ရန်သူက ဒီမှာရောက်နေပြီ
Vol. 2 Ch. 29
နောက်တစ်နေ့မနက် ၊ တိမ်ဖြူလမ်း ဘလော့ 8861 တွင်။
အသစ်ဖွင့်ထားတဲ့ ဗေဒင်ဆိုင်ခန်းလေးဟာ ကာစတန်မာတွေ အများကြီးကို မဆွဲဆောင် နိုင်ပါဘူး။သိုပေမဲ့ လည်း ဘေးနား ဝန်းကျင်မှာ ရှိနေတဲ့ ဆိုင်များမှ ဝန်ထမ်းလေးတွေရဲ့ အာရုံစိုက်မူကို ရနေခဲ့ပါတယ်။
"ကြည့်ရတာ ငါတို့ရှေ့မှာ ရှိတဲ့ ဗေဒင်ဟောတဲ့ ဆိုင်လေးက ပိုင်ရှင် ပြောင်းသွားပြီ ထင်တယ်"
"ဒီနေ့ ခေတ်မှာ ဒီလို အလိမ်အညာတွေကို ဘယ်သူမှ မယုံတော့ဘူးလေ ၊ သူလည်း အရင် တစ်ယောက်လို လအနည်းငယ်ပဲ ကြာလိမ့်မယ်"
"ပိုင်ရှင် အသစ်က ကြည့်ရတယ် ငယ်ရွယ်ပြီး ချောမောမဲ့ ပုံပဲ"
"အဲတာဆို ပိုတောင် ဆိုးသေးတယ်၊ ဗေဒင်ပညာ ဆိုတာက ငယ်ရွယ်လေ ပိုပြီး မယုံရလေပဲလေ"
.......
ပထမဆုံးနေ့ ဆိုင်စဖွင့်တဲ့ နေ့မှာ လင်းဖန်ဟာ ခွန်အား တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
ရှန်ဟိုင်း ဆိုတဲ့ မြို့ က ရွှေတွင်းကြီး တစ်တွင်းနဲ့တူပါတယ်။တစ်စုံတစ်ယောက်ဟာ လုံလောက်အောင် ကြိုးစား အားထုတ်ပြီး တူးယူနေသ၍ တူညီတဲ့ အကျိုးအမြတ်တွေ ကိုပြန်လည်ရရှိမှာဖြစ်ပြီး ချမ်းသာဖို့ဆိုတာ အလွယ်လေးပါ။
လောလောဆယ် လူလိမ် ထျန်ဟာ ဘာမှ လုပ်စရာ မရှိပဲ ထိုင်နေရပါတဟ်။သူဟာ လဘက်ရည် တစ်ခွက်ကို သောက်ရင်း "ရှောင်ရှင်းရဲ့ စည်းမျဥ်းများ" ဆိုတဲ့ စာအုပ်ကို ဖတ်နေခဲ့သည်။
သူဟာ ဝတ်ရုံ အကြီးကြီးကို ဝတ်ထားပြီးတော့ စာဖတ် နေတဲ့ အချိန်မှာ သူဟာ အနည်းငယ်တောင် ခန့်ညားနေခဲ့ပါတယ်။
အချိန်ဟာ တဖြည်းဖြည်း ကုန်သွားခဲ့ပြီးတော့ မနက်ကနေ နေ့လည်တောင် ရောက်လာခဲ့ပါပြီ။သူတို့ ဆိုင်ရှေ့မှာ ဖြတ်သွား ဖြတ်လာ လုပ်နေကြတဲ့ လူတွေက လွဲပြီးတော့ လင်းဖန် ဆိုင်မှာ ကာစတန်မာ တစ်ယောက်မှ မရှိပါဘူး။
လူလိမ် ထျန်ဟာ တစ်ဖြည်းဖြည်းနဲ့ စိတ်မရှည်တော့ပေ။သူအိမ်က ယူလာတဲ့ စာအုပ်အထူကြီး
တောင် ဖတ်လိူ့ ပြီးပါတော့မယ်။သူဟာ မတ်တတ် ထရပ်လိုက်ပြီး ပြောလိုက်သည်။
"ငါတို့ ဒီတိုင်း ဆက်သွားနေလို့ မရတော့ဘူး၊ တစ်ခုခု လုပ်ဖို့ လိုအပ်တယ်..."
