← Chapters

"ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါအရှင်မင်းကြီး"

Vol. 6 Ch. 87

"ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါအရှင်မင်းကြီး"

Vol. 6 Ch. 87

"အား အလတ်ဇန္ဒား...."

အန်ဂျယ်လာတစ်ဖက်သို့လှည့်ကြည့်လိုက်ပြီး သူမ၏အနောက်သို့ရောက်လာသောလူကိုတွေ့ရသော် အံ့သြကာအော်လိုက်သည်။ သူမ၏ မျက်လုံးများကြည်လင်သွား၏ သူမ၏စိတ်ထဲတွင် ဖိစီးနေခဲ့သော စိုးရိမ်စိတ်များလည်း ပပျောက်သွားပြီဖြစ်သည်။

အန်ဂျယ်လာ၏ ဘေးတွင်ရပ်နေသော လမ်းပါ့ဒ်လည်း အသက်ပြင်းစွာရှူထုတ်လိုက်ပြီး သူ၏နောက်ကျောတွင်ရှိသော ဓားရိုးကိုတင်းကြပ်စွာ စုပ်ကိုင်ထားသောလက်များကို ဖြေလျှော့လိုက်သည်။ လမ်းဘေးတွင်ရှိသောလူများမှာလဲ ​အသံမထွက်ပဲ ကြိတ်ပြီးဝမ်းသာနေကြသည်။ သူတို့အားကိုးရာဖြစ်သည့် ဘုရင်အလတ်ဇန္ဒား ရောက်ရှိလာပြီဖြစ်သည်။ ဤလောကကြီးပေါ်တွင် ဘုရင်အလတ်ဇန္ဒားမဖြရှင်းနိုင်သည့်ကိစ္စဟူ၍မရှိဟု သူတို့အားလုံးခိုင်မာစွာယုံကြည်ကြသည်။

"ချိန်းကြိုးတွေကို အမြန်ဖြုတ်ပေးပြီးထွက်သွားတော့......"

ဖှေး အရပ်ပုပုဝဝနှင့် ပညာသင်သူတော်စဥ်အား စိုက်ကြည့်ပြီးပြောလိုက်သည်။

ပညာသင်သူတော်စဥ်မှာ မခံချင်ဖြစ်သွားသည်။ သို့သော် သူ၏အရှေ့တွင်ရှိသောလူမှာ အလွန်အန္တရာယ်ရှိသည့် လူဖြစ်ကြောင်းကို သူကောင်းစွာခံစားနေရသည်။ သူ၏မသိစိတ်များမှာ သူ့အားအမြန်ထွက်သွားရန် တိုက်တွန်းနေသည်။ သို့မဟုတ် ပါက ဖြစ်လာမည့်အကျိုးဆက်များမှာ ပြင်းထန်လိမ့်မည်ဖြစ်သည်။

စိတ်ညို့ခံလိုက်ရသကဲ့သို့ပင် အရပ်ပုပုနှင့် ခပ်ဝဝသူတော်စဥ်မှာ သူ၏လက်ထဲမှ ချိန်းကြိုးများကို လွှတ်လိုက်ပြီး ဆံပင်အညိုရောင်နှင့်ကောင်မလေးအား လွှတ်ပေးလိုက်တော့သည်။ သနားစရာကောင်းသောကောင်မလေးမှာ ကြောက်လန့်တုန်ယဥ်စွာဖြင့် ယုန်တစ်ကောင်ကဲ့သို့ ဖှေးအနောက်သို့​ပြေးဝင်သွားတော့သည်။ အန်ဂျယ်လာမှာ ထိုကောင်မလေးအား ဆံပင်သပ်ပေးရင်း နှစ်သိမ့်ပေးနေ၏။

ဖှေး သူတို့၏ အရှေ့တွင် မတ်တပ်ရပ်နေသည်။ သူစကားတစ်ခွန်းမှမပြောပေ။ သူ၏မျက်နှာတွင်တည်ငြိမ်သောအမူရာဖြင့် ပတ်ဝန်းကျင်ကိုသာလှည့်ပတ်ကြည့်ရှုနေသည်။

ထိုအရာမှာ ရိုးရှင်းသည့် အကြည့်တစ်ချက်သာဖြစ်သည်။

သို့သော် သူကြည့်လိုက်သည့်နေရာတိုင်းတွင် ယခင်က ရက်စက်ကြမ်းကြုတ်သည့် ဝံပလွေများကဲ့ မြင်းစစ်သည်များမှာ အကုန်ထိတ်လန့်ကုန်ကြသည်။ တောဘုရင်ခြင်္သေ့မျက်မှောက်သို့ရောက်သော ခွေးများကဲ့သို့ပင် ကြောက်လန့်ကုန်ကြသည်။

