"အရာအားလုံး ငါပဲဖြေရှင်းပေးမယ်"
Vol. 6 Ch. 86
ခြေနှစ်ချောင်းနှင့် ခလောက်ဆံမြွေဇိုလာသည် ရထားလုံးပေါ်မှရပ်ကာ အေးစက်စွာကြည့်နေသည်။
မြင့်မြတ်သော သူတော်စဥ်တစ်ယောက်ရှိသည့်ရှိထိုက်သည့် သနားကြင်နာမှုအရိပ်ယောင်လုံးဝပင်မရှိချေ။ အုံကြွအုံကြွဖြစ်နေသော လူအုပ်အတွင်းသို့လမ်းကြည့်ပြီးသူပြောလိုက်သည်။ "ဘုရားကျောင်းက လျို့ဝှက်သတင်းပေးချက်တစ်ခုရထားတယ်....မကြာသေးခင်အချိန်က ကျောက်တံတားပေါ်ကတိုက်ပွဲမှာတစ်စုံတစ်ယောက်က အလွန်နှိမ့်ကျတဲ့ အောက်လမ်းမိစ္ဆာပညာပင်တစ်ခုကို အသုံးပြုခဲ့တယ်ဆိုတာပဲ....အခုအဖမ်းခံရတဲ့လူတွေက နတ်ဆိုးနဲ့အပေးယူလုပ်ခဲ့တယ်လို့ ငါအာရုံခံသံသယရှိလို့ပဲ...သူတို့ကိုအသေချာစစ်ဆေးပြီးလို့ မသင်္ကါစရာမရှိဘူးဆို ငါသူတ်ို့ကိုဘုရားကျောင်းကနေ ငါကိုယ်တိုင်ပြန်လိုက်ပို့ပေးမယ်...."
ဤသည်မှာ ဇိုလာပေးသောအကြောင်းပြချက်ပင်ဖြစ်သည်။
သို့သော်ဤကဲ့သို့ရိုးရှင်းသည်ဟုထင်ရသည့်အကြောင်းပြချက်တစ်ခုသည် လမ်းဘေးနှစ်ဖက်တွင်ရပ်နေကြသော ချမ်းဘော့ဒ်မြို့သူမြို့သားကို ချက်ချင်းပင် အလွန်ထိတ်လန့်သွားစေခဲ့သည်။ တစ်ချို့လူများသည် သူတို့၏ သူငယ်ချင်းများ၊ ဆွေမျိုးများ ပါသွားကြသဖြင့် ငိုကြွေးအသနားခံနေကြသည်။
အေဇာရုတိုက်ပေါ်တွင် မည်မျှရာထူးကြီးမားပြီး မည်မျှချမ်းသာသည်ဖြစ်နေစေကာမူ မဟာဘုရားကျောင်းမှ နတ်ဆိုးနှင့်အပေးယူလုပ်ကြောင်းသက်မှတ်ချင်းခံရပါက သေမင်းအားမင်္ဂါလာပါဟု နှုတ်ခွန်းဆက်လိုက်သကဲ့သို့ပင်။ မဟာဘုရားကျောင်း၏ မီးရှို့ကွပ်ပျက်သောနေရာတွင် ထိုသူအတွက်တစ်နေရာသေချာနေပြီဖြစ်သည်။
ဤသည်မှာ ပုံကြီးချဲ့ပြောနေခြင်းမဟုတ်ပေ.....ထိတ်လန့်စရာကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်ပျက်ခဲ့ဖူးသည်။
လွန်ခဲ့သည့် နှစ်ပေါင်း၂၀ခန့်က အင်အားကြီး အဆင့်၆ ဒူလင်အင်ပါယာ၏ အင်ပါယာအရှင်သခင် ဘရူနိုသည် လအဆင့်တွင်အမြင့်ဆုံး လပြည့်အဆင့်သို့အသက်၅၀အောက်မှာပင် ရောက်ရှိသွားခဲ့သည်။ တစ်ချို့လူများသည် ဘရူနိုအားနောက်ခြေတစ်လှမ်းလှမ်းလိုက်ပါက နေအဆင့်သို့ပင်ရောက်ရှိတော့မည်ဟုပြောကြသည်။ ထိုအရာများအပြင် ဒူလင်အင်ပါယာတွင် စွမ်းအားကြီးမှော်ဆရာနှင့် စစ်သည်များစွာပါသော စစ်အင်အားအများအပြားလဲရှိသည်။ အေဇာရုတိုက်၏ မြေနေရာထင်ထင်ရှားရှားကိုပိုင်ဆိုင်ထားပြီး တစ်ခြားအင်ပါယာများမှ ၄င်းတို့အား၁၀နှစ်တိုင်အောင်ပင် ဘယ်သူမှရန်စမလာရဲပေ။
