"ခြေနှစ်ချောင်းနှင့် ခလောက်ဆံမြွေ"
Vol. 6 Ch. 84
ချမ်းဘော့ဒ်မြို့အတွင်းသို့ ပင်မဂိတ်တံခါးမှတိုက်ရိုက်ဝင်သွားပါက ပထမဆုံးတွေ့ရမည့်အရာမှာ လှည်း၆စီးခန့်ပြိုင်တူ ယှဥ်မောင်းနိုင်သည့် ကျယ်ပြန့်လှသည့် ပင်မလမ်းမကြီးပင်။ ချမ်းဘော့ဒ် မြို့သူမြို့သားများက ထိုလမ်းမကြီးအား ရွှေလမ်းမကြီးဟုခေါ်ဝေါ်ကြသည်။
ထိုလမ်းမကြီးကို အဝါရောင်ကျောက်တုံးများဖြင့်သာ ခင်းကျင်းထားသည်။ ကာလှကြာရှည်ပြီဖြစ်သောကြောင့် ကျောက်တုံးများကြားတွင် စိမ်းစိုသောရေညှိပင်များပေါက်ရောက်နေကြသည်။ အဝေးမှကြည့်ပါက ရွှေကွပ်ထားသောကျောက်စိမ်းများကဲ့သို့ပင်ဖြစ်နေတော့သည်။
လမ်းမကြီးမှာ မြို့အဝင်မှစကာ ဘုရင်နန်းတော်ရှေ့ရောက်သည်အထိ ဖောက်လုပ်ထားသည်။ အပေါ်စီးမှကြည့်ပါက ကျောက်စိမ်းကြောများစီချယ်ထားသည့် ရွှေရောင်ဓားကြီးတစ်ချောင်းကဲ့သို့ပင်။ နတ်ဘုရားတစ်ပါးပါးမှ ချမ်းဘော့ဒ်နန်းတော်ရှေ့တွင် နေရာချထားပေးခဲ့သည်ဟုပင်ထင်ရသည်။
ညနေခင်းအချိန်ခါရောက်ခါနီးပြီဖြစ်သောကြောင့် ကျယ်ပြန့်လှသော လမ်းပေါ်တွင်ရွှေရောက်နေရောင်ခြည်များ ပတ်ဖျန်းလျှက်ရှိသည်။ ဤအချိန်မှာ ရွှေလမ်းမကြီးပေါ်တွင်အလှပဆုံးအချိန်ခါဖြစ်သည်။ ချမ်းဘော့ဒ်မြို့အတွင်းနေထိုင်သူများသည် ဤလမ်းမကြီးပေါ်တွင် လမ်းလျှောက်ရင်း သူငယ်ချင်းများဖြင့် စကားစမြည်ပြောရသည်ကို သဘောကျသည်။
ဤကာလသည်တစ်နေ့တာလုံးတွင် အငြိမ်းချမ်းဆုံးနှင့် အသာယာဆုံးအချိန်ကာလဖြစ်သည်။
ဘုရင်တစ်ပါးဖြစ်သော ဖှေးပင်လျှင် ဝတ်ရုံတစ်ခုကိုခြုံပြီး ရုပ်ဖြတ်ကာ လူအုပ်ကြားထဲတွင် ရောနှောလမ်းလျှောက်လေ့ရှိသည်။ ဤကဲ့သို့ ရင်းနှီးသောလေထုထဲတွင် လေးလံသောဖိအားများကြောင့် စိတ်လှုပ်ရှားပျာယာခက်နေသော ဖှေး၏ဖိအားများသည် တစ်စတစ်စပြန်လည်တည်ငြိမ်လာမည်ဖြစ်သည်။ ဤနေရာတွင် ပုံမှန်အတိုင်းလွှတ်လပ်ပေါ့ပါးနေသော ပြည်သူတစ်ယောက်ကဲ့သို့ပင် ခံစားနေရ၏။
သို့သော် [ရွှေလမ်းမကြီး]ပေါ်ရှိ အေးချမ်းငြိမ်သက်နေသောလေထုမှာ လူတစ်ချို့၏ဝင်ရောက်ဖျက်ဆီးမှုကြောင့် လမ်းကြောင်းပြောင်းသွားရတော့၏။
