← Chapters

သံကြိုးမှ လွတ်မြောက်ခြင်း

Vol. 1 Ch. 5

သံကြိုးမှ လွတ်မြောက်ခြင်း

Vol. 1 Ch. 5

[ရွေးချယ်ခံရသူ သင်ဟာ တောင်ဘုရင် လာဗာ ရဲ့ အသွင်ပြောင်း သားရဲကို သတ်လိုက်ပါပြီ ]

ဆန်နီ ဒီအသံကို ကြားလိုက်တာနဲ့ ဒူးထောက်လျက် ကျသွားခဲ့တယ်..။သူ့ ခန္တာကိုယ်တစ်ခုလုံးကတော့ အသားကြိတ်စက်ထဲမှာ ထည့်ကြိတ်ခံထားရသလိုမျိုး နာကျင်ပြီး မောပန်းနေခဲ့ပါတယ်..။ဒါတောင်မှ သူ ကျေနပ်မိနေတုန်းပါပဲ..။

အသွငိပြောင်းသားရဲကို သတ်နိုင်လိုက်တာက..တကယ်ကို စိတ်ကျေနပ်ဖို့ကောင်းတာကြောင့် မှတ်သားမူ မရတာတောငိမှ ဆန်နီ သတိမထားမိခဲ့ပေ..။

[မှတ်သားမူ ဆိုတာက အိပ်မက်ဆိုးကနေ နိုးထသူတွေကို ပေးအပ်တဲ့ ဆုလာဒ်တစ်မျိုးပါ ]

အခုချိန်မှာ မှော်ဓား ဒါမှမဟုတ် သံချပ်ကာ အင်္ကျီမျိုးတွေ လက်ထဲမှာ ပေါ်လာမယ် ဆိုရင်တော့ သူ့အတွက် အကောင်းဆုံးပါပဲ..။တကယ်လို့ နွေးထွေးတဲ့ ကုတ်အင်္ကျီတစ်ထည် ဆိုရင်တောင် ဒါက အဆင်ပြေပါသေးတယ်..။

'သုံးစက္ကန့်ပဲ...မင်း နောက်ထပ် သုံးစက္ကန့် နားလို့ ရသေးတယ်..'

ဆန်နီ တွေးလိုက်တာပါ..။

ဘာပဲဖြစ်ဖြစ် အိပ်မက်ဆိုး ပြီးဆုံးဖို့ဆိုတာက အဝေးကြီး လိုနေသေးပါတယ်..။

ခနကြာပြီးတဲ့ နောက်မှာတော့ သူ အသိစိတ်ပြန်ဝင်လာခဲ့ပြီး ဘေးနားက အခြေအနေတွေကို ကြည့်လိုက်တယ်..။

အသွင်ပြောင်း သားရဲကတော့ သေဆုံးသွားပါပြီ..။သို့ပေမယ့် သူတို့ကို စိတ်ရှုပ်စေတဲ့ သံကြိုးကတော့ ချည်နှောင်ထားပါသေးတယ်..။ခိုးကြောင်ခိုးဝှက်ပုံ အစေခံနဲ့ ပညာရှင် တို့နှစ်ယောက်ကတော့ ဖြူဖျော့တဲ့ မျက်နှာတွေနဲ့..သံကြိုး အထုံးတွေကို လိုက်​ဖြည် နေခဲ့တယ်..။

သိပ်မဝေးတဲ့နေရာမှာတော့..တွန့်လိမ်နေတဲ့ ခန္တာကိုယ်တွေနဲ့ အသားစတွေဟာ မြေကြီးပေါ်မှာ ပြန့်ကျဲနေခဲ့ပါတယ်..။အစေခံပေါင်းများစွာကတော့ အသတ်ခံလိုက်ရပါပြီ..။အနည်းငယ်လောက် သာ လွတ်မြောက်ကျန်ခဲ့ပြီး..အခုတော့ ထွက်ပြေးနေခဲ့ကြတယ်..။

'အရူးတွေ..သူတို့က ကိုယ့်ဟာကို သတ်သေနေကြတာပဲ.."