သို့သော် ထိုကဲ့သို့အနည်းငယ်မာနထောင်လွှားနေသော ဘရူန်ိုမှာ မဟာဘုရားကျောင်းမှကျင်းပသည့် ပါတီပွဲတစ်ခုတွင် ပုပ်ရဟန်းမင်းကြီး ပလတ်တီနီကို စိတ်မကျေမနပ်ဖြစ်နေမည့်အရာတစ်ခုကိူ မတော်တဆပြုမူပြောဆိုလိုက်မိသည်။ ထို့နောက်တွင် သူ့အား ငရဲပြည်မှနတ်ဆိုးများဖြင့် ဆက်နွယ်မှုရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ပုပ်ရဟန်းမင်းကြီး၏ အမိန့်ဖြင့် မဟာဘုရားကျောင်းမှ ကွပ်မျက်ခြင်းသူရဲကောင်းများအလုံးအရင်းဖြင့်ဝင်လာပြီး ဒူလင်အင်ပါယာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အင်ပါယာအရှင်သခင် ဘရူနို၏ ကံကြမ္မာမှာပို၍ပင်ဆိုးဝါးလှသည်။ သူ့အား မြင့်မြတ်သောတောင်-ဝါလုတောင်ထိပ်၏ နေနတ်ဘုရား၏ လောင်ကျွမ်းနေသောတိုင်တွင်ချည်နှောင်ကာ မှော်မီးများဖြင့် ၃နှစ်ကြာလောင်ကျွမ်းစေကာ အဆုံးမဲ့နာကျင်မှုများခံစားရပြီးသေဆုံးသွားခဲ့သည်ဟု ပြောကြသည်။
ထို့ကြောင့်ပင် ဇိုလာ၏ ရိုးရှင်းသောစကားလုံးများသည် လူများအားအသဲအသန်ထိတ်လန့်ကာ မျှော်လင့်ချက်ကင်းမဲ့စေခြင်းဖြစ်သည်။ လည်ပင်းအား ချိန်းကြိုးများဖြင့် ချည်နှောင်ကာဆွဲထုတ်သွားခြင်းခံရသော အမျိုးသမီးတချို့ဆိုလျှင် သတိလစ်မေ့မျောကုန်ကြသည်။
လမ်းပေါ်ရှိလူများတိတ်ဆိတ်ကုန်သည်။
ဖမ်းခံရသောလူများ၏ ဆွေမျ်ိုးသားခြင်းများ သူငယ်ချင်းများပင် စကားတစ်ခွန်းမှမပြောရဲကြတော့ပေ။ ငိုကြွေးရှိုက်ငင်သည့် အသံတစ်ခုပင်မထွက်ရဲချေ။
မဟာဘုရားကျောင်း၏ မတရားအုပ်စိုးနိုင်သောစွမ်းအားမှာ ထင်ရှားလှသည်။
ခြေနှစ်ချောင်းနှင့် ခလောက်ဆံမြွေ ဇိုလာမှာသူပြုလုပ်လိုက်သောကြောင့်ရရှိလာသော ရလဒ်ကိုအလွန်သဘောကျနေသည်။ သူအားလူအများပ ကြောက်ရွံ့နေရသည့်အခြေအနေကို ဇိုလာသဘောကျသည်။
ဇိုလာ သူ၏လက်ထဲမှ အမဲရောင်တောင်ဝေးကိုအသာအယာပွတ်ရင်း ဘေးပတ်လည်သို့ မော်ကြွားစွာကြည့်လိုက်သည်။ သူ့အား မည်သူမျှ မျက်လုံးခြင်းယှဥ်၍မကြည့်ရဲသည်ကို ဂုဏ်ယူစွာတွေ့လိုက်ရသည်။ သူ ဇီးနစ်အင်ပါယာ၏ မြို့တော် စိန့်ပီတာစဘာ့တွင်ရှိသော မဟာဘုရားကျောင်းလက်အောက်မှ ဘုရားကျောင်းခွဲတစ်ခုတွင် ခံစားခဲ့ရသည့် ချိုးနှိမ်ခံရမှုများ၊ မကျေနပ်ချက်များကို ဤဖြစ်ရက်ကြောင့်ကုစားလိုက်နိုင်ပြီဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ မိမိကိုယ်မိမိယုံကြည်ချက်များပြန်လည်ဝင်ရောက်လာခဲ့တော့သည်။
သူ၏လေပေါ်တွင် ရှပ်ပြေးလျှက်ရှိသော ရထားလုံးအတွင်းသို့ ဝင်ရန်တစ်ဖက်သို့လှည့်လိုက်သည့်အချိန်တွင်...
