"လူ့တ်ဂိုလိမ်မြို့တော်"
Vol. 6 Ch. 83
"မင်း......"
အာကာ၏ မျက်ခုံးများပင့်သွားပြီး ထုံးစံအတိုင်းဖှေးနှင့် ငြင်းခုံရန်ပြင်လိုက်သည်။ သို့သော် ရုတ်တရက်ပင် တစ်စုံတစ်ခုကိုသတိရသွားပြီး သူမ၏မျက်လုံးများတောက်ပသွား၏။ ထို့နောက်တွင် ဖှေး၏ခန္ဓာကိုယ်အား ခြေဆုံးခေါင်းဆုံးအနီးကပ်လေ့လာကြည့်ရှုလိုက်ပြီး ပြောလိုက်သည်။
"ဟီးဟီး အသင်ပြောတာ လုံးဝမှန်ကန်ပါတယ်....လာခဲ့ အခုပဲစရအောင် ဆေးမြစ်တွေကို ဘယ်လိုအဆင့်အတန််း အရည်အသွေးခွဲခြားရလဲဆိုတာကို သင်ပေးမယ်လေ...."
တစ်နာရီခန့်ကြာသော်....
ဖှေး စူးရှသော ဆေးမြစ်အနံ့များဖြင့် မွမ်းကြပ်နေတော့သည်။ အာကာရာ၏ ထူးဆန်းပြီးသေးငယ်သော တဲအတွင်းမှ လမ်းလျှောက်ထွက်လာရင်း သူ၏ပါးစပ်ထဲမှတစ်စုံတစ်ခုအား ထွေးထုတ်နေ၏။ သူဆေးမြစ်နာမည်များစွာကို မှတ်မိရန်ရေရွတ်ကြည့်နေသည်။ သူ၏မျက်နှာမှာလည်း ရှုံ့မဲ့နေလျှက်ရှိသည်။
"ဟေး....မစ်စတာဖှေး မပြေးပါနဲ့ဦး ငါ့မှာ အသင်အရသာခံကြည့်ဖို့ ကုန်ကြမ်းပစ္စည်းနဲ့ ဆေးမြစ်အမျိုးစား လေးဆယ်လောက်ကျန်နေသေးတယ်...မစိုးရိမ်ပါနဲ့ ဒီဆေးမြစ်တွေက အရင်ဟာတွေလောက် မခါးပါဘူး...အရသာလဲ သိပ်မဆိုးဝါးဘူး...." အာကာရာကျေနပ်အားကျနေသော အပြုံးနှင့် ဖှေး၏ကြောပြင်ကိုကြည့်ရင် လက်ဝှေ့ရမ်းကာအော်ပြောလိုက်သည်။
ဖှေး တစ်ခွန်းမှပြန်မပြေတော့ပဲ ဆက်လက်သာ ဆုတ်ခွာသွားတော့သည်။
ဖှေး သူ၏ပါးစပ်အတွင်းမှ ခါးတူးနေသောအရာသာရှိသည့်ဆေးမြစ်များကို အဆက်မပြတ်ထွေးထုတ်ရင်း တဲပေါင်းအနည်းငယ်ကို ဖြတ်ကျော်လမ်းလျှောက်လာခဲ့သည်။ ထို့နောက်တွင် ရုတ်တရက်သူတစ်စုံတစ်ခုကို သတိရလိုက်ပြီး စခန်း၏အလည်သို့ပြန်လှည့်သွားကာ ပစ္စည်းများအလကားစစ်ဆေးပေးမည့်သူဖြစ်သည့် အဖိုးကြီး ကိန်းနှင့်တွေ့ဆုံလိုက်သည်။ ဖှေး သူ၏ ထားသိုရာခါးပတ်အတွင်းမှ ချပ်ဝတ်တစ်စုံနှင့် ငွေရောင်ထားသိုရာ လက်စွပ်တစ်ခုတို့ကို ထုတ်ယူပြီး ကိန်းအားပေးလိုက်သည်။ "ဉာဏ်ပညာကြီးမားသောကိန်း ဒီပစ္စည်းတွေက လျို့ဝှက်ထူးဆန်းတဲ့နေရာတစ်နေရာကပါ ဒီပစ္စည်းတွေကို ကျွန်တော့အတွက် စစ်ဆေးပေးနိုင်မလားမသိဘူး....."
