ဝိုက်ဘို ပြဿနာ
Vol. 2 Ch. 27
သဘာဝ တရားက မျှော်လင့်ချက်ကြီး လေပိုပြီးစိတ်ပျက်ရလေပါပဲ။လင်းဖန် က ယန်ယောင်ကွမ်ရဲ့ ကြော်ငြာအပြီး မှာ လူအများက သူ့ကို ယုံကြည် လာကြလိမ့်မယ် လို့ မျော်လင့်ထားခဲ့တာပါ။
ဒါပေမဲ့ လင်းဖန် စိတ်ပျက်ရတဲ့ အကြောင်းအရင်းက ဒီလူတွေဟာ သူတို့ ဘယ်တော့ ထီပေါက်မလဲ ဆိုတာကိုပဲ မေးချင်နေကြပါတယ်....
လင်းဖန် နောက်ဆုံးတော့ သူအတွေး လွန်နေခဲ့တယ် ဆိုတာ သိလိုက်ရပါပြီ။မစ္စတာ ယန် ထီပေါက်ခဲ့တာက ဒီလူတွေကို လည်း ထီပေါက် ချင်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။
"ကောင်းကင်ကြီး များပြိုကျ လာတာလား၊ ဒီလူတွေက ဘာလို့ ဒီလောက်ထိ အသိတရားမရှိကြတာလဲ? တစ်ခြားလူပေါက်တိုင်း သူတို့ပေါက်မယ်လို့ ထင်နေတာလား ၊ ဒါက ကံတရားပဲလေ
ဟုတ်တယ် မလား လူလိမ်ထျန်"
လင်းဖန် ဆိုင်ထဲမှာ စိတ်ပျက်လက်ပျက် ထိုင်ပြီးတော့ မေးလိုက်ပါတယ်။သူတကယ် မောပန်း နေပါပြီ။
"ထျန်"
လင်းဖန် အကြိမ်အနည်းငယ် ခေါ်လိုကိပေမယ့်လည်း ပြန်ထူးသံ မကြားရပါဘူး။သူနောက်ကို ပြန်လှည့် ကြည့်လိုက်တဲ့ အချိန်မှာ လူလိမ် ထျန်ဟာ မရိုးသားတဲ့ မျက်နှာနဲ့ သူ့ကို ကြည့်နေခဲ့ပါတယ်။
"ခင်ဗျား ကျုပ်ကို ဘာလို့ အဲလိုကြည့်နေတာလဲ"
လင်းဖန် မေးလိုက်သည်။
"မင်း ကံစမ်းမဲ လက်မှတ်တွေကို ပြောင်းလဲခဲ့တာလို့တော့ မပြောနဲ့နော်..."
"ခင်ဗျား နဲ့ ကျုပ် တစ်ချိန်လုံး တူတူရှိနေတာလေ...?"
လင်းဖန် ပြန်ပြောလိုက်သည်။လူလိမ် ထျန်တောင် သူ့ကို မယုံကြည်နိုင်ဘူး ဆိုတာ သူသိပါတယ်။
"ဒီလောက် တိတိကျကျ ဟောနိုင်တဲ့ လူ ကမ္ဘာပေါ်မှာ ရှိလို့လား? လောလောဆယ် အတော်ဆုံးနဲ့ အအောင်မြင်ဆုံး ဖြစ်နေတဲ့ လိန်ကျုံး က မာစတာ ဝုတန်ဟီ တောင် လူလိမ်တစ်ယောက်ပဲ။မင်းသာ အဲလောက် တိတိကျကျ ဟောနိုင်ရင် ပိုက်ဆံတွေ အများကြီး ဝင်နေတာ ကြာပေါ့"
လူလိမ် ထျန်ဟာ သူကိုယ်သူ ပြောသလိုနဲ့ တီးတိုး ရေရွတ်လိုက်ပါတယ်။
"ဝုတန်ဟီ က ဘယ်သူလဲ?"
