← Chapters

အခန်း (၈၅)

Vol. 6 Ch. 85

အခန်း (၈၅)

Vol. 6 Ch. 85

ရထားလုံးတစ်ခုလုံးမှာ ရွှေဖြင့်ပြုလုပ်ထားသည့် မဟာဘုရားကြောင်းသင်္ကေတဖြစ်သည့် နေလုံးပုံဖြင့် ဖုံးလွှမ်းထားသည်။ ကြီးမားသောရထားလုံးကြီးမှာ လူတိုင်း၏အာရုံစိုက်မှုကိုရရှိစေသည်။ ရထားလုံး၏ ခမ်းနားထည်ဝါပုံမှာအံ့သြဖွယ်ကောင်းသော်လည်း ပို၍အံ့သြဖွယ်ကောင်းသည်မှာ ရထားလုံးတွင် ဘီးများမပါခြင်းပင်။

တေဘီးများနေရာတွေ တဝီးဝီးလှည်ပတ်နေသော အညိုရောင်မီးခိုးတိမ်တိုက်များရှိနေ၏။ မြင်းများသည် ကြီးမားသည့်ရထားလုံးကြီးအား ငှက်မွှေးတစ်မွှေးကဲ့သို့ပင် လွယ်ကူပေါ့ပါးစွာဆွဲသွားသည်။ မြင်းများရထားလုံးကိုဆွဲသည့်အခါတွင် ရထားလုံစသည်ရိုးရှင်းစွာပင် လေပေါ်တွင်ရွေ့လျားသွားသည်။

ဤအရာမှာ မဟာဘုရားကျောင်းတစ်ခုတည်းသာ ပိုင်ဆိုင်သည့် အထူးမှော်ရထားလုံးဖြစ်သည်။ ရထားလုံး၏ အောက်ချေတွင် သူတော်စဥ်အကြီးစားများကိုယ်တိုင်စီစဥ်ထားသည့် အလယ်လတ်အဆင့် လေမှော်သင်္ကေတများပါရှိသည်။ ထိုမှော်သင်္ကေတများကို မှော်တလင်းကျောက်များဖြင့်စွမ်းအင်ထောက်ပံ့ပေးထားသောကြောင့် ဘီးလုံးများအစား လေထုတိမ်တိုက်များကိုအသုံးပြုနိုင်သည်။ ဤကဲ့သို့အပြင်အဆင်ကြောင့် ရထားလုံးမှာ အလွန်ခမ်းနားထည်ဝါပြီး လျို့ဝှက်ထူးဆန်းသည့်ဟန်ပေါက်နေသည်။ သူတော်စဥ်အကြီးစားများသည်သာ ထိုကဲ့သို့မှော်ရထားလုံးအားစီးနှင်းအသုံးပြုခွင့်ရှိ၏။

ခမ်းနားထည်ဝါလှသည့် မှော်ရထားလုံး၏ တစ်ဖ​က်တစ်ချက်စီတိုင်းတွင် မဟာဘုရားကျောင်းအမှတ်တံတိပ်ပါ အမဲဝတ်ရုံများနှင့် ပညာသင်စသူတော်စဥ်များလမ်းလျှောက်လိုက်ပါလာကြသည်။ သူတို့အားလုံး ရထားလုံးအတွင်းရှိသူတေယ်စဥ်ကြီးအမိန့်အတိုင်း ဆောင်ရွက်ရန်အဆင်သင့်ဖြစ်နေသည့်ပုံပင်။

ပညာသင်စသူတော်စဥ်များကို သူတော်စဥ်လောင်းများဟုလဲခေါ်ကြသည်။ သူတို့အားလုံး သူတော်စဥ်တစ်ယောက်၏လက်အောက်တွင် အစေခံအဖြစ်အမှုထမ်းရင်း ပညာသင်ကြားကြရသည်။ သူတို့်အား ဘုရားသခင်အပေါ်တွင် အရိုသေဆုံးသော အစေခံများဟုလည်း လူသိများသည်။ သူတို့အားလုံး၏ နောက်ကြောပေါ်တွင် ရှည်လျားသောအမဲရောင်ချိန်းကြိုးကြီးများကိုသယ်ဆောင်ထားကြသည်။ ဖြေးညင်းစွာလမ်းလျှောက်နေခြင်းဖြစ်သော်လည်း ချိန်းကြိုးမှာလှုပ်ခါပြီး တချွင်ချွင်မည်လျှက်ရှိနေရာ မြင်ရသောလူများပင် ကြီးမားလေးလံသည့် ဖိအားကိုခံစားနေရသည်။

