အကြီးအကျယ် လိမ်ညာမူ
Vol. 2 Ch. 22
အိမ်နီးချင်းတွေ အကုန်ပြန်သွားတဲ့ အချိန်မှာတော့ လင်းဖန်ဟာ အန်တီ ကျန်း ပေးသွားတဲ့ ကြက်ကင်ကို စားရင်း အနည်းငယ်ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ဒီဟင်းက လင်းဖန် ရှန်ဟိုင်းကို ရောက်ပြီး နောက်ပိုင်းမှာ အကောင်းဆုံးအစားအစာ ပါပဲ။
အိမ်နီးချင်တွေ အကုန်လုံးဟာ လင်းဖန် အပေါ်ကို နည်းနည်းတော့ အထင်မြင်တွေ ပြောင်းလာခဲ့ပါသည်။အရင်တုန်းက လင်းဖန်ဟာ ဒီတိုင်း ပန်ကိတ် ရောင်းတဲ့ ကောင်လေး သက်သက်ပါပဲ။
အန်တီ ကျန်း နဲ့ သူ့သားဟာ လင်းဖန်ကိူ ဒီလိုလက်ဆောင်တွေ ပေးတယ် ဆိုတာ သူ့တို့ မြေးလေးကို ကယ်ပေးလိူ့ ဆိုတာ လင်းဖန်သိပါတယ်။အရင်တုန်းက လင်းဖန်ဟာ ဗေဒင်ပညာကို ဘာမှမဟုတ်ပဲ အလိမ်အညာတွေ လို့ ထင်ခဲ့မိတာပါ။အခုမှ ဗေဒင် ပညာ ဘယ်လောက်အစွမ်းထက်လည်း ဆိုတာ သူတွေ့ရပါတော့တယ်။
အထူးသဖြင့် လင်းဖန်ကို ယုံကြည်ပြီး ၊ ဘေးအန္တရာယ် တွေကနေ လွတ်မြောက်တဲ့ လူများဟာ သူ့ကို ပြန်လာပြီး ကျေးဇူးတင်မှာ ကျိန်းသေပါတယ်။ဒါကို သူတွေးမိလေ ကျေနပ်လေပါပဲ။
ဘယ် လူငယ်ကများ တစ်စုံတစ်ယောက်က သူ့ကို ချီးမြောက် တာကို မကြိုက်ပဲနေမှာလဲ...?
အထူးသဖြင့် ရှန်ဟိုင်း မှာ အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရတဲ့ လင်းဖန် အတွက်တော့ ဒါက အတော်ကျေနပ်ဖို့ကောင်းတဲ့ အရာဖြစ်သည်။
အရင်းတုန်းကလည်း လင်းဖန် အလုပ်ကြိုးစားမလုပ်ခဲ့လို့ မဟုတ်ပါဘူး။သူကံမကောင်းခဲ့လိူ့ပါ။
လင်းဖန် နာရီကို ကြည့်လိုက်တဲ့ အချိန်မှာ တော့ အချိန်တစ်နာရီပဲရှိသေးတာကို တွေ့လိုက်ရပါတယ်။သူ ဆိုင်ဖွင့်ဖို့ ဆိုရင် အချိန်အနည်းငယ်လိုနေပါသေးတယ်။
လင်းဖန် အိပ်ယာပေါ်မှာ လှဲပြီး ဘာဆက်လုပ်ရမလဲ စဥ်းစား နေလိုက်ပါတယ်။သူဖုန်းကို ဖွင့်ပြီး
ဝှိုက်ပို ဆော့ဝဲ ကိုတွေ့လိူက်တဲ့ အချိန်မှာပဲ အကြံတစ်ခုကို ရလိုက်သည်။
ဒီလို အင်တာနက်ခေတ်ကြီး မှာ အရာရာတိုင်းက အင်တာနက်ကနေ အလုပ်လုပ်လို့ရပါတယ်။သူ့ရဲ့ လောလောဆယ် မစ်ရှင်က လူအများ လေးစားခံရတဲ့ ဗေဒင်ဆရာ လင်း ဖြစ်လာဖို့ပါ။အင်တာနက် ကသူစတင် ဖို့ အကောင်းဆုံး အရာပါပဲ။လူထု ကြားထဲ မှာ လှုပ်ရှားဖို့ဆိုရင် ဝှိုက်ပိုက အကောင်းဆုံး ဆော့ဝဲ ဖြစ်သည်။
လင်းဖန် သာ ရှာဖွေမူ အများဆုံး စာရင်းရဲ့ ထိပ်ဆုံးနေရာ ကိုရခဲ့ရင် နာမည်ကျော်ကြားလာမှာ အနှေးနဲ့ အမြန်ပါပဲ......
