← Chapters

စီးချင်းတိုက်ပွဲ

Vol. 2 Ch. 30

စီးချင်းတိုက်ပွဲ

Vol. 2 Ch. 30

"မာစတာ လင်း ဆိုတာ ဘယ်သူလဲ တစ်ချက်လောက်ပြစမ်းပါဦး"

ဝမ်မင်ယန် ဟာ ဆိုင်ဝ မှာရပ်လိုက်ပြီး မေးလိုက်ပါတယ်။သူ့အသံဟာ အကျယ်ကြီး မဟုတ်ပေမယ့်လည်း အကုန်လုံးကြားရန် လုံလောက်ပေသည်။

"ဆျာ၊ ဒီကို ဗေဒင်မေးဖို့ အတွက်ရောက်လာတာလား ?ဒါမှမဟုတ် တခြားကိစ္စ ရှိလိူ့လားခင်ဗျ"

လူလိမ် ထျန်ဟာ နွေးထွေးစွာပဲ ကြိုဆိုလိုက်ပါတယ်။ဒီလိုမျိုး ချမ်းသာ တဲ့ ကာစတန်မာကိုသာ ဆွဲဆောင်နိုင်မယ်ဆိုရင် သူတို့ တော်တော် အဆင်ပြေသွားမှာ ကျိန်းသေပါတယ်။လူကြီးဟာ သူ့ကို လုံးဝ ဂရုမစိုက်တာ မြင်တဲ့ အခါမှာ တော့ လူလိမ် ထျန် အနည်းငယ် ရှက်ရွံ့သွားခဲ့ပါသည်။

"ကြည့်ရတာ ငါကို စော်ကားရဲတဲ့ မာစတာ လင်း ဆိုတာ မင်းထင်တယ်..."

ဝမ်မင်ယန် ဟာ လင်းဖန်ကို သတိထားမိလိုက်ပြီး မေးလိုက်သည်။

ဒီလိုမျိုး ကားနှစ်စီး ရုတ်တရက် ရောက်လာကတည်းက လင်းဖန် အနည်းငယ်တော့ ခန့်မှန်းမိပြီးပါပြီ။

"ဆျာ ၊ ခင်ဗျား အပြင်ကို ထွက်မလာသင့်ဘူးနော်...ဒီနေ့ ခင်ဗျား ဆီမှာ သွေးထွက်သံယို ဖြစ်မယ့်ကိန်း မြင်နေရတယ်"

"ဟားးဟားး"

ဒီစကားကို ကြားတဲ့ အချိန်မှာ ဝမ်မင်ယန် ဟာ ရယ်မောလိုက်ပါတယ်။

"မင်းကတကယ် စိတ်ဝင်စားဖို့ကောင်ပဲ ၊ ငါ့ရဲ့ သေတမ်းစာ ကိုပါ ကြိုပြီး ပြင်ဆင်ထားသင့်တယ်လို့တော့ မဟောနဲ့နော်"

လူလိမ် ထျန်ဟာ သူတို့နှစ်ယောက်ကို ကြောင်အပြီး ကြည့်နေခဲ့ပါတယ်။

လင်းဖန်က ဘယ်တုန်းက ဒီလို ချမ်းသာတဲ့ သူဌေးနဲ့ အဆက်အသွယ်ရှိသွားတာလဲ? ငါတောင် မသိလိုက်ပါလား...?

လင်းဖန်ဟာ ဒီလို အလေးအနက်ထားပြီး ခေါင်းမာ တဲ့ လူမျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ယင်းနောက် သူဟာ ဝမ်မင်ယန်ရဲ့ ဘေးတွင်ရှိနေသည့် လက်ဆွဲအိတ် ကိုကြည့်လိုက်သည်။ဒါဟာ ဒေါ်လာ တစ်သန်း ထည့်ထားတာ ဖြစ်နိုင်ပါတယ်။

"ခင်ဗျား ကျုပ်ဟောတာ တွေက မှန်ကန်တယ် ဆိုတာ သိပြီးသားပါ ၊ ဒီတော့ ခင်ဗျား အိမ်ကို မြန်မြန်ပြန်ပြီး ဒီကိစ္စကို ရှောင်လွှဲသင့်တယ်နော်"

လင်းဖန်ဟာ ပြောလိုက်သည်။

ဝမ်မင်ယန် ဟာ လှောင်ရယ်လိုက်ပြီး ဘေးနားက သူ့လူကို အိတ်ကို ဖွင့်ဖို့ အချက်ပြလိုက်ပါတယ်။

အထဲမှာတော့ ဒေါ်လာ တစ်သန်း ပမာဏ ရှိတဲ့ ပိုက်ဆံတွေ အပြည့်ပါပဲ.....