လင်းဖန် မေးလိုကိသည်။
"သူက လိန်ကျုံးက လူသိများတဲ့ မာစတာ ပဲ။အစိုးရ အရာရှိကြီးတွေ နဲ့ စူပါစတား တွေက သူ့ကို ယုံကြည်ကြတယ်။သူက သူ့ကိုယ်သူ ဒီနယ်ပယ်မှာ နံပါတ် ၁ လို့ ယူဆထားတာ"
လူလိမ် ထျန်ဟာ မနာလို စွာပြောလိုက်ပါတယ်။
"ခင်ဗျား သူ့ကို ဘာလို့ ဒီလောက်တောင်မနာလို ဖြစ်နေရတာလဲ။ဘာမှ မနာလိုစရာ မရှိဘူး၊ကျုပ်သူ့ကို ရိုက်ချနိုင်တယ် လိူ့ယုံကြည်တယ်။အခု ကျုပ်မှာ ဒေါ်လာ ၃ သိန်း ရှိတယ် ၊ နောက်မှ သူ့ဆီ တစ်ခေါက်လောက် သွားကြည့်ရအောင်။ကျုပ်တို့ရဲ့ အလုပ်အကိုင် ကို တရားဝင် ချဲ့ထွင်နိုင်အောင် ကြိုးစားရမယ်"
လင်းဖန် ဟာ အခုချိန်မှာ ယှဥ်ပြိုင်လိုစိတ် တွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။သူပန်ကိတ် ရောင်းတာမှာ အောင်မြင်ခဲ့ သလို ဗေဒင်ဟော တာမှာလည်း အောင်မြင်ချင်ပါသည်။အမှန်ပြောရရင် ဗေဒင်ပညာကတောင် ပိုပြီး အစွမ်းထက်ပါသေးတယ်။
သူက လူတစ်ယောက်ရဲ့ ဘဝ ကို စကားအနည်းငယ် နဲ့ပြောင်းလဲ ပေးနိုင်ပါတယ်။တကယ်လို့ သူသာ ချမ်းသာတဲ့ လူတွေနဲ့ တွေ့လို့ရှိရင် ငွေတွေ ဝင်လာမှာက ကျိန်းသေးပါပဲ"
အခုလင်းဖန် လုပ်ချင်နေတာက ၊ ပိုက်ဆံတွေ အများကြီး ဝင်လာပြီး လူအများက လေးစားရတဲ့ မာစတာ လင်းဖြစ်လာဖို့ပါပဲ။ပြီးတော့ စွယ်စုံကျမ်းရဲ့ နောက်ထပ် စာမျက်နှာ တစ်ခုကို ဖွင့်ဖို့ပါ။သူသာ နောက်ထပ်စာမျက်နှာ တစ်ခုကို ဖွင့်နိုင်ရင် သူ့ဘဝ က အတော်ပြောင်းလဲသွားလိမ့်မယ် လိူ့ ယုံကြည်ပါတယ်။
လူလိမ် ထျနိ ဟာ လင်းဖန် ရဲ့ ပြီးပြည့်စုံ တဲ့ အစီအစဥ်တွေကို နားထောင်ရင်း၊ ဇိမ်ခံ နေတဲ့ သူ့ရဲ့ အနာဂတ်က ပုံရိပ်ကိုတောင် ကိုပြီး မြင်ယောင်နေမိပါသည်။
.......
