"မှော်တလင်းကျောက်များနှင့် ထူးဆန်းသည့်လူတစ်ယောက်"
Vol. 6 Ch. 90
ဖှေး၏ လွန်ခဲ့သည့်အံ့သြဖွယ်လုပ်ဆောင်မှုများမှာ ဘရွတ်တ်ို့ကိုသာ ဖိအားများရှိစေခဲ့သည်မဟုတ်ပေ။ ဉာဏ်ကောင်းပြီး လှပသော အန်ဂျယ်လာကိုလည်း သူနှင့်ဖှေးအကြားတွင် အကွာဝေးတစ်ခုပို၍ပို၍ ကျယ်ပြန့်လာသကဲ့သို့ခံစားနေရသည်။ ထို့ကြောင့်သူမသည် အလတ်ဇန္ဒားအတွက် အသင့်လျှော်ဆုံးသောလက်တွဲဖော်ဖြစ်ရန်အတွက် တိတ်တဆိတ်ကြိုးစားနေခဲ့ခြင်းဖြစ်သည်။
အလတ်ဇန္ဒား ဉာဏ်ရည်မမှီသည့်အချိန်က လူတိုင်းသည်အလတ်ဇန္ဒားနှင့် စေ့စပ်ထားရသည့်အန်ဂျယ်လာအား ဝိုင်းဝန်းသနားကြရသည်။ သို့သော် ယခုအချိန်တွင်မူ အခြေအနေများသည် တဖြည်းဖြည်းပြောင်းပြန်ဖြစ်လာသလိုခံစားနေရသည်။
အလတ်ဇန္ဒားသည်ပုံမှန်ပြန်ဖြစ်လာသည်သာမဟုတ်ပေ။ မစဥ်းစားနိုင်သောနှုန်းဖြင့်ပင် တစ်နေ့တစ်ခြားပို၍သန်မာလာပြီး အစွမ်းထက်လာခဲ့သည်။ တစ်လမပြည့်ခင်မှာပင် သူသည် ချမ်းဘော့ဒ်တိုင်းပြည်၏ နံပါတ်၁စစ်သည်ဖြစ်သည့် ဖရန့်ခ်လမ်းပါ့ဒ်ထက်ပင် ပို၍အစွမ်းထက်သွားပြီဖြစ်သည်။ ထီးနန်းမှာ ပိုမိုခိုင်မြဲလာခဲ့ပြီး ချမ်းဘော့ဒ်ရှိလူတိုင်း၏ ရိုသေလေးစားမှုများကို ရရှိခဲ့တော့သည်။
သို့သော် အန်ဂျယ်လာမှာ ယခင်အတိုင်းပင် ကြင်နာတတ်ပြီး အပြစ်ကင်းစင်ကာ လှပသည့်ကောင်မလေးတစ်ယောက်သာဖြစ်နေဆဲပင်။ အနည်းငယ်လဲ အားနည်းသည်။ သာမန်ကိစ္စများဖြေရှင်းသည့်အချိန်မှလွဲ၍ အန်ဂျယ်လာ ထိုလူနောက်မှကျန်နေကဲ့သလိုခံစားနေရသည်။ သူမ ယခင်ကကဲ့သို့ သူ့အားကာကွယ်ပေးလို့မရတော့ချေ။ မိုးသည်းနေသောနေ့တွင်ရှိသောကောင်းမွန်သော ထီးတစ်လက်ကဲ့သို့ မိုးရွာတုန်းသာကောင်းကောင်းအသုံးပြုနိုင်ပြီး မိုးဆဲသွားသည့်အခါအသုံးမဝင်တော့သည့် ထီးတစ်ချောင်းကဲ့သို့ပင်။
ထို့ကြောင့် အန်ဂျယ်လာ သည်လည်း ယခုအချိန်အတွင်းတွင် သူမကိုယ်သူမပြုပြင်ပြောင်းလဲရန်အတွက် အသဲအသန်ကြိုးစားနေသည်။
ယနေ့တွင် မဟာဘုရားကျောင်းမှသူတော်စဥ်များသည်အပြစ်မဲ့ပြည်သူများအား မကောင်းဆိုးဝါးမိစ္ဆာစွမ်းအင်များနှင့် ဆက်နွယ်မှုရှိသည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ကြသည်။ အန်ဂျယ်လာ မားမားမက်မက်ရပ်ပြီး ဇိုလာနှင့်ရင်ဆိုင်သည့်အချိန်က သူမအလွန်အမင်းကြောက်ရွံ့နေခဲ့သည်ဖြစ်သည်။ သူမသည် ချမ်းဘော့ဒ်တိုင်းပြည်၏ မိဘုရားလောင်းတစ်ယောက်ဖြစ်သော်လည်း