မြင့်မြတ်သောသူရဲကောင်းများနှင့် သူတော်စဥ်များသည် အေဇာရုတိုက်တွင် မဟာဘုရားကျောင်း၏အင်အားထောက်တိုင်ကြီးနှစ်ခုဖြစ်သည်။ ၄င်းတို့မှာ အသင့်လျှော်ဆုံးလုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည်။ သူတို့၏ ဆက်နွယ်ချက်မှာ မှော်ဆရာနှင့် စစ်သည်ဆက်သွယ်ချက်ဖြင့်ပင်အတော်အတန် ဆင်တူသည်။ တစ်ဦးမှာမှော်ပညာကျွမ်းကျင်ပြီး အဝေးတိုက်ပွဲများတွင်အားသာပြီး၊ တစ်ဦးမှာ ခွန်အားပြည့်စုံပြီး အနီးကပ်တိုက်ပွဲများတွင် ပို၍ကျွမ်းကျင်သည်။ တစ်ဦးလိုအပ်သည်က်ု တစ်ဦးအပြန်အလည်ဖြည်ဆည်းကြသည်။ ထို့ကြောင့်ပင် မည်သည့်နေရာတွင်မဆို မဟာဘုရားကျောင်းမှ ဘုရားကျောင်းတစ်ခုဆောက်သည့်အချိန်တိုင်းတွင် သူတော်စဥ်တစ်ယောက်နှင့်၊ မြင့်မြတ်သောသူရဲကောင်းတစ်ယောက်ကိုတို့ကို တစ်ပြိုင်နက်ဦးစီးရန်တာဝန်ပေးလိုက်မည်ဖြစ်သည်။

လမ်းမှာ ချက်ချင်းပင်ရှင်းလင်းသွားသည်။ လမ်းပေါ်တွင်ရှိနေသော ချမ်းဘော့ဒ်တွင်နေထိုင်သူများကို အင်အားသုံးဖယ်ရှားပြီး လမ်းဘေးတွင်သာ ရပ်နေစေလိုက်သည်။ မသင့်လျှော်သောပုံမှန်မဟုတ်သောအပြုမူများကို သူတော်စဥ် ဇိုလာအား မရိုသေမှုဟုသက်မှတ်ပြီး ကွပ်မျက်ခံရသို့မဟုတ် နေရာ၌ပင်ချက်ချင်းအသတ်ခံရမည်ဖြစ်သည်။ မည်သည့်နေရာကိုမှသွားရောက်တိုင်တန်း၍ရမည်မဟုတ်ပေ။

လေပေါ်ဝဲနေသော ရထားလုံးကြီးမှာ သူ၏ကိုယ်ပိုင်ပစ္စည်းတစ်ခုအား ကြည့်ရှုလေ့လာနေသကဲ့သို့ ချမ်းဘော့ဒ်၏ ရွှေလမ်းမကြီးပေါ်တွင် ဖြေးညင်းစွာ ​ဖြတ်မောင်းလျှက်ရှိသည်။

လမ်းဘေးနှစ်ဖက်ရှိလူများမှာ ရထားလုံးကြီးအား အံ့သြမင်သက်စွာဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြသည်။ သို့ရာတွင် မုန်းတီးဒေါသဖြစ် ရွံရှာစက်စုပ်နေကြသည်။

