← Chapters

"ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များ"

Vol. 6 Ch. 88

"ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များ"

Vol. 6 Ch. 88

လူစီယာနို ဒူးထောက်ပြီး တောင်းပန်နေသည့်မြင်ကွင်းမှာ ချမ်းဘော့ဒ်တွင်နေထိုင်သူများအား အံ့သြထိတ်လန့်သွားစေသည်။

လမ်းဘေးနှစ်ဖက်တွင်ရှိနေသော လူအုပ်ကြီးမှာ အိမ်မက်မက်နေသကဲ့သို့ပင် ခံစားနေရသည်။ မဟာဘုရားကျောင်း၏ အရှိန်အဝါမှာအလွန်ပင်ကြီးမားပြီး ကြောက်စရာကောင်းသည်ကိုလူတိုင်းသိသည်။ မဟာဘုရားကျောင်းမှ အစောင့်ခွေးတစ်ကောင်၏အသက်သည် တိုင်းပြည်တစ်ပြည်မှ ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်တစ်ယောက်၏ အသက်ထက်ပင် တန်ဖိုးရှိသည်။သို့သော် ယခုအချိန်တွင် မာနထောင်လွှားနေခဲ့သော မြင့်မြတ်သည့်သူရဲကောင်း လူစီယာနိုမှာ တုန်ယဥ်ပြီးဒူးထောက်ကာ အလတ်ဇန္ဒားထံတွင် ခွင့်လွှတ်ပေးရန်အသနားခံနေသည်ကိုတွေ့ရသည်။ ဘာတွေဖြစ်ကုန်တာလဲ.......

မြို့သူမြို့သားများ နားမလည်ဖြစ်နေသည့်အချိန်မှာပင် ပို၍ရူးသွပ်သည့်ကိစ္စတစ်ခု ဖြစ်ပျက်သွားသည်။

ရက်စက်ကြမ်းကြုတ်တတ်သော ခြေနှစ်ချောင်းနှင့် ခလောက်ဆံမြွေဇိုလာပင် ဒူးထောက်လိုက်ပြီးဖှေးထံသို့ လေးဘက်ထောက်သွားကာ ဖှေး၏ဖိနပ်ကို နမ်းလိုက်ပြီး တုန်ယဥ်နေသောအသံဖြင့်ပြောလိုက်သည်။ "ဂုဏ်သရေရှိသောဆရာ...ကျွန်တော်နှိမ်ချတတ်တဲ့ဇိုလာအရှင့်ရဲ့ ရက်ရောတဲ့ခွင့်လွှတ်ပေးမှုကို တောင်းဆိုပါတယ်.....ကျွန်တော်တို့အရှင့်ရဲ့ ဂုဏ်သရေရှိတဲ့ အချက်အလက်ကိုမသိခဲ့လို့ပါ...ကျွန်တော်တို့ တကယ်အပြစ်ရှိခဲ့ပါတယ်.....ကျွန်တော်တို့လိုနှိမ့်ကျတဲ့လူနှစ်ယောက်ကို ခွင့်လွှတ်ပေးတော်မူပါ....."

အခြွေအရံမြင်းစစ်သည်ရာပေါင်းများစွာနှင့် ပညာသင်သူတော်စဥ်များလည်း ထိတ်လန့်အံ့သြကုန်ကြသည်။ သူတို့၏ဆရာနှစ်ယောက် ဂုဏ်သရေများကိုစွန့်လွှတ်ပြီး ဒူးထောက်ကာအသည်းအသန်ခွင့်လွှတ်ပေးရန်တောင်းပန်နေကြပုံကိုတွေ့သော် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ စက္ကန့်အနည်းငယ်ခန့်တွံ့ဆုတ်ပြီးနောက်တွင် ဇိုလာနှင့် လူစီယာနိုတို့၏ပုံစံအတိုင်း ဒူးထောက်တောင်းပန်လိုက်ကြတော့သည်။

ထိုလူများသည် မဟာဘုရားကျောင်း၏ရာထူးဂုဏ်သိမ်အဆင့်ဆင်တို့တွင် အနှိမ့်ဆုံးအဆင့်ဖြစ်သောကြောင့် ငယ်ရွယ်သောဘုရင်၏ခြေအောက်မှပေါ်ပေါက်လာသော ရွှေရောင်စက်ကွင်း ၏အဓိပ္ပါယ်ကိုမသိသော်လည်း သူတို့အားလုံး ဇိုလာနှင့် လူစီယာနို တို့၏လက်အောက်တွင်အမှုတော် ထမ်းရွက်လာသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ ထို့ကြောင့်ပင် သူတို့အားလုံးအခြေအနေကိုကောင်းစွာ အကဲခက်တတ်ကြသည်။ သူတို့ဆရာနှစ်ယောက်၏ မျက်နှာအမူယာများကိုကြည့်ခြင်းဖြင့် သူတို့အားလုံးအရေးကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် သွားရှုပ်မိပြီဖြစ်မှန်းသတိထားမိလိုက်ကြသည်။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဆရာ...." လူရာပေါင်းများစွာ ဒူးထောက်တောင်းပန်လိုက်သည်။

"ဆရာ ဟုတ်လား...ငါက ဘယ်သူ့ရဲ့ဆရာဆိုတာပြောပါဦး...."

