တစ်ဖက်က မင်းအတွက် တစ်ဖက်က ငါ့အတွက်
Vol. 2 Ch. 23
လမ်းဘေးရှိ ဆိုင်တစ်ဆိုင်တွင်။
"ကောင်လေး မင်းဒီနေ့ ဘာလို့ အဲလောက်တောင် သဘောကောင်း နေရတာလဲ"
လူလိမ် ထျန် ဟာ သူ့ရဲ့ ဘီယာ တစ်ခွက်ကိုမော့သောက်ပြီး မေးလိုက်ပါတယ်။ဒါက အနောက်ဘက်ကနေ နေထွက်လာတဲ့ အတိုင်ပါပဲ။လင်းဖန်က အမြဲတမ်း သူပထမဆုံးအကြိမ် လိမ်ခဲ့တဲ့ ဒေါ်လာ ၁၀၀ အကြောင်း ပြောနေတဲ့ကောင်ပါ။ဒီလိုလူက အခုသူ့ကို ဘီယာ ဝယ်တိုက်နေပါတယ်။
လင်းဖန် တွေးနေတာကတော့ သူနောက်ပိုင်း မာစတာ လင်း ဖြစ်လာတဲ့ အချိန်မှာ နောက်လိုက်တွေ လိုအပ်မှာပါ။ဘယ်လိုပဲ စဥ်စားစဥ်းစား၊ ဟောင်ထျန်မင် က အတွေ့အကြုံကြုံကောင်းကောင်းရှိပြီး၊ လိမ်ညာတာမှာလဲ ကျွမ်းကျင်နေပါပြီ။သူသာ လူလိမ် ထျန်ကို ဆွဲဆောင် နိုင်ရင် အနာဂတ် မှာတော်တော် အဆင်ပြေရမှာပါ။
"လူလိမ် ထျန် ၊ နာမည်အပြည့် အစုံ ဟောင်ထျန်မင်၊ အသက် ၄၅ နှစ် ၊ ဟန်ဒေါင်ကနေလာတယ်။ခင်ဗျားမှာ ညီနှစ်ယောက်နဲ့ ညီမ တစ်ယောက် ရှိတယိ။ခင်ဗျားက မိသားစုထဲမှာ အသက်အကြီးဆုံး ဖြစ်ပြီး ၊ မိဘ နှစ်ယောက်လုံး အသက်ရှင်နေသေးတယ်၊ ထပ်ပြောရရင် ခင်ဗျားက တစ်ယောက်တည်ဖြစ်ပြီး မိန်းမမယူရသေးဘူး"
လူလိမ် ထျန် ဟာ လင်းဖန် ဘာလိုချင်းမှန်း တကယ် မသိတော့ပါဘူး။သူဒီတိုင်း မြေပဲ တွေကို သာ စားပြီး ဘီယာနဲ့ မြည်းနေခဲ့တာပါ။ဒါပေမဲ့ လင်းဖန် ရဲ့ စကားလုံးများကို ကြားသည့် အချိန်တွင် အံ့သြသွားခဲ့သည်။
"မင်း ငါ့နောက်ကြောင်း ကိုစုံစမ်းခဲ့တာလား"
ယင်းနောက် လင်းဖန် ဟာ သူ့ရဲ့ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ကိုပါ သိနေတဲ့ အတွက် သူပိုပြီး အံ့သြရပါတယ်။တစ်ချို့အရာတွေက လိုက်စုံစမ်းရင် တောင် မဖြစ်နိုင်တဲ့ အကြောင်းအရာတွေပါ။
လူလိမ် ထျန် ဟာ အံ့သြနေခဲ့ပါတယ်။သူကိုယ်တိုင်လည်း ဗေဒင်ဆရာ တစ်ယောက်ပါ။
ဒီကောင်လေးက အမှန်တကယ် တတ်ကျွမ်းတာများ ဖြစ်နေနိုင်မလား....?
