စောက်ရူးနှစ်ကောင်
Vol. 2 Ch. 28
နောက်တစ်ရက် မနက်။
လင်းဖန် မနက်ခင်းနိုးနိုး လာခြင်းမှာပဲ လင်းဖန် သူ့ဖုန်းမှာ စာတစ်စောင် ဝင်နေတာကို သတိထားမိလိုက်ပါတယိ။
"လူချောလေး ၊ ဆိုင်မြန်မြန် လာဖွင့်တော့လေ...."
သူ ပရိုဖိုင် ဓာတ်ပုံကို ကြည့်လိုက်တဲ့ အချိန်မှာ ဒါ ဟော်ဟန် မှန်း ချက်ချင်းမှတ်မိလိုက်ပါတယ်။သူမက သူ့ကို wechat( ဝီချပ် ) အကောင့်မှာ အပ်ထားတာ မကြာသေးပါဘူး။လင်းဖန် ပန်ကိတ် ဆက်မရောင်းတော့ ဘူးဆိုတော့ ဟော်ဟန် ကို စာမပြန် တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လင်းဖန် ယူစရာ ရှိတာတွေကိူ ယူပြီး လူလိမ်ထျန်နဲ့ တွေ့ဖို့ ထွက်လာခဲ့ပါတယ်။ဒီနေ့က လူလိမ် ထျန်နဲ့ အတူ နေရာလျောက်ကြည့်ပြီး သူတို့ရဲ့ ဗေဒင် ဟောမယ့်နေရာကို သေချာ ရှာကြရမှာပါ။
လူတိုင်း လေးစားရပြီး အောင်မြင်တဲ့ မာစတာ လင်းဖြစ်ဖို့ ဆိုတာ အတော်ခက်ခဲပါတယ်။လင်းဖန် စိတ်ထဲမှာ တွေးထားသလောက်မလွယ်ကူပါဘူး။ကြည့်ရတာ သူအလုပ်ဖိုကြိုးစားဖို့ လိုတဲ့ ပုံပါပဲ။
"လူလိမ် ထျန်"
သိပ်မကြာ ခင်မှာပဲ လင်းဖန် လမ်းဘေးမှာ မတ်တတ်ရပ်နေတဲ့ လူလိမ်ထျန်ကို တွေ့ပြီး လှမ်းခေါ်လိုက်ပ့တယ်။
"မင်ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ"
လူလိမ် ထျန်ဟာ ပြန်မေးလိုက်သည်။
"ကျုပ်ဖင် ကြီးကိုနောက်ကျပါလား၊ ဒါကိုနောက်ကျတယ် လို့ခေါ်မလား အခုမ မနက် ၈နာရီ ခွဲ ပဲရှိသေးတာကို"
လင်းဖန် ထပ်ပြောလိုက်သည်။
"အခြေနေ ဘယ်လိုလဲ? ခင်ဗျား သင့်တော်တဲ့နေရာ တွေ ဘာတွေတွေးမိတာရှိလား"
"မင်းမလာခင် ငါ နည်းနည်း လျောက်ကြည့်ထားသေးတယ်၊ ငါ သဘောကျတာတော့ သုံးနေရာ လောက်ရှိမယ်"
"ဒါဆိုလည်း သွားကြည့်ရအောင်"
လင်းဖန် လောလောဆယ် မှာ ဘောစိဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ဒေါ်လာ သုံးသိန်း ဆိုတာ နေရာကောင်းတစ်ခု ငှားဖို့အတွက် လိုတာ ထက်တောင် ပိုနေပါပြီ။
လင်းဖန် လူလိမ် ထျန် နောက်ကနေလိုက်ပြီး လူလိမ်ထျန် ကြိုက်တဲ့ ပထမ ဆုံးနေရာတစ်ခု ကိုသွားကြည့်လိုက်ပါသည်။
