နေရောင်အောက်က အစိမ်းရောင်အလင်းတန်း
Vol. 3 Ch. 32
လင်းဖန် ထွက်သွားပြီးတဲ့ နောက်မှာ လီရှောင်ရှမ်းဟာ ဆွံ့အပြီး ကျန်နေခဲ့ပါတယိ။
"ကောင်းကင်ရှည် တံတားလား"
လီရှောင်ရှမ်းဟာလင်းဖန် သူ့ကို ဘာဖြစ်လို့ အဲနေရာကို ညွှန်ပြသွားတာလဲ ဆိုတာ မသိပါဘူး။သူဒါကို ပိုပြီး စဥ်းစားလေလေ သံသယ ဖြစ်လေပါပဲ။
"ခေါင်းဆောင် ဒီလို ဗေဒင် ဆရာ တွေကို ယုံလို့ မရဘူးနော် ၊ သူတို့က အလိမ်အညာတွေ ချည်းပဲ"
ကားထဲမှာ ရှိနေတဲ့ ရဲသားလေးက သတိပေးလိုက်ပါတယ်။
ဘယ်အချိန်တုန်းက ဗေဒင် တွက်ပြီး တရားခံကိုဖမ်းဖူးလို့လဲ...?
တကယ်လို့ ခေါင်းဆောင်ကသာ အဲ့နေရာကို သွားရှာမယ် ဆိုရင်တော့ သူလုပ်နိုင်တာ ဘာမှ မရှိပါဘူး။ပြည်သူ့ ဝန်ထမ်းတစ်ယောက် က ဒီလို နည်းလမ်း ကိုသုံးပြီး အမူလိုက်တယ် ဆိုတာက တကယ် စောက်တလွှဲပါ။ဒါသာ အပြင်ကို ပေါက်ကြားသွားရင် ရဲဌာန ရဲ့ ပုံရိပ်က မြောင်းထဲရောက်သွားနိုင်ပါတယ်။
လီရှောင်ရှမ်းဟာ ကားနောက်ဘက်ရှိထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး အလျင်အမြန် ပြောလိုက်ပါတယ်။
"ကောင်းကင်ရှည် တံတား ကိုမောင်း"
"ဆျာ ကျွန်တော် တို့ တကယ် သူ့ကို ယုံတော့ မလို့လား"
ရဲသားလေးဟာ မေးလိုက်ပါတယ်။
"ခု အရမ်း နောက်မကျသေးဘူးလေ ၊ ငါတို့ ဘာမှ မတွေဘူးဆိုရင် တောင် ကင်းလှည့်တယ် လို့ပဲ သဘောထားလိုကိပေါ့"
လီရှောင်ရှမ်းဟာ ဗေဒင် ပညာကို မယုံကြည်ပေမဲ့ လည်း လင်းဖန်ရဲ့ အကြံဥာဏ်ကို မျက်ကွယ်ပြုပြီး မနေနိုင်ပါဘူး။ မဟုတ်ရင် သူည အိပ်မပျော် ပဲ နေပါလိမ့်မယ်။
ကောင်းကင်ရှည် တံတား။
ရှနိဟိုင်း မှာ ပထမ ဆုံးဆောက်လုပ်ခဲ့တဲ့ တံတား တွေထဲက တစ်ခုပါ။ဒီတံတားဟာ မြစ်အရှညိကြီး ရဲ့ ဟိုဘက်ဒီဘက်ကို ဆက်သွယ်ပေးထားပါတယ်။နောက်ပြီး ဒီတံတားကို သတောင်းစား များရဲ့ တံတား လို့လဲ ခေါ်ကြပါသေးတယ်။ဒီတံတားရဲ့ အောက်ဘက်မှာ သတောင်းစား တွေ အများကြီး အခြေချ နေထိုင်ကြလို့ပါ။
....