လင်းဖန် အရင်တုန်းက ဝှိုက်ပို ဆော့ဝဲကို သုံးဖူးပါတယ်၊ ဒါပေမဲ့ သူသိပ်မသုံးဖြစ်တော့ ဖန်တွေ သိပ်မရှိပေ။သူ့အမြင်ပြောရမယ် ဆိုရင်တော့ ဒါက ပြသနာကြီး မဟုတ်ပါဘူး။အခုအချိန်မှာ သူက အရည်အချင်း ရှိတဲ့ လူတစ်ယောက် ဖြစ်ပြီးတော့ အောင်မြင်လာမယ့် အချိန်က အနှေးနဲ့ အမြန်ပါပဲ။
လင်းဖန် ဝိုက်ပို ဆော့ဝဲ ကိုဖွင့်လိုက်ပြီးတော့ လော့အင် ဝင်လိုက်ပါတယ်။သူ့မှာ ပရိတ်သတ် ၃၅ ယောက် လောက်ပဲ ရှိပြီး ၊ ဒါက အတော်နည်းတဲ့ အရည်အတွက်ပါ။
သူ့ရဲ့အကောင့်နာမည်က - သာမန်ပဲ ဒါပေမဲ့ ပိုပြီး
သာမန်ကျတဲ့ ကောင်လေး။(lol)
အကောင့်နာမည်က ပေါတောတောနဲ့ပါ၊ ဒါက မူလတန်းကလေးတွေ ပေးထားတာနဲ့တောင် တူနေပါတယ်။သူပြန်တွေး ကြည့်လိုက်တဲ့ အချိန်မှာ ဒါကို သူ တက္ကသိုလ် ဒုတိယနှစ် တက်တုန်းက ပေးထားမှန်း မှတ်မိလိုက်ပါတယ်။ဒါကြောင့် သူ အကောင့်နာမည် ကို အလျင်အမြန်ပဲ ချိန်းလိုက်ပါတယ်။
အရင်အကောင့်အဟောင်းနာမည်ကနေ
" အနာဂတ် ဟောပြောသူ - မာစတာ လင်း"
အဖြစ်ပြောင်းလဲ သွားခဲ့ပါတယ်။
ဒီနာမည်ကို အတော်ကို ရိုးရှင်းတဲ့ နာမည်မှန်း လင်းဖန် သိပါတယ်။လူတစ်ယောက်ဟာ စောက်ပိန်းမဟုတ်ပဲ၊ တရုတ်စကား နားလည်သ၍ လင်းဖန်ရဲ့ ဆိုလိုရင်းကို နားလည်မှာပါ။
ယင်းနောက် လင်းဖန်ဟာ သူ့ရဲ့ အထူးပြု စာသား ကို ချိန်းလိုက်ပါတယ်။
"မင်းရဲ့ အတိတ်ကာလကို သိဖို့ အကြည့်တစ်ချက်ပဲလိုတယ်၊ နောက်အကြည့်တစ်ချက်က မင်းရဲ့ လက်ရှိဘဝကို ကြည့်ဖို့ပဲ"
:အားလုံးသိစေရန်......
