← Chapters

ဒါက ငါ့ဘဝလမ်းကြောင်းရဲ့ အလင်းရောင် ဖြစ်စေတယ်

Vol. 3 Ch. 31

ဒါက ငါ့ဘဝလမ်းကြောင်းရဲ့ အလင်းရောင် ဖြစ်စေတယ်

Vol. 3 Ch. 31

"မင်း ခွေးသား ၊ ဘယ်လိုဖြစ်ပြီး ငါမျက်နှာကို ထိုးရဲတာလဲ"

ဘန်းးးး

လင်းဖန် နဲ့ ဝမ်မင်ယန် နှစ်ယောက်စလုံးဟာ အမှန်အကန်ကို ချနေကြတာပါ။

.......

လူလိမ် ထျန်၏ နှလုံးသား များဟာတော့ တဒုန်းဒုန်း ခုန်နေခဲ့သည်။

ဘာလို့ အဲလောက်တောင် ဖြစ်နေကြတာလဲ?ဒါကဒေါ်လာ တစ်သန်း လေကွာ လင်းဖန်က ဘာလို့ လက်မခံတာလဲ...?

ဒါပေမဲ့ သူမသိတာက လင်းဖန် ဒီပိုက်ဆံကို လက်မခံရဖို့ အတွက်အကောင်းဆုံးကြိုးစားနေတယ်ဆိုတာပါပဲ။လောလောဆယ် သူအကြောက်ဆုံးအရာက ဒီပိုက်ဆံတွေ သူ့ဆီမှာ ကျန်ခဲ့မှာကိုပါ။

ဒါက လင်းဖန် လုပ်နိုင်တာ အကုန်ပါပဲ။

သူသာ ဝိုက်ဘို ( ဆော့ဝဲ ) မှာ အခမဲ့ ဟောကြားမယ် လို့ မကြော်ငြာထားရင် သူချက်ချင်း ဝမ်မင်ယန် ကို ပိုက်ဆံလက်ခံခိုင်းလိုက်မှာပါ။အခုတော့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

"ရပ်လိုက်ကြ .....ရပ်လိုက်ကြ"

ရဲကား နှစ်စီးဟာ မြင်ကွင်းကို ရောက်လာခဲ့ပါတယ်။သူတို့ ဒီလူအုပ်ကြီးထဲက လူတစ်ချို့ရဲ့ အကြောင်းကြားမူ ကို လက်ခံရရှိလို့ ရောက်လာခဲ့ကြတာပါ။ရဲအရာရှိဟာ အလျင်အမြန်ပဲ လင်းဖန် တို့နှစ်ယောက်ကို လူချင်းသွားခွဲလိုက်သည်။

"ဒါတွေ အကုန်လုံးဘယ်က နေစဖြစ်တာလဲ"

ရဲအရာရှိဟာ အော်ပြောလိုက်သည်။

"ဒီကောင်က အလကား ဘဝင်မြင့်နေတာ"

ဝမ်မင်ယန်ဟာ လင်းဖန်ကို ကြည့်ပြီး ပြောလိုက်သည်။

"ခင်ဗျားက ရန်လာရှာ တဲ့လူလေ"

လင်းဖန် ပြန်ငြင်းလိုက်သည်။

သူတို့နှစ်ယောက်ရဲ့ လေသံတွေက နေတဆင့် နောက်ထပ် တိုက်ပွဲတစ်ခု ထပ်ဖြစ်တော့မယ် လိူ့တောင် ထပ်ရပါတယိ။

သူတို့နှစ်ယောက်ကို လာကြည့်ကြတဲ့ ဘေးနားက လူအုပ်ကြီးရဲ့ အခြေအနေကလည်း သိပ်ကောင်းပုံမရပါဘူး။

ရဲတစ်ယောက်ဟာ လူအုပ်ကြီး ထဲမှ အစအဆုံးမြင်လိုက်သူတစ်ချို့ကို ဘာတွေဖြစ်လဲ ဆိုတာ ကို မေးခွန်းထုတိနေခဲ့ပါသည်။

"ဆရာ ဟိုလူကြီးက ဒီဆိုင်ပိုင်ရှင် သူဌေးကို ဒေါ်လာ တစ်သန်း ပေးချင်နေတာ ဒါပေမဲ့ ဆိုင်ရှင်က လက်မခံနိုင်ဘူး လို့ပြောလိုက်တာ အဲကနေစပြီး တိုက်ခိုက်ကြတော့တာပဲ"

