အခန်း (၈၂)
Vol. 6 Ch. 82
သို့သော် ဖှေးစိတ်ဓာတ်မကျချေ။
အယ်လီနာအား အပြင်ကမ္ဘာသို့ ဆင့်ခေါ်နိုင်ခြင်းကပင် နှစ်သက်ဖွယ်ကောင်းသော အံ့သြဖွယ်တစ်ခုဖြစ်နေပြီဖြစ်သည်။
အယ်လီနာသည် လယ်ဗယ်(အဆင့်)၁၄ မှော်လေးသည်တော်တစ်ယောက်ဖြစ်ပြီး အေဇာရုတိုက်ရှိ ကြယ်၃လုံးအဆင့်စစ်သည်ဖြင့် စွမ်းအားခြင်းတူညီသည်။ ချမ်းဘော့ဒ် တိုင်းပြည်အတွက် ထိုကဲ့သို့ သန်မာသော ဆရာတစ်ယောက်တိုးလာခြင်းမှာ အောင်နိုင်ခြင်းအခွင့်လမ်းများစွာတိုးစေသည်။ လာမည့်နှစ်ဝက်ခန့်တွင်ကျင်းပမည့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲတွင် အယ်လီနာပါဝင်လာမှုကြောင့် ပြိုင်ပွဲစဥ်၆ခု ရှိသည့်အနက် သေချာပေါက်အနိုင်ရမည့်ပွဲ တစ်ပွဲတိုးလာပြီဖြစ်ကြောင်းကို ဖှေးအာမခံနိုင်သည်။ လာမည့်နှစ်ဝက်ခန့်တွင် အယ်လီနာ၏အစွမ်းများမှာ ဖှေးနှင့် အတူဒိုင်ယာဘလိုကမ္ဘာတွင် အတူတကွတိုက်ခိုက်ခြင်းမှ များစွာတိုးတက်လာဦးမည်မှာ အသေအချာပင်ဖြစ်သည်။
နောက်ရက်ပေါင်းအနည်းငယ်အကြာတွင် ဖှေးအယ်လီနာကို ချမ်းဘော့ဒ်သို့ဆင့်ခေါ်ခဲ့သည်။ တစ်နေ့တွင် လေးနာရီခန့်သာအချိန်သော်လည်း လှပသော အမျိုးသမီးကိုယ်ရံတော်အား အပြင်ကမ္ဘာကြီးကို လေ့လာချင်းမှ မရပ်တံ့နိုင်ပေ။ အယ်လီနာ၏မျက်လုံးထဲတွင် ငြိမ်းချမ်း၍လှပသော ချမ်းဘော့ဒ်တိုင်းပြည်မှာ သူပုန်စခန်းရှိလူကြီးသူမများပြောလေ့ရှိသော ကောင်းကင်ဘုံနှင့်မကွာခြားဟု မြင်၏။ သူမနန်းတော်ပြတင်းပေါက်မှနေ၍ အပြင်လောကသို့ပထမဆုံးအကြိမ်ကြည့်လိုက်မိသည့်အချိန်မှာပင် ချမ်းဘော့ဒ်တိုင်းပြည်အား ချစ်မိသွားတော့သည်။
"ဒါက တော်တော်လှပတဲ့ တိုင်းပြည်ပဲ မစ်စတာဖှေ.......ကျွန်မဒီတိုင်းပြည်ကိုရော သူပုန်စခန်းလိုပဲ အသေခံကာကွယ်ပေးဖို့ဝန်လေးမှာမဟုတ်ပါဘူး...." အယ်လီနာ ချမ်းဘော့ဒ်တိုင်းပြည်၏ နေဝင်ချိန်ကိုကြည့်ရင်း သူမ၏မျက်နှာတွင်အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
ဖှေး ခေါင်းငြိမ့်ပြလိုက်သည်။
ဖှေးလဲ အယ်လီနာကဲ့သို့ပင် ခံစားရသည်။ သူလည်း ဤကဲ့သို့ငြိမ်းခြမ်းပြီးလှပသော တိုင်းပြည်အား သံယောဇဉ်တွယ်ကာ အသေခံကာကွယ်ပေးလိုစိတ်ရှိသည်ဖြစ်သည်။
ယခုရက်ပိုင်းအတွင်းတွင် အယ်လီနာချမ်းဘော့ဒ်တိုင်းပြည်နှင့် လျှင်မြန်စွာပင် အသားကျလာခဲ့သည်။