"ဘာကိုပြောတာလဲ"
လင်းဖန်ဟာ သူရဲ့ ဗေဒင်ဟောတဲ့ အစွမ်းကို ယုံကြည်ပေမဲ့လည်း နေ့လည် ဘက်ရောက်တဲ့ အထိ ဘာအလုပ်မှ မလုပ်ရသေးပေ။
လူလိမ် ထျန် ဟာ မတ်တတ် ထရပ်လိုက်ပြီး ဆိုင်ရှေ့မှာ ဖြတ်သွားဖြတ်လာလုပ်နေကြတဲ့ လူတွေထဲကမှ အလားအလာ ရှိတဲ့ လူတွေကို အကဲခတ်နေခဲ့ပါတယ်။ခန အကြာမှာပဲ လူလိမ်ထျန်ဟာ ဆိုင်ရှေ့ကို ထွက်သွားလိုက်ပြီး လူငယ်တစ်ယောက်ရဲ့ လမ်းကို ပိတ်ထားလိုက်ပါတယ်။
လူလိမ်ထျန် ဟာ တွေဝေ မနေပဲပြောလိုက်သည်။
"ဟိုင်း ၊ ခင်ဗျားရဲ့ မျက်နှာ အမူအရာက ပုံမှန်အောက် လျော့ကျနေတယ်နော်"
လူငယ် ဟာ သူ့ကို ချက်ချင်း ပြန်အော်ပြောလိုက်သည်။
"ငါနဲ့ ဝေးဝေးမှာ နေစမ်း လူလိမ်ကောင် ၊ မင်းက ကမ္ဘာပေါ်က အမှိုက်တစ်စပဲ"
"အာ"
လူလိမ် ထျန်ဟာ ချက်ချငိး လမ်းဖယ်ပေးလိုက်ရပြီး တဖြည်းဖြည်း ဝေးသွားတဲ့ လူငယ်ရဲ့ နောက်ကျော ကိုကြည့်ကာ ရေရွတ်လိုက်ပါတယ်
"နှမပေး...."
လူလိမ် ထျန် ရဲ့ အခြေအနေကို ကြည့်နေပြီး လင်းဖန်ဟာ မတတ်သာစွာ ခေါင်းခါယမ်းလိုက်ပါသည်။လူလိမ်ထျန် တစ်ခုခု လုပ်မယ် ဆိုတာ ဒီလိုလုပ်မယ် မှန်း သူတကယ် မထင်ထားခဲ့တာပါ။
ဒါက သူတို့ရဲ့ ပထမဆုံးဆိုင်စဖွင့်တဲ့ နေ့ဖြစ်ပြီး သူတို့ရဲ့ ပထမဆုံး စျေးဦးဖောက် ကာစတန်မာ လေးတောင် မရှိပါဘူး။တကယ်ကို စောက်ကျိုးနဲ တာပါ။
လင်းဖန် အရင်ဆုံး ကိုယ့်ကိုကို တည်ငြိမ် အောင်လုပ်လိုက်ပြီးတော့ အသက်ကို ပြင်းပြင်း ရူလိုက်ပါတယ်။ယင်းနောက် သူဟာ ဖုန်းကို ဖွင့်ပြီး ဝှိုက်ဘို ( weibo ) ဆော့ဝဲကို ဖွင့်လိုက်သည်။
"အိုး"
အသုံးပြုသူအမည် = ဇွန်းပါတဲ့ ခါဝဲ အောက်ခံဘောင်းဘီ
"ချန်းရှင်းယီ ၊ အမျိုးသမီး ၊ မတ်လ လေးရက်နေ့
၁၉၉၄ တွင်မွေးသည် ၊ သရုပ်ဆောင်။"
လင်းဖန်ဟာ ဒီ ဝိုက်ဘို (weibo) ဆော့ဝဲက အခြေနေ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ကြည့်ရတာ သူ လိုင်းပေါ်မှာ အခမဲ့ ဟောကြားပေးမယ် ဆိုပြီး ကြော်ငြာတာ မှန်သွားတဲ့ ပုံပါပဲ။သူ အခကြေးငွေ တောင်းချင်ပေမဲ့ လည်း လက်ရှိအခြေနေအရတော့ မဖြစ်နိုင်သေးပေ။