တံတား ကြီး၏ အောက်ဘက်တွက် ညစ်ပတ်သည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူကြီး တစ်ယောက်ဟာ ထောင့်တစ်ထောင့် တွင် ထိုင်နေခဲ့သည်။သူ ဟာ မျက်လုံးများကို မှိတ်ထားပြီး အသက်ကို ပြင်းပြင်း ရူနေခဲ့ပါတယ်။
သူ့နာမည်ကတော့ ချင်ချုအန် ပါ။သူလူသတ် မူကို ကျူးလွန်အပြီး တွင် ဥပဒေမှ လွတ်မြောက်နိုင်ရန် ဒီမှာ လာပြီး သတောင်းစားအယောင်ဆောင်နေခြင်းဖြစ်သည်။ပုန်းကွယ်နေရတဲ့ ဘဝ ဆိုတာ အသက်ရှင်ဖို့ အတွက် နည်းပေါင်းစုံကို သုံးရပြီး တကယ်ခက်ခဲပါတယိ..
သို့ပေမဲ့ လည်း ချင်ချုအန်ဟာ ရဲတွေရဲ့ စုံစမ်းစစ်ဆေး တာတွေကနေ လွတ်မြောက်ဖို့ ရဲတွေ ထင်မှတ်မထားတဲ့ နေရာမှာ ပုန်းကွယ်နေဖို့ ဆုံးဖြတ်ခဲ့သည်။လောလောဆယ် သူ့ရဲ့ မူလ မှတ်ပုံတင် ကိုလည်း မသုံးပြုလို့မရပါဘူး။
ဒါကြောင့် သူလွတ်မြောက်တဲ့ လမ်းကို ရှာဖွေနိုင်ဖို့ ဒီ ကောင်ကင်တံတားရဲ့ အောက်မှာ သတောင်းစား တစ်စုနဲ့ ဝင်ရောနေပြီး ပုန်းအောင်းနေခဲ့တာပါ။
"ဒီလူ ကို အရင်က မြင်ဖူးလား"
ချင်ချုအန် ဟာ အနားယူနေရင်း အသံတစ်ခုခုကို ကြားလိုက်ရပါတယ်။သူခေါင်းကို မော့လိုက်ပြီး ဘာတွေ ဖြစ်နေလည်း ဆိုတာ ကြည့်လိုက်တဲ့ အချိနိမှာ ရဲတစ်ရာရှိတွေဟာ သတောင်းစား တွေကို တစ်ယောက်ချင်း မေးခွန်းမေး နေတာ တွေ့လိုက်ရပါတယ်။
"သူတို့က ဒီလို နေရာ အထိတောင် ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ"
ချင်ချုအန်ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မူတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ခနအကြာမှာ သူ့ကိုသူ တည်ငြိမ် အောင် လုပ်လိုကိပြီး အခြေအနေတွေကို သုံးသပ်လိုကိသည်။
"ခေါင်းဆောင် ချင်ချုအန် က နေရာတွေ အများကြီး ထဲကမှ ဘာလို့ ဒီနေရာမှာ ပုန်းနိုင်မှာလဲ?"