"မင်းက ရှေးဖြစ်ဟော နိုင်တယ်လို့ ပြောချင်တာလား"
လူလိမ် ထျန် ဟာ မယုံကြည်နိုင်စွာ နဲ့မေးလိုက်ပါတယ်။သူလည်း ဗေဒင် အနည်းအကျင်းတော့ ဟောတတ်ပါတယိ၊ သူဟောတာက အသက်တို့ ၊ မွေးတဲ့ ခုနှစ်တွေ နဲ့ အခြေခံပြီး တွက်ချက်ရတာပါ၊ ဥပမာ 1 + 1 = 2 အဲလိုတွေပါ။အနာဂတ် အကြောင်းအရာတွေကို ဟောပြောရာမှာ စည်းမျဥ်းတွေ ရှိပါတယ်။တစ်စုံတစ်ယောက်က အဲလိုစည်းမျဥ်း တွေ ကိုကျွမ်းကျင်ရင် အနာဂတ်ကို အမှန်တကယ် ပြောနိုင်ပါတယ်၊ ဒါပေမဲ့ သူတော့ အဲလောက်ထိ မကျွမ်းပါဘူး။
"ခနနေကျရင် ခင်ဗျား တစ်စုံတစ်ယောက်ကို ခြေထောက် နဲ့ အသားယူရလိမ့်မယ်"
လင်းဖန် ပြုံးပြီး ပြောလိုက်ပါတယ်။
လူလိမ် ထျန်ဟာ လုံးဝ မယုံကြည်ပါဘူး။
ဒါက ဘယ်လို စောက်ကျိုးနဲ မျိုးလဲ...?
တစ်စုံတစ်ယောက်ကို ခြေထောက်အသုံးပြုပြီး အသားယူရမယ်၊ ငါက လက်တွေကို အသုံးပြုပြီး အလုပ်လုပ်နေတာလေ။
* ကျွီ *
"အစ်ကို ဂျန် က ဒီနေ့ ဒီနေရာကို ယူလိုက်ပြီ၊ အကုန် ဒီကနေ ထွက်သွားကြ"
လက်မောင်းမှာ တက်တူးတွေနဲ့ ပြည့်နေတဲ့ မိန်းကလေးတစ်ယောက် ဟာ ဆိုင်ထဲကို ထောင်လွှားစွာ ဝင်လာပြီး အားလုံးကို ပြောလိုက်သည်။
ဆိုင်ထဲက လူတစ်ချို့ ဟာ အစ်ကို ဂျန် နေတဲ့ နေရာနဲ့ နီးကြပါတယ်။သူတို့ အစ်ကို ဂျန်ရဲ့ နာမည်ကို ကြားတဲ့ အချိန်မှာ အကုန် အံ့သြသွားကြသည်။
သူမ အစ်ကို ဂျန် လို့ပြောလိုက်တာလား..?
အစ်ကိုဂျန် ဆိုတာက ဒီနယ် တစ်ဝိုက်မှာ အုပ်စိုးထားတဲ့ လူမိုက် ဂိုဏ်း ရဲ့ခေါင်းဆောင်ပါ။သူ့နာမည် အမှန်က ဝူ ဘိုင်ဂျန် ဖြစ်သည်။
* လှုပ်ရှားသံ *
ကာစတန်မာ အများစု ဟာ ဘာမှ မပြောဘဲ အသီးသီး ထွက်သွားခဲ့ကြပါတယ်။ဆိုင်ပိုင်ရှင်ဟာလည်း ဝူဘိုင် ဂျန် ရဲ့ နာမည်ကိူ ကြားပြီး ခေါင်းကို အဆက်မပြတ် ညိမ့်နေခဲ့သည်။
ဘန်းးး
မိန်းကလေးဟာ လင်းဖန် တို့ရဲ့ စားပွဲကို လက်ဝါးဖြင့် ဘီယာတွေ ဖိတ်စင် သွားအောင်ရိုက်လိုက်ပါတယိ။
"ထွက်သွား"
ယင်းနောက် သူမဟာ တစ်ခြား စားပွဲတွေဘက်ကို လှည့်ပြီး ထွက်မသွားရသေးတဲ့ လူများကို အမိန့်ပေးလိုက်ပြီး သူမ၏ ခေါင်းဆောင် မှာထားသည့် ကိစ္စကို လုပ်ဖို့ ပြင်ဆင်နေခဲ့သည်။
လင်းဖန်ဟာ လူလိမ် ထျန်ကို ပြုံးပြီး ပြောလိုက်သည်။
"ခင်ဗျား ဒါကို လက်ခံနိုင်လား"
"နိုး"