သံကြိုးကတော့ အခုဆိုရင် အပိုင်းနှစ်ပိုင်း အဖြစ် ပြတ်တောက်နေခဲ့ပါပြီ..။တကယ်လို့ သံခြေကျင်းတွေရဲ့ ..တည်ဆောက်မူသာ အဆင့်အတန်း နိမ့်မယ်ဆိုရင် သူ လွတ်မြောက်အောင် ကြိုးစားကြည့်လို့ရပါသေးတယ်..။သို့ပေမယ့် တစ်စုံချင်းစီက..သေချာကို ချိတ်ဆက်ထားတာကြောင့်..သော့နဲ့ မဖွင့်မချင်း..ဘယ်သူမှ ဘယ်မှ သွားလို့ရမှာမဟုတ်ပေ..။

နတ်ဘီလူး..တောင်ဘုရင်ကတော့..မီးပုံကြီးရဲ့ တစ်ဖက်မှာ ရှိနေခဲ့တယ်..။ဒီသားရဲ ကြီးရဲ့ လှုပ်ရှားမူ တွေ မသေသေးတဲ့ အစေခံတွေရဲ့ အော်သံတွေကြောင့်..ဆန်နီ ..တစ်ဖက်က အခြေအနေတွေကို ခံစားမိပါတယ်.. ။ဒေါသတစ်ကြီးအော်သံတွေနဲ့ အတူပဲ စစ်သည် တစ်ချို့ကတော့..သတ္တဝါကြီးနဲ့ တိုက်ခိုက်နေကြတဲ့ပုံပါပဲ..။

သူ့ရဲ့ အာရုံကို ဖမ်းစားသွားတဲ့ အရာကတော့..သေဆုံးပြီးသားဖြစ်တဲ့ အလောင်းကောင်းတွေရဲ့ ခန္တာကိုယ်က လှုပ်လာခဲ့တာပါ..။

"နောက်ထပ် အသွင်ပြောင်းသားရဲ တွေလား.."

သူ့မျက်လုံး ပြူးသွားခဲ့တယ်..။

တစ်ကောင်ပြီး တစ်ကောင်ပဲ..နောက်ထပ်အလောင်းကောင်တွေရဲ့ ခြေထောက်တွေဟာ ကြွလာခဲ့ပါပြီ..။တစ်ကောင်ချင်းစီက ..ဆန်နီ သတ်လိုက်တဲ့ပထမတစ်ကောင် အတိုင်းဖြစ်ပြီး လုံးဝကို မပြောင်းလဲပေ..။အနီးဆုံးအကောင်ကတော့..ဆန်နီ နဲ့ မီတာ အနည်းငယ် အကွာမှာသာ ရှိနေခဲ့ပါတယ်..။

"ချီးပဲ.."

ယင်းနောက် သူ အားနည်းစွာ ရေရွတ်လိုက်တယ်..။

"ငါ နိုးထချင်နေပြီ.."

ထူးဆန်းတဲ့ အသံတွေနဲ့ အတူပဲ သားရဲတစ်ကောင်ရဲ့ ခေါင်းဟာ သူတို့သုံးယောက် ဘက်ကို လှည့်လာခဲ့ပါတယ်..။ခိုးကြောင်ခိုးဝှက်ပုံ အစေခံကတော့ ဖင်တုန်အောင် ကြောက်ကာ ဆုတောင်းနေပြီး..ပညာရှင် အစေခံကတော့ အေးခဲနေခဲ့တယ်..။

ဆန်နီ ရဲ့မျက်လုံးတွေက မြေကြီးပေါ်မှာ လှည့်ပတ်ကြည့်ပြီး အသုံးဝင်လောက်မယ့် လက်နက်ကို ရှာနေခဲ့ပါတယ်..။သို့ပေမယ့် သူသုံးလို့ ရနိုင်တဲ့အရာ တစ်ခုမှတောင် ရှိမနေခဲ့ပါဘူး..။ဒါကြောင့် သူ့ဘေးနားမှာ ရှိနေတဲ့ သံကြိုးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တယ်..။

"လာစမ်းပါ..ခွေးသားလေး.."

