← Chapters

အရာရာတိုင်းက အမှန်အကန် ဖြစ်လာတာပဲ

Vol. 2 Ch. 26

အရာရာတိုင်းက အမှန်အကန် ဖြစ်လာတာပဲ

Vol. 2 Ch. 26

လင်းဖန် ညွှန်ပြတဲ့ နေရာကို ကြည့်လိုက်တဲ့ လူတိုင်းဟာ ဆွံ့အသွားကြပါတယိ။လင်းဖန်က ဘေးနားမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကို ညွှန်ပြခဲ့တာပါ။

ဒီဆိုင်းဘုတ်မှာ ရေးထားတဲ့ စာသားများဟာ အခုမှ ရေးထားတာမှန်း သူတို့ပြောနိုင်ပါတယ်။

"အနာဂတ်ကိုဟောပြောမယ့် ဆရာ လင်း"

သတင်းထောက်တွေဟာ လည်း ဘာဆက်မေးရမှန်း မသိဖြစ်နေခဲ့ပါပြီ။လင်းဖန် လုပ်ပြသွားတာက ရိုးရှင်းပါတယ်၊ သူ ယန်ယောင်ကွမ် ထီပေါက်မှာ ဘယ်လိုကြိုသိလဲ ဆိုတာ မပြောတော့ပါဘူး။သူ့ဆိုင်းဘုတ်မှာ အဖြေရှိပြီး သားပါ "အနာဂတ်ကို ဟောပြောမယ့် ဆရာလင်း"..

"သူဌေးလေး..."

"ကျွန်တော်ကို မာစတာ လင်း လို့ပဲခေါ်ပါ"

လင်းဖန်က အခု ဗေဒင်ဟောပြောမယ့် အလုပ်ကိုလုပ်တော့မှာပါ။အခုကစပြီး သူက အားလုံးသိထားသလို ပန်ကိတ်ရောင်းစားနေတဲ့ လမ်းဘေးက စျေးသည်လေး မဟုတ်တော့ပါဘူး။အခုသူက အနာဂတ်ကို ဟောကြားပေးမယ့် မာစတာလင်းပါ......

သတင်းထောက်တွေ ကတော့ အခုချိန်မှာ သူတို့ရေးရမယ့် သတင်းခေါင်းကြီးပိုင်း တစ်ခုရှိနေပြီဆိုတာ သိကြပါတယ်။အထူးသဖြင့် UC သတင်းဌာန က သတင်းထောက်ဟာ စိတ်လှုပ်ရှားနေခဲ့ပါတယ်။သူ တွေးရင်တွေးရင် စိတ်လှုပ်ရှားလာခဲ့ပါတယ်။

သတင်းထူး , တကယ်ကို သတင်းထူးပဲ ၊ သူသတင်းကို တပ်ရမယ့် ခေါင်းစဥ်တောင် စဥ်းစားပြီး သွားပါပြီ။

"ကြားဖြတ် အထူးသတင်း - အနာဂတ်ကို ဟောပြော သည့် မာစတာ လင်းဟာ မစ္စတာ ယန် အား နံပါတ် ၂ လုံးတွဲ ကံစမ်းမဲတွင် အထူးဆုကြီး ရရှိအောင် ဟောကြားပေးခဲ့သည်"

"မာစတာ လင်း၊ မစ္စတာ ယန် ကို ဟောပြောပေးတုန်း ကဘယ်အချက်အလက်တွေ ကို အခြေခံကြည့်ပြီး ဟောပြောပေးခဲ့တာလဲ ခင်ဗျ"

သတင်းထောက်တစ်ယောက် ဟာမေးလိုက်ပါတယ်။

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်သည်။

"အမှန်တော့ ခင်ဗျားရဲ့ မေးခွန်းမှာ အဖြေက ပါပြီးသားပါ၊။ အရာရာတိုင်းက ကျွန်တော်ရဲ့ အမြင်အာရုံနဲ့ ကျွမ်းကျင်မူ အပေါ်မှာ ပဲအခြေခံထားတာ"

သတင်းထောက်ဟာ သူ့ရဲ့ မိုက်ကရိုဖုန်းကို လင်းဖန်ဆီကနေ ပြန်ယူလိုက်ပါတယ်။လင်းဖန် က ဖြေသာ ဖြေလိုက်တယ် တကယ့် သတင်းဖြစ်စေမယ့် အချက်အလက်တွေ ဘာမှ မပါခဲ့ပါဘူး။

"မာစတာ လင်း၊ လူတိုင်းက ဗေဒင်ပညာ ဆိုရင် အလိမ်အညာတွေ လို့ပဲ ယူဆထားကြတာ။မာစတာ လင်း ရဲ့ ဒီလောက်အထိ မှန်ကန်တဲ့ အစွမ်းအစတွေအရ မာစတာ လင်းမှာ မမြင်နိုင်တဲ့ စိတ်ဝိဥာဥ် ဆက်သွယ်မူတွေ ရှိတာလား ဒါမှမဟုတ် သဘာဝ လွန် စွမ်းအားလား?"

