ငါပြောလိုက်တဲ့အရာက ငါပြောချင်နေတဲ့ အရာပဲ
Vol. 3 Ch. 34
"ငါတို့တော့ ကြောင်ပျောက်ပြီပဲ ၊ မနေ့ကသာ မင်းဒေါ်လာ တစ်သန်းကို လက်ခံလိုက်ရင်ငါတို့ရေရှည်စီမံချက်အတွက် သိပ်ပြီးစိတ်ပူဖို့မလိုဘူး"
ဆိုင်လေးထဲမှာ သူတို့ကလွဲပြီးဝိဥာဥ်တစ်ကောင်တောင်မရှိပါဘူး။လူလိမ်ထျန် ဟာစိတ်ပျက်စွာညဥ်းညူနေခဲ့ပါသည်။
"ဆုံးရှုံးသွားတဲ့လူက ကျုပ်လေ၊ ခင်ဗျားက လစာရနေသေးတာပဲ မဟုတ်လား။ကျုပ်စိတ်ဆင်းရဲ ဖို့လား ချန်ထားပါဦးလားဗျာ"
လင်းဖန်ဟာလည်း အပြင်ဘက်မှာဖြတ်လျောက်နေကြတဲ့ လူများကို မြင်နေရပါတယ်။သူတို့ကိုဘယ်လိုဆွဲဆောင်ရမလဲ မသိတော့ပါဘူး။
"လူလိမ် ထျန် ၊ အားတုန်း ခင်ဗျားကို ဗေဒင်ပညာနည်းနည်း သင်ပေးမယ်"
လင်းဖန်ဟာ အားနေတုန်းအကြံဥာဏ်ပေးလိုက်သည်။
"ဒါအကောင်းဆုံးပဲ ငါတို့တစ်ယောက်ကို တစ်ယောက် ပညာဖလှယ်လို့ရတာပေါ့"
လူလိမ်ထျန်ဟာလည်း စိတ်ထဲမှာ ပျင်းနေခဲ့တာပါ။အနည်းဆုံးတော့ ဒီလိုပညာချင်းဆွေးနွေးတာဟာ အပျင်းပြေစေမှာပါ။
လင်းဖန်ဟာ အရင်ဆုံးကိုယ်နေဟန်ကို ပြင်လိုက်သည်။သူမှာက စွယ်စုံအမှတိတွေ အများကြီးမရှိပါဘူး။
အစကတည်းက စွယ်စုံအမှတ်တွေဟာ ရှာဖို့ခက်ခဲခဲ့တာပါ။အထူးသဖြငိ့ ဒီဗေဒင်ပညာမှာပါ။
လူလိမ် ထျန်ဟာ လင်းဖန်ရဲ့ ဗေဒင်ပညာကိုအပြည့်အဝကြီးတော့ မယုံကြည်ပါဘူး။ဒါကြောင့်လင်းဖန်ဘာပြော မလဲဆိုတာကိုနားထောင်နေလိုက်သည်။
အချိန်တွေ တဖြည်းဖြည်းချင်းကုန်ဆုံးလာတဲ့နောက်မှာ လူလိမ်ထျန်ရဲ့ အမူအရာဟာလည်းတဖြည်းဖြည်း လေးနက်လာခဲ့ပါတယ်။
သူအစကတော့ ပေါ့ပေါ့ပါးပါးပဲ သဘောထားခဲ့တာပါ။သို့ပေမဲ့ လင်းဖန်ရဲ့စကားလုံးတွေကို ကြားပြီးတဲ့ နောက်မှာပိုမိုလေးနက်လာခဲ့ပြီး အာရုံစိုက် နားထောင်နေခဲ့ပ့တယ်။
ဒင် - ဗေဒင်ပညာကို အောင်မြင်စွာ ရှင်းပြနိုင်ခဲ့သည်။ထျန်ဟောင်မင် ဟာသေချာနားလည်ခဲ့ပြီး စွယ်စုံမှတ် ၁မှတ်ရရှိလိုက်သည်။
စုစုပေါင်းစွယ်အမှတ် - ၁၃ မှတ်
"ကောင်းလိုက်တဲ့ စကားလုံးတွေ"
လူလိမ်ထျန် ခြေထောက်ချင်းချိတ်ကာထိုင်နေပြီးတော့ပြောလိုက်ပါတယ်။လင်းဖန်ဟာ သူ့ကိုအလင်းပွင့်စေခဲ့ပါသည်။