ဒီနေရာ ရဲ့ လေထု ဟာ အနံ့အသက်အတော်ဆိုးရွားပြီး အရာရှိတွေရဲ့ ရနံ့တောင် ပျောက်နေခဲ့ပါတယ်။ထပ်ပြီးပြောရရင် ိလို တစ်ယောက်ချင်းလိုက်မေးဖို့ အချိန်အတော်ယူရမှာပါ။
"ဟုတ်တယ် ငါသာ ချင်ချုအန် ဆို ဒီလိုနေရာ မှာ လာပုန်းမှာ မဟုတ်ဘူး"
နောက်ထပ် ရဲသားတစ်ယောက်က ပြန်ဖြေလိုက်ပါတယ်။
"ဖြစ်နိုင်ချေ အနည်းဆုံးနေရာက ဘာလို့ သံသယ အရှိဆုံးနေရာလဲ ဆိုတာသိလား။ဘာလို့လဲ ဆိုတော့ ချင်ချုအန်က အရမ်းတွက်ချက်တတ်လို့ပဲ။သူက စိတ်ပညာ မှာ အရမ်းထူးချွန်တယ်။သူက လူသားတွေရဲ့ စိတ်ပိုင်း ဆိုင်ရာ တွေးခေါ်မူတွေကို ငါတို့ထက်ပိုပြီး ကျွမ်းကျင်တယ် ပိုသိတယ်"
လီရှောင်ရှမ်းဟာ အရင်က မြို့ကောင်စီ မှာ အလုပ်လုပ်ခဲ့ပေမဲ့ လည်း လူတွေနဲ့ အမြဲတမ်း ဆက်ဆံနေရတာပါ။သူလူတွေရဲ့ အကျင့်စရိုက်ပေါင်းစုံကို နောကျေနေပါပြီ။သူ့ရဲ့ အိမ်မက် အလုပ်အကိုင်က ရဲအရာရှိတစ်ယောက် ဖြစ်ချင်တာဖြစ်ပြီး အကြောင်းတစ်ခုခုေကြာင့်သာ မြို့ကောင်စီမှာ အလုပ်ဝင်ခဲ့ရတာပါ။
လီရှောင်ရှမ်းရဲ့ အတွေ့အကြုံတွေ အကုန်လုံးဟာ ဒီနေ့ ရဲအရာရှိတစိယောက်အဖြစ်ပြန်ပြီး အသုံးချရမယ့် အချိန်ရောက်လာခဲ့ပါပြီ။
သူဒီနေရာ ကို စရောက်လာကတည်းက သံသယ ကဖစ်နေမိတာပါ။ဒါပေမဲ့ အချိန်ဟာ တဖြည်းဖြည်း မှောင်လာနေပြီဖြစ်ပြီး ဆက်ပြီး အလုပ်လုပ်ဖို့ အဆင်မပြေတော့ပေ။
"ခေါင်းဆောင် တဖြည်းဖြည်းနဲ့ မှောင်လာနေပြီ၊ ကျွန်တော်တို့ ဆက်မေးနေရင်လည်း ဘာမှ ထပ်ရမှာမဟုတ်တော့ဘူး၊ ရိုးရိုးသားသားပြောရရင် ချင်ချုအန် နဲ့ မျက်နှာချင်းဆိုင် စကားပြောရ င်တောင် မှတ်မိဖို့ ခက်ခဲလိမ့်မယ်"
နောက်ထပ် ရဲအရာရှိတစိယောက်ဟာ လည်း ပြောလိုက်ပါတယ်။
"မနက်ဖြန်မှ ကျွန်တော်တို့ ပြန်လာပြီး ဆက်လုပ်ကြရင်ရော ဘယ်လိုလဲ"
လီရှောင်ရှမ်းဟာ တိတ်ဆိတ်နေခဲ့ပါတယ်။သူတို့ပြောတာက အဓိပါယ်ရှိပါတယ်။
ခနအကြာမှာပဲ အရိပ်တစ်ခုဟာ ဖြည်းဖြည်း ချင်းအဝေးကို လမ်းလျောက်သွားနေတာ ကို တွေ့လိုက်ရပြီး သူ့နောက်ကျောကို လီရှောငိရှမ်း မြင်နေရပါတယ်။
အဲ့အရိပ်က......
"ချင်ချုအန်.."