ချမ်းဘော့ဒ်တိုင်းပြည်တွင်နေထိုင်သူများ ထုံးစံအတိုင်းလမ်းမကြီးပေါ်တွင်လမ်းလျှောက်လျှက်တစ်ယောက်နှင့် တစ်ယောက်ခင်မင်ရင်းနှီးစွာနှုတ်ဆက်နေကြချိန်တွင် "ခွပ် ခွပ် ခွပ် ခွပ်" အဝေးမှ မြင်းခွာသံများစွာကို ကြားလိုက်ရပြီး မြေကြီးပင် တုန်ခါလာတော့သည်။ တစ်တန်းတွင် မြင်းစစ်သည်၆ယောက်ခန့်ပါသော အနီရောင်ဝတ်ရုံများဖြင့် မြင်းစစ်သည်ဖွဲ့စည်းပုံကြီးကို အဝေးမှလှမ်မြင်လိုက်ရသည်။ ဆိုင်ကလုန်းမုန်တိုင်းကြီးတစ်ခုကဲ့သို့ သူတို့၏ ကြာပွတ်များကို ဝှေ့ရမ်းပြီး ချမ်းဘော့ဒ်ပင်မဂိတ်တံခါးစီသို့ ဦးတည်လာခဲ့တော့သည်။
မြင်းစစ်သည်များမှာ လေပြင်းတစ်ခုကဲ့သို့ပင် တွံ့ဆုတ်ခြင်းမရှိပဲ မြို့သူမြို့သားများငြိမ်းချမ်းစွာလမ်းလျှောက်နေကြသော လူအုပ်များအတွင်းသို့ ဒုန်းစိုင်းဝင်ရောက်လာကြသည်။
ကြာပွတ်ရိုက်သံများသည် လေထဲတွင် တရွမ်းရွမ်းဖြစ်နေသည်။ လမ်းတစ်လျှောက်တွင် ရှိနေသော သက်ကြီးရွယ်အ်ိုများနှင့် ကလေးများကို ဂရုမစိုက်ပေ မြင်းဖြင့်အကုန်ဖြတ်တိုက်သွားသည်။ မရှောင်နိုင်သော သက်ကြီးရွယ်အိုများမှာ လွှင့်ထွက်ကုန်ပြီး မြေကြီးပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် လူးလိမ့်နေကြရသည်။ တစ်ချို့အမျိုးသမီးများဆိုလျှင် သူတို့၏ကလေးများကိုချီကာ သူမတို့၏နောက်ကြောများဖြင့်ကာကွယ်ထားကြသည်။ မြင်းစစ်သည်များထံမှ ကြာပွတ်များမှာ သူတို့၏ကြောပြင်သို့ကျရောက်သွားကြပြီး အဝတ်စားများစုတ်ပြဲကုန်ကာ နက်ရှိုင်းသောဒဏ်ရာကြီးများ ထင်ကျန်ခဲ့ကြသည်။
မျက်စိတမှိတ်အတွင်းမှာပင် ရွှေလမ်းမကြီးပေါ်ရှိ ငြိမ်းချမ်းသောလေထုမှာ ပျောက်ကွယ်သွားတော့သည်။ မြင်းစစ်သည်များ၏ လှောင်ပြောင်အော်ဟစ်ရယ်မောသဲများ၊ ကလေးများ၏ ငိုကြွေးသံများ၊ အမျိုးသမီးများ၏ ကြောက်လန့်တကြားအော်ဟစ်သံများဖြင့် ပြည့်နှက်သွားသည်။ ပြင်းထန်သော ကြာပွတ်ရိုက်သံများမှာ ရွှေလမ်းမကြီးတစ်ခုလုံးပေါ်တွင် ကျယ်လောင်လျှက်ရှိနေ၏။
"နိမ့်ကျတဲ့ ကျေးကျွန်တွေ ဒီနေရာကနေအမြန်ထွက်သွားကြစမ်း.....မဟာဘုရားကျောင်းက ပုပ်ရဟန်းမင်းကြီး ပလတ်တီနီနဲ့ သူ့ရဲ့ယုံကြည်ရတဲ့အခိုင်းစေ၊ ချမ်းဘော့ဒ်ဘုရားကျောင်းအတွက် ဇီးနစ်အင်ပါယာက တရားဝင်နေရာချထားပေးတဲ့ မစ်စတာ ဇိုလာတို့ရောက်လာတော့မယ်...ချမ်းဘော့ဒ်က စစ်သားတွေအကုန်နားထောင်ကြ မင်းတို့ရဲ့ဘုရင်အလတ်ဇန္ဒားကို လာရောက်ဖို့ခေါ်လိုက် မဆိုင်တဲ့လူတွေကတော့ ချက်ချင်းထွက်ခွာပေးရမယ်...