"ခနနေပါဦး မစ်စတာ သူတော်စဥ်ကြီး ကျွမ်မဒီလူတွေအတွက် အာမခံပေးလို့ရပါတယ်...သူတို့တွေအားလုံး မိစ္ဆာနတ်ဆိုးတွေနဲ့ဆက်နွယ်မှုမရှိကြပါဘူး...."
ချိုသာသော်လည်း မာကြောသည့်အသံတစ်ခုက်ို ဇိုလာကြားလိုက်ရသည်။ ထိုအသံသည် ဇိုလာ၏ကျေနပ်နေသော စိတ်အာရုံကိုချက်ချင်းပင် ဖြတ်စီးပစ်လိုက်သည်။
ခလောက်ဆံမြွေ ဒေါသဖြစ်သွား၏။
သူနောက်သို့ ချက်ချင်းပြန်လှည့်လိုက်ပြီး အသံလာရာအရပ်သို့ မည်သူမှန်းပင်မကြည့်တော့ပဲ တောင်ဝှေးဖြင့်ရွယ်လိုက်သည်။ ရုတ်တရက်ပင် တောင်ဝှေးထိပ်တွင်တပ်ဆင်ထားသော ခရမ်းရောင်တလင်းကျောက်မှ စွမ်းအားမြင့်အဖြူရောင်အလင်းတန်းတစ်ခုထွက်ခွာသွားပြီး လေဆာအလင်းတန်းကဲ့သို့ အသံလာရာအရပ်စီသို့ ပြန်သန်းသွားတော့သည်။
သူတော်စဥ်၏အစွမ်း [ခြေမှုန်းခြင်း အလင်းရောင်]ပင်။
ဤတိုက်ခိုက်မှုမှာ သေစေနိုင်သည်တိုက်ခိုက်မှုဖြစ်သည်။ ဇိုလာ အသေသတ်ရန်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လိမ့်မည်ဟု မည်သူမှထင်မထားပေ။
ထိန်းချုပ်မရသောအာမေဋိတ်သံများနှင့် ထိတ်လန့်အော်ဟစ်သံများသည် လမ်းပေါ်တွင်ပြည့်နှက်သွားသည်။
စကားပြောနေသူမည်သူဆိုသည်မှာ သူတော်စဥ်ဇိုလာမမြင်လိုက်ရပေ။ သို့သော် လူအများအားလုံးမှာ ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။ လူတိုင်း၏မျက်နှာအမူယာများပြောင်းလဲသွားသည်။ ကြောက်လန့်ခြင်းမရှိပဲ အန္တရာယ်အားထိတ်တိုက်ရင်ဆိုင်နေသူမှာ ဘုရင်အလတ်ဇန္ဒား၏ အနာဂတ်မိဖုရားလောင်းပင်။ ကြင်နာတတ်ပြီး လှပသောအန်ဂျယ်လာဖြစ်သည်။
အပူချိန်မြင့်မားလှသော အဖြူရောင်အလင်းသည် အန်ဂျယ်လာအား ရိုက်ခတ်တော့မည်ဖြစ်သည်။ သူမ၏ လေထဲတွင် လွှင့်ပျံနေသောဆံပင်တစ်ချို့ပင် လောင်ကျွမ်းသွားသည်။ ဤအချိန်တွင် ထိုငယ်ရွယ်သောကောင်မလေးသည် သူမပြောခဲ့သော စကားတစ်ခွန်းကြောင့် သေဆုံးရတော့မည်ဖြစ်သည်။
ထိုအချိန်တွင်......
