← Chapters

"သူပုန်စခန်း၏ မဟာခေါင်းဆောင်ကြီး"

Vol. 6 Ch. 80

"သူပုန်စခန်း၏ မဟာခေါင်းဆောင်ကြီး"

Vol. 6 Ch. 80

သူမ၏အနီရောင်ဆံပင်များမှာ လေထဲတွင်တောက်လောင်နေသော မီးတောက်များကဲ့သို့ပင်။ သူမဝတ်ဆင်ထားသော ချပ်ဝတ်ပေါ်တွင် ရှေးကျသောမှော်သင်္ကေတများစွာရေးထိုးထားပြီး ချပ်ဝတ်မျက်နှာပြင်တွင်လည်း မှော်စွမ်းအင်များစွာလှည့်လည်စီးဆင်းနေသည်ကိုတွေ့ရသည်။ အဖြူရောင် လယ်သာဖိနပ်မှာ သူမ၏ ဒူးအထိနွယ်ပင်များကဲ့သို့ ရစ်နွယ်ထား၏။ သူမ၏ ချောမွေ့သော ပေါင်တံများမှာ ပေါ်လွင်နေပြီး သွယ်လျကာ လှပလျှက်ရှိ၏။ နှင်းကဲ့သို့ပင် ဖြူဖွေးနေကာ အသက်ရှူမှားနိုင်လောက်အောင်ပင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သူမ၏ ခါးမှာလည်းသေးသွယ်နေပြီး လက်နှစ်ဖက်ထဲဖြင့်ပင် ဆုပ်ကိုင်နိုင်သည်ဟုထင်ရသည်။ သူမ၏ ရင်သားများမှာ ဝတ်ဆင်ထားသောလယ်သာချပ်ဝတ်အောက်တွင်ပင် ထင်ရှားနေဆဲပင်။ သူမ၏ ထူးကဲစွာလှပသည်မျက်နှာမှာ စိုက်ကြည့်မိသူကို အပြစ်မကင်းသလိုပင်ခံစားရစေသည်။

သူမမှာ အန်ဒယ်လ်လီရှာ-အယ်လီနာပင် ဒိုင်ယာဘလိုကမ္ဘာတစ်ခုလုံးရှိ အမျိုးသမီးစစ်သည်များထဲတွင်အလှဆုံး ပန်းလေးတစ်ပွင့်ဖြစ်သည်။

သူမ အချိန်နှင့်နေရာကို ဖြတ်သန်းခရီးသွားလာပြီး ပေါ်တယ်အတွင်းမှ တိတ်တဆိတ်ထွက်လာကာ နန်းတော်ခန်းမဆောင်အတွင်းသို့ရောက်လာပြီး ဖှေးအရှေ့တွင်ရပ်နေလိုက်သည်။

အယ်လီနာ၏ အလှမှာ ပွင့်လန်းလာပြီဖြစ်သည်။

အေဒရီရယ် အ​ကြောက်တရားများရဲ့ သခင်ကြီး ဒိုင်ယာဘလိုနှင့် ချစ်ကြိုက်မိကာ မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည့် အချိန်မှစပြီး အချိန်အတန်ကြာသည်အထိ မည်သူမျှဒိုင်ယာဘလိုကမ္ဘာတွင် အလှဆုံးပန်းဟူသော ဂုဏ်ပုဒ်ကို သုံးနုန်းလေ့မရှိကြတော့ပေ။ သို့သော်ထိုအရာမှာ အယ်လီနာ မမွေးခင်အချိန်ထိသာဖြစ်သည်။ ဤငယ်ရွယ်သော အမျိုးသမီးစစ်သည်မှာ အေဒရီရယ်အား နှိမ်နင်းသတ်ဖြတ်ပြီးနောက်တွင် သူမ၏အလှတရားနှင့် ရဲရင့်မှုတို့ကြောင့် ကျော်ကြားလာခဲ့တော့သည်။

"မစ်စတာ ဖှေး အသင့်ရဲ့ဆင့်ခေါ်မှုက်ို သူပုန်စခန်းကနေ ကြားလိုက်ပါတယ်...." ဒိုင်ယာဘလိုကမ္ဘာမှ ဘုရင်များကိုအရိုအသေပေးသည့်နည်းအတိုင်း အယ်လီနာဖှေးအားအရိုသေပေးလိုက်သည်။ "ကျွန်မကို လုပ်ခိုင်းစရာတစ်ခုခုရှိလို့လား......"