လင်းဖန်လည်း စွယ်စုံကျမ်းရဲ့ အချက်ပေးမူကိုရလိုက်တဲ့ အချိန်မှာ သဘောကျပြီး ပြုံးနေခဲ့ပါတယ်။
"အာ? ဒီနားမှာ ဗေဒင်ဟောတဲ့ ဆိုင်ခန်းရှိတာလား"
သက်လတ်ပိုင်း မိန်းမကြီးတစ်ယောက်ဟာ လမ်းလျောက်လာခဲ့ပြီး သူ့မရဲ့နောက်မှာ လူနှစ်ယောက်ပါလာခဲ့ပါတယ်။
သူမတို့ဟာ လင်းဖန်ကို သတိမပြုမိပဲ ဗေဒင်ဆရာဟာ အသက်ကြီးမယ်လို့ထင်ထားခဲ့သည်။အထူးသဖြင့် အနာဂတ်ဟောပြောတဲ့ အလုပ်မှာအသက်ကြီးလေ အောင်မြင်ဖို့ ရာခိုင်နှုန်းများလေပါပဲ။
"မစ္စ ဒီကို ဗေဒင်ဟောဖို့ ရောက်လာတာလား"
လူလိမ်ထျန်ဟာ နွေးထွေးပြီး ၊ ယဥ်ကျေးစွာနဲ့ ကြိုဆိုလိုကိပါတယ်။
သူတို့ဆိုင်စဖွင့်ကတည်းက များပြားလှတဲ့ လူတွေဟာ ဆိုင်ရှေ့မှာ ဖြတ်လျောက်နေကြပါတယ်။ဒါပေမဲ့ တစ်ယောက်မှ ဆိုင်ထဲကို ဝင်မလာပါဘူး။
ဒီတစ်ခါက ပထမဆုံးပါပဲ။
"သေချာတာပေါ့ ၊ မဟုတ်ရင် ငါဒီကို ဘယ်လာခဲ့ပါ့မလဲ"
သက်လတ်ပိုင်း မိန်းမကြီးဟာပြန်ဖြေလိုက်ပြီး ဗေဒင်ဆရာ ဘယ်မှာလည်းဆိုတာ အနည်းငယ်လိုက်ရှာကြည့်လိုက်ပါတယ်။
"ရှင်က ဗေဒင်ဆရာလား"
မိန်းမကြီးဟာ လူလိမ်ထျန်ကို မေးလိုကိသည်။
"ကျွန်တော်မဟုတ်ပါဘူး ဒီမှာပါ။သူက ဒီဆိုင်ပိုင်ရှင် မာစတာ လင်းပါပဲ"
"အိုး"
သက်လတ်ပိုင်း မိန်းမကြီးဟာ လင်းဖန်ကို သံသယဖြစ်စွာကြညိ့လိုက် မိပါတယ်။ဘာပဲဖြစ်ဖြစ် လင်းဖန်ဟာ ငယ်ရွယ်နေပြီးတော့ သံသယဖြစ်စရာပါ။
ယင်းနောက် သူမဟာ ပြောလိုက်သည်။
"စိတ်မရှိပါနဲ့ ၊ ကျွန်မ ဗေဒင်မတွက်တော့ဘူး"
သက်လတ်ပိုင်း မိန်းမကြီးဟာ လင်းဖန်ရဲ့ ပုံစံကိုကြည့်ပြီး ကျွမ်းကျင်တဲ့ ဗေဒင်ဆရာ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချလိုက်ပါတယ်။
လူလိမ် ထျန်ဟာ မိန်းမကြီး ပြန်ဖို့လုပ်နေတာမြင့်တဲ့ချိန်မှာ စိတ်လှုပ်ရှားသွားခဲ့သည်။
သူတို့ဆီမှာက ကာစတန်မာ အတော်ရှားပါးပါတယ်။ဒီလို ဆိုင်ရှေ့ရောကိနေတဲ့ တစ်ယောက်ကို လွယ်လွယ်ကူကူ ပြန်လွတိပေးလို့ မဖြစ်ပါဘူး။
"အစ်မကြီး သိပ်ပြီးလဲ မလောပါနဲ့ဦး"
လူလိမ် ထျန်ဟာအလျင်အမြန်ပဲပြောလိုကိပါတယ်။
သက်လတ်ပိုင်း မိန်းမကြီးကတော့ သိပ်စိတ်မဝင်စားတော့ပေ။
ဒီလို အသက်ငယ်ငယ်ကောင်လေး ကဘယ်လောက်များ ကျွမ်းကျင်နိုင်မှာ မလို့လဲ?
