အခန်း (၈၉)
Vol. 6 Ch. 89
"ဟုတ်ပြီလေ ငါမင်းတို့ကောင်တွေကို ထပ်ပြီးမမြင်ချင်တော့ဘူး....တစ်ယောက်ယောက်ကို ဒဏ်ရာရသွားတဲ့လူတွေကို အိမ်ပြန်လိုက်ပို့ခိုင်းပြီး လျှော်ကြေးငွေပေးလိုက်ကြ။သွားသွာ....ငါ့ရှေ့ကထွက်သွားကြတော့...." ဖှေး သူ၏လက်များကို ယင်ကောင်မောင်းသလိုဝှေ့ရမ်းလိုက်သည်။ သူ၏စိတ်မရှည်သည့်အမူယာမှာလုံးဝထင်ရှားနေသည်။
"ကောင်းပါပီဗျ ဟုတ်ကဲ့ဟုတ်ကဲ့...."
ဇိုလာနှင့် လူစီယာနို ရိုသေစွာဖြင့်ခေါင်းငြိမ့်ပြလိုက်ပြီး ပညာသင်သူတော်စဥ်များနှင့် အခြွေရံမြင်းစစ်သည်များကို အမိန့်ပေးရန်တစ်ဖက်သို့လှည့်လိုက်သည်။ "မင်းတို့ကောင်တွေ မင်းတို့ကြောင့် ဒဏ်ရာရသွားတဲ့ဘုရားသခင်ရဲ့သားတော်သမီးတော်တွေကို အိမ်ပြန်လိုက်ပို့လိုက်ကြ...မင်းတို့ကောင်တွေတော်တော်ကြမ်းသွားခဲ့တာပဲ တစ်ယောက်ကို ရွှေဒင်္ဂါး၁၀စီလျှော်ကြေးပေးလိုက်။ အော် မဟုတ်သေးဘူး ရွှေဒင်္ဂါး၂၀စီပေးလိုက်ကွာ....."
ဒဏ်ရာရနေသူတစ်ချို့မှာ လမ်းကောင်းကောင်းမလျှောက်နိုင်သည်ကို ဇိုလာတွေ့လိုက်ရသောအခါ ချက်ချင်းအမိန့်ပေးလိုက်သည်။ "ငါ့ရထားလုံးကိုသုံးလိုက်.....ငါ့ရထားလုံးကိုအသုံးပြုပြီး သူတို့တွေကို အိမ်ကောင်းကောင်းမွန်မွန်ပြန်ပို့လိုက်ကွာ...."
ပညာသင်သူတော်စဥ်များမှာအလွန်အံ့သြ သွားကြပြီး သူတော်စဥ်ဇိုလာအား ကြောင်ကြည့်နေကြသည်။ သူတို့အားလုံး နားကြားများမှာနေသလားဟုပင်ထင်ရသည်။ ဇိုလာသည် ဤရထားလုံးအားရရန်အတွက် ပိုင်ဆိုင်မှုများစွာအသုံးပြုခဲ့ရပြီး ပုံမှန်စီးနှင်းအသုံးပြုရန်ပင်နှမြောနေခဲ့သည်။ သူကအခုတော့ တကယ်ပဲအခုလိုညစ်ပတ်နေတဲ့သာမန်လူတွေကို အိမ်ပြန်လိုက်ပို့ဖို့အသုံးပြုတော့မှာလား....။
"မင်းတို့ကောင်တွေဘာတွေကြောင်ကြည့်နေကြတာလဲ ငါခိုင်းတာအမြန်လုပ်တော့လေ....."
ဇိုလာ ပညာသင်သူတော်စဥ်များကို အော်ဟစ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာမေးလိုက်သည်။
"အရှင်မင်းကြီး ဘယ်လိုထင်ပါသလဲ....စိတ်ကျေနပ်ပါရဲ့လား....."
