တောင်ဘုရင်
Vol. 1 Ch. 4
ကျယ်လောင်တဲ့ အသံကြီးတွေ မြည်လာတဲ့ အချိန်မှာတော့..အစေခံတွေ အများကြီးဟာ သူတို့ရဲ့ ခေါင်းတွေကို မော့ပြီး ကြည့်လိုက်ကြပါတယ်..။ကျောက်တုံးတွေနဲ့..ချွန်ထက်တဲ့ ရေခဲတွေဟာ သူတို့ အပေါ်ကို ဆက်တိုက်ပြုတ်ကျ လာနေခဲ့တယ်..။သူတို့ ချက်ချင်းပဲ..ထိပ်လန့်သွားခဲ့ကြပြီး အော်သံတွေနဲ့ အတူ ရှောင်တိမ်းလိုက်ကြတယ်..။
သို့ပေမယ့်လည်း သံကြိုးတွေရဲ့ ချည်နှောင်ထားမူကြောင့် သူတို့ဟာ တစ်ယောက် နဲ့ တစ်ယောက် ဆွဲထားသလိုသာ ဖြစ်နေခဲ့ကြပါတယ်..။
ဆန်နီကတော့ ဒီလို အခြေအနေ ဖြစ်လာမှာကို ကြိုသိထားတာကြောင့် တည်တည်ငြိမ်ငြိမ် ရှိနေတဲ့ လူအနည်းငယ်ထဲက တစ်ယောက် အပါအဝင် အဖြစ် ရှိနေခဲ့တယ်..။တည်ငြိမ်စွာပဲ..ညဘက် ထိုးဖောက်မြင်ရတဲ့ မျက်လုံးတွေနဲ့ ကောင်းကင်ထက်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပါတယ်..။
နောက်စက္ကန့်အနည်းငယ် အကြာမှာတော့..လူကိုယ်တစ်ပိုင်းလောက်ရှိတဲ့ ရေခဲအပိုင်းအစကြီး တစ်ခုဟာ သူ့ရှေ့နားကို ပြုတ်ကျပြီး ရေခဲအပိုင်းအစတွေဖြစ်သွားခဲ့တယ်..။
တစ်ခြားလူတွေကတော့ ဒီလောက် မြန်အောင် မရှောင်နိုင်ကြပါဘူး..။ရေခဲတုံး နဲ့ ကျောက်တုံးတွေဟာ ဆက်တိုက် ပြုတ်ကျလာနေတာကြောင့်..အများစုဟာ ဒဏ်ရာ ရကြပြီး လူအချို့ကတော့ အသက်ပါ ဆုံးရှုံးခဲ့ကြရတယ်..။အော်ဟစ်သံတွေကတော့..လေထဲမှာ လုံးဝကို ဆူညံနေခဲ့ပါပြီ..။
"ခြေထောက်တွေကို လှုပ် အရူးတွေ..တောင် နံရံဘက်ကို သွားကြ.."
လွန်ခဲ့တဲ့ နာရီပိုင်းတုန်းက ဆန်နီ ရဲ့ ကျောပြင်ကို ကြာပွတ်နဲ့ ရိုက်ခဲ့တဲ့ စစ်သည်ဟာ အစေခံတွေကို အော်ဟစ် အမိန့်ပေးနေခဲ့တာပါ..။သို့ပေမယ့် ဘယ်သူမှ သူပြောတဲ့ အတိုင်း လိုက်မလုပ်နိုင်သေးခင်မှာပဲ..ကြီးမားတဲ့ အရာကြီးတစ်ခုက ဆင်းသက်လာခဲ့ပြီး သူတို့ရပ်နေတဲ့ မြေကြီးတောင် တုန်လှုပ်သွားခဲ့ပါတယ်..။ဒီအရာကြီးက တောင် နံရံ နဲ့ အစေခံတွေရဲ့ ကြားထဲမှာ ရပ်တန့်သွားတာကြောင့် အကုန်တိတ်ဆိတ်သွားခဲ့တယ်..။
အစကတော့ ဒီအရာကြီးက ညစ်ပေနေတဲ့ နှင်းတွေလိုပါပဲ..။သို့ပေမယ့် ဒီသတ္တဝါ ကြီးရဲ့ လက်သည်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာတော့..ဒါက အိပ်မက်ဆိုးထဲက သေခြင်းနိမိတ်တွေလို ပြောင်းလဲသွားခဲ့ပါပြီ..။
"ဒီကောင်ကြီးက အနည်းဆုံတော့ လေးမီတာ လောက်ရှိတယ်.."