သားရဲဟာ..လက်သည်းတွေကို ဆန့်ထုတ်ပြီး..လျင်မြန်တဲ့ အရှိန်နဲ့ ပြေးထွက်လာခဲ့တယ်..။ဆန်နီ ထိပ်လန့်သွားတာကြောင့်..တုန့်ပြန်ဖို့ တောင် မေ့နေခဲ့ပါတယ်..။

သို့ပေမယ့် သူ ဘာမှ မလုပ်နိုင်ခင်မှာပဲ..လျင်မြန်တဲ့ အရိပ်တစ်ခုဟာ သူ့ကို ကျော်တက်သွားခဲ့ပြီး..ဓားအလင်းရောင် တစ်ချက်ဟာ လေထဲမှာ ပေါ်ထွက်လာခဲ့တယ်..။

ဒီ ဓားချက် တစ်ချက်တည်းနဲ့တင်ပဲ..သားရဲရဲ့ ခေါင်းဟာ ပြတ်ထွက်သွားပြီး မြေကြီးပေါ် အသက်မဲ့စွာ လဲကျသွားခဲ့ပါတယ်..။

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

"ဒါက ဘာလဲ..."

သူ အံ့ဩစွာပဲ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ပြီး ညာဘက်ကို ကြည့်လိုက်ပါတယ်..။ဘေးမှာတော့..သူ့ကို လမ်းမှာရေတိုက်ခဲ့တဲ့ စစ်သည်လေးဟာ သူရဲကောင်းတစ်ယောက် အမူအရာနဲ့ ရပ်နေခဲ့တယ်..။

သူ့ကြည့်ရတာ အတော်လေးကို တည်ငြိမ်နေခဲ့တာပါ..။သူ့ရဲ့ ချပ်ဝတ်အင်္ကျီပေါ်မှာတော့..အညစ်အကြေး ဒါမှမဟုတ် သွေးစွန်းထားတာမျိုး လုံးဝ မရှိပါဘူး..။

'သူက ကြမ်းလှချည်လား.."

ဆန်နီ တွေးလိုက်တာပါ..။

စစ်သည်လေးဟာ..ရှေ့ကို ထပ်တက်သွားခဲ့ပြီး..နောက်ထက်ကျန်နေတဲ့..အသွင်ပြောင်းသားရဲ သုံးကောင်ဆီကို သွားဖို့လုပ်လိုက်တယ်..။သ်ို့ပေမယ့် ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့ နောက်မှာပဲ သူ ပြန်လှည့်လိုက်ပြီး ဆန်နီကို အတော်ကြာအောင် ကြည့်လိုက်ပါတယ်..။ယင်းနောက် ဆုံးဖြတ်ချက်ချလိုက်သလိုပဲ..စစ်သည်ငယ်လေးဟာ..သူ့ခါးပတ်က တစ်ခုခုကိုယူကာ ဆန်နီ ဆီကို လှမ်းပစ်ပေးလိုက်တယ်..။

'ကိုယ့်ဟာကို ကယ်ပေတော့.."

ပြောပြီးတာနဲ့ သူ မွန်းစတားတွေနဲ့ တိုက်ဖို့ လှည့်ထွက်သွားခဲ့ပါတယ်..။

ဆန်နီ သူ့ဆီလာနေတဲ့ ပစ္စည်းကို ဖမ်းလိုက်ပြီး စစ်သည်ထွက်သွားတာကို ကြည့်နေခဲ့တယ်..။ယင်းနောက် သူ ခေါင်းကိုငုံ့ပြီး..ဘာလဲ ဆိုတာကို စစ်ဆေးကြည့်လိုက်ပါတယ်..။

ဒါက တိုပြီး ကျဥ်းမြောင်းတဲ့ သံပြားလေးဖြစ်ပြီး..အဆုံးဘက်မှာ ဖြောင့်တန်းတဲ့ အချောင်းလေး ရှိနေခဲ့တယ်..။

"သော့ပဲ...ဒါက သော့တစ်ချောင်းပဲ.."