"အယ်လီနာ ငါ့ကို ဒီကရှေ့လျှောက် အလတ်ဇန္ဒားလို့ပဲ စခေါ်နိုင်တယ်..." ဖှေးသူ့ဘေးရှိ ကျောက်ထိုင်ခုံတစ်လုံးက်ို ညွှန်ပြလိုက်ပြီး ပြုံးကာပြောလိုက်သည်။ "ထိုင်ပါဦး...အခြေအနေဘယ်လိုရှိလဲ...ခေါင်းဆောင်ခက်ရှာနဲ့ သူတော်စဥ် အာကာရာတို့ကို ဒီကမ္ဘာနဲ့ပတ်သက်တဲ့အ​ကြောင်းအရာတွေကို ပြန်ပြောပြပြီးပြီမလား..."

"ဟုတ် အရှင့်ရဲ့အမိန့်အတိုင်း ခေါင်းဆောင်နှစ်ယောက်ကိုအ​​ခြေအနေတွေပြန်တင်ပြပြီးပါပြီ အရှင်အလတ်ဇန္ဒား....

အယ်လီနာ "အလတ်ဇန္ဒား"ဟူသော နာမည်အား လျှင်မြန်စွာပင် နေသားတကျသုံးနှုန်းတတ်လာသည်။ သူမလွန်ခဲ့သည့် ဆယ်ရက်ခန့်က ဖှေး၏ မတော်တဆ ဆင့်ခေါ်လိုက်မိမှုကြောင့် ဤကမ္ဘာသို့ရောက်လာခဲ့စဥ်က ဤတိုက်၏တိတ်ဆိတ်ငြိမ်သက်မှုနှင့် လှပမှုတို့ကြောင့် အယ်လီနာတစ်ယောက် အံ့သြမင်သက်ခဲ့ရသည်။ မကောင်းဆိုးဝါးများ နတ်ဆိုးများလဲမရှိပေ။ ငရဲပြည်မှ နတ်ဆိုးစွမ်းအားများကျူးကျော်ဝင်ရောက်လာမှုကြောင့် ပတ်ဝန်းကျဥ်ညစ်ညမ်းနေမှုများလည်း မရှိပေ။ လေထုမှာ သန့်စဥ်နေပြီး ရေချိုရေသန့်များမှာ ပေါကြွယ်ဝလှသည်။ တောင်တန်းကြီးများမှာ လန်းဆန်းသောသစ်ပင်များနှင့်အတူ စိမ်းစိုနေလျှက်ရှိ၏။ ဤနေရာတွင် မြင်ရသည့်အရာတိုင်းလိုလိုပင် အယ်လီနာအား အံ့သြမင်သက် လန်းဆန်းစေသည်။ ထို့ကြောင့်အယ်လီနာဤကမ္ဘာသို့ရောက်လျှင်ရောက်ခြင်းပင် သဘောကျနှစ်ခြိုက်ခဲ့သည်။

လွန်ခဲ့သည့် ၁၀ရက်အတွင်းတွင်သူမ တစ်နေ့လျှင် ၄နာရီခန့် ချမ်းဘော့ဒ်သို့လာရောက်ပြီး အရာအားလုံးကိုလေ့လာနေခဲ့သည်။ ဤကမ္ဘာ၏စည်းမျဥ်းများ၊ ဖှေး၏ ကိုယ်ရေးကိုယ်တာအချက်လက်ကိစ္စများ၊ ချမ်းဘော့ဒ် တိုင်းပြည်၏ အ​ခြေအနေ စသည်တို့ဖြစ်သည်။ သူမအရာအားလုံးခန့်လေ့လာပြီးချိန်တွင် ဖှေး၏ခွင့်ပြုချက်ဖြင့် အယ်လီနာသူမသိရှိသည်များကို [သူပုန်စခန်း]၏ ခေါင်းဆောင်နှစ်ဦးဖြစ်သော သူတော်စဥ်အာကာရာနှင့် ခက်ရှာတို့ထံ ပြန်လည်တင်ပြခဲ့၏။