ဆန်နီ တွေးလိုက်ရင်းနဲ့ ထိပ်လန့်နေခဲ့တယ်..။
ဒီသတ္တဝါကြီးရဲ့ ခြေထောက်နှစ်ချောင်းဟာ အတော်ကို ကြီးမားတုတ်ခိုင်ပြီး..ရှည်လျားတဲ့ လက်တွေက တော့ လေးချောင်းတောင်ရှိနေခဲ့ပါတယ်..။ပထမနှစ်ချောင်းမှာတော့..ထိပ်လန့်စရာကောင်းတဲ့ အရိုး လက်သည်းတွေ ရှိနေခဲ့ပြီး နောက်လက်နှစ်ချောင်းကတော့..အနည်းငယ် တိုကာ လူသားတွေနဲ့ ဆင်တူနေခဲ့တယ်..။
အစက ညစ်ပေနေတဲ့ နှင်းတွေလို ထင်ရတဲ့အရာတွေကတော့ အခုဆိုရင် သူ့ရဲ့ အမွှေးတွေ အဖြစ်ပြောင်းလဲသွားပြီး..လေးမြား တွေ..ဓားတွေတောင် တိုးမယ့် ပုံစံ မရှိပါဘူး..။
ခေါင်းပေါ်မှာတော့..အဖြူရောင် မျက်လုံး ငါးလုံးရှိနေပြီး ..အစေခံတွေကို ပိုးမွှားလေးတွေလို..မတူညီစွာ ကြည့်နေခဲ့ပါတယ်..။မျက်လုံးတွေရဲ့ အောက်မှာတော့ချွန်ထက်နေတဲ့ သွားတွေနဲ့အတူ အနည်းငယ်ပွင့်နေတဲ့ပါးစပ်တစ်ခု ရှိနေခဲ့တယ်..။ချွဲပျစ်နေတဲ့ သွားရည်တွေကတော့..သတ္တဝါကြီးရဲ့ ပါးစပ်ကနေ နှင်းတွေပေါ်ကို တစ်စက်စက် ကျနေခဲ့တာပါ..။
ဆန်နီကို အမှန်တကယ်ချောက်ခြားစေတဲ့ အရာကတော့..သတ္တဝါကြီးရဲ့ အရည်ပြားအောက်မှာ အဆက်မပြတ် ရွှေ့လျားနေတဲ့ ..အသည်းယားစရာ
ခန္တာကိုယ်ကြီးပါပဲ..။
သူ ဒါတွေကို ရှင်းရှင်းလင်းလင်း မြင်နေရတယ် ဆိုတာက..သူက သတ္တဝါကြီးရဲ့ မျက်နှာချင်းဆိုင် ရှေ့ဆုံးမှာ ရောက်နေတဲ့ ကံအဆိုးဆုံး လူသား ဖြစ်နေလို့ပါ..။
"ကောင်းပြီလေ..ဒါ ဒါကြီးကတော့ များသွားပြီ.."