ဒီနေရာက မြို့ထဲမှာ တည်ရှိတာပါ။မီတာ ၄၀ ပတ်လည်လောက် အကျယ်ရှိပြီး၊ လွဲပြောင်းခ နဲ့အတူ တစ်ချို့ အရာတွေ အတွက်လည်း ပိုက်ဆံပေးချေ ရမည်ဖြစ်သည်။ဒါတွေ အကုန်လုံးပေါင်းလိုက်မယ် ဆိုရင် ဒေါ်လာ သုံးသိန်းတောင် ကျော်သွားနိုင်ပါတယ်။
လင်းဖန် ထပ်ပြီး ကြည့်ချင်စိတ်တောင် မရှိတော့ပဲ ဒီနေရာကို မငှားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီနေရာလေးက နေရာကောင်းလေးပါ ဒါပေမဲ့ ငှားရမ်းခ စျေးက လင်းဖန် အတွက် အရမ်းစျေးကြီး လွန်းပါတယ်။
လူလိမ် ထျနိ လိုက်ပြတဲ့ ဒုတိယ နေရာက တော်တော် အဆင်ပြေတဲ့ နေရာလေးပါ။ဒီနေရာဟာ အဆောက်အဦးတွေရဲ့ အဆုံးမှာ ရှိပေမဲ့လည်း " အရည်အသွေးကောင်းရင် ကြော်ငြာစရာ မလိုဘူး" ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပါပဲ။
လင်းဖန်မှာ တကယ် ဆရာကျတဲ့ ရှေးဖြစ်ဟော စွမ်းရည် တွေ ပိုင်ဆိုင် ထားပြီးသားပါ။သူသာ အမှန်တကယ် ကြိုးစား အားထုတ်မယ် ဆိုရင် အောင်မြင်မူရမယ် ဆိုတာ လင်းဖန် ကျိန်းသေသိပါသည်။
သို့ပေမဲ့ ပိုင်ရှင်နဲ့ စကားအနည်းငယ် ပြောအပြီးတွင် လင်းဖန် ဒီနေရာ ကိုလည်း ကျော်သွားဖို့ ဆုံးဖြတ်လိုက်သည်။ဒီနေရာက ငှားရမ်းခ ကို သူတို့လစဥ်ပေးချေရမှာ ဖြစ်ပြီး၊ အချိန်အကြာကြီး စာချုပ်ချုပ်ထားရင်တောင် ပိုင်ရှင်ရောင်းချင်တဲ့ အချိန်မှာ သူတို့ ချက်ချင်းဖယ်ပေး ရမယ်လို့ ပြောနေပါတယ်။ဒါဟာ လင်းဖန် တို့ အတွက် လုံးဝ လက်ခံလို့မရနိုင်ပါဘူး။
လင်းဖန်ဟာ နေရာတစ်ခုတွင် အခြေချပြီး ၊ သူ့ရဲ့ ရှေးဖြစ်ဟောပြောချင်း ကို စနစ်တကျလုပ်ကိုင် လိုခြင်းဖြစ်သည်။သူအောင်မြင်မယ် ဆိုတာ ကျိန်းသေ သိပေမယ့်လည်း အောင်မြင်ကျော်ကြား ပြီး လူအများက လေးစားရတဲ့ လူတစ်ယောက် ဖြစ်ဖို့ဆိုတာ တကယ် မလွယ်ကူပါဘူး။ဒီလိုအနေအထားမှ ပိုင်ရှင်က ရုတ်တရက် ကြီး ဆိုင်လာပိတ်ခိုင်း ရင် အကုန်တိုင်ပတ်ကုန်မှာပါ။
တတိယ နေရာရောက် တဲ့ အချိန်မှာတော့ ဒီနေရာ လေးဟာ သူလိုချင်တဲ့ အချက်အလက်တွေနဲ့ အတော်ပြည့်စုံနေတယ် ဆိုတာ တွေ့လိုက်ရပါတယ်။လူလိမ် ထျန်တောင်မှ ဒီနေရာလေးကို သဘောတွေ ကျနေခဲ့ပါပြီ။
