← Chapters

အရာရာတိုင်းက ကံကြမ္မာပဲ

Vol. 2 Ch. 21

အရာရာတိုင်းက ကံကြမ္မာပဲ

Vol. 2 Ch. 21

အိမ်နီးချင်းတွေ နဲ့ လင်းဖန်ဟာ အိမ်ထဲကို ဝင်သွားပြီးတော့ စားပွဲတစ်ခုမှာ ဝိုင်းပြီးထိုင်လိုက်ကြပါတယ်။

အန်တီ ကျန်း နဲ့ သူ့သား ဟာလည်း ဘေးနားမှာရှိပြီး လင်းဖန်ရဲ့ စွမ်းဆောင်ရည်ကို မြင်ချင်နေကြပါပြီ။အနာဂတ် ကိုဟောပြောတဲ့ ပညာရပ်ကို လင်းဖန်သာ အမှန်တကယ် တတ်ကျွမ်းမယ် ဆိုရင် တကယ် အံ့သြဖို့ကောင်းမှာပါ။

ဒီနေ့ ခေတ်က တိုးတက်နေပြီး ဆိုပေမဲ့လည်း တစ်ချို့လူတွေဟာ သူတို့ရဲ့ ဘဝတွေရဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေ ချကာနီးပြီးဆိုရင် ဗေဒင်မေးလေ့ ရှိကြပါတယ်။သို့ပေမယ့် လည်းဒါဟာ သူတို့ ဗေဒင် ပညာကို အမှန်တကယ် ယုံကြည်တယ်လို့ မဆိုလိုပါဘူး။လူအများစုဟာ သူတို့ စိတ်ကျေနပ်မူရရှိအောင် ဗေဒင်သွားမေးကြတာများပါတယ်။

စတင်ပြီး ဟောကြားဖို့အတွက်တော့ ရိုးရှင်းပါတယ်။လင်းဖန် သူတို့ မေးချင်တဲ့ မေးခွန်းအနည်းငယ်ကို ပြန်လည်ဖြေကြားပေးဖို့ပဲ လိုအပ်တယ် လို့ တွေးလိုက်မိပါသည်။

တကယ်လို့ သူတို့တွေထဲမှာ ဗေဒင် ပညာအ​ေကြာင်း စိတ်ဝင်စားတဲ့လူရှိပြီး သူရှင်းပြလိုက််လို့နားလည်သွားရင် လင်းဖန် စွယ်စုံအမှတ်ရနိုင်သည်။စွယ်စုံအမှတ်က ရဖို့ အတော်ခက်ခဲတဲ့ အရာပါ။ဒါကြောင့် သူဗေဒင် ပညာကို စတင်ပြီး မိတ်ဆက်ပေးလိုက်ပါတယ်။

"နွေရာသီ နဲ့ ဆောင်းရာသီကြားကာလ၊ ဘီစီ ၇၇၀- ၄၇၆ လောက်မှာပေါ့၊ အဲ့အချိန်မှာ တုန်းက ဗေဒင်ပညာကို ယင်ယန် နည်းစနစ်နဲ့ တရုတ်အတွေးအခေါ်ရဲ့ အဆင့်ဆင့် ပြောင်းလဲလာမူအဖြစ် သိရှိထားကြတယ်။တန် မင်းဆက် လက်ထက်မှာ ဗေဒင်ပညာဟာ အထူးကျော်ကြားခဲ့ပြီး တော့ ဗေဒင်ပညာရဲ့ မူလ အစဟာ တန်မင်းဆက် ကနေ စတင်ခဲ့တယိလို့တောင် လူတွေက ပြောကြတယ်။ပြီးတော့ အဲဒီတုန်းက လီရှုချွန်း ဆိုတဲ့ ဗေဒင်ပညာရှင်ဟာ အလွန် ထင်ရှားပြီး တိုင်လေးခု ဗေဒင်နည်းစနစ်ကို ဖန်တီးခဲ့တယ်။ဒါပေမဲ့ ဒီဘက်ခေတ် လူတွေဟာ တိုင် ရှစ်ခုအဖြစ် သိထားကြတယ်...."

