← Chapters

ဒါက အခြေခံပဲ

Vol. 2 Ch. 25

ဒါက အခြေခံပဲ

Vol. 2 Ch. 25

ယန်ယောင်ကွမ် ဟာ ခွန်အားတွေနဲ့ ပြည့်နှက်နေခဲ့သည်။ညတုန်းက သူအိပ်လို့တောင် မပျော်ခဲ့ပါဘူး။နောက်တစ်နေ့ မနက်မှာတော့ သူ့ရဲ့ မှတ်ပုံတင်နဲ့ ကံစမ်းမဲ လက်မှတ်ကို ယူပြီး ရှန်ဟိုင်းရဲ့ ကံစမ်းမဲ ဌာနချုပ်ရှိရာကို သွားခဲ့ပါတယ်။

ဒေါ်လာ ၁၅ သန်း! သူအမှန်တကယ်ပဲ ဒေါ်လာ ၁၅ သန်း ဆုငွေပေါက်ခဲ့ပါတယ်။လူအများစုဟာ သူတို့ရဲ့ ဘဝတစ်လျောက်လုံးမှာ ဒီလောက်ပိုက်ဆံ အများကြီး မရှာနိုင်ကြပါဘူး။တကယ်လို့ ယန်ယောင်ကွမ် တစ်သက်လုံး မစားမသောက်ပဲ စုဆောင်းရင်တောင် ဒီလောက် ပိုက်ဆံ အများကြီး ရတဲ့အထိ စုဆောင်းနိုင်မှာ မဟုတ်ပေ။

သူ ဆုငွေ တွေထုတ်ကာ လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးတဲ့ နောက်မှာတော့ သူပထမဆုံး ပြေးမြင်မိတဲ့ လူက လင်းဖန်ပါပဲ။လင်းဖန်ကြောင့် သာ မဟုတ်ဘူးဆိုရင် သူထီထိုး ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အရာပါ။

"သူဌေးလေး"

ယန်ယောင်ကွမ် ဟာစိတ်လှုပ်ရှား လွန်းလိူ့ သူ့ရဲ့ မျက်နှာနဲ့ နားတွေတောင် နီရဲနေခဲ့ပါတယ်။

"မစ္စတာ ယန် အလျင်မလိုပါနဲ့၊ ဖြည်းဖြည်း ချင်းပြောပါ။"

လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်သည်။

ဘေးနားမှာ ရှိနေကြတဲ့ လူများဟာလည်း ၊ အရင်နေ့တုန်းက ယန်ယောင်ကွမ် ကို သူဌေးလေး ဘာပြောခဲ့လည်း ဆိုတာ အကုန်သိကြပါတယ်။ဒါကြောင့် သူတို့ ကြားဝင်ပြီး အမြန်မေးလိုက်ကြသည်။

"သူဌေးလေး၊ ကြည့် မစ္စတာ ယန်က ဒီကို ပြန်လာပြီး ပြသနာ ရှာတာလားမသိဘူး"

"မစ္စတာ ယန် ၊ အဲ့နေ့က ခင်ဗျား ထီလက်မှတ်တစ်စောင် ဝယ်ပြီး ပိုက်ဆံ ဖြုန်းမိခဲ့သေးလား?ခင်ဗျား ဒီနေ့ ဒီကိုရောက်လာတာ အတော်ပဲ။သူဌေးလေးက ပန်ကိတ်မရောင်းတော့ပဲ ဗေဒင်ဟော စားမယ် ချည်းပဲလုပ်နေတယ်။ခင်ဗျား ဒါကိုဟာသ လို့ မထင်ဘူးလား"

လူတစ်ယောက် ဟာ လှမ်းပြောလိုက်ပါတယ်။

"ငါ နိုင်ခဲ့တယ်၊ ငါတကယ်နိုင်ခဲ့တာ"

မစ္စတာ ယန် ဟာ အခုချိန်မှာ လင်းဖန် ကိုလေးစားမူတွေ နဲ့ ပြည့်နေခဲ့ပါပြီ။သူ ချက်ချင်း ထူးထောက် လိုက်ပြီး လင်းဖန်ကို နတ်ဘုရား တစ်ပါးလို့တောင် တင်စားလိုက်ချင်ပါတယ်။

"ဘာကို နိုင်တာလဲ"