သတင်းထောက် နောက်တစ်ယောက်ဟာ သတင်းကို သိပ်စိတ်မဝင်စားတော့ပဲ သူသိချင်တာပဲ မေးလိုက်ပါတော့တယ်။

"အရင်ဆုံး ကျွန်တော်မှာ ရှိနေတဲ့ အရည်အချင်းတွေက သဘာဝ အတိုင်း ရရှိတဲ့ အရည်အချင်းတွေလို့ ပြောပါရစေ။တစ်ခြားဟောနေတဲ့ ဗေဒင်ဆရာ တွေ အတွက်ကတော့ သူတို့ လိမ်ညာ နေလား ၊ မလိမ်ညာဘူးလား ဆိုတာ ကျွန်တော် မပြောလိုပါဘူး။ဒါပေမဲ့ ကျွန်တော် အတွက် ပြောရရင် အရာရာတိုင်းကို ဟောကြားပေးနိုင်တယ် ဆိုတာတော့ သေချာပါတယ်"

ယန်ယောက်ကွမ် နဲ့ အန်တီကျန်း ရဲ့ မြေးမလေးကိုဟောပေးပြီး ကတည်းက လင်းဖန်ရဲ့ ယုံကြည်မူတွေက မိုးပေါ်ရောက်နေပါပြီ။

လောလောဆယ် လင်းဖန် ရဲ့ စိတ်ထဲမှာ ကမ္ဘာကြီးကို သူ့လက်ထဲမှာ ထိန်းချုပ် ထားသလို မြောက်ကြွ မြောက်ကြွ ဖြစ်နေခဲ့ပါတယ်။

"မာစတာ လင်း ၊ ဒီစကားက နည်းနည်း ယုံကြည်မူ လွန်ကဲနေတယ် လို့ မထင်ဘူးလားခင်ဗျ။အခုလို နည်းပညာ အောင်မြင်နေတဲ့ ခေတ်ကြီးမှာ မီဒီယာတွေ ရဲ့ တိုက်ခိုက်မူ တွေနဲ့ ကြုံတွေ့ရမှာကို မကြောက်ဘူးလားခင်ဗျ"

သတင်းထောက်ဟာ မေးလိုက်သည်။

"ဟားဟားး ကျွန်တော် မကြောက်ပါဘူးဗျ ၊ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော် ပြောတဲ့ စကားတွေ ဟာစောက်ကြီး စောက်ကျယ်နိုင်ပြီး မဖြစ်နိုင်ဘူးလို့ ထင်ရင် အချိန်မရွေး ဗေဒင်လာမေးလို့ရပါတယ်။သူတို့ရဲ့ ဘဝတစ်လျောက်လုံးကိုပါ တွက်ချက်ပေးလိုကိပါ့မယ်"

လင်းဖန် ပြုံးလိုက်ပြီး သတင်းထောက်ရဲ့ စကားလုံးတွေကို နှလုံးသားထဲကနေ မခံစားနေတော့ပါဘူး။

လက်ရှိ သူ့ရဲ့ မစ်ရှင်က လူအများက လေးစားပြီး ကျော်ကြားတဲ့ ဗေဒင်ဆရာ တစ်ယောက် ဖြစ်ရမှာပါ။လင်းဖန် တွေးနေတာက သူ့ကို ပြသနာ ရှာတဲ့ လူများလေလေ သူဒီလူတွေကို အသုံးချပြီး အောင်မြင်အောင် လုပ်ဖို့ လွယ်လေပါပဲ။

သတင်းထောက်တွေဟာ ပိုပိုပြီး စိတ်ဝင်စားလာခဲ့ပါပြီ။သူတို့ အထက်ကို သတင်းပြန်ပို့ဖို့ တောင် စိတ်လှုပ်ရှားနေကြပါတယ်။အစတုန်းက သူတို့ယူရမယ့် သတင်းက ဒီတိုင်း ရောင်စုံဘောလုံး အထူးဆုရှင်ရဲ့ ခံစားချက်ကို မေးဖို့ပါ၊ အခုတော့ နောက်ကွယ်မှာ သတင်းထူးတစ်ခုရှိနေခဲ့ပြီဖြစ်သည်။

..........

