← Chapters

ငါ့ ဝိုက်ဘို ဆော့ဝဲမှာ တိုင်ပတ်ပြီ

Vol. 3 Ch. 33

ငါ့ ဝိုက်ဘို ဆော့ဝဲမှာ တိုင်ပတ်ပြီ

Vol. 3 Ch. 33

"ပရိုဖိုင်ရဲ့ ထိပ်နားမှာ အစိမ်းရောင်ပါတဲ့ လူတွေ ၊မင်းတို့ မာစတာ လင်းရဲ့ ဟောကြားမူကို ကြားချင်ကြလား"

ဒီစာသားလေးက လင်းဖန် အတွက် လိုရင်းရောက်ပြီး ၊ နည်းလမ်းတကျရှိလှပါတယ်။ဒါကို မြင်တဲ့ လူတိုင်းက နားလည်နိုင်မှာပါ။

ပြသနာ မရှိတော့ဘူး။

လင်းဖန် ဆက်ရှာနေခဲ့ပေမဲ့ သူတွေ့တဲ့ လူတွေ အများစုဟာ စံနှုန်း မပြည့်မီကြပါဘူး။ဒါကြောင့် သူဇွဲရှိရှိနဲ့ ပဲ ဆက်ရှာနေလိုက်ပါတယ်။

လင်းဖန် အချိန်အကြာကြီး ရှာပြီးသည့် နောက်တွင် ပရိတ်သတိ တွေ အများကြီး ရှိသည့် မော်ဒယ်မိန်းကလေး တစ်ယောက် ကိုတွေ့လိုက်ရပါတယ်။

သူမကတော့ ကျို့လီယွန် ဖြစ်ပြီး နိုင်ငံတစ်ကာ အဆင့်မှီ မော်ဒယ်တစ်ယောက်ပါ။

သို့ပေမဲ့ သူမမှာ လက်ရှိ အသစ်တင်ထားတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပြသနာ ကြုံရတော့မယ် ဆိုတာ လင်းဖန် မြင်နေခဲ့ပါတယ်။

"ဖက်ရှင် ရှိုးပွဲစဖို့ အတွက် ၅ ရက်ပဲလိုတော့တယိနော် ၊ ကျွန်မလည်း အစွမ်းကုန် ကြိုးစားပါ့မယ်"

လင်းဖန် အောက်က မှတ်ချက်တွေ ကို တစ်ချက်ရှိုးလိုက်တဲ့ အချိန်မှာတော့အကုန်လုံးက သူမကိုအားပေးစကားတွေ ပြောပြီး ချီးကျူးထားကြတာ တွေ့လိုက်ရသည်။

"ငါ မင်းရဲ့ကံကြမ္မာကိုဖတ်ကြည့်လိုက်တယ် ၊ မင်းအဆင်ပြေပြေလုပ်နိုင်မှာ မဟုတ်ဘူး"

အားလုံးချီးကျူး နေကြတဲ့အချိန်မှာ လင်းဖန်ရုတ်တရက် မကောင်းတဲ့ မှတ်ချက်ကို ဝင်မန့်လိုက်ပါတယ်။

များပြားလှတဲ့ ချီးကျူးမူတွေကြားမှာ လင်းဖန်ရဲ့ မကောင်းဘက်အခြမ်းရောက်တဲ့ ကွန့်မန့်ဟာနည်းနည်းတော့ ထင်ရှားနေခဲ့သည်။

လင်းဖန်ဟာ သိပ်ဂရုမစိုက်ပဲ၊ တစ်ခြား ဆိုးရွားတဲ့ကံကြမ္မာ နဲ့ကြုံရမယ့် နာမည်ကြီး သရုပ်ဆောင်တွေကို ဆက်ရှာနေခဲ့ပါသည်။

လင်းဖန်ရဲ့ အဓိက ရည်ရွယ်ချက်က နာမည်ကြီးကျော်ကြားနေတဲ့ ဆယ်လီတွေမှာ ဖြစ်ပျကိမယ့်အရာကို ကြိုဟောပြီး သူနာမည်ကြီးလာဖို့ ကြိုးစားချင်တာပါ....

လင်းဖန်ဟာ တစ်ခြား ဆယ်လီတွေကို ဆက်ရှာဖွေနေခဲ့ပါတယ်.....

