ကံစီမံရာ ကြိုးများ..
Vol. 1 Ch. 3
နောက်ထပ် မိနစ်အနည်းငယ် ကြာပြီးတဲ့ အထိ ဆန်နီရဲ့ စိတ်ဟာမကြည်မလင် ဖြစ်နေတုန်းပါပဲ..။သို့ပေမယ့် သူ အလျင်အမြန်ပဲ ပြန်ထိန်းချုပ်လိုက်ပြီး..စိတ်ကို လျော့ကာ လတ်ဆတ်တဲ့ လေကို ပြင်းပြင်းရူလိုက်ပါတယ်..။ဒီနေရာက လေက အတော်လေးကို သန့်ရှင်းလတ်ဆတ်ပြီး..အညစ်အကြေးတွေ ညစ်ညမ်းမူတွေ များပြားလွန်းတဲ့ သူတို့ကမ္ဘာမြေနဲ့ လုံးဝ မတူ ခဲ့ပေ..။သူနေထိုင်ခဲ့တဲ့ မြို့ပြင်မှာဆိုရင်တော့ ပြောစရာကို မလိုတော့တာပါ..။
မြို့ပေါ်ရဲ့ ချမ်းသာတဲ့ နေရာတစ်ချို့မှာ လေသန့်စင်တဲ့ စနစ်တွေ ရှိပေမယ့်လည်း..ဒါကလည်း ပိုက်ဆံရှိတဲ့ လူချမ်းသာတွေ အတွက်သာပါ..။
အခုတော့ သူ ဒီမှာ လူချမ်းသာတွေလိုပဲ လတ်ဆတ်တဲ့ လေထုကို တစ်ဝကြီး ရူခွင့်ရနေပါပြီ..။
အိပ်မက်ဆိုးရဲ့ ရွေးချယ်ခြင်းကို ခံရတာကလည်း သူ့ကောင်းကျိုးနဲ့သူတော့ ရှိနေတာပါပဲ..။
တကယ်လို့သာ ..အေးစက်လွန်းတဲ့ ရာသီဥတု ၊ သူ့ရဲ့ နာကျင်လွန်းတဲ့ ခြေထောက်တွေ ၊ လက်ကောက်ဝတ်နဲ့ နောက်ကျောဘက်က ပြင်းထန်လွန်းတဲ့ ဝေဒနာတွေသာ မရှိဘူးဆိုရင် တကယ်ကို ကောင်းမွန်မှာပါ..။
အစေခံ ခရီးသည် အတန်းကြီးဟာ တောင်ကုန်းပေါ်ကို ဖြည်းဖြည်း ချင်းစီ တက်နေကြပြီး ..အစေခံအများစုဟာ..တုန်ရီလာပြီး လဲကျသူတွေက လဲကျလာခဲ့ကြတယ်..။အကြိမ်အနည်းငယ် လဲကျပြီး..ဆက်မလျောက်နိုင်တဲ့ အစေခံတွေကတော့..ချည်နှောင်ထဲက ချိန်းကြိုးတွေကို ဖြုတ်ကာ..ဆွဲထုတ်ခံရပြီး..လမ်းရဲ့ တစ်ဖက်မှာ ရှိနေတဲ့ ချောက်ထဲကို ချက်ချင်း ကန်ချခံကြရပါတယ်..။ဆန်နီကတော့ ဒီလူတွေ ပြုတ်ကျသွားတာကို သနားစွာ ကြည့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး..။
"သနားစရာတွေ..ငြိမ်းချမ်းစွာ အနားယူကြတော့.."