လင်းဖန် ချန်ရှင်းယီ ရဲ့ အချက်အလက်တွေ ကို စွယ်စုံကျမ်း အကူအညီနဲ့ ကြည့်လိုက်တဲ့ အချိန်မှာ သူမဟာ အမှန်တကယ် အနည်းငယ် ကျော်ကြားတဲ့ ဆယိလီ တစ်ယောက်မှန်းသိလိုက်ရပါတယ်။သူမဟာ "တိုကျိုမှ အချစ်" ဆိုတဲ့ ရှိုးပွဲမှာတောငိ အရံ ပွဲကြောငြာသူအဖြစ် လုပ်ဖူးပါတယ်။အဓိက ပွဲကြောငြာသူ မဟုတ်ပေမဲ့ လည်း သူမမှာ တောက်ပတဲ့ အနာဂတ် ရှိတယ် ဆိုတာကိုတော့ ဝန်ခံရမှာပါ။
လင်းဖန် ဟာ စွယ်စုံကျမ်း ရဲ့ အကူအညီနဲ့အရာရာတိုင်း ရှငိးရှင်း လင်းလင်းမြင်နေရပြီး ၊ မနက်ဖြန်ကျ ရင်း ချန်ရှင်းယီရဲ့ ဘဝဟာ တစ်ဆက်ချိုး ပြောင်းလဲမူကြီးရှိနေတာ သိလိုက်ရသည်။
"ကံကြမ္မာကို ဆက်ထိန်းထား၊ မနက်ဖြန်ဆိုရင် အဆင်ပြေသွားမှာပါ"
ဒီစကားတွေဟာ ချန်းရှင်းယီ ရဲ့ ဘဝအပေါ် တည့်တည့်ကြီး မထိရောက်ပါဘူး။ဒါပေမဲ့ ဒါက သူပြောနိုင်တာ အကုန်ပါပဲ။
လင်းဖန် ဝိုက်ဘို (weibo) ဆော့ဝဲကို မပိတ်ခင်မှာ ချန်းရှင်းယီ ရဲ့ ပေ့ထဲကို ဝင်ကြည့်လိုက်ပါတယ်။သူဟာ ချန်ရှင်းယီ ရဲ့ ဓာတ်ပုံတွေနဲ့ သူမပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွေကိုပါ တွေ့လိုက်ရသည်။
ပုံတွေ အကုန်လုံးမှာ ချန်ရှင်းယီဟာ အရံသရုပ်ဆောင် အဖြစ်သာ သရုပ်ဆောင်ထားပြီး ၊တစ်ခါတစ်လေဆို အစေခံ အခန်းကနေတောင် သရုပ်ဆောင်ရပါတယ်။ထပ်ပြောရရင် သူမမှာ ပရိတ်သတ် နှစ်သောင်း ခန့်သာရှိပြီး တကယ့် အစစ်အမှန် ဆယ်လီ တွေနဲ့ ယှဥ်ရင် အတော်ကွာခြားလှပေသည်။
ဒါပေမဲ့ သူမဟာ ငယ်ရွယ်ပြီး ၊ ချောမောလှပ တယ်ဆိုတာကိုတော့ ကျိန်သေ ဝန်ခံ ရမှာပါ။
........
ငှားယမ်းထားသည့် တိုက်ခန်းငယ်လေးတစ်ခုတွင်။
"ရှင်းဟီ မနက်ဖြန်ကျ ရင် ဇာတ်လမ်းတစ်ခုမှာ အစမ်း သရုပ်ဆောင်ဖို့ ရှိတယ်နော်။ငါ အခန်းတစ်ခန်းလောက် ရနိုင်မယ် လို့ထင်လား"
မေးလိုက်တဲ့ မိန်းကလေးဟာ အသက်နှစ်ဆယ် ဝန်းကျင်ခန့်ရှိပြီး ဘေကျင်းမှာ အခြေချပြီး ကြိုစားနေခဲ့တာပါ။သူမဟာလည်း အရံသရုပ်ဆောင် အဖြစ် ဇာတ်ကား တစ်ချို့မှာ ပါဝင် သရုပ်ဆောင် တာကလွဲပြီး ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်အောင် မလုပ်နိင်သေူပါဘူး။
"ငါလည်း မပြောတတ်ဘူး၊ ငါတို့လုပ်နိုင်တာကတော့ အတတ်နိုင်ဆုံးကြိုးသားဖို့ပဲ"
ချန်ရှင်းယီဟာ သူမရဲ့ သွယ်လျတဲ့ ခြေထောက်လေးတွေကို နံရံပေါ်တင်ပြီး ပြောလိုကိပါတယ်။