ဘေးနားက လူတွေဟာ လည်း သူ့ကို နားမလည်သည် မျက်နှာ များဖြင့် ကြည့်နေခဲ့သည်။

ယန်ယောင်ကွမ် ဟာ သူ့ကိုသူ တည်ငြိမ်အောင် အရင်လုပ်လိုက်ပြီး အားလုံးကို သေချာ ရှင်းပြလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ရက်က သူဌေးလေး က ငါ့ကို ကံစမ်းမဲ လက်မှတ်ဝယ်ဖို့ပြောခဲ့တယိ။ငါဗေဒင် ပညာကို မယုံကြည်ပေမဲ့ လည်း သူဌေးလေး ပြောတာ ကြားပြီးတဲ့ နောက်မှာ လက်မှတ် ဝယိဖြစ်ခဲ့တယ်။တကယ် မယုံနိုင်ဖို့ကောင်းတာက ငါမနေ့ည က ကံစမ်းမဲ နံပါတ် တွေ တိုက်ကြည့်လိုက်တဲ့ အချိန်မှာ ငါတကယ် ကံထူးရှင် ဖြစ်နေတာကို သိလိုက်ရတာပဲ"

ဘေးနားက လူများဟာ သူ့စကားကို သံသယ ရှိနေကြပါတယ်။

"ခင်ဗျား နံပါတ် ဘယ်နှစ်တွဲ တူခဲ့တာလဲ"

"ဒေါ်လာ တစ်ဆယ် ပေါက်ခဲ့တာလား၊ ခင်ဗျားဒီကို လာပြီး သူဌေးလေးကို မြောက်ပင့်ပြီး ပန်ကိတ် အလကား စားမလို့လေ ဟုတိတယ်မလား"

"ကြည့်ရတာ သူဌေးလေး က တကယ်ပဲ အရည်အချင်းရှိတယ်ထင်တယိ၊ ငါလည်း ကံစမ်းမဲ လက်မှတ် နေ့တိုင်းဝယ်ရင် ပန်ကိတ် နေ့တိုင်း အလကားစားရ လောက်တယ်"

.......

ယန်ယောင်ကွမ် အလျင်အမြန်ပဲ ဒီလူတွေကို ပြန်ပြောလိုက်ပါတယ်။

"မဟုတ်ဘူးး မဟုတ်ဘူး ငါတကယ် ပထမ ဆုကို ကံထူးခဲ့တာ ၊ ဒေါ်လာ ၁၅ သန်းတောင်"

"အာ?"

"ဘာ....? "

ယန်ယောင်ကွမ် စကားကို ကြားလိုက်တဲ့ ဘေးနားက လူတိုင်းဟာ ဆွံ့အ သွားခဲ့ကြပါတယ်။ဒါက ကောင်းကင်ပေါ်မှာ နွားတစ်ကောင် ပျံသန်းနေတဲ့ အတိုင်း ပါပဲ။

တစ်ချို့လူတွေ ဆိုရင် စတင်ပြီးတော့ လှောင်ရယ် ရယ် နေကြပါပြီ။

"သူဌေးလေး..ခင်ဗျားရဲ့ သစ္စာ တရားကဘယ်မှာလဲ? ခင်ဗျား ဘယ်လို ဖြစ်ပြီးတော့ မစ္စတာယန် နဲ့ပေါင်းပြီး ကျုပ်တို့ကို လိမ်နိုင်ရတာလဲ ?ငါတို့ ဒီလို စောက်ရေးမပါတာတွေကို ယုံမယ် ထင်နေတာလား"

သို့ပေမဲ့ သူစကားပြောလို့ မဆုံးခင် သေးမှာပဲ ၊သတင်းဌာန မှကားများဟာ ရောက်လာပြီးတော့ သတင်းထောက်များဟာ အလုအယက်ပြေးလာနေကြပါတယ်။

"မစ္စတာ ယန် "

"မစ္စတာ ယန်"

ဒီ သူတင်းထောက် တွေဟာ ရှန်ဟိုင်း ရဲ့ နာမည်ကြီး သတင်းဌာန လူတွေ ချည်းပါပဲ။ဒါက တကယ့် သတင်းထူးဖြစ်မဲ့ အကြောင်းအရာ ဖြစ်သည်။