လီရှောင်ရှမ်းဟာ နောက်ကနေ အမြန် လှမ်းအော်လိုက်လိုက်သည်။
အရိပ်ဟာ တစ်ခန တော့တုန့်ခနဲ ရပ်သွားခဲ့သည်။သို့ပေမဲ့ လီရှောင်ရှမ်း သူ့ဆီ မရောက်ခင် အစွမ်းကုန် ထွက်ပြေးပါတော့တယ်။
ချင်ချုအန် ဟာ သူ့ကို ဒီလောက်လွယ်လွယ်ကူကူ ဖမ်းမိသွားလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။သူမသိတာက လီရှောင်ရှမ်း နဲ့ သူ့လူတွေဟာ ထွက်သွားဖို့ ပြင်ဆင် နေကြပြီ ဆိုတာပါပဲ။
"သူ့ကို လိုက်"
လီရှောင်ရှမ်းဟာ သူ့ရှေ့ကနေ အလျင်အမြန်ပြေးလွှားနေတာ ချင်ချုအန် ဆိုတာ တစ်ရာရာခိုင်နှုန်း သေချာပါတယ်။
"အဲ့ပြေးနေတဲ့ ခွေးသားက ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ကောင်ပဲ မလွတ်စေနဲ့"
လီရှောငိရှမ်း နဲ့ ချင်ချုအန် ရဲ့ အကွာအဝေးက နဲနဲ တော့ လှမ်းပါတယ်။တကယ်လို့ အရာရာတိုင်းဟာ ချင်ချုအန် တွက်ချက်ထားသလို အဆင်ပြေခဲ့မယ် ဆိုရင် သူ လွတ်မြောက်ဖို့ အခွင့်အရေး ရှိပါသည်။
ချင်ချုအန် ရဲ့ ရှေ့မှာ သတောင်းစားအနည်းငယ်
ဟာ အလျင်အမြန် ပိတ်ရပ်ထားခဲ့သည်။
လီရှောင်ရှမ်းဟာ သူဒီလို မျိုး အကူအညီ ရလိမ့်မယ် လိူ့ မထင်ထားခဲ့ပါဘူး။သူက ဒီတိုင်းပဲ အော်လိုက်တာပါ..ဒါက သူပြေးလိုက်ပြီး ဘာမှ မအော်တာ ထက်စာရင် တော့တော်ပါသေးတယ်။
"ငါ့ရှေ့က ဖယ်ကြ"
ချင်ချုအန်ဟာ သူ့ရှေ့မှာ ပိတ်နေကြတဲ့ လူတွေကို အနားမရောက်ခင် အော်ဟစ်လိုကိပါတယ်။
သတောင်စား တွေ အကုန်လုံးဟာ ကြောင်အနေခဲ့သည်။
သို့ပေမဲ့ ချင်ချုအန် သူတို့ အနားက ဖြတ်သွားတဲ့ အချိန်မှာ သတောင်စားတစ်ယောက် ဟာခြေထိုး ခံလိုက်သည်။ ရလာဒ် အနေနဲ့ ချင်ချုအန်ဟာ မြေကြီးပေါ်မှာ မှောက်လျက်သား လှဲကျ သွားပါတော့တယ်။
ယင်းနောက် သတောင်းသားများဟာ ချင်ချုအန် ကို ဝိုင်းပြီး ဖမ်းချုပ်ထားလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်"
လီရှောင်ရှမ်းဟာ တကယ် ကျေနပ်နေခဲ့ပါတယ်။
ရဲတွေဟာ ချင်ချုအန်ကို ဖမ်းဆီးပြီးတဲ့နောက်မှာ လီရှောင်ရှမ်းဟာ သတောင်းစားများကို သွားပြီး ကျေးဇူးတင်လိုက်သည်။
"အားလုံး ကိုကျေးဇူး တင်ပါတယ်။မင်းတို့ မရှိပဲနဲ့ ဒီလူကို ဖမ်းနိုင်မှာမဟုတ်ဘူး!!တကယ်ကျေးဇူးတင်တယ် ကောင်လေးတို့၊ ငါတို့ အရမ်း အန္တရာယ် များတဲ့ ကွင်းဆက်လူသတ် သမား ကို အတူတူ ဖမ်းဆီးနိုင် လိုက်ကြပြီ..ဘယ်လို ကျေးဇူး တင်ရမှန်းတောင် မသိတော့ဘူး"
သတောင်းစားသုံးယောက်ဟာ အသက် ၁၆၊ ၁၇ လောက်ရှိပြီး မျက်နှာ မှာဝက်ခြံများနဲ့ ပြည့်နေခဲ့ပါတယ်။
"ကျွန်တော်တို့ကို ကျေးဇူးတငိ ဖို့ မလိုပါဘူး ၊ ရဲဌာန ကို ကူညီခွင့်ရတာကိုပဲ ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ဒီလူသတ်သမား ဒီမှာရှိနေတာကပဲ ကျွန်တော် တို့ သတောင်းစား တွေကို မျက်နှာ ပျက်စေမိပါတယ်"
လီရှောင်ရှမ်းဟာ အခြေအနေတွေ အများကြီး ကို မျော်လင့်ပြီးသားပါ ဒါပေမဲ့ သတောင်းစား တွေရဲ့ တည်ကြည်လေးနက် တဲ့ စကားလုံးများကို ကြားလိုက်သည့် အချိန်တွင် အနည်းငယ် ဆွံ့အသွားခဲ့သည်။
"ငါ့ကိုဖမ်းဖမ်းဖို့သတောင်းစားတွေကူညီယူရတယ်..ဘယ်လောက် ရှက်ဖို့ကောင်းလဲ?"