လူလိမ် ထျန် ဟာ သူ့ကိုသူ မသိမသာ ဆွဲဆိတ်လိုက်ပြီး အိပ်မက်မက်နေတာ ဟုတ်မဟုတ် စမ်းသပ်လိုက်ပါတယ်။

"ပိုက်ဆံ တွေ များလိုက်တာ...."

သူ တံတွေးကို မျိုချလိုက်ပြီး တွေးလိုက်ပါတယ်။

ဘာတွေဖြစ်နေတာလဲ....?

လင်းဖန် ဟာလည်း ငွေသားတွေကို မြင်လိုက်တဲ့ အချိန်မှာ သူ့ရဲ့ နှလုံးခုန်သံတွေတောင် ရပ်တန့်သွားသလို ခံစားလိုက်ရပါတယ်။ဒီ ပမာဏ ဟာ သူ့အတွက် တော့ တကယ်များတဲ့ ပမာဏပါ...

ဆိုးရွားတာ တစ်ခုက သူဒီပိုက်ဆံ တွေကို လက်ခံလို့ မဖြစ်ဘူးဆိုတာပါပဲ။မဟုတ်ရင် စွယ်စုံကျမ်းရဲ့ အပြစ်ပေးတာကို ခံစားရပြီး သူ့အသက် ပါပေးဆပ် ရနိုင်ပါသည်။

"ငါ ဘာမှ ရှည်ရှည်ဝေးဝေး မပြောချင်တော့ဘူး.

မနေ့က မင်းငါ့ကို ဟော ပေးလိုက်တာတွေက တစ်ရာရာခိုင်နှုန်း မှန်တယ် ၊ ဒါကြောင့် ငါဒီပိုက်ဆံ နဲ့ အကြွေးပြန်ဆပ်တာပဲ.."

ဝမ်မင်ယန် ဟာပြောလိုက်သည်။

လင်းဖန် ရဲ့ ပုံစံဟာ အပြင်ကနေကြည့်ရင်တော့ ပုံမှန်ပါပဲ သို့ပေမဲ့ သူ့ရဲ့ အတွင်းဘက်မှာတော့ ​ မတည်ငြိမ်နိုင်တော့ပေ။နောက်ဆုံးမှာ သူ့ရဲ့ ရှိသမျှ ခွန်အားတွေကို စုစည်းပြီးပြောလိုက်ပါတယ်။

"အခမဲ့ ​ဟောပြောပေးမယ့်လို့ ဆိုကတည်းက အရာရာတိုင်းက အခမဲ့ပဲ ။ကျုပ် ခင်ဗျားရဲ့ ပိုက်ဆံကို ယူမှာ မဟုတ်ဘူး"

အမှန်တကယ်တော့ ဒီစကားလုံးတွေကို ပြောလိုက်ရတာက လင်းဖန်ကို နာကျင်စေပါတယ်။သူဒီပိုက်ဆံ တွေကို တကယ်လိုချင်တာပါ။

လူလိမ်ထျန်ဟာ ဝမ်မင်ယန် နှင့် လင်းဖန် ရဲ့ ပြောစကားတွေ ကိုကြားပြီး စိတ်ထဲ ရှုပ်ထွေးနေခဲ့သည်။

"မင်းသူ့ကို ဗေဒင်ဟောပေးလိုက်တာ ဆိုတော့ ဒီပိုက်ဆံ ကိုလက်ခံသင့်တယ်လေ။ဘာလို့မယူတာလဲ? သူ့ခဗျာ ဒီအထိတောင် တကုတက လာပြီး ပေးရတာ"

လူလိမ် ထျန်ဟာ ဝင်ပြောလိုက်သည်။ဒီလူက လင်းဖန် ကိုဒေါ်လာ တစ်သန်း ပေးချင်နေတာပါ။လင်းဖန် ဘာလို့ လက်မခံ နိုင်တာလဲ ဆိုတာ သူစဥ်းစား လို့တောင် မရပါဘူး။သူ လင်းဖန် ဦးနှောက် လွတ်နေတာလား လို့တောင် သံသယ ဖြစ်မိလိုကိသည်။