"အစ်မကြီး ၊ ဒီကို ခင်ဗျားရဲ့ သားလက်ထပ်ပွဲ အတွက် လာပြီးမေးတာမလား"
လင်းဖန်ဟာ လဘက်ရည်ကို တည်ငြိမ်စွာသောက်နေခဲ့ပြီး ထွက်သွားလုဆဲဆဲ သက်လတ်ပိုင်း မိန်းမကြီး ကိုလှမ်းပြောလိုကိပါသည်။
"အာ?"
သက်လတ်ပိုင်း မိန်းမကြီးဟာ သူမရဲ့ လှမ်းတော့မယ့် ခြေထောကိတွေတောင် ရပ်တန့်သွားခဲ့ပါတယ်။
"မင်းဘယ်လိုသိတာလဲ"
သူမဟာမေးလိုက်သည်။
"ဆိုင်ရှေ့နားက ဆိုင်းဘုတ်ကို တစ်ချက်ဖတ်ကြည့်လိုက်ပါဦး"
လင်းဖန်ဟာ တည်ငြိမ်စွာပြန်ပြောလိုကိသည်။
လင်းဖန်အတွက်တော့ မိန်းမကြီးရဲ့ အချက်အလက်တွေကို အကုန်မြင်နေခဲ့ပါပြီ၊ သူပြောနိုင်တယ် ဆိုတာက ပုံမှန်ပါပဲ။
"မာစတာ လင်း"
မိန်းမကြီးဟာ ဆိုင်းဘုတ်ကို ဖတ်ရင်း သူမဟာ သူမရေရွတ်လိုက်ပါသည်။
"ပုံမှန်ဆိုရင်တော့ ကျုပ်က ပြန်တော့မယ့်လူတွေကို မဟောပေးဘူး၊ ဒါကြောင့် ခင်ဗျား ဗေဒင်ဟောချင်ရင် ကျုပ်ရှေ့မှာ လာပြီး ထိုင်ဖို့လိုလိမ့်မယ်"
လင်းဖန်ဟာ သူ၏ ရှေ့ကို လက်ပြကာ ပြောလိုက်သည်။
မိန်းမကြီးဟာ လင်းဖန်ရဲ့ စကားတွေကိုကြားပြီး အနည်းငယ် ယုံကြည်လာခဲ့ပါပြီ။
မိန်းမကြီးဟာ တစ်နှစ်လျင် အနည်းဆုံး ဆယ်ကြိမ်လောက် ဗေဒင်မေးသည့် သူတစ်ယောက်ဖြစ်သည်။
ဒီတစ်ခေါက်က သူမရဲ့ သားမဂ်လာပွဲ အတွက်ဗေဒင်မေးတာ ဖြစ်ပြီး အနည်းဆုံး ဗေဒင်ဆရာ ဆယိယောက်လောက်နဲ့ မေးပြီးထားပါပြီ။
သို့ပေမဲ့ သူတို့ အကုန်လုံးဟာ အရာရာအဆင်ပြေမှာ ဖြစ်ပြီး နတ်ဖက်တဲ့ စုံတွဲ လို့တောင်သတ်မှတ်ပြီး ဟောကြားခဲ့ကြသည်။
မိန်းမကြီးဟာလည်း ပျော်ရွင်သွာခဲ့ပြီး မဂ်လာပွဲအတွက်စတင် ပြင်ဆင်ပါတော့တယ်။
သူမ ဒီနေ့ တိမ်ဖြူလမ်းကို ဖြတ်လာတဲ့ အချိန်မှာ ဗေဒင်ဆိုင်ခန်း တစ်ခုကို တွေလိုက်ပြီး ဗေဒင်ထပ်မေးဖို့ လာခဲ့တာပါ။
သို့ပေမယ့် ဗေဒင်ဆရာဟာ ငယ်ရွယ်နေတာ တွေ့လိုက်ပြီး သံသယ ဖြစ်ခဲ့ခြင်းဖြစ်သည်။
"ဒီတော့ မာစတာလင်း.."
