ငါတို့ဘယ်ကနေစလုပ်ကြမလဲ
Vol. 2 Ch. 24
ယန်ယောင်ကွမ် ဟာ ဒီလို ရင်တုန်ပန်းတုန် ခံစားချက်မျိုးကို အရင်က တစ်ခါမှ မခံစားဖူးပါဘူး။သူဟာ ကံစမ်းမဲ လက်မှတ်ကို လက်ဖြင့် ကျတ်ကျတ် ဆုပ်ထားခဲ့ပြီး ၊ ကိုယ့်နှလုံးခုန် သံကိုယ်တောင် ပြန်ကြားနေရပါတယ်။
"အထူးနံပါတ် , ၁၅ "
"ကံစမ်းမဲ နံပါတ် များဟာတော့ ၀၂ ၊ ၀၄ ၊ ၁၂ ၊ ၁၄ ၊ ၁၇ ၂၄ နဲ့ ၁၅ တို့ပဲ ဖြစ်ပါတယ် ခင်ဗျားးး"
........
အခုချိန်မှာ ယန်ယောင်ကွမ်ဟာ သူ့ခေါင်းကို တစ်ခုခုနဲ့ ရိုက်မိလိုက်သလိုမျိုး ကြောင်အနေခဲ့သည်။ဒီအချိန်မှာ သူဌေးလေး ရဲ့ စကားတွေကပဲ သူ့ရဲ့ ခေါင်းထဲမှာ ထပ်တလဲလဲ ပြန်လည် ကြားယောင်နေခဲ့ပါတယ်။
မစ္စတာ ယန် ၊ ခင်ဗျား ကျောင်းပေါက်ဝ ကိုရောက်တဲ့ အချိန်မှာ ကံစမ်းမဲလက်မှတ်ကိုဝယ်ဖို့မမေ့နဲ့နော်။ ကျုပ်ထပ်ပြောလို့မရဘူး ၊ မဟုတ်ရင် မိုးကြိုးပစ်ခံရလိမ့်မယ်......
"သူဘယ်လိုသိတာလဲ ၊ သူဌေးလေးက တကယ်ပဲ ကံကြမ္မာကို ကြိုမြင်နေရတာလား"
ယန်ယောင်ကွမ် ရဲ့ ခေါင်းထဲမှာ မယုံကြည်နိုင်မူတွေ နဲ့ ပြည့်နှက်နေခဲ့ပါတယ်။သူလင်းဖန် ပြောတာကို မယုံကြည်ခဲ့ပေမဲ့ လည်း ၊ ကံစမ်းမဲ တစ်စောင် ဝယ်ခဲ့ပါသေးတယ်။
ကံတရားလား ???
သူကံတရား ကို တော့ အနည်းငယ် ယုံကြည်ပါတယ်...ဒါပေမဲ့ သူ့ကို ကံစမ်းမဲ ကျိန်းသေပေါက်လိမ့်မယ် လို့ လင်းဖန် ပြောခဲ့တာပါ။
လင်းဖန်သာ မပြောဘူးဆိုရင် သူ ထီဆိုင်ရဲ့ ဘေးနားမှာ တောင် ရပ်ဖို့ စိတ်ကူးမရှိပေ။သူ ကံစမ်းမဲ ထီလက်မှတ် ကို တစ်သက်နဲ့ တစ်ကိုယ်ဒီတစ်ခါ ပထမဆုံး အကြိမ်ဝယ်ခဲ့ခြင်းဖြစ်သည်။
သူဝယ်လိုက်တဲ့ ကြုံရာကျပမ်း လက်မှတ် တစ်စောင်ဟာ အခုလို ပထမ ဆု ဖြစ်နေဖို့ဆိုတာကတော့ ...သူလုံးဝကို ထင်မထားတဲ့ အရာကြီးတစ်ခုပါ။
ယန်ယောင်ကွမ် ဟာ မျက်တောင် တစ်ချက်မှ မခတ်နိုင်ပဲ TV ဖန်သားပြင်ပေါ်မှ နံပါတ် များကို ကြည့်လိုက်ပါတယ်။ယင်းနောက် သူ့လက်ထဲတွင်ရှိ နေသည့် ကံစမ်းမဲ နံပါတ် များကို တဖန် ပြန်ကြည့်လိုက်သည်။
နံပါတ် တွေက လုံးဝ ကွက်တိပါပဲ....