လင်းဖန် ဟာ သူ့ဆိုင်လေးကို သိမ်းလိုက်ပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။လင်းဖန် အိမ်ကို ပြန်လာတဲ့ အချိန်မှာ တော့ အိမ်နီးချင်းတွေ အကုန်လုံးဟာသူ့ကို နွေးထွေးစွာ ဆက်ဆံနေကြသည်။
"လင်းဖန်.....မဟုတ်ဘူး မာစတာ လင်း ပြန်လာပြီ"
"မာစတာ လင်း အနာဂတ် ကိုဟောပြောတာကတော့ စောက်ရမ်းကို တိကျတယ်နော် ၊ ဒီနေ့ပဲ လူအိုကြီး ကျန်း ရဲ့ ေခြေထောက်တစ်ဖက် ကျိုးသွားခဲ့တယ်"
"မာစတာ လင်း ၊ ကျေးဇူးပြုပြီး ဗေဒင်လေး ဟောပေးပါဦး"
လင်းဖန်ဟာ အိမ်နီးချင်းတွေ ပြောတာ ကြားတဲ့ အချိန်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ နားလည် လိုက်ပါတယ်။လူအိုကြီး ကျန်း သူ့စကားတွေကို မယုံကြည်ပါဘူး၊ ဒီတော့ သူအတင်းယုံကြည်ခိုင်းလို့မရပေ။
သူလိူပဲ တစ်ခြားလူတွေ သူ့ကို မယုံကြည်ခဲ့ပြန်ရင်လည်း သူအတင်း လုပ်ယူလို့ မရပါဘူး။ပြီးတော့ ဒီလူတွေကို ကြည့်လိုက်တဲ့ အချိန်မှာ အကုန်လုံးက မနေ့က သူတွက်ပေးလိုက်တဲ့ သူတွေပါ။ဒါက လင်းဖန်ကို ခေါင်းကိုက်စေပါတယ်။
သူတို့က ဗေဒင်ကို ခနခန တွက်ပြီး ဘာလုပ်ချင်နေတာလဲ.....?
"အားလုံးပဲ မနေ့က ခင်ဗျားတို့ကို ကျုပ်တွက်ပေးပြီးပြီလေ၊ ခင်ဗျားတို့မှာ တကယ်ဘာမှ ထွေထွေထူးထူး မရှိပါဘူးဗျာ"
လင်းဖန် သူတို့ကို လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ်။
"အာ ငါတို့တောင်းပန် ပါတယ် ၊ မာစတာ လင်းရယ် ၊ နောက်တစ်ခေါက်လောက် ထပ်ကြည့်ပေးပါ"
"ဟုတ်ပါတယ် ငါတို့ကို နောက်တစ်ခေါက်လောက် ထပ်ကြည့်ပေးပါ။ပိုပြီး သေသေချာချာလေး သိရအောင်"
လင်းဖန် သူတို့တွေ နဲ့ အချိန်မဖြုန်း ချင်တော့ပါဘူး။ဒါကြောင့် ခပ်မြန်မြန်ပဲ စကားဖြတ်လိုက်ပါတယ်။
"ကျွန်တော် ပင်ပန်းနေပြီ၊ ဒီနေ့ ကျွန်တော် ရဲ့ ဗေဒင်ဟော တဲ့ ဆိုင်ခန်းကို စဖွင့်တာလေ ဒီတော့ ခင်ဗျားတို့ ဗေဒင်မေးချင်တယ် ဆိုရင် မနက်ဖြန်ကျမှ ဆိုင်ကိုလာခဲ့လို့ရပါတယ်"
လင်းဖန် ဘာမှထပ်မပြောတော့ပေ။သူတို့ မနေ့က တုန်းကသာ ယုံကြည်မူရှိခဲ့ရင် အခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ခဲ့မှာပါ။အခုတော့ သူတို့အတွက် သူထပ် မဟော ပေးနိုင်တော့ပါဘူး။
.........