အယ်လီနာမှာ ဖှေးမှလွဲ၍ တစ်ခြားလူအား သူမကိုအမြင်မခံချေ။ လှပပြီးအပြစ်ကင်းစင်သည့် ဖှေး၏ ဇနီးလောင်းဟုသိရသော အန်ဂျယ်လာကိုမြင်သည့်အချိန်၌ပင် သူမ၏စိတ်ပျက်လက်ပျက်ဖြစ်သွားမှုတို့ကို ထိန်းချုပ်ပြီး အန်ဂျယ်လာမမြင်အောင် ပုန်းကွယ်နေခဲ့သည်။ ချမ်းဘော့ဒ်တွင် ကြယ်သုံးလုံးအဆင့် အစွမ်းနှင့်ညီမျှသော မှော်လေးသည်တော်တစ်ယောက်ရောက်ရှိနေခြင်းကို ဘယ်သူမှမသိချေ။
ယခုအချိန် ဘုရင့်နန်းတော်ဆောင်ထဲတွင် ထောင်မှုးအိုလတ်ဂ်သည် အယ်လီနာအားပထမဆုံးတွေ့ဖူးသည့် ချမ်းဘော့ဒ်သားတစ်ယောက်ဖြစ်သည်။ သူမ၏ဖြစ်တည်မှုကိုသိရှိသည့် တစ်ဦးတည်းသော အေဇာရုတိုက်သားဟုပင် ပြောနိုင်၏။
"အဲ့လူက အမြှောက်အပင့်သမားဖြစ်ပြီး သေကမှာကြောက်တဲ့ကောင်ဖြစ်ပေမယ့် သူကံကတော့တော်တော်ကောင်းပုံရတယ်.." ဖှေးအိုလတ်ဂ်အကြောင်းတွေးမိသည့် အချိန်တိုင်းတွင်ထူးဆန်းသကဲ့သို့ ခံစားရသည်။ ယခင်က အင်ပါယာအရှင်သခင်များ မကောင်းသည့်လူများကိုလည်း ယုံကြည်စွာအသုံးချခဲ့သည့်သမိုင်းကို ဖှေးယခုအခါတွင် နားလည်စပြုလာသည်။ အိုလတ်ဂ်ကဲ့သို့ လူများသည် တစ်ချို့နေရာများတွင် ဘရွတ်နှင့် ပီတာကဲ့သို့ ရိုးသားဖြောင့်မက်သည့်လူများထက် ပို၍အသုံးဝင်သည်မှာကား အမှန်ပင်။
ဖှေး ဘုရင့်နန်းတော်အုပ်ချုပ်ရေး ခန်းမဆောင်ထဲတွင် အတန်ကြာထိုင်နေရင်း အယ်လီနာပြောသွားခဲ့သော သူပုန်စခန်း၏ အစာရေစာအထောက်ပံ့လိုအပ်နေပုံကို သူသတိရသွားသည်။ သူအစောင့်တစ်ယောက်အား ဆောင်းဂျုံမျိုးစေ့များ ယူခိုင်းလိုက်ပြီး သူ၏ထားသိုရာခါးပတ်အတွင်းသို့ ရွေ့ပြောင်းသိမ်းဆည်းလိုက်သည်။ အိုလတ်ဂ်နှင့် အယ်လီနာတို့ မြေအောက်လိုဏ်ဂူမှာ ချမ်းဘော့ဒ်သို့ ပြန်ရောက်လာမည့်အချိန်ကို တွက်ချက်ကြည့်ပြီး အစောင့်များကို အိမ်ပြန်လွှတ်လိုက်တော့သည်။ ထို့နောက်တွင် အတွင်းအားအနည်းငယ်အသုံးပြုပြီး ဘုရင့်နန်းတော်ဆောင်ထဲတွင် ပေါ်တယ်တစ်ခုဖွင့်လိုက်ပြီး အထဲသို့ဝင်သွားတော့သည်။
ဖှေး အပြာရောင်တောက်ပနေသော ဘဲဥပုံပေါ်တယ်အတွင်းသို့ ဝင်ရောက်သွားပြီးတစ်ချိန်တည်းမှာပင် ပေါ်တယ်လဲရုတ်တရက်ပျောက်ကွယ်သွားတော့သည်။ ခန်းမဆောင်ထဲတွင် မှော်စွမ်းအင်အနည်းငယ်မျှပင် မကျန်ရှိခဲ့တော့ပေ။
နောက်တစ်စက္ကန့်တွင် ဖှေးပေါ်တယ်မှတဆင့် သူပုန်စခန်းသို့ရောက်ရှိလာပြီဖြစ်သည်။