လင်းဖန်ဟာ အရာရာ ကို ကျေနပ်သွားတဲ့ အချိန်မှာ သူ ဝိုက်ပို ပေါ်မှာ ပထမဆုံး ပိူစ်ကို တင်လိုက်ပါတယ်။
"ကမ္ဘာပေါ်က ရှေ့ဖြစ် ဟောပြောသူ၊ ငါမသိတာ ဘာမှ မရှိဘူး။သတ်မှတ် ထားတဲ့ အချိန်ကာလ အတွင်း အခမဲ့ ဟောပြောပေးသည်။မင်းရဲ့ နာမည်နဲ့ အချက်အလက် ရှစ်ခုကို ကောမန့်မှာ ချန်ထားခဲ့လိုက်ပါ"
လင်းဖန် အကုန်လုံး စာရိုက်ပြီး တဲ့ နောက်မှာ တစ်ခုခု လိုနေသေးတာ ကို ခံစားလိုက်ရပါတယ်။ဒါကြောင့် စာကြောင်းမှာ သူအနည်းငယ် ထပ်ပေါင်းထည့်လိုက်သည်။
"တကယ်လို့ ငါဟောပေး တာသာ မမှန်ခဲ့ဘူးဆိုရင် မင်းအတွက် ငါ ချက်ချင်း ချီးစား ပြပါ့မယ်"
လင်းဖန် နောက်ဆုံးတော့ အရာရာတိုင်းကိုကျေနပ် သွားခဲ့ပါပြီ။သူ ပရိတ်သတ် အဖြစ်လုပ်ထားတဲ့ လူတိုင်းအတွက် ကတော့ သူချက်ချင်းပဲ ပြန်ဖယ်ရှား လိုက်ပါတယ်။ဘာပဲ ဖြစ်ဖြစ် အခု သူက ရှေးဖြစ်ဟော မာစတာ လင်း အဖြစ် ကျော်ကြားတော့မှာပါ။လူတွေက သာ သူ့ကို လာပြီး ပရိတ်သတ်အဖြစ် လာလုပ် သင့်တယ်လို့ တွေးလိုက်မိသည်။(follow)
ယင်းနောက် လင်းဖန် ဟာ အချက်အလက် ရှစ်ခု ပါတဲ့ စာအုပ်တစ်အုပ်ကို ဒေါင်းလော့ဆွဲပြီး ပရိုဖိုင်မှာ တင်ထားလိုက်သည်။အားလုံးပြီးသွားတဲ့ အချိန်မှာတော့ သူ ဝှိုက်ပို ဆော့ဝဲကို ပိတ်လိုက်ပါတယ်။အခု သူလုပ်စရာ ဆိုလို့ လူတွေကို ဖြည်းဖြည်း ချင်း စောင့်ဖို့ပါပဲ။
ခနကြာတဲ့ အချိန်မှာ ညနေ ၄ နာရီကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။လင်းဖန်ဟာ ဆိုင်ဖွင့်ဖို့ အတွက် အိမ်ကနေ ထွက်ခွာ လာခဲ့ပါတယ်။
သူကြယ်နီကျောင်းရှေ့ကို ရောက်တဲ့ အချိန်မှာတော့ လူအုပ်ကြီးဟာ သူ့ကို စောင့်နေကြပါတယ်။ဒါကိုကြည့်ပြီး လင်းဖန် သူ့ကိုသူ စူပါ စတား အဖြစ်တောင် ခံစားလိူက်ရသည်။
ဒီနား တစ်ဝိုက်မှာတော့ လင်းဖန် ရဲ့ ပန်ကိတ်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ကောင်းကင်ဘုံ ပါပဲ။ပန်ကိတ် မစားရတဲ့နေ့ဆိုရင် စိတ်မကြည်လင် ကြတော့ပေ။ဒါကြောင့် လင်းဖန် ရဲ့ ပန်ကိတ်ကို ချစ်တဲ့ လူများယာ ဝီချပ် တွင် ဂရုများ ဖွဲ့ထားကြပါတယ်။လင်းဖန် ဆိုင်လာဖွင့်တာနဲ့ ဂရုထဲမှာ စာတွေ တက်လာပါတော့တယ်။
"သတင်းသစ်ဟေ့ : သူဌေးလေး ပြန်လာပြီ"
"အားတဲ့ လူတိုင်း လာကြတော့ဟေ့ ၊ ငါကတော့ ပထမဆုံး သွားတန်းစီ တော့မယ်"
လင်းဖန်က သူဒီလောက် အောင်မြင်နေတာ သတိမထားမိပါဘူး။ဒီမနက် သူမရောင်း မိလိုက်တာနဲ့ပဲ လူအများစု ဟာ စိတ်ပျက်နေကြရပါတယ်။
"ကောင်လေး ၊ မင်းဒီနေ့ ဘာလို့ အဲလောက်တောင် နှေးကွေးနေတာလဲ? မင်း ရည်းစား ရသွားတာတော့ မဟုတ်ပါဘူးနော်? မနေ့ညက တော်တော် ပင်ပန်းသွားလို့လား?"