ည ၈ နာရီ။
လှပပြီး အဆင့်မြင့်သည့် ခန်းမကြီး တစ်ခုထဲတွင်။
ချမ်းသာကြွယ်ဝသည့် လူအုပ်ကြီးများနှင့် နိုင်ငံခြားသား တစ်ချို့ဟာ လျောက်သွားနေကြပါတယ်။
"အကြီးအကဲ ဝမ် ၊ ခင်ဗျား ဒီနေ့ တော်တော် ရှုံးသွားတယ်မလား။သိပ်ပြီးလည်း စိတ်ထဲထားမနေပါနဲ့။ကျုပ်တို့ အခွင့် အရေးရမှ နောက်တစ်ခါထပ်ကစားကြတာပေါ့"
လူကြီးတစ်ယောက်ဟာ ပြုံးပြီး ပြောလိုက်ပါတယ်။
"ရပါတယ် ဒီ ပမာဏ လောက်က သိပ်မပြောပ လောက်ပါဘူး"
ဝမ်မင်ယန် ဟာ ပြန် အနည်းငယ်ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။သူဟာ ရှုံးနိမ့်သွားတဲ့ ပိုက်ဆံလောက်ကို စိတ်ထဲမထားပေမယ့်လဲ ၊ လောလောဆယိ အမှန်တကယ် စိတ်တိုနေခဲ့တာပါ။
"သေချာတာပေါ့ ဒေါ်လာသုံးသန်း ဆိုတာ အကြီးအကဲ လီအတွက်တော့ တကယ် မပြောပလောက်ပါဘူး"
"ဒေါ်လာ သုံးသန်း ဆိုတာ အကြီးအကဲ ဝမ် အတွက်တော့ ဘာမှ မဟုတ်ဘူး။ကဲ ကျူပ်အရင်သွားတော့မယ် နောက်မှ ပြန်ဆုံကြတာပေါ့"
ခနအကြာမှာ အကြီးအကဲ ဝမ် နားက လူတွေဟာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြပါတော့တယ်။အားလုံး ထွက်သွားပြီးသညိ့ နောက်မှ အကြီးအကဲ ဝမ်ဟာ သူ၏ ကားထဲသို့ သွားလိုက်သည်။
"ခွေးသားတွေ ၊ ငါ့ပိုက်ဆံကို ဘယ်လို သတ္တိနဲ့များ လိမ်ရဲတာလား"
ဝမ်မင်ယန် အတွက် ဒေါ်လာ သုံးသန်းက တကယ်ဘာမှ မဟုတ်ပါဘူး။သူတကယ်စိတ်တိုနေတာက ကျန်တဲ့ လူတွေဟာ သူ့ပိုက်ဆံကို ပေါင်းပြီး လိမ်ညာ ကစားကြလို့ပါ။ဒါသာ ကံတရား အတိုင်းဆိုရင် သူ ဘာမှ မပြောပါဘူး၊ ဒါပေမဲ့ အခုဟာက အလိမ်အညာကြီး ဆိုတာ သိသာနေပါတယ်။
ပိုပြီး ဒေါသထွက်စေတဲ့ အရာက သူတို့ ဘယ်လို လိမ့်နေလဲ ဆိုတာ သူမမြင်နိုင်ပါဘူး။နောက်ဆုံးတော့ သူ့စိတ်တွေဟာ ပိုပိုပြီး တိုတို လာခဲ့တာပဲ ရှိပါတယ်။ဝမ်မင်ယန် လို လူအတွက်က သိက္ခာကို အရာရာတိုင်း ထက်တန်ဖိုးထားပါတယ်။ဒါကြောင့် သူကစားပွဲကို အဆုံးထိ ကစားဖို့သာတတ်နိုင်ပါတော့တယ်။
သူဒီလို လိမ်ညာ ခံရတာ လောက်ဒေါသ ထွက်တာ မရှိပါဘူး။
"မအိမ်လုံးတွေ ၊ ငါ့ဆီက ဒေါ်လာသုံးသန်း ယူပြီး အခေါင်းသာ ဝယ်ထားလိုက်ကြတော့"
ဝမ်မင်ယန် အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ့ရဲ့ အစေခံဟာ ညစာအတွက် ပြင်ဆင်ပြီးပါပြီ။
ညစာ စားပွဲတွင်။
ဝမ်မင်ယန် ဟာ ညစာစားရင်း ဖုန်းကိုထုတ်ကာ သတင်းတွေကို ဖတ်နေခဲ့ပါတယ်။
ယင်းနောက် သူ ဝိုက်ဘို ( weibo ) ဆော့ဝဲ ကို ဖွင့်လိုက်တဲ့ အချိန်မှာ စာတစ်စောင် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ယင်းနောက် သူဟာ စာကို အလျင်အမြန် ဖတ်ကြည့်လိုက်သည်။
"ဟင်"
သူတွေ့လိုက်တဲ့ အရာကြောင့် ဆွံ့အသွားခဲ့ပါတယ်။
"လောင်းကစား လုပ်ချင်တဲ့ စိတ်က ခင်ဗျား ရဲ့ စိတ်ကို ကြီးစိုးနေပြီ၊ ခင်ဗျား မကြာခင်မှာ အလိမ်ခံရလိမ့်မယ်"
ဝမ်မင်ယန် ဟာ စာကိုကြည့်လိုက်ရာ မနေ့က ပို့ထားမှန်းတွေ့လိုက်ရသည်။
ဒီလူက ငါလောင်းကစားလုပ်ပြီး အလိမ်ခံရတော့မယ် ဆိုတာ ဘယ်လိုသိတာလဲ......