မနက်ဖြန် အစမ်းလေ့ကျင့် တာက သူမတို့အတွက် သိပ်မကောင်းနိုင်ပါဘူး။
"တကယ်လို့ ငါသာ အောင်မြင်မယ် ဆိုရင် တစ်စုံတစ်ယောက် နဲ့ အိပ်ရမယ်ဆိုရင်တောင် တွေဝေနေမှာ မဟုတ်ဘူး။ငါဒါကို ငါ့ရဲ့ အောင်မြင်မူ အတွက် အသုံးချသင့်ရင် အသုံးချရမှာပဲ"
"လျိုဒန် ၊ နင်တကယ် အတည်ပြောနေတာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား"
ချန်ရှင်းယီ ဟာ လျိုဒန် ကို မယုံကြည်နိုင်စွာကြည့်လိုက်ပါတယ်။
"ဟားဟား ငါမနက်ဖြန် ပြောရမယ့် ဒိုင်ယာလော့ကို ရွတ်ပြနေတာပါ ၊ ငါ့မှာ အဲလိုစိတ်မရှိပါဘူး"
လျိုဒန် ရယ်မောပြီး ရှင်းပြလိုက်သည်။
"ဒါနဲ့ နင့်ရဲ့ Weibo ပေါ်က ဗေဒင်ဆရာ ရောအခြေနေဘယ်လိုလဲ ၊ နင့်ကို ဘာမဟုတ်တာတွေ ပြောလိုက်လဲ? ငါ့အန်တီ ကတောင် နင့်ကို ဗေဒင်တွေကို မယုံဖို့ သတိပေးခိုင်းလိုက်သေးတယ်။ဗေဒင်ဟောဖို့ ဒီလောက်လွယ် နေရင် ဘာလို့ ခက်ခက်ခဲခဲတွေလုပ်ကိုင်စား နေတော့မှာလဲ။လူတိုင်း ဗေဒင်ပဲ ဟောစားနေတော့မယ်"
"နင်သာ ယုံကြည်ရင် အဲတာ အမှန်တကယ် ဖြစ်လာလိမ့်မယ် ၊ နင်သာ မယုံကြည်ရင် အဲတာက ဖြစ်လာမှာ မဟုတ်ဘူး"
ရှင်းယီ ဟာ သူမရဲ့ ဖုန်းကို ထုတ်လိုက်ပြီး ဝိုက်ဘို( weibo ) ဆော့ဝဲကို ဖွင့်ကြည့်လိုက်သည်။
"ကံကြမ္မာကို ဆက်ထိန်းထား ၊ မနက်ဖြန် ဆိုရင် အဆငိပြေသွားလိမ့်မယ်"
"ဒါက ဘာမှ မပြောတာထက်စာရင်တော့တော်သေးတယ်၊ ငါတို့ရဲ့ ကံတရား တွေက အမှန်တရား ကြောင့် ပျက်စီးနေပြီးသားပဲ"
လျိုဒန် ဟာစာကို မြင်ပြီး ပြောလိုကိသည်။
"ငါတော့ နင့်လို မထင်ဘူး၊ ငါမှာ မျှော်လင့်ချက်ရှိသေးတယ်"
ချန်ရှင်းယီ ဟာ လင်းဖန် ပို့ထားတဲ့ စာကို ပြန်ကြည့်လိုက်သည်။ဒါက ဗေဒင်ဟော ထာထက် နှစ်သိမ့် ပေး နေသလိုပါပဲ။
"ဘာ ? မျှော်လင့်ချက်လား? မနက်ဖြန် အစမ်းလေ့ကျင့်ပြီးမှ နင့်မှာ မျှော်လင့်ချက်ရှိဦးမလားကြည့်ကြတာပေါ့"
လျိုဒန် ဟာ ပြောလိုက်ပြီးနောက် ရှင်းယီ အပေါ်ကို တက်ကာ စနောက်ဖို့ လုပ်လိုကိပါတယ်။
"မလှုပ်နဲ့ဦး ၊ ငါ ဗေဒင်ဆရာကို အရင်စာပြန်လိုက်ဦးမယ်....အိုကေ ငါပြီးသွားပြီ ..လျိုဒန် နင်တော့ သေပြီပဲ..."
မကြာခင်မှာပဲ ရင်းနှီးတဲ့ ရယ်မောသံတွေဟာ တစ်ခန်းလုံးကို လွမ်းမိုးသွားခဲ့ပါတယ်။
........