တကယ်တန်းတွေ ချပ်ဝတ်မှာငွေရောင်မျက်နှာဖုံးရှင်၏ ချပ်ဝတ်ဖြစ်ပြီး ငွေရောင်ထားသိုရာလက်စွပ်မှာ သနားစရာကောင်းသော ကြယ်လေးလုံးအဆင့်မှော်ဆရာ အီဗန်၏ လက်စွပ်ဖြစ်သည်။ထိုပစ္စည်းများသည် ဂျုံစေ့အိပ်မတိုင်မှီကတည်းက သူ၏ထားသိုရာခါးပတ်အတွင်းတွင် ရောက်ရှိနေခြင်းဖြစ်သည်။ ဖှေး ခုနက ဖွင့်ကြည့်လိုက်စဥ်အခါက ထိုပစ္စည်းများကိုကောင်းမွန်စွာမြင်လိုက်ရသည်။ သို့သော် ထိုပစ္စည်းများ၏အချက်အလက်များကို မသိရသေးချေ။ထို့ကြောငွဖှေး ထိုပစ္စည်းများအားစစ်ဆေးရန်အတွက် ကိန်းအားအကူညီတောင်းခြင်းဖြစ်သည်။ ကိန်းစစ်ဆေးပြီးသွားပါက အမျိုးသမီးပန်းပဲဆရာ ချယ်စီမှ ထိုပစ္စည်းများအား အပြင်လောကတွင်မည်သူမျှမမှတ်မိနိုင်စေရန်အတွက် ပြုပြင်ပေးနိုင်ကောင်းပေးနိုင်လိမ့်မည်ဟု ဖှေးတွေးမိသည်။
"ဟမ်...ဒီပစ္စည်းတွေက အတော်ထူးဆန်းတဲ့ပစ္စည်းတွေပဲ....ငါဒီလိုမျိုးတစ်ခါမှမတွေ့ဖူးဘူး.....ခနငါ့ကိုအနီးကပ်ကြည့်ခွင့်ပေးပါ....ဘုရားရေ...ဒါတွေက လုံးဝကွဲပြားတဲ့မှော်သင်္ကေတတွေပါလာ...ဒီလိုမှော်အစီရင်နည်းလမ်းတွေကို ငါတစ်ခါမှမတွေ့ဖူးသေးဘူး..." အဖိုးကြီးမှာ ဖှေး၏လက်ထဲမှ ပစ္စည်းများကိုယူလိုက်ပြီး အသေးစိတ်ကြည့်ရှုနေ၏။ လျှင်မြန်စွာပင် ထိုပစ္စည်းများကို သူအလွန်စိတ်ဝင်စားသွားသည်။ ရှေးဟောင်းရတနာတစ်ခုကိုတွေ့ရှိလိုက်ရသည့် သုတေသနသမာတစ်ယောက်ကဲ့သို့ပင်။ ထို့နောက်တွင် ဖှေးကိုပင်ဂရုမစိုက်နိုင်တော့ပဲပြောလိုက်သည်။ "စစ်ဆေးတဲ့ကိစ္စက နည်းနည်းတော့ကြာလိမ့်မယ်...နောက်သုံးရက်လောက်နေမှ ငါ့စီပြန်လာခဲ့...."ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ ပစ္စည်းများကို ကလေးချီသကဲ့သို့ အမြတ်တနိုးပွေ့ချီသွားကာ ထွက်ခွာသွားတော့သည်။
"သေစမ်း မစစ်ဆေးနိုင်ဘူးဆိူလဲ မစစ်ဆေးနိုင်ဘူးပေါ့....ဒါကဘာအဓိပ္ပါယ်လဲ....." ဖှေးအဝေးသို့ထွက်ခွာသွားသည့် အဖိုးကြီးကိန်း၏ ကြောပြင်ကိုကြည့်ရင်း လက်ခလယ်ထောင်ပြလိုက်သည်။
စစ်ဆေးခြင်းကိစ္စမှာ စီစဥ်ထားသကဲ့သို့ မဖြစ်သဖြင့် ဖှေး မကောင်းဆိုးများကိုသတ်ပြီး လယ်ဗယ်မြှင့်တင်ရန်ဆုံးဖြတ်လိုက်တော့သည်။
သို့သော် စတင်ရာမြေပုံဖြစ်သည့် [သူပုန်စခန်း]သည် ဖှေးအတွက် လယ်ဗယ်မြှင့်တင်ရန်အတွက် ထိရောက်မှုမရှိတော့ချေ။ လွန်ခဲ့သည့် ရက်ပေါင်းအနည်းငယ်အကြာက စခန်း၏လုံခြုံရေးအတွက် ဖှေးမြေပုံတစ်ခုလုံးရှိမကောင်းဆိုးဝါးများအားလုံးအား လိုက်လံသတ်ဖြတ်ပြီးဖြစ်သည်။ ဤအချိန်တွင် စခန်း၏ လုံခြုံမှုမှာ ယခင်ကထက်၁၀ဆခန့်ပင် မြင့်မားနေပြီဖြစ်သည်။ ခေါင်းဆောင်ကြီးအေဒရီရယ်သေဆုံးပြီးနောက်တွင် ဤမြေပုံတွင်ဖှေးအားစိန်ခေါ်နိုင်မည့်သူမရှိတော့ပေ။