* ဘယ်လို နတ်ဘုရားလဲ *
ယန်ယောင်ကွမ် အတွက်ကတော့ ဒီည အိပ်လို့ရတော့မယ် မထင်ပါဘူး.....
.......
"မစ္စတာ ယန် က ငါပြောသလို ထီလက်မှတိကို ဝယ်ချင်မှ ဝယ်လိမ့်မယ်၊ သူက ဒါတွေကို အယုံအကြည်မရှိဘူးဆိုတော့.."
လင်းဖန် ဟာ မစ္စတာ ယန်ကို ဗေဒင်ပညာ ကို စမ်းသပ်လိုတဲ့ အနေနဲ့ အသုံးချလိုက်တာပါ။အခုတော့ ထပ်ပြီး အဲ လိုလုပ်ဖို့ မလိုတော့ပါဘူး။
လင်းဖန် သူ့ရဲ့ ဗေဒင်ပညာ အစွမ်းက သူကိုယ်တိုင်တောင် ခန့်မှန်းကြည့်လို့ မရတဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာ သိလိုက်ရပါပြီ။ ဒီစွမ်းအားတွေက ကောင်းကင်ရဲ့ ဥပဒေ တွေကိုတောင် ဆန့်ကျင်နိုင်စွမ်း ရှိပါတယ်။
အခုကစပြီး သူ ပို့မြင့်သည့် အဆင့်တစ်ခုကို ရောက်နိုင်သည့် လူတစ်ယောက် ဖြစ်လာတော့မည် ဖြစ်သည်...
"ဟုတ်တယ် ....ငါသူ့ရဲ့ ကံကြမ္မာကို စမ်းသပ်ပြီး ဟောကြည့်လိုက်တာပဲ ၊ သိပ်ပြီး အလေးအနက်ထားဖို့ မလိုဘူး"
သို့ပေမဲ့ ရုတ်တရက် လင်းဖန် မစ္စတာ ယန် အကြောင်း စဥ်းစားလိုက်တဲ့ အချိန်မှာ တစ်ခုခု ထူးခြားတာ ခံစားလိုက်ရပါတယ်..
"ဘာတွေ ဖြစ်နေတာလဲ? ငါ မစ္စတာ ယန် ရဲ့ ကံတရားကို ဟောခဲ့တုန်းက သူ့မှာ သူမတူတဲ့ ကံတရား ရှိတယ်လို့မြင်ခဲ့တာလေ..အခု ဘယ်လိူဖြစ်ပြီး သူ သာမန်ဘဝကို ရရှိမယ်လို့ ခံစားနေရတာလဲ....."
သူ တကယ် ထီထိုးလိုက်ပြီး ပေါက်သွာတယ် ဆိုရင် ချမ်းသာတဲ့ ဘဝကို ခံစားရမှာလေ.....
လင်းဖန် ဒီကိစ္စကို နားမလည်နိုင်တော့တဲ့ အတွက် ထပ်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူနောက်ပိုင်းကျမှ နားလည်လာမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လင်းဖန် သူ့ရဲ့ ဖုန်းကို ထုတ်ယူလိုက်ိပြီး တော့
ဝိုက်ဘို (weibo) ဆော့ဝဲ ကို ဖွင့်ကာ ဘာတွေ ထူးခြားလဲ တစ်ချက် စစ်ကြည့်လိုက်ပါတယ်။
"ချီးပဲ ၊ ငါ့ ပရိတ်သတ် တွေက ၆ ယောက်ပဲ ရှိသေးတာလား? ဒါက အရမ်းနည်းလွန်းတယ်"
လင်းဖန် ဒါကို မြင်ပြီး အတော် စိတ်ပျက်သွားခဲ့ပါတယ်။သူပေးထားတဲ့ အသုံးပြုသူ နာမည်က သိပ်မဆိုးပါဘူး။
ဘာလို့ ငါ့ကို ဖော်လို (follow) လုပ်ပြီး အားပေးတဲ့ လူတွေက သိပ်ပြီး မတိုးလာတာလဲ......