လင်းဖတ် ဟာ အကောင်းဆုံးကြိုးစားပြီး ရှင်းပြနေပေမဲ့လည်း အိမ်နီးချင်းတွေဟာ သူပြောနေတာတွေ တစ်ခုမှ နားမလည်ပဲ စိတ်ဝင်စားမူ လျော့နည်းလာကြပါတယ်။နောက်ဆုံး လင်းဖန်ဗေဒင်ပညာရဲ့ အရင်းအမြစ်ကိူ ရှင်းပြလို့ ပြီးသွားတာတောင် ဘာမှ ဖြစ်မလာခဲ့ပါဘူး။

ဒါက သူတို့ထဲက ဘယ်သူမှ လင်းဖန်ရှငိးပြတာကို နားမလည်ဘူးလို့ ဆိုလိုတာပါ။ယင်းကြောင့် လင်းဖန် အာပေါက်မတတ် ရှင်းပြလို့အပြီးတွင် စွယ်စုံအမှတ် တစ်ခုမှ မရခဲ့ပေ။

"စောက်ကျိုးနဲ ဘဝပဲကွာ။စွယ်စုံအမှတ် တွေက ရဖို့ အတော်ခက်တာပဲ"

လင်းဖန် စိတ်ထဲကနေ တွေးလိုက်ပါတယ်။

"မာစတာ လင်း၊ ငါတို့ စပြီးဗေဒင် ဟောလိုက်ကြမလား။မင်းရှင်းပြတာတွေက ငါတို့ နားလည်နိုင်တဲ့ အရာတွေ မဟုတ်လောက်ဘူး ဟီးဟီး"

မစ္စတာ ကျန်း ဟာ စီးကရတ် ကို လက်က ကိုင်ထားရင်း ပြုံးပြီးပြောလိုက်ပါတယ်။

"ကောင်းပြီလေ"

လင်းဖန် မစ္စတာ ကျန်း ရဲ့ မျက်နှာကို သေချာ အနီးကပ်ကြည့်လိူက်ပါတယ်။တစိခြား လူတွေကြည့်ရင်တော့ ဒီလူက တစ်ကယ်ဗေဒင် မေးချင်တယ် လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ဒါပေမဲ့ ဒီလူက ဒီကို အပျော်သဘောနဲ့ လာခဲ့တာပါ။

သူတို့ လင်းဖန် ဘယ်လိုတွေ ဟောမလဲ ဆိုတာ ကို သိချင်လို့သာ လာကြတာပါ။ဒီနေ့ခေတ် လမ်းဘေးမှာ ဗေဒင်ဟော နေကြတဲ့ လူတွေ အကုန်လုံးက အလိမ်အညာတွေ ချည်းပါပဲ။သူတို့တွေက လှပတဲ့ အလိမ်အညာ စကားလုံးတွေကို ပြောပြီး နားထောင်နေတဲ့ လူကို ယုံကြည်အောင် လှည့်စားကြတာပါ။

လင်းဖန် ရဲ့ မျက်လုံးထဲမှာ အချက်အလက်တွေဟာ သူ့အလိုလို ပေါ်လာခဲ့ပါပြီ။

"ကျန်းဂေါင်မင် ၊ အသက် ၆၃ နှစ် ၊ အသက် ၈၁ နှစ်တွင် သေဆုံးမည်.....ဂျူလိုင်လ ၃၀ ရက်နေ့ ၂:၀၀ နာရီ ခန့်တွင် သေးငယ်သည့် ဘေးအန္တရာယ် နှင့် ကြုံတွေ့ရမည်။ကုန်စည် တစ်ခုခု မသည့် အချိန်တွင် သူ၏ ခြေထောက် ကျိုးပဲ့ နိုင်သည်"

မစ္စတာ ကျန်း ရဲ့ ဘဝဟာ အားလုံး သာယာစိုပြေတယ် လို့တောင် ပြောလို့ရပါတယ်။အရမ်းကြီးမားတဲ့ ပြသနာ တွေ တစ်ခုမှ မရှိပါဘူး။ဂျူလိုင်လ ၃၀ ရက်နေ့က မနက်ဖြန်ပါ၊ သို့ပေမယ့် လင်းဖန်ဟာ စွယ်စုံကျမ်းရဲ့ စည်းမျဥ်းကို သိပြီးထားပါပြီ။သူ တိုက်ရိုက် ပြောလို့မရပါဘူး.....