ခနကြာတဲ့အချိန်မှာ လင်းဖန် ဖောလို သန်းကျော်ရှိပြီး အရမ်းအောင်မြင်တဲ့ မိန်းကလေး စူပါစတား သရုပ်ဆောငိတစ်ယောက်ရဲ့ နာမည်ကို

ပို့စ်တစ်ခုမှာ တွေ့လိုက်ရပါတယ်။

သူမဟာ များပြားလှတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖူးပြီး ၊ ဆုတွေလည်းအများကြီးရထားတဲ့ မင်းသမီးတစ်လက်ပါ။

သူမဟာ အင်တာတိန်းမန့် ကုမ္ပဏီများစွာက အပြိုင်အဆိုင် ကမ်းလှမ်းရသော သူတစ်ယောက်ဖြစ်သည်။

ဝမ်ဘင်ယန် ဟာများပြားလှတဲ့ ယောက်ျားလေးတွေ အိပ်မက်မက်ယုံသာ တတ်နိုင်တဲ့ နတ်သမီးတစ်ပါးပါ။လင်းဖန်တောင် အရင်က သူမရုပ်ရှင်တော်တော်များများကို ကြည့်ဖူးပါတယိ။

ယနေ့ခေတ်လူတော်တော် များများဟာ ရုပ်ရည်အပေါ်မှာသာ အဓိကထားအားပေးကြပြီး၊ သူမဟာ ဒီအတွက်တော့ အတော်ပြည့်စုံပါတယ်။

"ဟူဒါ ရဲ့ ရှပ်ရှင်ကားအသစ် "မပြောနိုင်တဲ့ မနက်ဖြန်" မှာ အားလုံးသိပြီးသားဖြစ်တဲ့ ခေါင်းဆောင်မင်းသမီးပါဝင်တယ်နော်၊ အားလုံးပဲသူမကို အားပေးကြမယ်လို့ မျှော်လင့်ပါတယ်"

@ဟူဒါ။

ဟူဒါဆိုတာ ဒီနိုင်ငံရဲ့ ထိပ်တန်းဒါရိုက်တာ တွေထဲက တစ်ယောက်ပါ။

သူဟာ ထိပ်တန်းအောင်မြင်တဲ့ ရုပ်ရှင်တွေကို ရိုက်ကူးထားသူဖြစ်ပြီး နိုင်ငံတကာ အဆင့်မှာပါ အသိအမှတ်ပြုခံထားရသူဖြစ်သည်။

"ဘင်ယန် ၊ ညီမရိုက်တဲ့ အပိုင်းက ညီမနဲ့အတော်လိုက်တယ်နော်"

ဟူဒါဟာ မှတ်ချက်တွင် ပြောလိုက်သည်။

ဝမ်ဘင်ယန် ဟာဒီနိုင်ငံမှာတော့ အားလုံးစိတ်ဝင်စားခံရတဲ့ မင်းသမီးတစိလက်ပါ၊သို့ပေမဲ့လင်းဖန် အတွက်ကတော့ သူ့ရဲ့ ကျွမ်းကျင်မူတွေကို ပြရမယ့် အခွင့်ရေးပါပဲ...

"မာစတာ လင်းကမင်းရဲ့ ကံကြမ္မာကိုတွက်ပေးလိုက်ပြီ ၊ ဒီရုပ်ရှင်က မင်းအတွက်အောင်မြင်မှာမဟုတ်ဘူး။ဘာလို့ဆို ခေါင်းဆောင်မင်းသမီးရဲ့ နာမည်မှာ ယန် ပါနေလို့ပဲ..."

လင်းဖန်ရဲ့ မှတ်ချက်ဟာ ထောင်ပေါင်းများစွာများထဲမှ တစ်ခုသာ ဖြစ်ပေမဲ့လည်း၊ပရိတ်သတ်ပေါင်း များစွာရဲ့ ကာကွယ်ပြီး ပြောဆိုမူတွေနဲ့ကြုံလိုက်ရပါတယ်။

.......