ဤအချိန်တွင် အယ်လီနာသည် အပြင်ကမ္ဘာ၌တွင်သာရှိသေးသည်။ ဖှေးအနည်းငယ်စဥ်းစားပြီးနောက်တွင် ကွန်ပျူတာဇာတ်ကောင်ဝါးရစ်ကိုရှာရန် ဆုံးဖြတ်လိုက်သည်။ ပထမဦးဆုံးအနေဖြင့် သူအရှေ့အရပ်သို့ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ပို၍အန္တရာယ်များသည့် ဒိုင်ယာဘလိုကမ္ဘာ၏ ဒုတိယမြေပုံဖြစ်သည့် [လူ့တ်ဂိုလိမ်မြို့]ကိုသွားရန် ဖှေးဆုံးဖြတ်လိုက်သည်။
သူပုန်စခန်းနှင့် လူ့တ်ဂိုလိမ့်မြို့သည်အလွန်ဝေးကွာသော နေရာတွင်တည်ရှိသည်။ သာမန်သူပုန်တစ်ဦး ခြေလျှင်လမ်းလျှောက်၍သွားပါက အချိန်တစ်နှစ်ခန့်ပင် ကြာမြင့်အောင်သွားရမည့်ခရီးဖြစ်သည်။ ကံကောင်းစွာပင် ဖှေးအတွက်ဆိုပါက ခရီးသွားသည့်ပုံစံမှာ မူရင်းဂိမ်းထဲမှအတိုင်းပင်ဖြစ်သည်။ ရုတ်တရက်ပင် ဖှေး၏မျက်လုံးရှေ့မှ အမြင်အာရုံများဝေဝါးသွားပြီး ခန္ဓာကိုယ်ဆွဲငင်အားမဲ့သွားသလိုခံစားလိုက်ရသည်။ ထို့နောက်တွင် သူ၏မျက်လုံးများပြန်လည်ကြည်လင်လာသည့်အချိန်တွင်မူ လူ့တ်ဂိုလမ်မြို့သို့ရောက်ရှိနေပြီဖြစ်သည်။
သူ၏ ဘေးပတ်ပတ်လည်တွင်ရှိသောအရာအားလုံသည် ကာကရောင်ဖြစ်နေ၏။ မြို့သည် သဲကန္ဒာရများကြားထဲတွင် တည်ရှိနေသောကြောင့်ပင်။
ယခင်မြေပုံဖြစ်သည့် သူပုန်စခန်းမှာ ယိုင်နဲ့နဲ့ဖြင့်ယာစီစခန်းပုံပေါက်သော်လည်း လူ့ဂ်ဂိုလိမ်မှာ ကြီးမားသည့် ကန္တာရမြို့ကြီးဖြစ်သည်။ ချမ်းဘော့ဒ်ကဲ့သို့မက်စောက်သောမြေမျက်နှာအသွင်ပြင်နှင့် လှပသောရှုခင်းများမရှိသော်လည်း ကြီးမားခိုင်ခံ့သည့် ခံတပ်နံရံကြီးများ၊ ခန့်ညားထည်ဝါသည့် နန်းတော်အဆောက်ဦးကြီးများနှင့်လုံခြုံသည့်မြို့တွင်းအသွင်ပြင်၊ ကြီးမားလှပသည့် ဟော်တယ်ကြီးနှစ်လုံး၊ ဘုံဆိုင်များဖြင့်ပြည့်နှက်နေသည်။ ထိုကဲ့သို့အရာများကို ချမ်းဘော့ဒ်တွင်တွေ့ရန် အလွန်ခက်ခဲလှသည်။
အကြောင်းအမျိုးမျိုးကြောင့် ခန်းနားထည်ဝါလှသည့် လူ့တ်ဂိုလိမ်မြို့ကြီးမှာ ဖှေးအား အလွန်ထူးဆန်းသည့် ခံစားချက်တစ်ခုကိုပေးလျှက်ရှိသည်။ လမ်းမကြီးများပေါ်တွင် လမ်းသွားလမ်းလာများအနည်းငယ်သာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။
ကံကောင်းထောက်မစွာပင် ကွန်ပျူတာဇာတ်ကောင်တစ်ချို့ရှိနေဆဲပင်။
ဖှေး လူ့တ်ဂိုလိမ်မြို့အတွင်းသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် ကွန်ပျူတာဇာတ်ကောင်တစ်ယောက်ဖှေးအနားသို့ ချည်းကပ်လာ၏။ စကားအနည်းငယ်ပြောပြီးနောက်တွင် ဖှေး လူ့တ်ဂိုလိမ်မြို့မှ ပထမဆုံးအလုပ်ကိုလက်ခံရရှိလိုက်သည်။ ဘုံဆိုင်တစ်ဆိုင်ပိုင်ရှင်ဖြစ်သည့် အတ်တ်မာတောင်းဆိုသည့် လူ့တ်ဂိုလိမ်မြို့အောက်ရှိ ရေဆိုးမြောင်းကိုထိန်းချုပ်ထားသည့် ခေါင်းဆောင်ကြီး [ရာဒါမန့်]ကို သတ်ဖြတ်နှိမ်နင်းပေးရန်ဖြစ်သည်။
ဖှေး၏ ယခင်မှတ်ဉာဏ်များအရရေဆိုးမြောင်းအတွင်းတို့ ဝင်ပေါက်ကိုရှာတွေ့ပြီး အထဲသို့ဝင်လာခဲ့သည်။