"အေး...ကောင်းတယ်.....အခုလိုကြိုးစားပေးတဲ့အတွက်ကျေးဇူးပါပဲ.....ခနနေရင် လူတစ်ယောက်က နင့်ကို နေရာတစ်နေရာကိုခေါ်သွားလိမ့်မယ်...အဲ့နေရာက်ို အသေချာလေးလေ့လာခဲ့ပြီး နင့်ရဲ့ရှာဖွေတွေ့ရှိချက်တွေကို ပြန်ပြောပြပေး...."ဖှေး အယ်လီနာ၏ ရှေ့တွင် ဘုရင်တစ်ပါးကဲ့သို့လုံးဝမပြုမူချေ။ သူအယ်လီနာကို ပန်းသီးတစ်လုံးကမ်းပေးကာ ပြုံးပြီးပြောလိုက်သည်။ "ခေါင်းဆောင်ခက်ရှာနဲ့ သူတော်စဥ်အာကာရာတို့ကရော ငါ့ရဲ့တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးဆုံးဖြတ်ချက် ချပြီးသွားပြီလား...."

"သူတို့နှစ်ယောက်လုံးသဘောတူကြပါတယ်....ခေါင်းဆောင်အာကာရာကတော့ ချမ်းဘော့ဒ်က သူပုန်စခန်းကို အစားရေစာနဲ့ပတ်သက်ပြီး အကူညီပေးနိုင်ဖို့မျှော်လင့်နေတယ်...." အယ်လီနာ အံ့သြသွားသည်။ သူမဖှေးလက်ထဲမှ ပန်းသီးကိုလျှင်မြန်စွာယူလိုက်ပြီး သူမ၏မျက်နှာအနဲငယ်နီရဲသွားကာ ခေါင်းငုံ့ပြီးပြန်ဖြေလိုက်သည်။

"အစားစာလား.....ငါ ဒိုင်ယာဘလိုကမ္ဘာကို အစားစားတွေပြန်ယူသွားလို့ရမရအရင်ကြည့်ရဦးမယ်....." ဖှေး တွေးပြီးပြောလိုက်၏။ "ငါအဲ့ကိစ္စကိုနောက်မှ သူတို့နဲ့တိုက်ရိုက်ဆွေးနွေးတာပေါ့......"

ထိုအချိန်တွင် နန်းတော်ဆောင်အပြင်ရှိ အစောင့်များမှာ ထောင်မှူးအိုလတ်ဂ်ရောက်လာပြီဖြစ်ကြောင်းနှင့် အပြင်တွင်စောင့်နေကြောင်း အော်ဟစ်လျှောက်တင်လိုက်ကြ၏။

"သူ့ကို ဝင်ခဲ့ခိုင်းလိုက်..."

ဖှေးပြောပြောပြီးချင်းတွင် အိုလတ်ဂ် စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာတော့သည်။ သူ၏မျက်နှာမှာ နီရဲနေပြီး ပျော်ရွှင်ဖွယ်ကိစ္စတစ်ခုခုဖြစ်ခဲ့သည့်ပုံရ၏။ အိုလတ်အထဲသို့ရောက်ရောက်ခြင်းပင် ဒူးထောက်လိုက်ပြီး ဖှေးကိုအရိုသေးပေးလိုက်သည်။ ထို့နောက်တွင် ဝမ်းသာအားရလျှောက်တင်လိုက်သည်။ "ကျွန်တော်အရှင်မင်းကြီးကို လျှောက်တင်ဖို့လာတာပါ....သတင်းကောင်းပါအရှင်မင်းကြီး....အကျဥ်းထောင်အသစ် ဆောက်လုပ်ပြီးစီးသွားပါပြီ။ အခုချက်ချင်းပဲ စတင်အသုံးပြုလို့ရပါပြီ အရှင်မင်းကြီး...."