သူ့နှလုံးခုန်သံတွေဟာ မြန်လာခဲ့ပါပြီ..။

"ဒါက သံကြိုးတွေ ခြေကျင်းတွေကို ဖြုတ်ဖို့ သော့ပဲ.."

လူငယ် စစ်သည်လေးနဲ့ အသွင်ပြောင်း သားရဲတွေ တိုက်ခိုက်နေတဲ့ နေရာကို တစ်ချက်ကြည့်လိုက်ပြီး ဆန်နီ ဒူးထောက်ချကာ..သံကြိုးတွေကို ဖြုတ်ဖို့ သော့ပေါက်ကို လိုက်ရှာလိုက်တယ်..။ဒီ မရင်းနှီးတဲ့ သော့ကို နားလည်ဖို့ အချိန်တစ်ချို့ကြာပေမယ့် နောက်ဆုံးမှာတော့ အသံတစ်ခုနဲ့ အတူပဲ သော့ ဟာ ပွင့်သွားခဲ့ပါပြီ..။

အေးစက်တဲ့လေထုက သူ့ရဲ့ လက်ရဲ့ လက်ကောက်ဝတ်ကို တိုက်ခတ်လာခဲ့တယ်..။ဆန်နီ မျက်နှာပေါ်မှာတော့ အပြုံးနဲ့ ကျေနပ်မူတွေကို တွေ့မြင်နေရပါတယ်..။

' စောင့်နေလိုက် '

ခနအတွင်းမှာပဲ..ကြမ်းတမ်းတဲ့ ပုံရိပ်တွေနဲ့အတူ လက်စားချေလိုမူတွေဟာ သူ့ခေါင်းထဲမှာ ပြည့်နေခဲ့တယ်..။

"ကောင်လေး..ဒီဘက်လာဦး.."

ခိုးကြောင်ခိုးဝှက်ပုံ အစေခံကတော့ လက်ကို ဝှေ့ယမ်းနေပြီး အာရုံစိုက်မူရအောင် ကြိုးစားနေခဲ့တယ်..။ဆန်နီ ဒီလူတွေကို ဒီတိုင်းထားခဲ့ဖို့ စဥ်းစားလိုက်ပေမယ့် မလုပ်ဖို့သာ ဆုံးဖြတ်လိုက်ပါတယ်..။အခုချိန်မှာ အရေအတွက်က အင်အားပါပဲ..။

ထပ်ပြောရရင် ခိုးကြောင်ခိုးဝှက်ပုံ အစေခံက အကျင့်မကောင်းဘူး ဆိုပေမယ့်လည်း..ဒီလူတွေကို သံကြိုးတွေနဲ့ ထားခဲ့လိုက်ရင် ဆန်နီအနေနဲ့ အပြစ်မကင်းသလို ခံစားရမှာပါ..။အထူးသဖြင့် ဒီလူတွေကို ကယ်တင်ပေးရတာကလည်း.. သူ့အတွက် ဘာမှ အားစိုက်ထုတ်ရတာ မဟုတ်ပါဘူး..။

သူ အစေခံနှစ်ယောက်ဆီကို အမြန်သွားလိုက်ပြီး..​သံကြိုးတွေကို ဖြုတ်ပေးလိုက်တယ်..။ခိုးကြောင်ခိုးဝှက်ပုံ အစေခံဟာ သံကြိုးကနေ လွတ်သွားတာနဲ့..ဆန်နီကို တွန်းထုတ်လိုက်ပြီး အားပါးတရ ရယ်မောနေပါတော့တယ်..။

"ဟားဟား..နောက်ဆုံးတော့ လွတ်သွားပြီ ..နတ်ဘုရားတွေက ငါတို့ကို ကောင်းချီးပေးနေတာပဲဖြစ်ရမယ်.."