ရွှေဒင်္ဂါး၂၀ဆိုသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်ရှိသာမန်ပြည်သူများ၏ တစ်နှစ်စာဝင်ငွေမျှရှိသည်။ ဒဏ်ရာရသွားသည့် မြို့သူမြို့သားအများစုမှာ မြင်းစစ်သည်များနှင့် ပညာသင်သူတော်စဥ်များကြောင့် အနည်းငယ်ပွန်းရုံပဲ့ရုံမျှပင်ရှိသည်။ အပြင်းအထန်ဒဏ်ရာရသွားသူဟူ၍ ကြာပွတ်ဖြင့်အရိုက်ခံရသော အမျိုးသမီးသာရှိသည်။ သူမလည်း ယခုအချိန်တွင် ဒဏ်ရာများပျောက်ကွယ်သွားပြီးဖြစ်ပြီး လျှော်ကြေးအဖြစ် ရွှေဒင်္ဂါး၁၀၀လဲရရှိသွားပြီဖြစ်သည်။ လူစီယာနို နှင့် ဇိုလာတို့မှာ အရာအားလုံးကိုအတွက်အချက်မှားခဲ့သဖြင့် ယခုအချိန်တွင် ဂုဏ်သရေနှင့် ငွေများကုန်ဆုံးနေရ၏။
ဖှေး၏ဒေါသများမှာ အနည်းငယ်လျှော့နည်းသွားပြီဖြစ်သည်။ သူခေါင်းငြိမ့်ပြီး သူ၏လက်ကိုဝှေ့ရမ်းကာ "ဟုတ်ပြီ ငါ့ရှေ့ကထွက်သွားကြတော့....."
သူ၏အပြုအမူမှာ လုံးဝစိတ်မရှည်သည့်ဟန်ပင်။
သို့သော် ဇိုလာနှင့် လူစီယာနိုတို့မှာ လုံးဝပင်ဒေါသမဖြစ်ချေ။ ထိုအစား ဤကဲ့သို့အပြုအမူမှာ ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များတွင် ရှိသင့်ရှိထိုက်သောအပြုမူဟုသာ မှတ်ယူကြသည်။ အကြိမ်ပေါင်းများစွာ ခေါင်းငြိမ့်ပြီး ထက်မံတောင်းပန်ကာ အခြွေရံများ ပညာသင်သူတော်စဥ်များနှင့်အတူထွက်ခွာသွားကြတော့သည်။
ရက်စက်တတ်သည့် ဘုရားကျောင်းမှလူများ ရှက်ရွံ့စွာဖြင့် ထွက်သွားသည်ကို မြင်လိုက်ရပြီး ချမ်းဘော့ဒ်မြိုသူမြို့သားတို့မှာ အိမ်မက်မှနိုးလာသကဲ့သို့ပင် ခံစားလိုက်ရသည်။ ကြင်နာတတ်သောဘုရင်အလတ်ဇန္ဒားမှာ ပြည်သူများကိုထက်မံကယ်တင်လိုက်နိုင်ပြီး အံ့သြစေလိုက်ပြန်ပြီဖြစ်သည်။ လက်ခုပ်သံများနှင့် အော်ဟစ်အားပေးသံတို့မှာ မိုးချိန်းနေသည့်အလားပင်။
လှပသော အန်ဂျယ်လာနှင့် အန်မာတို့မှာ လူအုပ်ထဲတွင်ရပ်နေပြီးဖှေးအား လေးစားသည့်အကြည့်ဖြင့်ကြည့်နေကြသည်။
အရာအားလုံးအဆင်ပြေ သွားသည်ကိုမြင်ရသော် လမ်းပါ့ဒ်မှာတစ်ဖက်သို့လှည့်ကာ တိတ်တဆိတ်ထွက်ခွာသွားတော့သည်။
တစ်ဖက်တွင်ဖှေးသည် ဖြေးညင်းစွာထွက်ခွာသွားကြသည့် မဟာဘုရားကျောင်းမှလူများကို လိုက်ကြည့်နေသည်။ ဖှေး အရှေ့မှဖြတ်သွားစဥ် မှော်ရထားလုံး၏ ပြတင်းပေါက်မှတဆင့် အနည်းငယ် နေမကောင်းဖြစ်နေသည့်ပုံရှိသည့်ကောင်လေးတစ်ယောက်ကို ရထားလုံး၏အနောက်ခန်းတွင်လှမ်းမြင်လိုက်ရသည်။ ထိုကောင်လေး၏ကြည်လင်နေသော အပြာရောင်မျက်လုံးများမှာ ဖှေးအားအလွန်ထူးဆန်းသည့်ခံစားချက်တစ်ခုကို ပေးလျှက်ရှိသည်။
"သူက ဘယ်သူလဲ...."