သို့သော် အလုပ်ကိုလက်ခံသည့်လမ်းတစ်လျှောက်တွင် ဖှေးထူးဆန်းသည့်အရာတစ်ခုကို သတိထားမိခဲ့၏။ ဤသည်မှာ လူ့တ်ဂိုလိမ်မြို့မှ ကွန်ပျူတာဇာတ်ကောင်များသည် သူ့အား သိပ်မနှစ်သက်သလိုဖြစ်နေခြင်းပင်။ သူတို့၏ မျက်နှာအမူယာများနှင့် စကားပြောသံတို့မှာ အသက်ဝိညင်ကင်းမဲ့လှသည်။ [သူပုန်စခန်း]ရှိ အာကာရာတို့နှင့် နှိုင်းယှဥ်ကြည့်ပါက ကွာခြားမှုမှာအလွန်ကြီးလှသည်။ ဖှေး သစ်သားအရုပ်များဖြင့် စကားပြောနေရသကဲ့သို့ပင် ခံစားရ၏။
"ထူဆန်းလိုက်တာ ဘာလို့များပါလိမ့်"
မြို့သူမြို့သားများတင်မဟုတ်ပေ။ မြို့ကြီးတစ်ခုလုံးပင် တိတ်ဆိတ်ငြိမ်သက်ပြီး သေဆုံးနေသကဲ့သို့ခံစားရသည်။ ဖှေး သရဲမြို့တော်တစ်ခုအားရောက်ရှိသွားသည့်အတိုင်းပင်။ ဤမြို့တစ်ခုလုံးတွင် အသက်ဝိညဥ်ကင်းမဲ့နေ၏။
ဖှေးစိတ်ထဲတွင် သိလိုစိတ်များစွာဖြင့် ရေဆိုးမြှောင်းအတွင်းမှ မကောင်းဆိုးဝါးများ၊ နတ်ဆိုးများသတ်ဖြတ်ခြင်းကို စတင်လုပ်ဆောင်တော့သည်။
နှစ်နာရီခန့်အကြာတွင်....
လယ်ဗယ်၂၀ လူရိုင်းဇာတ်ကောင်၏စွမ်းအားများဖြင့် ဖှေးရေဆိုးမြှောင်းထဲရှိ မကောင်းဆိုးဝါးများအားလုံးကိုလွယ်ကူစွာ ရှင်းလင်းလိုက်ပြီး ခေါင်းဆောင် [ရာဒါမန့်]ကို သတ်ဖြတ်လိုက်ပြီး သူ၏ပထမဆုံးအလုပ်ကိုပြီးမြောက်လိုက်သည်။ သူ၏ လူရိုင်းဇာတ်ကောင်မှာ အဆင့်၂၁သို့ရောက်ရန် အလွန်နီးကပ်နေပြီဖြစ်သည်။ ဖှေး လူ့တ်ဂိုလိမ်မြို့သို့ ပြန်လာခဲ့ပြီးသူ၏ဆုလာဘ်ဖြစ်သည့် [ကျွမ်းကျင်မှုဆိုင်ရာ အမှတ်]တစ်မှတ်ကို လက်ခံရယူလိုက်သည်။ ထို့နောက်တွင် ခနတာစဥ်းစားပြီး အေးစက်စက်အသံနှင့်ဆက်သွွကာ ဆေးပုလင်းတစ်ချို့ကိုကူးပြောင်းလိုက်သည်။ ထို့နောက်တွင် ပေါ်တယ်တစ်ခုဖွင့်ပြီး ဒိုင်ယာဘလိုကမ္ဘာမှ ဘုရင့်နန်းတော်ဆောင်အတွင်းသို့ပြန်ဝင်လာခဲ့တော့သည်။
အချိန်ကိုက်ပင်ဖြစ်သည်။
အပြင်ဘက်တွင်ရှိနေသောအစောင့်များက ထောင်မှုးအိုလတ်ဂ်ဝင်ခွင့်တောင်းနေကြောင်း လှမ်းပြီးလျှောက်တင်လိုက်သည်။ ဖှေးသူ၏ ပလ္လင်ပေါ်တွင်ထိုင်လိုက်ပြီး ပြောလိုက်သည်။ "သူ့ကိုဝင်ခဲ့ခိုင်းလိုက်...."
လျှင်မြန်စွာပင် ထောင်မှုးအိုလတ်ဂ် ရိုရိုသေသေဝင်လာခဲ့သည်။
ဝဖိုင့်ဖိုင့်နှင့် အိုလတ်ဂ်မှာ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး အရိုအသေပေးလိုက်သည်။ ထို့နောက်တွင် ဖော်လန်ဖားပြုံးလိုက်ပြီး လျှောက်တင်လိုက်သည်။ "ကြီးမြတ်တဲ့ဘုရင်အလတ်ဇန္ဒား အရှင့်ရဲ့အမိန့်အတိုင်း မြေအောက်ရေ သံမဏိအကျဥ်းထောင်က ထောင်သားတွေကို အကျဥ်းထောင်အသစ်စီရွှေ့ပြောင်း နေရာချပေးပြီးပါပြီ။ မစ် အယ်လီနာကတော့ မြေအောက်လိုဏ်ဂူတွေကို လေ့လာနေတုန်းပါ....ကျွန်တော်မျိုး အိုလတ်ဂ်က ဒီကိုသတင်းလာရောက်ပို့တာပါ....."