မည်သူမျှ ဖှေးအားပြန်မကြည့်ရဲပေ။

လက်ထဲတွင် ချိန်းကြိုးများကိုင်ထားသော သူတော်စဥ်များမှာ ဖှေး၏အကြည့်အောက်တွင် သူတို့၏လည်ပင်းအား ဓားဖြင့်ထောက်ထားသကဲ့သို့ခံစားနေရသည်။ သူတို့၏ ချိန်းကြိုးကိုင်ထားသောလက်များ တုန်ယဥ်လာပြီး လွှတ်ချလိုက်ကြသည်။ သူတို့ ဆွေကြီးမျိုးကြီးများကိုပင် ချည်နှောင်ဖမ်းဆီးခဲ့ဖူးသည့် ဘုရားကျောင်းမှ အလင်းရောင်ချိန်းကြိုးများမှာ ယခုအချိန်တွင် အပ်ချည်မျှင်တစ်ခုကဲ့သ်ို့ပင် မြေပေါ်သို့ လွှတ်ချလိုက်ကြသည်။

သူတို့အားလုံးထိတ်လန့်နေဆဲမှာပင် ဖမ်းဆီးခံရသောမြို့သူမြို့သားများမှာ ဖှေးအနောက်သို့ အမြန်ပြေးဝင်ကြသည်။

သူတို့၏မျက်လုံးထဲတွင် ဖှေးသည်တစ်ကမ္ဘာလုံးတွင် အခိုင်ခံ့ဆုံးကာကွယ်မှုပေးနိုင်သည့် နံရံကြီးတစ်ခုကဲ့သို့ပင်။ "ဒေါက် ဒေါက် ဒေါက်...."

ဖှေး ပညာသင်သူတော်စဥ်များနှင့် အ​ခြွေရံမြင်းစစ်သည်များကို လုံးကလျစ်လှူရှုလိုက်ပြီး ရထားလုံးစီသို့အသာအယာပင်လမ်းလျှောက်သွားသည်။ အစောင့်များပင် သူ့အားမရပ်တံ့ရဲကြပေ။ သူတို့အားလုံး ဖှေးသွားရာလမ်းမှ ဘေးဖယ်ပေးလိုက်ကြရသည်။ ဖှေး ရထားလုံးတံကားကို သူ၏လက်ဖြင့် အသာအယာခေါက်ပြီးပြောလိုက်သည်။ "ဟေးထွက်ခဲ့...စကားနည်းနည်းပြောရအောင်...."

ရထားလုံးအတွင်းမှ တုန့်ပြန်မှုမရှိပေ။ တိတ်ဆိတ်မှုမှာ ကြောက်စရာကောင်းလှ၏။

"ငါသိပ် စိတ်မရှည်တော့ဘူးနော်...." ဖှေး မျက်မှောင်ကြုံ့လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို တင်းမာလိုက်ပြီး အဆင့်၂၀ လူရိုင်းဇာတ်ကောင်၏ခွန်အားများမှာ ပေါက်ကွဲထွက်လာတော့မည်ဖြစ်သည်။

ထိုအချိန်တွင်...

"ကျွီ...."

သစ်သားခြင်းပွတ်တိုက်သံလေးထွက်ပေါ်လာပြီး ရထားလုံးတံခါးပွင့်လာခဲ့သည်။ ထိုအသံမှာ တိုးညှင်းလှသောလည်း လူတိုင်း၏အသက်ရှူသံများရပ်တံ့သွား၏။

အဘယ်ကြောင့်ဆိုသော် ​ခြေနှစ်ချောင်းနှင့်ခလောက်ဆံမြွေ ဇိုလာမှာ အပြင်သို့ထက်မံထွက်လာသောကြောင့်ဖြစ်သည်။

"အိုး အရှင်မင်းကြီး အလတ်ဇန္ဒားပါလား...."