အကယ်၍ မိုက်မဲနှိမ့်ကျတဲ့လူတစ်ယောက်ယောက်က မစ်စတာ ဇိုလာရဲ့လှည်းလာမယ့်လမ်းမှာ ဆက်ရှိနေမယ်ဆိုရင်တော့ နေရာမှာတင် ကွပ်မျက်ခံရမယ်...." ဤကဲ့သို့ မှတ်ရန်ခက်ခဲလှသည့် ဂုဏ်ပုဒ်များကိုကြွားဝါသသည့်ဟန်ဖြင့် မြင်းစစ်သည်တစ်ယောက်က အော်ဟစ်လိုက်သည်။
ထိုလူမှာ အရပ်၇ပေခန့်ရှည်လျားသော လူကြီးတစ်ယောက်ဖြစ်သည်။ သူသည် တောက်ပသည့်ငွေရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသည်။ ထိုချပ်ဝတ်၏ ရင်ဘက်နေရာတွင် မဟာဘုရားကျောင်း၏ သင်္ကေတဖြစ်သည့် တောက်ပသောအနီရောင်နေလုံးအမှတ်တံဆိပ်ကို ရေးဆွဲထားသည်။ သူ၏မျက်နှာတွင်ရှိသော အထက်စီးတန်သောအမူယာကိုလုံးဝ ဖုံးကွယ်ထားခြင်းမရှိချေ။ ကလေးငယ်တစ်ယောက်ကို ကာကွယ်ပေးနေသော မိခင်တစ်ယောက်၏ ကြောပြင်အားအကြိမ်ပေါင်းများစွာရိုက်နှက်ခဲ့သော ကြာပွတ်မှမြေပြင်ပေါ်သို့သွေးများတစက်စက်ကျနေလျှက်ရှိသည်။
"လမ်းကိုပိတ်ထားလိုက် မြေမျက်နှာပြင်မြင့်တဲ့နေရာတွေမှာ အစောင့်တွေချထား မစ်စတာ ဇိုလာရဲ့လုံခြုံရေးကို သေချာဂရုစိုက်ထားပေး...."
"အမြန်လုပ် အမြန်လုပ် လမ်းပေါ်မှာရှိတဲ့သံသယရှိစရာလူတိုင်းကို စုံစမ်း...."
"မသင်္ကာစရာလူတွေ့ရင် ချက်ချင်းဖမ်းလိုက်....ဖမ်းတာကို ပြန်လည်ခုခံနေတယ်ဆိုရင် အဲ့နေရာမှာတင်သတ်ပစ်လိုက်ကွာ...."
မြင်းသည်တော်များ လမ်းများပေါ်တွင် ဟိုသွားဒီသွားဖြင့် ဒုန်းစိုင်းစီးနေကြသည်။ ထိုအချိန်တွင် အမိန့်ပေးအော်ဟစ်နေသော မြင်းသည်တော်အယောက်၁၀၀ခန့် ချမ်းဘော့ဒ်အပြင်မှဝင်ရောက်လာကြတော့သည်။ တစ်ချိုု့လူများသည် စစ်ပွဲတွင်းတွင်သုံးသည့် လှံများဓားများကို ကိုင်ဆောင်ထားကြသည်။ တစ်ချို့မြင်းစစ်သည်များမှာ နေ့စဥ်သုံးပစ္စည်းများကို သယ်ဆောင်လာကြသည်။ သို့ရာတွင် သူတို့အားလုံးလမ်းပေါ်တွင် အော်ဟစ်ဆူပူနေကြပြီး မျက်စိရှေ့တွင်ရှိသော ပြည်သူများကိုမောင်းထုတ်နေကြသည်။ လျှင်မြန်စွာပင် သူတို့အားလုံးလုံခြုံရေးဖွဲ့စည်းပုံ ယူလိုက်ကြသည်။
ထို့နောက်တွင် ကြီမားပြီးခန်းနားလှသော ရထားလုံးကြီးတစ်ခုသည် ပင်မဂိတ်တံခါးကိုဖြတ်ကျော်ပြီး ချမ်းဘော့ဒ်အတွင်းသို့ ဝင်ရောက်လာတော့သည်။