မဟာဘုရားကျောင်းမှလူများ၏မျက်လုံးထဲတွင် သာမန်ပြည်သူတစ်ယောက်နှင့် ဘာမျှမခြားပေ။ ခြေနှစ်ချောင်းနှင့် ခလောက်ဆံမြွေ၏ စကားတစ်ခွန်းထဲဖြင့်ပင် သူမအားမီးရှို့သည့်တိုင်သို့ပို့ပစ်လိုက်နိုင်သည်ဖြစ်သည်။ သို့သော် ဤကဲ့သို့အချိန်တွင်အလတ်ဇန္ဒားဆိုပါက သူ၏ပြည်သူများအရှေ့တွင် မားမားမက်မက်ရပ်တည်ကာ ကာကွယ်မည်ဖြစ်ကြောင်းကိုတွေးလိုက်မိသဖြင့် သူမလည်းကြောက်လန့်နေခြင်းကိုထိန်းချုပ်ကာ ထိုကဲ့သို့ပင် ပြုမူခဲ့သည်။ ကံဆိုးစွာပင် အန်ဂျယ်လာ၏ကြိုးစားမှုများသည် အခြေအနေအား မဖြေရှင်းနိုင်ခဲ့ပေ။ အကယ်၍လမ်းပါ့ဒ်နှင့် အလတ်ဇန္ဒားပင်အချိန်မှီရောက်မလာခဲ့ပါက အခြေအနေများမှာ ပို၍ဆိုးဝါးသွားနိုင်သည်ဖြစ်သည်။
"ငါသူနဲ့မထိုက်တန်ဘူး....ငါကိုယ်ငါပိုပြီးကောင်းလာအောင်ကြိုးစားမှရမယ်....ကြိုးစားရမယ်....."
ထိုအကြံစဥ်သည် အန်ဂျယ်လာ၏ခေါင်းထဲတွင် တစ်နေ့ထက်တစ်နေ့ ရောဂါကဲ့သို့ ပြန့်နှံ့လျက်ရှိသည်။
ကောင်မလေး၏စိတ်ထဲတွင်ရှိနေသည့်တစ်ခုတည်းသောအရာမှာ ဖှေးတစ်ယောက်အကြောင်းသာဖြသာဖြစ်သည်။ သူမဘယ်အချိန်ကတည်းကစပြီး ဤကဲ့သို့ဖြစ်လာခဲ့သည်ကို သူမမသိချေ။ သို့သော် သူမသိလည်းမသိလိုချေ သူမပို၍ပို၍သာကောင်းမွန်သော မိန်းကလေးတစ်ယောက်ဖြစ်လိုလာသည်။ ဤစိတ်ထားကြောင့် သူမဖှေးနှင့်အတူရှိနေသည့်အချိန်တိုင်းတွင် သူမကိုယ်သူမ နှိမ့်ကျနေသကဲ့သို့ခံစားနေရသည်။
ကံမကောင်းစွာပင် ဖှေးမှာသူ့ကိုယ်သူအချစ်ရေးအချစ်ရာတွင်ဆရာကြီးတစ်ယောက်ဟုထင်နေသော်လည်း အန်ဂျယ်လာခံစားနေရသည့်အရာတို့ကို သတိမထားမိချေ။
ညစာဆက်လက်သုံးဆောင်နေကြသည်။
"အော် ဟုတ်သားပဲ အလတ်ဇန္ဒား...မင်းသမီးတာနာရှာကလည်း နင်ဒီဇိုင်းဆွဲထားတဲ့ ဝတ်စုံတွေမှာလိုက်သေးတယ်....အမ်..နောက်ပြီး "[ရင်သားကာကွယ်ရေး ချပ်ဝတ်]ရောတဲ့..." အန်ဂျယ်လာပြောလိုက်သည်။
"အော်ဟုတ်လား သူမဘာရောင်တွေရွေးလိုက်လဲ...." ဖှေးတည်ငြိမ်သည့်ဟန်ဆောင်ပြီး ပြန်မေးလိုက်သည်။
"အနီရောင်....." စားပွဲတစ်ဖက်ရှိအန်မာမှာ သားလို့သောက်လို့ပြီးသွားပြီဖြစ်သည်။ ဖှေးနှင့် အန်ဂျယ်လာတို့၏ညီမလေးတစ်ယောက်ကဲ့သို့ချစ်ခင်ရသော အန်မာသည် ဤလူကြီးစကားဝိုင်းအားနားလည်နိုင်ရန်ကြိုးစားနေသည်။ သူမ၏ခေါင်းကိုစောင်းပြီးပြန်ဖြေလိုက်သည်။ "အရှင့်သမီးက အနီရောင်ရင်သားဝတ်စုံယူလိုက်တယ်လေ....."
