန် မနက် မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ရမယ်"

"ကောင်းပြီလေ မနက်ဖြန် ဘယ်သူဒူးထောက်ရမလဲ ကြည့်ကြတာပေါ့"

လင်းဖန် လည်း ထပ်ပြီး မငြင်းခုန် ချင်တော့ပေ။

"မေ့လိုက်တော့ မနက်ဖြန် မျက်ရည် နဲ့ မျက်ခွက် ဖြစ်နေမှာက ဒီကောင်ပဲ"

"ဟီးဟီးး"

လူအိုကြီး ဝမ် ဟာ လင်းဖန် အရိုက်ခံရတာကို ကြည့်ပြီး ဝမ်းသာ နေခဲ့ပါတယ်။

လင်းဖန်ဟာ လူအိုကြီး ဝမ်ကို တစ်ချက်ကြည့်လိူက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။

အိပ်ပြန်ရောက် တဲ့ အချိနိမှာ လင်းဖန်ဟာ အနာဂတ် အကြောင်းကို အိပ်ရာ ထဲမှာနားရင်း တွေးနေခဲ့ပါတယ်။

"ပန်ကိတ် ရောင်းတဲ့ အလုပ်က ဒီလိုပဲ အဆုံးသတ်သွားလို့မရဘူး၊ ဗေဒင်ဟော ဖို့ အတွက်လည်း ငါ နေရာ တစ်ခု ရှာရဦးမယ် ၊ လူလိမ် ထျန် က လူတွေကို အမြဲတမ်း လိမ်ညာ နေခဲ့တာ သူသာ ငါ့ကို ကူညီရင် သိပ် ပြသနာ မရှိလောက်ဘူး"

"ငါ သူနဲ့ အနက်ဖြန် တွေ့မှ သေချာ တိုင်ပင် ရဦးမယ်"

သို့ပေမယ့်လည်း လင်းဖန် အခုအစိုးရိမ်ဆုံးအရာက ပီအဲ လေးရဲ့ ကိစ္စပါ။ပီအဲ လေးရဲ့ အဖေဟာ လင်းဖန်ကို ဒေါသထွက် အောင်လုပ်ခဲ့တယ်၊ လင်းဖန်ဟာ အဲ့လူ ထူးထောက်တာ မြင်ချင်ပေမယ့်လည်း ပီအဲ လေးနဲ့ က ဘာမမဆိုင်ပါဘူး။ပီအဲ လေးက အန္တရာယ် ထဲကျရောက် တော့မယ် ဆိုတာ သိပေမယ့်လည်း လင်းဖန် ကြည့်နေရုံသာ တတ်နိုင်ပါတယ်။ဒါက သူကိုယ်တိုင် မလိုချင်တဲ့ အရာပါ။

မှတိချက် - သင်ဟာ ကိုယ်ရေး ကိုယ်တာ ခံစားချက်များကို ရောထွေးပြီး အလုပ်လုပ်ကိုင်ရန် ကြိုးစားနေပါသည်။ဒါဟာ ကြီးလေးစွာ အပြစ်ပေးခံရနိုင်ပါတယိ။

လင်းဖန် တစ်ခုခု ကူညီဖို့ စဥ်းစားနေတဲ့ အချိနိမှာပဲ စွယ်စုံကျမ်းရဲ့ သတိပေးချက်ဟာ ထွက်ပေါ်လာခဲ့ပါတယ်။

ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းတဲ့နေ့လဲ။

ည ၇ နာရီ ရှိနေပါပြီ။

အန်တီ ကျန်း၏ အိမ်တွင်။

"အမေ သားခနနေ သူငယ်ချင်းနဲ့ ချိန်းထားလို့ အပြင်ခန သွားဦးမယ်၊ မနက်ဖြန် ကျရင်တော့ ဟိုကောင်လေး ကို သင်ခန်းစာ ပေးမှ ရမယ်"

