ရှိုးပွဲစမယ့်အချိန်ရောက်ပြီ
Vol. 2 Ch. 20
နောက်တစ်နေ့။
မနက် ၇ ၃၀။
လင်းဖန် ဟာ မနက်ခင်းကို ခွန်းအားတွေ အပြည့်နဲ့ နိုးထလာခဲ့ပါသည်။
"ဟူး ဒီနေ့ကို မနေ့ကထက် ပိုပြီးကောင်းအောင် ကြိုးစားရမယ်"
သူဟာ အလျင်အမြန်ထပြီး အဝတ်စားလဲကာ မျက်နှာသစ် ၊ သွားတိုက် လုပ်လိုက်ပါတယ်။လင်းဖန် ဟာ သူ့ရဲ့ ရှေးဖြစ်ဟော ဗေဒင် ပညာ ခရီးကို လျောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။
လင်းဖန် ဟာ အသက်ကို ပြင်းပြင်းရူလိုက်ပြီး တံခါးကို ဖွင်းလိုက်ပါတယ်။သူ့ရဲ့ စိတ်အခြေအနေဟာ တော့ အခုဆိုရင် ထိပ်ဆုံးမှာ ရှိနေပါပြီ။
"ငါ လုပ်နိုင်တယ်"
"အိုး မင်းက အစောကြီးတောင် နိုးနေပါလား၊ မနေ့က အကန်ခံရတာ ဘယ်လိုနေလဲ...နာလား"
လူအိုကြီး ဝမ် ဟာ ခြံဝင်းထဲက ကုလားထိုင်လေးမှာ မနက်ခင်း လဘက်ရည် တစ်ခွက်ကို ဇိမ်နဲ့ ထိုင်သောက်ရင်း လင်းဖန်ကို မေးလိုက်တာပါ။
"အဲတာ ခင်ဗျား အလုပ်မဟုတ်ဘူး"
လင်းဖန် ဘာမှ ယဥ်ကျေးမနေတော့ပါဘူး။ဒီလူက သူ့အတွက်တော့ တကယ်အမှိုက်ပါ။
"ခင်ဗျားရဲ့ ကံကြမ္မာကို ကျုပ်မြင်နေရတာကတော့ ဒီနေ့က ခင်ဗျားရဲ့ ကံဆိုးမဲ့နေ့ပဲ"
"ဟားးဟားးးး ဘယ်လောက်တောင် ဘဝင်မြင့်လိုက်လဲ....ငါကတော့ ဒီနေ့ကံဆိုးမဲ့ လူက မင်းလို့ပဲ ထင်တယ်"
လင်းဖန် ဒီလူနဲ့ ဘာမှ စကားနိုင်လုမနေတော့ပါဘူး။သူ့ခြေထောက်များကို လှည့်လိုက်ပြီး ဆိုင်ဘက် သွားဖို့ ပြင်လိုက်ပါတယ်။
သူ ခြံဝင်း တံခါးနား ရောက်တဲ့ အချိန်မှာတော့
"လင်းဖန်.....သားလေး"
တစ်စုံတစ်ယောက်ရဲ့ နွေးထွေးပြီး နှစ်လိုဖွယ်ကောင်း တဲ့ ခေါ်သံတစ်ခုကို ကြားလိုက်ရပါတယ်။
မဟုတ်သေးပါဘူး....