"မစ္စတာ ကျန်း မနက်ဖြန်ကျ ရင် ခင်ဗျားအတွက် မကောင်းတာ တစ်ခုခု ဖြစ်လိမ်မယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့ အဲဒါက အသက်အန္တရာယ် မစိုးရိမ်ရဘူး"

လင်းဖန် စတင် ဟောကြားလိုက်ပြီး မစ္စတာ ကျန်း ကိုပြောလိုက်ပေမယ့်လည်း မစ္စတာ ကျန်းရဲ့ မျက်နှာဟာ လုံးဝ စိုးရိမ်နေတဲ့ ပုံမရှိပေ။

"ရှောင်ဖန် ၊ မင်းငါကို ခြိမ်းခြောက်နေတာတော့ မဟုတ်ပါဘူးနော်"

မစ္စတာ ကျန်းဟာ လင်းဖန်ကို တဲ့တိုးပဲ ပြောလိုက်ပါတယ်။သူလင်းဖန် ဟောတာကို အယုံအကြည် မရှိပေမဲ့ လည်း ထူးဆန်းတဲ့ ခံစားချက်တော့ရနေခဲ့ပါတယ်။

"ဟားးဟားးး"

လင်းဖန် ရယ်မောပြီး ထပ်ပြောလိုက်သည်။

"အရမ်းကြီး လေးတဲ့ ပစ္စည်းတွေကို မနက်ဖြန်ကြရင် မ မနဲ့ ၊ ဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်"

"ပစ္စည်းတွေ ရွှေ့ရမှာ? ဘာ ပစ္စည်းလဲ? "

မစ္စ တာ ကျန်းဟာ တွေဝေ စွာနဲ့မေးလိုက်ပါတယ်။

လင်းဖန် ခေါင်းကို ခါယမ်းလိုက်ပြီး ၊ ပြုံးကာ ပြန်ဖြေလိုက်ပါတယ်။

"ဒါက လျိုဝှက်ချက်၊ ကျွန်တော် ဒီနေ့ ပြောတာကိုသာ မှတ်ထား အဲတာဆို အဆင်ပြေသွားလိမ့်မယ်"

လင်းဖန် ဒီထပ်ပိုပြီး တိတိကျကျ ကြီးထပ်ပြောလို့မရတော့ပါဘူး။မဟုတ်ရင် လျှပ်စီး လက်လာပြီး မိုးကြိုးပစ်ချပါလိမ့်မယ်။

ဒါပေမဲ့ မစ္စတာ ကျန်း သူကို လုံးဝ မယုံကြည်ဘူးဆိုတာ သူတွေ့နေရပါတယ်။လင်းဖန်ကတော့ သူပြောရမယ့် တာဝန်အတိုင်း ပြောပြီးသွားပါပြီ၊ ယုံတာ မယုံတာကတော့ သူတို့ အပိုင်းပါပဲ။သူတို့အတွက် လင်းဖန်လို လူမျိုး နဲ့တွေ့ပြီး ဗေဒင်မေးခွင့်ရတာတောင် ကံကောင်းမူတစ်ခုဖြစ်နေပါပြီ။

"မစ္စတာ ကျန်း ၊ မာစတာ လင်း ပြောတာ ကိုမှတ်ထားဦး။ မနက်ဖြန်ကျရင် ဂရုစိုက်ဦးနောိ"

ဘေးနားမှာ ရှိတဲ့ လူတွေဟာ မစ္စတာ ကျန်းကို ဝိုင်းပြီး ပြောလိုက်ပါတယ်။

မစ္စတာ ကျန်းဟာ ခေါင်းကို ဘယ်ညာ ရမ်းလိုက်ပြီး အနည်းငယ် မပျော်မရွင် ခံစားနေရပါတယ်။

ငါက ဘာအတွက်ကြောင့် အန္တရာယ် နဲ့ ကြုံရမှာလဲ???