မြောင် ကျုံးရှင်း ဟာ ညစာစားပြီး တာနဲ့ ပြောလိုက်တာပါ။

"ထားလိုက်တော့ ငါတို့က အိမ်နီးချင်းတွေ ပဲလေ။လင်းဖန် မှာ မကောင်းတဲ့ စိတ် မရှိတာလည်း ဖြစ်နိုင်တာပဲ"

အန်တီ ကျန်းဟာ စားသောက်ပြီးသည့် ပန်းကန် များကို သိမ်းရင်း ပြန်ဖြေလိုက်ပါတယ်။

"အမေ ဝင်မပါပဲနေပါ၊ သားအခု သွားတော့မယ်"

မြောင် ကျုံးရှင်း ရဲ့ စိတ်ထဲမှာ အခုထိ ဒေါသထွက်နေတုန်းပါပဲ။သူ့ရဲ့ တစ်ဦး တည်းသောသမီးလေးကို ဒီကောင်က ကျိန်ဆဲခဲ့တာပါ၊ ဒါကို သူဒီတိုင်း မလွတ်ပေးနိုင်ပါဘူး။

မြောင် ကျုံးရှင်း အပြင် ထွက်သွားတဲ့ အချိန်မှာ အန်တီ ကျန်းကလည်း အကုန်း သိမ်းဆညိးပြီး သွားပါပြီ။ယင်းနောကိ သူမဟာ ပီအဲ လေးအတွက် ရောင်စုံ ခဲတံ လေးတွေ ယူပေးရင်း ပြောလိုက်ပါတယ်။

"ပီအဲလေး အဘွားက အဘွား​ ရှမ် တို့အိမ်ကိူ မာကျောက် ( ဖဲကစား သလိုပဲ) သွားကစားလိုက်ဦးမယ်၊ သမီးဒီမှာ ပုံဆွဲပြီး နေခဲ့ဦးနော် အိုကေ?"

"အင်၊ သမီး သိပြီ အဘွား"

ကလေးမ လေးဟာ ရောင်စုံ ခဲတံများကိူ ယူကာ စားပွဲပေါ်ကို သွားပြီး ပန်ချီဆွဲနေ စပြီး ဆွဲနေလိုက်ပါသည်။

ယင်းနောက် အန်တီ ကျန်းဟာ တိုက် ခန်းရဲ့ အပြင်ကို ထွက်ပြီး အန္တရာယ် ကင်းအောင်င် ပြတင်းပေါက်တွေ အကုန် လိုက်ပိတ်ပြီ ထွက်သွားခဲ့ပါသည်။

အချိန်တွေဟာ တစ်မိနစ်ပြီး တစ်မိနစ် ၊ တစ်စက္ကန်ပြီး တစ်စက္ကန့် စတင်သွားနေခဲ့ပါပြီ။

7 : 30

ဘန် ဘန်

နိုင်သွားပြီးးး!!!

အသက်ကြီးကြီး အမျိုးသမီး အုပ်စုဟာ ပျော်ရွင်စွာ ရယ်မောပြီး မာကျောက် ကစားနေကြပါတယ်။

"အဘွားကြီး ကျန်း ၊ ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"

"ဟုတ်တယ် နင့်ကြည့်ရတာ တစ်မျိုးကြီးပဲ"

အန်တီ ကျန်းဟာ ရုတ်တရက် ညနေက လူငယ်လေးပြောတဲ့ စကားကိူ ပြန်ကြားရောင် နေခဲ့ပါတယ်။

"အန်တီး ကျန်း ၊ ဒီနေ့ည ပီအဲ လေးမှာ မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ ကျွန်တော် မြင်နေရတယ်။ဒီမကောင်းတဲ့ အတိတ်နိမိတ် တွေ..."