ဖှေး မဟာဘုရားကျောင်းမှလူအုပ်ကိုပြောလိုက်သည်။

"ဆရာ....အရှင်....အော် ဟုတ်သားပဲ....အရှင်မဟုတ်ဘူး ကျွန်တော် ကျွန်တော်...."

ဇိုလာမှာ ဉာဏ်နီဉာဏ်နက်များလှသော ဦးနှောက်တစ်ခုကိုပိုင်ဆိုင်ထားသူဖြစ်သော်လည်း ယခုအချိန်တွင်မူသူစကားပင် ကောင်းကောင်းစီ၍မရဖြစ်နေတော့သည်။

သူရွှေရောင် တိုက်ပွဲစက်ကွင်းပိုင်ဆိုင်ထားသည့် မြင့်မြတ်သောသူရဲကောင်းများအကြောင်းကို ဒဏ္ဍာရီများ၊ ပုံပြင်များထဲတွင်သာကြားဖူးသည်။ တိုက်ပွဲစက်ကွင်းနှစ်ကွင်းပိုင်ဆိုင်သည်ဆိုသည်ကား ကြားပင်မကြားဖူးတော့ချေ။ သူမြို့တော် စိန့်ပီတာစဘာ့တွင်ကျင်းပသည့် အကြီးတန်းသူတော်စဥ်များ၏ပါတီပွဲကို တက်ရောက်ခွင့်ရခဲ့ဖူးသည်။ ထိုပါတီပွဲတွင် ဇီးနစ်အင်ပါယာ၏ သူတော်စဥ် ဂိုဏ်းအုပ်ဖြစ်သူ ဆာဂီပြောပြခဲ့သဖြင့် ရွှေရောင်[တိုက်ပွဲစက်ကွင်း]ပိုင်ဆိုင်သည့် [ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များ]အကြောင်းပုံပြင်များကို ကြားဖူးခဲ့သည်။ ထို[ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များ]ဆိုသူများမှာ လူအများစုမသိရှိသည့် လျို့ဝှက်နေထိုင်နေသည့်လူများဖြစ်ကြသည်။ သူတို့အားလုံးအား မဟာဘုရားကျောင်းမှ ရာထူးကြီးကြီးတစ်ခုမပေးခင် ပုပ်ရဟန်းမင်းကြီးမှလျို့ဝှက်တာဝန်တစ်ခု သို့မဟုတ် အတွေ့ကြုံပိုရစေရန်အတွက် ခရီးစဥ်တစ်ခုခုစေလွှတ်ဆောင်ရွက်ခိုင်းမည်ဖြစ်သည်။ သူတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကိုဖုံးကွယ်ထားကြသည်။သို့ရာတွင် မဟာဘုရားကျောင်းရှိလူတိုင်းက မြင့်မားစွာလေးစားရသည့်ပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့အားလုံး ပုပ်ရဟန်းမင်းကြီးနေရာအတွက် လျာထားခြင်းခံရသူများပင်ဖြစ်လာနိုင်သည့် အခွင့်လမ်းများစွာရှိကြသည်။ အနည်းဆုံး အင်အားကြီးအင်ပါယာများတွင်ရှိသောဘုရားကျောင်းများ၏ ဂိုဏ်းအုပ်များဖြစ်လာမည်မှာတော့မလွဲပေ။ အဆင့်၁အင်ပါယာ၏ အဆင့်၆အဖွဲ့ဝင်နိုင်ငံငယ်လေးရှိဘုရားကျောင်းတွင်သာ တာဝန်ကျပုဂ္ဂိုလ်သာဖြစ်တော့မည့် ဇိုလာ၏အနာဂတ်တက်လမ်းနှင့် နှိုင်းယှဥ်၍ပင်မရ။ ထို့ကြောင့်ပင် ဇိုလာမထိတ်လန့်၍မရ။