"ငါ့ကို လွတ်ပေးစမ်း"
ချင်ချုအန် ဟာ အသည်းအသန်ပဲ လက်ထိပ်ကို ရုန်းနေခဲ့ပါတယ်။
"ချင်ချုအန် မင်းဒီမှာ ပုန်းနေမယ် လို့ ငါမထင်ထားမိခဲ့ဘူး"
လီရှောင်ရှမ်းဟာ အခုမှ ပဲ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။သူရုတ်တရက် လင်းဖန်အကြောင်းကို တွေးမိလိုက်တဲ့ အချိန်မှာ သံသယ တွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။
လင်းဖန်က ဒီနေရာ ကို ဘယ်လိုသိတာလဲ...?
"မင်းငါ ဒီမှာ ရှိနေမှန်း ဘယ်လိုသိတာလဲ?"
ချင်ချုအန်ဟာ အကျေမနပ်ဖြစ်နေခဲ့သည်။သူဒီနေရာ ကို ရဲတွေ ဖမ်းမိလိမ့်မယ် လို့လုံးဝ မထင်ထားမိခဲ့ပါဘူး။
"ဟားးးဟားး ဒါကတော့ လျိုဝှက်ချက်လေ"
လီရှောင်ရှမ်းဟာ ယုံကြည်မူရှိရှိ ရယ်မောလိုက်ပါတယ်။သူကိုယ်တိုင်လည်း အမှန်တကယ် ကို အံ့သြနေခဲ့တာပါ။သူ အမူကို ဘယ်လို ဖြေရှင်းနိုင် ခဲ့လည်း ပြောပြရင်တောင် ဘယ်သူမှ ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။
ချင်ချုအန် ကို ကားထဲခေါ်သွားတဲ့ ရဲနှစ်ယောက်ဟာလညိး လီရှောင်ရှမ်းနဲ့ လင်းဖန် ရဲဌာန ဂိတ်ပေါက်မှာ ပြောနေကြတာကို ပြန်ပြီး သတိရမိသွားခဲ့ပါတယ်။သူတို့ အံ့သြလွန်ူလို့ ပြောစရာ စကားတောင် မရှိတော့ပါဘူး။
"ခေါင်းဆောင် ၊ အဲ့လူငယ်လေးက တကယ်အဲလောက် တိကျအောင် တွက်ချက်ပေးနိင်တယ်လား"
"အင်း ဗေဒင်ပညာ နဲ့ အမှန်တကယ်ပဲ တရားခံဘယ်မှာလဲ ဆိုတာ တွက်ချက်ပေးနိုင်တယ် ၊ ငါလည်း ဒါတိုက်ဆိုင်မူလား ၊ ဆန်းကြယ်မူလား ဆိုတာ မပြောတတ်တော့ဘူး"
ရဲတွေ ပြောနေတာကို ကြားပြီးတဲ့ နောက်မှာ ချင်ချုအန် လည်း ဆွံ့အ သွားခဲ့ပါတယ်။
"ချီးပဲ ငါ ဗေဒင် တွက်ပြီး အဖမ်းခံလိုက်ရတာလား"
....
အဲ့အချိန်မှာတော့ လင်းဖန် သူ့အိမ်လေးကို ပြန်ရောက်လာခဲ့ပါပြီ။
"ကြည့်ရတာ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ"ဖြစ်နေပြီထင်တယ်.....