လင်းဖန် ကတော့ ဘာမှ ပြန်မပြောပေ။သူလည်း ပိုက်ဆံကို လိုချင်စိတ်ရှိပေမယ့် ဒါဟာ မဖြစ်နိုင်ဘူး ဆိုတာ သိပြီးသားပါ။ဒါကြောင့် အခုချိန်မှာ သူပိုက်ဆံ လိုချင်တဲ့ စိတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

မှတ်ချက် - လူလိမ် ထျန် နှင့် သင်ဟာ ပါတနာ တွေပါ။ လူလိမ် ထျနိ ပိုက်ဆံတွေကို လက်ခံလိုက်လျင်လည်း သင်လက်ခံလိုက်သည်ဟု သတ်မှတ်မည် ဖြစ်သည်။

*ချီးပဲ*

"ငါ မယူဘူးး"

လင်းဖန် အော်လိုက်သည်။

လူလိမ် ထျန်ဟာ အတန်ငယ် မျှကြောင်အ သွားပြီးမှ လင်းဖန်ကို ထပ်ပြောလိုက်သည်။

"သူ ဒီအထိတောင်လာပြီး ပိုက်ဆံလာပေးတာလေ .. ဒီတော့ ပိုက်ဆံကို ယူထားလိုက်ပြီး သူ့ကို မျက်နှာသာ ပေးလိုက်ပါလား"

လူလိမ် ထျန်ဟာ လင်းဖန် ဒီပိုက်ဆံကို လိုချင်မှန်း ခံစားမိပါတယ်။ဒါပေမဲ့ လင်းဖန်ဟာ သိက္ခာ ကိုထည့်တွက်ပြီး မယူတာ ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။

သူ လင်းဖန် ဆီက ဒေါ်လာတစ်ရာ လေး တစ်ခါ လောက် လိမ်ဖူးတာတောင် သူ တစ်သက်လုံး မမေ့တော့ပါဘူး။ ဒီလို ဒေါ်လာ တစ်သန်း ဆိုရင် ပြောစရာ တောင် မလိုတော့ တာပါ။

"ဒါက ငါ့ရဲ့ သိက္ခာ နဲ့ ဘာမှ မဆိုင်ဘူး ၊ ဒါက ငါ့ရဲ့ စည်းမျဥ်းတွေကြောငိ့ပဲ"

လင်းဖန်ဟာ ကြည့်ပြီး ပြောလိုက်သည်။ဘာပဲ ဖြစ်ဖြစ်ဒေါ်လာ တစ်သန်းထက် သူ့အသက်က ပိုပြီးတန်ကြေး ရှိပါတယ်။

ဝမ်မင်ယန် ဟာ လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကြားထဲတွင် ပိုက်ဆံ အိတ်ကြီး ကိုထားလိုက်သည်။

"မင်းမှာ စည်းမျဥ်းတွေ ရှိသလို ငါမှာလည်း ရှိတယ်။ ငါတစ်ခုခု ပြောလိုက်တဲ့ အချိန်မှာ အဲ့ကိစ္စ မပြီးမြောက်မချင်း လုံးဝ မရပ်တန့်ဘူး"

ဝမ်မင်ယန် ရဲ့ ဒေါသ တွေကို သူ့စကားလုံးတွေကနေ ခံစားနေရပါတယ်။သူရဲ့ တွေးခေါ်မူတွေ ၊ လုပ်ကိုင်မူတွေဟာ အမြဲတမ်း သာမန်လူတစ်ယောက် ထပ်ကျော်လွန်ခဲ့သည်။

ဒီအချိန်မှာ သူတို့ကို ကြည့်နေတဲ့ ဘေးနားက လူအုပ်ကြီးဟာ လည်းပိုပိုပြီး များလာခဲ့ပါပြီ။ဘေးနားက လူများဟာ သူတို့ကို ဝိုင်းထား သလိုတောင် ဖြစ်နေခဲ့ပါတယ်

"ဒီလူ နှစ်ယောက် ဘာတွေဖြစ်နေကြတာလဲ ၊ ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြ တော့မယ့် အတိုင်းပဲ"

"ငါကြားလိုက်တာတော့ ဒီလူကြီးက ဟိုကောင်လေး ကို ဒေါ်လာ တစ်သန်းပေးချင်နေတာ ၊ ဒါပေမယ့် ဟိုက လက်မခံဘူး။ အခု သူတို့ နှစ်ယောက် ချကြတော့မယ် ထင်တယ်"

အရင်ရောက်တဲ့ လူတွေဟာ နောက်မှ ရောက်လာတဲ့ လူတွေကို ရှင်းပြလိုက်ပါတယ်။

"စောက်ကျိုးနဲ မင်းတကယ်ပြောနေတာလား..?"

