← Chapters

"နတ်ဘုရားပေးသော အစွမ်း [ဆင့်ခေါ်ခြင်း]"

Vol. 6 Ch. 81

"နတ်ဘုရားပေးသော အစွမ်း [ဆင့်ခေါ်ခြင်း]"

Vol. 6 Ch. 81

နတ်စဥ်အောက်တွင် ဖြစ်သည်။

"မစ် အာကာရာ သူအပေါ်မှာ တစ်ခုခုများဖြစ်နေပြီလားမသိဘူး။ ၃နာရီတောင်ကြာနေပြီ......" နတ်စဥ်တစ်ခုလုံးမှာ အဖြူရောင်အလင်းတန်းကြီး ဖုံးလွှမ်းတောက်ပနေသည်ကို မြင်ရသဖြင့် အယ်လီနာ၏ မျက်နှာပေါ်တွင် စိတ်ပူသည့်အမူအယာပေါ်ပေါက်လာတော့သည်။ ထို့ကြောင့်ပင် စိတ်ပူစွာဖြင့် သူတော်စဥ်အာကာရာအား မေးလိုက်မိသည်။

"စိတ်မပူပါနဲ့ အယ်လီနာ....အဲ့တာက ငါတို့ဘိုးဘေးတွေနဲ့ နတ်ဘုရားရဲ့အစွမ်းတွေပါ...."

အာကာရာသူမ၏ဘေးတွင်စိတ်ပူနေသော အယ်လီနာအား ကြည့်ပြီးပြုံးလိုက်မိသည်။ ထို့နောက်တွင်အယ်လီနာအား ဖှေးတစ်ခါမှမြင်ဖူးခဲ့ခြင်းမရှိသည့် ကြင်နာသောအမူအယာဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"သူပုန်တိုက်ရဲ့ ဒဏ္ဍာရီတွေထဲမှာ အလှဆုံးလို့သက်မှတ်ထားကြတဲ့ အမျိုးသမီးသူပုန်တိုင်း သူတို့ဘဝကိုထာဝရပြောင်းလဲပေးနိုင်မယ့် ယောက်ျားတွေနဲ့တွေ့ဆုံခဲ့ကြရတယ်လေ....အေဒရီရယ်က ဒိုင်ယာဘလိုနဲ့ဆုံခဲ့တယ်၊ သမီးကတော့ဖှေးနဲ့ ဆုံခဲ့တာပေါ့။ ဒါက ကံကြမ္မာကမင်းတို့အတွက် ကြိုတင်စီစဉ်ပေးထားတဲ့အရာပဲလေ..အယ်လီနာ သမီးရဲ့အနာဂတ်ကို ငါကြိုမြင်နေရပါပြီ အဲ့တာက..... "

"ဖုန်း"

အာကာရာ စကားပြောနေစဥ်တွင် ကျယ်လောင်သောအသံကြီးတစ်ခုအား သူမ၏နားထဲတွင် ကြားလိုက်ရသဖြင့် ပြောနေသည်ကိုရပ်လိုက်သည်။ အသံလာရာဘက်သို့ ကြည့်လိုက်ရာ နတ်စဥ်တစ်ခုလုံးကို လွှမ်းခြုံထားသော အဖြူရောင်အလင်းတန်းမှာ တဖြည်းဖြည်းပျောက်ကွယ်လာပြီဖြစ်သည်။ နောက်ဆုံးတွင် နတ်စဥ်ပေါ်တွင်ရှိနေသည့်အရာအားလုံးကို သူတို့ပြန်လှည်မြင်နိုင်လာပြီဖြစ်သည်။ လှေကားထစ်များပေါ်တွင် ဖှေးတစ်လှမ်းခြင်းဆင်းလာသည်ကိုတွေ့ရသည်။

အယ်လီနာ၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်သောအမူအယာတို့ဖြင့် ဖှေးထံသို့ပြေးသွား၏။ ဖှေးခန္ဓာကိုယ်တစ်ခုလုံးအား သေချာကြည့်ပြီး ဒဏ်ရာတစ်စုံတစ်ရာမရှိသည်သေချာမှ အယ်လီနာစိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ သူမ၏ ဖြူဖွေးကာ အပြစ်ကင်းစင်သောမျက်နှာတွင်လည်း အပြုံးမှိန်မှိန်လေးတစ်ခုပေါ်လာတော့သည်။

"စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်...."