သူလျှောက်တင်နေရင်းဖြင့်ပင် ဘေးတွင်ထိုင်နေသည့် အယ်လီနာကိုသတိထားလိုက်မိသည်။ သူ၏ နှလုံးသားမှာ ထိုအမျိုးသမီးစစ်သည်၏ အလှတရားကြောင့် ပြင်းထန်စွာကိုင်လှုပ်ခြင်းခံလိုက်ရ၏။ သို့ရာတွင် အိုလတ်ဂ်တွင် မကောင်းသည့်အကြံစည်များမရှိချေ။ ပထမအချက်အနေဖြင့် ဤအမျိုးသမီးသည် ဘုရင်အလတ်ဇန္ဒားနှင့် အလွန်ရင်းနီးသောဆက်ဆံရေးတစ်ခုရှိနေသည်ကို အိုလတ်ဂ်သတိထားလိုက်မိ၏။ ထို့အပြင် ထိုအမျိုးသမီး၏ စွမ်းအားများမှာ သူ၏ ကြယ်တစ်လုံးအဆင့်စွမ်းအားများထက်လည်း များစွာသာလွန်နေသည်ကိုလည်း သတိထားမိသည်။ သူမဝတ်ဆင်ထားသော ချပ်ဝတ်၏ တန်ဖိုးကြီးမားအစွမ်းထက်သည်ကိုလည်း ကြည့်ရုံဖြင့်ပင်သိရှိနိုင်သည်။ ထိုကြောင့်ပင် အိုလတ်ဂ်မတော်တရော် ညစ်ပတ်သည့်အတွေးများ လုံးဝပင်မတွေးရဲချေ။

အိုလတ်ဂ်၏ လျှောက်တင်ချက်ကိုကြားရသောအခါ ဖှေးကျေနပ်စွာဖြင့် ခေါင်း​ငြိမ့်လိုက်ပြီး ပြောလိုက်သည်။ "ကောင်းတယ်...မင်းတော်တော်ကောင်းကောင်းမွန်မွန်ဆောင်ရွက်ခဲ့တာပဲ...ငါစိတ်အေးသွားပြီ...အခုထောင်စောင့်တွေခေါ်ပြီးတော့ အကျဥ်းသားတွေကို အကျဥ်းထောင်အသစ်ကို ရွေ့ပြောင်းဖို့ပြင်တော့....ဒီနေကစပြီး မြေအောက်လိုဏ်ဂူကို အသေပိတ်ထားလိုက်....ဘယ်သူမှ ငါ့ခွင့်ပြုချက်မပါပဲ အထဲကိုမဝင်စေနဲ့......"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး...အရှင့်အမိန့်က ကျွန်တော့အသက်ပါပဲ...." အိုလတ်ဂ်ဖှေး၏ ချီးကျူးခြင်းကိုခံရသဖြင့် ပျော်ရွှင်သွား၏။ သူ၏ သစ္စာရှိမှုကို သက်သေပြရန်အတွက် ကျယ်လောင်စွာအော်ဟစ် လျှောက်တင်လိုက်သည်။

"နောက်တစ်ခုရှိသေးတယ်။ ဒီက မစ်စ် အယ်လီနာက ငါ့ရဲ့.....သူငယ်ချင်းတစ်ယောက်။ ဖှေးပြောလိုက်သည်။ "မင်း အကျဥ်းသားတွေကို ရွှေ့ပြောင်းလို့ပြီးပြီဆိုရင် မြေအောက်ရေ သံမဏိအကျဥ်းထောင်ထဲကို လေ့လာဖို့ခေါ်သွားလိုက်ပါ။ ဒါပေမယ့် ဘာမေးခွန်းမှတော့ မမေးနဲ့ ဟုတ်ပြီလား...သူမလေ့လာလို့ပြီးသွားပြီဆိုရင် မင်းတစ်ယောက်တည်း ငါ့နန်းတော်ဆောင်ကိုပြန်လာခဲ့ ငါမင်းကိုဆုလာဘ်ကြီးကြီးတစ်ခုပေးစရာရှိတယ်....."