ပုံမှန် အတိုင်း ဆိုရင် ဒီလို ကံထူးရှင် တိုင်းက ကို အင်တာဗျူးတာက ထိပ်တန်း သတင်းလို့ မဆိုနိင်ပါဘူး။ပထမ ဆုကို ကံထူးတဲ့ လူအများစုဟာ လည်း သတင်းဌာနတွေရဲ့ အင်တာ ဗျူး ကိုငြင်းပယ်တာ များပါတယ်။ဒါပေမဲ့ အခုတစ်ကြိမ် ဒေါ်လာ ၁၅ သန်း ပေါက်တာက နည်းနည်းစိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။

ဒီလူက နှစိဒေါ်လာထဲနဲ့ ဒေါ်လာ ၁၅ သန်းကို ကံထူးခဲ့တာပါ။

သူတင်းဌာနက လူတွေဟာ အကြောင်းအရာက အရမ်းကြီး အံသြဖို့ကောင်းမယ်လို့ မ​မျော်လင့်ထားခဲ့ကြပေ။သူတို့က ယန်ယောင်ကွမ် ရဲ့ လက်ရှိအချိန် ခံစားချက်ကိုပဲ အနည်းငယ် အင်တာဗျူး ချင် ခဲ့ခြင်းဖြစ်သည်။

သို့ပေမဲ့ မစ္စတာ ယန်ကို အင်တာဗျူးပြီး နောက်မှာတော့ အကုန် အံ့အားသင့်ကြရပါတယ်။သူက သူ့ရဲ့ အကြွေးတွေ အကုန်လုံးကို ဆပ်ပြီးတဲ့ နောက်မှာ ကျန်တဲ့ ငွေတွေကို ပညာရေး အဖွဲ့အစည်းကို လှူဒါန်း ချင်တာ တွေ့လိုက်ရပါတယိ။

သတင်းထောက် တွေဟာ ဆွံ့အလွန်းလို့ ဘာမှတောင် မပြောနိုင်တော့ပါဘူး။သူတို့ ဒီလို လူမျိုးကို ပထမ ဆုံးကြုံဖူးကြတာပါ။အရင်တုန်းက ကံထူးရှင် တွေဟာ အလှူအတမ်း တွေပြုလုပ်လေ့ရှိပေမဲ့ လညိး ဒီလောက်အထိတော့ တစ်ယောက်မှ မလုပ်ကြပါဘူး။

မစ္စတာ ယန် ကတော့ ဒေါ်လာ ၁၀ သန်း လောက်ကို လူမူ အဖွဲ့အစည်းတွေကို လှူပစ်ဖို့ လုပ်နေပါတယ်။ဒါက တကယ့်ကို ခေါင်းကြီး သတင်းအဖြစ်ရေးဖို့ လုံလောက်နေပါပြီ။

ယင်းနောက် သတင်းထောက်များဟာ မစ္စတာ ယန် လှူဒါန်း တာတွေကို သက်သေအဖြစ် လိုက်ကြည့်ပေးကြပါတယ်။

ဒါပေမဲ့ သူပိုက်ဆံ တွေကို မလှူဒါန်း ခင်မှာ ဆုငွေထဲကနေ ဒေါ်လာ ၃ သိန်း ကို ထုတ်ယူခဲ့တာ တွေ့ကြရသည်။သတင်းထောက်တွေကတော့ ဒါကို သိပ်မအံ့သြကြပါဘူး၊ ဘာပဲဖြစ်ဖြစ် မစ္စတာ ယန် ရဲ့ စိတ်နေစိတ်ထားက အလွန်ကို လေးစားဖို့ ကောင်းနေခဲ့ပါပြီ။သူတို့ လက်ရှိ ဖြစ်နေတဲ့ ခံစားချက်တွေကို "လေးစားမူ"ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ဖော်ပြလို့ရပါတယ်။

သူက သူ့အတွက် ဒေါ်လာ ၃ သိန်း ပဲဖယ်ထားပြီး ကျန်တာ အကုန်လှူဒါန်း ပစ်ခဲ့တာပါ။ဒီဒေါ်လာ ၃ သိန်းက သူတစ်ခုခု လုပ်ဖို့ရှိလို့ ဆိုတာ သိထားကြပါတယ်။ဒီအရာက သူတို့လို သတင်းဌာနတွေအတွက် သတင်းရေးစရာ ထပ်တိုးလာခြင်းဖြစ်သည်။

နောက်ဆုံး မစ္စတာ ယန် ပြောလိုက်တဲ့ စကားလုံးကြောင့် သူတို့ သိခြင်စိတ်တွေဟာ ပိုပြီးတောင် ပြင်းပြလာခဲ့ပါတယိ။

"သူဌေးလေး မရှိပဲနဲ့ ၊ ဒီလို ပထမ ဆုရတဲ့ ကံစမ်းမဲ လက်မှတ်ဟာ ရှိလာမှာ မဟုတ်ပါဘူး"

............