ဇိုလာ တံခါးဖွင်လိုက်သည်။ ဤအချိန်တွင်မူ သူရထားလုံး၏ခြေနင်းနေရာတွင် မားမားမက်မက်ရပ်မနေတော့ပေ။ ထိုအစား ခါးအနည်းငယ်ကုန်းပြီး ရထားလုံးအတွင်းမှ ထွက်လာခဲ့သည်။ သူပြံးပြီးအရိုအသေပေးလိုက်သည်။ "ကျွန်တော်လဲ အရှင်းမင်းကြီးစီလာလည်တော့မလို့ပါ....လာမယ့်၅ရက်မှာ ဇီးနစ်အင်ပါယာက တရားဝင်ထီးနန်းတင်မြှောက်တော့မယ့်ကိစ္စအတွက် ဂုဏ်ပြုပါတယ်...ဟီးဟီး အရှင်မင်းကြီးကို ဒီလိုတွေ့ရလိမ့်မယ်လို့ထင်မလားဘူး မဟာဘုရားကျောင်းနဲ ကျွန်တော်ဇိုလာရဲ့ ဂုဏ်ပြုမူကိုလက်ခံပေးပါ....."

ဘေးပတ်ပတ်လည်ရှိလူများအကုန် ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။

အခြေရံမြင်းစစ်သည်များနှင့် ပညာသင်သူတေယ်စဥ်များ၏ မျက်လုံးများပြူးကျယ်ကုန်သည်။ သူတို့မြင်နေရသည်ကို မယုံနိုင်ကြပေ။ သူတို့အားလုံး သူတော်စဥ်ဇိုလာအားတစ်ခါမှ မမြင်ဖူးသည့်ဟန်ဖြင့် ဝိုင်းကြည့်နေကြ၏။

"ဒါတော်တော်ရူး​ကြောင်ကြောင်နိုင်တာပဲ.....ငါတို့ရဲ့ မာနကြီးတဲ့ဇိုလာက ဘယ်လိုလုပ် လူကြီးဆန်ဆန်သိမ်မွေ့တဲ့လူဖြစ်သွားရတာပါလိမ့်.....သူ့ပုံက ဘုရင်ကို စိတ်ကျေနပ်အောင်ကြိုးစားနေတဲ့ပုံပဲ...ဘာတွေဖြစ်ကုန်တာပါလိမ့်..."

အနည်းငယ်ဝေးသောနေရာတွင်ရပ်နေသာ လမ်းပါ့ဒ်သာလျှင် သူတော်စဥ်ဇိုလာ ရထားလုံးအတွင်းထွက်လာစဥ်က သူရဲကောင်းလူစီယာနိုအားလျှင်မြန်စွာလှမ်းကြည့်လိုက်ပြီး ခေါင်းရမ်းလိုက်သည်ကိုတွေ့လိုက်ရသည်။

ကံမကောင်းစွာပင် ဖှေးခလောက်ဆံမြွေ၏ နှစ်သက်ဖွယ်စကားတို့ကို လစ်လျှူရှုလိုက်သည်။

သူယဥ်ကျေးစွာပင်ပြန်မပြောပေ။

"ခင်ဗျား ကျွန်တော့လူတွေကို ဘာလိုဖမ်းရတာတုန်း....." ဖှေး အန်ဂျယ်လာ၏ဘေးတွင်ကြောက်လန့်တကြားရပ်နေကြသော အဖမ်းခံခဲ့ရသည့်လူများကို ညွှန်ပြပြီးမေးလိုက်သည်။ ထို့နောက်တွင်ဇိုလာအား မျက်မှောင်ကြုံ့ကြည့်နေ၏။ အကယ်၍ ဇိုလာမှသူစိတ်ကျေနပ်လောက်သည့်အ​ဖြေမပေးနိုင်ပါက အရေခွံနွာတော့မည်ဖြစ်သည်။