အရာရာ တိုင်းကို မှတ်စုစာအုပ်ထဲမှာ လိုက်မှတ်ဖို့ လုပ်နေတဲ့ ရဲသား ဟာ ဒီစကားကိုကြားပြီး မှတ်ဖို့ လုပ်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်။

"မင်း...မင်းငါကို လာနောက်နေတာလား..ဟမ်"

"မ..မဟုတ်ပါဘူး၊ ကျွန်တော်ကို မယုံရင် တခြားသူတွေကိုလည်း မေးကြည့်လို့ရပါတယ်"

"ဟုတ်တယ် ဆရာ ၊ ကျွန်တော်ကတော့ ဒီလူ နှစ်ယောက်လုံးက စိတ်သိပ်မမှန်ဘူး ထင်တာပဲ"

"ကျွန်တော် ရိုးရိုးသားသား ပြောရရင် ဒီလို အရာတွေကို ရုပ်ရှင်ထဲမှာပဲ ဖြစ်တယ်လို့ထင်ထားခဲ့တာ ....အခုမှ ပဲကိုယ်တိုင်မြင်ရတော့တယ်"

"ဘာများ ပြောနိုင်မှာလဲ ၊ ကမ္ဘာကြီးက အံ့သြစရာ တွေနဲ့ ပြည့်နေတာပဲ"

..........

လူအုပ်ကြားထဲ မှာရှိနေတဲ့ ရဲသားလည်း ဘယ်ကနေ ဘယ်လို စပြီး ရေးမှတ်ရမှန်း မသိတော့ပါဘူး။

ဒီနှစ်ကောင်က ဟာသကား ရိုက်နေတာလား? ဘယ်လိုလူကများ ပိုက်ဆံလာပေးတာကို လက်မခံနိုင်တာလဲ....?

ယင်းနောက် သူဟာ နောက်ထပ် အရာရှိတစ်ယောက်ဆီသို့ သွားကာ နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။တခြား အရာရှိဟာလည်း ခေါင်ညိမ့်လိုက်ပါသည်။

"နှစ်ကောင်လုံးကို ခေါ်ခဲ့"

ဝမ်မင်ယန် ရဲ့ တပည့်နှစ်ယောက်ဟာလည်း ကားထဲဝင်ပြီး ကြည့်နေလိုက်ကြပါတယ်။ယင်းနောက် သူတို့ဟာ တဖြည်းဖြည်းမောင်းနှင်ကာ ရဲကားနောက်မှလိုက်သွားလိုက်ကြသည်။သူတို့ သူဌေး ဘယ်လောက်ပဲ ချမ်းသာပြီး လွမ်းမိုးနိုင်ပါစေ ဥပဒေ ကိုတော့ လိုက်နာရဦးမှာပါ။

"လူလိမ် ထျန် ဆိုင်ကို ခနကြည့်ထားပေးဦး"

လင်းဖန် သူ့ဆိုင်လေး စဖွင့်တဲ့ နေ့မှာပဲ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရလိမ့်မယ် လိူ့ မထင်ထားခဲ့မိပေ။

ဘယ်လောက်တောင် ကံဆိုးလိုက်လဲ...

လင်းဖန်နဲ့ ဝမ်မင်ယန် ကိုရဲဖမ်း သွားပြီးတဲ့ နောက်မှာတော့ လူအုပ်ကြီးဟာ လည်း တစ်ဖြည်းဖြည်း ​ပျောက်ကွယ်သွားကြပါတယ်။ဒီနေ့ ဖြစ်ပျက်တ​ဲ့ အရာတွေကို သူတို့ နားကို မလည်နိုင်တော့ပေ။

.....

ရဲဌာန တွင်။

လင်းဖန် နဲ့ ဝမ်မင်ယန်ဟာ သစ်သားစားပွဲတစ်ခုရဲ့ ဘေးမှာ ဘေးချင်းကပ်လျက် ထိုင်နေကြပါတယ်။သူတို့ရဲ့ အက်ျီများဟာ စုတ်ပြဲနေပြီး မျက်နှာတွင်လည်း သွေး အနည်းငယ် ထွက်နေကြသည်။

"အ..အ.. ကျွတ်"

သူတို့ နှစ်ယောက်လုံး တိုက်ခိုက်ပြီး လို့ သွေးအေးသွားတဲ့ အခါကြမှ ဘယ်လောက်နာကျင်လဲ ခံစားနေကြရပါတယ်။