အိပ်မက်ဆိုး ထဲရောက်တာကို ခံစားချက်ကောင်းမွန်နေတာက အတော်ကို ထူးဆန်းနေမယ်ဆိုပေမယ့်လည်း ဆန်နီ အတွက်တော့ ပြင်ဆင်ချိန်ရလိုက်ပါသေးတယ်..။အိပ်မက်ဆိုးရဲ့ လက္ခဏာတွေ စတင်ပေါ်လာတော့ သူကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့ပါဘူး..။
အချိန်ရတုန်းမှာ သူ့ မိဘတွေရဲ့ အုတ်ဂူကို သွားလည်ခဲ့ပါသေးတယ်..။အမှန်တကယ်တော့..ဆန်နီက အမှတ်တရ နေရာတွေမှာ အုတ်ဂူကိုထားဖို့ ပိုက်ဆံမတတ်နိုင်တာကြောင့် သစ်ပင်တစ်ပင်အောက်မှာပဲ..အုတ်ဂူနှစ်ခု ဆောက်လုပ်ပေးထားခဲ့တာပါ..။သူ အိပ်မက်ဆိုး အခိုက်အတန့် ထဲကို မဝင်ခင်မှာ သူ့အတွက် တတိယမြောက် အုတ်ဂူ ထပ်ဆောက်လုပ် ပြီးတဲ့နောက်မှာတော့..ဆန်နီ ရုတ်တရက် လွတ်လပ်ပြီး စိတ်တွေ ပေါ့ပါးသွားသလိုပါပဲ..။
ဘာပဲဖြစ်ဖြစ်..သူ ပိုက်ဆံရှာဖို့အတွက် ပူစရာ မလိုတော့ဘူး..အစားအသောက်ရှာဖို့အတွက် ပူစရာမလိုတော့ဘူး..ပြီးတော့ အနာဂတ်အတွက်လည်း စိတ်ပူစရာ မလိုတော့ပါဘူး..။အဆိုးဆုံးတွေ ဖြစ်လာပြီးတဲ့ နောက်မှာတော့ သူ့ဘဝက ဘာကို ကြောက်ရွံ့နေရဦးမှာလဲ..။
ဒီတော့..အစေခံတစ်ယောက် ဖြစ်လာပြီး..သေမယ့်အချိန်ကို စောင့်နေရတဲ့ဘဝကလည်း သိပ်တော့ အံ့ဩစရာ မရှိပါဘူး..။
ပြီးတော့ တောင်ကုန်းပေါ်မှာ ဘာတွေဖြစ်မလဲ ဆိုတာကို သူ မြင်ထားပြီးတာကြောင့် ဒီအေးခဲနေတဲ့ ရာသီဥတုက သူ့ကို မသေစေနိုင်ဘူးဆိုတာကိုတော့ ဆန်နီ ကျိန်းသေ သိပါတယ်..။ အရိုးတွေ မြေကြီးပေါ်မှာ စုပုံနေတဲ့ မြင်ကွင်းက အခုချိန်အထိ သူ့မျက်စိထဲကနေ မထွက်သေးပါဘူး..။
ပိုပြီးဖြစ်နိုင်တာက..သားရဲတွေက ဒီ ခရီးသည်တန်းကြီးကို တိုက်ခိုက်နိုင်လောက်ပြီး..ဒါကလည်း နောက်ထပ် နာရီပိုင်းအကြာမှာဖြစ်လာတော့မှာပါ..။
ဒီတော့ သူ့မှာ အခွင့်အရေး ရှိနေပါသေးတယ်..။
အခွင့်အရေးကို အသုံးချဖို့အတွက် ဆန်နီ သူ့မှာ ရှိနေတဲ့ အရည်အချင်းတွေကို သေချာပြန်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်..။ပြီးခဲ့တဲ့ အခေါက်က သူ စွမ်းရည်ကိုပဲ စိတ်က ရောက်နေတာကြောင့် တစ်ခြားဟာတွေကိုတောင် သေချာမကြည့်ခဲ့ရပါဘူး..။
စွမ်းရည်က အရေးကြီးသလိုပဲ..သေခြင်း ရှင်ခြင်း အခိုက်အတန့်တွေမှာဆိုရင် ပင်ကိုယ်စွမ်းရည်ကလည်း အရေးပါလှပါတယ်..။
[ ကံစီမံရာ ] : " သင့်ရဲ့ ပတ်ဝန်းကျင်မှာ ပြင်းထန်တဲ့ ကံတရား အငွေ့အသက်တွေ ရစ်ပတ်နေပါတယ်..။တစ်ခြား အဖြစ်အပျက်တွေနဲ့ မတူစွာပဲ..ကောင်းမွန်မလား ဆိုးဝါးမလား ဆိုတာက သင့်အပေါ်မှာပဲ မူတည်မှာပါ..။ကျိန်စာတိုက်ခံရသူတွေရှိနေသလို..ကောင်းချီးပေးခံရတဲ့ လူတွေလည်း ရှိနေပေမယ့် နှစ်ခုစလုံး ရရှိတဲ့လူကတော့ ရှားပါးပါတယ်..."
[ နတ်ဘုရား အမှတ်အသား ] : " သင်ဟာ တစ်ချ်ိန်တုန်းက တစ်စုံတစ်ယောက်လိုပဲ နတ်ဘုရားရဲ့ အားနည်းတဲ့ ရနံ့ တစ်ခုကို သယ်ဆောင်ထားသောသူ ဖြစ်သည်.."
[ အရိပ်၏ သားတော် ] ; " အရိပ်တွေဟာ..သင့်ကို သူတို့ရဲ့ ပိုင်ရှင်အဖြစ် လက်ခံထားကြသည် "
"အင်း..စိတ်ဝင်စားစရာပဲ.."
