← Chapters

ငါတကယ် စွဲဆောင်မူရှိလာပြီပဲ

Vol. 2 Ch. 19

ငါတကယ် စွဲဆောင်မူရှိလာပြီပဲ

Vol. 2 Ch. 19

ဆေးရုံတွင်။

"အဘွားရဲ့ မြေးလေးရယ် ၊ ကျေးဇူပြူပြီး ဘာမှ မဖြစ်ပါနဲ့ ကွယ် မဟုတ်ရင် အဘွား ဘာလုပ်ရမှန်းတောင် သိတော့မှာ မဟုတ်ဘူး"

အန်တီ ကျန်း ဟာကြမ်းပြင်ပေါ်ကို ထိုင်ပြီး ငိုနေခဲ့ပါတယ်။ဒီဟာတွေ အကုန်လုံးက သူမကြောင့် ဖြစ်တယ် ဆိုပြီး ကိုယ့်ကိုကို အပြစ်တင်နေခဲ့တာပါ။သူမရဲ့ မြေးမလေး သာတစ်ခုခု ဖြစ်မယ်ဆိုရင် ဘဝမှာ ဘယ်လိုဆက်ပြီး အသက်ရှင်ရမယ် ဆိုတာတောင် မတွေးရဲတော့ပေ။

"ငါ့သား၊ ပီအဲ လေးက အမေ့ကြောင့်ဒီလိူ ဖြစ်ရတာ အမေ့ကြောင့် ....."

* ငိုကြွေးသံ*

မြောင်ကျုံးရှင် ဟာ နံရံကို မှီကာ ထိုင်နေရင်း အတွေးနက်နေခဲ့ပါတယ်။လောလော ဆယ် သူ့အတွေးတွေ ဟာလည်း ရှုပ်ထွေးနေခဲ့ပါပြီ။သူ့သမီးလေး တစ်ခုခု ဖြစ်လို့ ဖုန်းဝင်လာတဲ့ အချိန်မှာ သူ့ နှလုံးခုန်သံ တွေဟာ ပေါက်ကွဲထွက်တော့မယ့် အတိုင်းပါပဲ။သူ့ သမီး ဟာ သူ့အတွက်တော့ ကမ္ဘာကြီး တစ်ခုလိုပါပဲ ၊ ဒီလို အဖြစ်မျိုးကို သူစိတ်တောင် မကူးခဲ့ပါဘူး။

"ဒါက အကုန် ငါ့အမှားတွေချည်းပဲ ငါသာ မာကျောက် သွားမကစားခဲ့ ရင် ဒီလို အဖြစ်မျိုးလုံးဝ ဖြစ်လာမှာ မဟုတ်ဘူး"

အန်တီ ကျန်း ကတော့ သူ့ကိုသူ ဆက်ပြီး အပြစ်တင်နေခဲ့ပါတယ်။သူမသာ အိမ်မှာ ရှိနေရင် ဂတ်စ် အိုးပိတ်ဖို့ မေ့နေရင်တောင်မှ ဒီလို အဖြစ်ဆိုး မျိုးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။

"အမေ သိပ်လည်း အပြစ်တင်မနေပါနဲ့ ၊ အကုန် အဆင်ပြေသွား မှာပါ"

အမှန်တော့ မြောင် ကျုံးရှင်းဟာ သူ့အမေကို အပြစ်တင်ချင်မိတာပါ ဒါပေမဲ့ သူ့အမေရဲ့ လက်ရှိ အနေအထား ကို ကြည့်ပြီး သူ့အမေကို အပြစ်မတင်နိုင် တော့ပါဘူး။

အချိန်အတော်ကြာတဲ့ အခါမှာ ဒေါက်တာဟာ အရေးပေါ် အခန်းမှ ထွက်လာခဲ့ပါတယ်။မြောင်ကျုံးရှင် နဲ့ သူ့အမေ ဟာ ဆရာဝန် ကို မြင်တဲ့ အချိန် မှာ အတင်းပြေးသွားပြီး ဆရာဝန် လက်ကို ညှစ်ကာမေးလိုက်ပါတယ်။