ပညာရှင်ကတော့ ပိုပြီး ကျေနပ်နေခဲ့တာပါ..။သူ ဆန်နီရဲ့ ပုခုံးကိုကိုင်ကာ..ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ အားနည်းစွာ ပြုံးပြလိုက်တယ်..။ယင်းနောက် တိုက်ခိုက်နေတဲ့ နေရာတွေကို ကြည့်လိုက်ပါတယ်..။

အသွင်ပြောင်းသားရဲ သုံးကောင်မှာ နှစ်ကောင်က သေဆုံးသွားခဲ့ပါပြီ..။တစ်ကောင်က လက်တစ်ဖက် ပြတ်နေပြီ ဆိုပေမယ့်လည်း ပြိုင်ဘက်ကို အသည်းအသန် တိုက်ခိုက်နေတုန်းပါပဲ..။လူငယ်စစ်သည်လေးကတော့..သဘာဝက မွေးဖွားပေးလိုက်တဲ့ စစ်သည်တော်တစ်ယောက်လို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်နေခဲ့ပါတယ်. ။

"မင်းဘာကို စောင့်နေတာလဲ..ပြေးတော့လေ.."

ခိုးကြောင်ခိုးဝှက်ပုံ အစေခံဟာ..ထွက်ပြေးဖို့ လုပ်လိုက်ပေမယ့် ပညာရှင်က တားလိုက်တယ်..။

"မိတ်ဆွေ..ငါပြောချင်....."

"မင်း နောက်ထပ် အကြံပေးစကားပဲ ထပ်ပြောမယ်ဆိုရင်..မင်းခေါင်းကို ရိုက်ခွဲမယ်လို့ ကျိန်ဆိုတယ်.."

အစေခံနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့တယ်..။ခနကြာတော့မှ ပညာရှင်ဟာ အကြည့်ကို ရှောင်ပြီး သက်ပြင်းချလိုက်ပါတယ်..။

"မင်းအခုထွက်ပြေးရင် ကျိန်းသေ သေလိမ့်မယ်.."

"ဘာလို့လဲ.."

ပညာရှင်ဟာ ကြီးမားတဲ့ မီးပုံကြီးကို လက်ညိုးထိုးပြလိုက်ပြီး..

"ဘာလို့လဲ ဆိုတော့ မီးမရှိရင် ငါတို့ မနက်မရောက်ခင်အေးခဲပြီးသေသွားလိမ့်မယ်..။နေမထွက်မချင်း ထွက်ပြေးတာက ကိုယ့်ကိုကိုသတ်သေတာပဲ.."

ဆန်နီ ဟာ ပညာရှင် ပြောတဲ့ စကားတွေ မှန်တယ်ဆိုတာ သိနေတာကြောင့် ဘာတစ်ခုမှ ဝင်မ​ပြောခဲ့ပါဘူး..။အသွင်ပြောင်းသားရဲနဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ သူ ဒါကို နားလည်ခဲ့တာပါ..။တောင်ဘုရင် ဘယ်လောက်ပဲ ကြောက်ဖို့ကောင်းကောင်း..ဒီလို ငရဲတမျှ အေးနေတဲ့ အခြေအနေမှာ မီးပုံကြီးကသာ အသက်ရှင်နိုင်မယ့် အခွင့်အရေးတစ်ခုပါပဲ..။

အခုချိန်မှာ ပုခုံးကျယ်ကျယ် နဲ့ အစေခံတစ်ယောက်သာ ကောင်းမွန်စွာ အနားယူနိုင်ပါတယ်..။

'ဒီတော့ ဘာဖြစ်လည်း..သတ္တဝါကြီး စားတာခံရပြီးသေတာထက် ..အေးခဲပြီး သေရတာက ပိုမကောက်းဘူးလား..။ဒီလိုအကောင်တွေလို ပြောင်းလဲသွားဖို့ဆိုတာက ပြောစရာတောင် မလိုတော့ဘူး..."