"ချွင်"
အပြာရောင်မီးတောက်များဖုံးလွှမ်းနေသော အမဲရောင်ဓားကြီးတစ်ချောင်း ဘယ်ကမှန်းမသိရောက်လာပြီး အန်ဂျယ်လာအား ကာကွယ်လိုက်သည်။ ဓားကိုင်ထားသောလက်များမှာ ကြီးမားသန်မာသည်။
ဓားပေါ်တွင်ဖုံးလွှမ်းနေသည့် အပြာရောင်စွမ်းအင်များဖြင့် အဖြူရောင်အလင်းတန်းနှင့်တိုက်ခက်မိပြီး ဓားမှာအနည်းငယ်လှုပ်ခါသွားသည်။ထို့နောက်တွင် စွမ်းအင်နှစ်ခုလုံးပျောက်ကွယ်သွားတော့သည်။
အချိန်ကိုက်ရောက်ရှိလာသောပုဂ္ဂိုလ်မှာ ယခင်ချမ်းဘော့ဒ်တ်ိုင်းပြည်၏ နံပါတ်၁စစ်သည် လမ်းပါ့ဒ်ပင်။
"သူတော်စဥ် ဇိုလာ ခင်ဗျား ချမ်းဘော့ဒ်တိုင်းပြည်ရဲ့အနာဂတ်မိဘုရားလောင်းကို ဘာလို့တိုက်ခိုက်ရဲရတာလဲ....မဟာဘုရားကျောင်းနဲ့ ချမ်းဘော့ဒ် တိုင်းပြည်ကြားမှာ ပဋိပခတွေဖြစ်လာအောင် ခင်ဗျားသေချာလုပ်နေတာလား...."
လမ်းပါ့ဒ် ရထားလုံးအရှေ့တွင် မားမားမက်မက်ဂပ်နေသည်။ စီးဆင်းနေသောအပြာရောင်စွမ်းအင်များကို အမြင့်ဆုံးထုတ်ထားသည့်အတွက် စွမ်းအင်များမှာ လမ်းပါ့ဒ်၏ ခန္ဓာကိုယ်အားလွှမ်းခြုံနေသည်။ လေပေါ်ဝဲနေသော ရထားလုံးပေါ်မှာရပ်နေသည့် ဇိုလာကိုကြည့်ပြီး လမ်းပါ့ဒ်ကျယ်လောင်စွာမေးခွန်းထုတ်လိုက်သည်။
"အိုး အဲ့တာ အရှင်မအန်ဂျယ်လာပါလား...ကျွန်တော့ရဲ့ ရိုင်းပြမှုကိုခွင့်လွှတ်ပေးပါ။"
ဇိုလာနောက်ဆုံးတွင် သူ၏ဆန္ဒနှင့်ဆန့်ကျင်သောစကားကိုပြောလိုက်သည်။ သို့သော် အဆင့်၁ အင်ပါယာမှ အဆင့်၆အဖွဲ့ဝင်နိုင်ငံလေးမှ မိဖုရားမှာ သူ၏မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။(အင်ပါယာတွေကျသော နံပါတ်ကြီးလေ အင်အားကြီးလေပါ....အဆင့်၁ဆိုတော့ အင်ပါယာတွေထဲမှာဆို အနိမ့်ဆုံးပေါ့။) ဇိုလာတောင်းပန်စကားပြောလိုက်သော်လည်း သူ၏အမူရာမှာ တောင်းပန်သည့်ဟန်လုံးဝမရှိပေ။ သူ၏နှုတ်ခမ်းများကိုကွေးကောက်ပြီး အနည်းငယ်ခက်မဲ့မဲ့ပြုံးကာ လမ်းပါ့ဒ်ကိုပြောလိုက်သည်။ "မစ်စတာ လမ်းပါ့ဒ် ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အမဲရောင်မှော်လက်နက်ကို ဘေးချထားလိုက်ပါ....ခင်ဗျား မဟာဘုရားကျောင်းက သူတော်စဥ်တစ်ယောက်ကိုတိုက်ခိုက်မလို့လား...."