"မင်းက တကယ်ဒေါသ ကြီးတဲ့ ကောင်ပဲ"

ဝမ်မင်ယန် ယာ သူ့လက်ကို မျက်နှာပေါ်က အနာတွေမှာ လိုက်ကိုင်ကြည့်ပြီး ပြောလိုက်ပါတယ်။

"ခင်ဗျားလည်း ဘာထူးလို့လဲ"

လင်းဖန်နဲ့ ဝမ်မင်ယန် ရဲ့ မျက်လုံးတွေဟာတော့ ပန်ဒါလို ဖြစ်နေခဲ့ပါပြီ။သူတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးတော့ ဘယ်သူမှ လည်း ဝင်မဆွဲခဲ့ကြပေ။

"ငါ့ဘဝ မှာ လူတွေ အများကြီးနဲ့ တွေ့ဘူးတယ်၊ မင်းလို လူမျိုးကတော့ ဒါပထမ ဆုံးပဲ"

ဒီကောင်က သူ ဒေါ်လာ တစ်သန်း ပေးတာကို ငြင်းလိုက်တာပါ။ဒါကို ရှုးသွပ်မူ လို့သာ မခေါ်ရင် ဒီကောင် ပိုက်ဆံ ဘာလဲ ဆိုတာ မသိတာပါပဲ။

ဒီလို့တိုက်ခိုက်လို့အပြီးမှာ လင်းဖန်ဟာ ငယ်ရွယ်ပေမဲ့ သူ့လိုပဲ ဒေါသကြီး တဲ့ လူတစ်ယောက် ဆိုတာ သိလိုက်ရပါတယ်။

တရုတ် စကားပုံတွေ ထဲကလိုပဲ

"အပြင်းအထန် တိုက်ခိုက်ပြီးတဲ့ နောက်မှာ ရင်းနှီး သွားနိုင်သည်" ဒါက သူတို့နှစ်ယောက်အတွက် မှန်ကောင်းမှန်နိုင်ပါတယ်။

"ကျုပ်လည်း ခင်ဗျားလို ခေါင်းမာ တဲ့ လူမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး"

ယင်းနောက် လင်းဖန်ဟာ ဆက်ပြောလိုက်သည်။

"အခု ခင်ဗျား ကျုပ်ကို ယုံပြီလား ? ခင်ဗျား မှာ သွေးထွက်သံယို ကိန်း ရှိတယ်လို့ပြောထားတယ်လေ"

´"အာ မာစတာလင်း ခင်ဗျား ကံကြမ္မာ ကိုတွက်တဲ့ အချိန်မှာ ကိုယ့်ကိုကို လည်း ထည့်ပြီးသတ်မှတ်တာလား"

သူတို့နှစ်ယောက် စကား ကောင်းနေတုန်းမှာပဲ ရဲအရာရှိ တစ်ယောက်ဟာ ရောက်လာခဲ့ပါတယ်။သူတို့ဟာ ဒီဖြစ်ရပ်ကို ဘာဆက်လုပိရမှန်းမသိဖြစ်နေပြီး ဒါက ပုံမှန် ဖြစ်ရိုးဖြစ်စဥ်ကို ကျော်လွန်နေတဲ့ အရာပါ။

လူအုပ်ကြီး ပြောခဲ့တာ အရာတွေက အကုန်အမှန်ပါပဲ။တစ်ယောက်က ဒေါ်လာတစ်သန်း လာပေးပြီး တစ်ယောက်က ငြင်းကာ ရုတ်တရက်တိုက်ခိုက်ကြတာပါ။သူတို့လဲ ဘာလို့ အဲ့လို လုပ်လဲဆိုတာ မသိပါဘူး။

"ခင်ဗျားတို့ နှစ်ယောက်လုံး ၊ ဒီကိစ္စကို တိတ်တဆိတ်ပဲ ဖြေရှင်းမလား တရားရုံးမှာ ဖြေရှင်းမလား"

အမှန်တော့ ဝမ်မင်ယန် ဟာ ရှန်ဟိုင်းမှာ အတော်ပုံရိပ်ကြီးမားပြီး ဒေါ်လာ ဘီလီယံ နဲ့ ချီကာ ချမ်းသာပါတယ်။ဒီလို ကိစ္စဟာ သူ့ရဲ့ ဂုဏ်သိက္ခာ ထိုခိုက်စေမှာပါ။

အာ ...