ခိုးကြောင်ခိုးဝှက်ပုံ အစေခံဟာ ရဲရင့်သလို ဟန်ဆောင်နေပေမယ့် သူ့ရဲ့ အသံက သူ့ကို သစ္စာဖောက်နေခဲ့တယ်..။သူ ရှေ့ကို ခြေလှမ်းအနည်းငယ် လျောက်လိုက်ပြီး မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်..။

အဲ့အချိန်မှာတော့ တတိယ အသွင်ပြောင်းသားရဲပါ သေဆုံးသွားခဲ့ပါပြီ..။လူငယ်စစ်သည်လေးကိုတော့ မတွေ့ကြရတော့ပေ..။သူက မီးပုံရဲ့ တစ်ဖက်မှာရှိတဲ့တိုက်ပွဲကို သွားပြီး တိုက်ခိုက်နေတာဖြစ်နိုင်ပါတယ်..။

ပညာရှင်ဟာ လည်ချောင်းကို ရှင်းလိုက်တယ်..။

"သတ္တဝါကြီးက အခုသတ်ထားပြီးတာနဲ့တင် စိတ်ကျေနပ်နေလောက်ပြီ..။အင်ပါရီယာ တွေသာ သူ့ကို အနိုင်ရတာပဲဖြစ်ဖြစ် မောင်းထုတ်နိုင်တာဖြစ်ဖြစ်ဆိုရင် ငါတို့ဒီမှာနေတာက သေးငယ်ပေမယ့် ရှင်သန်ဖို့အခွင့်အရေးရှိတယ်..။ဒါပေမဲ့ ငါတို့သာ ထွက်ပြေးမယ် ဆိုရင် သေမှာက ကျိန်းသေပဲ.."

"ဒါဆို ငါတို့ ဘာလုပ်ကြရမလဲ.."

ပညာရှင်နဲ့ မတူစွာပဲ ဆန်နီကတော့ ဒီတောင်ဘုရင်က အစေခံတွေအများကြီး သတ်ပြီးတာတောင် မကျေနပ်နိုင်သေးဘူးဆိုတာကို ကျိန်းသေသိပါတယ်..။သူပိုပြီး မယုံကြည်တာက..ဒီငနဲတွေ တောင်ဘုရင်ကို အနိုင်တိုက်နိုင်တယ် ဆိုတာပါပဲ. ။

သူတို့က သာမန်လူတွေမဟုတ်တဲ့ နိုးထသူတွေ ဆိုရင်တောင် နတ်ဘီလူးနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ နိုင်ဖို့မပြောနဲ့..အသက်ရှင်ဖို့တောင် မနည်းကြိုးစားရပါလိမ့်မယ်..။

သို့ပေမယ့် သူ အသက်ရှင်ချင်တယ်ဆိုရင် ဒါကြီးကို ဖယ်ရှားပစ်ဖို့ လိုပါတယ်..။

"တစ်ချက်သွားကြည့်ကြတာပေါ့.."

ခိုးကြောင်ခိုးဝှက်ပုံ အစေခံဟာ..သူ့ကို ငမိုက်သား တစ်ယောက်လို ကြည့်လိုက်တယ်..။

"မင်းရူးနေတာလား..။မင်းက သတ္တဝါကြီး အနားကို သွားချင်နေတာလား.."

ဆန်နီ သူ့ကိုကြည့်ကာ ပုခုံးတွန့်လိုက်ပြီး..တိုက်ခိုက်နေတဲ့ တိုက်ပွဲနေရာကို ဦးတည်ထွက်သွားလိုက်ပါတယ်..။

All Chapters