သို့ပေမဲ့ ဗေဒင် တွက်ခိုင်းတာ သူဖြစ်နေတဲ့ အတွက် လင်းဖန် ဒီလိုပြောတဲ့ အပေါ် စိတ်ဆိုးလို့မရပါဘူး။

"အစ်ကို ကျန်း ၊ လင်းဖန် ကအစ်ကိုအတွက် ဗေဒင် ဟောပေးပြီးပြီ ဆိုတော့ ဗေဒင် ဟောခ ပေးရမယ်နော်"

အိမ်နီးချင်းတွေဟာ မစ္စတာ ကျန်း ပြန်ဖို့လုပ်နေတာကို မြင်တဲ့ အချိန်မှာ ရယ်မောပြီး ဝိုင်းပြောလိုက်ကြပါတယ်။

"ငါမနက်ဖြန် ကြရင် အန္တရာယ်နဲ့ ကြုံရတော့မှာလေ၊ ငါဘယ်လိုလုပ် အခကြေးငွေ ပေးနိုင်တော့မှာလဲ ။အာ ....ငါပြန်တော့မယ်"

မစ္စတာ ကျန်းဟာ သူ့ခေါင်းသူ ရိုက်လိုက်ပြီး တစ်ခုခု အရေးကြီးတာ သတိရလိူက်သလို ဟန်ဆောင်ကာ အိမ်ကို အပြေးပြန်သွားခဲ့ပါတယ်။

လင်းဖန် ခေါင်းကို ခါယမ်းလိုက်ပြီး ၊ဒီလူကို ဘာမှထပ်မပြောတော့ပေ။

"လူတိုင်းတွေးနေတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ကျွန်တော် ခင်ဗျားတို့ကို ဗေဒင်ဟောကြား ပေးတဲ့ အချိန်မှာ ခင်းဗျားတို့ မ​ပျော်မရွင်ဖြစ်စေမယ့် အကြောင်းအရာ တွေ ပါကောင်းပါနိုင်ပါတယ်။ဒါကို စိတ်မဆိုးသင့်ပါဘူး။ဘဝက ဒီလိုပါပဲ ...ခင်ဗျားတို့ရဲ့ ဘဝမှာ ကောင်းတာတွေပဲ အမြဲတမ်း မကြုံတွေ့နိုင်ပါဘူး၊ တစ်ချို့လူတွေမှာလည်း ကောင်းတဲ့ ကိစ္စတွေရှိနိုင်ပါတယ်၊ ဒီနေ့က ကျွန်တော်ရဲ့ ပထမဆုံးနေ့ ဖြစ်တဲ့ အတွက် အာလုံးကို အခမဲ့ ဟောပေးပါ့မယ်"

လင်းဖန် ပြောလိုက်ပါတယ်။

"ရှောင်ဖန် လူတွေက ဗေဒင်ဟော ရင် အချက်အလက် ရှစ်ခုကို တွက်ချက်ပြီးဟောကြတယ်လေ၊ မင်းကျတော့ ဘာလို့ ဒီအချက်အလက်တွေ မမေးတာလဲ"

သူတို့ လင်းဖန်ကို ခေါ်တဲ့ စကားလုံးတောင်မှ ပြောင်းလဲလာခဲ့ပါပြီ။မစ္စတာ ကျန်း လုပ်သွားတဲ့ အပြုအမူကို ကြည့်ပြီးတော့ သူတို့ လင်းဖန်ကို

မာစတာ လင်း လို့တောင် ထပ်မခေါ်ကြတော့ပ့ဘူး။

"ကျွနိတော် ဟောပြောတဲ့ နည်းစနစ်က မျက်နှာ သွင်ပြင်မှာ အခြေခံပါတယိ။ဗေဒင်ပညာမှာ မျက်နှာကိုကြည့်ပြီး ဟောကြားတာ၊ လက္ခဏာကို ကြည့်ပြီး ဟောကြားတာ၊ အခြေခံ အချက်အလက် ရှစ်ခု ကိုကြည့်ပြီး ဟောကြားတာ၊ ကောင်းကင်နဲ့ မြေကြီး ကိုကြည့်ပြီး ဟောကြားတာ ဆိုပြီး ရှိတယ်....ဒီတော့...."