"ဒီနေရာ လေးကို အရင်တုန်းက ဗေဒင် ဆရာတစ်ယောက်ငှား ခဲ့တာလေ၊ ဒါပေမဲ့ ပုဂ္ဂိုလ် ရေးကိစ္စ တစ်ချို့ကြောင့် သူဆက်ပြီး ဗေဒင်မဟောတော့တာ။ဒါကြောင့် ငါတို့ ဒီနေရာ လေးကိုယူမယ် ဆိုရင် နာမည် လေးပဲ ချိန်းဖို့လိုတယ်၊ ကျန်တာတွေက အားလုံးအိုကေပဲ"
လူလိမ် ထျန် ဟာ ရှင်းပြလိုက်သည်။
လင်းဖန် ဟာလည်း ဒီနေရာ လေးက အတော်အဆင်ပြေတယ် လို့ခံစားရပါတယ်။ဒီနေရာဟာ ၂၀ မီတာ ပတ်လည် နဲ့ သိပ်မကျယ်ပေမဲ့လည်း ဗေဒင်ဟော ဖို့ အတွက်ကတော့ လုံလောက်ပါသည်။
"ကောင်းပြီလေ ၊ ကျုပ်တို့ ဒီနေရာကို ယူကြရအောင်"
ယင်းနောက် လင်းဖန် ဟာ ဒီနေရာ အတွက် ပိုင်ရှင် နဲ့ စာချုပ်ဖို့ ချက်ချင်းပြင်ဆင်လိုက်ပါတယ်။
သူဒီနေရာ ကို တစ်နှစ်စာချုပ်ဖြင့်ငှားလိုက်ပြီး ၊ ၊ ငှားရမ်းခ ၊ လွှဲပြောင်းခ ၊ အခွန် နဲ့ တစ်ခြာူအရာများ အားလုံးပေါင်းလိုက်လျင် စုစုပေါင်း ဒေါ်လာ နှစ်သိန်းခွဲ ခန့် ကုန်ကျသွားခဲ့သည်။
လင်းဖန် ပိုက်ဆံ ပေးချေ တဲ့ အချိန်မှာ အတော်ပဲ ဝမ်းနည်းနေခဲ့ပါတယ်။ဒီပိုက်ဆံ ဟာ သူ့ဆီကို လွယ်လွယ်ကူကူ နဲ့ ဝင်လာခဲ့တယ် ဆိုပေမဲ့ လည်း မျက်စိတစ်မှိတ် အတွင်းမှာပဲ ဒေါ်လာ နှစ်သိန်းခွဲကုန်သွားခဲ့ပါပြီ။ သူ့မှာ အခု ဒေါ်လာ ငါးသောင်းကျော်ကျော် ပဲ ကျန်ပါတော့တယ်။
လင်းဖန် စာချုပ်မှာ လက်မှတ်ထိုးပြီး ၊ သော့ကို အလျင်အမြန် လွှဲပြောင်းယူလိုက်သည်။အခုကစပြီး ဒီနေရာ လေးဟာ လင်းဖန် ရဲ့ ဗေဒင်ဟောကြား မယ့် ဆိုင်ခန်း လေးဖြစ်သွားပါပြီ။
နောက်ဆုံးတော့ လင်းဖန် ဆိုင်နာမည်နဲ့ ဆိုင်းဘုတ်တင်ဖို့ အချိန်ရောက်လာခဲ့ပါပြီ။လင်းဖန် အစကတော့ ပျံကျစျေးမှာ လုပ်ထားကြတဲ့ ရိုးရိုး ရှင်းရှင်း ဆိုင်းဘုတ်ပဲ တင်ဖို့ စဥ်းစားထားတာပါ။ယခုတော့ လူလိမ် ထျန် ၏ အကြံဥာဏ်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်သည်။
တကယ်လို့ ဆိုင်းဘုတ်ကသာ ဆွဲဆောင်မူ မရှိပဲ ရိုးရှင်ပြီး ပျင်းစရာ ကောင်းနေမယ်ဆိုရင် ကာစတန်မာ တွေဟာ ဆိုင်ထဲ ဝင်ချင်စိတ်တောင် ရှိမှာ မဟုတ်ပါဘူး။
လင်းဖန် ဟာ နောက်ထပ် ဒေါ်လာ တစ်သောင်းလောက် အကုန်ခံပြီး ဆိုင်းဘုတ်ကို ဒီဇိုင်းဆွဲကာ ပြင်ဆင်လိုက်သည်....