"ဒေါက်တာရေ ကျွန်မမြေးလေး အခြေနေ ဘယ်လိုရှိလဲ အဆင်ပြေရဲ့လား"

ဆရာဝန် ဟာ သူမကို သိပ်မကြည် တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး လေးနက်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်။

"ခင်ဗျား တို့ ကလေးကို ဘယ်လို ထိန်းကျောင်း နေတာလဲ၊ အဲလို အိမ်မှာ တစ်ယောက်ထဲ ထားခဲ့လို့ရလား........ဒါ ဘယ်လောက် အန္တရာယ် များလဲ ဆိုတာ မသိဘူးလား။အထူးသဖြင့် သူမက ငယ်ငယ်လေးပဲ ရှိသေးတာ တစ်ခုခုဖြစ်သွားပြီဆိုရင် နောင်တ ရရုံပဲ တတ်နိုင်တော့မယ်"

"ဟုတ် ဟုတ်ကဲ့ပါ ဆရာ"

မြောင် ကျုံးရှင်း နဲ့ အန်တီ ကျန်းဟာ ခေါင်းကို အမြန် ညိမ့်လိုက်ကြပြီး ဆရာဝန် ဆူတာကို သဘောတူစွာ ငြိမ်နေကြပါတယ်။

"ကံကောင်းချင်တော့ ခင်ဗျားတို့ ဒီကို ပို့တာ မြန်သွားတယ် ၊ အခု သိပ်စိတ်ပူစရာ မရှိတော့ဘူး

အကယ်၍ ၁၅ မိနစ် ၂၀ မိနစ်လောက်သာ နောက်ကျခဲ့ရင် အခြေနေတွေ ဆိုးရွားသွားနိုင်တယ်"

ဆရာဝန် ဟာ ဒီတာဝန်မဲ့ တဲ့ အုပ်ထိန်းသူတွေနဲ့ သိပ်အကြားကြီး စကားမပြောချင်ပါဘူး။ဒါကြောင့် ခပ်မြန်မြန်ပဲ စကားကို လက်စသပ် လိုက်ပါတယ်။

"ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျေးဇူးတင်ပါတယ်"

အန်တီ ကျန်း ဟာအားနည်းစွာ ပြောလိုက်ပါတယ်။သူမဟာ သတင်းကောင်းကို ကြားပြီးတဲ့နောက််မှာ အားကုန်စွာပဲ ကြမ်းပြင်ပေါ်ကို လှဲချလိူက်ပါတော့တယ်။မြောင် ကျုံးရှင်းဟာ လည်း ဒေါက်တာကို နောပ်ထပ် ကျေးဇူးတင်စကားပြောလိုက်ပြီး ၊ သူအမေဆီ လျောက်လာခဲ့သည်။

"အမေ ပီအဲလေးက အဆင်ပြေသွားပြီလေ၊ နောက်တစ်ခါ ဒီလို ကိစ္စမဖြစ်အောင် သားတို့ပိုပြီး အာရုံစိုက်မှ ရမယ်"

​

မြောင် ကျုံးရှင်း အတွက်ကတော့ သူ့သမီးက အရာရာတိုင်းပါပဲ။ဒီဖြစ်ရပ်က သူ့အတွက် သင်ခန်းစာတွေ အများကြီးရစေပါတယ်။သူ

ညဘက်တွေ ဆိုရင် အပြင်မထွက်ပဲ သူ့သမီးလေးနဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေ ဖြတ်သန်းဖို့တောင် ဆုံးဖြတ်ချက် ချပြီးပါပြီ။

"အန်တီ ကျန်း နောက်တစ်ခါတွေ ဆိုရင် မာကျောက် ကိုလျော့ ကစားသင့်ပြီနော်"