ဤသည်မှာ အစွမ်းသုံးခုထဲမှတစ်ခုဖြစ်သည့် ဆင့်ခေါ်ခြင်းအစွမ်းမှ အပိုရရှိလာသည့်အစွမ်းပင်။ ယခုအချိန်တွင် သူဒိုင်ယာဘလိုကမ္ဘာထဲသို့ ဝင်လိုပါက သူ၏စိတ်ထဲမှ အေးစက်စက်အသံနှင့် ဆက်သွယ်စရာမလိုတော့ပေ။ ပေါ်တယ်တစ်ခုဖွင့်ပြီး ဒိုင်းယာဘလိုကမ္ဘာသို့ ရုပ်ပိုင်းဆိုင်ရာဖြင့် လမ်းလျှောက်ဝင်သွားရုံပင်။ ယခင်က ဒိုင်ယာဘလိုကမ္ဘာသို့ အိမ်မက်မက်နေသကဲသို့ ဝင်ရောက်ကာ မကောင်းဆိုးဝါးများကိုသတ်ဖြတ်လယ်ဗယ်မြှင့်တင်ခြင်းဖြစ်သည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ဖြင့် တိုက်ရိုက်ပေါ်တယ်ဖွင့်ကာ ဝင်သွားရုံပင်ဖြစ်သည်။
ဒိုင်ယာဘလို ကမ္ဘာသို့ရောက်ရောက်ခြင်း သူပထမဆုံးလုပ်သည့်အရာမှာ သူ၏ထားသိုရာနေရာသို့တစ်ချက် ဖွင့်ကြည့်လိုက်ချင်းပင်။ သူဝမ်းသာသွားသည် သူယူဆောင်ခဲ့သည့် ဆောင်ဂျုံမျိုးစေ့များကို တွေ့လိုက်ရသောကြောင့်ပင်။
ဒါဆိုရင်.....
"ငါဒိုင်ယာဘလို ကမ္ဘာထဲကို အပြင်ကမ္ဘာက ပစ္စည်းတွေယူလာလို့ရတာပဲဟ....."
ထိုရှာဖွေတွေ့ရှိမှုကြောင့် ဖှေးပျော်ရွှင်သွားသည်။ ဂျုံစေ့များအပြင် တစ်ခြားအရာများကိုပါ ယူဆောင်လာနိုင်သည်ဟူသည့် အဓိပ္ပာယ်ပင်။
သူအပြင်ကမ္ဘာမှ အရေးကြီးပစ္စည်းများကို ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ယူဆောင်လာနိုင်ပြီဖြစ်သည်။
သူ၏ရှာဖွေတွေ့ရှိမှုအား အတည်ပြုပြီးနောက်တွင် ဖှေးသူ၏ခေါင်းထဲတွင် စတင်တွေးခေါ်တော့သည်။
ဒိုင်ယာဘလို ကမ္ဘာနှင့် အပြင်ကမ္ဘာကြားတွင် ရိက္ခာပစ္စည်းများ ဝေမျှအသုံးပြုရန်ကိစ္စကို ဖှေးစဥ်းစားနေခြင်းဖြစ်သည်။ ထားသိုရာနေရာဖြစ်သည့် ခါးပတ်မှတဆင့်မဟုတ်ပဲ တစ်ခြားပစ္စည်းအများအပြားသယ်ဆောင်လာနိုင်မလာနိုင်သည်ကို ဖှေးသေချာမသိသေးသော်လည်း ဤကဲ့သို့သေးငယ်လှသော ဂျုံစေ့အိပ်တစ်အိပ်မှာ ဖှေးအတွက်မျှော်လင့်ခြင်းပြတင်းပေါက်ဖွင့်ပေးလိုက်မှာ အသေအချာပင်။
ဖှေး တွေးနေရင်းဖြင့် အာကာရာ၏ တဲထံသို့လမ်းလျှောက်လာခဲ့သည်။
အာကာရာတစ်ယောက် သူမ၏ သေးငယ်သည်ဟုထင်ရသော်လည်း ကြီးမားသည့်အတွင်းပိုင်းရှိသည့်တဲအတွင်းတွင် ဆေးပုလင်းများစီစဥ်ကာအလုပ်ရှုပ်နေသည်ကို တွေ့ရသည်။ ဖှေးသူ၏ ထားသိုရာခါးပတ်အတွင်းမှ ဆောင်းဂျုံမျိုးစေ့ထုတ်ကို ယူပြီး အာကာရာကိုပေးလိုက်သည်။
"ဒါက....."