သက်လက်ပိုင်း မိန်းမကြီး စကားစပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ လင်းဖန်ရဲ့ ဖြတ်ပြောခြင်းကိုခံလိုက်ရသည်။
"ခင်ဗျားရဲ့သားမဂ်လာပွဲ အတွက်အနည်းဆုံးဗေဒင်ဆရာ ဆယ်ယောက်လောက်နဲ့ ဟောခဲ့ပြီးပြီမလား"
လင်းဖန် မေးလိုက်သည်။
"အာ ဆရာက ဒီလိုအရာတွေ အထိပါ ဟောနိုင်တာလား"
မိန်းမကြီးဟာ ကြောင်အသွားခဲ့ပါတယ်။
"ဒါက ပုံမှန်ပါပဲ"
လင်းဖန်ဟာ မိန်းမကြီး သူ့ကို အထင်ကြီးအောင် လုပ်လိုက်ပြီးသည့်နောက်တွင် တည်ငြိမ်စွာ ထပ်ပြောလိုကိပါသည်။
"သူတို့တွေအကုန်လုံးက အရာရာအဆင်ပြေပြီး နတ်ဖက်တဲ့ စုံတွဲလို့တောင် ဟောကောင်းဟောနိုင်တယ်။ဒါပေမဲ့ ကျုပ်ကတော့ သူတို့နဲ့ မတူဘူး"
"မိန်းကလေးတွေဟာ မှားယွင်းပြီး ယောက်ျားရွေးချယ်မိမှာ ကြောက်ပြီး၊ ယောက်ျားတွေဟာအလုပ်မှားရွေးမိမှာ ကြောက်တယ်လို့ပြောကြတယ်။တကယ်တော့ ယောက်ျားတွေဟာလည်းမှားယွင်းပြီး မိန်းမရွေးမိမှာ ကြောက်တာပဲ"
မိန်းမကြီးရဲ့ မျက်နှာ အမူအရာဟာ လေးနက်လာခဲ့ပါတယ်။သူမဟာ လငိးဖန်ရဲ့ စကားတွေဟာ ထူးဆန်းသည်ဟုထင်မိသည်။
"မာစတာ လင်း ပိုပြီး တိကျတဲ့ အချက်အလက်လေးတွေ ဟောပေးလို့ရမလား"
မိန်းမကြီးဟာ သိပ်နားမလည်သေးပဲ လင်းဖန်ကို ထပ်မေးလိုကိပါတယ်။
"ကျုပ်က အရာရာတိုင်းကို တိတိကျကျပြောလို့တော့မရဘူး၊ ခင်ဗျား အခုအိမ်ကို ပြန်သွားလိုက် ပြန်ရောက်ရင် ကျုပ်ပြောချင်တဲ့ ဆိုလိုရင်းကို နားလည်သွားလိမ့်မယ်"
လင်းဖန်ဟာ အနည်းငယ်ပြုံးကာ ပြန်ဖြေလိုကိသည်။
မိန်းမကြီးဟာ ခေါင်းငြိမ့်လိုက်ပါတယ်။လင်းဖန်ဟောသွားတာဟာ စကားလုံးအနည်းငယ်ပါပဲ။လင်းဖန် ရဲ့ စကားလုံးတွေဟာ သူမကို သိပ်
မပျော်ရွှင်စေပေမဲ့လည်း ၊အမှနိသာဆိုရင် သူမကြိုပြီး ပြင်ဆင်ထားလို့ ရမှာပါ။