ဘေးနားမှာ ရှိနေတဲ့ အိမ်နီးချက်းတစ်ယောက်က ပြောလိုက်တာပါ။

"ငါ မကစားတော့ဘူး ၊ ငါ မာကျောက် ကို တစ်သက်လုံး မကစားတော့ဘူး"

အန်တီ ကျန်းဟာ ဆုံးဖြတ်ချက် ချပြီး သွားပါပြီ။သူမာ ကျောက် ကိုနောက်တစ်ခါ မဆော့ရဲတော့ပေ။

"ဒါပေမဲ့ သေချာ စဥ်းစားကြည့်ရင် ကောင်းကင်ဘုံကို ကျေးဇူးတင် သင့်တယ်နော်၊ အန်တီ ကျန်း မာကျောက်ကစားနေတုန်း တစ်ခုခုမူမမှန်တာ သတိထားမိခဲ့တယ်မလား၊ ကြည့်ရတာ နတ်ဘုရားတွေက ပီအဲ လေးကို ကူညီပေးနေတာ ဖြစ်နိုင်တယ်"

အိမ်နီးချင်း ဟာသေချာစဥ်းစားပြီး ပြောလိုက်တာပါ။ဒီစကားကို ကြားပြီး မြောင်ကျုံးရှင်း တောင် အံ့သြသွားခဲ့ပါတယ်။သူ့အမေ ဖြစ်သူ မာကျောက် ကို ဘယ်လောက်ထိ စွဲလမ်းလဲဆိုတာ သူအသိဆုံးပါ။တစ်ခုခု အရေးကြီးတာ မရှိပဲနဲ့ တော့ သူထိုင်ရာကနေ လုံးဝ မထတဲ့ လူစားမျိုးပါ။

အခု သူမက ဘယ်လိုမျိုး စိတ်ကူးရပြီး ထပြန်သွားတာလဲ..../?

အန်တီ ကျန်းဟာလည်း တစ်ခုခု သတိရသွားပြီး ​မြောင်ကျုံးရှင်း ရဲ့ လက်မောင်းကို ညှစ်ကာ ပြောပြလိုက်ပါသည်။

"သား ၊ ဒါတွေ အကုန်လုံး လင်းဖန် ကိုကျေးဇူးတင်ရမယ် ညနေတုန်းက သူပြောခဲ့လို့သာ မဟုတ်ရင် အမေဒီလို အတွေးမျိုး ဝင်မိမှာ မဟုတ်ဘူး"

အန်တီ ကျန်း ရဲ့စကားကြောင့် အိမ်နီးနား ချင်းတွေကလည်း စိတ်ဝင်စားသွားကြပါတယ်။

"အန်တီကျန်း ဒီကိစ္စက လင်းဖန် နဲ့ ဘယ်လို ပတ်သက်နေလို့လဲ"

"အမေ သူက ဒီနေ့ ညနေ ဘာပြောခဲ့လို့လဲ သားကို သေချားနားလည်အောင်ပြောဦး"

အန်တီ ကျန်းဟာလည်း သူတို့ကို သေချာ ရှင်းပြလိုက်ပါတယ်။

"ငါ ဒီနေ့ ပီအဲ လေးနဲ့ အတူလမ်းလျောက်ထွက်နေတုန်း လင်းဖန် အလုပ်ကနေ ပြန်လာတာကို တွေ့လို့ ငါတို့က နှုတ်ဆက်လိုက်တယ်။လင်းဖန် ပြောတာက သူ ဗေဒင် ကြည့်တတ်တယ်တဲ့ ပြီးတော့ ပီအဲ လေးက ဒီည မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ပြောတယ်၊ ဒါကြောင့် ညစာ စားတဲ့ အခါကျရင် အိမ်မှာ လုံးဝ မစားနဲ့တဲ့ အပြင်မှာ ပဲထွက်စားလို့ သူက ပြောတာ"