"ထိုက်တန်တယိ ၊ တကယ် ထိုက်တန်တယ်.."
လူလိမ် ထျန်ဟာ အနက်ရောင် သစ်သား ဆိုင်းဘုတ်ကို ကြည့်ပြီး သဘောတွေ ကျနေခဲ့သပါတယ်။
အမဲရောင် သစ်သားဆိုင်းဘုတ်ကို လက်မူပညာများဖြင့် ဖန်တီးထားပြီး အလယ်တွင် ရွှေရောင် စာလုံးဖြင့် " မာစတာ လင်း" ဟုရေးသားထားခြင်းဖြစ်သည်။ဆိုင်ခန်းထဲရှိ ပရိဘောဂ များဟာ အကောင်း အတိုင်းရှိနေဆဲ ဖြစ်ပြီး သူတို့ လုပ်ဖိုလိုတာဟာ သန့်ရှင်းသွားအောင် ဖုန်ပြန်သုတ် ဖို့ပါပဲ။
"တို့ ဘယ်ချိန် အလုပ်စလုပ်သင့်လဲ"
,
လင်းဖန် မေးလိုက်သည်။
"မနက်ဖြန် ဆိုရင်ရော ဘယ်လိုလဲ"
လူလိမ် ထျန်ဟာ သူတို့ ဆိုင်ရှေ့မှာ တင်ထားတဲ့ ဆိုင်းဘုတ်ကို သဘောကျစွာကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။သူ့ရဲ့ ရည်မှန်းချက်က ကိုယ်ပိုင် ဆိုင်ခန်းလေး တစ်ခုဖွင့်ပြီး ဗေဒင်ဟော ကြားနိုင်ဖို့ပါ။ဒီဆိုင် လေးက သူနဲ့ ဘာမှ မဆိုင်ပေမယ့်လည်း လူလိမ်ထျန် ဟာ သူ့ကိုယ်သူ ပိုင်ရှင် တစ်ယောက်လို ခံစားရပါတယ်။ဘာပဲ ဖြစ်ဖြစ် လင်းဖန်က သူနဲ့ လုပ်ဖော်ကိုင်ဖက်ပါ။
"ကောင်းပြီလေ ၊ မနက်ဖြန် မှ စတာပေါ့။သွားကြမယ်..."
လင်းဖန် လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ်။သူ့ရဲ့ စိတ်ထဲမှာတော့ ယုံကြည့်မူတွေနဲ့ ပြည့်နေခဲ့သည်။
လူလိမ် ထျန်ဟာလည်း လင်းဖန် ရဲ့ ယုံကြည်မူရှိတဲ့ ပုံစံ ကိုမြင်ရတဲ့ အချိန်မှာ ခေ့ါင်းညိမ့်ပြီး ပြန်ပြောလိုက်သည်။
"သွားကြမယ်"
အားလုံးပြီးဆုံးသွားတဲ့ အချိန်မှာတော့ လင်းဖန်ဟာ စက်ဘီး ဆိုင် တစ်ဆိုင်ကို သွားပြီး သူ့အတွက် စက်ဘီးတစ်စီး သွားဝယ်လိုက်ပါတယ်။ဒါက သူနေတိုင်း အလုပ်ကို သွားတဲ့ အချိန်မှာ ကျန်းမာရေး အတွက် လေ့ကျင့်ခန်းလုပ်ပြီးသားပါ ဖြစ်သွားမှာပါ။
မကြာခင်မှာပဲ ညအချိန်ကို ရောက်လာခဲ့သည်။