"အေး...မင်းတော်တော်ကောင်းကောင်းလုပ်ခဲ့တာပဲ...ငါကျေနပ်မှုရှိတယ်....." ဖှေးပြုံးပြီး ချီးမွမ်းလိုက်သည်။
"ဒါတွေအကုန်လုံးက ကျွန်တော်လုပ်သင့်တဲ့အရာတွေပါ.......အရှင်မင်းကြီးစီမှာ ခစားခွင့်ရခြင်းက ကျွန်တော့အတွက် အကြီးမားဆုံးဂုဏ်ယူစရာပါပဲ....." အိုလတ်ရိုသေစွာ ဦးညွှတ်လိုက်ပြီးပြောလိုက်သည်။ "အရှင်မင်းကြီး အကျဥ်းထောင်အသစ်ကို တရားဝင်နာမည်မပေးရသေးပါဘူး...အရှင်မင်းကြီးကိုယ်တိုင်ကြွပြီး နာမည်ပေးရင် ချမ်းဘော့ဒ်တိုင်းပြည်အတွက် ဂုဏ်ယူစရာဖြစ်မှာပါ....."
"ဟေ"
ဖှေး အိုလတ်ဂ်ပြောသည်ကို စိတ်ဝင်စားသွားသည်။
သူယခင်က အလုပ်များနေသောကြောင့် အိုလတ်ဂ်ကုသဆောင်အဟောင်းအား အကျဥ်းထောင်အဖြစ်ပြုပြင်မွမ်းမံနေခြင်းကို တစ်ခါမှပင်သွားရောက်ကြည့်ရှု မစစ်ဆေးဖြစ်ပေ။ အကျဥ်းထောင်အားနာမည်ပေးရန်အတွက် သူ၏စိတ်ထဲတွင် နာမည်ကောင်းတစ်ခုကိုစဥ်းစားမိသဖြင့် ရယ်မောလိုက်သည်။
"ဒါက မင်းအတွက်ဆုလာဘ်ပဲ...ဒီဆေးပုလင်းသောက်ပြီးတာနဲ့ငါ့ကိုအကျဥ်းထောင်အသစ်စီ ဦးဆောင်ခေါ်သွားပေးပါ......" ဖှေး သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ ဟော့ခ်ဆေးပုလင်း တစ်ဝက်ခန့်လောက်သည် အိုလတ်ဂ် ထံသို့ဖြေးညှင်းစွာ ပျံသန်းသွားသည်။ ဆေးပုလင်းမှာ အစိမ်းရောင်တောက်ပနေသည်။ ဤသည်မှာဖှေး အိုလတ်ဂ်အတွက်ပြင်ဆင်ပေးထားသည့် ဆေးပုလင်းဖြစ်သည်။ ဆေးပုလင်းမှာ မများလွန်းမနည်းလွန်းအနေထားမျှပင်ဖြစ်သည်။ အိုလတ်ဂ်၏ ဖြစ်နိုင်ချေအလားလာများကို ဖွင့်ပေးနိုင်ရုံမျှသာဖြစ်သည်။
"ဒါက....."
အိုလတ်ဂ် ထိတ်လန့်အံ့သြသွားသည်။
ဘုရင်အလတ်ဇန္ဒား ပေးသော ဆုလာဘ်မှာ အမျိုးအမည်မသိသော ဆေးပုလင်းတစ်ပုလင်းဖြစ်နေလိမ့်မည်ဟု အိုလတ်ဂ်ထင်မထားပေ။ အရောင်အဆင်းမှာ အစိမ်းရောင်ဖြစ်နေသောကြောင့် အဆိပ်ဆေးပုလင်းဟုပင် ထင်ရသည်။ သို့သော် ဤအချိန်တွင် ဘုရင်၏ရည်ရွယ်ချက်ကိုအိုလတ်ဂ်သဘောပေါက်သွားပြီး သူ၏လိမ္မာပါးနပ်မှုတို့ကို ပြသလိုက်သည်။ ဆေးပုလင်းနှင့် ပတ်သက်သည့်မေးခွန်းများပြန်မေးမနေတော့ပဲ ယုံကြည်သည့်မျက်နှာဖြင့် ပုလင်းဖုံးဖွင့်ကာ ချက်ချင်းပင်သောက်ချလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် ဟော့ဆေးပုလင်း၏ ဆေးစွမ်းစတင်ပြပြီဖြစ်သည်။
တစ်ခါမှမကြုံဖူးသည့် နာကျဥ်မှုမျိုးဝင်ရောက်လာသည်ကို အိုလတ်ဂ်ခံစားလိုက်ရသည်။ သူ၏ ရိုးတွင်းချဥ်ဆီများထိပင် ပူလောင်ကျွမ်းနေသကဲ့သို့ပင်။ ဖှေးအား အံ့သြစေသည်မှာ အိုလတ်ဂ်၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်သည် သေသည်ထက်ဆိုးဝါးလှသော နာကျဥ်မှုကိုခံစားနေရသော်လည်း မအော်ဟစ်မငြီးငြူပဲ အံကြိတ်ခံနေခြင်းပင်။ ထို့နောက်တွင် နာကျဥ်မှုများတဖြည်းဖြည်းလျှော့နည်း သက်သာစပြုလာကာ အိုလတ်ဂ်၏ခန္ဓာကိုယ်သည် ချွေးများဖြင့်စိုရွဲနေတော့သည်။