ဖှေး ထိုကောင်မလေး၏ စိတ်ပူနေမှုကို သတိထားမိပြီး သူမ၏ အေးစက်နေသောလက်များကို ညှစ်ကိုင်လိုက်ပြီး ရယ်မောလိုက်သည်။

အယ်လီနာအလွန်ရှက်ရွံ့သွားသည်။ သူမ၏လက်များကို ပြန်လည်ဆွဲယူရန်ကြိုးစားပြီး ခေါင်းငုံ့ကာ လူအုပ်အတွင်းသို့ ပြန်ဝင်သွားတော့သည်။

အာကာရာ၏ တဲဆီသို့လာရာလမ်းမှပြန်လာပြီးနောက်တွင် ဖှေးအတွက် ဂိမ်းကစားနိုင်သောအချိန်မှာ နာရီဝက်ပင် မကျန်ရှိတော့ချေ။ ဖှေး စခန်းမှထွက်ခွာပြီး မြေရိုင်းလွင်ပြင်သို့သွားကာ လယ်ဗယ်မြှင့်တင်ရန်မကြိုးစားတော့ပေ။ထိုအစား အာကာရာ၊ ခက်ရှာ နှင့် အဖိုးကြီးကိန်းတို့နှင့်ရှိနေခဲ့သည်။

သူတို့တွေ မည်သည်ကိစ္စများဆွေးနွေးနေသည်ကို မည်သူမျှမသိချေ။ ဖှေး ရရှိခဲ့သောအစွမ်းကြီး ခုကိုလဲ မည်သူမျှမသိ။ ဖှေး ဒိုင်ယာဘလိုကမ္ဘာအတွင်းမှ ပြန်လည်ထွက်ခွာသွားသည့်အချိန်တွင်မူ မစ်အာကာရာ၏ မျက်နှာတွင်တစ်ခါမှမကြုံဖူးသော စိတ်သက်သာရာရသွားသည့်မျက်နှာအမူယာကို စခန်းမှလူများမြင်လိုက်ရ၏။

ဖှေး ဒိုင်ယာဘလိုကမ္ဘာမှ ထွက်ခွာသည့်တစ်နေ့ထဲမှာပင် အန်ဂျယ်လာနှင့် အန်မာနှစ်ဦးစလုံး မင်းသမီးတာနာရှာမှ ထက်မံဖိတ်ခေါ်သဖြင့် သူမတည်းခိုနေရာစံအိမ်သို့ သွားရောက်လည်ပတ်လျှက်ရှိကြသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည်။ ဇီးနစ်အင်ပါယာ၏ အကြီးဆုံးမင်းသမီးမှာစိတ်ဝင်စားစရာကောင်းသည်ဟု ဖှေးတွေးမိသည်။ ချမ်းဘော့ဒ်ကို ရောက်စဥ်ကတည်းက သူမကိုယ်သူမထွက်ပြခြင်းတစ်ခါမှမရှိသေးပေ။ သံတမန်အဖွဲ့၏ လက်ထောက်ကပ္ပတိန်နှင့် မြင်းစစ်သည်တချို့ကို ဖှေးကွပ်မျက်ခဲ့စဥ်တွင်လည်း သူမရောက်ရှိလာခြင်းမရှိ၊ တစ်စုံတစ်ရာပြောကြားခြင်းလဲမရှိခဲ့ပေ။ တော်ဝန်ထီးနန်းတင်မြှောက်ရေး သံတမန်အဖွဲ့၏ ခေါင်းဆောင်အနေဖြင့် သူမဖှေးအား တွေဆုံရန်ဆင့်ခေါ်ခြင်းလဲမရှိ၊ လာရောက်ခြင်းလဲ မရှိချေ။ သူမအပန်းဖြေခရီးတစ်ခုထွက်နေသကဲ့သို့ပင် ထီးနန်းမြှောက်မည့်ကိစ္စများကို ပြင်ဆင်ခြင်း၊ ပြောဆိုခြင်းများမရှိပဲ အနာဂတ််တွင် မိဖုရားဖြစ်လာမည့် အန်ဂျယ်လာဖြင့်သာ ပို၍ရင်းနှီးလာစေရန်ကြိုးစားနေ၏။ သူမ၏ အစေခံများအား အန်ဂျယ်လာအား သူမတည်းခိုရာနေရာသို့ လာရောက်လည်ပတ်ရန်အတွက် မကြာခနဆင့်ခေါ်စေလျှက်ရှိသည်။