ဇိုလာ ရေခဲသေတ္တာအတွင်းသို့ရောက်နေသကဲ့သို့ပင် သူ၏အရိုးထဲထိပင်စိမ့်အောင် အေးစက်နေသည်။ သူဤကဲ့သို့အဆင့်ရှိသည့်သူနှင့်တွေ့ဆုံပြီး ပထမဆုံးတွေ့ဆုံသည့်အချိန်မှာပင် ကတောက်ကဆဖြစ်ခဲ့လိမ့်မည်ဟုထင်မထားပေ။သူလုပ်ခဲ့သည့်အရာများအတွက်သူဖှေးအားအနည်းငယ်မြှောက်ပင့်လိုသည်။ သို့သော် သူဖှေးသည်ပုပ်ရဟန်းမင်းကြီး၏ အမိန့်အောက်တွင် လျို့ဝှတ်တာဝန်တစ်ခုခု ထမ်းဆောင်နေသည်ဖြစ်နိုင်ကြောင်းတွေးလိုက်မိသည့်အချိန်တွင် သူဖှေး၏ကိုယ်ရေးကိုယ်တာအချက်အလက်နှင့်ပတ်သက်သည့်ကိစ္စကိုမပြောရဲတော့ချေ။ "သေစမ်း....ငါအလတ်ဇန္ဒားကိုဆရာလို့ခေါ်ရမှာလား....ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေရမှာလား..."

ဇိုလာ ပျာယာခက်နေတော့သည်။

တစ်ဖက်တွင်လည်းဖှေးသည် မဟာဘုရားကျောင်းမှလူများ သူအရှေ့တွင်ဒူးထောက်ကာတုန်ယင်နေသည်ကိုတွေ့လိုက်ရသည့်အတွက် ဖြစ်ပျက်နေသည်များကိုအကြမ်းဖျင်းရိပ်မိလိုက်သည်။ သူ လယ်ဗယ်၂၀ လူရိုင်းဇာတ်ကောင်မှ လယ်ဗယ်၁၂ ပါလာဒင်ဇာတ်ကောင်မဖြစ်သို့ပြောင်းလဲလိုက်ရခြင်းမှာ ပါလာဒင်၏ အရှိန်အဝါကိုအသုံးပြုပြီး လှည့်စားလို၍ဖြစ်သည်။ အ​ခြေအနေမှာ သူထင်ထားသည်ထက်ပင် ပို၍ကောင်းမွန်စွာအလုပ်ဖြစ်သွားသည်။ ဇိုလာတို့သည် သူ့အားမဟာဘုရားကျောင်းမှ အထူးပုဂ္ဂိုလ်တစ်ယောက်ဟုထင်သွားပုံရ၏။

"မင်း...မတ်တပ်ထပြီး မင်းကြောင့်ဒဏ်ရာရသွားတဲ့အမျိုးသမီးကိုပြန်တောင်းပန်လိုက်...."

ဖှေး စကားအပိုများပြောနေပါက သံသယဝင်လာနိုင်သောကြောင့် လျို့ဝှက်ထားသောဟန်အတိုင်းပဲဆက်ရှိနေရန်ဆုံးဖြတ်လိုက်သည်။ ဖှေး လူစီယာနို ကိုအေးစက်စွာပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဟုတ်ဟုတ်"

ထိုအရာကိုကြားသော် လူစီယာအတော်စိတ်သက်သာရာရသွား၏။

သူနှင့် ဇိုလာတို့ ထိုအမျိုးသမီးထံသို့လေးဘက်ထောက်သွားကြသည်။ ထို့နောက်တွင် လူစီယာနိုမှအမျိုးသမီးအားမထူလိုက်ပြီး ဇိုလာသည်ဖှေး၏ အမြင်ကောင်းရစေရန်အတွက် သူ၏ခန္ဓာကိုယ်တွင်ရှိသမျှ အတွင်းအားအကုန်သုံးပြီး အသုံးပြုရန်အလွန်အာရုံစူးစိုက်ရသည့် [ကုသခြင်း]ကိုအသုံးပြုလိုက်သည်။ ဇိုလာ၏လက်မှ နို့နစ်ရောင်အလင်းတန်းများထွက်ပေါ်လာပြီး အမျိုးသမီး၏ကြောပေါ်၏ ကြာပွတ်ရာများကိုလွှမ်းခြုံသွားသည်။ ထို့နောက် ဒဏ်ရာများသည် အလင်းရောင်များမှေးမှိန်သွားသည်နှင့်အတူပျောက်ကင်းသွားတော့သည်။

ဖှေးထိုအရာကိုမြင်သော် အနည်းငယ်အံ့သြသွားသည်။

မဟာဘုရားကျောင်းမှ ကုသခြင်းအစွမ်းသည် ဒိုင်ယာဘလိုကမ္ဘာမှ သွေးပုလင်းနှင့် အာနိသင်တူညီပုံရသည်။ သို့ရာတွင် ထိုအစွမ်းသည်လည်း သူ့ဟာနှင့်သူအလွန်အစွမ်းထက်ပြီး အံ့သြဖွယ်ကောင်းလှသည်။ မဟာဘုရားကျောင်းတွင် ကြောက်စရာကောင်းသည့်စွမ်းအားများပိုင်ဆိုင်ထားပြီး အေဇာရုတိုက်တစ်ခုလုံးတွင်ကြီးမားသည့် လွှမ်းမိုးမှုရှိသည်မှာ အသေအချာပင်။