ချမ်းဘော့ဒ် အမဲရောင်ချပ်ဝတ်နှင့်စစ်သည်များစွာ ဝိုင်းဝန်းတိုက်ခိုက်နေရပြီး အန္တရာယ်အောက်ကျရောက်နေစဥ်အခါက ချမ်းဘော့ဒ်တွင် အထူးအခွင့်ရေးများယူလေ့ရှိပြီး လူများကိုဆရာလုပ်လေ့ရှိသော မဟာဘုရားကျောင်းမှ သူတော်စဥ်များနှင့် မြင့်မြတ်သောစစ်သည်များသည် ချမ်းဘော့ဒ်အား စွန့်ခွာထွက်ပြေးသွားကြသည်။ သို့သော် အန္တရာယ်များကင်းရှင်းသွားချိန်တွင် ထိုယုတ်မာသောလူများသည် ချမ်းဘော့ဒ်ရှိ အခွင့်ရေးများနှင့် အထက်စီးအာဏာတို့ကိုပြန်လည်ရယူရန်အတွက် ချက်ချင်းပင်ပြန်လည်ရောက်ရှိလာကြသည်။ "မဟာဘုရားကျောင်းကလူတွေက နည်းနည်းမှကိုအရှက်မရှိကြဘူးလား..." ချမ်းဘော့ဒ်မြို့သူမြို့သားများတွေးလိုက်မိကြသည်။

လမ်းဘေးမှလူများ၏ မရင်းနှီးမလိုလားသောအကြည့်များကိုခံစားလိုက်ရပြီးနောက်တွင် လေပေါ်ဝဲနေသော ရထားလုံးကြီးမှာရပ်တံ့သွားသည်။ တံခါးပေါက်ဖွင့်ပြီး အနည်းငယ်ထိပ်ပြောင်နေသော အဖိုးကြီးတစ်ယောက်အပြင်သို့ စက္ကန့်အနည်းငယ် လှမ်းကြည့်လိုက်ပြီး လမ်းလျှောက်ထွက်လာပြီး ရထားလုံး၏ခြေနင်းပေါ်တွင်ရပ်လိုပ်သည်။

ထိုသူမှာ သူတော်စဥ် ဇိုလာပင်ဖြစ်သည်။

လောဘကြီး၊ လိမ္မာပါးနပ်၊ ရက်စက်ယုတ်မာပြီး ညစ်ပတ်သော လူတစ်ယောက်ဖြစ်သည်။ သူ၏အရပ်မှာ မရှည်လှပေ ၅ပေ၆လက်မခန့်ပင်။ ခန္ဓာကိုယ်မှာလည်းပိန်ပိန်ပါးပါးပင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူ၏အေးစက်သောအတွေးများ သူ၏မျက်လုံးများထဲတွင်တောက်ပနေသည်ကိုမြင်နိုင်၏။ လူတစ်ချို့မှာ ဇိုလာအားဤကဲ့သို့ဖော်ပြကြသည်။ "အဲ့သေးသေးပိန်ပိန်နဲ့အဖိုးကြီးက လူသာသေးတာ ဉာဏ်နီဉာဏ်နက်ပေါင်းထောင်ချီကို မျက်စိတ်မှိတ်အတွင်းမှာပဲ ကြံနိုင်တယ်..." ထို့ကြောင့်ပင် ချမ်းဘော့ဒ်မြို့သူမြို့သားများသည် သူ့အား လိုက်ဖက်သော နာမည်ပြောင်တစ်ခုပေးထားသည်။ "ခြေနှစ်ချောင်းနှင့် ခလောက်ဆံမြွေ"ဟူ၍ဖြစ်သည်။