လင်းဖန် သူ့ဟာသူတွေးလိုက်ပါတယ်။သူ့နဲ့ အဲလောက်ထိရင်းနှီးတဲ့ လူဆိုတာ ဒီရပ်ကွက်မှာ မရှိပေ။
လင်းဖန် သူ့ခေါင်းကို လှည့်ပြီး ကြည့်လိုက်တဲ့ အချိန်မှာ အန်တီးကျန်း ၊ မြောင် ကျုံးရှင်း နဲ့ အိမ်နီးချင်းတစ်စု တို့ဟာ သူ့ဆီကို လျောက်လာနေတာ ကို တွေ့လိုက်ရပါတယ်။
"အန်တီကျန်း..ဘာဖြစ်လို့တုန်း? "
လင်းဖန် ဘာတွေ့ဖြစ်နေလဲ မသိတဲ့ ပုံစံ ဟန်ဆောင်လိုက်ပါတယ်။သူတို့ဒီကို မနေ့က ကိစ္စအတွက် ကျေးဇူးတင်ဖို့ လာတယ်ဆိုတာ ဦးနှောက်မပါရင်တောင် ခန့်မှန်းနိုင်ပါတယ်။
"လင်းဖန် ၊ ကျေးဇူးတင်ပါတယ်လို့ ပြောရင်တောင် မလုံလောက်မှန်း ငါသိပါတယ်၊ငါသာ မနေ့က မင်းပြောတာကို နားထောင်ခဲ့ရင် ပီအဲလေး ဒီလို အခြေအနေတောင် ရောက်မှာ မဟုတ်ဘူး"
ဒီစကားကို ပြောပြီးတဲ့ နောက်မှာ အန်တီကျန်း ဟာ လင်းဖန် ကို ဦးညွတ်ပြီး ဂါရဝ ပြုလိုက်ပါတယ်။
"အာ....အန်တီကျန်း... ဒီလိုလုပ်ဖို့မလို့ပါဘူး"
လင်းဖန်ဟာ အလျင်အမြန်ပဲ တားလိုက်ပါတယ်။
"ကျွန်တော်တို့က အိမ်နီးချင်းတွေ ပဲလေ တစ်ယောက်နဲ့ တစ်ယောက် ကူညီပြီးနေထိုင်ကြရမှာပေါ့၊ ပီအဲလေး အဆင်ပြေသွားတော့ ကျွန်တော်လည်း ဝမ်းသာပါတယ် နောက်တစ်ခါကျရင်တော့ ဂရုစိုက်မှ ရမယ်နော်"
လင်းဖန် ဟာသူတို့အပေါ် ဖိအားအများကြီး မဖြစ်အောင် ပုံမှန်အတိုင်းပဲ ပြောလိုက်ပါတယ်။သူ့အပေါ်ကို ဒီလောက်ထိ သူတို့ ဆက်ဆံနေတာကို သူအသားမကြသေးပေ။
လင်းဖန် ဒီလိုပြောလေ အန်တီ ကျန်းရဲ့ လင်းဖန် မှာ ရှိတဲ့ အကောင်းမြင်စိတ်ဟာ ပိုပိုပြီး တိုးလာလေ ပါပဲ။
သူမဟာ မနေ့ညက အိပ်တောင်မပျော်ခဲ့ပါဘူး၊ လင်းဖန်သာ သူမကို သတိမပေးခဲ့ရင် ဆိုတာကို တွေးမိတိုင်း ထိပ်လန့်နေမိပါတယ်။သူမ ပိုပြီးတွေးလေလေ ပိူပြီး ကြောက်ဖို့ကောင်းလေပါပဲ။
အဲ့အချိန်မှာ ပဲ မြောင်ကျုံးရှင်း လုပ်လိုက်တဲ့ အပြုအမူဟာ တစ်ခြားလူတွေကိုသာမက လင်းဖန် ကိူပါ အံ့သြသွားစေခဲ့ပါတယ်။
*ဖတ် *
မြောင် ကျုံးရှင်း ဟာ ရုတ်တရက် ဒူထောက်ချပြီးတော့ လင်းဖန် ကို ဦးကုန်းချ ပြီး ကန်တော့နေခဲ့ပါတယ်။
"လင်းဖန် မနေ့က ငါမင်းအပေါ်မှာ လုပ်မိတာအတွက် တောင်းပန်ပါရစေ၊ မင်းငါ့သမီးကိူ ကူညီပေးဖို့ ကြိုးစားနေတာတောင် ငါက မသိပဲ
မင်းအပေါ်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့မိပါတယ်။ငါ့ကို ခွင့်လွတ်ပေးပါ"
မြောင် ကျုံးရှင်းဟာ အနည်းငယ် ထပ်ပေါင်းပြီး ပြောလိုက်ပါသည်။
"တကယ်လို့ မင်းမကျေနပ်သေးဘူး ဆိုရင် ငါ့ကိူ စိတ်ကျေနပ်တဲ့ အထိ မင်း ကန်ကျောက် လို့ရပါတယ်"