လင်းဖန် အိပ်ယာထဲမှာ လှဲပြီး ဖုန်းကို ဖွင့်လိုက်တဲ့ အချိန်မှာပဲ wechat ( ဝီချပ် ) ဆော့ဝဲ ထဲမှာ ဟောဟန် ပို့ထားတဲ့ စာတွေဟာ ဆယ်ကြောင်းမက ကျလာခဲ့ပါသည်။ဟော်ဟန်ဟာ၊ သူ ပန်ကိတ် ဆိုင် မဖွင့်လို့ စာတွေ ဒီလောက်အများကြီးပို့တယ် ဆိုတာ မဖတ်ကြည့်ပဲ နဲ့တောင် သိပါတယ်။
လင်းဖန် ချက်ချင်း စာတွေကို မသိချင်ယောင် ဆောင်ကာ ကျော်လိုက်ပြီး အောက်ဖက်ကို ဆက်ဆွဲ ကြည့်လိုက်သည်။ သူကျောင်းသားဟောင်းများ စုဝေးထားတဲ့ ဂရုကို မြင်တဲ့ အချိန်မှာ ဝင်ကြည့်ဖို့ လုပ်လိုက်ပါတယ်။သို့ပေမဲ့ အရင်တစ်ခေါက် သူ့ကို ဝိုင်းပြီး လှောင်ပြောင်ခဲ့ကြတာကို တွေးမိပြီး ဝင်မကြည့်ချင်တော့ပေ။ဒါကြောင့် သူ wechat ဆော့ဝဲ မှ ချက်ချင်းထွက်လိုက်သည်။
ဝိုက်ဘို ( weibo ) ဆော့ဝဲတွင်။
လင်းဖန် သူ့ရဲ့ ပရိသတ် အရေအတွက်ဟာ အနည်းငယ် တိုးလာတယ် ဆိုတာ သတိပြုမိလိုက်ပါသည်။အနည်းငယ် ဆက်ကြည့်လိုက်ရာ သူနဲ့ ဝမ်မင်ယန် အပြန်အလှန် ပြောထားသည့် စာကိုတွေ့ပြီး တစ်စုံတစ်ယောက်ဟာ ဒေါသ ထွက်နေတာ တွေ့လိုက်ရပါတယ်။
"ချီးပဲ ၊ မင်းဘကြီးကို ဗေဒင်ဟောစားပါလား။ဒါပေမဲ့ အင်တာနက်ပေါ်မှာ မင်းလိုလိမ်စားနေတဲ့ ကောင်တွေ ရှိတာပုံမှန် ပဲ၊ ဒီလိုကောင်နဲ့ ဘာအပေးအယူမှ မလုပ်နဲ့"
ယင်းနောက် လင်းဖန် ဟာ ဝမ်မင်ယန် ကောမန့် တက်လာတာ တွေ့လိုက်ရပါတယ်။
"ငါ မင်းကို ဝန်ခံပါတယ်"
"မာစတာ လင်း လိုင်းပေါ်မှာ ရှိလား?"
"ငါမင်းကို ဒေါ်လာ တစ်သန်းပေးမယ်လို့ အပေးအယူလုပ်ထားတယ်လေ၊ ငါအခုပေးမလို့ မင်းရဲ့ ဘဏ်အကောင့် အချက်အလက်လေး ပေးပါလား"
ဝမ်မင်ယန် ရဲ့စကားတွေကိုကြည့်ရင် အနည်းငယ်စိတ်မရှည်တဲ့ပုံပေါက်နေပါတယိ။သူလိုင်းပေါ်မှာ လင်းဖန်ကို စောင့်နေတာ အနည်းငယ် ကြာနေလောက်ပါပြီ။
ဝမ်မင်ယန် ရဲ့ စာတွေ တက်လာတာ မြင်တဲ့ အချိန်မှာ လင်းဖန် ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။
.......