လူလိမ်ထျန်ဟာ လင်းဖန်ကို ရယ်မောပြီး စနောက်လိုက်ပါတယ်။
"သွား သွား"
လူလိမ် ထျန် ဟာ လင်းဖန် နဲ့ အရမ်း ရင်းနှီးချင်ယောင် ဆောင်နေခဲ့ပါတယ်။သူကိုကြည့်လိုက်တာနဲ့ စောက်ရူးတောင် သူ လင်းဖန်ကို ဖားနေမှန်း မြင်နိုင်ပါတယ်။ဒါပေမဲ့ လင်းဖန်ဟာ သူ့ရဲ့ ဗေဒင်ဟောမယ့် အစီအစဥ်ကို တွေးမိလိုက်ပြီး
"လူလိမ် ထျန် ၊ အိမ်ကို အစောကြီး ပြန်မသွားနဲ့ဦး ဒီနေ့ ခင်ဗျားကို ပြောစရာ ရှိတယ်"
"ဘာပြောမလို့လဲ ...မင်းငါကို ကြိုက်နေတာ တော့ မဟုတ်ပါဘူးနော်...."
လူလိမ် ထျန် ရဲ့ ဆိုင်နဲ့ လင်းဖန် နဲ့က ကပ်နေတယ် လို့တောင်ပြောလို့ရပါတယ်။ဒါကြောင့် လင်းဖန် အောင်မြင် လာတဲ့ အချိန်မှာ သူ့ အလုပ်အကိုင် လည်း အတော် ကောင်းမွန် လာခဲ့တာပါ။သို့သော်လည်း သူ့လေသံ ဟာ လင်းဖန် အပေါ် သံသယ တွေနဲ့ ပြည့်နေခဲ့ပါသည်။
"စောက်ရူး"
လင်းဖန် ဒီလူကို ထပ်ပြီး စကားမပြောချင်တော့ပါဘူး။ဒီ စောက်ရူးက အသက် အတော်ကြီးနေပါပြီ ဒါတောင် ဒီလို တဏှာရူးမဲ့ အတွေးတွေ ကိုတွေးနေတုန်းပါပဲ။
ခနကြာတဲ့ အချိန်မှာ လင်းဖန် ရဲ့ ဆိုင်မှာ အလုအယက် ဝယ်နေကြပါတော့တယ်။လင်းဖန်ရဲ့ ပန်ကိတ်ကို စားပြီးတဲ့ လူတွေဟာတော့ မျက်နှာမှာ ကျေနပ်မူတွေ ပြည့်နှက်နေလို့ပါ။
"လူချောလေး...ငါကို့ ဝီချပ် အကောင့် ပေးလို့ရမလား"
မိန်းကလေးတစ်ယောက် ဟာ လင်းဖန်ရဲ့ ဘေးနားကို လာပြီး အသံကျယ်ကျယ် နဲ့ ပြောလိုက်ပါတယ်။မိန်းကလေး ဟာ အတော်လှပပြီး သူ့နားပတ်ဝန်းကျင်ဟာ သီးသန့် ကမ္ဘာတစ်ခု လိူတောင် ဖြစ်နေခဲ့သည်။
ဒါပေမဲ့ လင်းဖန် အတွက်ကတော့ ၊ သူ့ရဲ့ ဝီချပ်
အကောင့် ကို အလကားပေးလိုက်ဖို့ စိတ်ကူးမရှိပါဘူး။
"မင်းက ဘာလုပ်ဖို့ လိုချင်တာလဲ"
လင်းဖန် အေးစက်စက် နဲ့ ပြန်ပြောလိုက်ပါတယ်။
"ဟင်"