ဆန်နီ ထိပ်လန့်စွာ တွေးလိုက်မိတယ်..။
ဆန်နီ ဒီလိုတွေးလိုက်ပြီးတာနဲ့ ငရဲခန်းမှာ ရောက်နေသလို အခြေအနေတွေဟာ ဖြစ်ပေါ်လာခဲ့ပါတော့တယ်..။သတ္တဝါကြီးဟာ..စတင်ရွှေ့လျားလာပြီး..သူ့ရဲ့ လက်သည်းတွေနဲ့ တည်နေရာမရှ်ိပဲ လျောက်ယမ်း နေခဲ့တာပါ..။
ဒါကြောင့် ဆန်နီဟာ တစ်စက္ကန့်လေးတောင် အချိန်ဖြုန်းမနေတော့ပဲ..သံကြိုးက ခွင့်ပြုသလောက် ဘေးဘက်ကို ခုန်ထွက်လိုက်ပါတယ်..။ဒီလိုအခြေအနေကနေပဲ ဆန်နီနဲ့ သတ္တဝါကြီးရဲ့ ကြားထဲကို ပုခုံးကျယ်ကျယ်နဲ့ အစေခံ ဟာ ရောက်သွားစေခဲ့တယ်..။
သူ့ရဲ့ လျင်မြန်တဲ့ တုန့်ပြန်မူ့က သူ့အသက်ကို ကယ်ခဲ့တာပါ..။ဒီ ချွန်ထက်တဲ့ လက်သည်းတွေဟာ..ပုခုံးကျယ်ကျယ် နဲ့ အစေခံကို ထိမှန်သွားခဲ့ပြီး သွေးတွေဟာ ချက်ချင်းပဲ လေထဲမှာ ဖြာထွက်သွားခဲ့တယ်..။ဆန်နီ မြေကြီးပေါ် လဲကျသွားတာနဲ့ သူ့ဘော်ဒါ ပုခုံးကျယ်ကျယ်နဲ့လူကြီးဟာ စိုရွှဲနေတဲ့ သွေးတွေနဲ့ အတူ သူ့အပေါ် ထပ်လျက်သား ပြုတ်ကျလာခဲ့ပါတယ်..။
ဒီလူရဲ့ ဘဝက အဆုံးသတ်သွားခဲ့ပါပြီ..။
"ချီးပဲ..ခင်ဗျားက ဘာလို့ ဒီလောက်တောင် လေးနေတာလဲ..."
ခနအကြာမှာပေါ် ဆန်နီဟာ အူသံကြီးတစ်ခုကို ကြားလိုက်ရပြီး သူ့အပေါ်ကို ဖြတ်သွားတဲ့ အရိပ်တစ်ခုကိုပါ ခံစားလိုက်ရတယ်..။ပြီးတဲ့ နောက်မှာတော့ ချက်ချင်းဆိုသလိုပဲ..အော်ဟစ်သံတွေ ပြည့်နှက်နေတဲ့ ညတစ်ည ဖြစ်သွားခဲ့ပါတယ်..။
သူ ဒီဟာတွေကို အာရုံမစိုက်တော့ပဲ အလောင်းကောင်ကြီးကို ဘေးနားတွန်းဖယ်ဖို့ လုပ်လိုက်တဲ့ အချိန်မှာ သူ့ လက်ကောက်ဝတ်က သံကြိုးနဲ့ ငြိနေတာကြောင့် ခေါင်းထူပူသွားခဲ့တယိ..။သူ အားအနည်းငယ်ထည့်ပြီး ဆွဲလိုက်မှ သူ့လက်မှာငြိနေတဲ့ သံကြိုး ပြုတ်သွားကာ ပြန်ထိန်းချုပ်လို့ ရသွားခဲ့ပါတယ်..။
"အခြေအနေတွေ ဘယ်လောက်ဆိုးနိုင်မလဲ စောင့်ကြည့်ကြတာပေါ့.."
ဆန်နီ အလောင်းကောင်ကို တွန်းပြီး ဘေးကို ဖယ်ရှားလိုက်မှ လွတ်လွတ်လပ်လပ် ပြန်ဖြစ်သွားခဲ့ပါတယ်..။သို့ပေမယ့် သူ ဝမ်းသာရမယ့် အစား ခန္တာကိုယ်ထဲက သွေးတွေ အေးခဲသွားသလို ကြောက်ရွံ့မူကိုသာ ခံစားလိုက်ရတယ်..။
ဘာလို့လဲ ဆိုတော့ သူ့လက်က အခုချိန်ထိ ပုခုံးကျယ်ကျယ်နဲ့ အစေခံရဲ့ ခန္တာကိုယ်ကို ထိထားနေတုန်းဖြစ်တာကြောင့်..သိသာစွာပဲ ဒီလူရဲ့ ခန္တာကိုယ်ထဲမှာ တစ်ခုခုလှုပ်နေတာကို ခံစားနေရပါတယ်..။
"အရူး..မင်းက အခြေအနေ ဘယ်လောက်များဆိုးနိုင်မလဲ ဆိုပြီးတော့တောင် တွေးလိုက်သေးတယ်ပေါ့ ဟုတ်လား.."