ဇိမ်ခံ ဗီလာ တစ်ခုတွင်။
ဝမ်မင်ယောင်ဟာ ဖုန်းကို အနည်းငယ် ကပ်ကြည့်ပြီး ဝိုက်ဘို ( weibo ) ဆော့ဝဲတွင် အဆက်မပြတ် စာရိုက်နေခဲ့သည်။
လင်းဖန် မှာ တကယ် အရည်းအချင်းရှိတယ် ဆိုတာ သူဝန်ခံရမှာပါ။မာစတာ လင်း မှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ စွမ်းအား တွေ ရှိနိုင်တယ် လို့တောင် သူသံသယ ဖြစ်မိပါတယ်။
တစ်ခြားလူတွေရဲ့ အမြင်မှာတော့ ဝမ်မင်ယန်ဟာ ငမိုက်သား တစ်ယောက်ပါ။သူဟာ တစ်ခြားလူတွေကို တောင် မဖြစ်နိုင်တဲ့ အရာတွေကို လုပ်ဖြစ်အောင် တိုက်တွန်းတတ်တဲ့ အကျင့်ရှိပါတယ်။
ဝမ်မင်ယန် ရဲ့ စိတ်နေစိတ်ထားနဲ့ ထင်ရာလုပ်တတ်တဲ့ အကျင့်က နိုဘယ် ဝတ္ထုတွေ ထဲက CEO တွေနဲ့တောင် တူနေခဲ့သည်။
နေ့လည်တုန်းက ၊ ဝမ်မင်ယန် ဟာ သူမနေ့က ရှုံးခဲ့တဲ့ လူတွေနဲ့ ပြန်ချိန်းပြီး နောက်တစ်ကျော့ကစားခဲ့ပါတယ်။ဒီလူတွေဟာ ပူးပေါင်းပြီးတော့ သူ့ပိုက်ဆံတွေကို လိမ်နေမှန်း သိပေမဲ့လည်း သူလင်းဖန် ရဲ့ စွမ်းဆောင်နိုင်စွမ်း တွေကို စမ်းသပ်ချင်ပါသေးတယ်။
သူနဲ့ တူတူ ပြန်ဆော့ ဖို့ ရောက်လာကြတဲ့ လူတွေဟာ မဆော့ခင်မှာ ဝမ်မင်ယန် ကို တကယ့်စောက်ရူး တစ်ယောက်လို အကြည့်တွေနဲ့ ကြည့်ခဲ့ပါသည်။
ဒါပေမဲ့ သူတို့ကို အံ့သြသွားစေတာက ကစားနေတဲ့ ပွဲစဥ်တစ်လျောက်လုံး ဝမ်မင်ယန် ဟာ လုံးဝ ရပ်တန့်လို့မရတဲ့ လောင်းကစား နတ်ဘုရား လိုဆက်တိုက် နိုင်နေခဲ့တာပါ။ပြီးတော့ သူမနေ့က ရှုံးနိမ့်သွားခဲ့တဲ့ ဒေါ်လာ သုံးသန်းကို ပြန်နိုင်တဲ့အပြင် ဝမ်မင်ယန်ဟာ နောက်ထပ် ဒေါ်လာ နှစ်သန်း ပါ ထပ်နိုင်သွားပါသေးတယ်။
အဆုံးမှာတော့ ဒီလူတွေဟာ ဝမ်မင်ယန် လိမ်ညာပြီး ကစားနေတယ်လို့ စွပ်စွဲခဲ့ကြပါသည်။ဒါပေမဲ့ ဝမ်မင်ယန် ရဲ့ စကားကိုကြားတဲ့ အချိန်မှာ သူတို့ ဘာမှ ပြန်မပြောနိုင် ခဲ့ကြပါဘူး။