အကြောင်းတစ်စုံတစ်ရာကြောင့် ထိုကောင်လေးနှင့်ပတ်သက်ပြီး ဖှေး၏စိတ်ထဲတွင် သိလိုစိတ်များစွာပေါ်ပေါက်လာတော့သည်။
ဖှေး ဆံပင်ရွှေရောင်နှင့် ရုပ်ဖြောင့်ဖြောင့်ကောင်လေးအား စိတ်ဝင်စားသည်ဟုဆိုခြင်းမှာ ဖှေးသည် လိင်တူစိတ်ဝင်စားတူတစ်ယောက်ဖြစ်၍မဟုတ်ပေ။ တကယ်တန်းတွင်ဖှေး၏ လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုမှာ ပုံမှန်သာဖြစ်သည်။ သူယောက်ျားအခြင်းခြင်းစိတ်ဝင်စားမှုမရှိချေ။ ထိုလျို့ဝှက်ထူးဆန်းသည့်ကောင်လေးမှာ ဖှေးအားထူးဆန်းသည့်ခံစားချက်များကိုပေးလျှက်ရှိသည်။ တစ်ခါတစ်ရံတွင် ထိုကောင်လေးသည် အဆုံးဆမဲ့ပင်လယ်ပြင်ကြီးသကဲ့သို့ စွမ်းအားကြီးမားသလိုခံစားနေရသည်။ တစ်ခါတစ်ရံတွင်လည်း မီးစာကုန်လာနီးဖယောင်းတိုင်တစ်ချောင်းကဲ့သို့ အားအင်ချိနဲ့နေသလိုခံစားနေရသည်။
မကောင်းသည့်လူနှစ်ယောက်ဖြစ်သည့် ဇိုလာနှင့် လူစီယာနိုတို့နှင့် စကားများပြီး ပါလာဒင်ဇာတ်ကောင်အဖြစ်ပြောင်းလဲခြင်းကြောင့် သူ့အားမဟာဘုရားကျောင်းမှလူများက [ဘုရားသခင်၏ အနှစ်သက်ဆုံးသားတော်]ဟုထင်သွာသည့်အပြင် ဤဆံပင်ရွှေရောင်နှင့်ကောင်လေးနှင့်တွေ့လိုက်ရသည်ကို ဖှေးပို၍ထူးဆန်းသလိုခံစားရသည်။
ရထားလုံးဖြတ်သွားစဥ် ထိုလျို့ဝှက်ထူးဆန်းသည့်ကောင်လေးမှာလည်း သူ့အားအသေအချာလေ့လာသွားကြောင်း ဖှေးသေချာသိသည်။
လမ်းပေါ်ရှိလူအုပ်ကြီး တဖြည်းဖြည်းလူစုကွဲသွားကြသည်။
ဖှေးလဲ အန်ဂျယ်လာနှင့် အန်မာတို့၏ သေးငယ်သောလက်များကို ကိုင်ဆွဲပြီးနန်းတော်သို့လမ်းလျှောက်ပြန်လာခဲ့သည်။ သူ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသောကောင်မလေးနှစ်ယောင်၏ ဖြစ်ပျက်သွားသည့်ကိစ္စများအကြောင်း စကားပြောနေသည်က်ို နားထောင်ရင်းပြုံးလျှက်ရှိနေသည်။ ရွှေရောင်နေရောင်ခြည်များ သူတို့သုံးယောက်အပေါ်တွင်ကျရောက်နေပြီး မြေပြင်ပေါ်တွင်အရပ်အမြင့်မတူသည့်အရိပ်သုံးခု ပေါ်ထင်နေသည်။
"အလတ်ဇန္ဒား ဘာလို့အဲ့လူနှစ်ယောက်က နင့်ကိုဆရာလို့ခေါ်နေကြတာလဲ....နင်ဘယ်အချိန်တုန်းပ မဟာဘုရားကျောင်းမှာ အဖွဲ့ဝင်လိုက်တာလဲ...." အန်မာ ဖှေးအားမေးလိုက်သည်။
"ငါလဲမသိဘူး သူတို့ငါ့ကိုတစ်ယောက်ယောက်နဲ့လူမှားနေကြတာလားမသိဘူး...." ဖှေး အန်မာအား လေးလေးနက်နက်မရှိသော အဖြေတစ်ခုပေးလိုက်သည်။
"လူမှားတာဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...နင်မပြောချင်လဲနေပေါ့...."