ယင်းနောက် လင်းဖန်ဟာ အခြေနေမကောင်းတဲ့ဆယ်လီတွေကို ဆက်လက် လိုက်လံရှာဖွေနေခဲ့ပါသည်။

လင်းဖန်ဟာ ဆယ်လီဆိုရင် ဘောလုံး ၊ တင်းနစ်က လူတွေပါ အချန်ပဲ ဗေဒင်လိုက်ဟော လိူက်ပါတယ်။

သူဟောတဲ့ အခါမှာ အထူးသဖြင့် အတိတ်နိမိတ်

မကောင်းတဲ့ လူတွေကိုသာရွေးဟောပါတယ်။

"မာစတာလင်း ကမင်းရဲ့ ကံကြမ္မာကို ဖတ်ကြည့်လိုက်ပြီး မင်းနောက်တစ်ပွဲ ရှုံးမှာ မြင်နေရတယ်"

"မာစတာ လင်းက မင်းရဲ့ ကံကြမ္မာကို အမှတ်မထင် ဖတ်မိသွားတယ်၊ မင်းဆေးရုံတက်ရကိန်း ရှိတယ်နော်..."

"မာစတာ လင်း မြင်တဲ့ မင်းရဲ့ ကံကြမ္မာကတော့ မင်း ရိုက်နှက်ခံရကိန်းရှိတယ် ဆိုတာပဲ"

......

လင်းဖန်ဟာ ဆယ်လီတွေ ဘယ်လောက်များများကို ဟောပေးခဲ့တယ်ဆိုတာ တောင်မမှတ်မိတော့ ပါဘူး။သူဟောခဲ့တာတွေ အကုန်လုံးဟာအခြေနေမကောင်းတဲ့ လူတွေချည်းပါပဲ...

သူအချိန်ကို ကြည့်မိလိုက်တဲ့ အချိနိမှာတော့ ညတစ်နာရီ တောင်ရှိနေခဲ့ပါပြီ။

အချိန်လေးနာရီဟာ လင်းဖန်တောင် မသိလိုက်ပဲကုန်သွားခဲ့ပြီး၊ လင်းဖန်လည်း အတော်ပင်ပန်းနေခဲ့ပါပြီ။

ငါတစ်ထိုင်တည်း ဒီလောက်အများကြီး ရေးမိလိမ့်မယ် လို့မထင်ထားဘူး..သူတို့ရဲ့ ပရိတ်သတိတွေကတော့ ငါကို သတိချင်နေလောက်ပြီး ဟဟ......

လင်းဖန်ဟာ ပြုံးမိလိုက်သည်။အခုချိန်မှာ သူလုပ်နိုင်တဲ့ အကောင်းဆုံးအရာကို လုပ်ခဲ့တာပါ။လူတွေ အာရုံစိုက်လေကောင်းလေပါပဲ....

သူအခု အချိန်တစ်ခု စောင့်ဖို့သာ လိုအပ်ပြီး ၊ အကုန်လုံးက သူတွက်ချက်ထားတဲ့ အတိုငိးဖြစ်သွားပါလိမ့်မယ်..

ကဲ အိပ်လိုက်ကြရအောင်..။

........

လင်းဖန်အိပ်နေတဲ့ အချိန်မှာ လူအများဟာ ဝှိုက်ဘိုပေါ်က သူတို့ရဲ့ အိုင်ဒေါ တွေရဲ့ပုံတွေကိုကြည့်နေကြပါတယ်။

အသုံးပြုသူ အမည် = ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေး

ဆိုတဲ့ လူတစ်ယောက်ဟာ ဝမ်ဘင်ယန် ရဲ့ ပေ့ကိုဖော်လို လုပ်ထားတာပါ။

သူမဟာ သူရဲ့ အကြိုက်ဆုံး မင်းသမီးတစ်လကိဖြစ်ပြီး သူမရဲ့ အပြုံးလေးတွေဟာ သူ့ကို အရည်ပျော်ကျ သွားစေပါတယ်။

ဆောင်ဦးဓားနဲ့ ငါးသတိတဲ့ ကောင်လေးဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ သူ့ရဲ့ဘောင်းဘီ ကိုအောက်ကို ဆွဲချလိုက်ပြီး ၊ တစ်ရူးအနည်းငယ်ကို ကွန်ပျူတာရှေ့မှာ အဆင်သင့် ပြင်ထားလိုက်ပါတယ်။

........