"အဟွတ် အဟွတ်...."
မိန်းကလေးတစ်ယောက်မှထိုကဲ့သို့ပြောလိုက်သည့်အတွက် ဖှေးတစ်ယောက်အစာပါနင်ချင်သွားသည်။
"ဘာဖြစ်လို့လဲ အလတ်ဇန္ဒား နင်နေမကောင်းဘူးလား....." ဖှေးမျက်နှာနှင့် လည်ပင်းတစ်ခုလုံးနီရဲလာသဖြင့် အန်ဂျယ်လာစိုးရိမ်ပြီးမေးလိုက်သည်။
"ဟမ်...မဟုတ်ပါဘူး...ဟီးဟီး..." ဖှေး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ "ဒီနေ့ရာသီဥတုလေးမဆိုးဘူးနော်...."
ညစာမှာ ဤကဲ့သို့သာယာသောလေထုလေးထဲတွင်ပြီးဆုံးသွားသည်။
အစေခံများ စားပွဲသိမ်းပြီးသည့်အချိန်တွင် အန်ဂျယ်လာနှင့် အန်မာတို့နှစ်ယောက်မှာ အနည်းငယ်လမ်းလျှောက်လိုကြသည်။ ထို့ကြောင့်သူမတို့နှစ်ယောက် လက်ချင်းချိတ်လျှက် အိပ်မောကျနေသော အမဲရောင်ခွေးကြီးကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်ကြသည်။
အန်ဂျယ်လာ ဤအမဲရောင်ခွေးကြီးကို ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများစီမှ ကယ်တင်လာခဲ့ခြင်းဖြစ်သည်။ ထိုခွေးမှာ စတွေ့ခါစက သေးသေးကွေးကွေးနှင့်ချစ်စရာလေးဖြစ်သည်။ ၃နှစ်အကြာတွင် ကျွဲပေါက်တစ်ကောင်အရွယ်အစားထိပင်ကြီးမားလာပြီး ခွန်အားကြီးသောခွေးကြီးတစ်ကောင်ဖြစ်လာလိမ့်မည်ဟု မည်သူမှထင်မထားပေ။ ရုပ်ပိုင်းဆိုင်ရာအရကြည့်ပါက ထိုအမဲရောင်ခွေးကြီးသည် ရှားပါးမျ်ိုးစိတ်တစ်ခေါင်တော့မဟုတ်ပေ။ လမ်းဘေးတွင်တွေ့နေရသေယ ခွေးများဖြင့်အနည်းငယ်သာကွာခြားသည်။ သို့သော် ထိုကောင်ကြီးမှာ အလွန်ပါးနပ်ပြီး အန်ဂျယ်လာနှင့် အန်မာတို့အပေါ်တွင် အလွန်ရင်းနှီးပြီးသစ္စာရှိသည်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ဖှေးကိုမူသိပ်သဘောမကျချေ။ ဖှေးက်ိုတွေ့သည့်အချိန်တိုင်း သွားဖြဲပြီးဟောင်နေကြဖြစ်သည်။