ဇီးနစ်အင်ပါယာ၏ အကြီးဆုံးမင်းသမီးသည် အန်ဂျယ်လာအား ဓားစာခံယူသွားမည်ကို ဖှေးလုံးဝမစိုးရိမ်မိချေ။ ဤသည်မှာဖှေး၏ မသိစိတ်ဖြစ်သည်။ အနည်းဆုံးယခုအချိန်တွင်တော့ မင်းသမီးသည်ချမ်းဘော့ဒ်တိုင်းပြည်အား အန္တရာယ်ပြုရန်ရည်ရွယ်ချက်မရှိသည်မှာ သေချာသည်ဟု ဖှေးခံစားမိသည်။

ယခုအချိန်တွင် ဖှေးအလုပ်ရှုပ်လျှက်ရှိနေသည်။ အလွန်ပင် အလုပ်များနေ၏။

ဖှေးတွင် ရည်ရွယ်ချက်နှစ်ခုရှိသည်။ ပထမတစ်ခုမှာ သူ၏အစွမ်းများကို တိုးမြှင့်ရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားကို တိုးချဲ့နိုင်ရန်ဖြစ်သည်။ ဒိုင်ယာဘလိုကမ္ဘာသို့သွားရောက်ခြင်းဖြင့် သူ၏ပထမရည်ရွယ်ချက်ကို အကောင်ထည်ဖော်နိုင်သည်။ ဟော့ခ် ဆေးပုလင်းကို အသုံးပြုခြင်းဖြင့် သူ၏ဒုတိယရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်၏။

စိတ်ပျက်ဖွယ်ကောင်းသော တစ်ခုတည်းသောအရာမှာ ဖှေး၏ ဟော့ခ် ဆေးပုလင်း ရှာဖွေတွေ့ရှိနိုင်ချေမှာ အလွန်နိမ့်ပါးနေခြင်းဖြစ်သည်။ 4%အောက်တွင်သာရှိသည်။(အလောင်းအခုတစ်ရာကို သုံးရင်တောင် ၄ပုလင်းပဲရနိုင်တယ်ဆိုတဲ့သဘော)ထို့အပြင် ထိုဆေးပုလင်းသည် အစွမ်းအနည်းငယ်ရှိပြီးသား ပုဂ္ဂိုလ်အပေါ်တွင်သာ အာနိသင်ထိရောက်မှုရှိသည်။ ဥပမာအားဖြင့် ပီတာနှင့် ဘရွတ်ကဲ့သို့သော ကြယ်အဆင့်စစ်သ​ည်များသည် ဆေးပုလင်းမှာတိုးမြှင့်ပေးသောအစွမ်းများကို ရရှိနိုင်သည်။ မြေအောက်ရေ သံမဏိအကျဥ်းထောင်အတွင်းမှ ပိန်ပိန်ရှည်ရှည်ကြေးစားစစ်သည်လည်း ဆေးပုလင်းသောက်အပြီးတွင် အစွမ်းများတိုးမြှင့်လာ၏။ သို့သော် ဘတ်စ်ကဲ့သို့ တိုက်ရည်ခိုက်ရည်လုံးဝမရှိသောလူအား ဆေးပုလင်းတိုက်မိပါက သူ၏ခန္ဓာကိုယ်သည် နာကျဥ်မှုကို မခံစားနိုင်သောကြောင့် အစိတ်စိတ်အမွာမွာကွဲသွားမည်ဖြစ်သည်။ သာမန်လူများသည် ခန္ဓာကိုယ်ပြောင်းလဲခြင်း၏ နာကျဥ်မှုဒဏ်ကိုခံနိုင်ကြလိမ့်မည်မဟုတ်ပေ။ ထိုနာကျဥ်မှုမှာ ကိုယ်တွင်းအင်္ဂါများကို စုတ်ဖြဲခြင်းခံနေရသည့်အတိုင်းပင်။