လူလိမ် ထျန်ဟာ စိတ်တိုနေခဲ့သည်။ဒါပေမဲ့ ဒီမိန်းကလေးမှာ ကြီးမားတဲ့ နောက်ခံရှိမှန်း သူသိပါတယ်။သူတို့ ဒီမိန်းကလေးကို သွားတိုက်ခိုက်လိူ့ မရပါဘူး။
"ခင်ဗျား သူ့တင်ပါး ကိုမြင်လား? ဘယ်ဘက်ခြမ်းက ခင်ဗျားအတွက် ၊ ညာဘက်ခြမ်းက ကျုပ်အတွက်။ စောင့်ကန်ပြီး ချက်ချင်းထွက်ပြေးမယ် ဘယ်လိုသဘောရလဲ"
"ကောင်းပြီးလေ လုပ်ကြမယ်"
လူလိမ် ထျန် ဟာ စိတ်လှုပ်ရှားစွာနဲ့ သဘောတူလိုကိပါတယ်။
လင်းဖန် ဒီ မိန်းကလေး သူ့အပေါ်ကြည့်တဲ့ အကြည့်တွေကိူ မကြိုက်ပါဘူး။သူသာ ကိုယ်ခံပညာ စာမျက်ိနှာ ပွင့်နေခဲ့ရင် ချက်ချင်ထပြီး သင်ခန်းစာပေးမိမှာပါ။
သူတို့ ကောင်တာမှာ ငွေရှင်းပြီးတဲ့ နောက်မှာ မိန်းကလေး နောက်ကနေ မသိမသာလေးရပ်လိုက်ပါတယ်။သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အချက်ပြလိုက်သည်။
" 1 2 3 ကန်တော့"
ဘန်းးး
မိန်းကလေးဟာ ရှေ့ကို မှောက်လျက်ပြုတ်ကျ သွားပြီး အချိန်အနည်းငယ်ကြာမှ ပြန်ထလာခဲ့သည်။
"အာ ဘယ်ခွေးသားက ငါ့တင်ပါးကို လာကန်တာလဲ"
လင်းဖန် နဲ့ လူလိမ် ထျန် ဟာ သူမရဲ့ တင်ပါးကို တစ်ယောက်တစ်ဖက်ဆီ ကန်ပြီး လျင်မြန်စွာပြေးထွက်သွားကြပါတယ်။
"ခွေးသား နင်နောက်တစ်ခါ ငါနဲ့ မတွေ့စေနဲ့ မဟုတ်ရင် ငါနင့်ကို အရည်ခွံ စုပ်ပစ်မယ်"
ဘေးနားက လမ်းလျောက်နေတဲ့ လူများ ဟာလည်း ဘာဖြစ်သွားလည်း ဆိုတာ မြင်လိုက်ကြပြီး ကျိတ်ရယ်နေကြပါတယ်။ဒါပေမဲ့ လင်းဖန် တို့နှစ်ယောက်ဟာတော့ ခနနလေးအတွင်းမှာ ပြေးလိုက်ကြတာ အဝေးကြီး ကို ရောက်နေကြပါပြီး။
"မင်း....မင်းတကယ် ကန်ရဲတာပဲ ဟားဟားးး"
"ခင်ဗျား ကျွန်တော်နဲ့ ပူးပေါင်းမှာလား"
"ကောင်းပြီလေ ဒါပေမဲ့ မင်းငါကို ပိူက်ဆံ ဘယ်လိုပေးမှာလဲ"
"တစ်လကို ဒေါ်လာ ၃၀၀၀ တစ်နှစ်နေရင် ဘောနပ် ထပ်ပေးမယ်"
လင်းဖန် ပြောလိုက်သည်။
"မင်းတော်တော် နှလုံးသားမရှိတာပဲ၊ ငါ့ရဲ့ လက်ရှိ တစ်လ ဝင်ငွေကတောင် အဲ့ထက်များတယ်"
လူလိမ် ထျန်ဟာ လက်မခံနိုင်စွာပြောလိုက်ပါတယ်။
"ကျုပ်က ဘယ်သူလဲ"
"ဗေဒင် ဆရာလေ"
"ဟုတ်တယ် ၊ ကျုပ်က အနာဂတ်ကို ဟောပြောမယ့် သူပဲ ။နောက်ကျုပ် အောင်မြင်လာတဲ့ အချိန်ကျ ရင် ပိုက်ဆံတွေ အများကြီး ဝင်လာလိမ့်မယ်၊ အဲ့ချိန်ကျရင် ခင်ဗျားရဲ့ လစာကလည်း ပိုပိုပြီး မြင့်တက်သွားလိမ့်မယ်"
"ကောင်းပြီလေ.....လုပ်ကြတာပေါ့"
လူလိမ် ထျန်ဟာ အချိန်အတော်ကြာ စဥ်းစားပြီး ပြန်ဖြေလိုက်သည်။
................