"ခင်ဗျားက အန်ဂျယ်လာကို အန္တရာယ်ပြုရဲတာပဲ...ခင်ဗျား အကြိမ်ပေါင်းများစွာ​သေသင့်တယ်...."ဖှေး ဇိုလာအားစိုက်ကြည့်ပြီးပြောလိုက်သည်။

"ခွင့်လွှတ်ပေးပါအရှင်မင်းကြီး ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ ကျွန်တော်အလွန်မိုက်မဲခဲ့မိပါတယ်....နောက်တစ်ခါဘယ်တော့မှမလုပ်တော့ပါဘူး...." ဖှေးပြောသည်ကိုကြားသော်အခါ ဇိုလာအလွန်အမင်းထိတ်လန့်သွားတော့သည်။ အလျှင်မြန်ပင် တုန်ခါလာပြီး အသနားခံတော့သည်။ "အရှင်မင်းကြီး ကျွန်တော့အမှားကို ကျွန်တော်သိပါပြီး ဒီနေ့ကစပြီးကျွန်တော်အရှင်းမင်းကြီးခိုင်းသမျှ အကုန်လုပ်ပေးပါ့မယ်...."

ဖှေး စက်ဆုတ်ရွံရှာစွာဖြင့် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်သည်။ ဤအချိန်တွင် ဖှေးသူ၏အစွမ်းအနေဖြင့်ရော ချမ်းဘော့ဒ်တိုင်းပြည်အနေဖြင့်ပါ မဟာဘုရားကျောင်းအားမယှဥ်နိုင်သည်ကိုဖှေးသဘောပေါက်သည်။ အင်အားချင်းကွာခြားပုံမှာ ဖုန်မှုန့်နှင့် နေမင်းကြီးကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့်ဖှေးထင်ရာစိုင်း၍မရပေ။ ဖှေး သူ၏လက်ကိုဝှေ့ရမ်းပြီးပြောလိုက်သည်။ "ထားလိုက်ပါ... ငါမင်းတို့ကိုဒီကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အနေနဲ့ဘာမှအရေးယူတော့မှာမဟုတ်ပါဘူး...ဒါပေမယ့် မင်းတို့တွေချမ်းဘော့ဒ်တိုင်းပြည်မှာ ပြုမူနေထိုင်တဲ့ပုံကိုဂရုစိုက်ပါ...နောက်တစ်ခါဆိုရင်တော့ ငါ့ကိုရက်စက်တယ်မပြောနဲ့ ဟုတ်ပြီလား...."

"ဟုတ်ဟုတ်ဟုတ်"

ဇိုလာမှာ အလွန်စိတ်အေးသွားသည့်အတွက် ငိုပါငိုချင်သွားသည်။

ဤ"ဆရာ"မှာ သူတို့အားခွင့်လွှတ်ပေးသည်အထိ သဘောထားကြီးသည့်အတွက် အလွန်ကျေးဇူးတင်မိသည်။ ဖှေး၏ မဟာဘုရားကျောင်းတွင်ရှိသောအဆင့်ကြောင့်ပင်လျှင် အကယ်၍သူတို့နှစ်ယောက်အားသတ်ပစ်လိုက်လျှင်ပင် ဂိုဏ်းအုပ်ဆာဂီမှာ သူတို့နှစ်ယောက်တွင်အပြစ်ရှိသည်ဟုပင်သက်မှတ်မည်ဖြစ်သည်။

သူဤ"ဆရာ"၏ဒေါသပြေပျောက်စေရန် နည်းလမ်းများစွာစဥ်းစားနေသည်။ "ဤစွမ်းအားကြီးသောပုဂ္ဂိုလ်"အားပျော်ရွှင်အောင်လုပ်နိုင်မည်ဟု ဇိုလာမိမိကိုယ်ကိုယုံကြည်ချက်ရှိသည်။ "ငါဒီယုံနိုင်စရာကောင်းတဲ့လူကိုသာ အပီကပ်ထားလိုက်လို့ကတော့...ဟီးဟီးဟီး" ဇိုလာစိတ်ထဲတွင် ကြိတ်ရယ်နေ၏။ သူဖှေးနှင့် ရင်းနှီးသောဆက်ဆံရေးရရှိထားပါက မဟာဘုရားကျောင်းတွင်သူ၏အခွင့်လမ်းများပို၍များပြားလာမည်ဟု ဇိုလာယုံကြည်နေသည်။ ဤကဲ့သို့ရွှေအခွင့်ရေးကို ဇိုလာကောင်းမွန်စွာအသုံးချမည်ဖြစ်သည်။

All Chapters