( ပီအဲ လေးက အန်တီ ကျန်း ဟင်းချက်ပြီး ပိတ်ဖို့ မေ့နေတဲ့ ဂတ်စ်အိုးကြောင့် ဓာတ်ငွေ့တွေကို ရူမိပြီး ဆေးရုံရောက်ရတာပါ၊ ဒါက မင်မင် အပိုပြောပြတာ😁)

အန်တီ ကျန်းက စကားကို ဆက်ပြီး ပြောလိုက်ပါတယ်။

"လင်းဖန်က ဂတ်စ်အိုး အကြောင်းကို မပြောခဲ့ပေမယ့် ၊ သူက အပြင်ထွက်ပြီး ထမင်းစားဖို့ပြောတယ် ဆိုကတည်းက သူ ဒါကို သိပြီး သားဖြစ်လိမ့်မယ်။အကြောင်းတစ်ခုခုကြောင့် သူတိုက်ရိုက်မပြောခဲ့တာ"

သူ့အမေ ပြောတာ ကြားပြီး တဲ့နောက်မှာ မြောင်ကျုံးရှင်းဟာ ကြောင်အနေခဲ့ပါတယ်။ဒါက ယုံကြည်ဖို့တောင် ခက်ခဲ လွန်းတဲ့ အရာပါ၊ အမှန်ဆိုရင် တကယ်ကို ကြောက်ဖို့ကောင်း လွန်းပါသည်။

"တကယ်ပြန်တွေးကြည့်ရင် ကြောက်ဖို့ အတော်ကောင်း တယ် ၊ ငါက မာကျောက်တစ်ပွဲပဲ ဆော့ရသေးတာ လင်းဖန် ပြောတဲ့ စကားတွေက ငါ့နားထဲမှာ ခနခန ပြန်ကြားယောင်နေခဲ့တယ်။ငါ တစ်ခုခု မှားနေပြီး ဆိုတဲ့ ခံစားချက်ကိူ ရနေပြီးတော့ အိမ်ကို ချက်ချင်းပြန်ဖို့ လိုတယ် ထင်နေမိတာ။ကံကောင်းလို့ ငါအိမ်ကို စောစော ပြန်ရောက်တာ မဟုတ်ရင် ဒီည ကိစ္စကို ထပ်တောင် မတွေးရဲတော့ဘူး"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ၊ လင်းဖန် ကဒီတိုင်း ပန်ကိတ် ရောင်းစားနေတာလေ သူ ဗေဒင် ဟော နိုင်တယ် ဆိုတာ ငါတို့တောင် မသိပါလား"

အိမ်နီးချင်း တွေဟာ အန်တီကျန်း စကားကို လုံးဝ မယုံကြည်နိုင် ဖြစ်နေကြပါတယ်။လင်းဖန်ကို သူတို့ သိပ်ပြီး မရင်းနှီးပေမဲ့လည်း အိပ်နီးချင်းတွေ ဖြစ်တဲ့ အတွက် သိကြသည်။

"သား ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ငါတို့ လင်းဖန် ကိုကျေးဇူးတင်ဖို့ လိုတယ် ၊ မဟုတ်ရင် အမေဒီလို ခံစားချက်မျိုးရမှာ မဟုတ်ဘူး။ပီအဲ လေးသာ တစ်ခုခု ဖြစ်သွားခဲ့ရင် အမေတို့ ဘဝတော့ သွားပြီပဲ"

အန်တီ ကျန်းဟာ သူ့သားကို ပြောလိုက်ပါတယ်။

မြောင်ကျုံးရှင်းဟာ ဗေဒင် ပညာကို အယုံအကြည်မရှိပေမဲ့ လည်း သူဒါကို ဘေးချိတ်ထားလိုက်ပါသည်။

"သား သိပါပြီ အမေ"

"လင်းဖန် ကြောင့် ငါတို့ ဒီလို အချိန်မှီ ဆေးရုံကို ရောက်နိုင်ခဲ့တာလေ၊ ဒီည ငါတို့ သူ့ကို သွားကျေးဇူးတင်သင့်တယ်။ငါ တို့ လက်ဆောင်လေးဘာလေး ယူသွားကြရင် ကောင်းမလား"