ဆန်နီ ပထမဆုံး စွမ်းရည်ကို မှတ်ထားလိုက်ပါတယ်..။ကြည့်ရတာတော့ သူက တစ်ချို့ကံတရားတွေကို လက်ခံရမယ့် ပုံပါပဲ..။ဥပမာ ရက်ရက်စက်စက် သေတာတို့..အပြစ်ပေးခံရတာ မျိုးတို့ပါ..။သို့ပေမယ့် သေချာ ပြန်စဥ်းထားလိုက်တဲ့ အခါမှာတော့ ဒါက သူရှိနေရင် ပတ်ဝန်းကျင်မှာ မဖြစ်နိုင်တာတွေက ဖြစ်လာဖို့ အခွင့်အရေးများနေတယ်လို့ ဆိုလိုချင်တဲ့ ပုံပါပဲ..။
"ငါထင်တာတော့..လုံးဝကို ရှားပါးပြီး အသုံးမကျတဲ့ စွမ်းရည်တွေကို ငါရထားတယ်ထင်တယ်.."
တကယ်လို့ [ ကံစီမံရာ ] ကသာ သူ့ရဲ့ အတွင်းပိုင်းအရည်အချင်းဆိုရင် တစ်ခြားနှစ်ခုဖြစ်တဲ့ [ ကျောင်းတော် အစေခံ ] စွမ်းရည် နဲ့ [ နတ်ဘုရားအမှတ်အသား ] တွေက ပိုပြီးတော့..အသုံးမဝင်ပါသေးတယ်..။သူသေချာမသိပေမယ့် ဒီစွမ်းရည်တွေက အိပ်မက်ကမ္ဘာထဲက မြင့်မြတ်နယ်မြေတွေကို ဝငိထွက်ခွင့် ရနိုင်တာ ဖြစ်နိုင်ချေရှိပြီး..ဒီနားမှာ ဘာ မြင့်မြတ်နယ်မြေမှ ရှိမနေတဲ့ အတွက် အသုံးမဝင်ပါဘူး..။
[ အရိပ်ရဲ့ သားတော် ] ကတော့ အထူးဆန်းဆုံးပါပဲ..။ဒီဟာက ဘာလဲ ဆိုတာကို တော့ ဆန်နီဟာ နေ မဝင်သွားခင် အချိန်အထိ စဥ်းစားလို့ မရခဲ့ပေ..။မှောင်ရီစပြုလာတဲ့ အချိန်မှာတော့..ဆန်နီဟာ သူ့ကိုယ်သူ အမှောင်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်နေရတာကို အံ့ဩစွာ တွေ့လိုက်ရပါတယ်..။ဒီစွမ်းရည်လောက်နဲ့ဆိုရင်တော့ ဘာမှသိပ်ပြီး ထူးခြားနိုင်မှာ မဟုတ်ပေမယ့် တစ်ခြား မသိသေးတဲ့ အသုံးပြုနိုင်မူတွေ ရှိနေလောက်ပါသေးတယ်..။
'
"နောက်ဆုံးတော့ ကောင်းတာလေး တွေ့ရပြီ..။ငါ သိချင်တာက...."
"သွားနေတာတွေကို ရပ်လိုက်တော့..။စခန်းချဖို့ ပြင်ဆင်ကြ.."
ခေါင်းဆောင် စစ်သည်ရဲ့ အမိန့်ကို ကြားတဲ့ အချိန်မှာပဲ အစေခံတွေဟာ..အားအင်တွေကိို လျော့ချလိုက်ကာ မောပန်းစွာပဲ မြေကြီးတွေပေါ် ထိုင်ချလိုက်ကြပါတယ်..။အနည်းငယ် ကျယ်ပြန့်တဲ့ တောင်တက်လမ်းပေါ်မှာဖြစ်ပြီး..ကြီးမားတဲ့ ကျောက်တုန်းတွေနဲ့ ကာရံထားသည့်တိုင်အောင်..ဒီနေရာကလည်း အတော်လေး အေးနေပါသေးတယ်..။
စစ်သည်တွေဟာ..မီးပုံကြီး တစ်ခုပြုလုပ်ပြီး အစေခံတွေ အနွေးဓာတ် ရစေဖို့အတွက် စက်ဝိုင်းပုံသဏ္ဌာန် နေခိုင်းရင်း အလုပ်ရှုပ်နေကြပါတယ်..။သူတို့က မြင်းတွေကိုတောင် ဂရုမစိုက်နိုင်အား ကြပါဘူး..။အစားအစာတွေ..ရေတွေ..နဲ့ တစ်ခြားပစ္စည်းတွေ ထည့်ထားတဲ့ ကြီးမားတဲ့ ကုန်လှည်းကြီးကိုတော့..လေဒဏ်ကို ကာကွယ်ဖို့အတွက် အသုံးပြုထားခဲ့တယ်..။
ဆန်နီဟာ အစောက သူ့ကို ရေပေးခဲ့တဲ့ စစ်သည်လူငယ်ဟာ တောင်ပေါ်ကို ရှုပ်ထွေးနေတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကို သတိထားမိလိုက်ပါတယ်..။
"ဘာများ ထူးဆန်းနေလို့လဲ...