လင်းဖန် သတင်းထောက်တွေ ရဲ့ မေးခွန်းကို ပြန်

ဖြေပေးနေတဲ့ အချိန်မှာတော့ သူ့ရဲ့ ငှားထားတဲ့ အိမ်လေးမှာ တစ်ခုခု ဖြစ်နေခဲ့ပါပြီ။

"လူအိုကြီး ကျန် ၊ ရှင်အဝတ်လျော်စက်ကို မှာထားတာလား"

လူအိုကြီး ကျန်းရဲ့ အိမ်အဝင်ဝမှာ အဝင်လျှော်စစက်တစ်လုံး ကို လာပို့နေကြပါတယ်။လူအိုကြီးကျန်း ဟာ အလုပ်ရှုပ်နေရင်းကနေ ရယ်မောပြီး

ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ငါ့သမီးက အင်တာနက်ကနေ မှာပေးထားတာလေ။ငါ သူမကို မဝယ်နဲ့လို့တော့ပြောသေးတယ် ဒါပေမဲ့ မရဘူး"

လုအိုကြီး ကျန်းရဲ့ မျက်နှာဟာ ပြုံးရွှင်နေခဲ့သည်။သူဒီလို သမီးတစ်ယောက် ရှိတဲ့ အတွက် အတော် ဂုဏ်ယူရပါတယ်။

ဖြစ်နိုင်ရင် ငါ့ရင်ဘတ်ကို ပုတ်ပြီး ဒါငါသမီး ဝယ်ပေးတာ လို့ ဂုဏ်ယူပြီး ပြောလိုက်ချင်တယ်......

"ရှင် အဲတာကို ရွှေ့ရင် ဂရုစိုက်မှ ရမယ်နော် ၊ မာစတာ လင်းက ရှင်ဒီနေ့ မကောင်းတာ တစ်ခုခု ဖြစ်မယ် လိူ့ ဟောထားတယ်မလား"

အိမ်နီး ချင်းတစ်ယောက်ဟာ လှမ်းအော်ပြောပြီး သတိပေးလိုက်ပါတယ်။

"ဘာ မာစတာ လင်းလဲ? အဲ့ကောင်လေးက လျောက်ပြောနေတာ ၊ ငါ့လို သန်သန်မာမာကြီးက ဘယ်လိူလုပ် မကောင်းတာ ဖြစ်နိုင်မှာလဲ"

လူအိုကြီး ကျန်း ဟာ လက်ကို ခါယမ်းကာပြောလိုက်ပါတယ်။သူ လင်းဖန် ရဲ့စကားကို သိပ်အလေးအနက်မထားပါဘူး။

ဒီလို နတ်ဆိုးလေး ကိုသာ မာစတာ လင်း လိုခေါ်နေရင် ဗေဒင် အမှန်အကန် တတ်ကျွမ်းတဲ့ လူတွေ ကို ဘယ်လို ခေါ်တော့မလဲ..ဟမ့်....

"အားး သေပါပြီ"

ခနအကြာမှာပဲ သူ့ရဲ့ အော်သံပြဲကြီးဟာ ထွက်ပေါ်လာခဲ့ပါတယ်။

အိမ်နီးချင်းများဟာ အိမ်ထဲမှ ချက်ချင်း အသီးသီး ပြေးထွက်လာကြသည်။သူတို့နဲ့ လူအိုကြီး ကျန်း ရဲ့ ဆက်ဆံရေးဟာ အတော်ကောင်းမွန်းကြပါတယ်။အခု လူအိုကြီး ကျန်းရဲ့ အော်သံကို ကြားလိုက်တဲ့ အချိန်မှာ လုပ်လက်စ များကို ထားခဲ့ပြီး ပြေးထွက်လာခဲ့သည်။

"လူအိုကြီး ကျန်း ဘာဖြစ်တာလဲ"

"လူအိုကြီး ကျန်း....."