မိန်းမကြီးဟာ သူမရဲ့ ပိုက်ဆံအိတ်ထဲမှ ဒေါ်လာ တစ်ရာကို ထုတ်လိုက်ပါတယ်။ဒီပမာဏ က ရှန်ဟိုင်းလို နေရာမျိုးမှာ ထိပ်တန်း စျေးနှုန်းပါ။
မိန်းမကြီး ပြန်ဖို့ လုပ်တဲ့ အချိန်မှာပဲ လင်းဖန်ဟာ ထပ်ပြောလိုကိပါတယ်။
"မစ္စ ဟွန်ဟန်ရော် ၊ ခင်ဗျား က ကျုပိတို့ရဲ့ ပထမဆုံး ကာစတန်မာ ဖြစ်တာကြောင့် ခင်ဗျားကို ကျုပ် အဆောင်လက်ဖွဲ့ ပေးလိုက်မယ်"
"ရှေ့လာမယ့်ရက်အနည်းငယ် အတွင်းမှာ လုပ်စရာ အလုပ်တွေ ၊စီစဥ်ထားတာတွေရှိရင် ဖျက်သိမ်းဖို့ အကြံဥာဏ်ပေးချင်တယ် ၊ မဟုတ်ရင် ပြသနာ တွေနဲ့ကြုံတွေ့ရနိုင်တယ်"
လင်းဖန်ဟာ ဒီစကားတွေကို ပြောလိုက်ပြီး ပြန်ဖို့အချက်ပြလိုက်ပါတယ်။
"အာ? ရှင် ကျွန်မ နာမည်ကို ဘယ်လိုလုပ်ပြီးသိတာလဲ၊ ပြီးတော့ လက်ဖွဲ့ ကရောဘာအတွက်လဲ"
ဟွန်ဟန်ရော် ဟာ လင်းဖန်ကို အံ့သြစွာကြည့်ပြီး မေးလိုက်ပါတယိ။သူမဗေဒင် မေးနေတုန်း သူမရဲ့ နာမည်ကို ထုတ်မပြောခဲ့ပါဘူး။
"ဒါတွေကို ကျုပ်ထုတ်ပြောလို့မရဘူး၊ အရာရာတိုင်းက ကံတရားအတိုင်းပေါ့"
ဟွန်ဟန်ရော် ဟာ ဆိုင်ကထွက်လာပြီးတာတောင် သူမရဲ့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေခဲ့ပါတယ်။
အကုန်ထွက်သွားပြီးသည့်နောက်တွင် လင်းဖန်ဟာ စားပွဲပေါ်က ေဒါ်လာတစ်ရာကို ယူလိုကိပြီး လူလိမ်ထျန်ကို သိမ်းထားရန်ပေးလိုက်ပါသည်။
"ချီးပဲ ၊ မင်းတကယ်ပဲ သူမကို ဗေဒင်တွက်ပေးလိုက်တာလား? သူမက ဗေဒင်ဆရာတွေ အများကြီးနဲ့ ဟောခဲ့တာတောင် မင်းရဲ့ စွမ်းရည်တွေကို အံ့သြနေသေးတယ်"
လူလိမ်ထျန်ဟာ အံ့သြစွာပြောလိုကိသည်။
"အင်ဟင်"
လင်းဖန်ဟာ ခေါင်းသာငြိမ့်ပြလိုက်ပါတယ်။
ယင်းနောက် လင်းဖန်ဟာ ကုလားထိုင်ပေါ် ပြန်ပြောင်းထိုင်လိုကိပြီး ဆိုင်ရှေ့က ဖြတ်သွားဖြတ်လာ လူတွေကို ကြည်နေခဲ့ပါတယ်။
သူ့ရဲ့ ဗေဒင်ပညာက အလိမ်အညာ မယုတ်ပါဘူး။အရာရာတိုင်းက ကံကြမ္မာ အပေါ်မှာပဲ မူတည်နေခဲ့တာပါ။
.......