မြောင်ကျုံးရှင်းဟာ လင်းဖန် ကို အမှန်တကယ် ကျေးဇူးတင်နေမိတာပါ။ သူမနေ့က လင်းဖန် အပေါ် လုပ်ခဲ့မိတာတွေကို နောင်တရလို့ မဆုံးပါဘူး။
"အစ်ကို မြောင် ၊ အရင်ဆုံးထလိုက်ပါဦး ကျွန်တော် ဒီကိစ္စကို စိတ်ထဲမထားပါဘူး"
လင်းဖန် ပြောလိုက်ပါတယ်။
"ကျွန်တော် လည်းမနေ့က စိတ်ခံစားချက်ကိူ သိပ်မထိန်းနိုင်ခဲ့ဘူလေ၊ ရိုးရိုးသားသားပြောရရင် ကျွန်တော်လည်း နည်းနည်း လွန်သွားခဲ့တာပဲ။ဘယ်မိဘ မဆို ကိုယ်သားသမီးကို တစ်ခုခုဖြစ်လိမ့်မယ် လိူ့ ကျိန်ဆဲနေတာ တွေ့ရင်တော့ သူတို့လည်း ခင်ဗျားလိုပဲ ဒေါသ ထွက်ကြမှာပါ ဒါ ပုံမှန်ပါပဲ"
ဒီလိုနဲ့ သူတို့နှစ်ယောက် ကြားမှာ ရှိတဲ့ ရန်ညိုးတွေဟာ ပြေပျောက်သွားကြပါပြီ။
လင်းဖန် ပီအဲလေး ရဲ့ကံကြမ္မာကို ဖတ်ကြည့်လိုက်တဲ့ အချိန်မှာ သူ့အဖေ ရဲ့ အချက်အလက်တွေ ပါ ရရှိခဲ့ပါတယ်။မြောင် ကျုံးရှင်း ဟာငယ်ရွယ်စဥ်က ဆိုးမိုက် ခဲ့ပေမယ့်လည်း အခုဆိုရင် ဘဝသစ်တစ်ခုမှာ ရိုးရိုးသားသား လုပ်ကိူင်နေတာကြာပါပြီ။အထူးသဖြင့် ဒီလို လူကြားထဲမှာ ဒူးထောက်ပြီး တောင်းပန်ဖို့ ဆိုတော့ တော်ရုံလူတွေအတွက် တကယ်မလွယ်တဲ့ အရာပါ။
အိမ်နီးချင်းတွေ ကလည်း မြောင်ကျုံးရှင်းဟာ လင်းဖန်ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်တဲ့ အတွက် အံ့သြနေကြပါတယ်။
လင်းဖန် လည်း မြောင်ကျုံးရှင်း ကို ထပ်ပြီး စိတ်မဆိုးနိုင်တော့ပေ။
"လင်းဖန် ငါတို့ အထဲကို သွားပြီး စကားပြောကြရအောင် အပြင်မှာ ရပ်နေရတာ ပူတယ်"
အန်တီ ကျန်း ၊ မြောင်ကျုံးရှင်း နဲ့ အတူလိုက်လာတဲ့ အိမ်နီးချင်းတွေဟာလည်း စိတ်လှုပ်ရှားနေကြပါပြီး။လင်းဖန်မှာ ဘယ်လို အရည်အချင်းတွေ ရှိလည်းဆိုတာ သူတိုတကယ် သိချင်မိပါတယ်။
အနာဂတ် ကို အစစ်အမှန် ဟောပြောနိုင်တဲ့ မာစတာ တစ်ယောက်ဟာ နတ်ဘုရား တစ်ပါးနဲ့ မခြားပါဘူး။
လင်းဖန် က အစက ဆိုင်လေး သေချာဖွင့်ပြီးမှ ဗေဒင် ဟောချင်တာပါ၊ အခုအိမ်နီး ချင်းတွေ ရဲ့ အခြေအနေကို ကြည့်ရတာတော့ သူ့မှာ အဲလိုလုပ်ချိန်တောင် မရှိတော့ပါဘူး။
ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ လူအိုကြီး ဝမ်တောင်မှ လူအုပ်ကြီးကို တွေဝေစွာနဲ့ ခေါင်းထောင်ကြည့်နေခဲ့ပါတယ်။
"လူအိုကြီး ဂျီ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ"
လူအို ဝမ် က လှမ်းမေးလိုက်တာပါ။
"ငါတို့ လင်းဖန် ဆီကို လာကြတာလေ ၊ သူက နတ်ဘုရားလိုပဲ ခနနေရင် ငါ သူ့ဆီမှာ ဗေဒင်မေးရဦးမယ်"
"အဲကောင်ကလား...."