လမ်းပါ့ဒ် အနည်းငယ်တွေဝေသွားသည်။
စက္ကန့်အနည်းငယ်အကြာတွင် မျက်မှောင်ကြုံ့ပြီးရုတ်တရက်သူ၏လက်ကို ဝှေ့ရမ်းလိုက်သည်။ အမဲရောင်ဓားကြီးမှာ အရိပ်တစ်ခုအသွင်ပြောင်းသွားပြီး သူ၏နောက်ကြောတွင်လွယ်ဓားသော ဓားအိမ်အတွင်းသို့ပြန်ရောက်သွားသည်။ သို့သော် လမ်းပါ့ဒ်၏ မျက်နှာပေါ်တွင်ဒေါသဖြစ်နေသော အရိပ်ယောင်များကိုတွေ့နေရဆဲပင်။ လူအုပ်ထဲမှ ပညာသင်သူတော်စဥ်များ၏ ဆွဲခေါ်သွားခြင်းခံရသော ချမ်းဘော့ဒ်မြို့သူမြို့သားများကိုတစ်ချက်ကြည့်လိုက်ပြီး စိတ်ဆိုးစွာမေးလိုက်သည်။ "အဲ့လူတွေက ဘယ်လိုရာဇဝတ်မှုမျိုးကျူးလွန်ခဲ့တာလဲဆိုတာတော့ ကျွန်တော်မသိဘူး...ဒါပေမယ့် မဟာဘုရားကျောင်းက သူတို့ဖမ်းချင်တဲ့လူကို ကောင်ဖမ်းနိုင်ခွင့်ရှိလို့လား...."
"ခင်ဗျား စကားပြောတာကြည့်ပြောပါ မစ်စတာလမ်းပါ့ဒ်..." သူ့အား ဆန့်ကျင်မှုများစွာကြောင့် ဇိုလာမှာ အနည်းငယ်ဒေါသဖြစ်နေပြီဖြစ်သည်။ "ခင်ဗျားက ဘုရားသခင်ရဲ့ တရားမျှတမှုကိုမေးခွန်းထုတ်နေတာလား.....လွန်ခဲ့တဲ့ချမ်းဘော့ဒ်တိုက်ပွဲမှာ အောက်လမ်းပညာရပ်တစ်မျိုးအသုံးပြုခဲ့တယ်ဆိုတာကို ငါ့တို့မှာသက်သေအခိုင်မာရှိတယ်....ဒီလူတွေက ငါသံသယရှိတဲ့လူတွေပဲကွ...သူတို့ကို ဘုရားကျောင်းခေါ်သွားပြီးတော့ ငါအမှန်တရားကိုရှာဖွေမလို့......"
"ဒါပေမယ့် မစ်စတာ သူတော်စဥ်ကြီး အခုအဖမ်းခံထားရတဲ့လူတွေက အောက်လမ်းပညာနဲ့သက်ဆိုင်မှုလုံးဝမရှိပါဘူးဆိုတာကို ကျွန်မမှာလဲ သက်သေအခိုင်လုံရှိပါတယ်...."
ဇိုလာ စကားပြော၍မပြီးသေးစဥ်မှာပင် အန်ဂျယ်လာမှ ဖြတ်ပြောလိုက်သည်။ ကောင်မလေးမှာ လွန်ခဲ့သည့် သေစေနိုင်သောတိုက်ခိုက်မှုကြောင့် ထိတ်လန့်နေဆဲဖြစ်သည်။ သူမ၏မျက်နှာမှာ ဖြူဖက်ဖြူရော်ဖြစ်နေသော်လည်း သူမ၏ကြည်လင်သန့်စင်သော တလင်းကျောက်ကဲ့သို့မျက်လုံးများသည် ရဲရင့်မှုဖြင့်တောက်ပနေသည်။ သူမ အဖမ်းခံရသော အမျိုးသမီးငယ်များ၏ မျှော်လင့်ချက်များဖြင့် အကြည့်ကိုမြင်သော် ရဲရဲဝင့်ဝင့်ပြောလိုက်သည်။ "မစ်စတာ သူတော်စဥ်ကြီး ခင်ဗျားပြောလိုက်တာ အောက်လမ်းပညာကို တံတားပေါ်မှာအသုံးပြုခဲ့တာလို့ပြောတယ်နော်...ဒါပေမယ့် ချမ်းဘော့ဒ်မှာရှိတဲ့လူတိုင်း ခင်ဗျားဖမ်းထားတဲ့လူတွေအကုန်လုံးက စစ်ပွဲဖြစ်ပွားစဥ်က တံတားပေါ်မှာရှိမနေခဲ့ဘူးဆိုတာ သက်သေခံပေးလို့ရတယ်......"