သူ ကိုယ့်ကိုကို တွေးလိုက်တာပါ..။
ဆန်နီ အလောင်းကို ခြေထောက်နဲ့ ကန်ထုတ်လိုက်ပြီး ဝေးနိုင်သမျှ ဝေးအောင် သွားလိုက်တယ်..။သူသွားနိုင်တာက သံကြိုးက ခွင့်ပြုထားတဲ့ အကွာအဝေးလောက်ပါပဲ..။သူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့..လမ်းတစ်ဖက်မှာ ပြေးလွှားနေကြတဲ့ အစေခံတွေနဲ့..တိုက်ခိုက်နေတဲ့ သတ္တဝါကြီးကို မြင်နေရတယ်..။
ယင်းနောက် သူ ကြမ်းကြမ်းတမ်းတမ်း ကြီးထွားလာနေတဲ့ အလောင်းရဲ့ ခန္တာကိုယ်ကိုသာ ပြန်အာရုံစိုက်လိုက်ပါတယ်..။
အလောင်းရဲ့ ဆန့်ကျင်ဘက် နေရာမှာတော့..ခိုးကြောင်ခိုးဝှက်ပုံ အစေခံဟာ..ကြောက်ရွံ့နေတဲ့ အမူအရာနဲ့ ပါးစပ်အဟောင်းသား ကြည့်နေခဲ့ပါတယ်..။ဆန်နီ လက်ကို ဝေ့ယမ်း ပြီး အော်လိုက်တယ်..။
"ခင်ဗျား ဘာကို ကြည့်နေတာလဲ..။အလောင်းနဲ့ ဝေးဝေးမှာနေတော့..."
ခိုးကြောင်ခိုးဝှက်ပုံ အစေခံဟာ ပြေးဖို့ ကြိုးစားလိုက်ပေမယ့်လည်း ပြန်ပြီး လဲကျသွားခဲ့တယ်..။သူတို့ကို ခတ်ထားတဲ့ သံကြိုးက အကွာအဝေး အများကြီးကို သွားခွင့်မပြုခဲ့ပါဘူး..။
ဆန်နီ အံကို ကြိတ်လိုက်တယ်...။
သူ့ မျက်လုံးအောက်မှာတင်ပဲ..အလောင်းကောင်က ပုံသဏ္ဌာန်တွေ ပြောင်းလာနေခဲ့ပါပြီ..။ကြွက်သားတွေက ပိုမိုကြီးလာနေပြီး ပုံစံ ပြောင်းဖို့ လုပ်နေခဲ့တယ်..။လက်သည်းတွေကလည်း ချွန်ထက်တဲ့ လက်သည်းတွေအဖြစ် ပြောင်းလာနေခဲ့ပါတယ်..။
"ဒါက မဟုတ်သေးဘူး.."
"သံ..သံကြိုး..."