လွန်ခဲ့သည့် ၁၀ရက်လောက်ခန့်က ထိုခွေးကြီးမှာအကြောင်းတစ်စုံတစ်ရာကြောင့် မေ့လျှောအိပ်မောကျသွား၏။ အန်ဂျယ်လာနှင့် အန်မာတို့ဝိုင်းနိုးကြသော်လည်း ခွေးကြီးမှာထလာ၍အစာစားရေသောက်ခြင်းမရှိပေ။ အန်ဂျယ်လာသည် ချမ်းဘော့ဒ်ရှိ အကောင်းဆုံးတိကုဆရာဝန်အားခေါ်ယူပြသသော်လည်း ထူးခြားလာခြင်းမရှိပေ။ ထို့ကြောင့် အန်ဂျယ်လာသည်အနည်းငယ် စိုးရိမ်လျှက်ရှိသည်။
အရာအားလုံးသည် အကြောင်းတစ်မျိုးမျိုးကြောင့်ဖြစ်လာသည်သာဖြစ်သည်။
ဖှေး သူ၏လှပသောဇနီးလောင်းအား ခွေးကြီးဤကဲ့သို့ဖြစ်လာရသည့်အကြောင်းမှာ ဤခွေးကြီးအားဖှေး ဟော့ခ်ဆေးပုလင်း တိုက်ပြီးစမ်းသပ်ခြင်းကြောင့်ဖြစ်သည်ကို ပြောမထားပေ။ ဖှေး ခွေးကြီး၏ပါးစပ်ကိုဖြဲပြီးဟော့ခ်ဆေးပုလင်း တစ်လုံးလောင်းချလိုက်သည်။ ကံကောင်းထောက်မစွာပင် သနားစရာကောင်းသောခွေးကြီးမှာ နာကြင်မှုကြောင့်သေဆုံးမသွားခဲ့ပေ။ သို့သော် ဆေးပုလင်း၏ အာနိသင်ကိုခံစားလိုက်ရသည်။ ထို့ကြောင့် တိရစ္ဆာန်များ၏သဘာဝအတိုင်း အိပ်မောကျသွားခြင်းဖြစ်သည်။
အန်ဂျယ်လာနှင့် အန်မာတို့နှစ်ယောက်ထွက်ခွာသွားသည်ကိုတွေ့လိုက်ပြီးတွင် ဖှေးနန်းတော်၏ပြတင်းပေါက်ထံသို့လမ်းလျှောက်သွား၏။
အကြောင်းတစ်စုံတစ်ရာကြောင့် ဖှေးလျို့ဝှက်ထူးဆန်းသော ဇီးနစ်အင်ပါယာမှ မင်းသမီးတာနာရှာအကြောင်းကိုတွေးလိုက်မိသည်။ မင်းသမီးဘာလုပ်နေလဲဆိုသည်ကို သူမသိချေ။ လွန်ခဲ့သည့်၁၀ရက်ကျော်ခန့်က သူမချမ်းဘော့ဒ်သို့စတင်ရောက်ရှိချိန်မှစပြီး အဖွဲ့ဝင်နိုင်ငံ၏ဘုရင်ဖြစ်သော ဖှေးကိုလည်းလာရောက်တွေ့ဆုံရန်ဆင့်ခေါ်ခြင်းလဲမရှိသလို ဖှေးကလဲသွားရောက်တွေ့ဆုံခြင်းမရှိပေ။ သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်အထာကိုင်နေကြသည့် ကလေးငယ်များကဲ့သို့ပင်။ နှစ်ယောက်လုံးမည်သူက ပို၍စိတ်ရှည်နိုင်သည်ကိုစောင့်ကြည့်နေကြသည့်ဟန်ပင်။
"သူမက အနီရောင်ဘရာကိုရွေးချယ်လိုက်တယ်ဆိုတော့ ထင်သလောက်တော့ပျင်းစရာမကောင်းလောက်ပါဘူး.....ဟားဟားဟား"
"အရှင်မင်းကြီး မဟာဘုရားကျောင်းကသူတော်စဥ် ဇိုလာနှင့် သူရဲကောင်းလူစီနိုတို့ရောက်ရှိနေပြီးတွေ့ခွင့်တောင်းနေပါတယ်...."