"မင်းတို့ စောက်ခွက်တွေ ငါ့ရှေ့မှာ ထပ်မပေါ်လာစေနဲ့။ မဟုတ်ရင် ငါမင်းတို့ကို တစ်သက်လုံး မမေ့နိုင်တဲ့ သင်ခန်းစာ ပေးလိုက်မယ်။မင်းတို့သုံးယောက်လုံး ပေါင်းပြီး ငါ့ငွေတွေကို လိမ်ဖို့ကြိုးစားနေတာ မသိလောက်အောင် ငါကို စောက်ရူးများထင်နေလား"
ဒီလူ သုံးယောက်လုံးယာ လုပ်ငန်း တွေ လုပ်ကိုင်တဲ့ သူဌေးတွေပါ။ဒါပေမဲ့ ဝမ်မင်ယန် နဲ့ ယှဥ်ရင်တော့ သူတို့ လွမ်းမိုး နိုင်စွမ်း ရော ၊ ပါဝါ ရော ယှဥ်လို့မရပါဘူး။အဆုံးမှာတော့ သူတို့ အလျင်အမြန် ထွက်သွားဖို့ပဲ တတ်နိုင်ပါတော့တယ်။
"ဒီမာစတာ လင်း ကဘာလို့ စာမပြန်တာလဲ"
ဝမ်မင်ယန်ဟာ စိတ်မရှည်စွာ ရေရွတ်လိုက်သည်။သူက ကိုယ်စကားကို တည်တဲ့ လူစားမျိုးပါ၊ သူလင်းဖန် ကို ပိုက်ဆံ ပေးမယ်လို့ ပြောပြီး မပေးဖြစ်ရင် နေရတာ သက်တောင့်သက်သာ ရှိမှာ မဟုတ်ပါဘူး။
ခနအကြာမှာ လင်းဖန် ရဲ့ စာပြန် မူကို တွေ့လိုက်ရပါတယ်။
"ပေးဖို့ မလိုဘူး၊ အခုကာလ က အလကား ဟောပေးတဲ့ ကာလပဲ ဒီတော့ ဘာ အခကြေးငွေမှ မကောက်ဘူး"
လင်းဖန် ရဲ့ စာကြောင်းကို မြင်လိုက်တဲ့ အချိန်မှာ ဝမ်မင်ယန် ဟာ ဆွံ့အ သွားခဲ့ပါတယ်။လင်းဖန် က သူ့ကို လုံးဝ မျက်နှာသာ မပေးသလိုပါပဲ။
..............
ဝမ်မင်ယန် ဟာ လင်းဖန် သူ့ကို ဒီလိုစာ ပြန်လိုက်တာကို ဘယ်လောက်ဝမ်းနည်း နေလဲ သူမသိနိုင်ပေ။
လင်းဖန်လိုလူက ဒီလို အလကား ရမယ့် ပိုက်ဆံကို ငြင်းရလောက်အောင် စောက်ပိန်း မဟုတ်ပါဘူး။လင်းဖန် ဒီလိုမျိုး စာပြန်လိုက်တာဟာ စွယ်စုံကျမ်းက သူ့ကို သတိပေးလာလို့ပါ...
"သင်၏ စကားကို သင်တန်းဖိုးထားဖို့ လိုအပ်သည်။သင် အခမဲ့ ဟု ကြေငြာထားသဖြင့် မည်သည့် အခကြေးငွေ မှလက်မခံသင့်ပေ။မဟုတ်လျှင် သင်ကြီးလေး သည့် အပြစ်ဒဏ် ခံရနိုင်သည်"
မင်းနှမကြီးတော် ကိုပဲ ကြီလေးတဲ့ ပြစ်ဒဏ်သွားပေးလိုက်ပါလား ၊ ငါရမယ့် ဒေါ်လာတစ်သန်း က ဘာ အပြစ်မှ မရှိဘူးလေ....