ရှန်ဟိုင်း မြို့ရှိ တိုက်ခန်း ငယ်လေးတစ်ခုထဲတွင်။
ဒီတိုက်ခန်းငယ်လေးတွေ အများစုဟာ ပညာရေးနဲ့ ပတ်သက်တဲ့ လူတွေ နေဖို့ အတွက် စီစဥ်ထားတာပါ။ဒီနေရာတွေကို ပညာရေး အဖွဲ့အစည်းက ပိုင်ပြီးတော့ ဆရာတွေ အလုပ်ချိိန်ပြီးသွားတဲ့ အချိန်မှာ ပြန်ပြီး အနားယူကြပါတယ်။
ယန်ယောင်ကွမ် ဟာ သူ့ရဲ့ ကျောင်းသားတွေကို တစ်နေ့လုံး မတ်တတ်ရပ်ပြီး စာသင်ခဲ့ရသည်။သူက ကျောင်းမှာ အဓိက အခန်းတွေကို သင်ကြားရတဲ့အတွက် တစ်ခြားဆရာ တွေထက်ပိုကြိုးစားဖို့ လိုအပ်ပါတယ်။အချိန်အကြာကြီး စာသင်ပြီးတဲ့ နောက်မှာ ယန်ယောင်ကွမ် ဟာ မောပန်းပြီး အိမ်ပြန်လာခဲ့သည်။
ညဘက်အချိန်။
၈ : ၃၀ ။
ယန်ယောင်ကွမ်း ဟာ အိမ်ကို ပြန်ရောက်တဲ့ အချိန်မှာ သူဝယ်လာတဲ့ အသီးအရွက်တွေကိူ ရေဆေးပြီး ညစာပြင်ဖို့ လုပ်နေခဲ့သည်။ယန်ယောင်ကွမ် အစပိုင်းတွေးတာက ညစာကို သူဌေးလေး ဆီက ပန်ကိတ် ဝယ်ပြီး စားဖို့ပါ။ဒါပေမဲ့ သူအိမ်ပြန်တဲ့ အချိန်မှာ သူဌေးလေးရဲ့ ဆိုင်က ပိတ်သွားနှင့် ခဲ့ပါပြီ။
၉ နာရီ။
ယန်ယောင်ကွမ် ဟာညစာကို တစ်ယောက်ထဲစားပြီး ဖုန်းထဲရှိ သတင်းများကိူ ဖတ်နေခဲ့ပါတယ်။သူ့အခန်းထဲက ကျောင်းသားအချို့ကို ထောက်ပံ့ပေးပြီးတဲ့ နောက်မှာ သူသာမန်ဘဝ လေးမှာပဲ နေနိုင်ပါသည်။သူ ဘုရင်တစ်ပါးလို စားကာ ဝိုင်လေး သောက်ပြီး မနေနိုင်ပါဘူး။
၉ နာရီ ခွဲ အချိန် မှာ သူ ညစာစားလို့ ပြီးသွားပြီး အကုန်သိမ်းဆည်းလိုက်ပါတယ်။သူ TV ကိုပိတ်ပြီး အိပ်ယာထဲကို သွားဖို့လုပ် လိုက်တဲ့ အချိန်မှာပဲ ဖန်သားပြင်ပေါ်က အကြောင်းအရာဟာ သူ့အာရုံကို ဆွဲဆောင်သွားခဲ့သည်။
"ပထဆုံးနံပါတ် ၀၂"
" ၀၄ "
"၁၂"
"၀၄"
"၁၂"
ဘောလုံး လိမ့်နေတဲ့ အသံတွေကို TV ကနေ ကြားနေရပါတယ်။
"လေးခုမြောက် နံပါတ် ၁၄ "
........