ပညာရှင် အစေခံကတော့ ခိုးကြောင်ခိုးဝှက်ပုံ အစေခံရဲ့ နောက်ဖက် ေခြလှမ်း အနည်းငယ် အကွာမှာပါ..။သူ့မျက်နှာက သရဲတစ်ကောင်ကို မြင်နေရသလို ဖြူဖျော့နေခဲ့တယ်..။
သံကြိုးတွေ သံခြေချင်းတွေနဲ့ ခတ်ခံထားရတာနဲ့တင် လုံလောက်အောင် ကံဆိုးနေပြီဖြစ်ပေမယ့်..ဒီလို ထိပ်လန့်စရာ သတ္တဝါနဲ့ အတူတူ ချည်ခံထားရမယ်ဆိုရင်တော့ မတရားတော့ပါဘူး..။
ဆန်နီ တွေးမိသလောက်ကတော့ အရာရာတိုင်းက ဖြစ်ချင်သလို ဖြစ်နေတာတော့ မဟုတ်လောက်ပေ..။အိပ်မက်ဆိုးထဲမှာ ဘယ်လို သားရဲတွေ ပေါ်လာမယ်ဆိုတဲ့..စည်းမျဥ်းတွေတော့ ရှိလောက်မှာပါ..။
အိပ်မက်ဆိုး ထဲမှာ ရှိတဲ့ သတ္တဝါတွေက..သားရဲ
မွန်းစတား..နတ်ဘီလူး..နတ်ဆိုး..အုပ်ချုပ်သူနတ်ဆိုး..ကြောက်လန့်မူ နတ်ဆိုး နဲ့ နောက်ဆုံးမှာ
ကပ်ဘေး နတ်ဆိုးလို့ ခေါ်တဲ့ တိုက်တန် ကြီးတွေ အထိ ရှိကြပါတယ်..။ပုံမှန်အားဖြင့် ပထမဆုံး အိပ်မက်ဆိုးမှာ သားရဲ တွေ မွန်းစတာ တွေသာ..ပါဝင်လေ့ ရှိပြီး..နတ်ဘီဘူးတွေ တွေ့ရတာကတောင် အတော်လေး ရှားပါးတာပါ..။
သိူ့ပေမယ့် ဒီသတ္တဝါကြီးက ဆင့်ကဲဖြစ်စဥ်တွေနဲ့ အတူ သူ့ကိုသူ နောက်ဆုံးအဆင့်အထိ မြင့်တင်ထားသလိုပါပဲ..။
ဒီ နတ်ဘီလူးက..ပထမဆုံး အိပ်မက်ဆိုးမှာ ဘာလာလုပ်နေတာလဲ..။
[ ကံစီမံရာ ] စွမ်းရည်က ဘယ်လို သောက်ကျိုးနဲတောင် အလုပ်လုပ်နေရသလား..။
သို့ပေမယ့် မခံမရပ်နိုင်ဖြစ်နေဖို့အတွက် သူ့မှာ အချိန်မရှိပေ..။
မျှတတာ ဖြစိဖြစ် မမျှတတာဖြစ်ဖြစ် အခုချိန်မှာ သူ့ကို ကယ်တယ်နိုင်တာက သူကိုယ်တိုင်ပါပဲ..။
ပုခုံးကျယ်ကျယ်နဲ့လူကြီးကတော့..ပါးစပ်က မြည်သံတွေနဲ့ အတူ ပြောင်းလဲလာခဲ့ပါပြီ..။ဒီလူ အပြည့်အဝ ပြောင်းလဲမူ မပြီးသေးခင်မှာပဲ ဆန်နီဟာ ရှေ့ကို တက်သွားကာ..နှစ်ယောက်ကြား အကွာအဝေးကို လျော့ချလိုက်ပြီး ပ်ိုထွက်လာတဲ့ သံကြိုးကို ဆုပ်ကိုင်ထားလိုက်ပါတယ်..။
မွန်းစတားရဲ့ လက်တစ်ဖက်ကတော့ လက်သည်း ငါးခုက အပြည့်အဝ ထွကိလာနေပြီးပါပြီ..။ဒီလက်နဲ့ပဲ ဆန်နီကို လှမ်းကုတ်လိုက်တဲ့ အချိန်မှာ ဆန်နီ တွက်ချက်ထားတဲ့အတိုင်း ဘေးကို ရှောငိတိမ်းလိုက်တယ်..။