ခနကြာတဲ့ အချိန်မှာ ၊ ဆောင်ဦးဓား အကောင့်ပိုင်ရှင်ဟာ တစ်ရူးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး ဘောင်းဘီကို အပေါ်ကို ပြန်ဆွဲတင်လိုကိပါတယ်။သူ့ရဲ့ အကြိုက်ဆုံးမင်းသမီးကို မြင်ရတာ ကျေနပ်မူတွေနဲ့ အပြည့်ပါပဲ။

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ ကောင်လေး ဟာ သူ့ရဲ့ အကြိုက်ဆုံးမင်းသမီးနဲ့ ဒါရိုက်တာ ဟူရဲ့ရုပ်ရှင် သတင်းကိုကြည့်ပြီး ဝမ်းသားနေခဲ့သည်။

အဲ့အချိန်မှာပဲ ရင်းနှီးတဲ့ အသုံးပြုသူ အမည်တစ်ခုကို သတိထားမိလိုက်ပါတယ်။

"အနာဂတ်ကို ဟောပြောသူ - မာစတာလင်း"

ဒီအကောင့်ပိုင်ရှငိ ရေးထားသည့် မှတ်ချက်ကို သူဖတိကြည့်လိုကိသည်။

"မအိမ်လုံး..မင်းကများ ငါ့ရဲ့ အကြိုက်ဆုံး မင်းသမီးကို အပြစ်တင်ရဲတယ်ပေါ့....ငါမင်းကို အခုသတ်ချင်လာပြီ..."

ဆောင်ဦးဓား အကောင့်ပိုင်ရှငိဟာ ဝမ်ဘင်ယန် ရဲ့ ပရိတ်သတ် အများကြီးထဲကမှ တစ်ယောက်ဖြစ်ပေမဲ့ လည်း သူ့မှ အစွမ်းအစတွေရှိပါတယ်။

အင်တာနက် ပေါ်မှာ ဟာသလုပ်တဲ့ ဂရု တွေမှာ သူကခေါင်းဆောင် တစ်ယောက်ပါ။သူ့ ဂရုထဲမှာ လူနှစ်သောင်း ဝန်းကျင်လောက်ရှိပါတယ်။

ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ ချက်ချင်းကြေငြာလိုက်ပါတယ်။

"ရဲဘော်တို့ ဒီပို့စ်ရဲ့ အောက်ဆုံး မှတ်ချက်ကို သွားကြရအောင်၊ အဲ့မှတ်ချက် ပိုင်ရှင်ကို သူ့တည်ရှိမူ သူတောင် စိတ်ပျက်သွားအောင်လုပ်လိုက်ကြမယ်"

"အိုကေ ခေါင်းဆောင် ၊ ငါတို့ လိုအပ်ရင် အသက်နဲ့ပါရင်းပြီး တိုက်ခိုက်ကြမယ်"

"ငါတို့ အကုန်လုံးဝိုင်းပြီး တိုက်ခိုက်ရမယ် ၊ တစ်ယောက်မှ မလွတ်စေနဲ့"

"ဆောင်းဦးဓားက ငါတို့အောင်မြင်မူတွေကို ဥိးဆောင်မယ့်လူပဲ"

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ ကောင်လေး အကောင့်ပိုင်ရှင်ဟာ သူ့လူတွေရဲ့ တက်ကြွတဲ့ စာသားတွေကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုကိပါတယ်။

မင်းတော့ လူမှားထိမိပြီ.....

...............

နောက်တစ်ရက် မနက် ၇ နာရီ။

"ဘယ်လောက်တောင် လှပတဲ့ နေ့လေးလည်း။

လင်းဖန်မျက်နှာသစ် ၊ မနက်စာစားပြီးတဲ့ နောက်မှာ ဝိုက်ဘို ( weibo ) ဆော့ဝဲ လေးကို ဖွင့်လိုက်ပါတယ်။

သူဆောဝဲ ဖွင့်ပြီးပြီးချင်း စခရင် ပေါ်မြင်လိုက်ရတဲ့ အရာကြောင့် ကြောင်အသွားခဲ့ပါတယိ။

"ချီးပဲ"

လင်းဖန်ရဲ့ ဝှိုက်ဘို အကောင့်ကို ရန်သူတွေ ဝန်းရံထားတဲ့ အတိုင်းပါပဲ။သူမန့်ခဲ့တဲ့ မျက်ချက်မှာ ဝေဖန်သူတွေ ၊ ရန်လိုသူတွေနဲ့ ပြည့်နေခဲ့ပါတယ်။

သူ့ရဲ့ မှတ်ချက်မှာ တိုက်ခိုက်နေကြတဲ့ လူထောင်ပေါင်းများစွာ ရှိပေမယ့်လည်း သူ့ရဲ့ အကောင့် ရဲ့ ပရိတ်သတ် အရေအတွက်ဟာ တိုးမလာခဲ့ပါဘူး။လျော့တောင်သွားပါသေးတယ်..