"လူလိမ် ထျန် ၊ တစ်ခုခု လုပ်ကြရအောင်"
လင်းဖန် ခနကြာအောင် စဥ်းစားလို့ အပြီးမှာတစ်ခုခု လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
"ဘာလုပ်ဖို့လဲ"
လူလိမ် ထျန်ဟာ လင်းဖန် ကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့သည်။ဘာဆက်လုပ်ရမလဲ သူလည်း တကယ်မသိတော့ပါဘူး။
"တို့ဒီမှာ ထိုင်ပြီး စောင့်နေတာ ထက်စာရင် လမ်းထဲကို ထွက်ပြီးဆွဲဆောင် ကြရအောင်"
လင်းဖန် ပြောလိုက်သည်။
"ငါ ခုနက ပြောတာလည်း အဲတာပဲလေ။ငါတို့ ထိုင်နေလို့ အဆင်ပြေမှာ မဟုတ်ဘူး"
လူလိမ် ထျန်ဟာ ဖတ်လက်စ စာအုပ်ကို ဘေးနားချလိုက်ပါတယ်။သူ ကာစတန်မာတွေကို ဆွဲဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
အဲ့အချိန်မှာ ပဲ အရှိန်ပြင်းသွားမောင်းနှင်လာတဲ့ ပြိုင်ကားတစ်စီးရဲ့ အသံကို လမ်းထဲမှာ ကြားလိုက်ရပါတယ်။
"အိုး ဒီလို ကားမျိုး ဆိုရင် ဘယ်လောက်တောင် စျေးကြီး လိုက်မလဲ"
လူလိမ် ထျန်ဟာ ပြိုင်ကားလေးကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့ပါတယ်။
"အာ ကြည့် ၊ ဒီကားက ငါတို့ ဆိုင်ရှေ့နားမှာ ရပ်သွားတာပဲ။သူဒီကို ဗေဒင်မေးဖို့လာတာထင်တယ်"
လူလိမ် ထျန်ဟာ အလျင်စလိုနဲ့ ပြောလိုက်သည်။
"ငါတို့ ဒီလို အခွင့်အရေးကို အကောင်းဆုံး အသုံးချရမယ်၊ မြန်မြန် ပြင်ဆင်ထား"
ပြိုင်ကားလေးရဲ့ နောက်မှာတော့ မာစီးတီး ကားလေး တစ်စီးဟာ ထပ်ပြီး ရပ်သွားခဲ့ပါတယ်။မာစီးတီး ကားပေါ်မှ လူနှစ်ယောက် ထွက်လာခဲ့ပြီး တစ်ယောက်ဟာ လက်ဆွဲအိတ်တစ်လုံးကို ကိုင်ထားသည်။နောက်တစ်ယာက်ဟာတော့ အလျင်မြန်ပဲ ပြိုင်ကားရဲ့ တံခါးကို ပြေးဖွင့်ပေးပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေတာ တွေ့လိုက်ရပါသည်။
ပြိုင်ကား လေး လမ်းထဲမှာ ရပ်သွားတဲ့ အချိန်မှာပဲ အနားဝန်းကျင်ရှိ လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။အနောက်တိုင်း ဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်ဟာ
ကားထဲမှ ဖြည်းဖြည်းချင်းထွက်လာခဲ့သည်။
ဘေးနားရှိ လူအများထဲမှ မိန်းကလေး တစ်ချို့ဟာလည်း မြင်ကွင်းကို ကြည့်ပြီး စိတ်လှုပ်ရှားနေခဲ့ပါသည်။
"ဘယ်လောက်မိုက်လဲ ၊ သူက ဒီလို ပြိုင်ကားမျိုးတောင် ပိုင်တယ် ဆိုတော့ အတော်ချမ်းသာလို့ပဲ ဖြစ်မယ်"
ဝမ်မင်ယန်ဟာ ပြိုင်ကားလေးထဲကနေ ထွက်လာအပြီးမှာနေကာမျက်မှနိကို တပ်လိုက်ပါတယ်။ယင်းနောက် ခေါင်းကိုမော့ကာ ဆိုင်ဘုတ်ကို တစ်ချက်ဖတ်ကြည့်ပြီး ပြုံးဖြဲဖြဲ လုပ်လိုက်သည်။
"ဟားဟားးးးး"