လူအိုကြီး ဝမ် ဆွံ့အသွားခဲ့ပါတယ်။သူ လင်းဖန်ကိုတောင် မျက်ခုံး ပင့်ပြီး တစ်ချက်လှမ်းရှိုး မိလိုက်ပါသည်။
"အန်တီ ကျန်း ကျွန်တော် ဒီလက်ဆောင်ကို လက်မခံပါရစေနဲ့"
လင်းဖန် ဘာပဲပြောပြော အန်တီ ကျန်းဟာ လင်းဖန်း လက်ထဲ ကိူ အတင်းထိုးပေနေခဲ့ပါတယ်။
လက်ဆောင်တွေကတော့ ကြက်ကင်တစ်ကောင်၊ ဆန် အရက် ပုလင်း အနည်းငယ်၊ နဲ့ တစ်ခြား လက်ဆောင် အနည်းငယ်ဖြစ်ပါသည်။
သူတို့ အကုန်လုံးက တကယ်စျေးကြီးပြီး ပိုက်ဆံနဲ့ဆို ဒေါ်လာ ထောင် ဂဏန်းလောက်ရှိပါလိမ့်မည်။
"လင်းဖန် ၊ မင်းဒီလက်ဆောင် ကိုလက်မခံရင် ငါအိပ်လို့တောင် ပျော်မှာ မဟုတ်ပါဘူးကွယ်။ငါ့တူအပေါ် အကြွေးအကြီးကြီး တင်သလို အဒေါ်ခံစားနေရလိမ့်မယ်"
အန်တီး ကျန်းဟာ အလေးအနက်ပြောနေခဲ့သည်။အကယ်၍ လင်းဖန် ရဲ့ သတိပေးချက်သာမရှိရင် ပီအဲလေးက ကျိန်းသေပေါက်သေရမှာပါ။
အခုချိန် လင်းဖန်ရဲ့ ခံစားချက်တွေက တိမ်တွေပေါ်မှာ လွင့်ပျံနေခဲ့ပါပြီ။အရင်ကတောင် သူဒီလိုဟခံစားချက်မျိုး မရဖူးပါဘူး။
တစ်ခြားလူတွေကို ဗေဒင်လေး ဟောပေးလိုက်ရုံနဲ့ အကုန်းလုံးက သူကိုလာပြီး ကျေးဇူးတွေတင်ကြရမှာပါ။ပြီးတော့ လက်ဆောင်တွေလည်း ပေးကြပါသေးတယ်၊ ဒါက ပန်ကိတ်ရောင်းတာ နဲ့ ကွာခြားချက်ဘယ်လောက်ကြီးလဲ ဆိုတာ အခုကတည်းက မြင်နိုင်ပါတယ်။
အဲ့အချိန်မှာပဲ မြောင်ကျုံးရှင်းဟာ အနီရောင် စာအိတ်တစ်အိတ်ကို လင်းဖန်ရဲ့ အိပ်ကပ်ထဲကို လာတည့်ပေးလိုက်ပါသည်။
"အစိကို မြောင် ဒါကဘာလုပ်တာလဲ? ငါဒါကို ထပ်ပြီး လက်မခံပါရစေနဲ့။ငါ အန်တီ ကျန်းပေးတဲ့ လက်ဆောင်တွေ ယူပြီးပြီလေ"
"လင်းဖန် ကျေးဇူးပြုပြီး လက်ခံပေးပါကွာ၊ ငါတို့ တွေက မချမ်းသာ ပေမဲ့လည်း ဒေါ်လာ ထောင်ပေါင်း အနည်းငယ်တော့ တတ်နိုင်ပါသေးတယ်။ဒါကို ဗေဒင်ဟောခ အဖြစ်သဘောထားပေးပါ"
မြောင်ကျုံးရှင်း ဟာ လင်းဖန်ကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ်။