ယင်းနောက် လင်းဖန် ဟာ သူ့ပို့စ် တွင် ကော်မန့်
နှစ်ကြောင်း ရှိနေတာကို တွေ့လိုက်ရသည်။
အသုံးပြုသူ အမည် - ဆောင်းဦး ဓားနဲ့ ငါးသတ်တဲ့ ကောင်လေး။
"ဟားဟားး ဒီနေ့ ဗေဒင်ဟောတဲ့ ကောင်တွေက တော်တော် ခေတ်မှီ လာပြီပဲ၊ ဝိုက်ဘို ( weibo )
ဆော့ဝဲ ကို သုံးပြီးတော့တောင် အလုပ်လုပ်နေကြပြီ၊ စောက်ကျိုးနဲ..."
လင်းဖန် ဒီမှတ်ချက်ကို ကြည့်ပြီး သိပ်မပျော်တော့ပါဘူး။ဒီလူက တမင်သက်သက် သူ့ကိုလာပြီး စော်ကားနေတာပါ။
လင်းဖန် နောက်ထပ် မှတ်ချက် ကိုမြင်တဲ့ အချိန်ကျမှ သူအနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။သူ့ကို ယုံကြည့်တဲ့ လူတစ်ချို့လည်း အမှန်တကယ်ရှိနေပါ သေးသည်။
အသုံးပြုသူ အမည် - ပရမ်းပတာ ပျော်ရွှင်မူ
"ဝမ် မင်ယန် ၊ ယောက်ျားလေး ၊အောက်တိုဘာ ၄ရက် ၁၉၉၁ ၃-၅ ညနေ တွင်မွေးဖွားသည်။ကျေးဇူးပြုပြီး တွက်ချက်ပေးပါ"
လင်းဖန် သူ့ပိုစ် ကို နေ့လည်ကမှ တင်ထားတာပါ၊ အခု ဗေဒင်မေးမယ့် လူတစ်ယောက်ရှိနေပါပြီ။ဒါက တကယ် သိပ်မဆိုးတဲ့ စတင်မူလို့ ပြောလို့ရပါတယ်...
လင်းဖန် ဒီလူပေးတဲ့ အချက်အလက်တွေကို ကြည့်ပြီး တွက်ချက်မူကို စတင်လိုက်ပါတယ်။စွယ်စုံကျမ်း ကအရမ်းအစွမ်းထက်ပြီးတော့ ဒီလိုဗေဒင်ဟောရတာ သူ့အတွက် လုံးဝ အခက်အခဲမရှိပါဘူး.....