ကောင်မလေးမှာ အနည်းငယ်စိတ်ဆိုးသွားသည်။ ဖှေး ဆုပ်ကိုင်ထားသော သူမ၏လက်ကိုပြန်လည်ဆွဲယူရန်ကြိုးစားလိုက်သည်။ သို့သော် နောက်ဆုံးတွင် ဖှေး၏လက်မှ နွေးထွေးသောခံစားချက်မကိုမလွန်ဆန်နိုင်သဖြင့် အလျော့ပေးကာ သူမ၏လက်အားဆက်လက်ဆုပ်ကိုင်ခွင့်ဘပြုထားလိုက်ရတော့သည်။ သူမ ဖှေးအားစိတ်ဆိုးစွာဆက်ကြည့်နေသည်။
ဖှေး ပြန်လည်ပြုံးပြလိုက်ပြီး ဘာမှမပြောချေ။
ဖှေးလည်းအမှန်တကယ်ရှင်းမပြနိုင်ချေ။ ထိုလူနှစ်ယောက်မှာ သူ့အားလူမှားနေခဲ့ခြင်းလည်းမဟုတ်။
သို့သော် ဇိုလာပြောခဲ့သည့်အရာတစ်ခုကို ဖှေးသတိထားမိသည်။
မဟာဘုရားကျောင်းမှ ချမ်းဘော့ဒ်ကျောက်တံတားပေါ်၌ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အောက်လမ်းပညာတစ်ခုအသုံးပြုခဲ့သည့်အကြောင်းကို အတိအကျသိသွားလိမ့်မည်ဟု ဖှေးမမျှော်လင့်ထားပေ။ ဤသည်မှာ သတိထားစရာအချက်အလက်များစွာကိုဖော်ပြသွားသည်။
ပထမဆုံးအနေဖြင့် အောက်လမ်းဆရာဇာတ်ကောင်၏အစွမ်းမှာ အပြင်ကမ္ဘာတွင်မဟာဘုရားကျောင်းမှ လုံးဝတားမြစ်ထားသည်ဟူသောအချက်ပင်။ ထို့ကြောင့် အနာဂတ်တွင် အောက်လမ်းဆရာဇာတ်ကောင်၏အစွမ်းများအသုံးပြုမည်ဆိုပါက အထူးဂရုစိုက်ရမည်ဖြစ်သည်။ အနည်းဆုံး မဟာဘုရားကျောင်းအားတစ်ယောက်တည်းမရင်စိုင်နိုင်ခင်အချိန်ထိတော့ ဂရုစိုက်သွားရမည်ဖြစ်သည်။ သူ့အနောက်သို့လိုက်နာနိုင်မည့် သဲလွန်စများချန်မထားမိခဲ့စေရန်အတွက် ဂရုစိုက်ရမည်။ သို့မဟုတ်ပါက ရူးသွပ်နေသော သူတော်စဥ်များက သူ့အားတိုင်တွင်ချည်ပြီး မီးတင်ရှို့ကြမည်ဖြစ်သည်။