လင်းဖန်ဟာ လည်း မတတ်နိုင်စွာပဲလက်ခံလိုက်ရပါတယ်။သူ အရင်ကဆိုရင် ပိုက်ဆံ အနည်းငယ်ရှာဖို့တောင် အတော်ခက်ခဲခဲ့ ရတာပါ။
လူတစ်ယောက်ရဲ့ အသက်ကို ကယ်တယ်ဆိုတာဟာ ဘုရာ ခုနှစ်ဆူ တည်တာထက်တောင် ပိုပြီးမွန်မြတ်တယ် လို့ သူစာအုပ်တစ်ခုမှာ ဖတ်ဖူးပါတယ်။ဒီဒေါ်လာ ထောင်ပေါင်းအနည်းငယ်ဟာ အရမ်းများတယ်လို့ မဆိုနိုင်ပေမဲ့ နည်းတဲ့ အထဲမှာလည်း မပါပေ။ဒါက ပန်ကိတ်ရောင်းတာထက်ပိုကောင်းနေပါတယ်။ထပ်ပြောရရင် ဒီငွေက အခုမှ တစ်ယောက်ပဲဟောပြီးရထားတာပါ။
လင်းဖန် နားမှာ လူအများကြီး ဝိုင်းနေတာကို ကြည့်ပြီး လူအိုကြီး ဝမ် ဟာ မနာလိုမူတွေ ဖြစ်နေပါပြီ။ဒီကောင်က ပိုက်ဆံ ရနေရုံသာမက လက်ဆောင်တွေပါရနေတာပါ။
"ဟေး ဒီကောင်လေး ကို အထင်းကြီးနေတာ ရပ်လိုက်ကြတော့၊ သူ့ကို တကယ်ပဲ နတ်ဘုရားလို့ထင်နေတာလား။ဗေဒင်ဟောစားတဲ့ လူတွေ အကုန်လုံးဟာ အလိမ်အညာတွေ ကြီးပဲ"
လူအိုကြီး ဝမ်ဟာ လှမ်းအော်ပြီး ပြောနေခဲ့ပါတယ်။
"ဘယ်သိနိုင်မလဲ ဒီကောင် ကံကောင်းပြီး မှန်သွားတာ ဖြစ်ရင် ဖြစ်နိုင်တာပဲ။ဒါမှမဟုတ် ဂတ်အိုးကို ဓာတိငွေ့ ထွက်အောင်လုပ်တာ သူတောင်ဖြစ်နိုင်တယ်"
လင်းဖန် ဟာ ချက်ချငိးပဲ လူအို ဝမ် ကို မျက်မှောင် ကျုတ်ပြီး ကြည့်လိုက်ပါတယ်။ဒီလူက သူ့ကို စကားလုံးတွေနဲ့ တိုက်ခိုက်ချင်နေတာ သိသာပါတယ်။
လင်းဖန် တစ်ခုခု ပြန်ပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ တစ်ခုခု မထင်မှတ် ထားတာ တွေ့လိုက်ရပါတယ်။
*ဘန်း*
ရုတ်တရက် မြောင်းကျုံးရှင်း ဟာပြေးသွား လိုက်ပြီး လူအိုကြီး ဝမ်ကို စောင့်ကန်လိုက်တာပါ။
"ဝမ်ကျောက်မင် ခင်ဗျား နောက်ထပ် စောက်ရေးမပါတာတွေ ပြောနေဦးမယ် ဆိုရင် ခင်ဗျား မျက်နှာကို ဖျက်ဆီးပျက်မယ်"
လင်းဖန်က အခုချိန်မှာ သူ့ရဲ့ ကျေးဇူးရှင်ပါ ၊ သူ့ရှေ့မှာ လင်းဖန် စော်ကားခံနေရတာကို မကြည့်နေ နိုင်ပါဘူး။
"ညီလေးမြောင် မင်း.....မင်း..."