လင်းဖန်ကတော့ ကိုယ်ပိုင် သူဌေးဖြစ်ပေမယ့် အရာရာတိုင်းကို သူများတွေ ဇာတ်လမ်းလုပ်တယ် မထင်ရအောင် ရှင်းရှင်းးလင်းလင်း လုပ်ရမယ်လို့တွေး လိုက်ပါတယ်။

"ကျုပ်က တော့ တရားဥပဒေ အတိုင်း ဆက်လုပ်သွားမယ်"

လင်းဖန်ပြောလိုက်သည်။

"ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်"

ဝမ်မင်ယန်ဟာ လည်း တစ်ချိန်တည်းပြောလိုက်သည်။

အဲ့အချိန်မှာပဲ သူတို့ရဲ့ မျက်လုံးတွေဟာ ဆုံသွားကြပြီး အသံပြောင်းလဲ လာခဲ့ပ့တယ်။

"ကောင်းပြီ တိတ်တဆိတ်ပဲ ဖြေရှင်း ရအောင်"

လင်းဖန် ပြနိပြောင်းပြောလိုက်သည်။

"ဥပဒေ အတိုင်းလုပ်မယ်"

ဝမ်မင်ယန်ဟာ ​ထပ်ပြောလိုကိသည်။

......

ရဲအရာရှိလည်း သူတို့ကို ကြည့်ပြီး ဘယ်လို ဆက်လုပ်ရမှန်း မသိတော့ပါဘူး။ဒီလူတွေက တကယ် ငစားတွေပါ။ယင်းနောက် သူ အလျင်အမြန်ပဲ နှစ်ယောက်လုံးကိုကြည့်ပြီး ပြောလိုက်ပါတယ်။

"ကောင်းပြီ နှစ်ယောက်လုံး အရင်ညှိလိုက်ကြဦး ၊ အေးဆေးပေါ့...အချုပ်ထဲမှာတစ်ညအိပ်ပြီး အေးဆေး ညှိရင်လည်းရတယ်"

"တိတိတဆိတ်ပဲ ဖြေရှင်းတော့မယ်"

ဒီတစ်ခါတော့ လင်းဖန်ရော ဝမ်မင်ယန် ရောပြောလိုက်တာပါ။

"ဒါက ပြသနာ သေးသေးလေးပါ ၊ ခင်ဗျားတို့ စာရွက်မှာ ခံဝန် ထိုးပြီးတာနဲ့ သွားလို့ရပြီ"

ရဲအရာရှိဟာ ပြောလိုက်ပြီး စာရွက်နှစ်ရွကိကိုကမ်းပေးလိုက်သည်။

လင်းဖန်ဟာ အလျင်အမြန်ပဲ ခံဝန် လက်မှတ် ထိုးပြီးတဲ့ နောက်မှာ ရဲစခန်းကနေ ထွက်သွားဖို့လုပ်လိုက်ပါတယ်။သူ အနာများကို သက်သာရန် ဆေးရုံ ကိုသွားရန် လိုအပ်ပေသည်။သူ့ပြိုင်ဘက်က လုံးဝ ကို မညာမတာ ရိုက်နှက်ခဲ့တာပါ။

သူ့ရဲ့ ဒီလို့ အခြေအနေ အတိုင်းသာ ဗေဒင်ဆက်ဟော မယ် ဆိုရင် လူရယ် စရာတွေ ဖြစ်ကုန်ပါလိမ့်မယ်။

ရဲဌာန ၏ ဝင်ပေါက်တွင်။

ဝမ်မင်ယန်ဟာ ခေါင်းကိုနောက်ပြန်လှည့်လာပါတယ်။

ဒီခွေးသားက ငါ့ကို အရှက်ရအောင် လုပ်ရဲတယ်၊ ငါဒါကို မှတ်ထားရမယ်...

"ငါ့မျက်နှာကို မှတ်ထား ဝမ်မင်ဟန် ၊ ဒေါင်ဟန် ကော်ပိုရေးရှင်းရဲ့ စီအီးအို ပဲ"

လင်းဖန်ဟာ ဝမ်မင်ယန် ကို ပြုံးဖြဲဖြဲ လုပ်ပြီး ပြန်ပြောလိုက်ပါတယ်။

"ခင်ဗျားဘာတွေ ပြောနေတာလဲ ၊ ကျုပ်တို့ ကိစ္စက ဖြေရှင်းပြီးသွားပြီလေ"