ထိုအချိန်တွင် အစောင့်တစ်ယောက်နန်းတော်ထဲသို့ဝင်လာပြီး တင်ပြလိုက်သည်။
ဖှေး ဤအစောင့်ကိုမှတ်မိသည်။ ထိုသူမှာ ကျောက်တံတားပေါ်တွင် အတူလိုက်ပါတိုက်ခိုက်ခဲ့သည့် လူသန်ကြီး၂၃ယောက်ထဲမှတစ်ယောက်အပါဝင်ဖြစ်သည်။ သူ၏ အမည်မှာ မီချယ်-ဘဲလ်လက်ခ်ဖြစ်သည်။ သူ၏ သွင်ပြင်အားကြည့်ရုံမျှဖြင့်ပင်ရိုးသားပြီး ယုံကြည်ရသည့်လူတစ်ယောက်ဖြစ်သည်မှာထင်ရှားသည်။
ဖှေး နန်းတော်ပင်မ ခန်းမဆောင်အတွင်းသို့လမ်းလျှောက်သွားပြီး အပေါက်ဝတွင်ရိုသေစွာစောင့်နေသည့် ဇိုလာနှင့် လူစီယာနိုတို့ကိုတွေ့လိုက်ရသည်။ သူတို့နှစ်ယောက်၏အနောက်တွင် သန့်ရှင်းစင်ကြယ်သောအဝတ်စားများဖြင့် ပညာသင်သူတေယ်စဥ်တစ်ချို့ပါရှိပြီး သူတို့၏လက်ထဲတွက် သေတ္တာကြီးတစ်ချ်ို့သယ်ဆောင်ထားကြသည်။
ဖှေး ရောက်လာသည်ကိုတွေ့သော် သူတို့နှစ်ယောက်ဖှေးအား ပြုံးပြပြီးအသိမှတ်ပြုခံရရန်ကြိုးစားသည်။ သို့သော် ဖှေးမှာမူ ပြန်၍ပြုံးမပြပေ။ ပင်မနန်းတော်ဆောင်သို့သာ လမ်းလျှောက်သွား၏။ ဇိုလာနှင့် လူစီယာနိုတို့မှာအနည်းငယ် ရှက်ရွံ့သွားကြသည်။ သို့သော် သူတို့နှစ်ယောက်လည်း မကျေနပ်သည့်အမူအယာလုံးဝမပြရဲကြချေ။ နှစ်ယောက်လုံး အဝင်ဝတွင်သာစိတ်ရှည်လက်ရှည်စောင့်နေကြသည်။
ခနအကြာတွင် အစောင့်ဘဲလ်လတ်ခ်ထွက်လာပြီးပြောလိုက်သည်။ "ဘုရင်အလတ်ဇန္ဒားက ဝင်ခဲ့ပါတဲ့...."
သူတို့နှစ်ယောက်လုံး ပျော်ရွှင်သွားသည်။ အမြန်ဝင်သွားပြီး အနောက်မှပညာသင်သူတော်စဥ်များကို လိုက်ခဲ့ရန်အချက်ပြလိုက်သည်။ ခန်းမဆောင်အတွင်းသို့ဝင်ရောက်အပြီးတွင် အသက်ပင်ပြင်းပြင်းမရှူရဲပဲ ခြေသံဖွဖွဖြင့်သာလမ်းလျှောက်သွားကြ၏။ သူတို့အားလုံး ဖှေးစိတ်အနှောင့်ယှက်ဖြစ်စေမည့်ဆူညံသံတစ်ခုခုပြုလုပ်မိမည်ကို အလွန်စိုးရိမ်နေကြသည်။ သူတို့အားလုံး ဖှေးထိုင်နေသည့် ပလ္လင်အောက်သို့ရောက်သောအခါ အလျှင်အမြန်ပင်အရိုအသေပေးလိုက်သည်။ "အရှင်းမင်းကြီး ဇိုလာနဲ့လူစီယာနို ကျွန်တော်တို့ရဲ့ဆရာကို နှုတ်ခွန်းဆက်သပါတယ်"
"မင်းတို့ကောင်တွေ ဘာလို့လာခဲ့ကြတာလဲ....."
ပုလ္လင်အမြင့်ပေါ်တွင်ထိုင်နေသောဖှေးသည် "ဆရာ"ဟုခေါ်သည်ကို လက်ခံခြင်းလဲမရှိငြင်းဆ်ိုခြင်းလဲမရှိပေ။ သို့သော် ထိုနှစ်ယောက်အတွက် ဖှေးမေးခွန်းမေးလိုက်ခြင်းမှာ သူ၏သရုပ်မှန်ကို လျို့ဝှက်ထားလို၍ဖြစ်သည်ဟု သေချာသွားကြတော့၏။ ဇိုလာ၏ ယခင်ယူဆချက်များမှာပို၍ပင် ကျိမ်းသေလာတော့သည်။ သူလျှင်မြန်စွာဖြေလိုက်သည်။
"ကျွန်တော်တို့နှစ်ယောက်ဟာ အရှင့်ရဲ့သရုပ်မှန်ကို ယနေ့ပဲသိခွင့်ရလိုက်ပါတယ်....ကျွန်တော်တို့နှစ်ယောက်အလွန်ပဲလေးစားမိပါတယ်...ဒါကြောင့်မို့ ကျွန်တော်တ်ို့ဘုရားကျောင်းကိုပြင်စရာရှိတာပြင်ပြီးပြီးခြင်း ဆရာ့စီမှာအမိန့်နာခံဖို့အမြန်လာခဲ့ကြတာပါ...."