အဆောက်အဦးတစ်ခုထဲတွင်။
ချန်ရှင်းယီ နဲ့ လျိုဒန် တို့နှစ်ယောက်လုံး ကြောက်ရွံ့နေကြပါတယ်။သူမတို့ရဲ့ ကုမ္ပဏီဟာသူမတို့ ဒီဇာတ်လမ်း မှာ အခွင့်အရေးရဖို့ကို အစွမ်းကုန်ကြိုးစား ထားရတာပါ။
ထပ်ထပ်ကြဲ တွေနဲ့ ယှဥ်ပြိုင်ရတဲ့ အချိန်မှာအဆငိ့အတန်းရှိတဲ့ လူတွေပဲ ပါဝင်ခွင့်ရကြပါတယ်။
"နင်တို့နှစ်ယောက် လုံးအစွမ်းကုန်ကြိုးစားကြရမယ်နော် ၊ ဒီလိုနေရာ နှစ်နေရာ ရဖို့တောင် ငါတို့ကုမ္ပဏီက အတော်ရင်းနှီးထားရတာ"
ဆံပင်အတိုနဲ့ မိန်းကလေးဟာ ပြောလိုက်ပါတယ်။
"အစ်မ လျို ၊ ငါတို့ ကြိုးစားပြီး လုပ်ပါ့မယ်"
ချန်ရှင်းယီနဲ့ လျိုဒန်နှစိယောက်လုံး ခေါင်းညိမ့်ပြီး ပြန်ဖြေလိုကိပါတယ်။
ဘေးနားဝန်းကျင်က မိန်းကလေးများဟာလည်း အင်တာဗျူးဖြေဖို့အတွက် အတော်ကို ဖိအားတွေ များနေကြပါတယ်။
ဘေးပတ်ဝန်းကျင်က မိန်းကလေးများဟာ ထူထဲသည့် မိတ်ကပ်များနှင့် အလွန်ပဲ လှပနေကြပါတယ်။
ချန်ရှင်းယီနဲ့ လျိုဒန်တို့ဟာ မိတ်ကပ်အနည်းငယ်သာ လိမ်းလာခဲ့ကြတာဖြစ်ပြီး အနည်းငယ်တောင် သိမ်ငယ်သလို ခံစားလိုက်ရပါတယ်။
"ကံတရား အတိုင်းပေါ့ မနက်ဖြန်ကျရင် မင်းရဲ့ ကံကောင်းတဲ့နေ့ဖြစ်လာမှာပါ"
လျိုဒန်ဟာ ခေါင်းကို ငုံ့ထားခဲ့ပြီး၊ စိတ်လှုပ်ရှားမူကြောင့် အသက်ကို ဖြည်းငြင်းစွာရူနေခဲ့ရပါတယ်။
"လျိုဒန် နင်ပြောတော့ ဗေဒင်မယုံကြည်ဘူးဆို"
ချန်ရှင်းယီဟာ ခေါင်းကိုလှည့်လိုက်ပြီး၊ လျိုဒန်ကို ကြည့်လိုက်သည်။
"ငါတို့မှာ မျှော်လင့်ချက်မရှိဘူးဆိုရင်တောင် ၊ ယုံကြည်စရာ တစ်ခုခုတော့ရှိသင့်တယ်လေ"
"လာတော့ လာတော့ ငါတို့လုပ်နိုင်ပါတယ်"
ချန်ရှင်းယီဟာ အလျင်အမြန်ပြောလိုက်ပါတယ်။
"အင်း"
အစ်မ လျိုဟာ သူမတို့ကို ကြည့်နေခဲ့ပါတယ်။သူမ သူတို့နှစ်ယောက်ကို သိပ်ပြီးတော့ မမျော်လင့်ထားပါဘူး။
အခုတစ်ခါက ထိပ်ထိပ်ကြဲတွေလာကြတာဖြစ်ပြီးတော့ သူမတို့ အနေအထားနဲ့ ကြိုးစားကြည့်ဖို့သာ တတ်နိုင်ပါတယိ။
ဒီတစိခေါက် ရိုက်ကူးမယ့် ဇာတ်လမ်းက နာမည်ကြီးစာရေးဆရာမ ထာအို ရဲ့ "ပြောင်းလဲမူ" ဆိုတဲ့စာအုပ်ကို အခြေခံထားတာပါ။
သူတို့သာ ဒီဇာတ်လမ်းမှာ ပါဝင်ခွင့်ရမယ် ဆိုရင် စူပါစတား တွေဖြစ်လာဖို့ဆိုတာဟာ အိပ်မက်တစ်ခု မဟုတ်တော့ပါဘူး။
ဒီတစ်ခေါက်မှာက ဇာတ်ရုပ်တစ်ခုဆီတိုင်း အတွက် အောင်မြင်ပြီးသားသူတွေပါ လာပြီးယှဥ်ပြိုင်ကြတာပါ။တစ်ချို့ဆိုရင် ဆရာမ ထာအို ရဲ့အသိအမှတိပြုမူကိုတောင် ခံထားရပြီးပါပြီ။
"ဟူးးးးးး"