နောက်တစ်ချက်မှာ မဟာဘုရားကျောင်းတွင် ကြောက်မက်ဖွယ်ကောင်းသော သတင်းထောက်လှမ်းသည့်အဖွဲ့စည်းတစ်ခုရှိသည်က်ို ဖှေးသိလိုက်ရသည်။ သတင်းအချက်အလတ်စုဆောင်းချက်းနှင့် ပေးပို့ဖြန့်ဝေခြင်းတို့မှာ မြေကမ္ဘာမှအင်တာနက်လိုင်းများရှိနေသကဲ့သို့ပင် လျှင်မြန်လှသည်။ ဖှေးမသိသေးသော ဆက်သွယ်မှုကွန်ယက်တစ်ခုအသုံးပြုနေကြသည် ဖြစ်နိုင်သည်။ ဤအချက်မှ ချမ်းဘော့ဒ်တိုင်းပြည်၏ ရန်သူဖြစ်သော အန်ဟိုဗင် အင်ပါယာ၏ထောက်လှမ်းရေးစနစ်များမှာ မဟာဘုရားကျောင်းမှထောက်လှမ်းရေးစနစ်နှင့် နှိုင်းယှဥ်၍ပင်မရကြောင်းသိရှိလိုက်ရသည်။ အကယ်၍ မဟာဘုရားကျောင်းကသာ အမဲရောင်ချပ်ဝတ်နှင့်စစ်သည်များဘာဖြစ်သွားသည်ကို သိရှိလိုပါက ဘာမှပင်ကြာမည်မဟုတ်ပေ။ ရလဒ်အနေဖြင့် ချမ်းဘော့ဒ်တိုင်းပြည်၏ လုံခြုံရေးမှာအကြီးအကျယ်ခြိမ်းခြောက်ခံနေရသည်ဟု ဖှေးခံစားနေရသည်။ အကယ်၍ အရာအားလုံးကိုစနစ်တကျမကိုင်တွယ်ပါက ချမ်းဘော့ဒ်တွင်ရှိနေသော ဒဏ္ဍာရီလာမြေဟောင်းများအကြောင်းပင် အပြင်သို့အချိန်မရွေးပေါက်ကြားသွားနိုင်သည်။
ဖှေး သူ၏ဘုရင်ရာထူးမှာ အလွန်အဖြစ်ဆိုးသည်ဟုပင်တွေးမိသည်။ ဖှေး ဤကမ္ဘာသို့ရောက်လာသည့်အချိန်မှစပြီး တစ်ရက်မှနားနားနေနေမနေရသေးပေ။ ပေါ်ပေါက်ဘာသောပြသနာများစွာကိုဖြေရှင်းပေးနေရသည်။
သူတို့နန်းတော်သို့ရောက်သည့်အချိန်တွင် အစေခံများမှာညစာပြင်ဆင်ပြီးပြီဖြစ်သည်။
ဖှေးဤကမ္ဘာမှ စားသောက်ပုံဓလေ့နှင့်အသားကျခြင်းလုံးဝမရှိသေးပေ။ သစ်သီးဝလံများနှင့် အသားကင်များမှလွဲ၍ ပေါင်မုန့်အကြမ်းနှင့် အနံ့ပြင်းသောနွားနို့တို့သာရှိသည်။ ရံဖန်ရံခါအတွက်ဆိုကာကစိတ်အပြောင်းလဲဖြစ်ပြီး စားသောက်လို့ကောင်းမည်ဖြစ်သည်။သို့ရာတွင် နေ့တိုင်းဤဟာများကြည့်စားနေရသည့်မှာ အချိန်အတန်ကြာပြီဖြစ်သဖြင့် ဖှေးဤစားစရာများကိုမြင်သည့်အချိန်တ်ိုင်းပင် အန်ချင်သလိုဖြစ်လာသည်။
သို့သော် အန်ဂျယ်လာနှင့် အန်မာတို့အစားစာကိုနှစ်သက်စွာစားသောက်နေသည်ကိုတွေ့သောအခု ဖှေးပန်းသီးတစ်လုံးကိုသာယူပြီးကိုက်စားလိုက်သည်။