ဖှေး ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ဝင်ခဲ့စဥ်ကတွေ့ကြုံခဲ့သည့်အရာများမှာ တစ်ခါမှမကြုံဖူးသည့်အရာများဖြစ်သည်။ ဘိုးဘေးများ၏ သွေးသစ္စာစကား၊ အာကာရာ၏ တဲအတွင်းမှ ထူးဆန်းသည့်နေရာ၊ အမဲရောင်နတ်စဥ် စသည့်အရာများအားလုံးမှာ မြေကမ္ဘာပေါ်တွင် ဒိုင်ယာဘလိုဂိမ်းကစားခဲ့စဥ်က ဖှေးတစ်ခါမှမကြုံဖူးခဲ့သည့်အရာများပင်။ ထိုနေရာမှစတင်၍ ဒိုင်ယာဘလိုကမ္ဘာမှအရာအားလုံးသည် သူ၏ဂိမ်းကစားခဲ့သည့်အတွေ့အကြုံမှ စတင်သွေဖယ်လာကြသည်ကို ဖှေးသတိထားမိသည်။ ဒိုင်ယာဘလိုကမ္ဘာတွင် မကောင်းဆိုးဝါးများကို သတ်ဖြတ်ချင်းဖြင့် လယ်ဗယ်မြှင့်တင်ခြင်း စသည်တို့သည့် ဂိမ်းတစ်ခုဟုတ်ရဲ့လားဟု ဖှေးမေးခွန်းထုတ်မိသည်။ ဒါမှမဟုတ် ဂိမ်းတစ်ခုအနေဖြင့် ဖုံးကွယ်ထားပြီး တစ်ခြားအရာတစ်ခုများ ဖြစ်နေမည်လား......

ဖှေး အစွမ်းကြီး ၃ခုအကြောင်းကို တစ်ညလုံးတွေးနေမိ၏။ [သင်ယူခြင်း] [ပေးဝေခြင်း] နှင့် ဆင့်ခေါ်ခြင်းတို့ပင်။

ဖှေး ထိုအစွမ်းသုံးခုကို ဒိုင်ယာဘလိုကမ္ဘာတွင် နတ်စဥ်ပေါ်၌ရှိစဥ်က ရရှိခဲ့သည်။ သို့သော် ယခုအချိန်တွင် မည်ကဲ့သို့အသုံးပြုရမည်မှန်းမသိသေးပေ။ တနည်းအားဖြင့် အဖြူရောင်အလင်းတန်းဖှေး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားစဥ်က သူ၏ခန္ဓာကိုယ်သန့်စဥ်သွားခြင်းနှင့် စွမ်းအားများတိုးမြှင့်လာခြင်းမှလွဲ၍ ဖှေးစွမ်းအားအသစ်တစ်စုံတစ်ရာကို မခံစားရချေ။ အေးစက်စက်နှင့်လျို့ဝှက်ထူးဆန်သောအသံမှာ ဖှေးအား အသုံးပြုနည်းကို မိမိကိုယ်တိုင်ရှာဖွေရမည်ဖြစ်ကြောင်းကိုသာ ပြောသွား၏။ ရှာတွေ့ပါက ယခုချက်ချင်းပင် အစွမ်းကြီး၃ခုကိုအသုံးပြုနိုင်မည်ဖြစ်ပြီး တစ်သက်လုံးရှာမတွေ့ပါက တစ်သက်လုံးပင် အသုံးပြုနိုင်မည်မဟုတ်တော့ပေ။

"သေစမ်း... ဒီအဖြေက တော်တော်တာဝန်မဲ့တာပဲ....." ဖှေးတွေးလိုက်မိသည်။

တစ်ညကုန်ဆုံးသွားပြီး ဘာမှမထူးခြားလာသည့်နောက်တွင်ဖှေး အစွမ်းကြီးသုံးခု၏စစ်မှန်မှုကို သံသယဝင်လာ၏။ "ဘိုးဘေးတွေကများစခန်းကလူတွေကို အားတက်အောင် လျှောက်ပြောခဲ့တာလားမသိပါဘူး" ဟုတွေးမိသည်။ သို့သော် နောက်တစ်ရက် မိုးသောက်အာရုဏ်တက် ချိန်တွင် အလွန်အံ့သြဖွယ်ရာတစ်ခုဖြစ်ပေါ်သွား၏။ ဖှေး [ဆင့်ခေါ်ခြင်း]အစွမ်းကို မတော်တဆအသုံးပြုလိုက်မိခြင်းပင်။ သူပေါ်တယ်တစ်ခုဖွင့်မိပြီး ဒိုင်ယာဘလိုကမ္ဘာမှ ရေခဲမှော်လေးသည်တော် အယ်လီနာကို အပြင်ကမ္ဘာသို့ဆင့်ခေါ်လိုက်မိသည်။