"ဘုရားသခင်ကို ကောင်းချီးပေးပါစေ အရှင်မင်းကြီး"ဆုလာဘ်များပေးမည်ဟု ကြားလိုက်ရသောကြောင့် အိုလတ်ဂ်အတိုင်းမသိဝမ်းသာသွားသည်။ ဘုရင်နှင့်မကြာခနတွေ့ဆုံပြီးနောက်တွင် အိုလတ်ဂ်ဘုရင်၏ စိတ်နေသဘောထားများက်ို ကောင်းသွာသိရှိနားလည်နေပြီဖြစ်သည်။ ဘုရင်မှ ဆုလာဘ်များပေးမည်ပြောလာပါက ထိုဆုလာဘ်များမှာ အလွန်တန်ဖိုးကြီးမည်မှာ သေချာ၏။ ထို့နောက်တွင် ဖှေးကို မြှောက်ပင့်မှုများဖြင့် လွှမ်းခြုံသွားတော့သည်။

"အယ်လီနာ သူနဲ့လိုက်သွားလိုက်...အဲ့နေရာက တော်တော်လေးထူးဆန်းတယ်...နင်အဲ့နေရာမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုကိုတွေ့ရလိမ့်မယ်....ဒါမယ့် အဲ့သံမဏိတံခါးအနောက်ကိုတော့ မသွားသေးနဲ့ဦး...."

အယ်လီနာ မက်တပ်ရပ် ခေါင်းငြိမ့်ပြီး အိုလတ်ဂ်နှင့် အတူ ဘုရင့်၏နန်းတော်ဆောင်မှ ထွက်ခွာသွားတော့သည်။

သူတို့နှစ်ယောက်သား နန်းတော်အတွင်းမှထွက်ခွာသွားသည်ကို ကြည့်ရင်းဖှေး သူ၏မေးစေ့ကို ပွတ်ကာ ငြိမ်သက်နေ၏။ ယခုရက်ပိုင်းတွင် လုပ်စရယကိစ္စများမှာ များပြားလှသည်။ သူသည် ဘတ်စ်နှင့် ဘရွတ်တ်ို့ကို အာဏာကုန်ပေးကာခိုင်းစေထားသော်လည်း ဖှေးတစ်ယောက်အလုပ်များနေပြီး အသက်ရှူချိန်ပင်မရသကဲ့သ်ို့ပင်။

လေထုထဲတွင် သင်းပျံ့သောရနှံ့တစ်ခု ပျံ့နှံ့နေတုန်းပင်။ ဤသည်မှာ အယ်လီနာရှိစဥ်က ကျန်ရှိနေခဲ့သော သူမ၏ ကိုယ်သင်းနံ့ပင်။

ရွှေရောင်နေအလင်းရောင်သည် ပြတင်းပေါက်မှတဆင့် နန်းတော်ခန်းမဆောင်အတွင်းတွင်တောက်ပလျှက်ရှိ၏။ ဖှေး သင်းပျံ့သောရနှံ့ကို ခံစားရင်း လွန်ခဲ့သည့် ၁၂ရက်က ဖြစ်ခဲ့သည့်ကိစ္စများကို ပြန်တွေးလိုက်မိ၏။

.............

.............