လင်းဖန် အိမ်နီးချင်းတွေကို ကြည့်ပြီး သေချာရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ သူတို့က ဘယ်လောက်ရှင်းပြပြ နားမလည် တဲ့ ရုပ်တွေနဲ့ပဲ နားထောင်နေကြသည်။

"မာစတာ လင်း ၊ မစ္စ ကျန်း ကမနက်ဖြန်ကျရင် တကယ် ဘေးအန္တရာယ်နဲ့ ကြုံရမှာလား"

အန်တီ ကျန်း ဟာသိချင်စိတိနဲ့ မေးလိုက်ပါတယ်။

လင်းဖန် ပြုံးပြလိုက်ပြီးတော့ ဘာမှ ပြန်မဖြေခဲ့ပါဘူး။စွယ်စုံကျမ်း ထဲမှာ အရာရာတိုငိးက မှတ်ထားပြီးသားပါ၊ တစ်စုံတစ်ယောက်ဟာ သူ့ကို ယုံကြည်ရင် ကောင်းကျိုးခံစားရမှာပါ။

သူ့ကိုမယုံကြည်လို့ရှိရင်တော့ ဒါဟာ ကံတရား

ပါပဲ........

တစ်ချို့လူတွေဟာ အိမ်မှာ လုပ်စရာ တစ်ခုခုရှိတယ် ဆိုပြီး ပြန်သွားကြပါတယ်၊ တစ်ချို့လူတွေကတော့ ဘာမှလုပ်စရာ မရှိပါဘူး၊ ဒါကြောင့် လင်းဖန် ဆီမှာ ဗေဒင်ဆက်မေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

လူတိုင်းမှာ သူ့ကံတရား နဲ့ သူရှိကြပါတယ်၊ လူတိုင်းက ကြီးမားတဲ့ ဘေးအန္တရာယ် နဲ့ ကြုံတွေ ရမယ်လို့ မဆိုလိုပါဘူး။တစ်ချို့တွေက နှစ်အနည်းငယ် ၊ ဆယိစုနှစ် အနည်းငယ်လောက်ကြာမှ ဆိုးရွားတဲ့ ကိစ္စတွေကို တစ်ခါလောက် ကြုံကြပါတယ်။သူ နောက် ဆယ်နှစ်လောက် ကျမှ ဖြစ်မယ့် ဘေးအန္တရာယ်ကို အခု ပြောလိုက်ရင်တောင် သူတို့ မေ့သွားကြမှာပါပဲ။

အန်တီ ကျန်း နဲ့ သူ့သားက လွဲလို့ ကျန်တဲ့ လူတွေဟာ လင်းဖန် ဟောလိုက်တာတွေ ကို မေ့သွားမှာ ဖြစ်ကောင်း ဖြစ် နိုင်ပါတယ်။

...........

လင်းဖန် အိမ်နီးချင်းတွေကို ဗေဒင် ဟောကြားပေးနေတဲ့ အချိန်မှာ ကြယ်နီမူတန်းကျောင်းရှေ့မှာတော့ မထင်မှတ်ထားတာတွေ ဖြစ်နေခဲ့ပါပြီ။

လူအုပ်လိုက်ကြီးက ကျောင်းရှေ့ မှာ စုဝေးပြီး သူတို့ရဲ့ မျက်နှာမှာ စိတ်မရှည်မူတွေ ၊ ဝမ်းနည်းမူတွေ ၊ တွေဝေမူတွေ ၊ သံသယ ဖြစ်မူတွေ နဲ့ ပျက်နှက်နေခဲ့သည်။

"သူဌေးလေးက ဒီနေ့ဘာလို့ မလာသေးတာလည်းကွာ...?"

="ချီးပဲကွာ စောင့်ဆိုင်းနေရတဲ့ အချိန်တွေက တကယ် ငရဲကျနေသလိုပါပဲနော် ....သူဌေးလေးရဲ့ ပန်ကိတ်ကိူ မစားရရင် ငါ တကယ်နေလို့ထိုင်လို့ မကောင်းဘူး ဟူးးးး"

"၈ နာရီတောင် ထိုးတော့မယ်၊ သူဌေးလေးက အခုထိ ဒီကိူ ရောက်မလာသေးဘူး။ငါအလုပ်သွားရမယ့် အချိန်က နီးနေပြီ"

"သူဌေးလေး မင်းဘယ်ရောက်နေတာလဲကွာ......."