"ဒီ သူဌေးက တစ်ကယ်စောက်ရူးပဲ ၊ ဟိုကောင်ကလညိး ငပိန်းလား မသိပါဘူးကွာ!! ဒါက ဒေါ်လာတစ်သန်း လေကွာ ..တစ်ကယ်လို့ သူပိုက်ဆံ တွေ မလိုချင်ဘူး ဆိုရင်တောင် ဘာလို့ ငါတို့ကို မပေးတာလဲ"

"ဒီ ဗေဒင်ဟောတဲ့ ဆိုင်လေးက အခုမှ စပြီး ဖွင့်ထားတာလေ၊ ကြည့်ရတာ သူတို့ ဆိုင်ကို ကြော်ငြာဖို့ ဇာတ်လမ်း ဆင်နေကြတာ မဖြစ်နိုင်ဘူးလား"

"ကြောငြာတာ ဟုတ်လား? မင်း သူတို့နားက ငွေသားချည်းပဲ ရှိတဲ့ ဒေါ်လာတစ်သန်းကို သွားကြည့်လိုက်ဦး ..​ မင်းဒေါ်လာ တစ်သန်း စိုက်ပြီး ငါ့ကို ကြောငြာပေးမလား? ပြီးတော့ ပြိုင်ကားကိုပဲကြည့် ဒါက ဒေါ်လာ ဆယ်သန်း လောက်ကို ပြေးမလွတ်ဘူး၊ ဒေါ်လာ တစ်သန်းဆိုတာ ကားငှားဖို့ အတွက်တောင် မလောက်ဘူး "

........

လူအုပ်ကြီး အကြိတ်အနယ် ဆွေးနွေးနေတဲ့အချိန်မှာ လင်းဖန်နဲ့ ဝမ်မင်ယန် ဟာတစ်ယောက်ကိုတစ်ယောက် စူးစိုက်ပြီး တော့ကြည့်နေခဲ့ပါတယ်။ဝမ်မင်ယန်ကလညိး တစ်ကယ်ကို ခေါင်းမာတဲ့ လူတစ်ယောက်ပါ။

ဝမ်မင်ယန် ဟာ ချမ်းသာ ကြွယ်ဝပြီး လွမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ လည်း စိတ်ခံစားချက်ကို သိပ်ပြီး မဖုံးကွယ်တတ်ပါဘူး။တစ်စုံတစ်ယောက်ဟာ သူ့ကို သစ္စာရှိမယ် ဆိုရင် သူလည်း ပြန်ပြီး သစ္စာရှိမှာပါ။ပိုပြီးတောင် ကောင်းကောင်း ဆက်ဆံပေးမည်ဖြစ်သည်။

ဘန်းး

ဝမ်မင်ယန် ဟာ ပိုက်ဆံ အိတ်ကြီးကို လင်းဖန်ဘက် တွန်းပို့ လိုက်သည်။

"မင်း ယူထားလိုက်တာ ကောင်းမယ်၊ သွားမယ်.."

ဝမ်မင်ယန် ဟာ ပြန်ပြီးတောင် လှည့်မကြည့်တော့ပါဘူး။သူလင်းဖန် ဘက်ကို ပိုက်ဆံအိတ် တွန်းပို့ပြီးတဲ့ နောက်မှာ သူ့လူတွေကို ပြန်ဖို့ အချက်ပြလိုက်ပါတယ်။

လင်းဖန်ဟာ ဒါကို ကြည့်ပြီး အသက်ရူမြန်လာခဲ့ပါပြီ။ဒီပိုက်ဆံသာ ဒီမှာ ကျန်ခဲ့ရင် သူ့ဘဝတော့ မတွေးရဲ စရာပါပဲ။

"ချီးပဲ မယူဘူးလို့ ပြောနေတယ်လေ မကြားဘူးလား ...ပြန်ယူသွား"

လင်းဖန် အလျင်အမြန်ပဲ ပြန်တွန်းလိုက်ပါတယ််။သူကြက်သီးများ တောင်ထသွားခဲ့သည်။

"ငါ အခုသွားတော့မယ်"

ဝမ်မင်ယန် ဟာ လင်းဖန် မျက်နှာကို လက်ညိုးထိုးပြီး ပြောလိုက်ပါတယ်။သူဒီမှာရှိနေရတာ တစ်စက္ကန့်ကြာလေ ပိုပြီး ဒေါသ ထွက်လာလေပါပဲ။

"ခင်ဗျား ပိုက်ဆံပါ တစ်ခါတည်း ပြန်ယူသွား"

လင်းဖန်ဟာ ဝမ်မင်ယန် ကို စိုက်ကြည့်ပြီး ပြန်ပြောလိုက်သည်။သူ ဝမ်မင်ယန် ကို လုံးဝ မျက်နှာသာ မပေးနိုင်တော့ပေ။

"အကြီးအကဲ ဝမ်...."