အံ့သြဖွယ်ကောင်းစွာပင် ခလောက်ဆံမြွေမှာထိုခဲ့သို့ ရန်လိုသည့်မေးခွန်းအမေးခံရသည့်အချိန်တွင် သူ၏စိတ်ရှည်သည်းခံမှုကို ထူးခြားစွာပြသနေ၏။ ဇိုလာဖှေးညွှန်ပြသည့်နေရာသို့ကြည့်လိုက်သည်။ ထို့နောက်တွင် ဤကိစ္စအားသူတစ်ခါမှမသိခဲ့သလို အံ့သြသွားသည့်အမူယာမှာ သူ၏မျက်နှာတွင် ပေါ်လာတော့သည်။ "အော်...အရှင်မင်းကြီးက ဒီကိစ္စကိုစိတ်ဆိုးနေတာလား.....ကျွန်တော်လဲခုနကမှသဘောပေါက်လိုက်တယ် အရှင်မ အန်ဂျယ်လာပြောတာလဲဖြစ်နိုင်တယ်ဆိုပြီးတော့လေ...အထင်လွဲသွားတာတွေနေမှာပါ....သူတို့ကိုလွှတ်ပေးလိုက်ကြပါကွာ...အမြန်လုပ်...ဘုရင်အလတ်ဇန္ဒား အောက်လမ်းမှော်ပညာတစ်မျိုးက ချမ်းဘော့ဒ်နားတစ်ဝိုက်မှာပေါ်လာခဲ့တယ်လို့ မဟာဘုရားကျောင်းကသတင်းအတ်ိကျရထားတယ်ဗျ....ကျွန်တော့ အထက်လူကြီးတစ်ယောက်က ဒီကိစ္စကိုအသေးစိတ်အသေချာစုံစမ်းဖို့ညွှန်ကြားထားတယ်....ချမ်းဘော့ဒ်က ဘုရားကျောင်းမှာ တာဝန်ရှိတဲ့သူတော်စဥ်တစ်ယောက်အနေနဲ့ ကျွန်တော့မှာ ရွေးချယ်စရာမရှိပါဘူး....."

"ငါဒီတစ်ခေါက်တော့ ပထမဆုံးအကြိမ်အနေနဲ့ခွင့်လွှတ်ပေးလိုက်မယ်....ဒါပေမယ့် ဒီကရှေ့လျှောက် ဘုရားကျောင်းက ငါ့ပြည်သူတစ်ယောက်ယောက်ကိုဖမ်းချင်တယ်ဆိုရင် ငါ့ကိုအရင်အသိပေးရမယ်......"

ဇိုလာတစ်ယောက် ဖှေးစိတ်တိုင်းကျအောင်အတက်နိုင်ဆုံးဖြေရှင်းပေးသော်လည်း ဖှေး၏မျက်နှာအမူယာမှာပြောင်းလဲသွားခြင်းမရှိပေ။ ဇိုလာအား စိုက်ကြည့်နေခြင်းကို ရပ်လိုက်ပြီး ပတ်လည်သို့လှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးများသည် သွေးများတစက်စက်ကျနေသော ကြာပွတ်ကို ကိုင်ဆောင်ထားသည့် သူရဲကောင်းလူစီယာနိုထံသို့ကျရောက်သွားသည်။ ဖှေး လူစီယာနိုအား လက်ညိုးထိုးလိုက်ပြီး..."မင်းမြင်းပေါ်က ဆင်းပြီးဒီကိုလာခဲ့စမ်း...."

လူစီယာန်ို တုန်လှုပ်သွားသည်။

နောက်တစက္ကန့်ခန့်အကြာတွက် လူစီယာနိုဒေါသပြင်းထန်စွာထွက်လာတော့သည်။ "ပုရွတ်ဆိတ်လ်ိုဘုရင်တစ်ပါးက ငါ့လိုမဟာဘုရားကျောင်းက ကြယ်သုံးလုံးမြင့်မြတ်သော သူရဲကောင်းကိုစော်ကားရဲရတာလဲ...."လူစီယာနို ဒေါသပေါက်ကွဲတော့မည့်အချိန်တွင် ဖှေး၏ဘေးနားတွင်ရပ်နေသော ဇိုလာမှခေါင်းရမ်းပြလိုက်သည်ကိုမြင်လိုက်ရသည်။ မဟာဘုရားကျောင်းစုဆောင်းထားသည့်အချက်လက်များမှတဆင့် ဤတိုင်းပြည်မှဘုရင်အကြောင်းတော်တော်များများကို လူစီယာနိုသိရှိပြီးဖြစ်သည်။ သူ၏ဒေါသများကို ချုပ်တီးလိုက်ပြီး မြင်းပေါ်မှဆင်းကာ ဘုရင်အလတ်ဇန္ဒားထံသို့ လမ်းလျှောက်သွား၏။

"အရှင်ဘာလိုလို့လဲ ဘုရင်အလတ်ဇန္ဒား..."

ဖှေးသူ့အားကြည့်လိုက်ပြီး ယခင်ကသူကြာပွတ်ဖြင့်ရိုက်ခဲ့သဖြင့် သတိလစ်မေ့မြောနေသော အမျိုးသမီးအားညွှန်ပြလိုက်သည်။ ထို့နောက်တွင် သူ့အားစကားသိပ်မပြောလိုသည့်ဟန်ဖြင့် "ပြန်တောင်းပန်ပြီး လျှော်ကြေးအနေနဲ့ ရွှေဒင်္ဂါး၁၀၀ပေးလိုက်...."