လင်းဖန် ဟာလည်း သူ့ရှေ့မှာ ဖြစ်ပျက်နေ တာတွေကို ကြည့်ပြီး အလွန်ပဲ ကြောင်အနေမိပါတယ်။ဒါက အတော်ကြီးမားတဲ့ လှုပ်ခတ်မူကြီးကို ဖြစ်စေခဲ့တာပါ။သတင်းထောက်တွေဟာ စူပါစတား တစ်ယောက်ကို အင်တာဗျူး သလို မစ္စတာယန် ကို ဆက်ဆံနေကြပါတယ်။

"မစ္စတာ ယန် အခုလို လှူဒါန်းရတဲ့ အပေါ်မှာ နောင်တရတဲ့ စိတ် ဖြစ်မိပါသလား ရှင့်"

.......

ပျံကျစျေးထဲမှာ ရှိနေတဲ့ လူများဟာ လည်း သူတို့ မျက်လုံး သူတို့တောင် မယုံကြည်နိုင် ကြပါဘူး။

စောက်ကျိုးနဲ ဒီလူတစ်ကယ်ပဲ ဒေါ်လာ ၁၅ သန်းကံထူးခဲ့တာလား....?

လွန်ခဲ့တဲ့ နှစ်ရက်က ဘာတွေဖြစ်ခဲ့လဲ သိတဲ့ လူတစ်ယောက်ဟာ သတင်းထောက် တစ်ယောက်ရဲ့ လက်မောင်းကို ဆွဲပြီး မေးလိုက်ပါတယ်။

"ဘာတွေဖြစ်နေတာလဲ? မစ္စတာ ယန်က တကယ်ပဲ ပထမဆုကို ကံထူးခဲ့တာလား"

ချက်ချင်းပဲ ၊ အတားခံလိုက်ရတဲ့ သတင်းထောက်ဟာ မပျော်မရွင် ဖြစ်လာခဲ့ပါတယ်။ဒီလူက သူအလုပ်လုပ်နေတာကို လာပြီး နှောက်ယှက်နေတာပါ။သူ ဒီအခြေနေမျိုးမှာသတင်း တစ်ကြောင်းမှ အလွတ်မခံနိုင်ပါဘူး။

သို့ပေမဲ့ သူတစ်ခုခု လွဲနေတာကိုသတိထားမိလိုက်ပါသည်။ဒီလူမေးတဲ့ မေးခွန်းက ပုံမှန်ဆို တော်တော် စောက်ပိန်းကျတဲ့ မေးခွန်းပါ။

ဒီလူ ခုနက မစ္စတာ ယန် တကယ် ကံစမ်းမဲ ပထမဆု ပေါက်ခဲ့တာလားလို့ မေးလိုက်တာပါ။ကြည့်ရတာ ဒီနောက်ကွယ် မှာ ဇာတ်လမ်း တစ်ခုခု ရှိသေးတဲ့ ပုံပါပဲ။

"ဟိုင်း ဆရာ၊ မစ္စတာ ယန် က နှစ်လုံးတွဲ ရောင်စုံဘောလုံး ကံစမ်းမဲကနေ တကယ်ပဲ ဒေါ်လာ ၁၅ သန်းပေါက်ခဲ့တာပါ။ဘာလို့ မစ္စတာ ယန် တကယ် ကံထူးခဲ့တာလား လို့မေးရတာလဲခင်ဗျ"

သတင်းထောက်ဟာ သူ့ရဲ့ မိုက်ကရိုဖုန်းကို လူကြီးရှေ့ ပို့လိုက်ပြီးတော့ တစ်ခုခု ထူးခြားတဲ့ သတင်းရဖို့ မျှော်လင့်နေခဲ့ပါတယ်။သူတို့ စကားကို ကြားလိုက်တဲ့ တစ်ခြား သတင်းထောက်တွေဟာ လည်း တစ်ဖြည်းဖြည်း စုဝေး လာခဲ့ပါတယ်။