ထိုကဲ့သို့ပြောပြီးနောက်တွင် ဇိုလာ ပညာသင်သူတော်စဥ်များကို သံမဏိသေတ္တာကြီးနှစ်ခုအားဖွင့်ရန် အချက်ပြလိုက်သည်။ ရောက်စုံအလင်းတန်းများတောက်ပသွားပြီး ခန်းမဆောင်တစ်ခုလုံးလင်းထိန်သွားတော့သည်။ ထိုအလင်းရောင်များတွင် မှော်စွမ်းအင်များပါရှိနေပြီး ဖှေးအားရင်းနှီးသည့်ခံစားချက်တစ်မျိုးပေးလျှက်ရှိသည်။
"ဒါတွေက မှော်တလင်းကျောက်အမျိုးမျိုးနဲ့ မှော်စာလိပ်တချို့ပါ....ဒါတွေကို ကျွန်တော်နဲ့ လူစီယာနို လက်ဆောင်ပဏ္ဍာအနေနဲ့ဆက်သချင်လို့ပါ...ဆရာစိတ်ကျေနပ်မှုရှိရဲ့လား...." ဇိုလာအချက်ပြလိုက်ရာ ပညာသင်သူတော်စဥ်များသည် သံသေတ္တာနှစ်လုံးအား ဖှေး၏ပုလ္လင်အရှေ့သို့သွားချလိုက်သည်။
ဖှေး ဘာမှမပြောချေ။
သူသံသေတ္တာတစ်လုံးအနားသို့လမ်းလျှောက်သွားပြီး အသေးစိတ်ကြည့်ရှုလိုက်သည်။ သေတ္တာထဲတွင် အရောင်အမျိုးမျိုးနှင့် ဆန်းကျယ်သောပုံသဏ္ဍန်ရှိသည့်ကျောက်တုံးများကိုတွေ့လိုက်ရသည်။ အပြာရောင်၊ အဖြူရောင်၊ အပြာရောင်အလင်းပျော့ပျော့များတောက်ပနေကြသည်။ ကျောက်တုံးတစ်တုံးစီသည် မှော်စွမ်းအားတစ်မျိုးစီထုတ်လွှင့်နေသည်။ တချို့စွမ်းအင်များမှာ ပျော့ပျောင်းသလိုခံစားရသည်။ တစ်ချိုု့မှာနွေးထွေးသည်၊ တချို့မှာရန်လိုသည်၊ တစ်ချို့မှာ သိပ်သည်းနေသည်ကိုခံစားရသည်။
ဖှေး မှော်တလင်းကျောက်တစ်ခုအားကောက်ကိုင်ကြည့်လိုက်သည်။ သူ၏မျက်ခွံများမှာအနည်းငယ်ကျဥ်းမြောင်းသွားသည်။
သူအံ့သြသွားသည်။ အဘယ်ကြောင့်ဆိုသော် ဇိုလာပြောသည့် မှော်တလင်းကျောက်များမှာ ဒိုင်ယာဘလိုကမ္ဘာမှ [ကျောက်မြတ်ရတနာများ]နှင့် အတူတူပင်ဖြစ်နေသောကြောင့်ပင်။ ပုံစံသာတူသည်မဟုတ်ပေ ထိုကျောက်တုံးများထံမှခံစားရသောစွမ်းအင်များပင်တူနေသောကြောင့်ပင်။ ဤအရာနှစ်ခုမှာ တူညီသည့်အရာနှစ်ခုဖြစ်ကြောင်းသေချာသည်။
သို့သော် ဒိုင်ယာဘလို ကမ္ဘာမှပစ္စည်းများသည် အဘယ်ကြောင့်အပြင်ကမ္ဘာသို့ရောက်ရှိနေခဲ့သနည်း။ ဇိုလာပြောပုံအရဆိုပါက ထိုမှော်တလင်းကျောက်များမှာ စျေးကြီးသော်လည်း ရှားပါးသည့်ပုံမပေါက်ပေ။ သို့မဟုတ်ပါက ဖှေးရှေ့မှောက်သို့ သေတ္တာလိုက်ရောက်ရှိလာမည်မဟုတ်ပေ။