အာကာရာ သူမ၏မျက်နှာတွင် မယုံနိုင်သောအမူအရာဖြင့် အထုတ်သေးလေးကိုလှမ်းယူလိုက်သည်။ အံ့သြဖွယ်ကောင်းလှသည်။ အထုတ်အသေးလေးအတွင်းမှ ရှင်သန်ခြင်းစွမ်းအင်များစွာကို အာကာရာခံစားနေရသည်။ ထိုခံစားချက်ကို တစ်ချိန်တည်းမှာပင် အာကာရာရင်းနှီးသလို မရင်းနှီးသလိုခံစားနေရ၏။ ထိုအရာမှာ သူမ၏မှတ်ဉာဏ်များထဲတွင် အလွန်ဝေးကွာနေပြီဖြစ်သည်
ယခင်အချိန်ပေါင်းများစွာအကြာက ရှန်သန်နေထိုင်နိုင်ရေးအတွက် သူပုန်စခန်းတွင် ကိုယ်ပိုင်ကောက်ပဲသီးနှံများ စိုက်ပျိုးလေ့မရှိပေ။ လွန်ခဲ့သည့်နှစ်ပေါင်း၆၀အကြာက အမှောင်သခင်ကြီးဒိုင်ယာဘလို၏ ငရဲပြည်မှစွမ်းအားများ ပျံ့နှံ့လာမှုတို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းကာကောက်ပဲသီးနှံများ ပျက်သုန်းသွားခဲ့သည်။ ဤကဲ့သို့ သန့်စင်ပြီး ရှင်သန်ခြင်းစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် မျိုးစေ့များမှာ သူပုန်တိုက်တွင် အလွန်ရှားပါးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စားစရာသီးနှံစိုက်ပျိုးနိုင်ရန်မှာ ပို၍ပို၍ခက်ထဲလာခဲ့သည်။ နောက်ဆုံးတွင် ကောက်ပဲသီးနှံများစိုက်ပျိုးခြင်းမှာ ရပ်တံ့သွားခဲ့သည်။ အချိန်ကြာမြင့်စွာ သူပုန်စခန်းမှလူများသည် စားစရာအတွက် ကြက်ဝက်များမွေးမြူခြင်းနှင့် မြေရိုင်းလွင်ပြင်သို့သွားကာ စားသောက်နိုင်သည့်အပင်များရှာဖွေခြင်းတို့ဖြင့်သာ ရှင်သန်နေထိုင်ခဲ့ကြသည်။
ဖှေး ယူလာသော မျိုးစေ့များသည် မိစ္ဆာစွမ်းအင်များကြောင့် ညစ်ညမ်းမှုမရှိသည်ကို အာကာရာအသေချာအာရုံခံမိသည်။ ဤမျိုးစေ့များကို ဒိုင်ယာဘလိုကမ္ဘာတွင် ကောင်းမွန်စွာ စိုက်ပျိုးရိတ်သိမ်းနိုင်သည်မှာ အသေအချာပင်။ ဒိုင်ယာဘလိုကမ္ဘာရှိ မြေအရည်အသွေးတို့ကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုနှုန်းမှာ ပုံမှန်ထက်လျှော့နည်းနေမည်ဖြစ်သည်။ သို့သော် ငယ်ရွယ်သည့်အမျိုးသမီးသူပုန်များအား အန္တရာယ်များလှသည့် မြေရိုင်းလွင်ပြင်အတွင်းသို့ အရသာဆိုးသော သစ်မြစ်များရှာဖွေရန်စေလွတ်ခြင်းထက်ပို၍ အဆင်ပြေစေမှာတော့ အသေချာပင်ဖြစ်သည်။ ဤသည်မှာ သူပုန်စခန်းအတွက် မျှော်လင့်ချက်အလင်းရောင်တစ်ခုဖြစ်တော့သည်။