လွန်ခဲ့သည့် ၁၂ရက်ခန့်ကဖြစ်သည်။

ဖှေး အမျိုးသားဝတ်စုံဒီဇိုင်း၅မျိုးနှင့် အမျိုးသမီးသမီး ဝတ်စုံဒီဇိုင်းမျိုးနှင့် အတူ အန်ဂျယ်လာအား ဘရာစီယာဒီဇိုင်းရေးဆွဲပြကာ ကြောက်လန့်ထွက်ပြေးစေခဲ့အပြီးတွင် ဘာမှလုပ်သရာမရှိဖြစ်နေခဲ့သည်။ ထို့ကြောင့် သူ၏ခေါင်းထဲမှ အေးစက်စက်အသံနှင့် ဆက်သွယ်ပြီး ဒိုင်ယာဘလို ကမ္ဘာသို့ ဝင်ရောက်ရန်ပြုမူခဲ့သည်။

ဒိုင်ယာဘလို ကမ္ဘာ [သူပုန်စခန်း]တွင်ဖြစ်သည်။

ဖှေး သူပုန်စခန်းထဲသို့ဝင်လျှင်ဝင်လိုက်ခြင်း သူ့အားလက်ခုပ်တီး အားပေးသံများဖြင့် လွှမ်းခြုံသွားတော့သည်။ ဘေးပတ်ဝန်းကျဥ်သို့ လှည့်ပတ်ကြည့်လိုက်ရာ သူတော်စဥ် အာကာရာ၊ ခေါင်းဆောင်ခက်ရှာနှင့် စခန်းအတွင်းမှလူများ သူယခင်ရှိနေစဥ်က ဒူးထောက်နေကြရာမှ ယခုသူပြန်ရောက်လာချိန်တွင် ခုန်ထကာ အားပေးအော်ဟစ်နေသည်ကို ဖှေးအံ့သြဖွယ်တွေ့လိုက်ရတော့သည်။

"​နောက်ဆုံးတော့ အသင်ပြန်ရောက်လာပြီပဲ မစ်စတာဖှေး..."

အပြုံးတစ်ခု အာကာရာ၏မျက်နှာပေါ်တွင် ပေါ်လာတော့သည်။ ခတ်ရှာနှင့် တစ်ခြားလူများလည်း ဖှေးအား စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းကြည့်နေကြသည်။

"အမ်...ဘာတွေဖြစ်ကုန်တာလဲ....."

"မစ်စတာဖှေး အသင်က နတ်ဆိုးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အေဒရီရယ်ကိုသတ်ဖြတ်လိုက်ပြီး သူပုန်စခန်းကနေ အရှေ့ဘက်ကိုသွားရာလမ်း ပွင့်စေခဲ့လို့ ဘိုးဘွားတွေရဲ့သစ္စာစကားအရ အသင့်ကိုသူပုန်စခန်းရဲ့ မဟာခေါင်းဆောင်အဖြစ်တင်မြှောက်ကြတာပါ...." ဘေးတွင်ရှိနေသော အယ်လီနာမှ ရှင်းပြလိုက်သည်။

"ငါက အခု သူပုန်စခန်းရဲ့ ခေါင်းဆောင်ဖြစ်သွားပြီလား....."

ဖှေးအံ့သြ မင်သက်သွားသည်။ ထိုကဲ့သို့သော ကိစ္စမှာ မူရင်းဂိမ်းထဲတွင် မရှိချေ။ ​ဖှေး ဘေးပတ်လည်ရှိ အာကာရာနှင့် ခက်ရှာတို့ကိုကြည့်ပြီးမေးလိုက်သည်။ သူ၏ပျော်ရွှင်နေသော အမူရာကိုလုံးဝဖုံးကွယ်ထားခြင်းမရှိပေ။

"အဲ့တာအမှန်ပဲလား ကျွန်တော်ကတကယ်ပဲ သူပုန်စခန်းရဲ့ မဟာခေါင်းဆောင်ကြီးဖြစ်သွားပြီလား....."

"ဟုတ်ပါတယ်...အမှန်ပါပဲ...."