လူအိုကြီး ဝမ်ဟာ မြောင်ကျုံးရှင်း ကို ကြောက်အားလန့်အားနဲ့ ကြည့်နေခဲ့ပါတယ်။မြောင်ကျုံးရှင်း ငယ်ငယ် တုန်းက ဘယ်လောက် ဆိုးရွားလဲ ဆိုတာ သူအသိဆုံးပါ။ဒီလောက် နှစ်တွေကြာပြီးတာတောင် မြောင်ကျုံးရှင်း လုပ်ခဲ့တာတွေက သူ့မျက်စိထဲက မထွက်သေးပါဘူး။
သူနောက်ထပ် ဘာစကားမှ ထပ်မပြောရဲပေ။
"ခငိဗျား ကိုသေချာပြောထားမယ် ၊ လင်းဖန်က ကျုပ်ရဲ့ ကျေးဇူးရှင်ပဲ သူ့ကိုသာ ထပ်ပြီး နောက်ယှက်နေဦးမယ် ဆိုရင် ကျုပ်အဆိုးမဆိုနဲ့"
"မတိုက်ခိုက် ကြပါနဲ့တော့"
လင်းဖန် လူကြားကောင်းအောင် ဝင်ပြောလိုက်ပါတယ်။
"ကျုပ်တို့က အိမ်နီးနားချင်းတွေပဲလေ"
အမှန်တကယ်တော့ လင်းဖန်ဟာ ရယ်ချင်နေခဲ့တာပါ။ဒီနေ့ လူအိုကြီးဝမ် ရိုက်နှက်ခံရမယ်ဆိုတာ သူသိပြီးသားပါ၊ စွယ်စုံကျမ်းထဲက အတိုင်းဆိုရင် သွေးပါထွက်ရမှာပါ။
သွေးက ဘာလို့ မထွက်သေးတာလဲ...?
လူအိုကြီး ဝမ်ဟာ လင်းဖန်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ချက်ချက် သူ့အိမ်ဘက်ကို ပြန်လှည့်သွားလိုက်ပါတယ်။သို့ပေမဲ့ လှေကားအတိုင်း တက်တဲ့ အချိန်မှာ ဟန်ချက်ပျက်ပြီးတော့ ပြန်ပြုတ်ကျကာ နှာခေါင်း နဲ့ ကြမ်းပြင် စောင့်မိသွားခဲ့သည်။သူ့နှာခေါင်းကနေ သွေးတွေ အဆက်မပြတ် ကျဆင်းလာပါတော့တယ်။
"အိုး...သွေးထွက်ကိန်း ရှိတယ် ဆိုတာ ဒါကိုပြောတာထင်တယ်"
.............
"လင်းဖန် ငါ့ရဲ့ အနာဂတ် ကိုကြည့်ပေးပါဦး"
"ဟဲ့ နင်သူ့ကို ဘယ်လို ခေါ်နေတာလဲ ၊ နောက်ဆိုရင် ဗေဒင်ဆရာ လင်း၊ မာစတာ လင်း လိူ့ခေါ်လေ၊ လင်းဖန်လို့ ထပ်မခေါ်နဲ့တော့"
"ဟုတ်တယ် မာစတာ လင်း၊ မဆိုးဘူး ငါတို့က အိမ်နီးချင်းတွေ ဆိုတော့ ကျေးဇူးပြုပြီး ဗေဒင်ကြည့်ပေးပါဦး"
လင်းဖန် ဟာ လည်း တက်ကြွနေတဲ့ လူတွေကို ကြည့်လိုက်ပါတယ်။အမှန်က အခု သူလည်း ဗေဒင်ဟော ဖို့ တက်ကြွ နေခဲ့တာပါ။
ဒီ အိမ်နီးချင်းတွေ ကို အချိန်အနည်းငယ်လောက် ဗေဒင် တွက်ပေးလိုက်လို့ သူလည်း ဘာမှ ဖြစ်မသွားပါဘူး။တကယ်တော့ သူတို့ကြောင့် သူတောင် ပိုပြီး နာမည်ကြီးသွားနိုင်ပါတယ်။
"ကောင်းပြီး ကောင်းပြီ တစ်ယောက်တစ်ကြိမ် ကြည့်ပေးမယ်လေ အဆင်ပြေတယ်မလား"
လင်းဖန် လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။အခုတော့ ရှိုးပွဲ စမယ့်အချိန်ရောက်ပါပြီ။ပရိတ်သတ် ရှိလေ စည်ကားလေပါပဲ.......။