"စောက်သုံးမကျတဲ့ ဗေဒင်ဆရာ ၊ မင်းလူပ်စရာလုပ်ပြီးသွားရင် ကိုယ့်ဟာကို သတ်သေလိုကိ"

"မင်းကများ ဘင်ယန် ကို ဒီလိုပြောရဲတယ် ဟုတ်လား? မင်းဗေဒင်တော်တော် ဟောချင်နေတာလား ? မင်းစောက်ရမ်းတွေ ဟောချင်နေရင်မင်းနှမ ကိုသွားပြန်ဟောလိုက်...."

"မင်းကြီးတော်ကို အစိမ်းရောင်ပုံလား၊ မင်းစောက်လုံးနှစ်လုံးနဲ့ သေချာကြည့်ပြီး ဖော်လိုဖြုတ်ခဲ့"

"ချီးပဲ စောက်ခွေးသား၊ ကျို့လီယွန် က နိုင်ငံတစ်ကာ အဆင့်မီတဲ့ စူပါမော်ဒယ်ကွ။မင်းလိုခွေးသားက ဘာမှဝင်ပြောစရာမလိုဘူး"

"မင်းက တော်တော်ဆိုးတဲ့လူပဲ၊ မင်းကို ဖော်လိုထားတာ ငါပြန်ဖြုတ်လိုကိပြီ"

"မင်းကပွဲရှာချင်တာလား? ငါတို့မင်းကို တကယ်ပွဲကိုပြပေးမယ်။ငါတို့မင်းရဲ့ မှတ်ချက်ကို ထိပ်ဆုံးအထိတင်ပြီးတော့ မင်းလို ခွေးသား ဘာပြောထားလဲ ဆိုတာအားလုံးသိစေရမယ်"

.......

လင်းဖန် သူ့ရဲ့ မှတ်ချက်တွေကို ဝိုင်းပြီးရန်လိုစွာတိုက်ခိုက်နေကြတဲ့ အကောင့်များနှငိ့ မှတ်ချက်များကို ဖတ်နေခဲ့သည်။

ယင်းနောက် သူရေးထားတဲ့ မှတ်ချက်ရဲ့ အနေအထားကို တစ်ချက်ရှိုးလိုက်ပါတယ်။

သူ့ရဲ့ မှတ်ချက်ဟာ ထိပ်ဆုံးမှာ ရောက်နေပြီး လူပေါင်းများစွာရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတာ သိပ်တော့ မထူးဆန်းပါဘူး......

ဘာဖြစ်လဲကွာ.

သူ့ရဲ့ မှတ်ချက်ဟာ လူပေါင်းများစွာရဲ့ စိတ်တိုင်းမကျမူကို ဖြစ်စေတယ်ဆိုတာ လင်းဖန်သိပါသည်။

သူ ဒီလူတွေနဲ့ ငြင်းခုန်းမနေတော့ပါဘူး။သူမှတ်ချက်တစ်ခု သာပြန်ပြောလိုက်ပါတယ်.

"အားလုံးပဲ ငါပြောတာ မှန်လား မမှန်လားသာ စောင့်ကြည့်လိုက်ရအောင်"

လင်းဖန်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။သူ့ရဲ့စွယ်စုံကျမ်းက မှားယွင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ဒီအတွက်တော့ သူမှာ ယုံကြည်မူရှိပါတယ်

နောက်ဆုံး အ​ဖြစ်မှန်ထွက်လာတဲ့ အချိန်ကြရင်ဘယ်သူရယ်ပြီး ဘယ်သူငိုရမလဲ စောင့်ကြည့်ကြတာပေါ့ကွာ........

လင်းဖန် ဝိုက်ဘို ( weibo ) မှာဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်တဲ့ လူတွေကိုလည်း ထပ်ဂရုမစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ဆိုင်လေးရှိရာကို ထွကိလာခဲ့လိုကိပါတယ်။

ဒီနေ့ရဲ့ ရာသီဥတုက အတော် သာယာနေပြီး အလုပ်လုပ်ဖို့ အတွက် အတော်ကောင်းမွန်မဲ့ပုံပါ....

All Chapters