မကြာခင်မှာ မီးပုံဟာ အရှိန်ကောင်းလာခဲ့တယ်..။အင်အားကြီး တဲ့ အစေခံတွေဟာ မီးပုံနဲ့ ပိုပြီးနီးကပ်အောင် ကြိုးစားနေတဲ့ အချိန်မှာတော့ ဆန်နီတို့လို အားနည်းတဲ့ အစေခံတွေကတော့ အပြင်ဘက်ခြမ်း မီးပုံနဲ့ဝေးတဲ့ နေရာမှာသာ ရှိနေခွင့်ရကြပြီး အအေးဒဏ်ကို အံတုနေရပါတယ်..။ဒါပေါ့..သူတို့တွေကို သံခြေကျငိးတွေလည်း ခတ်ထားသေးတာကြောင့် လှုပိရှားရတာကလည်း သိပ်မလွယ်ကူလှပါဘူး..။
ဒါကြောင့်ပဲ..ရင်းနှီးနေပြီးသားဖြစ်တဲ့ ပုခုံးကျယ်ကျယ်နဲ့ အစေခံဟာ..ဘယ်လောက်ပဲ မီးပုံနဲ့ နီးကပ်ဖို့ ကြိုးစား ကြိုးစား ဒီနေရာကနေ မရွေ့သေးပဲဖြစ်နေတာပါ..။
"ခွေးမသား အင်ပါယာ ကောင်တွေ..."
သူ ကျိန်ဆဲလိုက်တယ်..။
စစ်သည်တွေကတော့ သူတို့ကြားထဲမှာ လမ်းလျောက်ပြီး အစားအသောက်နဲ့ ရေတွေ ဝေပေးနေခဲ့ပါတယ်။ ဆန်နီ လည်း တစ်ခြားလူတွေလိုပဲ အရမ်းကို အေးစက်နေတဲ့ ရေခဲရေနည်းနည်း နဲ့..ကျောက်ခဲလို မာနေတဲ့ ပေါင်မုန့်တစ်လုံးကို ယူလိုက်တယ်..။ပေါင်မုန့်က စားချင်စားဖွယ် မရှိပေမယ့်လည်း..သူ့ရဲ့ ဆာလောင်မူကပဲ သူ့ကို တစ်ခုလုံးကုန်အောင် စားဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်..။
အခြေအနေကို ကြည့်ရသလောက်တော့ ဒါက သူတစ်ယောက်တည်းမဟုတ်ပါဘူး..။
ခိုးကြောင်ခိုးဝှက်ပုံနဲ့ အစေခံ ကတော့ သူ့နောက်ဘက်မှာ ဟိုလျောက်လိုက် ဒီလျောကိလိုက်လုပ်နေခဲ့တယ်..။
"ကျိန်ဆိုပြီး ပြောရရင်..သူတို့က မြေအောက်အကျဥ်းထောင်ထဲမှာတောင်မှ ငါတို့ကို ဒီထက်ကောင်းတာ ကျွေးသေးတယ်.."
သူတကယ်ကို မကျေမနပ်ဖြစ်နေခဲ့တာပါ..။
"ပြီးတော့ မြေအောက်အကျဥ်းထောင်ထဲမှာရှိနေကြတဲ့ ငါတို့လို အပြစ်ကင်းတဲ့ လူတွေအကုန်လုံးက ကြိုးစင်တက်ဖို့ စောင့်နေကြရတာလေ.."