"ခြောက် ခုမြောက် နံပါတ် ၂၄ "
"နောက်ဆုံး နံပါတ် တစ်ခုသာ ကျန်ပါတော့တယ်၊ တစ်စုံတစ်ယောက် သာ ခုနှစ်တွဲ ဆက်တိုက် မှန်ခဲ့ရင် ကံထူးရှင်ဟာ ဒေါ်လာ ၁၅ သန်းကို ငွေသား သီးသန့်နဲ့ ရရှိမှာ ဖြစ်ပါတယ်..."
"၀၂ ၊ ၀၄ ၊ ၁၂...."
"ဒါကတော့ ရောင်စုံကာလာ ဘောလုံ ကံစမ်းမဲရဲ့ အမြင့်ဆုံး ဆုကြေးငွေပဲ ဖြစ်ပါတယ်"
အစီအစဥ်ကြေညာ သူရဲ့ အသံပါဝါ ဟာ မှော် ပညာ ဆန်တယ် လို့တောင်ထင်ရပါတယ်။အောက်မှာ ရှိတဲ့ ထောင်ချီနေတဲ့ လူတွေဟာ နောက်ဆုံးနံပါတ် ကိုစောင့်နေကြပါပြီ။
"၀၂ ၊ ၀၄ ၊ ၁၂ ..."
ယင်းနောက် ယန်ယောင်ကွမ် ဟာ သူ့ပိုက်ဆံအိပ်ထဲမှာ ရှိနေတဲ့ ထီလက်မှတ်ကို သတိရလိုက်ပါတယ်။နံပါတ် တွေဟာ သူနဲ့ ရင်းနှီးနေသလိုရှိပြီး သိပ်တော့ မသေချာပါဘူး။သူဝယ်ခဲ့တဲ့ လက်မှတ်က နံပါတ် တွေဟာ သူကိုယ်တိုင်ရွေးခဲ့တာ မဟုတ်လို့ပါ။ဒါကြောင်သူ ကံစမ်းမဲ လက်မှတ် ကို ဒီတိုင်းထည့်ထားတာဖြစ်ပြီ အနီးကပ် တစ်ခါမှ မကြည့်ခဲ့ပေ။
ယင်းနောက် သူဟာ ကံစမ်းမဲ လက်မှတ် ကို ထုတ်ယူလိုက်ပြီး ဖန်သားပြင် ပေါ်မှာ ပေါ်နေတဲ့ နံပါတ် နဲ့ တိုက်ကြည့်လိုက်သည်။
ခနအကြာမှာ သူ့ရဲ့ အသက်ရူနှုန်းတွေဟာ အနည်းငယ် မြန်လာပါတော့တယ်......
ပထမဆုံး နံပါတ် အတွဲ ခြောက်လုံးက သူ့ဟာနဲ့ တစ်ထပ်တည်းပါပဲ ။
"ဒါက"
"ကောင်းပါပြီ နောက်ဆုံးနံပါတ်ကတော့.."
နံပါတ် ၇ ခုလုံးကိုသာ တူခဲ့ ရင် သူတကယ် အထူးဆုကို ကံထူးတဲ့ လူတစ်ယောက် ဖြစ်ပါပြီ။ယန်ယောင်ကွမ်ဟာ အရင်တုန်းက ကံစမ်းမဲ ထီ
ကို လုံးဝ စိတ်မဝင်စားခဲ့ပါဘူး။
အခုတော့ သူ့နှလုံးခုန် သံတွေဟာ တစ်ဒုန်းဒုန်း မြည်နေပြီး ထိုင်ခုံရဲ့ အစွန်းမှာတောင် ရောက်နေခဲ့ပါပြီ။
သူဟာ ထီလက်မှတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပြီး နောက်ဆုံးနံပါတ် ပေါ်လာမယ့် အချိန်ကို စိတ်ရှညိရှည်နဲ့ စောင့်နေခဲ့ပါတယ်.......
"နောက်ဆုံးနံပါတ်ကတော့........"