ဒီလူတွေအတွက်ကတော့ လင်းဖန် ရဲ့ ပန်ကိတ်ကို စားလိုက်ရတဲ့ အချိန်ဟာ အပျော်ရွင်ဆုံးအချိန်ပါပဲ။

လင်းဖန် နောက်ကျနေတာဟာ သူတို့ရဲ့ စိတ်ကို ဂယောင်ချောက်ချား ဖြစ်စေပါတယ်။

...........

လမ်းမ တစ်ခုတွင်။

လီရှောင်ရှမ်း ဟာ ဒီနေ့ သူတို့ အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ ချီးကျူးတာကို ခံရလို့ ဝမ်းသာနေခဲ့တာပါ။ဒါက သူ သူဌေးလေးရဲ့ ဆိုင်ကို မဖမ်းဆီး ခဲ့တာနဲ့ အများကြီး သက်ဆိုင်ပါတယ်။

အဲ့တုန်းက သူတစ်ခြားလူတွေရဲ့ သဘောထားကို လက်ခံပြီး သူဌေးလေးကို ဖမ်းဆီးမဲ့ မူလ အစီအစဥ်ကို ပြန်ပြင်ဆငိခဲ့ပါတယ်။

ဒါကပဲ ပြည်သူအများ စုရဲ့ အကောင်းမြင်မူကို ရရှိခဲ့တာပါ။သူလုပ်ခဲ့တာ နဲ့ပတ်သက်ပြီး ပြည်သူ အများစုဟာ သဘောကျ နှစ်သက်ခဲ့ကြပါတယ်။

သူတို့ဟာ လီရှောင်ဖန်း ရဲ့ ကောင်းကြောင်းတွေကို အမြဲတမ်းရေးသားလာကြပါတယ်။ဒါကိူ သူတို့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ကြားတဲ့ အချိန်မှာ လီ ရှောင်ရှမ်း ကို တကယ်ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ် ဆိုပြီး ချီးကျူးခဲ့ပါတယ်။လီရှောင်ရှမ်းဟာ ငယ်ရွယ်ပြီး ရာထူးတိုးဖို့တောင် အခွင့်အလမ်း များနေတဲ့လူပါ။

"ခေါင်းဆောင် ၊ သူဌေးလေးက ဒီနေ့ သူ့ဆိုင်ကို မဖွင့်သေးဘူး"

ယူနီဖောင်း မဝတ်ထားတဲ့ စည်ပင် အရာရှိတစ်ယောက်ဟာ လီရှောင်ရှမ်း ဆီကို ပြေးလာပြီး ပြောလိုက်ပါတယ်။

"ဘာ? သူဌေးလေး က အခုထိ သူ့ဆိုင်မဖွင့်သေး

သေးဘူးလား"

လီရှောင်ရှမ်းဟာ ဒါကို ကြားလိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့ပါတယ်။သူ လင်းဖန်ရဲ့ ပန်ကိတ်ကို ဝယ်ပြီးတော့ သူ့အဖွဲ့သားတွေ အကုန်လုံးကို ကျွေးမလို့ပါ။အခု သူဌေးလေးက ဆိုင်မဖွင့်သေးဘူးဆိုတော့ သူအစီအစဥ်က အဆင်မပြေတော့ပါဘူး။

သူဌေးလေးက တစ်ခြားနေရာကို သွားပြီး ဆိုင်ဖွင့်နေတာများ ဖြစ်နိုင်မလား...?

"ကားပေါ်တက် တစ်ခြားနေရာတွေကို သွားကြည့်ရအောင်...သူဌေးလေး ဆိုင်ပြောင်းသွားတာ ဖြစ်နိုင်တယ်"

သူတို့တင် မကပါဘူး၊ လူငယ် အနုပညာ မဂ္ဂဇင်းဌာနရဲ့ မိန်းကလေး တွေဟာ လည်း ကျောင်းပေါက်ဝကိုကြည့်ပြီး လင်းဖန် ကိုမျှော်နေကြပါတယ်......

All Chapters