လင်းဖန် စိတ်ပျက်စွာပဲ ညည်းတွားလိုက်ပါတယ်။
"အမှန်တရားက အရမ်းရက်စက်တယ်၊ ငါ့ရဲ့ ဗေဒင်ပညာက သွေးထွက်အောင် မှန်တယ်လေဒါတောင် ဗေဒင်ဟောမယ့် လူတစ်ယောက်မှ မရှိဘူး..ဟူး...."
စွယ်စုံကျမ်း၏ ဒုတိယ မြောက် စမ်းသပ်ချက်
-အောင်မြင်ပြီး လူအများက လေးစားရသည့် မာစတာ လင်း ဖြစ်လာစေရန်
သူပထမ စတုန်းက အရာရာ အဆင်ပြေမယ် လို့ပဲ ထင်ထားခဲ့တာပါ ။အခုတော့ ဘယ်အရာ မှမလွယ်ဘူးဆိုတာ သိလိုက်ရပါပြီ။
မဟုတ်ဘူး..ငါ တစ်ခုခု လုပ်ရမယ် ၊ ကောင်းကင်ကနေ ရွှေတုန်းကြီး ကျလာတာကို စောင့်နေလို့ မရဘူး။ငါ အောင်မြင်ဖို့ နောက်ဆုံး နည်းလမ်းတစ်ခုကို ထုတ်သုံးမှ ရတော့မယ်။
အဲတာက အင်တာနက်ကို သေချာ အသုံးချဖို့ပဲ..
လင်းဖန် ချက်ချင်း နောက်တစ်ကွက်ရွေ့ဖို့ ပြင်ဆင်လိုက်ပါတယ်။သူချက်ချင်း ဝိုက်ဘို (weibo) ဆော့ဝဲကို ဖွင့်ကာ ဆယ်လီတွေကို လိုကိရှာလိုက်ပါတယ်။
"ပထမဆုံး သားကောင်က မင်းပဲ"
ယောက်ျားလေး ဆယ်လီ တစ်ယောက်ရဲ့ ပရိုဖိုင်ဟာ သူ့ဖုန်းမှာပေါ်လာခဲ့ပါတယ်။
ချန်းယု ၊ ကျောင်းသားဟောင်း အဆိုတော် တစ်ယောက်။သူ့သီချင်းများဟာ အလွန်အောင်မြင်ပြီး လူအများက နားထောင်ကြသည်။
လင်းဖန် ဒီ အဆိုတော် နဲ့ အလွန် ရင်းနှီးနေခဲ့ပါသည်။သူ ဒီအဆိုတော်ရဲ့ သီချင်းတွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့တာပါ။
သူဟာ ဝိုက်ဘို ( weibo ) ပေါ်မှာ ပရိတိသတ် လေးသိန်း ခန့်လောက်ရှိပါတယ်။အရေအတွက်ဟာ အရမ်း အများပေမဲ့လည်း နည်းတဲ့ အထဲလည်း မပါခဲ့ပါဘူး။
ဒါပေမဲ့ အရေးကြီးဆုံးအရာက ဒီအဆိုတော်မှာ သိက္ခာ ကျစရာ ဖြစ်ရပ်တွေ ရှိနေတာပါ။
လင်းဖန် ဒီလူရဲ့ အပေါ်စီးက ပြောဆိုတတ်တဲ့ အကျင့်စရိုက် တွေကိုလည်း သတိမထားမိပါဘူး။လင်းဖန် သတိထားမိတာက သူ ဒီလူကို တွက်ချက်နေတဲ့ အချိန်မှာ သူ့ရဲ့ ဓာတ်ပုံ ထိပ်နားမှာ အလင်းရောင် တောက်နေတာတွေ့ရပါတယ်
လင်းဖန် စပြီး အလုပ်လုပိဖို့ပြင်လိုက်ပြီး ၊ အနာဂတ်ဟောပြောခြင်းနဲ့ ပတ်သက်လို့ စာအနည်းငယ် ရိုက်လိုက်ပါတယ်။