"ငါချမ်းဘော့ဒ်တိုင်းပြည်က စားသောက်မှုပုံစံတွေကိုရောပြောင်းလဲမှထင်တယ်....အနည်းဆုံးတော့ ငါအရည်အချင်းရှိတဲ့ စားဖိုမှူးတွေခန့်အပ်ပြီး သေချာလေ့ကျင့်ပေးရမယ်....ဒါပေမယ့် KFCတို့ ဘာတို့ကလို ဘာဂါတွေတော့သူတို့လုပ်နိုင်မှာမဟုတ်ဘူး...ပါဝင်ပစ္စည်းတွေကိုလဲငါမှမသိတာ....သိရင်လဲ ဒီကမ္ဘာမှာရှိမှာမဟုတ်ဘူး....ဒါပေမယ့် သူတို့ ဟော့ပေါ့တို့ ကြက်စွပ်ပြုတ်တို့တော့ သင်ပေးရင်လုပ်တတ်လောက်ပါတယ်...အသားကင်နဲ့သစ်သီးတွေကြည့်ပဲနေ့တိုင်းစားရတာ တော်တော်ဆိုးတာပဲ"
ဖှေး တွေးနေစဥ်တွင် စားပွဲတစ်ဖက်ရှိအန်ဂျယ်လာနှင့် အမ်မာတို့မှာ ဖှေးဒီဇိုင်းဆွဲခဲ့သည့် အမျိုးသမီးဝတ်အဝတ်စားများကို ဝတ်ဆင်ထားကြသည်။ ဝတ်စားဆင်ယင်မှုဓလေ့များပြောင်းလဲခြင်းမှာ ထင်ရှားစွာပင်အောင်မြင်ခဲ့သည်။ ဤအချက်မှာ ဖှေး၏မိမိကိုယ်ကိုယုံကြည်ချက်ကိုမြင့်မားစေသည်။
"အန်ဂျယ်လာ နင်ဝတ်စုံအသစ်တွေကို ဘယ်လိုသဘောရလဲ...." ဖှေး ပန်းသီးတစ်လုံးကို ကိုက်ပြီးမေးလိုက်သည်။
မိဘုရားလောင်းမှာ သူမ၏နှုတ်ခမ်းတွင် ပေကျံနေသောဆီများကို လက်ကိုင်ပဝါအဖြူတစ်ထည်ဖြင့်သုတ်နေသည်။ ဖှေး၏မေးခွန်းကိုကြားသော ပျော်ရွှင်စွာဖြင့် ရယ်မောပြီး "အဲ့တာအံ့သြဖို့ကောင်းတာပဲနင်သိလား အခုဆိုရင်တိုင်းပြည်ထဲမှာရှိတဲ့မိန်းကလေးတိုင်း ဘုရင်အလတ်ဇန္ဒားဒီဇိုင်းဆွဲပေးထားတဲ့ဝတ်စုံကို အမြတ်တနိုးဝတ်ဆင်နေကြတယ်....အပ်ချုပ်သမ အန်တီအယ်လီဇာတို့ဆို လက်မလည်အောက်ပဲ ဆွေကြီးမျိုးကြီးအမျိုးသမီးတွေဆ်ို အဲ့လိုဒီဇိုင်းနဲ့၁၂ထည်လောက်လာလာမှာသွားကြတယ်လေ....တိုင်းပြည်ထဲမှာရှိတဲ့ ပိတ်စကုန်သည်တွေလဲအတော်ရောင်းရလို့အဆင်ပြေနေကြတယ်....အလတ်ဇန္ဒား မြို့သူမြို့သားတွေက အဲ့အဝတ်အစားဒီဇိုင်းအသစ်တွေကို ဘယ်လိုခေါ်နေကြတာလဲသိလား....."