ဝမ်မင်ယန် ရဲ့ နောက်လိုက်တွေဟာ သူတို့ သူဌေး အစော်ကား ခံနေရတာ ကို ထပ်ပြီး ကြည့်မနေနိုင်တော့ပါဘူး။ဝမ်မင်ယန်သာ အမိန့်ပေးရင် လင်းဖန်လို ကောင်မျိုးကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ခနလေး အတွင်းလုပ်လိုက်လို့ ရပါတယ်။

"ဘေးမှာရပ်နေ ...မင်းစောက်လုပ်မပါဘူး၊ မင်းတို့ရော ဝင်မပါနဲ့ နားလည်လား"

ဝမ်မင်ယန် ဟာ သူ့နောက်လိုက်မျာကို သတိပေးလိုက်သည်။

"သိပါပြီ"

သူ့လူများဟာ ခေါင်းကို အမြန်ညိမ့် ကာပြောလိုက်သည်။သူတို့ရဲ့ သူဌေးဟာ ဆုံးဖြတ်ပြီးရင် ကောင်းကင်နဲ့ မြေကြီး ပြိုကျရင်တောင် မရပ်တန့်တဲ့ လူစားမျိုးပါ။သူတို့ ထပ်ပြီး ဝင်မပါရဲတော့ပေ။

"နောက်တစ်ခါ ထပ်ပြောမယ် ၊ ငါ အခုပြန်တော့မှာ ဒါပေမဲ့ ဒီပိုက်ဆံ တွေကိုပြန်မယူသွားဘူး ..နားလည်ပြီလားးးး"

ဝမ်မင်ယန်ဟာ အော်ဟစ်လိုက်သည်။

"ခင်ဗျား ပြန်ရင် ပိုက်ဆံပါတစ်ခါတည်း ယူသွား၊ မဟုတ်ရင် ကျုပ်အဆိုးမဆိုနဲ့"

လင်းဖန် အတွက်ကတော့ ဒီပိုက်ဆံ တွေဟာ အိမ်မက်မက်ယုံပဲ တတ်နိုင်ပါတယ်။သူအသက်နဲ့ ရင်းပြီး ဒီပိုက်ဆံတွေကို ယူတဲ့ အထိ မရူးမိုက်ပါဘူး။သူ ပိုက်ဆံတွေကို ဒီလူကြီး နဲ့ ပြန်ပါသွားဖို့ ဘယ်ကိစ္စ မဆို လုပ်ရမှာပါ။ဝမ်မင်ယန် ဆီသာ ပိုက်ဆံ ပြန်မပါသွားရင် သူတော့ အသေပါပဲ။

"မင်း စိတ်ပိုင်း ဆိုင်ရာလွတ်နေတာလား ၊ ဒါမှ မဟုတ် တိုက်ခိုက် ချင်နေတာလား"

ဝမ်မင်ယန် ဒီလိုအ ခြေနေမျိုးကို ကြုံရတာ ဒါပထမဆုံးပါ။ဒီကောင်က သူ့ကို လုံးဝ မျက်နှသာ မပေးပါဘူး။

"စိတ်ပိုင်းဆိုင်ရာ လွတ်နေတာ ခင်ဗျားပဲဖြစ်မယ်။ခင်းဗျား ပိုက်ဆံ ကျုပ်မလိုချင်ဘူးလို့ ပြောနေတာတောင် အတင်းပေးနေတုန်းပဲ။ဒါကခင်ဗျားမှာ ပိုက်ဆံတွေ အရမ်းပေါနေလို့လား ဒါမှမဟုတ် တိုက်ခိုက် ချင်နေတာလား"

ဘာပဲ ဖြစ်ဖြစ် လင်းဖန်ဟာ အလွယ်တကူ သိမ်းသွင်းလို့ရတဲ့ လူမဟုတ်ပေ။သူ ပထမ ဆုံး အလုပ် စဖွင့်တဲ့ နေ့မှာ အခုထိ စျေး ဦးတောင်မပေါက် သေးပါဘူး။ဒါကို ဒီလူက သူယူလို့ မရတဲ့ ပိုက်ဆံတွေနဲ့ မရိုးမရွ ဖြစ်အောင်လာလုပ်နေပါတယ်။