အန်ဂျယ်လာ၏ စကားလုံးများသည် လူများ၏စိတ်တံခါးပေါက်ကိုဖွင့်ပေးလိုက်သည်။
"ဟုတ်သားပဲ သူတို့တွေအကုန်ချမ်းဘော့ဒ်ကနေမှထွက်မသွားခဲ့တာ တံတားပေါ်မှာ အသုံးပြုခဲ့တဲ့ အောက်လမ်းမှော်ပညာက သူတို့နဲ့ဘယ်လ်ိုလုပ်ဆိုင်မှာလဲ....."
"အဲ့အောက်လမ်းပညာသုံးတာ အမဲရောင်ချပ်ဝတ်နဲ့စစ်သည်တွေထဲကတစ်ယောက်နေမှာပေါ့...."
"ဟုတ်ပါတယ် သူတော်စဥ်ကြီး ကျေးဇူးပြုပြီးတွေ့ရာလူကောက်မဖမ်းပါနဲ့..."
"အရှင်မ အန်ဂျယ်လာပြောတာသဘာဝကျပါတယ်....နယ်လီနဲ့ ကျန်တဲ့ကောင်မလေးတွေအားလုံး အောက်လမ်းပညာနဲ့မသက်ဆိုင်ပါဘူး...."
အန်ဂျယ်လာ၏ ခုခံမှုစကားကိုကြားပြီးနောက်တွင် လမ်းဘေးတွင်ရပ်နေကြသည့်လူများသည် စကားပြောရန်သတ္တိများရရှိလာကြသည်။ သူတို့အားလုံးအော်ဟစ် ကန့်ကွက်ကြသည်။ အထူးသဖြင့် အဖမ်းရသည့်လူများ၏ မိသားစုဝင်များပင်။
ရိုးသားစွာပင် ထိုသူများအား ဇိုလာဖမ်းရသည့်ရည်ရွယ်ချက်အစစ်မှန်ကို လူတိုင်းသိသည်။
အဝတ်သန့်သန့်ပြန့်ပြန့်ဝတ်ထားသော လူငယ်လေးများကိုဖမ်းဆီးသည်မှာ သူတို့၏မိသားစုများထံမှအကြောင်းအမျိုးမျိုးပြ၍ ငွေညစ်ရန်ဖြစ်သည်။ ငယ်ရွယ်လှပသောအမျိုးသမီးများကိုကား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန်ဖြစ်သည်။ ထိုအပြင် ထိုအမျိုးသမီးများကိုနေစဥ်ကိစ္စများစေခိုင်းရန် အစေခံအဖြစ်သိမ်းထားမည်ဖြစ်သည်။ တချို့လူများကိုကား မကောင်းဆိုးဝါးဝိဉာဥ်များစုစည်းလာသည်ဟု စွပ်စွဲပြီးမီးလောင် ကွပ်မျက်မည်ဖြစ်သည်။ သူမ၏လက်ထဲတွက်ညကလေးချီထားသော အန်တီ ကိုးလီမှာ ဇိုလာထိုကဲ့သို့ပြုလုပ်ရန် စီစဥ်ထားသည့် သနားစဖွယ်မိန်းမတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ မီးရှို့သတ်ခြင်းဖြင့် သူ၏အာဏာကိုပြသလိုသည်။
သူ၏အရှေ့တွင်ရှိသော မြင်ကွင်းကိုတွေ့ရသောအခါ ဇိုလာ အနည်ငယ်မွမ်းကြပ်စိတ်ရှုပ်လာသည်။
မိန်းမငယ်လေးတစ်ယောက်သည် သူ့အားဒုက္ခများစွာကျရောက်စေလိမ့်မည်ဟု ဇိုလာထင်မထားပေ။ သာမန်အဆင့်တန်းမြို့သူမြို့သားများမှ သူ့အားပြန်လည်အော်ဟစ်ငြင်းခုံနေကြသဖြင့် သူ၏ဂုဏ်သရေကိုစိန်ခေါ်ခံနေရသကဲ့သို့ခံစားရသည်။ ထိုကဲ့သို့တွေးပြီးသော် သူ၏မျက်နှာအမူယာမှာ တင်းမာသွားပြီး ခြိမ်းခြောက်လိုက်သည်။ "မကောင်းဆိုးဝါးအောက်လမ်းစွမ်းအင်တွေဆိုတာ လူတွေကိုလှည့်စားတဲ့နေရာမှာ အင်မတန်ကျွမ်းကျင်တာဗျ၊ အရှင်မ အန်ဂျယ်လာ နှင့် မစ်စတာ လမ်းပါ့ဒ် ခင်ဗျားတို့ ဘေးဖယ်နေပါ...နို့မို့ဆိုရင်တော့ မဟာဘုရားကျောင်းက ခင်ဗျားတို့ကို အောက်လမ်းပညာရပ်တွေနဲ့ ပတ်သက်မှုရှိတယ်လို့ယူဆရလိမ့်မယ်....မီးတင်ရှို့တဲ့တိုင်မှာတော့ သနားညှာတာနေမှာမဟုတ်ဘူးနော်......"