အန်တီ ကျန်းဟာ ထပ်ပြီး မနေနိုင်တော့ပါဘူး။တစ်ခုခု မူမမှန် သလို သူမ ခံစားနေရပါတယ်။ဒါကြောင့် သူမ ချက်ချင်း မတ်တတ် ထရပ်ကာ

"အဘွား ရှမ် ငါ အိမ်ပြန်ပြီး ခန ကြည့်လိုကိဦးမယ်"

"အာ ဘာဖြစ်လို့လဲ အန်တီ ကျန်း? အခုမှ ပထမတစ်ဝိုင်း ပဲ ရှိသေးတာကို "

"မြေးမလေးကို ခနသးကြည့်ချင်လို့ ခနနေ ပြန်လာခဲ့မယ်"

အန်တီ ကျန်း ဟာ ညနေက လင်းဖန် ပြေတာကို ပြန်မြင်ယောင်ပြီးတော့ ခံစားချက်တွေ မကောင်းတော့ပါဘူး။သူမ ဘာမှထပ်မပြော တော့ပဲ ချက်ချင်း လှည့်ပြန်လာခဲ့ပါတယ်။

အပြန်လမ်းမှာ အန်တီ ကျန်းဟာ ဘာမှ တောင်ထပ်ပြီး မတွေးရဲတော့ပါဘူး။အန်တီ ကျန်းဟာ သူမကိုသူမ အားပေးနေခဲ့ပါတာ။လင်းဖန် ကသူ့ကို ခြောက်နေတာပဲ ဖြစ်နိုင်ပါတယ်။သူ ဗေဒင် ဟောနိုင်တယ် ဆိုတာ မဖြစ်နိုင်ပါဘူး။

"ပီအဲ မြေးလေး ပီအဲ"

အန်တီ ကျန်းဟာ သူတို့နေတဲ့ တိုက်ခန်း နားရောက်တာနဲ့ အော်ခေါ်နေခဲ့ပါတယ်။သို့ပေမဲ့ သူ့မြေးမလေးရဲ့ အော်သံကို ပြန်မကြားရပါဘူး။တစ်အိမ်လုံး တိတ်ဆိတ်နေလို့ပါ။

ဘန်းးးး

အန်တီကျန်းဟာ တံခါးကို အလျင်အမြန် ဖွင့်လိုက်ပါတယ်။ရုတ်တရက် စူးရှ တဲ့ ဓာတ်ငွေ့ နံ့တွေဟာ သူမရဲ့ နှာခေါင်းထဲကို ဝင်ရောက်လာခဲ့သည်။

ပြီးတော့ တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ သူ့မြေးမလေးဟာ ခံစားချက်မဲ့စွာ လဲကျနေခဲ့တာကို တွေ့လိုက်ရပါတယ်။

"အိုး ဘူရားရေ ပီအဲလေး"

အန်တီ ကျန်း ဟာ မြေးမလေးကို အလျင်အမြန်ပဲ ပြေးထူလိုက်ပါတယ်။

"ကယ်ကြပါဦး ကယ်ကြပါဦး"

အန်တီ ကျန်း ဟာ စိုးရိမ်စွာ အော်ဟစ်နေခဲ့ပြီး စက္ကန့်ပိုင်း အတွင်းမှာ ပဲ အိမ်နီးနား ချင်းတွေဟာ ထွက်လာကြသည်။

...............

အဲ့အချိန်မှာ လင်းဖန် ဟာ ခပ်ဝေးဝေးမှာ ရှိ တဲ့ အရိပ်တစ်ခုမှာ ရပ်နေရင်းလှမ်းကြည့်နေခဲ့ပါတယ်။သူဟာ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး နာရီ ကို တစ်ချက်ကြည့်လိုက်ပါသည်။

7 : 30 သူတို့ အချိန်မီသွားပြီ။

သူအရင်က မြင်ခဲ့တာက ပီအဲလေးကို ၈ နာရီမှ ရှာတွေ့ရမှာပါ။အဲ့အချိန်ဆို ပီအဲ လေးက အသက်မရှိလောက်တော့ပါဘူး။

"ဗေဒင်ပညာ ဒီလောက်ထိ အစွမ်းထက်တာ သူများတွေ ဘယ်သိပါ့မလဲ။တစ်မိနစ်မှ မစောဘူး၊ တစ်မိနစ်မှ နောက်မကျဘူး"

လင်းဖန်ဟာ ပြောပြီး ခေါင်းခါယမ်းလိုက်ပါသည်။

All Chapters