"အိုး... ဒီလူရဲ့ ကံတရားက သိပ်ပြီးကောင်းပုံမရပါလား၊ ကြည့်ရတာ ကံတရားအတိုင်း ပြောရပါတော့မယ်"
သို့ပေမဲ့ သူအံ့သြနေလို့ ဘာမှမထူးဘူးဆိုတာ လင်းဖန် သိပါတယ်။ဒါကြောင့် သူအလျှင်အမြန်ပဲ စာပြန်ရိုက်ပြီး အကြောင်းပြန်လိုက်သည်။
"မင်းရဲ့ လောင်းကစားလုပ်ချင်တဲ့ ဆန္ဒတွေက မင်းစိတ်ကို လွမ်းမိုးနေတာ၊ ဒီအတွက်ကြောင့် မင်းဒေဝါလီ ခံသွားရနိုင်တယိ"
လင်းဖန် တိုက်ရိုက်ကြီး သိပ်ပြောလို့မရပါဘူး..သို့ပေမဲ့ ဥိးနှောက်ပါတဲ့ လူတိုင်း သူလောင်းကစား မလုပ်ဖို့ပြောနေတယ် ဆိုတာ သိနိုင်ပါတယ်။
လင်းဖန် အချိန်းအနည်းငယ် စဥ်းစားလိုက် ပြန်ပြင်လိုက် လူပ်ပြီးသညိ့နောက်တွင် နောက်ထပ် ပိုစ် တစ်ခုကို ဝိုက်ဘို ( weibo ) ပေါ်တင်လိုက်ပါတယ်။
"အခမဲ့ အွန်လိုင်း ဗေဒင် ဟောပြောခြင်း၊ နှစ်ရက်ထဲသာ"
လင်းဖန် ဒီစာကို တင်လိုက်ပြီးတဲ့ နောက်မှာတော့ ဆော့ဝဲ ထဲကနေထွက်ပြီး ဖုန်းကိုပိတ်ကာ အိပ်ဖို့ လုပ်လိုက်ပါတော့တယ်။သူ့ရဲ့ ဗေဒင်ဟောပြောခြင်း ခရီးစဥ်ကတော့ မနက်ဖြန် ဆိုရင် တရားဝင် စတင်ပါပြီ။
လင်းဖန် စွယ်စုံကျမ်းနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေတာတော့ ရှိပါတယ်။ဒါကအိမ်မက် မက်နေတဲ့ အတိုင်းပါပဲ....
လင်းဖန် လည်း တစ်ခြား လူငယ်တွေလိုပဲ အောင်မြင်ချင်စိတ် ရှိပါတယ်။သိုပေမဲ့ ဒီအောင်မြင်မူတွေ ဟာ သူကိုယ်တိုင်ကြိုးစား ပြီးမှ ရရှိမှာပါ။
တစ်ကယ်လို့ လင်းဖန် သာ စောက်ပျင်းကြီးပြီး အချောင်လိုက်မယ်ဆို အလွယ်လေးပါပဲ။သူယန်ယောင်ကွမ် ကို ထီသွားထိုးခိုင်းပြီး ထီလက်မှတ်ကို သူယူထားလိုက်လို့ရပါတယ်။ဒါပေမဲ့ ဒီလိုလုပ်ရင် စွယ်စုံကျမ်းက သူ့ကို အပြစ်ပေးမှာလား မပေးဘူးလား ဆိုတာတော့ သူကျိန်းသေ မသိပါဘူး။
........
နောက်တစ်နေ့ မနက်။
ဒေါက်ဒေါက် .....ဒေါက်ဒေါက်
"ဘယ်သူက အစောကြီးလာပြီး တံခါးခေါက်နေတာလဲ"
လင်းဖန် အိပ်ယာထဲကနေ လန့်နိုးလာပြီး အော်ပြောလိုက်ပါတယ်။
"ငါပါဟ ၊ အစ်ကို ထျန် လေ"
လူလိမ် ထျန် ဟာ အပြင်ဘက်ကနေ ပြန်အော်ပြောလိုက်ပါတယ်။
"လာပြီ လာပြီ ၊ ဘယ်လိုဖြစ်ပြီး အစောကြီးရောက်ချလာတာလဲ"
လင်းဖန် အမြန်သွားပြီး တံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာ အထုပ်အပိုးတွေ နဲ့ အိမ်ထဲဝင်လာတဲ့ လူလိမ် ထျန် ကိုတွေ့လိုက်ရပါတယ်။
"ဟင်.....အဲတာ ဘာတွေလဲ?"