ဟော်ဟန် ဟာအံ့သြသွားခဲ့ပါတယ်။သူမက အရမ်းလှပတဲ့ မိန်းကလေးတစ်ယောက်ပါ။သူမ လင်းဖန် ရဲ့ ဝီချပ် အကောင့်ကို တောင်းတဲ့ အချိန်မှာ ဒီလို တုန့်ပြန် ခံရမယ်လို့ မထင်ထားမိပါဘူး။
ဟောဟန် ဟာတစ်ခုခု မှားနေတယ် လိူ့တွေးလိုက်မိပါတယ်။
"သူဌေးလေး ရှင်က တော်တော် ကပ်စီးနဲတာပဲ"
အမှန်တိုင်းပြောရရင် လင်းဖန် ပြန်ပြောတဲ့ ပုံစံကို သူမ အနည်းငယ် စိတ်ဆိုးမိသည်။
"ဟုတ်တယ်"
လင်းဖန်ဟာ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်သည်။
"ကလေး၊ ငါ့မှာ ဝီချပ် အကောင့်ရှိတယ် ငါမင်းကို အပ် လိုက်ရင်ရော ဘယ်လိုလဲ"
လူလိမ် ထျန် ဟာ အလျင်အမြန်ပဲ ကြားဖြတ် ဝင်ပြောလိုက်ပါသည်။လင်းဖန် ဒီလို မိန်းမလှ လေးကို ငြင်းလိုက်တဲ့ အချိန်မှာ သူဟာ လျှပ်စီးလိုပဲ အပြေးလေး လာခဲ့တာပါ။
"စောက်ရူး"
ဟော်ဟန် ဟာ လူလိမ် ထျန်ကို လှည့်တောင် မကြည့်ပဲ ပြန်ပြောလိုက်ပါတယ်။ယင်းနောက် သူမလင်းဖန်ကို ထပ်ပြောလိုက်သည်။
"ရှင်တကယ် ဝီချပ် အကောင့် မပေးဘူးလား"
"ဟုတ်တယ် ငါမင်းကို မပေးဘူး"
လင်းဖန် ပြန်ဖြေလိုက်သည်။
ဟော်ဟန် ဒါကိုကြားပြီး ဒေါသကြောင့် မျက်နှာ နီရဲ သွားခဲ့ပါတယ်။ယင်းနောက် သူမဟာလင်းဖန် ကိုကြည့်ပြီး ပြောလိုက်သည်။
"ရှင် တကယ် မပေးရင် ၊ ရှင်က ကျွန်မ ယောက်ျားဖြစ်ပြီး ကျွန်မကို စွန့်ပစ်သွားတယ်လို့ လူတိုင်းကြားအောင် အော်ပြောလိုက်မယ်"
လင်းဖန် ဒါကို ကြားပြီး မျက်မှောင်ကျုတ်ပြီး စိတ်ထဲမှာ တွေးလိုက်ပါတယ်။
"မင်းက ငါနဲ့ လာကစားချင်တာလား၊ ဒီလိူ ကိစ္စတွေမှာ ဆို မင်းက အခုမှ ကလေးအဆင့်ပဲ ရှိသေးတယ်"
ယင်းနောက် သူပြန်ပြောလိုက်သည်။
"မင်းအော်ကြည့်လိုက်လေ ...မင်းအော်တာနဲ့ ငါမင်းကို လာနမ်းပြမယ်..ယုံလား"
ဟမ့် မင်းဘာဆက်လုပ်မလဲ ကြည့်ကြသေးတာပေါ....