ဤကဲ့သို့ ခံနိုင်ရည်မြင့်မားလှသော ပြသမှုကြောင့် ဖှေး အိုလတ်ဂ်ကို အနည်းငယ်ပင် အထင်ကြီးသွားသည်။
ခွန်အားများစွာ တိုးပွားလာမှုနှင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားစီးကြောင်းများ ကျယ်ပြန့်လာမှုတို့ကို ခံစားလိုက်ရသောကြောင့် ယခင်က ကြောက်လန့်နေခဲ့သောအိုလတ်ဂ်သည် ဘုရင်အလတ်ဇန္ဒားသူ့အား မည်ကဲ့သို့ဆေးပုလင်းဆုချီးမြှင့်လိုက်သည်ကို သဘောပေါက်သွားတော့၏။ အိုလတ်ဂ်ဒူးထောက်လိုက်ပြီး မြှောက်ပင့်ရန် ပါးစပ်ဟလိုက်သည်။ သို့သော် သူပြောနေကြစကားလုံးများသည် အသံထွက်လာရန်ခက်ခဲနေ၏။ အကြောင်းတစ်စုံတစ်ရာကြောင့် သူစကားတစ်ခွန်းမှပြောနိုင်ပဲ ရှိနေ၏။
အိုလတ်ဂ်၏ ရင်ထဲတွင် စိတ်ခံစားမှုများပြည့်နှက်လာပြီး မျက်ရည်များပင်ဆို့နှင့်လာသည်။ "အရှင်မင်းကြီး......ကျေးဇူးတင်ပါတယ်....အရှင်မင်းကြီး....ကျွန်တော်...စစ်ပွဲနတ်ဘုရားထံမှာ....အိုလတ်ဂ်...စစ်သည်တစ်ယောက်ရဲ့ ဂုဏ်သရေ၊ အသက်ဝိဉာဥ်ပေါ်မှာတိုင်တည်ပြီးကျိန်ဆိုပါတယ်....ကျွန်တော် ဘုရင်အလတ်ဇန္ဒားကို ထာဝရသစ္စာရှိသွားပါ့မယ်....ချမ်းဘော့ဒ်တိုင်းပြည်မှာ ရှိတဲ့လူတော်တော်များများ ကျွန်တော့ကို အယုံအကြည်မရှိကြတော့ဘူးဆိုတာ...ကျွန်တော်သိပါတယ်...ဘစ်ဇားက ကျွန်တော့ကို သူ့ဘက်ပါဖို့အသေအကြေစည်းရုံးခဲ့တယ်ဆိုပေမယ့်....သူ့မျကိလုံးထဲမှာတော့ ကျွန်တော့ကို ခိုင်းစရာခွေးတစ်ကောင်လို့ပဲသဘောထားပါတယ်....ဒါပေမယ့်...အရှင်မင်းကြီးကတော့ ကျွန်တော့ကို ယောက်ျားတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ခွင့်ပေးခဲ့ပါတယ်....ဒါကြောင့်မို့....ကျွန်တော်....ကျွန်တော်..."
အခိုက်တန့်တစ်ခုအကြာ အိုလတ်ဂ်မှာ အသဲသန်ငိုကြေီးနေသဖြင့် စကားပင်ကောင်းကောင်းမပြောနိုင်ပဲ ဖြစ်နေသည်။
ထိုမြင်ကွင်းမှာ ဖှေးအားထက်မံ၍အံ့သြစေတော့သည်။
"လူသားတွေရဲ့သဘာဝက ခန့်မှန်းဖို့တော်တော်ခက်ခဲတာပဲ....ဒါမယ့် ဒီအိုလတ်ဂ်က ငါ့ရဲ့ကြီးမြတ်တဲ့ပုံရိပ်ကြောင့်မို့ ကိုယ့်ကိုယ်ကိုပြောင်းလဲပြီး ဘဝသစ်စချင်စိတ်ပေါက်သွားတာထင်တယ်.....ဟားဟား..."
ဖှေး အိုလတ်ဂ်ဒူးထောက်ပြီး သူ၏သစ္စာရှိမှုများကို ကျိမ်ဆိုပြနေသည်ကို သိပ်အလေးနက်မထားပဲ မိမိကိုယ်ကိုအထင်ကြီးစိတ်များသည် သူ့ခေါင်းထဲသို့အလုံးလိုက်ဝင်လာတော့သည်။
.........