အိမ်နီးချင်းတွေ အကုန်လုံးရောက်လာတဲ့ အချိန်မှာတော့ လူအိုကြီး ကျန်းဟာ မြေကြီးပေါ်မှာ လဲနေခဲ့ပါပြီ။သူရဲ့ ဘေးမှာတော့ အသစ်စက်စက် အဆင့်မြင့် အဝတ်လျော် စက်ကြီးပါ။လူအိုကြီးကျန်း ဟာ ​ချွေးများထွက်နေပြီး ၊ခြေထောက် တစ်ချောင်း က အဆစ်လွဲသလို နေခဲ့ပါတယ်။

"ငါ့ ခြေထောက်က ငါ့ကို သတ်နေသလိုပဲ"

လူအိုကြီး ကျန်းဟာ အသက်ပြင်းပြင်းရူပြီး ပြန်ပြောလိုက်ပါတယ်။

"မလှုပ်နဲ့ ကြည့်ရတာ ခြေထောက်က ကျိုးနေတာ ထင်တယိ၊ တစ်ယောက်ယောက် လူနာတင်ယာဥ် ခေါ်လိုက်ပါဦး"

အိမ်နီးချင်း တစ်ယောက်ဟာ အလျင်အမြန်ပဲ လူအိုကြီး ကျန်း ကို ကူညီဖို့ လုပ်လိုက်ပါတယ်။လူအိုးကြီး ကျန်းဟာ မြေကြီးပေါ် မှာလဲနေရင်း လင်းဖန်ရဲ့ စကားလုံးများကို ပြန်သတိရလိုက်ပ့တယ်။

"အဲ့ကောင်လေး ဟောတာ အဲလောက်တောင် တိကျတာလား"

လူအိုကြီး ကျန်း ဟာ မယုံကြည်နိုင်မူတွေ နဲ့ အတူတွေးလိုက်မိပါတယ်။

ယင်းနောက် ဘေးနားမှ အိမ်နီးချင်း များဟာ လည်း စတင်​ပြောလိုက်ကြသည်။

"ဒါက တကယ်မဖြစ်နိုင်စရာပဲ ၊ မနေ့က လင်းဖန်က လူအိုကြီး ကျန်းက သေးငယ်တဲ့ ဘေးအန္တရာယ်နဲ့ ကြုံရမယ်လို့ ဟောခဲ့တယ်"

"ဟုတ်တယ် လင်းဖန် က လူအိုကြီးကျန်ကို ဒေါသမထွက်ဖို့နဲ့ လေးလံတဲ့ ပစ္စည်းတွေကို မ မဖို့တောင် ပြောသေးတယ်၊ အခု လူအိုကြီး ကျန်းက အဝတ်လျော်စက်ကို မဖို့ လုပ်တာ ခြေထောက်ကျိုးတော့တာပဲ"

"သေချာတော့ ပြောလို့မရဘူး၊ မနေ့က လင်းဖန်က လူအိုကြီး ကျန်းကို သူပြောတာ မမေ့ဖို့တောင် မှာလိုက်သေးတယ်။တကယ်လို့ လူအိုကြီး ကျန်းသာ သူ့စကားကို အလေးအနက်ထားရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"

ဒါပေမဲ့ သူတို့လည်း လင်းဖန် ရဲ့ စကားကို သိပ်ပြီး အလေးအနက် မထားကြပါဘူး။ယင်းနောက် အန်တီကျန်း ဟာ မနီးမဝေး ကနေ လမ်းလျောက် လာနေကြပြီး၊ လူတွေကို မြင်တဲ့ အချိန်မှာ လှမ်းမေးလိုက်ပါတယ်။

"လူအိုကြီး ကျန်း ဘာဖြစ်နေတာလဲ"

"အန်တီကျန် ပြန်လာပြီလား၊ လင်းဖန် ပြောတာမှန်တယ် လူအိုကြီး ကျန်း အဝတ်လျော်စက်ကို မဖို့ လုပ်တဲ့ အချိန်မှာ ခြေထောက်ကျိုးသွားတာ"

အန်တီ ကျန်းဟာ အနားကို လျောက်လာပြီး လူအိုကြီး ကျန်းရဲ့ ခြေထောက်ကို မြင်တဲ့ အချိန်မှာ ဆွံ့အ သွားပါတယ်။

"လူအိုကြီး ကျန်း ဘာလို့ လင်းဖန် ရဲ့စကားကို နားမထောင်တာလဲ၊ သူက တကယ် အရည်အချင်းရှိတဲ့ ကလေးပဲ အခု သူ့ကိုယုံပြီမလား"

အန်တီကျန်းဟာ ဒီအဖြစ်အပျက်ကို ကြည့်ပြီးလင်းဖန် ကိုပိုပြီး ယုံကြည်လာခဲ့ပါပြီ။

လင်းဖန် ပြောတဲ့ အရာရာတိုင်းဟာ တကယ်ဖြစ်လာပြီး ..ဒါဟာ နတ်ဘုရား တစ်ပါးလိုပါပဲ..