ဒီတစ်ကြိမ် သူ့အသက်ကို ကယ်လိုက်တာက လျင်မြန်တဲ့ လှုပ်ရှားမူ မဟုတ်တော့ပဲ..သူကိုယ်တိုင်ရဲ့ တည်ရှိမူပါ..။သူက လမ်းဘေးမှာကြီးပြင်းလာတာကြောင့် အသက်ရှင်သန်ဖို့အတွက် မကြာခန ဆိုသလို တိုက်ခိုက်ရပါတယ်..။ဒီအတွေ့အကြုံတွေက သူ့ကို ပြသနာတွေကြားထဲမှာ ခေါင်းအေးအေးထားနိုင်စေခဲ့တာပါ..။
ဒါကြောင့်..ကြောက်လန့်မူ နဲ့ သံသယဖြစ်မူတွေရဲ့ အနိုင်ယူမူကို ခံနေမယ့်အစား ဆန်နီဟာ လုပ်စရာရှိတာကိုသာ လုပ်နေခဲ့တယ်..။
သူ အနီးနားကို ထပ်ကပ်သွားပြီး လက်ထဲမှာကိုင်ထားတဲ့ ချိန်းကြိုးကို မွန်းစတားရဲ့ ခန္တာကိုယ်ကို လှမ်းပစ်ပြီး ပတ်လိုက်ပါတယ်..။ချက်ချင်းပဲ မွန်းစတားရဲ့ လက်တွေပါ..ခန္တာကိုယ်နဲ့ တုတ်ပြီးသား ဖြစ်သွားခဲ့တယ်..။ဒီ သတ္တဝါကြီးအသွင်မပြောင်းခင်မှာပဲ..ဆန်နီ ဟာ..နောက်ထပ် အကြိမ်အနည်းငယ် သံကြိုးနဲ့ ထပ်ပတ်လိုက်ပါတယ်..။
ဒါပေါ့..သူ ..မွန်းစတားရဲ့ ပါးစပ်ကိုတော့..မကိုက်မိအောင် ကြိုးစားရှောင်နေခဲ့ရတာပါ..။ဒီမွန်းစတားက အပြည့်အဝ မပြောင်းလဲသေးတော့ သူ့ကို ချက်ချင်း အန္တရာယ်မပေးနိုင်သေးပါဘူး..။
ကောင်းမွန်တဲ့အရာကတော့ မွနိးစတားရဲ့ လက်တွေက လှုပိလို့မရတော့ပေ..။
ဆိုးဝါးတဲ့ အချက်ကတော့ သူနဲ့မွန်းစတား ကြားမှာရှိနေတဲ့ သံကြိုးရဲ့ အရှည်က သိပ်ပြီးမကျန်တော့ပဲ လှုပ်ရှားဖို့တောင် ခက်ခဲသွားခဲ့ပါပြီ..။
"ခင်ဗျားတို့နှစ်ယောက်.."
ဆန်နီ တစ်ဖက်မှာရှိနေတဲ့ အစေခံနှစ်ယောက်ကို ကြည့်ပြိီး အော်ဟစ်လိုက်တယ်..။
"ခင်ဗျားတို့ရဲ့ အသက်တွေ ဒီအပေါ်မှာ မူတည်နေတယ်လို့ သဘောထားပြီး သံကြိုးကို ဆွဲထားကြ.."
ဘာလို့လဲဆိုတော့ မွန်းစတားကြီးက သူပြီးရင် ဒီလူတွေနဲ့ အနီးဆုံးပါ..။
ခိုးကြောင်ခိုးဝှက်ပုံ အစေခံနဲ့ ပညာရှင်ဟာ သူ ဘာတွေ တွေးနေတာလဲ ဆိုတာကို ချက်ချင်းနားလည် သဘောပေါက်သွားပြီး စတင်လှုပ်ရှားလိုက်တယ်..။သံကြိုးကို ကိုင်ထားပြီး ဆန့်ကျင်ဘက်ကနေ မွန်းစတားကို တင်းကြပ်အောင် ဆွဲပေးထားကြလိုက်ပါတယ်..။
"ကောငိးတယ်.."
ဆန်နီ တွေးလိုက်တာပါ..။
မွန်းစတားကတော့ ကြွက်သားတွေ ထွက်ပေါ်လာပြီး လွတ်မြောက်အောင် လုပ်ဖို့ ကြိုးစားနေခဲ့တယ်..။အရိုးဆူးချွန်တွေရဲ့ ကြီးထွားလာမူကြောင့် သံကြိုးတွေဟာ အက်ကွဲလာပြီး..ဖြည်းဖြည်းချင်း ပြတ်ထွက်စပြုလာခဲ့တယ်..။
"သိပ်ပြီး မကောငိးတော့ဘူး.."