"ကောင်းပြီ ၊ မင်း တိုက်ခိုက်ချင်တယ် ဆိုရင် လာလိုက်လေ..မင်းသာ မတိုက်ခိုက်ရဲရင် မင်းကသွေးနည်းတဲ့ကောင်ပဲ။မင်းပိုက်ဆံတွေကို ယူထားလိုကိတာ ပိုကောင်းမယ်"

"ကျုပ် ခင်ဗျားကို တိုက်ခိုက်ရင် ပိုက်ဆံတွေ ပြန်ယူသွားမှာလား"

လင်းဖန် ပြောလိုက်သည်။

"ဟုတ်တယ် ..ဒါပေမဲ့ မင်းမတိုက်ခိုက်ရဲ......"

ဘန်းးးး

အဲ့အချိန်မှာ ပဲ လင်းဖန်ဟာ ဝမ်မင်ယန်ရဲ့ မျက်လုံးကို ထိုးလိုက်ပါတယ်။ဝမ်မင်ယန် ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး ဘာဖြစ်သွားတာလဲ ချက်ချင်းသိလိုက်သည်။သူလိုလူကို ဘယ်သူမှ မတိုက်ခိုက်ရဲဘူးလို့ ထင်ထားခဲ့တာပါ။

လက်သီး တစ်ချက်ထဲနဲ့ ဝမ်မင်ယန်ဟာ ပန်ဒါလိုမျိုး မျက်ကွင်းညိုသွားခဲ့ပါတယ်။

"မင်း..."

"ကျုပ် ခင်ဗျားကို ရိုက်လိုက်ပြီ.. အခုပိုက်ဆံပြန်ယူသွားပါတော့"

လင်းဖန်ဟာ သူ့အသက် ဆုံးရှုံးရတာထက် တစ်ယောက်ယောက်ကို ရိုက်နှက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

ဘန်းးးးး

အဲ့အချိန်မှာ ပဲ ဝမ်မင်ယန် ရဲ့ လက်သီးဟာ လင်းဖန် ရဲ့ မျက်နှာနဲ့ မိတ်ဆက်သွားခဲ့သည်။

လင်းဖန်ဟာ ဝမ်မင်ယန် ရဲ့ တိုက်ခိုက်မူကြောင့် ပိုပြီးဒေါသ ထွက်လာခဲ့သည်။သူချက်ချင်းပြန်ပဲ ဝမ်မင်ယန် ကိုပြန်ထိုးဖို့လုပ်လိုက်ပါတယ်။

"မင်းငါကို တိုက်ခိုက်ရဲတယ်လား"

"အဲတော့ဘာဖြစ်လဲ ..ခင်ဗျား ပိုက်ဆံတွေပြန်ယူပြီး လစ်လိုက်တော့"

"ခွေးသား ..ယိမှ ပြန်မယူဘူးကွာ"

ဝမ်မင်ယန် ဟာ​အော်ဟစ်လိုက်ပြီး လင်းဖန်ဆီပြေးဝင်သွားခဲ့သည်။

"လာစမ်း.."

"ဘယ်သူမှ ဝင်မပါနဲ့ ဒီကောင်နဲ့ ငါ နဲ့ကြားက ပြသနာပဲ"

ဝမ်မင်ယန်ဟာ အော်​ပြောလိုက်သည်။

လင်းဖန်နဲ့ ဝမ်မင်ယန် ဟာ အမှန်တကန် စစ်မြေပြင်မှာတွေ့ဆုံတဲ့ ရန်သူတွေလို တိုက်ခိုက်လိုက်ကြသည်။

.........

အဲ့ အချိန်မှာပဲ ဘေးနားမှာ ကြည့်နေတဲ့ လူများဟာ ဆွံ့အနေကြသည်။ဒါဟာ သူတို့ နားလည်းနိုင်စွမ်းထက် ကျော်လွန်နေတဲ့ အရာတစ်ခုပါ။

ဒီလို လူတွေ က ရှိသေးတာလား....

ဒါက ပိုက်ဆံတွေလေကွာ ...မင်းတို့ မလိုချင်ရင်လည်း ငါတို့ကို ပေးလိုက်ပါတော့လား......

All Chapters