လင်းဖန် ဟာပန်ကိတ် လုပ်နေရင်း ဒီမိန်းကလေး နောက်တစ်ကွက် ရွေ့မယ့် အချိန်ကို စောင့်နေခဲ့ပါတယ်။ဒါပေမဲ့ အချိန်ကြာတာတောင် သူမ
လုံးဝ မလှုပ်တာကို ကြည့်ပြီး လင်းဖန် မော့ကြည့်လိုက်ပါတယ်။
လင်းဖန် ခေါင်း မော့ကြည့်လိုက်တဲ့ အချိန်မှာ မိန်းကလေး ရဲ့ မျက်လုံးတွေဟာ နီရဲနေပြီးတော့ ငိုဖို့ လုပ်နေခဲ့သည်။
"ချီးပဲ ...ဒီမိန်းကလေးက တကယ် ဘယ်လိုသရုပ်ဆောင်ရမလဲ ဆိုတာ သိတာပဲ ၊ ဒီလောက် အချိန်တိုလေးအတွင်းမှာတောင် မျက်ရည်ထွက်အောင်လုပ်နိုင်တယ်"
လင်းဖန် မယုံကြည်နိုင် စွာနဲ့ တွေးလိုက်ပါတယ်။ယင်းနောက် သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ်
"ကောင်းပြီ ကောင်းပြီ မင်းနိုင်ပါတယ်၊ ရော့ ဒါကို ယူပြီး မင်းဟာမင်း လုပ်လိုက်"
လင်းဖန် ဝီချပ် ဆော့ဝဲကို ဖွင့်ပြီး သူမဆီ ဖုန်းလှမ်းပေးလိုက်ပါတယ်။
သူမလင်းဖန် ရဲ့ ဝီချပ် အကောင့်ကို အပ်ပြီးတဲ့ အချိန်မှာတော့ သူမရဲ့ မျက်နှာမှာ အပြုံးလေးတစ်ပွင့် ပေါ်လာခဲ့သည်။
"စောက်ကျိုးနဲ .....မင်းက သရုပ်ဆောင်များလား? တကယ်သာ သရုပ်ဆောင်ဆိုရင် ငါအမှတ်ပြည့် ပေးရလိမ့်မယ်"
လင်းဖန် ဒီမိန်းကလေး ရဲ့ အပြုံးကို မြင်လိုက်တဲ့ အချိန်မှာ သူအမှန်တကယ် ရှုံးနိမ့်သွားသလို ခံစားလိုက်ရပါတယ်။
"သူဌေးလေး ငါ အမြဲတမ်း သရုပ်ဆောင် ဖြစ်ချင်တာ ဘယ်လိုသိတာလဲ"
ဟော်ဟန် ဟာမေးလိုက်ပါတယ်။
"ဟင်..."
လင်းဖန် နောက်တစ်ခါ ကြည့်လိုက်တဲ့ အချိန်မှာ ဒီမိန်းကလေး အမှန်တကယ် စူပါစတား ဖြစ်ချင်မှန်း သိလိုက်ရပါတယ်။သူမ နောက်နေတာ မဟုတ်ပါဘူး။
"မင်းရဲ့ ပန်ကိတ် "
လင်းဖန် ဟာ လုပ်လို့ပြီးသွားသည့် ပန်ကိတ် ကို ဟော်ဟန် ဆီပေးလိုက်သည်။
"ကျွန်မနာမည်က ဟော်ဟန် ၊ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ငါက ရှင်လုပ်တဲ့ ပန်ကိတ်ရဲ့ ပရိတ်သတ်တွေပဲ"
လင်းဖန် သူ့ကိုသူ မိတ်ဆပ်ပြီး ဟော်ဟန်ကို ပြောလိုက်ပါတယ်
"မင်း စူပါစတား ဖြစ်ချင်တဲ့ ဆန္ဒက တစ်နေ့ ဖြစ်လာလိမ့်မယ်"
သူပြောတာကို ဟော်ဟန်ကြားတဲ့ အချိန်မှာ ရယ်မောပြီး ပြန်ဖြေလိုက်ပါတယ်။
"လူချောလေး ရှင်က ကျွန်မကို ချည်းကပ်ဖို့ ဒီလို နည်းလမ်းဟောင်း ချည်းကို သုံးနေတာပဲ၊ ကျွန်မကတော့ အခုလုပ်နေတဲ့ အလုပ်ကို ချစ်တယ်။စူပါစတား ဖြစ်လာမယ့် အိပ်မက်ကတော့ မဖြစ်နိင်တော့ပါဘူး"
"ဒါပေမဲ့ ရှင်ကို ကျေးဇူးတင်ပါတယိ..နောက်မှတွေ့မယ်"
လင်းဖန် ခေါင်းယမ်းပြီး တွေးလိုက်ပါတယ်။
"ဒီမိန်းကလေးက လှည့်စားဖို့ နည်းလမ်းတွေ အများ ကြီးရှိနေတာပဲ"
ယင်းနောက် လင်းဖန် ဟာ သူ့ရဲ့ အရောအနှော တွေ ကုန်တဲ့ အထိ ဆက်ရောင်းနေခဲ့ပါတယ်။ညရောက်တဲ့ အချိန်မှာတော့ လင်းဖန် သူ့ချိန်လေးကို ပိတ် သိမ်းလိုက်ပါတော့တယ်။
"ဟိတ်လူ သွားမယ်"...