"ဟားဟား ငါ ဝန်ခံစရာတော့ရှိတယ်၊ မင်းမှာတကယ် ငါနဲ့ တူတဲ့ အကျင့်ရှိတယိ။ငါနဲ့ သူငယ်ချင်းတောင် ဖြစ်နိုင်တယ်"

"ခငိဗျားကို ခင်ဗျား ကျူပ်နဲ့ သူငယ်ချင်းဖြစ်ခွင့်ရှိတာ ဂုဏ်ယူလိုက်စမ်းပါး၊ ကျုပ်က အနာဂတ်ကို ဟောပြောနိုင်တဲ့လူပဲ။သေခြင်း ရှင်ခြင်းဆိုတာ ကျုပ်ပါးစပ်ထဲမှာပဲ ရှိတယ်"

* လက်ချင်းရိုက် သည့်အသံ*

သူတို့ နှစ်ယောက်ဟာ လက်ချင်းရိုက်လိုက်ပါတယ်။နောက်ဆုံးတော့ သူတို့ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုလိုကိပါပြီ။

"ငါ အခုသွားတော့မယ် ၊ နောက်တစ်ခါ အခွင့်အရေးရမှ ထပ်ပြီး တိုက်ခိုက်ကြတာပေါ့"

ဝမ်မင်ယမ်ဟာ လင်းဖန်ကို လက်ဝှေ့ပြလိုက်ပြီး ကားပေါ်တက်ကာ မောင်ထွက်သွားခဲ့သည်။

လင်းဖန် အခုထိနာကျင် မူကို ခံစားနေရတုန်းပါပဲ။သူ့အနာတွေဟာ စူးနဲ့ ထိုးနေသလိုပါပဲ။နောက်တစ်ခါ စွမ်စုံကျမ်းပွင့်ရင် တိုက်ခိုက်ရေး ဖြစ်ပါစေလို့တောင် ဆုတောင်းမိပါတယ်။ဒါမှ ဒီလို အဖြစ်မျိုးနဲ့ ကြုံရရင် ကောင်းကောင်း တိုက်ခိုက်လို့ ရမှာပါ။

လင်းဖန် စပြီး ထွက်သွားဖို့ လုပ်လိုက်တဲ့ အချိန်မှာ ရဲကားတစ်စီးဟာ ထိုးရပ်သွားပြီး ရဲသုံးယောက်ထွက်လာခဲ့ပါတယ်။လင်းဖန်ကတော့ သတိမထားမိပေ။

သို့ပေမဲ့ ရဲ့သုံးယောက်ထဲက တစိယောက်ကတော့ သူ့ကို သတိထားမိလိုက်ပါတယ်။

"အာ သူဌေးလေး"

အသံဟာ သိပ်နိမိတ်မကောင်းပေ။

လင်းဖန် ဘယ်သူခေါ်တာလဲ လို့ လှည့်ကြည့်လိုကိတဲ့ အချိန်မှာ ဆွံ့အသွားခဲ့ပါတယ်။

"ခေါင်းဆောငိ လီ"

"အာ သူဌေးလေး ဘယ်သွားမလို့လဲ ၊ မျက်နှာကရော ဘာဖြစ်တာလဲ"

လီရှောင်ရှမ်းဟာ လင်းကို တွေ့ပြီး စိတ်လှုပ်ရှားနေခဲ့ပါတယ်။သူ လင်းဖန် ရဲ့ ပန်ကိတ်ကို တကယ်လွမ်းလှပါပြီ။

"သိပ်အများကြီး မမေးနဲ့ဦး ၊ ကျွန်တော် တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့တာ အခုတော့ ဖြေရှင်းပြီးသွားပြီ။ဒါနဲ့ ခေါင်းဆောင် လီ အလုပ်ပြောင်းလိုက်တာလား"

လင်းဖန် လီရှောင်ရှမ်း ရဲ ယူနီဖောင်း ကို ဝတ်ဆင်ထားတာ တွေ့နေရပါတယ်။

"ဟီးဟီး မင်းကိုပဲ ကျေးဇူးတင်ရမယ် ၊ မင်းကြောင့်သာ မဟုတ်ရင် ငါ့အိမ်မက်ထဲက အလုပ်ကို ရမှာမဟုတ်ဘူး"