သူထိုအချိန်တွင် ရုတ်တရက် ပီတိဖြစ်မိသွားသော်လည်း ခနအကြာတွင် လုံးဝထိတ်လန့်သွားရ၏။

သူ [ဆင့်ခေါ်ခြင်း]ကို အသုံးပြုလိုက်မိသည့်အတွက် အံ့သြထိတ်လန့်သွားခြင်းမဟုတ်ပေ။ နေမထွက်သေးသဖြင့် ဒိုင်ယာဘလိုကမ္ဘာမှလူတော်တော်များများ အိပ်ယာမှမထကြသေးချေ။ ထို့ကြောင့် အယ်လီနာ ပေါ်တယ်မှတဆင့် ဆင့်ခေါ်ခံလိုက်ရချိန်တွင် အယ်လီနာ၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများများစားစားမပါရှိချေ။ ဖှေး သူမ၏ ခန္ဓာကိုယ်အား ကောင်းကောင်းကြည့်ရှုလိုက်ရသည်။ အနည်းငယ်ရှုပ်ပွနေသော ဆံပင်များနှင့် သူမ၏အိပ်ချင်မူးတူးဖြစ်နေသော လှပသော မျက်နှာအမူယာကြောင့် ဖှေးကြောက်ရုပ်တစ်ရုပ်ပြောင်းခါနီးပင်ဖြစ်သွားပြီး နှာခေါင်းသွေးရှံလုလုပင်ဖြစ်သွားသည်။

တစ်ဖက်တွင် အယ်လီနာမှာ အပြည့်အဝမနိုးသေးပေ။ အိပ်ချင်မူးတူးသာရှိသေး၏။ စက္ကန့်အနည်းငယ်အကြာတွင် လှပသောအမျိုးသမီးလေးသည်တော်မှာ သူမရောက်ရှိနေသောအ​ခြေကိုသူမ သဘောပေါက်နားလည်သွားသည်။ သူမကြောက်လန့်တကြားအော်ဟစ်လိုက်ပြီး သူမ၏ရင်ဘက်များကို လက်များဖြင့်ဖုံးကွယ်လိုက်သည်။ ထို့နောက်တွင် ဖှေးအား စိတ်ဆိုးစွာစိုက်ကြည့်ပြီး ပေါ်တယ်အတွင်းသို့ ပြန်ပြေးဝင်သွားတော့သည်။ ဤကဲ့သို့လှပသော မြင်ကွင်းကြောင့် ဖှေးတစ်ယောက်အထိတ်တလန့်ဖြစ်ပြီးနောက်တွင် [ဆင့်ခေါ်ခြင်း]အား အသုံးမပြုမီပြုလုပ်ခဲ့သည့် သူ၏ အပြုအမူများ စကားလုံးများကို ပြန်မှတ်မိရန်ကြိုးစားသည်။ လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ခန့်က သူသတိမထားမိပဲ ရေရွတ်ခဲ့သည်ကို ဖှေးသတိရသွားသည်။ "တကယ်လို့ အယ်လီနာသာရှိရင် ငါ့ကို ဒီကိစ္စကို ကူစဥ်းစားခိုင်းလို့ရမှာပဲ....."ဟူ၍ပင်။ ထို့နောက်တွင် ထူးဆန်းသည့်အရာဖြစ်ပျက်သွားသည်။ ပေါ်တယ်တစ်ခုပေါ်ပေါက်လာပြီး ပေါ်တယ်အတွင်းမှ အဝတ်အစားအနည်းငယ်သာ ပါရှိသောအယ်လီနာတစ်ယောက်ထွက်လာခဲ့ခြင်းပင်။

ဖှေး အသုံးပြုပုံနည်းလမ်းအား သဘောပေါက်နားလည်သွားပြီး အကြိမ်ပေါင်းများစွာ စမ်းသပ်အသုံးပြုကြည့်သည်။

၂၀စက္ကန့်ခန့်အကြာတွင် ဖှေးပေါ်တယ်တစ်ခုကိုဖွင့်လိုက်ပြီး အယ်လီနာအား ဒိုင်ယာဘလိုကမ္ဘာမှ ထက်မံဆင့်ခေါ်နိုင်လိုက်သည်။ သို့သော် ယခုအချိန်တွင်မူအယ်လီနာမှာ သေချာပြင်ဆင်ပြီး ချပ်ဝတ်အပြည့်စုံဝတ်ပြီးရောက်လာခဲ့ခြင်း​ကြောင့် ဖှေးအနည်းငယ်စိတ်ပျက်မိသည်။