လင်းဖန် မျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး လူလိမ်ထျန် ကိူမေးလိုက်ပါတယ်။
"မင်းငါနဲ့ တူတူ ပူးပေါင်းပြီး ဗေဒင်ဟောမယ်လိူ့ မပြောဘူးလား၊ ဒါကြောင့် ငါ့ရဲ့ ကိရိယာ တန်ဆာပလာ တွေကို အနည်းငယ် ယူလာတာ"
လူလိမ် ထျန် သူ့ရဲ့ အထုပ်ကို ဖြည်လိုက်တဲ့ အချိန်မှာ ပစ္စည်းတွေ ကိုတွေ့လိုက်ရပါတယ်။
"ဒါတွေက ဘာပစ္စည်းတွေ တုန်း?၊ သံလိုက်အိမ်မြောင် တွေပါ လိုလို့လား"
လင်းဖန် သူ့ရှေ့မှာ မြင်နေရတဲ့ ဗေဒင် အထောက်အကူ ပစ္စည်းအများကြီးကို မြင်တဲ့ အချိန်မှာ ဆွံ့အနေခဲ့ပါတယ်။
"မင်းလူတွေကို ဟောပြောတဲ့ အချိန်ကျရင် ဒီပစ္စည်းတွေကို အသုံးပြုဖို့ လိုလိမ့်မယ်၊ မင်းဒါတွေ မရှိပဲ ဟောလို့ အစဥ်ပြေမှာ မဟုတ်ဘူး"
...............
လင်းဖန် လူလိမ် ထျန် ကို ပဲ ကူရာမဲ့ စွာစိုက်ကြည့်နေမိပါတယ်။ဒီပစ္စည်းတွေက သူ့အတွက် တစ်ခုမှ မသုံးမဝင်ပါဘူး။သူအခု ပြင်ဆင်ဖို့ လိုအပ်နေတာက သူ့ရဲ့ ကိုယ်ပိုင် ဆိုင်ခန်းပါ။သူစိတ်အပူဆုံး အရာက ရှန်ဟိုင်းမှာ ကုန်ကျတဲ့ ဆိုင်ခန်း စရိတ်ကိုပါ။
လင်းဖန်ရော လူလိမ် ထျန် ရော နှစ်ယောက်စလုံးက ငမွဲတွေပါ။သူတို့မှာ စပြီးလုပ်ဖို့ ခေါင်းစဥ်အတည်တကျ မရှိပေ။သူတို့ နှစ်ယောက်လုံး ဆိုင်ခန်း အတွက် ပြင်ဆင်လိုက်ကြတာ ညနေ လေးနာရီ အထိ မနားကြရပါဘူး။နောက်ဆုံးမှာတော့ သူတို့ ပြင်ဆင်စရာ တွေအကုန်လုံးကို လုပ်ပြီး သွားကြပါပြီ။
သူတို့ မြို့ထဲရှိ ဆိုင်ခန်းတွေ အကုန်လုံးကို လိုက်ပြီး ကြည့်တဲ့ နောက်မှာတစ်ခုမှ စျေးမတတ်နိုင်ကြပါဘူး။စျေးတတ်နိုင်တဲ့ နေရာ ကြတော့လည်း အနည်းဆုံး တစ်နှစ် လောက် စာချုပ်ရမှာပါ။
နောက်ဆုံးတော့ သူတို့ မူလ နေရာမှာပဲ ဖွင့်ဖို့ ဆုံးးဖြတ်လိုက်ကြပါတော့တယ်။တစ်ခုထဲသော မတူညီတဲ့ အရာက ဆိုင်းဘုတ် အနီကြီးနဲ့ ရေးထားတဲ့ အရာပါ။
"အနာဂတ်ကို ဟောကြားပေးမယ့် မာစတာ လင်း"
.............
ကြယ်နီ မူလတန်း ကျောင်းရှေ့တွင်။
လင်းဖန်ရဲ့ ဆိုင်ဟာ တော့ ဖြတ်သွားဖြတ်လာ လူအများစုရဲ့ အာရုံစူးစိုက် မူကို ရနေခဲ့ပါပြီ။အဲ့အချိန်မှာပဲ လူလိမ် ထျန် ဟာ ဆိုင်ရှေ့မှာ ထိုင်ခုံတစ်လုံးနဲ့ သေသပ်စွာထိုင်ပြီး စတင် ကြော်ငြာပါတော့တယ်.....
"သံမဏိလို ခိုင်မာတဲ့ ပါးစပ် , မာစတာ လင်း။စကားလုံးတစ်လုံး ထဲနဲ့ အားလုံးရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်တယ်။ သေခြင်းလား၊ ရှင်ခြင်းလား ဒါမှမဟုတ် ဆင်းရဲ့ခြင်းလား ၊ ချမ်းသာခြင်းလား.."