"ကျွန်တော်တို့ ကမ္ဘာမှာတော့ ဒီမျိုးစေ့တွေကို ဆောင်းဂျုံစေ့တွေလို့ခေါ်တယ်.....လွယ်လွယ်ကူကူစိုက်ပျိူးလို့ရပြီးတော့ သူပုန်စခန်းရဲ့ အေးစက်စိုစွတ်တဲ့ရာသီဥတုနဲ့လဲ သင့်လျှော်မယ်လို့ ကျွန်တော်ယူဆတယ်....အခုနည်းနည်းလောက်စမ်းစိုက်ပျိုးကြည့်ပေါ့...စိုက်ပျိုးလို့အောင်မြင်တယ်ဆိုရင် ကျွန်တော်နောက်ထပ်မျိုးစေ့တွေ ထပ်ယူလာခဲ့မယ်.....ဒါတွေက စခန်းအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အစာရေစာရှားပါးမှုကို ဖြေရှင်းပေးနိုင်ကောင်းပေးနိုင်လိမ့်မယ်....."
"အဲ့တာ တော်တော်ကောင်းတာပဲ.....ကျေးဇူးအများကြီးတင်ပါတယ် မစ်စတာဖှေး....ဒီမျိုးစေ့တွေရဲ့ သန့်စင်မှုနဲ့ ရှင်သန်နိုင်စွမ်းတွေကို ငါခံစားနေရတယ်...အသင်က စခန်းအတွက် ရှင်သန်နိုင်ဖို့မျှော်လင့်ချက်ကို ယူဆောင်လာပေးလိုက်တာပဲ...." သူတော်စဥ်အာကာရာသူမ၏ ပုံမှန်အတိုင်းဖြစ်သော အကျိုးရှာလိုသည့် မျက်နှာအမူယာကိုပြောင်းလဲလိုက်ပြီး ဖှေးအား ကျေးဇူးတင်သည့်အနေဖြင့် တည်ငြိမ်အေးချမ်းသည့် မျက်နှာဖြင့် အရိုအသေပေးလိုက်သည်။
"အမ်......ကျေးဇူးတင်စရာမလိုပါဘူး...ဟီးဟီး...အသင့်မှာ ဆေးပုလင်း ဖြစ်ဖြစ် မှော်စာလိပ်တွေဖြစ်ဖြစ် အပိုလေးရှိရင် အဲ့တာတွေပေးပြီး ကျေးဇူးတင်လို့ရပါတယ် ဟဲဟဲ...."ဖှေး ခင်မင်ရင်းနှီးစွာဟန်ဆောင်ပြုံးပြီးပြောလိုက်သည်။
"အဲ့တာတော့ မဖြစ်နိုင်ဘူး......"
ချက်ချင်းပင် အာကာရာ၏ အကျိုးစီးပွားရှာသည့် မျက်နှာအမူရာမှာ ပြန်ရောက်လာတော့သည်။ "မစ်စတာ ဖှေး သူပုန်စခန်းရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်ကလူတိုင်းအတွက် စံပြပုံစံနေပေးရမယ်လေ...ဆေးပုလင်းတွေကို အလကားလိုချင်နေလို့မရဘူး...နောက်ပြီး ငါကလဲဆေးပုလင်းတွေကို အကန့်အသက်တစ်ခုအထိပဲထုတ်လုပ်နိုင်တယ်...အဲ့ဆေးပုလင်းတွေက စခန်းကလူတွေကို ကာကွယ်ပေးနိုင်တယ်ဆိုရုံလောက်ပဲကာကွယ်ပေးနိုင်တယ်.....အဲ့တာကြောင့် မစ်စတာဖှေး အသင့်ရဲ့တောင်းဆိုမှုက များပြားလွန်းပါတယ်...."