အန်တီ ကျန်း ဟာ ပိုပြီး စိတ်လှုပ်ရှား လာခဲ့ပါတယ်သူမ ရဲ့ စိတ်ထဲမှာ လင်းဖန် က လိမ္မာ ယဥ်ကျေးတဲ့ ကောင်လေးလို့ တောင် ပြန်မြင်လာခဲ့ပါပြီ။

"လင်းဖန် က ဓာတ် ငွေ အကြောင်းကို သိပေမယ့် ထုတ်မပြောဘူး ဆိုတာ ဘာကြောင့် ဖြစ်နိုင်မလဲ၊သူ ကောင်းကင်ဘုံ ရဲ့ အပြစ်ပေးခံရမှာကို ကြောက်လို့ ဖြစ်နိုင်မလား ။ငါ စာအုပ်တစ်ချို့မှာ ဖတ်ဖူးတာကတော့ အနာဂတ်ကို ကြိုတင် ဟောကိန်း ထုတိးတဲ့ လူသားတွေဟာ ကောင်းကင်ဘုံရဲ့ စည်းမျဥ်းတွေ ကို ချိုးဖောက် လို့ မရဘူးလို့ ဖော်ပြထားတာ တွေ့ရတယ်။ဒီလိုမျိုး ဆက်တိုက် လုပ်ရင် သက်တမ်းကို တောင် လျော့ကျစေနိုင်တယ်တဲ့၊ တကယ်ဟုတ်လားတော့ ငါလညိး သေချာမသိဘူး"

အနီးအနားက လူတွေဟာ လည်း သဘောတူညီစွာနဲ့ ခေါင်းညိမ့်လိူက်ကြပါတယ်။သူတို့ အားလုံးဒါဟာ ဖြစ်နိုင်ခြေရှိတယ် လို့ တွေးနေကြတာပါ။

"အန်တီ ကျန်း က မာကျောက် ကစားရင် အမြဲတမ်း သေချာ စဥ်းစားတတ်တယ်လေ၊ လင်းဖန် က ဒီအချက်ကို သုံးပြီး အန်တီကျန်း စောစော အိမ်ပြန်အောင် လုပ်လိုက်တာရော ဖြစ်နိုင်မလား"

"လင်းဖန် တကယ် အရည်းအချင်း ရှိမရှိတော့ ငါမသိဘူး၊ မနက်ဖြန်ကျရင် သူ့ဆီကို တစ်ချက်သွားကြည့်ရမယ်"

အိမ်နီးချင်းတွေဟာ ဆက်ပြီးတော့ အားရပါးရ စကားပြောနေကြပါတယ်။သူတို့ပိုပြီး ပြောလေလေ လင်းဖန်ကို ပိုပြီး သဘောကြလေလေပါပဲ။သို့ပေမယ့် သူတို့ပြောနေတဲ့ စကားတွေထဲမှာ တကယ်မှန်နေတဲ့ အကြောင်းအရာ တွေလည်း ရှိပါတယ်။လင်းဖန် တကယ်ကိူ ကောင်းကင်ဘုံ အပြစ်ပေးတာကို ခံရတော့မလို့ပါ။

"သား ၊ သူတို့ပြောတာ ကြားတယ်မလား ငါတို့ လင်းဖန်ဆီကိူ အမြန်သွားပြီး ကျေးဇူးတင်သင့်တယ်"

အန်တီ ကျန်း ဟာ သူ့သားကို အမြန်ပြောလိုက်ပါတယ်။

"အမေ ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ၊ အချိန်ကိုလည်း ကြည့်ဦးလေ၊ သူလည်း အိပ်နေလောက်ရောပေါ့ ပြီးတော့ ပီအဲ လေးကိုလည်း ဂရုစိုက်ပေး ရဦးမယ်လေ။ မနက်ဖြန် မနက်မှ သွားကြရင် ရော ဘယ်လိုလဲ"