လင်းဖန် တောင်မှ လူလိမ် ထျန် ရဲ့ စကေးတွေ ကြားမှာ အံ့သြရပါတယ်။ဒီလူက အလုပ်ကို အမှန်အကန် ပရော်ဖက်ရှင်နယ် ကျကျ လုပ်ကိုင်နေခဲ့ပါပြီ။သူရဲ့ စကားလုံးတွေဟာ လူများ ဗေဒင်လာ မမေးရင်တောင် မှ အာရုံစိုက်မူတွေရအောင် ဆွဲဆောင်ပေးနိုင်ပါတယ်...
"သူဌေး လေး ရဲ့ ဆိုင်က ဖွင့်နေပြီဟေ့"
လင်းဖန်ရဲ့ ပန်ကိတ်တွေက ဒီနယ်တဝိုက် မှာ အတော်နာမည် ကြီးနေပါပြီ။ဒါကြောင့် လင်းဖန် သူနေရာ မှာ ဆိုင်ဖွင့်လိုက်တာနဲ့ အားလုံးပဲ သူ့ဆိုင်နား ကို ဝိုင်းလာကြပါတယ်။
"သူဌေးလေး ငါမင်း ဆိုင်ဖွင့်တာကို မနက်ကတည်းက စောင့်နေတာ၊ မင်းက အခုမှ ပဲ ဆိုင်ဖွင့်တော့တယ်။ ကံကောင်းလို့ ငါအိမ်မပြန်ပဲ ဆက်စောင့်နေတာ မှန်သွားတယ်"
လင်းဖန် ရဲ့ ပုံမှန် ဖောက်သည့်တစ်ယောက်ဟာ ဆိုင်နားကို အမြန်လာပြီးပြောလိုက်ပါတယ်။ဒါပေမဲ့ သူပြောပြီးတဲ့ အချိန်မှ ဆိုင်းဘုတ်ကို သတိထားမိပြီး ဆွံ့အ သွားခဲ့ပါတယ်.......
"အာ? သူဌေးလေး ? ဘာတွေ ဖြစ်နေတာတုန်း?"
လင်းဖန် မျက်နှာမှာ တည်ကြည်တဲ့ အပြုံးတစ်ခုကို ပုံဖော်လိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။
"ဟုတ်တယ် ၊ ကျုပ်ရဲ့ အလုပ်ကို ပြောင်းလဲလိုက်ပြီ။ ကျုပ် အခုက စပြီးတော့ လူတိုင်းရဲ့ အနာဂတ်ကို ဟောပြောပေးပါ့မယ်"
"အာ? မင်းဘာလို့ ဒီလိုလုပ်ရတာလဲ? ဗေဒင်ဟောတာက ဘာအနာဂတ်မှ မရှိဘူးနော်၊ ပန်ကိတ်ရောင်းတာကမှ ပိုတောက်ပတဲ့ အနာဂတ်ရှိဦးမယ်! "
လင်းဖန်ရဲ့ ပန်ကိတ်တွေဟာ လူတိုင်းရဲ့ အသဲနှလုံးထဲမှာ စွဲနေခဲ့ပါပြီ။
လူတွေ ပိုပိုပြီးတော့ လင်းဖန်ရဲ့ ဆိုင်နားကို ပန်ကိတ်ဝယ်ဖို့ စုလာနေကြပါတယ်။ရောက်လာတဲ့ လူတိုင်းဟာ လင်းဖန် ဗေဒင်ဟော ဖို့ လုပ်နေတာမြင်တဲ့ အချိန်မှာ အံ့သြသွားကြပြီး ဘာမှတောင် မပြောနိုင်ကြပါဘူး။
လင်းဖန်ရဲ့ ဆိုင်နားမှာ လူအုပ်ကြီးဟာ တဖြည်းဖြည်းချင်း များလာနေပြီး လင်းဖန်ကို ပန်ကိတ်ရောင်း ပြန်ရောင်းဖို့ အတွက် ဝိုင်းပြီး ဖြောင်းဖြနေကြပါတယ်။လင်းဖန် ဘာလို့ ဒီလိုလုပ်လဲ ဆိုတာ သူတို့နားမလည် နိုင်တော့ပေ။
"သူဌေးလေး မင်းအရမ်းတွေ ဗေဒင်တွက်ချင်နေတယ် ဆိုရင် ငါတို့ကို ဗေဒင်တွက်ပေးလို့ရတယ်၊ ဒါပေမယ့် ဗေဒင်တွက်ပြီး သွားရင်တော့ ငါတို့အတွက် ပန်ကိတ် လုပ်ပေးရမယ် ဘယ်လိုလဲ"
"ဟုတ်တယ် ၊ ငါမင်းအတွက် ဗေဒင်ဟောခ ရော ပန်ကိတ်ဖိုးရော ပေးပါ့မယ်ကွာ ...ဒါပေမဲ့ ငါပန်ကိတ်ကို စား ရမှဖြစ်မှာ."