အာကာရာမှာ ဖှေး၏ အရှက်မရှိပျော်ရွှင်နေသောအမူအယာကြောင့် စောက်မြင်ကပ်ကာ ပိတ်ရိုက်ချင်နေသော်လည်း....သူတို့၏ ဘိုးဘေးများမှာကြားခဲ့သောကိစ္စဖြစ်သဖြင့် သည်းခံကာ စိတ်ရှည်ရှည်နှင့်ရှင်းပြ၏။

ခတ်ရှာနှင့် ချယ်စီတ်ို့ကလဲ အတည်ပြုရန်ခေါင်းငြိမ့်ပြ၏။

"ဟားဟား ဒါဆိုငါက အာကာရာစီကနေ ဆေးပုလင်းတွေ စာလိပ်တွေကို ပိုက်ဆံပေးဝယ်စရာမလိုတော့ဘူးပေါ့....နောက်ပြီး ချယ်စီစီကနေ လက်နက်တွေ ချပ်ဝတ်တွေဝယ်ဖို့ ပိုက်ဆံမပေးရတော့ဘူးပေါ့နော်....." ဖှေး၏ အရှက်မရှိသောအကြံမှာ ခေါင်းဆောင်ဖြစ်ဖြစ်ချင်းပင်ဝင်ရောက်လာတော့သည်။

သို့သော်.....

"အဲ့တာကတော့မဖြစ်နိုင်ဘူး....ဘိုးဘွားတွေက မှာကြားသွားခဲ့တောင် ခေါင်းဆောင်က စခန်းထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကို အလကားယူလို့မရပါဘူး....ခေါင်းဆောင်မှာ စခန်းထဲကလူတွေအကုန်လုံးကို အမိန့်ပေးခိုင်းစေခွင့်၊ ဖမ်းချုပ်ခွင့်တွေရှိပါတယ်....ဒါမယ့်ခေါင်းဆောင်ကလဲ စခန့းခဲက လူတွေအတွက်တိုက်ခိုက်ပေးရမှာပါ စခန့းထဲက သက်ရှိမှန်သမျှက်ိုလဲ ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်....ဒါမယ့် ကျွန်မတို့ရဲ့လေးစားမှုကို ပြတဲ့အနေနဲ့တော့ ပစ္စည်းတွေကို တစ်ဝက်လျှော့စျေးနဲ့အခုချိန်ကစပြီး ဝယ်နိုင်မှာဖြစ်ပါတယ်...." အာကာရာ အံကြိတ်ပြီး ရှင်းပြလိုက်သည်။

"ဟမ် တစ်ဝက်စျေးပဲရမှာလား......" ဖှေးစိတ်ပျက်သွားသည်။ သို့သော် ဖှေးခေါင်းငြိမ့်ပြီး သဘောတူလိုက်ရတော့သည်။ "စျေးကြီးနေတုန်းဖြစ်ပေမယ့် တစ်ဝက်စျေးနဲ့ရတာလဲ မဆိုးပါဘူးလေ...."

"ဂုဏ်သရေရှိ ပုဂ္ဂိုလ်ဖှေး ကျွန်​တော် တို့က ဘိုးဘွားတွေသွေးသစ္စာပြုခဲ့တဲ့ အခန်းနားကို စတင်တော့မှာပါ...အဲ့အခန်းနားပြီးတာနဲ့ အသင်က သူပုန်စခန်းရဲ့ တရားဝင်ခေါင်းဆောင်တစ်ဦးဖြစ်သွားပါပြီ။" မုတ်ဆိတ်ဖြူနှင့် အဖိုးကြီးကိန်းလူအုပ်ထဲမှနေ၍ တောင်ဝှေးတစ်ချောင်းဖြင့် ထွက်လာကာ ဖှေးအား အရိုသေပေးလိုက်သည်။ "သူပုန်တိုက်မှာရှိတဲ့ ဒဏ္ဍာရီတွေအရဆိုရင် မဟာခေါင်းဆောင်တွေက ဘုရားသခင်ကပေးတဲ့စွမ်းအား သုံးခုကို ပိုင်ဆိုင်ရမှာပါ....ကျွန်တော်တို့အခန်းနားကို အမြန်ဆုံးစလိုက်ရအောင်...."

ဒိုင်ယာဘလိုကမ္ဘာရှိအရာအားလုံးသည် သူမသိသည့်လာရားဘက်သို့ ဦးတည်နေကြောင်း ဖှေးသတိထားလိုက်မိ၏။

All Chapters