"ငါအခု ယုံကြည်သွားပါပြီ ၊ ငါပြန်လာလို့ရှိရင် လင်းဖန် ကို သွားတောင်းပန်ရမယ်"

လူအိုကြီး ကျန်းဟာ နာကျင်မူကို အံ့ကြိတ်ခံရင်းပြောလိုက်ပါတယ်။သူတစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနေခဲ့ပါပြီ။

"ကောင်းပြီလေ ၊ ဒါပေမဲ့ ရှင် လူနားတင်ကားရောက်လာရင် ဆေးရုံကို သွားပြီး အချိန်အတော်ကြာနေရဦးမယ်၊ ခြေထောက်ကျိုးတာက အသက် အန္တရာယ် မစိုးရိမ်ရပေမဲ့ ပြန်ကောင်းဖို့တော့ အချိန်လိုဦးမယ်၊ လင်းဖန် စကားသာ နားထောင်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး"

အန်တီ ကျန်းဟာ အသက်ကြီးနေပြီ ဖြစ်ပြီး ဗေဒင်ပညာကို အမှန်တကယ် ယုံကြည်ပါတယ်။ဒါပေမဲ့ လင်းဖန် အတွက်ကတော့ တော်တော်ကွဲပြားတဲ့ အမြင်တစ်ခုရှိသည်။လင်းဖန် ဟောပြောတာတွေက အတော်တိကျတာပါ။

ကြည့်ရတာ လင်းဖန်က တကယ်စွမ်းဆောင်နိုင်စွမ်းရှိတာပဲ......

......

ကြယ်နီ မူလတန်း ကျောင်းရှေ့တွင်။

လင်းဖန် ကိုလူတွေ ဝိုင်းအုံနေခဲ့ပါတယ်။သတင်းထောက် တွေ အနေနဲ့ကတော့ သူတို့ ဒီနေ့ မှော်ဆန်တယ် ဆိုတာ ဘာလဲဆိုတာ သိလိုက်ကြရသည်။

သူတို့အတွက် ကံထူးရှင် တွေ အများကြီးကိုတွေ့ဖူးကြပါတယ်။တစ်ချို့က ကံစမ်းမဲ လက်မှတ်အများကြီး ကို တစ်ခါတည်းဝယ်ပြီး ပေါက်ကြတာပါ။တစ်ချို့က ခံစားချက်တွေ ကောင်းနေလို့ သွားထိုးလိုက်ကြတာပါ။

အခုဟာက တော့ ပေါက်မဲ့ လူက ထိုးချင်စိတ်မရှိပါဘူး။ဗေဒင်ဆရာက ထီပေါက်မယ် ဆိုပြီ အတင်းတိုက်တွန်းလို့သာ ထိုးလိုက်ရတာပါ။

တစ်ချို့လူတွေကလည်း မယုံကြည်ကြသေးပါဘူး။လင်းဖန် ကံကောင်းသွားတယ် လို့ပဲထင်နေကြသည်။သတင်းထောက်တွေ အတွက်ကတော့ သူတို့ လိုချင်တဲ့ သတင်းကို ရပြီးသွားကြပါပြီ။

ခနအကြာမှာတော့ ယန်ယောင်ကွမ်ရော၊ သတင်းထောက်တွေရော ပြန်သွားကြပါပြီ။

လူတစ်ချို့ဟာ တော့ လင်းဖန်နားမှာ ဝိုင်းနေပြီး ဗေဒင်မေးချင်နေကြပါတယ်။ဒါပေမဲ့ လင်းဖန် ကို ဆွံ့အ သွားစေတာက သူတို့ ထီပေါက်နိုင်လား ၊ မပေါက်နိုင်ဘူးလား ပဲ သိချင်နေကြတာပါ။ကျန်တဲ့ သူတို့ရဲ့ အနာဂတ် ဖြစ်ပျက်မဲ့ ဟာတွေကို တစ်ယောက်မှ စိတ်မဝင်စားကြပေ။

လင်းဖန် ဟာ ဒီလူတွေကို ကြည့်ပြီးခေါင်းသာ ယမ်းလိုက်ပါတယ်။

မင်းတို့ ဒါ ကံစမ်းမဲ ဆိုတာ မသိဘူးလား။အထူးဆုကို ကံထူးဖို့ အဲလောက်တောင် လွယ်နေရင် ထီဖွင့်တဲ့ စင်တာ တွေ ပိတ်သွားတာ ကြာပြီ ပေါ့ဟ....

လင်းဖန် စိတ်ထဲကနေ တွေးလိုက်ပါတယ်။

All Chapters