....
လင်းဖန် ဒီလူတွေကိူ ကြည့်ပြီး စိတ်ဓာတ်ကျသလို ခံစားလိုက်ရပါတယ်။
ငါ့ပန်ကိတ် က မင်းတို့ကို အဲလောက်တောင် ဖြစ်သွားစေတာလားကွာ....
"ကောင်လေးတို့ ၊ ငါတကယ် ပန်ကိတ် ထပ်ရောင်းဖို့ အစီအစဥ်မရှိတော့ဘူး။ငါက အခု အနာဂတ်ကို ဟောပြောပေးမယ့်လူဖြစ်နေပြီလေ၊ တကယ်လို့ မင်းတို့ ဗေဒင်တွက် ချင်တယ်ဆို ငါဟောပေးလို့ရပါတယ်"
လင်းဖန် ပြောလိုက်ပါတယ်။
"သူဌေးလေး မင်းငါတို့ကို အဲလို မဆက်ဆံပါနဲ့ကွာ ၊ ဗေဒင်ဟောတယ် ဆိုတာက အလိမ်အညာတွေ ချည်းပဲလေ..အဲတာက မင်းရဲ့ ပန်ကိတ်ရောင်းတဲ့ လုပ်ငန်းကို ယှဥ်နိုင်မှာ မဟုတ်ဘူး"
"ဟုတ်တယ် ဗေဒင်ဟောတယ် ဆိုတာက အလိမ်အညာတွေနဲ့ ပြည့်နေတာ"
လင်းဖန် လူလိမ်ထျန်ကို ကူကယ်ရာမဲ့ စွာကြည့်လိုက်ပါတယ်။တကယ်လို့ ဒီလိုသာ တစ်ချိန်လုံးဖြစ်နေမယ်ဆိုရင် သူ့ရဲ့ ဗေဒင်ဟောမယ့် အစီအစဥ်က အဆုံးသတ်တော့မှာပါ။သူ စွယ်စုံကျမ်း ရဲ့ မစ်ရှင်ကို ပြီးအောင်လုပ်ဖို့ဆိုတာက ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။
လူအုပ်ကြီးဟာ လင်းဖန် တို့ဆိုင်နားမှာ ဝိုင်းအုံပြီး လင်းဖန်ကိူ ပန်ကိတ် ပြန်ရောင်းဖို့ တိုက်တွန်းနေတဲ့ အချိန်မှာပဲ ကျယ်လောင်သံ ခေါ်သံတစ်ခုကို ကြားလိုက်ရပါတယ်။
ဒီအသံက အတော်လေး စိတ်လှုပ်ရှားနေတဲ့ အသံပါ။
"သူဌေးလေ...သူဌေးလေး...."
လင်းဖန် အသံလာရာကို ဘယ်သူလဲလို့ လှမ်းကြည့်ပြီး တွေ့လိုက်တဲ့ အချိန်မှာ အလွန်အံ့သြသင့် သွားခဲ့ပါတယ်။
နောက်ဆုံးတော့ သူ့အချစ်တော်ကြီး ရောက်လာခဲ့ပါပြီ......