"မဟုတ်ဘူး၊ ငါ ဝမ်မင်ယန် က ကိုယ့်စကားကို တည်တဲ့ လူပဲ ။ မင်းရဲ့ ဘဏ်အကောင့် ငါကို ချက်ချင်းပေးလိုက်"
လင်းဖန်ဟာ ဝမ်မင်ယန် ရဲ့ နောက်ထပ်တက်လာတဲ့ စာကို မြင်တဲ့ အချိန်မှာ ပိုပြီးတော့တောင် ရင်နာနေခဲ့ပါပြီ။ယင်းနောက် သူဟာ ရင်နာနာနဲ့ စာပြန်လိုက်သည်။
"ငါ အခမဲ့လို့ ပြောပြီးပြီလေ။ငါ မာစတာ လင်း ကလည်း ပြောပြီးသား စကားကို ဘယ်တော့မှ ပြန် မရုတ်သိမ်းဘူး"
ဝမ်မင်ယန် ဟာလည်း ဒေါသ ထွက်လာခဲ့ပါသည်။ဒီလို ပိုက်ဆံ အလကား ပေးဖို့ လုပ်နေတာကို စောက်ရူး တစ်ယောက် ဆိုရင်တောင် ငြင်းမှာမဟုတ်ပါဘူး။
"မင်းက စောက်ရူးပဲ ဟုတ်တယ်မလား"
လင်းဖန် အသဲကွဲနေခဲ့တာပါ။ဒါပေမဲ့ ဝမ်မင်ယန်ရဲ့ ပြန်ပြောလာတဲ့ စာသားကို မြင်တဲ့ အချိန်မှာ ဒေါသ ထွက်သွားခဲ့ပါတယ်။
"ယီးပဲလေ ..မင်းသာ ရူးနေတာ ။ငါအခု မင်းပိုက်ဆံကို လက်မခံဘူးကွာ ...မင်းဘာလုပ်ချင်လဲ"
လင်းဖန် အခုချိန်မှာ တကယ်ဒေါသ ထွက်နေခဲ့ပါတယ်။သူ ဝမ်မင်ယန် ကို အခမဲ့ အနေနဲ့ ဗေဒင်တွက်ပေးခဲ့ပြီး ကံကောင်းပါစေလို့တောင် ဆုတောင်းပေးခဲ့ပါသေးတယ်။ဒါကို ဒီလူက သူ့ကို လာပြီး ဆဲရေးနေခဲ့သည်။
"မင်းက သေချင်နေတာပဲ ၊ မင်းတော့ တကယ်သေပြီပဲ ၊ မင်းရဲ့ ဆိုင်လိပ်စာ ကို အခုပို့လိုက် ငါမင်းဆိုင်ကို မပိတ်ပိတ်အောင် လုပ်ပြမယ်"
ဝမ်မင်ယန် ဟာ ဒီလို အခြေအနေ နဲ့တစ်ခါမှ မကြုံဖူးပါဘူး။သူက ဗေဒင် ဟောခ အဖြစ် ပိုက်ဆံပေးဖို့ လုပ်နေတာကို ဒီကောင်က ဟိတ်ကြီးဟန်ကြီး လာလုပ်နေပါတယ်။
"မင်းငါ့ကို လာချိန်းခြောက်မနေနဲ့၊ နားထောင် ငါ့လိပ်စာက ရှန်ဟိုင်က တိမ်ဖြူလမ်း ၊ ဘလောက် 8861 ပဲ ။မင်းပိုက်ဆံကို သာ ငါလက်ခံရင် ငါက ခွေးသားပဲ"
"ခွေးသား ဟုတ်လား? မင်းသာ ငါ့ပိုက်ဆံကို လက်ခံရင် မင်းဟာမင်း ခွေးသား လို့ သတ်မှတ်မယ်ပေါ ? ကောင်းပြီ ကောင်းပြီ မင်းငါ့ကို စောင့်နေလိုက်တော့..."
........
မြို့ထဲရှိ အိုဟောင်းပြီး နွေးထွေးသည့် အိမ်လေးတစ်ခုတွင် ။
အသုံးပြုသူအမည် - ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ ကောင်လေး ........ဆိုသည့်
လူတစ်ယောက်ဟာ ဝိုက်ဘို( weibo)ကွန်မန့် များကို မယုံနိုင်သည့် မျက်နှာ ဖြင့် ဖတ်နေရင်း
ရုတ်ရက် ထအော်လိုက်ပါတယ်
"ဒီနှစ်ကောင်က တကယ် စောက်ရူးနှစ်ကောင်ပဲ ဖြစ်ရမယ် ၊ ဟုတ်တယ်မလား"