"မင်း......" လူစီယာနိုမှာ သူ၏ဒေါသကို ခက်ခဲစွာထိန်းချုပ်နေရသည်။

သို့သော် ဇိုလာရုတ်တရက်ရှေ့တိုးလာပြီး လူစိယာနို၏ အင်္ကျီစကိုလှမ်းဆွဲထားလိုက်သည်။ ထို့နောက်တွင် ပညာသင်သူတော်စဥ်တစ်ယောက်ကို မျက်စပစ်ပြလိုက်သည်။ ပညာသင်သူတော်စဥ်မှာ အခြေအနေကိုသဘောပေါက်သည်။ ဇိုလာလိုအပ်သည်ကို ချက်ချင်းသိပြီး ရွှေဒင်္ဂါး၁၀၀ယူ လိုက်ပြီး လူစီယာနို၏ လက်အတွင်းသို့ထည့်ပေးလိုက်သည်။ ဇိုလာ၏ အချက်ပြတိုက်တွန်းမှုများအောက်တွင် လူစီယာနို မသွားချင်သွားချင်ဖြင့် မေ့မြောနေသော အမျိုးသမီး၏ ခန္ဓာကိုယ် ပေါ်တွင်ရွှေဒင်္ဂါးအိပ် ပစ်တင်ပြီး ပြန်လှည့်ထွက်တော့မည်အလုပ်တွင်။

"ရပ်လိုက် မင်းမတောင်းပန်ရသေးဘူး...."

ထိုအရာကိုမြင်သော် ဖှေးသည် ရုတ်တရက်လှမ်း၍အော်ဟစ်လိုက်သည်။

သူရဲကောင်းလူစီယာနိုတစ်ဖက်သို့ချက်ချင်းပြန်လှည့်လာပြီး ဖှေးနှင့် မျက်နှာခြင်းဆိုင်လိုက်သည်။ သူ၏ခြေထောက်အောက်တွင် ငွေရောင် [တိုက်ပွဲစက်ကွင်း]ပေါ်လာကာ ဖှေးအား ပြင်းထန်စွာစိုက်ကြည့်လိုက်သည်။ ကြယ်သုံးလုံးအဆင့်မြင့်မြတ်သောသူရဲကောင်း၏ စွမ်းအားများကို အပြည့်အဝပြသလိုက်ခြင်းဖြစ်သည်။ သူ၏အကြည့်အဓိပ္ပါယ်မှာထင်ရှားသည်။ "သိပ်ပြီးတော့ အတင့်မရဲလာနဲ့ ငါကမင်းဘုရင်ဖြစ်နေလဲ ဂရုမစိုက်ဘူး...."ဟူသည့် အဓိပ္ပာယ်ပင်။

ဖှေးပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလိုက်သည်။

သူဘာမှမပြောပေ။

လူစီယာနိုထံသို့ခြေတစ်လှမ်းခြင်းလျှောက်သွားသည်။

တတိယခြေလှမ်းလှမ်းပြီးချိန်တွင် မှော်ဆန်သည့်အရာတစ်ခုဖြစ်ပျက်သွားသည်။ ရွှေရောင် [တိုက်ပွဲစက်ကွင်း]တစ်ခု ဖှေး၏ခြေထောက်အောက်တွင်ပေါ်ပေါက်လာပြီး စတင်၍ ကျယ်ပြန့်လာတော့သည်။ လယ်ဗယ်၁၂ပါလာဒင် ဇာတ်ကောင်မှာ လူစီယာနိုလောက်အစွမ်းမထက်သော်လည်း ရွှေရောင်[တိုက်ပွဲစက်ကွင်း]မှာ ဇိုလာအပါအဝင်လူတိုင်းအားထိတ်လန့်အံ့သြ သွားစေသည်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....."

"ဒါက ရွေရောင်[တိုက်ပွဲ စက်ကွင်း]ကြီးဟ....."