"ဘယ်လိုခေါ်နေကြတာလဲ.... "
"[ဘုရင်အလတ်ဇန္ဒား ရဲ့ဉာဏ်ပညာ]တဲ့ အသားစတစ်ခုကို ဆွဲဖဲ့နေရန်ကြိုးစားနေသော အန်မာမှပြန်ဖြေလိုက်သည်။ "လူတွေက [ဘုရင်အလတ်ဇန္ဒား ရဲ့ဉာဏ်ပညာ]လို့ခေါ်နေကြတယ်....မြို့တော် စိန့်ပီတာစဘာ့ကို ရောက်ဖူးတဲ့ ဗီစကောင့်လူးဝစ်တောင် ဒီလောက်ကျက်သရေရှိပြီးလှပတဲ့ ဝတ်စုံမျိုးတစ်ခါမှမမြင်ဖူးသေးဘူးလို့ ပြောနေတယ်တဲ့...."
ဖှေး အနည်းငယ်ပင် ရှက်ရွံ့သွားသည်။
"Pirates of the caribbean"ရုပ်ရှင်ဇာတ်ကားမှ သူကူးယူထားသည့် ဝတ်စုံဒီဇိုင်းများသည် ဤမျှလောက်ပင် ကျော်ကြားသွားမည်ဟု ဖှေးထင်မထားခဲ့ပေ။ "ငါအဲ့ဇာတ်ကားထဲ တစ်ခြားတစ်ဇိုင်းတွေပါထက်ပြရင်ကောင်းမလား...."ဖှေးတွေးလိုက်မိသည်။ ထိုအခိုက်တန့်တွင် ဖှေးအတွေးတစ်ခုပေါ်လာပြီး အန်ဂျယ်လာဘက်သို့လှည့်ကာမျက်စပစ်ပြလိုက်ပြီး "ငါဆိုတာနင်သိပါတယ်"ဟူသောအဓိပ္ပါယ်ဖြင့် မေးလိုက်သည်။ "အန်ဂျယ်လာ ဟီးဟီး အဲ့တာလေ ငါနောက်ဆုံးဒီဇိုင်းဆွဲခဲ့တဲ့ ဝတ်စုံလေ အဲ့တာရောအဆင်ပြေရဲ့လား...."
အန်ဂျယ်လာ၏ မျက်နှာမှာ ချက်ချက်းပင် နီရဲလာသည်။
သို့သော် ယခုအချိန်တွင်တော့ ကောင်မလေးမှာယခင်ကကဲ့သို့ထွက်မပြေးတော့ချေ။ သူမ ပြန်ဖြေလိုက်သည်။ "နင် [ရင်သားကာကွယ်ရေးချပ်ဝတ်]လို့ နာမည်ပေးထားတဲ့ ဝတ်စုံက ကျန်တဲ့ဟာတွေထက်တောင်ပိုပြီး ပေါ်ပြူလာဖြစ်နေသေးတယ်...အန်တီ အယ်လီဇာက အဲ့ဝတ်စုံကိုနည်းနည်းမွမ်းမံပြီး အရောင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံလုပ်လိုက်တာ အခုဆို ချမ်းဘော့ဒ်က အမျိုးသမီးတွေကြားမှာ လျို့ဝှက်ပြီးပြန့်နှံ့နေပြီ။"
အန်ဂျယ်လာစကားပြောနေစဥ်တွင် သူမပုံမှန်အတိုင်းရှိနေအောင် အတက်နိုင်ဆုံးကြိုးစားနေသော်လည်း သူမ၏လက်များမှာ သူမအင်္ကျီစအစွန်းကိုတင်းကြပ်စွာစုပ်ကိုင်လျှက်ရှိသည်။ သူမ၏နှလုံးခုံသံများမှာလည်း အနည်းငယ်မြန်ဆန်နေ၏။ သူမအလိုရှိသည်မှာ အနာဂတ်၏မိဘုရားလောင်းပြီပြီ အေးဆေးတည်ငြိမ်သည့်အမူရာပင်။