ယင်းနောက် ဝမ်မင်ယန် ဟာ သာပြန်လိုက်သည်။
"ငါ ဘယ်ချိန်မှာ ပြန်အနိုင်ရနိုင်မလဲ"
ဝမ်မင်ယန် ဟာ လောင်းကစားကို သိပ်ပြီး မစွဲလမ်းပါဘူး ၊ ဒါပေမဲ့ ဒီ မာစတာ လင်းရဲ့ အစွမ်းအစကို တော့ စမ်းသပ်ချင်ပါသေးတယ်။
သူစာပို့ပြီး သိပ်မကြာခင်မှာပဲ စာပြန်လာတာ ကိုတွေ့လိုက်ရပါတယ်။
"မနက်ဖြန် နေ့လည်လောက် ၊ အဲ့နေရာ အဲ့ထိုင်ခုံမှာပဲ ပြန်ကစားကြည့်"
ဝမ်မင်ယန် စာပြန်လာတာ မြင်လိုက်တဲ့ အချိန်မှာပဲ ပြုံးလိုက်ပါတယ်။ဒီကောင် ဒီလောက်ထိ တိတိကျကျ ပြောနေကတည်းက မှန်ဖို့ သိပ်မဖြစ်နိုင်တော့ပါဘူး။
"ကောင်းပြီလေ ၊ မနက်ဖြန် ငါသာနိုင်ခဲ့ရင် မင်းကို ဒေါ်လာ ၁ သန်း လှူပါ့မယ်"
သူဟာ စာပြန်ပို့လိုက်ပြီး ဆော့ဝဲထဲကနေထွက်လိုက်ပါတယ်။ယင်းနောက် သူနဲ့ ဆော့ခဲ့တဲ့ လူများကို ဖုန်းဆက်ကာ မနက်ဖြန် နောက်တစ်ပွဲလောက် ထပ်နွဲဖို့ စီစဥ်လိုက်ပါတော့တယ်။
............
အဲ့အချိန်မှာပဲ လင်းဖန်ဟာ ဖုန်းထဲက စာကြောင်းကို ဖတ်ပြီး တွေးလိုက်ပါတယ်။
"ဒေါ်လာတစ်သန်း ဆိုပါလား"
ဝိုက်ဘို ဆော့ဝဲတွင် ဝမ်မင်ယန် အပြင်လင်းဖန် ကို ဘယ်သူမှ ထပ်ပြီး ဆက်သွယ်မလာခဲ့တော့ပေ။
လင်းဖန်ဟာ ဝမ်မင်ယန် ကို အနည်းငယ်တော့ မနာလိုဖြစ်မိသည်။သူတို့တွေ ဒေါ်လာသန်းနဲ့ချီပြီး လောင်းကစား ဆော့နေတဲ့ အချိန်မှာ လင်းဖန်တို့ဟာ ပိုက်ဆံ အနည်းငယ်ကို ကုန်ရုန်းရှာနေရပါတယိ။
"ဟူးး...ဒီလိုဘဝမျိုးရတာ ဘယ်လောက်တောင် ကောင်းလဲ."