ဖှေး ပါးစပ်ပိတ်သွားသည်။
လောဘကြီးပြီး စီးပွားရှာလိုသူသည် အမြဲပင် ထိုကဲ့သို့ဖြစ်နေမည်ဖြစ်သည်။သို့သော် အာကာရာပြောသွားသည်မှာလဲ အမှန်တရားပင်။
ဖှေး သူ၏ခေါင်းထဲတွင်ရှိသော ပစ္စည်းများအလကားရလိုသည့် အကြံစဥ်ကိုအပြီးပိုင်စွန့်လွှတ်လိုက်ရတော့သည်။သူတစ်ဖက်သို့လှည့်လိုက်ပြီး အာကာရာဆေးပုလင်းဖော်စပ်နေဆဲဖြစ်သည့် ပုလင်းများကိုတွေ့ပြီး စူးရှသောအနံ့တစ်ခုရလိုက်သည်။ ထို့နောက်တွင် အကြံတစ်ခုရသွားပြီး ပြုံးကာ မေးလိုက်သည်။ "အာကာရာ ဒါဆိုအသင့်ကို ဆေးပုလင်းလုပ်တဲ့နေရာမှာ ကူညီဖ်ို့လူတစ်ယောက်ဘာလို့မရှာတာလဲ....အဲ့တာဆို ဆေးပုလင်း ပိုပြီး များများထုတ်လုပ်နိုင်မှာပေါ့ ဟီးဟီးဟီး"
"အသင်က ငါဆေးပုလင်းဖော်စပ်တာကို လေထဲကနေပဲ ဆွဲထုတ်လိုက်တယ်ထင်လို့လား...ဆေးပုလင်းတစ်ပုလင်းစီတိုင်းက ရှားပါးပြီး အဖိုးတန်တဲ့ကုန်ကြမ်းပစ္စည်းတွေလိုအပ်တယ်လေ....အဲ့ပစ္စည်းတွေ ဆေးမြစ်တွေက စခန်းထဲမှာ မပေါက်ရောက်ဘူး မြေရိုင်းလွင်ပြင်တို့လို့ အရမ်းအန္တရာယ်များတဲ့နေရာတွေမှာပဲ ပေါက်ရောက်လေ့ရှိတယ်...ငါတို့စခန်းကစစ်သည်တွေက မကောင်းဆိုးဝါးစွမ်းအင်တွေ လျှော့နည်းနေတဲ့အချိန်မှာပဲ အဲ့နေရာတွေကို အသက်နဲ့ရင်းသွားပြီး အဲ့ကုန်ကြမ်းပစ္စည်းတွေ ဆေးမြစ်တွေကို စုဆောင်းရတယ်...ငါလုပ်တဲ့ဆေးပုလင်းတိုင်းက လူငယ်တွေရဲ့သွေးနဲ့ချွေးနဲ့ ရင်းထားရတဲ့ဟာတွေပဲ....." အာကာရာပြောနေရင်း ဝမ်းနည်းသည့်ပုံပေါက်လာ၏။
ဖှေး ပြုံးပြီး သူ့ကိုယ်သူလက်မဖြင့် ညွှန်ပြကာပြောလိုက်သည်။ "ဟီးဟီး အာကာရာ အဲ့အလုပ်လုပ်ပေးဖို့ အကောင်းဆုံးလူတစ်ယောက် အသင့်ရှေ့မှာရှိနေတာကို အသင်သတိမထားမိဘူးလား...ဟီးဟီး အဲ့ပစ္စည်းတွေ သွားယူဖို့အတွက် ကျွန်တော် ကူညီနိုင်ပါတယ်...ဒါမယ့် ကျွန်တော်တောင်းဆိုချင်တာက ရှင်းရှင်းလေးပါပဲ...အသင်ကျွန်တော့်ကို ဖော်စပ်ရာမှာပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဆေးမြစ်တွေရဲ့နာမည်တွေနဲ့ ဘယ်လိုပုံဘယ်လိုအရသာရှိတယ်ဆိုတာကိုသင်ပေးရုံပါပဲ...နောက်ပြီး ဆေးဖော်စပ်နည်းကိုရောပေါ့...ဟီးဟီး"