ဤသည်မှာ သာလွန်သောဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များသာလျှင် ပိုင်ဆိုင်ခွင့်ရသည့် [တိုက်ပွဲစက်ကွင်း]ဖြစ်သည်။ မဟာဘုရားကျောင်းတွင် မြင့်မြတ်သောသူရဲကောင်းသိန်းချီရှိသည့်အနက် အများစုမှာ ငွေရောင် [တ်ိုက်ပွဲစက်ကွင်း]များသာ ပိုင်ဆိုင်ကြသည်။ ရွှေရောက်တိုက်ပွဲစက်ကွင်း ပိုင်ဆိုင်သည့်သူများမှာ အစစ်မှန်ကျွမ်းကျင်များဖြစ်ကြသည်။ ရွှေရောင်စက်ကွင်းပိုင်ဆိုင်သူများမှာ မြင့်မြတ်သောစစ်သည်တစ်သောင်းတွင်တစ်ယောက်ပါမည်ပင်မသေချာလောက်သည်အထိရှာပါးလှသော်လည်း ရွှေရောင်စက်ကွင်းပိုင်မြင့်မြတ်သော စစ်သည်အများသည် လျှင်မြန်စွာပင် မဟာဘုရားကျောင်းတွင် ရာထူးမြင့်အရာရှိများဖြစ်လာကြသည်။

ခြေနှစ်ချောင်းနှင့် ခလောက်ဆံမြွေဇိုလာမှာ မျက်စိတစ်မှိတ်မတွင်းမှာပင် ဉာဏ်နီဉာဏ်နက်ပေါင်းထောင်ပေါင်းများစွာတွေးနိုင်သော်လည်း ယခုအချိန်တွင် သူနက်နဲစွာထိတ်လန့်သွား၏။ လူတွေအားလုံး အံ့သြမင်သက်နေချိန်မှာပင် မှော်ဆန်သည့်အရာနောက်တစ်ခုထက်ဖြစ်ပျက်သွားတော့သည်။ ဖှေးခြေနောက်တစ်လှမ်းလှမ်းလိုက်သည့််ချိန်တွင် နောက်ထက်ရွှေရောင် [တိုက်ပွဲစက်ကွင်း] တစ်ခုဖှေး၏ခြေထောက်အောက်တွင်ပေါ်လာတော့သည်။ ရွှေရောင်စက်ကွင်းနှစ်ခါမှာ လှိုင်းကဲ့သို့တဖြည်းဖြည်းကျယ်ပြန့်လာတော့သည်။ စက်ကွင်းနှစ်ခုမှာ ပုံသဏ္ဍာန်ဆင်တူသော်လည်း မတူညီသော မြင့်မြတ်သည့်စွမ်းအားနှစ်မျိုးရှိသည်ကို လူတိုင်းခံစားနိုင်သည်။

"အခုတောင်းပန်လိုက်...."

အဆင့်၁၂ ပါလာဒင်၏ အရှိန်ဝါများကိုဖှေးလုံးဝမထိန်းချုပ်ထားပေ။ သူ၏အေးစက်သောစကားလုံးတစ်လုံးစီမှာ လူစိယာနို၏ခေါင်းအားထုနေသော တူများကဲ့သို့ပင်။

ဒိုင်ယာဘလို ကမ္ဘာမှပါလာဒင်သည် မဟာဘုရားကျောင်းမှ မြင့်မြတ်သောသူရဲကောင်းများနှင့် တူညီသောအစွမ်းများရှိပုံရသည်။ "အရှိန်ဝါ" နှင့် "မြင့်မြတ်သောစွမ်းအင်"သည်လည်း အလွန်တူညီလှသည်။ ဘယ်သူမှ ခွဲခြားမှုကိုမသိနိုင်ချေ။ လူတိုင်းဘုရင်အလတ်ဇန္ဒားအား မဟာဘုရားကျောင်းတွင် ရာထူးမြင့်တစ်ခုကိုပိုင်ဆ်ိုင်ထားသည့် မြင့်မြတ်သောသူရဲကောင်းတစ်ဦးဟုပင်ထင်သွားသည်။

သူရဲကောင်း လူစီယာနို ထိန်းချုပ်၍မရအောင် တုန်ယဥ်လာသည်။

ရွှေရောင်စက်ကွင်းပေါ်ပေါ်လာခြင်းပင် သူ၏ခုခံလိုမှုများမှာ အရည်ပျော်သွားပြီဖြစ်သည်။ သူ၏မျက်နှာမှာ ဖြူဖက်ဖြူရော်ဖြစ်လာပြီး ဖှေးအားကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အသနားခံသည့်အမူရာပေါ်ပေါက်လာတော့သည်။

"ကျွန်တော့ကိုခွင့်လွှတ်ပေးပါ အရှင်မင်းကြီး..." လူစီယာနို ဖှေး၏ရှေ့တွင် ဒူးထောက်လိုက်တော့သည်။

All Chapters