သူတို့နဲ့ ခြေလှမ်းအနည်းငယ် အကွာအဝေးမှာတော့ ကျောက်တုံးတွေ ကြားထဲမှာ အနီရောင်တောက်ပနေတဲ့ ဘယ်ရီသီးတွေဟာ နှင်းတွေတောမှာ သီးနေခဲ့ပါတယ်..။ဆန်နီကတော့ ဒီအသီးတွေကို အစောကတည်းက သတိထားမိနေတာဖြစ်ပြီး..ဖြူဖွေးနေတဲ့ နှင်းတွေထဲမှာ အတော်လှပတယ်လို့တောင် တွေးလိုက်ပါသေးတယ်..။
ခိုးကြောင်ခိုးဝှက်ပုံ အစေခံရဲ့ မျက်လုံးတွေဟာဒီအသီးတွေ အပေါ်ကျသွားတဲ့ အချိန်မှာတော့ သူ လေးဘက်ထောက်ပြီး သွားခူးဖို့ လုပ်လိုက်ပါတယ်..။
"ငါကတော့ အဲတာတွေကို သွားမစားဖို့ အကြံပေးချင်တယ် မိတ်ဆွေ.."
နောက်တစ်ခါထပ်ပြီး သိမ်မွေ့တဲ့ အသံပိုင်ရှင် အစေခံ ပါပဲ..။ဆန်နီ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ ဒီလူရဲ့ ပုံစံကို ပထမဆုံး အကြိမ်မြင်ဖူးလိုက်တယ်..။ဒီလူက အသက် ၄၀ အရွယ်လောက်ရှိပြီး ထူးဆန်းစွာပဲ ခန့်ညားတဲ့ ရုပ်ရည်ရှိကာ..တကယ်ကို ပညာရှင် တစ်ယောက်နဲ့ တူပါတယ်..။
ဒီလိုလူတစ်ယောက်က ဘယ်လိုလုပ် အစေခံအဖြစ်နဲ့ ရောက်နေရတာလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ..။
"မင်း နဲ့ မင်းရဲ့ အကြံပေးမူပဲ ဖြစ်ပြန်ပြီလား..။ဘာလဲ..ဘာလို့လဲ..."
ပညာရှင်ဟာ တောင်းပန်စွာပဲ ပြုံးပြလိုက်တယ်..။
"ဒီဘယ်ရီသီးတွေကို ..သွေးအဆိပ်သီး လို့ခေါ်တယ်..။သူတို့က လူသားတွေရဲ့ သွေးတွေ ရှိတဲ့ နေရာမှာပဲ ပေါက်တာ..။ဒါကြောင့် အစေခံတွေ ခရီသွားတဲ့ လမ်းတစ်လျောက်မှာဆို ဒီလိုအသီးတွေ အများဆုံးရှိတတ်တယ်လေ.."
"အဲတော့ ဘာဖြစ်လဲ.."
ခိုးကြောင်ခိုးဝှက်နဲ့ အစေခံဟာ ထပ်မေးလိုက်တာပါ..။
"သွေးအဆိပ်သီးတွေက အဆိပ်ရှိတယ်လေ..။အလုံးအနည်းငယ်လောက်စားလိုက်မိရင်ပဲ လူတစ်ယောက်ကို သေစေဖို့အတွက်လုံလောက်တယ်.."
"သောက်ရေးမပါတာ.."
ခိုးကြောင်ခိုးဝှက်ပုံစံ အစေခံဟာ..ကျိန်ဆဲလိုက်ပေမယ့်လည်း ..ဘယ်ရီသီးကို သွားခူးမယ့်ပုံစံ မရှ်ိတော့ပါဘူး..။
ဆန်နီကတော့..သူတို့ကို ဆက်ပြီးအာရုံစိုက်မနေနိုင်တော့ပေ..။
ဘာလို့လဲ ဆိုတော့ ဘေးပတ်ဝန်းကျင်ကို ကြည့်နေရင်းနဲ့ သူ အိပ်မက်ဆိုး အခိုက်အတန့် စတင်တုန်းက မြင်ကွင်းတွေကို ပြန်မှတ်မိသွားခဲ့လို့ပါ..။ပြီးတော့..ဒီနေရာမှာ သူတို့ အားလုံးကို သေစေနိုင်မယ့်တစ်စုံတစ်ခု ဖြစ်လာတော့မယ်ဆိုတာကို သူ လောင်းကြေးထပ်ပြီးတော့တောင် ပြောလိုက်ချင်ပါသေးတယ်..။
သူ့အတွေးတွေကို အဖြေပြန်ပေးလိုက်သလိုပဲ..ကောင်းကင်ထက်ကနေ ကျယ်လောင်တဲ့ အသံကြီးတစ်သံဟာ ထွက်ပေါ်လာခဲ့ပါတော့တယ်..။
နောက်ထပ် စက္ကန့်အနည်းငယ် အကြာမှာတော့..ကြီးမားတဲ့ အရာကြီး တစ်ခုဟာ ကောင်းကင်ပေါ်ကနေ ကျလာခဲ့တယ်.....
ဝုန်း.....