ထိုကဲ့သို့ပြောပြီးနောက်တွင် ဇိုလာမှာ တုန့်ပြန်မှုကို မစောင့်တော့ပေ။ တစ်ဖက်သို့လှည့်ပြီး ရထားလုံးအတွင်းသို့ ဝင်သွားတော့သည်။
ထိုအရာကိုမြင်ပြီးနောက်တွင် အရပ်ပုပုနှင့် ခပ်ဝဝပညာသင်သူတော်စဥ်တစ်ယောက်မှာ သူ၏လက်ထဲမှ ချိန်းကြိုးကိုဆွဲပြီး "ဟားဟား ကျေးဇူးပြုပြီး ဘေးဖယ်နေပါ...ဒါမှမဟုတ်ရင်တော့.....ဟီးဟီး..." ပညာသင်သူတော်စဥ်၏ မျက်နှာအမူယာမှာ ခြိမ်းခြောက်မှုအသွင်ကိုဆောင်နေသည်။
လမ်းပါ့ဒ် သူ၏နောက်ကြောတွင်လွယ်ထားသော ဓားကို လှမ်းကိုင်လိုက်သည်။ သူ၏ခေါင်းကိုလှည့်ပြီး အန်ဂျယ်လာအားကြည့်လိုက်ပြီး အန်ဂျယ်လာ၏ "လုပ်လိုက်တော့"ဟုဆိုသည့် အချက်ပြမှုကိုစောင့်စားနေ၏။
အန်ဂျယ်လာ၏ ကြီးမားလှပသောမျက်ဝန်းများတွင် စိုးရိမ်ပူပန်သောမျက်ရည်များဖြင့်ပြည့်နက်လာသည်။ သူမ လမ်းပါ့ဒ်အား ခေါင်းငြိမ့်ပြလိုက်ပြီး ထိုလူများကိုအင်အားသုံးပြီးကယ်တင်လိုက်စေပါက အလတ်ဇန္ဒားအတွက် ကံဆိုးခြင်းများကိုယူဆောင်ပေးလိုက်သလိုလဲဖြစ်သွားမည်ဖြစ်သည်။ ထို့အပြင် ချမ်းဘော့ဒ်တိုင်းပြည်ကိုလည်း အန္တရာယ်အောက်ကျရောက်စေသကဲ့သို့ဖြစ်သွားမည်ဖြစ်သည်။ သို့သော် သူမ၏ မျက်လုံးရှေ့တွင်ရှိသော အပြစ်ကင်းစင်သောသော်လည်း ဖမ်းဆီးခံရသောလူများအပေါ်တွင်လည်း မျက်နှာမလွှဲလိုပေ...."
ထိုအချိန်တွင် နွေးထွေးပြီး သန်မာသည့်လက်များကောင်မလေး၏ ပုခုံးပေါ်သို့ကျရောက်လာသည်။ အန်ဂျယ်လာ၏ နားတစ်ဖက်မှရင်းနှီးပြီးသားအသံတစ်ခုကိုကြားလိုက်ရသည်။ "အရာအားလုံး ငါပဲဖြေရှင်းလိုက်မယ်...."