ဆယ်မိနစ်ခန့်အကြာတွင်ဖြစ်သည်။
အထူးကျေးဇူးတင်နေသော အိုလတ်ဂ်၏ ခေါင်းဆောင်မှုနှင့်အတူ ဖှေးတစ်ယောက်ချမ်းဘော့ဒ်နန်းတော်၏ အနောက်ဘက်အခြမ်းရှိ ယခင်ကကုသဆောင်အဟောင်းစီသို့ ရောက်ရှိလာခဲ့သည်။
ဤသည်မှာ အိုလတ်ဂ်အသစ်တည်ဆောက်ထားသည့် အကျဥ်းထောင်အသစ်ဖြစ်သည်။
အကျဥ်းထောင်၏ အပြင်နံရံများကို အဖြူရောင်ကျောက်တုံးများဖြင့်တည်ဆောင်ထားပြီး လေးကိုက်ခန့်မြှင့်မားသည်။ နံရံများအတွင်းတွင် ယခင်ကယိုင်နဲ့နဲ့ ကုသဆောင်အား အကျဥ်းခန်းများစွာပါရှိသည့် အကျဥ်းထောင်အဆောက်ဦးအဖြစ်သို့ပြောင်းလဲထားသည်။ အကျဥ်းခန်းတစ်ခုခြင်းစီတွင်ကောင်းမွန်သော လေဝင်လေထွက်စနစ်နှင့် အလင်းရောင်ကောင်းကောင်းရှိသည်။ အခန်းတိုင်းသည် နွေးထွေးခြောက်သွေ့ပြီး နေရထိုင်ရအဆင်ပြေသည်။ ပြတင်းပေါက်များကိုလဲ သံမဏိချောင်းများဖြင့် လုံခြုံစွာကာရံထားသည်။ မြေအောက်ရေသံမဏိအကျဥ်းထောင်မှ အကျဥ်းသား၆၀ခန့်ကို ဤနေရာသို့ရွေ့ပြောင်းထားသည်ဖြစ်သည်။
အကျဥ်းထောင်အသစ်အား အဝေးမှကြည့်ပါဖြူဖွေးနေသည်။ အကျဥ်းခန်းများသည် အကျဥ်းသား၂၀၀ခန့်လက်ခံထားရှိနိုင်သည်။ မြေအောက်ရေသံမဏိအကျဥ်းထောင်နှင့် နှိုင်းယှဥ်ပါကအလွန်သေးငယ်သွားတော်လဲ ချမ်းဘော့ဒ်တိုင်းပြည်အတွက်တော့ ကောင်းကောင်းအသုံးပြုနိုင်ဆဲပင်ဖြစ်သည်။ ဖှေး အကျဥ်းထောင်အား ပြန်လည်စစ်ဆေးပြီးနောက်တွင် အကျဥ်းသားသိပ်မကျန်တော့ပေ။ ထို့အပြင် ဖှေး အကျဥ်းထောင်အသစ်တည်ဆောက်ခြင်းမှာ မြေအောက်ရေ သံမဏိအကျဥ်းထောင်ကို ကောင်းစွာလေ့လာလို၍ ပိတ်ထားနိုင်ရန်ဖြစ်သည်။ ထိုနေရာသည် အေဇာရုတိုက်တစ်ခုလုံးကို ပြောင်းပြန်လှန်လိုက်နိုင်သည့် လျို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသည်မှာ ဖြစ်နိုင်သောကြောင့်ပင်။ ဒဏ္ဍာရီလာမြေနေရာများပင်ဖြစ်သည်။
အကျဥ်းထောင် ဂိတ်တံခါးဝတွင် ကိုက်၂၀ခန့်မြင့်မားသော စစ်သည်ရုပ်ထုကြီးနှစ်ခုထုလုပ်ချထား၏။ ဤရုပ်ထုကြီးများကို အိုလတ်ဂ်ပြုလုပ်ထားသည်မဟုတ်ပေ။ ဘုရင်မှအကျဥ်းထောင်အသစ်ဆောက်လုပ်နေသည်ဟုကြားသဖြင့် မြို့သူမြို့သားများစုပေါင်း၍ အကျဥ်းထောင်ဝတွင်ထားရှိရန် ထုလုပ်ထားခြင်းဖြစ်သည်။ ထုလုပ်သူများက ထိုရုပ်တုများကို "တရားမျှတမှု၏ကျောက်တိုင်"နှင့် "နောင်တတရား၏ကျောက်တိုင်"ဟူ၍ နာမည်ပေးထား၏။တရားခွင်၏ တရားမျှတမှုနှင့် အကျဥ်းသားများ၏ မိမိကိုယ်မိမိပြန်လည်ပြင်ဆင်ရန်မျှော်လင့်ချက်တို့ကို ကိုယ်စားပြုသည်။
ကျောက်ရုပ်တုနှစ်ခု၏အလည်တွင် အမဲရောင်စတုရန်းပုံကျောက်တုန်းကြီးတစ်ခုရှိသည်။ အကျဥ်းထောင်နာမည်ရေးရန်အတွက် အိုလတ်ဂ်ပြင်ဆင်ထားသည့်ကျောက်တုံးဖြစ်သည်။ အကျဥ်းထောင်ပတ်ပတ်လည်တွင် မြို့သူမြို့သားများစွာရောက်ရှိနေသည်။ ခွင့်လွှတ်ခြင်းနှင့် တရားကြင်နာမှုတရားတို့ကို ကိုယ်စားပြုသောအကျဥ်းထောင်အသစ်အား ဘုရင်ကိုယ်တိုင်နာမည်ပေးသည်ကို ကြည့်ရှုလို၍ဖြစ်သည်။
"ငါ့ရဲ့လေးစားဖွယ်မြို့သူမြို့သားအပေါင်းတို့ အသင်တို့ရဲ့ရွေးချယ်မှုနဲ့ အပြုမူအမှားတွေကြောင့် မြို့သူမြို့သားတွေတစ်ယောက်မှဒီအကျဥ်းထောင်ထဲမှာ အဖမ်းချုပ်မခံရဖို့အတွက် ငါမျှော်လင့်မိတယ်...."