အဲအချိန်မှာ လင်းဖန် ဆိုင်ရှေ့က ကျန်တဲ့ လူတွေ အကုန်လုံးဟာလည်း ဆွံ့အနေကြပါပြီ။အခု သူတို့ စိတ်ထဲမှာ ဖြစ်နေတာက

" ..ဒီလူ...ဒီလူ ...တကယ် ဒေါ်လာ ၁၅ သန်းပေါက်ခဲ့တာပဲ"

"ဆရာ၊ တစ်ခုခု မှားနေလို့လား ..ကျွန်တော် တို့ကို ပြောပြပါဦး"

သတင်းထောက်ဟာ ဒီလူရဲ့ ပြောင်းလဲ သွားတဲ့ မျက်နှာကို ကြည့်ပြီး ဒီလူ ဘာလိူ့ အရမ်း အံ့သြသင့်သွားလဲ ဆိုတာ စဥ်းစားနေခဲ့ပါတယ်။

ယင်းနောက် ဘေးနားက အံ့သြသင့်နေတဲ့ လူတစ်ယောက်ဟာ လျောက်လာပြီး ပြန်ဖြေလိုက်ပါတယ်။

"ဒါက ဒီလိုဖြစ်သွားတာ၊ လွန်ခဲ့တဲ့ နှစ်ရက် တုန်းက သူဌေးလေး က မစ္စတာ ယန်ကို သူ အထူးဆုကြီး ကံထူးဖို့ ရှိတယ်လို့ပြောခဲ့တယ်။ပြီးတော့ မစ္စတာ ယန်ကို ထီလက်မှတ် တစ်စောင် ဝယ်ဖို့ကိုတောင် ထပ်ပြီး မှာလိုက်သေးတယ်။အစကတော့ ငါတို့က ဒါကို ဟာသ တစ်ခု အဖြစ်ပဲမှတ်ယူထားကြတာ ၊ အခုတော့ မစ္စတာ ယန်က တကယ် ဒေါ်လာ ၁၅ သန်း ပေါက်နေပြီ ဆိုတော့ မင်းစဥ်းစားကြည့်လေ ၊ ငါတို့ မအံ့သြပဲ နေမလား"

ဒီလူ သတင်းထောက်ကို ပြန်ဖြေလို့ အပြီးမှာတော့ တစ်ခြားလူတွေဟာ လင်းဖန်ကို စတင်ပြီး စကားပြောနေကြပါပြီ။

"သူဌေးလေး ငါပန်ကိတ် မလိုချင်တော့ဘူး၊ ငါ့ကိုဗေဒင် ပဲတွက်ပေးတော့"

"သူဌေးလေး ငါအရင်ရောက်တာနော်"

.....

အခြေအနေက ပရမ်းပတာ ဖြစ်နေခဲ့ပါပြီ။လူတိုင်းဟာ သူတို့အချင်းချင်း စကားတွေ ပြောနေခဲ့ပါတယ်။ဒေါ်လာ ၁၅ သန်းဟာ ရှန်ဟိုင်းမှာ အရမ်းများပြားတဲ့ ပမာဏ လိူ့ မဆိုနိုင်ပေမဲ့လည်း ၊ နည်းတဲ့ အထဲမှာ ပါတဲ့ အရာတော့ မဟုတ်ပါဘူး။

သူတို့ကို ပိုပြီး အံ့သြစေတာက မစ္စတာ ယန်ထီပေါက်လို့ မဟုတ်ပါဘူး။မစ္စတာ ယန်ကို ထီလက်မှတ် ဝယ်ခိုင်းတာ လင်းဖန် ဖြစ်နေလို့ပါ။သူတို့ မျက်လုံးတွေ ၊ နားတွေနဲ့ တွေးလိုကိ ကြားလိုက် တာသာ မဟုတ်ရင် ယုံကြည်နိုင်ဖို့ အတော် ခက်ခဲတဲ့ အရာပါ။