ဖှေးကျောက်တုံးကို သေတ္တာထဲပြန်ထည့်လိုက်ပြီး နောက်သေတ္တာတစ်ခုအား ကြည့်ရှုလိုက်သည်။ ထိုသေတ္တာထဲတွင်ကျောက်တုံးများမပါရှိပေ။ ထိုအစား ရွှေချည်မျှင်ကြိုးနှင့် စုပေါင်းချည်နှောင်ထားသော မှော်စာလိပ်များပင်။ စာလိပ်မှာ ၁၂ခုခန့်ဖြစ်သည်။ မှော်စာလိပ်များမှာ မတူညီသောအရောင်အသွေးများနှင့် မတူညီသောမှော်စွမ်းအင်များပါရှိသည်။ မှော်စာလိပ်များတွင် မှော်စာလုံးများစွာထွင်းထုထားသည်။ မှော်စာလိပ်ပေါင်း ၁၂ခုခန့်သာရှိသော်လည်း ဇိုလာမှ သေတ္တာကြီးတစ်ခုလုံးသုံးကာ ထုပ်ပိုးလာခဲ့ပုံကိုထောက်ပါက ဤစာလိပ်များသည်လည်း မှော်တလင်းကျောက်များနည်းတူ အဖိုးတန်လိမ့်မည်ဖြစ်သည်။ ကံမကောင်းစွာပင် ဖှေးတွင် အေဇာရုတိုက်ရှိမှော်ပညာနှင့် ပတ်သက်သည့်ဗဟုသုတများစွာမရှိချေ။ ထို့ကြောင့် ဤမှော်စာလိပ်များထဲတွင် မည်ကဲ့သို့မှော်ပညာများနှင့် မည်မျှအဆင့်ရှိသော မှော်ပညာများသိုထားမှန်းမသိချေ။
"ငါဒီပစ္စည်းတွေကို လက်ခံလိုက်မယ်...."
ဖှေးမှာ ယဥ်ကျေးစွာဖြင့် တစ်ချက်လေးမျှ မငြင်းဆန်ချေ။
"ကျေးဇူးပါဆရာ...ဆရာကျေနပ်ရင်ရပါပြီ ဆရာကျေနပ်ရင်ရပါပြီ...."
ဖှေး လက်ခံလိုက်ကြောင်းပြောလိုက်သည့်အခါမှ သူတို့နှစ်ယောက်သားစိတ်အေးသွားကြတော့သည်။
"တစ်ခုကျန်သေးတယ်....နောက်ပြီး တိုက်ပွဲမှာ အောက်လမ်းပညာရပ်သုံးခဲ့တဲ့ အကြောင်းကိုမင်းတို့ဘယ်ကနေသတင်းရတာလဲ..." ဖှေးရုတ်တရက်မေးလိုက်သည်။ "ဇီးနစ်မှာရှိတဲ့ဘုရားကျောင်းက ဂိုဏ်းအုပ်စီကလား၊မြင့်မြတ်သောတောင် ဝါလုမှာရှိတဲ့ ဌာနချုပ်ကလား...."
ဇိုလာနှင့် လူစီယာနိုတို့၏မျက်နှာတွင် ထူးဆန်းသည့်အမူအရာများပေါ်ပေါက်လာသည်။ ထို့နောက်တွင်တစ်ယောက်နှင့်တစ်ယောက် အချိန်အနည်းငယ်ကြာ စိုက်ကြည့်နေ၏။ ထို့နောက်တွင် ဇိုလာမှ အမှန်တိုင်းဖြေလိုက်သည်။ "မဟုတ်ဘူးဆရာ ဒီသတင်းက မဟာဘုရားကျောင်းအထက်ကနေလာတာမဟုတ်ပါဘူး....ကျွန်တော်တို့ချမ်းဘော့ဒ်ကိုလာတဲ့လမ်းမှာ ထူးဆန်းတဲ့အမဲရောင်ဝတ်ရုံနဲ့လူတစ်ယောက်ကိုတွေ့ခဲ့တယ် ဆရာ။ အဲ့လူကပဲ ကျွန်တော်တို့ကိုဒီသတင်းပြောလိုက်တာ...."