ဖှေး ကြီးမားသည့် ကျောက်တုံးဘေးတွင်ရပ်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဖှေး အိုလတ်ဂ်ခါးတွင်ချိတ်ထားသော ဓားရှည်ကိုဆွဲယူလိုက်ပြီး ဓားရှည်ဖြင့် အမဲရောင်ကျောက်တုံးပေါ်တွင် စာလုံးများစတင်ထွင်းတော့သည်။
"ချွင် ချွင်" သံမဏိနှင့်ကျောက်သားတို့ ပွတ်တိုက်ရာမှ ထွက်ပေါ်လာသော မီးစများနှင့်အတူ စာလုံး၃လုံးကို အမဲရောင်ကျောက်တုံးပေါ်တွင် ထွင်းထုလိုက်သည်။
အမဲရောင် အိမ်ငယ်လေး.......
"အမဲရောင်အိမ်ငယ်လေး...ဟားဟား ဒါက အကျဥ်းထောင်အသစ်ရဲ့နာမည်ပဲ...ဒီနေ့ကနေစပြီးတော့ အမဲရောင်အိမ်လဲလေးထဲကို ပို့ခံရတဲ့လူတိုင်းဟာ သူတို့ရဲ့အပြုမူကိုသူတို့ပြန်လည်စဥ်းစားနောင်တရခွင့်ရှိမယ်....သူတို့ရဲ့လွတ်လပ်ခွင့်တွေကိုတော့ ယာယီအားဖြင့် ချုပ်နှောင်သိမ်းထားမှာဖြစ်တယ်...ဒါပေမယ့် တန်ဖိုးရှိတဲ့အသက်တစ်ချောင်းကိုတော့ ဒီနေရာမှာဘယ်သူမှဆုံးရှုံးရမှာမဟုတ်တော့ဘူး...."
ဖှေး ဓားကိုကိုင်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဘုရင်အလတ်ဇန္ဒား ကျန်းမာပါစေ....."
"ဘုရင်အလတ်ဇန္ဒား အသက်ရှည်ပါစေ....."
"သနားကြင်နာတတ်တဲ့ဘုရင်အလတ်ဇန္ဒားကို စစ်ပွဲနတ်ဘုရားကောင်းချီးပေးပါစေ...."
လူအများ ဝိုင်းဝန်းအော်ဟစ်အားပေးကြ၏။
ဤမြင်ကွင်းမှာအနည်းငယ်ထူးဆန်းလှသည်။
အကျဥ်းထောင် အသစ်ဖွင့်လှစ်ခြင်းမှာ အောင်ပွဲခံစရာကိစ္စတစ်ခုမဟုတ်ပေ။ ကစားကွင်းတစ်ခုဖွင့်လစ်ခြင်းမဟုတ်။ အကျဥ်းထောင်ဆိုသည်မှာ အုပ်ချုပ်မှုသူလူတန်းစား၏ လွှမ်းမိုးအုပ်ချုပ်မှုကို ကိုယ်စားပြုသောကြောင့်ပင်။ သို့သော်ယခုအချိန်တွင်မူ ရက်စက်သောမြေအောက်ရေသံမဏိအကျဥ်းထောင်မှဖြစ်ရပ်များကဲ့သို့ ဆွေကြီးမျိုးကြီးများကို အနည်းငယ်ထိပါးမိရုံဖြင့် မတရားချုပ်နှောင်ခံရမည့်ကိစ္စများရှိလာတော့မည်မဟုတ်တော့သောကြောင့်ပင်။
လာမည့်၈ရက်တွင် ဘုရင်အလတ်ဇန္ဒားအား ဇီးနစ်အင်ပါယာ၏ တော်ဝင်ထီးနန်းတင်မြှောက်ရေးသံတမန်အဖွဲ့က တရားဝင်ထီးနန်းတင်ပေးပြီးချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်အတွက် တစ်ခါမှမကြုံဖူးသည့် ပျော်ရွှင်ဖွယ်နေ့ရက်များတစ်နေ့ပြီးတစ်နေ့ကြုံလာနိုင်သည်။
လူအုပ်မှာ ချိမ့်ချိမ့်သဲအားပေးနေကြသည်။
ထိုအချိန်တွင် စစ်ဘက်ဆိုင်ရာအကြံပေးဘရွတ်မှာ လူအုပ်ထဲမှ ဖှေးအနားသို့ပြေးလာသည်။ ထို့နောက်တွင် ဖှေးနားအနီးသို့ကပ်ကာတစ်ခုခုပြောင်းလိုက်သည်။
ဖှေး၏ မျက်နှာအမူယာမှာချက်ချင်းပြောင်းလဲသွားသည်။
"နောက်ဆုံးတော့ ရောက်လာကြပြီလား...အဲ့ခွေးသားတွေကို ငါစောင့်နေတာတော်တော်ကြာပြီ....."