ဒါဟာ တကယ်ကို လင်းဖန် ကျေးဇူးကြောင့်ပါပဲ။လင်းဖန် နဲ့ ကိစ္စအပြီး မှာ ရဲဌာန ရဲ့အကြီးအကဲ တွေဟာ လီရှောင်ရှမ်းကိုသတိထားမိခဲ့ကြပါတယ်။လီရှောင်ရှမ်းဟာ ရဲဌာနက အကြီးအကဲ တစ်ယောက်နဲ့ ညစာစားပွဲတစ်ခုမှာအမှတ်မထင် တွေ့ကြရပြီး ၊ အတူတူ အရက်သောက်ခဲ့ကြသည်။

နောက်တစ်ရက် မနက်မှာပဲ လီရှောင်ရှမ်းဟာ ရဲဌာနရဲ့ အလုပ် အတွက် အကြောင်းကြောင်းစာ လက်ခံရရှိခဲ့ပါသည်။သူ့ကို မြို့ကောင်စီ ကနေ ရဲဌာန ကို လွှဲပြောင်း ပေးစေချင်တာပါ။သူဟာ မြို့ကောင်စီ မှာ ဆယ်နှစ်လောက် လုပ်သက်ရှိတော့ ဌာနခွဲရဲ့ ခေါင်းဆောင်အဖြစ် ရာထူးပေးခြင်းခံခဲ့ရပါတယ်။

လီရှောင်ရှမ်းဟာ ပါဝါ အကြီးကြီး မရှိပေမဲ့ လည်း အဆက်အသွယ်တွေ အများကြီးရခဲ့ပါတယ်။

"ဂုဏ်ယူပါတယ် ခေါင်းဆောင်လီ ၊ ဒါပေမဲ့ ခင်ဗျားကြည့်ရတာ စိတ်ညစ်နေတဲ့ ပုံပဲ ဘယ်လိုဖြစ်ရတာလဲ။ခင်ဗျား ကိုင်ရတဲ့ အမူတွေကို မနိုင်လို့လား"

"မင်းဘယ်လိုသိတာလဲ"

လီရှောင်ရှမ်းရဲ့ မျက်လုံးများဟာ အံ့သြသင့်သွားပါတယ်။

"ဒါလား ကျွန်တော် အခု တိမ်ဖြူလမ်းမှာ ဗေဒင်ဟောတဲ့ ဆိုင်ခန်းလေး ဖွင့်ထားတယ်လေ..လူတွေရဲ့ အဖြစ်အပျက်တွေကို မြင်နေရတယ် ဆိုပါတော့"

လီရှောင်ရှမ်းဟာ ကြောင်အသွားခဲ့ပြီးတော့ အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့ပါတယ်။

ဗေဒင်ဟောတာလား??

"ခေါင်းဆောင်လီ ခင်ဗျား လက်ထဲက စာရွက်တွေ တစ်ချက်ပြကြည့်ပါလား"

လင်းဖန် မေးလိုက်သည်။

လီရှောင်ရှမ်းကိုင်ထားတာက လက်ရှိသူလိုက်နေတဲ့ လူသတ်မူ တရားခံရဲ့ ဖမ်းဝရမ်း စာရွက်ပါ။သို့ပေမဲ့ အမူဟာ ကြာနေခဲ့ပြီဖြစ်ပြီး တရာခံဟာ အမြဲတမ်း ရဲတွေ လက်ကနေ ရှောင်တိမ်းနေနိုင်ပါတယ်။ဒီလူ အခုဘယ်မှာလဲ ဆိုတာ လီရှောင်ရှမ်း လည်း မသိပါဘူး။

အဆင့်မြင့်အရာရှိတွေဟာ ဒီအမူကို ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းဖို့ကို ဖိအားပေးနေခဲ့ပါတယ်။ရလာဒ် အနေနဲ့ လီရှောင်ရှမ်းဟာ နေ့ရောညပါ အလုပ်လုပ်နေရပြီး ဒီလူ ရဲ့ အချက်အလက်တွေကို လိုက်ရှာနေရပါတယ်။

လီရှောင်ရှမ်းဟာ လင်းဖန်ကို စာရွက် ကမ်းပေးလိုက်သည်။

"ခေါင်းဆောင်လီ ခင်ဗျား ကျုပ်ပြောတာသာ နားထောင်ချင်တယ် ဆိုရင် ကောင်းကင်ရှည် တံတား နားဝန်းကျင်မှာ သွားရှာဖို့ အကြံပေးချင်တယ် ။ခင်ဗျား စိတ်ဝင်စားဖို့ကောင်း တာတစ်ခုခုတွေ့လိမ့်မယ်"

လင်းဖန် အချက်အလက်တွေကို အခြေခံပြီး ပြောလိုက်ပါတယ်။

All Chapters