သူ နောက်ထပ် အချိန်ဖြုန်းမနေတော့ပဲ..သူ့လက်ကို ခတ်ထားတဲ့ သံချိန်းကြိုးတွေနဲ့..မွန်းစတားကြီးရဲ့ လည်ပင်းကို..ဖမ်းဆွဲလိုက်တယ်..။ယင်းနောက် သူ မွန်းစတားရဲ့ ပါးစပ်ကို အတတ်နိုင်ဆုံးရှောင်ကာ..ခန္တာကိုယ်ကို တစ်ပတ်ပတ်လိုက်ပြီး ကျောချင်းကပ် အနေအထားနဲ့ အစွမ်းကုန် ဆွဲလိုက်ပါတယ်..။
ဆန်နီ ဟာ ..သူ့အနေနဲ့ လက်ဗလာနဲ့ ဆိုရင် သူ့ကို စားဖို့ ကြိုးစားနေတဲ့ မွန်းစတားကိုမပြောနဲ့ လူတစ်ယောက်ကို သတ်ဖို့တောင် မဖြစ်နိုင်ဘူးဆိုတာ သိထားပြီးသားပါ..။သို့ပေမယ့် အခုတော့ သူ့ကျောဘက်ကို အားပြုပြီး သံကြိုးတွေပါ ရှိနေတာကြောင့် အခွင့်အရေးတစ်ချို့ရှိနေတယ်လို့ ပြောလို့ရပါတယ်..။
ဆန်နီ မွန်းစတားကြီးရဲ့ ခန္တာကိုယ်ကို သူ့ကျောပေါ်တင်ပြီး အစွမ်းကုန် ဆွဲနေခဲ့တယ်..။မွန်းစတားရဲ့ချွန်ထက်တဲ့ အရိုးတွေကတော့ သူ့အရည်ပြားကို ထွင်းဖောက်ဝင်နေခဲ့ပါပြီ..။
မွန်းစတား ကိုယ်တိုင်လည်း ကျယ်လောင်တဲ့ ဟစ်ကြွေးသံတွေပြုလုပ်ပြီး သံကြိုးတွေ ပြတ်ထွက်သွားအောင် အားကုန် ရုန်းကန်နေခဲ့တာပါ..။
အခုချိန်မှာ တစ်ခုတည်းသော စောင့်ကြည့်ရမယ့် အခြေအနေက သံကြိုးတွေပဲ..အရင်ပြတ်ထွက်သွားမလား..မွန်းစတားပဲ..အရင် သေဆုံးသွားမလား ဆိုတာပါပဲ..။
"သေ..သေစမ်း..ခွေးသား..."
ဆန်နီကတော့ ရှိသမျှခွန်အား အကုန်သုံးပြီး ဆက်တိုက် ဆိုသလို ဆွဲနေကာ မျက်နှာပေါ်မှာတော့ ချွေး နဲ့ သွေးတွေ စိုရွှဲနေခဲ့တယ်..။
တစ်စက္ကန့်ချင်းစီတိုင်းက သူစိတ်ထဲမှာတော့ အဆုံးမရှိကြာမြင့်နေသလိုပါပဲ ..။
သူ့မှာ အနည်းငယ်သာ ရှိတဲ့ ခွန်အားနဲ့ သက်လုံကတော့ အလျင်အမြန်နဲ့ လျော့ကျလာနေခဲ့ပါတယ်..။သူ့ရဲ့ နောက်ကျောတွေ..လက်ကောက်ဝက်တွေ နဲ့ ကြွက်သားတွေမှာတော့ မွန်းစတားရဲ့ အရိုးနဲ့ထိုးထားတဲ့ ဒဏ်ရာတွေ အများကြီးရှိနေခဲ့ပါပြီ..။
ယင်းနောက်..နောက်ဆုံးမှာတော့ ဆန်နီဟာ မွန်းစတာ ရဲ့ ခန္တာကိုယ်ဟာ မရုန်းကန်တော့ပဲ ပျော့ခွေသွားတာကို ခံစားလိုက်ရတယ်..။
ခနအကြာမှာတော့..ညင်သာပြီး ရင်းနှိီးတဲ့ အသံတစ်ခုဟာ လေထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်..။
ဒါက သူကြားဖူးသမျှထဲမှာတော့..အချိုသာဆုံး အသံတစ်ခုပါပဲ..။
[ ရွေးချယ်ခံရသူ သင်ဟာ တောင်ဘုရင် လာဗာ ရဲ့ အသွင်ပြောင်း သားရဲကို သတ်လိုက်ပါပြီ ]