ဤရက်စက်သည့်ခလောက်ဆံမြွေနှင့် လွန်ခဲ့သည့်အချိန်အနည်းငယ်က သနားစဖွယ်အမျိုးသမီးတစ်ယောက်အား ကြာပွတ်ဖြင့်ကျောစုတ်အောင်ရိုက်ခဲ့သော သူရဲကောင်းခေါင်းဆောင် လူစီယာနိုတို့မှာ မဟာဘုရားကျောင်းမှ ချမ်းဘော့ဒ်တိုင်းပြည်အတွင်းရှိ ဘုရားကျောင်းကိုဦးစီးရန်ပို့လိုက်သည့်အကြီးကဲနှစ်ယောက်ဖြစ်သည်။ ချမ်းဘော့ဒ် တိုင်းပြည်အတွင်းရှိ ဘာသာရေးနှင့် ဘုရားကျောင်းကိစ္စများအားလုံးကို သူတို့နှစ်ယောက်သာ စီစဥ်ဆောင်ရွက်လေ့ရှိသည်။ မဟာဘုရားကျောင်း၏ သြဇာအာဏာသည် အေဇာရုတိုက်တစ်ခုလုံးတွင် ကြီးမားကျယ်ပြန့်လှသည်။ မဟာဘုရားကျောင်းကိုဖီဆန်မိသဖြင့် မဟာဘုရားကျောင်းမှ ကွပ်မျက်ခြင်းစစ်သည်များစေလွှတ်ကာ ဖျတ်ဆီးအမှုန့်​ခြေခဲ့သော တိုင်းပြည်များစွာရှိ၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်နှစ်ယောက်သည် မဟာဘုရားကျောင်းအတွင်းတွင်သေးသိမ်ငယ်သော လူနှစ်ယောက်ဖြစ်သော်လဲ ချမ်းဘော့ဒ်တိုင်းပြည်သို့ရောက်လာသည့် အချိန်တွင်မူ ဘုရင်နှင့်အပြိုင်ပင်အာဏာရှိသော ပုဂ္ဂိုလ်နှစ်ဦးဖြစ်လာတော့သည်။

ဇိုလာသူ၏နဖူးကို လက်များဖြင့်အသာအယာပွတ်လိုက်သည်။

ထို့နောက်တွင် လမ်းဘေးတွင်ရပ်နေကြသောလူများကို မှုန်ကုပ်ကုပ်ကြည့်လိုက်၏။ လူများအုံအုံကြွကြွဖြစ်သွားသည်။ မည်သူမျှ၏ခလောက်ဆံမြွေအားမျက်လုံးခြင်းယှဥ်၍မကြည့်ရဲ ကြပေ။

ထို့နောက်တွင် ဇိုလာလူအုပ်ထဲမှ လူတစ်ချို့ကိုလက်ညှိုးထိုးပြလိုက်သည်။

သူလက်ညိုးထိုးသည်ကိုခံလိုက်ရသည့်လူများသည် သေမင်း၏ဆင့်ခေါ်ခြင်းကိုခံလိုက်ရသည့်အတိုင်းပင် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကာ ကြောက်လန့်သွား၏။ ငိုကြွေးရုန်းကန်ကြတော့သည်။ သို့သော် သူတို့မည်မျှ ငိုကြွေးရုန်းကန်စေကာမူ ဂရုမစိုက်ပေ။ ပညာသစ်သူတော်စဥ်များက မျက်လုံးများပြူးကျယ်ကာ ဇိုလာလက်ညိုးထိုးလိုက်သည့်လူများကို သေချာလိုက်လံကြည့်ရှုလိုက်သည်။ ထို့နောက်တွင် သခင်၏အမိန့်ကိုကြားသောသစ္စာရှိခွေးများကဲ့သို့ လူများထံပြေးထွက်သွားတော့သည်။ ဘာမှတွေးမနေတော့ပဲ ထိုသူများ၏လက်များကို သံကြိုးများဖြင့်ချည်နှောင်ကာ ဆွဲခေါ်တော့သည်။

လမ်းပေါ်တွင် ငိုကြွေးသံများဖြင့်ပြည့်နှက်ကုန်သည်။ ဖမ်းဆီးသည်ကို အနည်းငယ်မျှပင်ခုခံလိုက်မိပါက ဘေးမှမြင်းစစ်သည်များမှ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်မည်ဖြစ်သည်။ တချို့အမျိုးသမီးကြီးများသည် သူတို့၏ကလေးများကိုလက်ထဲမှဆွဲခေါ်သွားခြင်းခံရသည်။ တချို့မှာ မိန်းမငယ်လေးများဖြစ်သည်။ တစ်ချို့မှာ အသက်လက်ပိုင်းအရွယ်လူကြီးများကို လဲကြိုးတုပ်ဆွဲခေါ်သွားကြတော့သည်။

ချက်ချင်းပင် ငိုကြွေးသံများသည် လမ်းမကြီးပေါ်တွင် ပဲ့တင်နေတော့သည်။

All Chapters