ဖှေး ထိုအောင်မြင်မှုကြောင့် အလွန်ဝမ်းသာသွားသည်။ သို့သော် အယ်လီနာမှလွဲ၍ စခန်းမှတစ်ခြားလူများဖြစ်သည့် အာကာရာ၊ ခက်ရှာနှင့် ချယ်စီတို့ကို ဆင့်ခေါ်နိုင်ခြင်းမရှိသည့်အတွက် ဖှေးအံ့သြရသည်။ အကြောင်းပြချက်အတိကျကိုတော့ ဖှေးမသိသေးချေ။

တစ်ရက်ခန့်စမ်းသက်ပြီးနောက်တွင် ဖှေး ဆင့်ခေါ်ခြင်းအစွမ်းကို အသုံးပြုပြီး အယ်လီနာတစ်ယောက်တည်းကိုသာ ဆင့်ခေါ်နိုင်ခြင်းရှိသည်ကို ဖှေးသဘောပေါက်နားလည်ခဲ့သည်။ ဆင့်ခေါ်ရန်နည်းလမ်းမှာ အလွန်ရိုးရှင်းသည် အယ်လီနာအား ဖှေး၏ စိတ်ထဲမှ တမ်းတလိုက်ရန်သာ လိုအပ်၏။ လေပေါ်တွင် အပြာရောင်ပေါ်တယ်တစ်ခုပေါ်လာပြီး အယ်လီနာရောက်လာမည်ဖြစ်သည်။

ကန့်သက်ချက်တစ်ချို့လဲ ရှိ၏။ ပထမဦးဆုံးအနေဖြင့် [ဆင့်ခေါ်ခြင်း]အစွမ်းအားလူရိုင်းဇာတ်ကောင်အနေဖြင့်သာ အသုံးပြုနိုင်သည်။ [ဆင့်ခေါ်ခြင်း]အစွမ်းကို အသုံးပြုခြင်းကြောင့် အတွင်းအား ကုန်ဆုံးစေမည်ဖြစ်သည်။ လက်ရှိအဆင့်၁၆ လူရိုင်းဇာတ်ကောင်တွင်ရှိသောအတွင်းအားပမာဏဖြင့်ဆိုပါက ဖှေးဆင့်ခေါ်ခြင်းအစွမ်းကို ၃ကြိမ်သာအသုံးပြုနိုင်မည်ဖြစ်သည်။ ၃ကြိမ်အသုံးပြုပြီးနောက်တွင် အတွင်းအားကုန်ဆုံးသွားမည်ဖြစ်ပြီး အတွင်းအားဆေးပုလင်း သောက်ကာ အတွင်းအားပြန်လည်ဖြည့်ပြီးပါက ထက်မံအသုံးပြုဆင့်ခေါ်နိုင်သည်။

[ဆင့်ခေါ်ခြင်း]သည် နတ်ဘုရားပေးသော အစွမ်းသုံးခုထဲမှတစ်ခုဖြစ်သောကြောင့် အယ်လီနာအပြင် တစ်ခြားအရာများကိုသာ ဆင့်ခေါ်နိုင်လိမ့်ဦးမည်ဟု ဖှေးခံစားမိသည်။ အချက်အလက်ကျကျပြောပါက အာကာရာနှင့် ခက်ရှာတ်ို့ကိုပါ ဆင့်ခေါ်နိုင်ရမည်ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဖှေး မဆင့်ခေါ်နိုင်ချေ။

ကျန်ရှိနေသေးသည့် အစွမ်းနှစ်မျိုးဖြစ်သည့် [သင်ယူခြင်း]နှင့် [ပေးဝေခြင်း]တို့၏ အသုံးပြုပုံနှင့် လျို့ဝှက်ချက်များကိုတော့ ဖှေးမသိသေးချေ။ ဖှေးဆယ်ရက်ကျော်ကြာ ကြိုးစားကြည့်ပြီးနောက်တွင်ပင်မသိရသေးချေ။ သဲလွန်စတစ်စုံတစ်ရာလဲမရှိသဖြင့် ဖှေးဘာလုပ်ရမလဲမသိပဲဖြစ်နေ၏။

All Chapters