ယန်ယောင်ကွမ်ဟာ သူ့ရဲ့ အိပ်ကပ်ထဲက ကတ်တစ်ကတ် ကို ထုတ်ယူပြီး လင်းဖန် ဆီကို လျောက်သွားလိုက်ပါတယ်။

"သူဌေးလေး ငါမင်းကို တကယ်ကျေးဇူးတင်ပါတယ်"

"ဒီကတ်ထဲမှာ ဒေါ်လာ ၃ သိန်းပါပါတယ်။ကျေးဇူးပြုပြီး လက်ခံပေးပါ"

လင်းဖန် ဟာ ယန်ယောင်ကွမ်ရဲ့ လက်ဆောင်ကို ထိုက်ထိုက် တန်တန်ပဲ အလျင်အမြန် လက်ခံလိုက်ပါတယ်။(lol)

ထပ်ပြီးတွေးရမယ် ဆိုရင် သူအခုနေရာ က ဗေဒင်ဟောစား ဖို့ သိပ်မသင့်တော် ပါဘူး။သူ့မှာ သာပိုက်ဆံ ရှိမယ် ဆိုရင် ပိုကောင်းတဲ့ နေရာမှာ ငှားရမ်းနိုင်မှာပါ။

ဒါပေမဲ့ လင်းဖန် ကို အံ့သြစေတဲ့ အရာက ယန်ယောင်ကွမ်က ပိုက်ဆံတွေကို အကုန်လုံး လှုဒါန်းလိုက်တာပါ။

"မစ္စတာ ယန် ခင်ဗျား ပိုက်ဆံတွေ အကုန်လုံး လှူဒါန်း ပစ်လိုကိတာလား"

"ဟုတ်တယ် ကျွန်တော် အကုန်လုံးကို လှူဒါန်းခဲ့လိုက်တယ်။အခုချိန်မှာ ကျွန်တော် သေရမယ် ဆိုရင်တောင် ကျေနပ်တာထက်ပိုနေပြီ၊ ကျွန်တော် ရဲ့ ရင်ထဲမှာတော့ ပညာရေးက တစ်ခြားအရာတွေ ထက်အရေးအပါဆုံးပဲ"

မစ္စတာ ယန်ဟာ အရမ်းဝမ်းသာလွန်းတဲ့ ခံစားချက်တွေ နဲ့ ပြောလိုက်ပါတယ်။

လင်းဖန်လည်း မစ္စတာ ယန်ပြောတာကို ကြားပြီး ခေါင်းညိမ့်လိုက်ပါတယ်။မစ္စတာ ယန် သူ့အတွက်တောင် မချန်ပဲ လှူဒါန်းလိုက်တာဟာ အတော်ကို လေးစားဖို့ကောင်းနေပါပြီ။

တစ်ချိန်ထဲမှာပဲ မစ္စတာ ယန် ဘာလို့ ဒီလိုလုပ်လဲဆိုတာ သူနားလည် သလိုတော့ ရှိပါတယ်။ဆရာ တစ်ယောက်အနေနဲ့ တစ်သက်လုံး သူကျောင်းသားတွေ ကို စာသင်ခဲ့ရတာပါ။ဒါကြောင့် သူပညာရေးရဲ့ လိုအပ်ချက်တွေကို သိပြီးသားဖြစ်မှာပါ။

"ဟိုင်း သူဌေးလေး , ခင်ဗျားရဲ့ အလုပ်အကိုင်လေးကို သိပါရစေ"

"သူဌေးလေး ၊ ခင်ဗျားဘာလို့ မစ္စတာယန် ကို ကံစမ်းမဲ လက်မှတ် ဝယ်ခိုင်းတာလဲဗျ။ပြီးတော့ မစ္စတာ ယန် ကံစမ်းမဲ ကျိန်းသေပေါက်မယ် ဆိုတာ ဘယ်လိုသိတာလဲ"

လင်းဖန် သတင်းထောက်တွေကို ကြည့်ပြီး အနည်းငယ်ပြုံးလိုက်ပါတယ်။ယင်းနောက် သူဟာနောက်ကို အနည်းငယ် ဆုတ်လိုက်ပြီး ဘေးနားက တစ်ခုခု ကို ညွန်ပြကာ ပြောလိုက်ပါတယိ။

"ကျွန်တော် ဘာလို့ သိလဲဆိုတော့ ဒီဟာကြောင့်ပါ..."

All Chapters