မြောင်ကျုံးရှင်း ဟာ သူ့အမေ လက်ခံအောင် သေချာ ပြန်ပြောလိုက်ပါတယ်။

မြောင်ကျုံးရှင်း ဟာအစက လင်းဖန် ပြောခဲ့တဲ့ အကြောင်းကို သိပ်အလေးအနက်မထားပါဘူး။သို့ပေမယ့် အိမ်နီးချင်းတွေ ရဲ့ ဆွေးနွေးနေတာကို နားထောင်ပြီး တော့ သဘာဝလွန် ဖြစ်ရပ်တွေကို နည်းနည်း ယုံကြည်လာခဲ့ပါပြီ။

သူ့အမေ မာကျောက် ဆော့နေတုန်း ဒီလို တစ်ဝက်တစ်ပျက်နဲ့ ထပြန်လာတယ် ဆိုတာက အရင်တုန်းက ထုံးစံ မရှိခဲ့ပေ။

သူတို့လင်းဖန် အကြောင်း ပြောနေတာ တွေက တကယ်ဖြစ်နိုင်မလား....?

သူတို့ ပြောနေသလို လူတစ်ယောက်ရဲ့ ကံကြမ္မာကိုဟောပေးလို့ သက်တမ်းကို လျော့ချ ခံရတယ်ဆိုတာ ကို တွေးကြည့်လိုက်တဲ့ အချိန်မှာ သူအနည်းငယ် နောင်တ ရသလို ခံစားလိုက်ရပါတယ်။သူ စိတ်တိုပြီး လင်းဖန်ကို ကန်ခဲ့မိတာပါ။ဒါပေမဲ့ လင်းဖန်ကတော့ စိတ်သဘောကြီးစွာနဲ့ သူ့သမီးလေးကို ကူညီးပေးခဲ့ပါတယ်။

"ဘယ်လောက်တောင် မြင့်မြတ်တဲ့ စိတ်ထားလဲ"

..............

အဲ့ အချိန်မှာတော့ လင်းဖန် ဟာအိပ်ယာ ထဲမှာ လှဲနေပြီး မှန်တစ်ချက်ကို လက်က ကိုင်ကာ သူ့ရုပ်သူပြန်ကြည့် နေခဲ့ပါတယ်။

" အနာဂတ်ကို ဟောတဲ့ ဗေဒင် ပညာက တကယ်အစွမ်းထက်တာပဲ"

သူ့ရဲ့ ဗေဒင် ဟောတဲ့ ပညာက သိပ်ပြီး မကျွမ်းကျင်သေးတာ စိတ်ပျက်စရာပါပဲ။သို့ပေမယ့် သူ့ရုပ်သူ မှန်နဲ့ ပြန်ကြည့်ရင်း သဘောတွေ ကျနေခဲ့ပါတယ်။

မနက်ဖြန်ဆိုရင် သူ့ရဲ့ ဗေဒင်ဟောကြားမယ့် စွန့်စားခန်းအတွက် ကြိုးစားရဦးမှာပါ။ဒီ တစ်ခါကတော့ အောင်မြင်ကျော်ကြားပြီး ၊ လူအများက လေးစားရတဲ့ ဗေဒင်ဆရာ တစ်ယောက်ဖြစ်ရမှာ ဆိုတော့ သိပ်ပြီး မလွယ်ကူလှပါဘူး။သို့ပေမဲ့ လည်း လင်းဖန်ဟာ ဒီအလုပ် အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။သူကျရှုံးဖို့ ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းလှပေသည်။

ခနကြာတဲ့ အခါမှာတော့ လင်းဖန်ဟာ ရင်ဘတ်ပေါ် မှန်ကြီး တင်ပြီး အိပ်ပျော်သွားခဲ့ပါတော့တယ်။

All Chapters