နတ်ဘီလူးနှင့် ရင်ဆိုင်ခြင်း..
Vol. 1 Ch. 6
ဆန်နီဟာ အိပ်မက်ဆိုး သတ္တဝါကြီးနဲ့ ရင်ဆိုင်ဖို့ ထွက်သွားလိုက်တယ်..။အသက်ရှင်ဖို့ ရာခိုင်နှုန်းက အရမ်းနည်းတာကြောင့်..တိုက်ခိုက်ဖို့ အကြံပေးတဲ့ လူတိုင်း လှောင်ရယ် ခံကြရမှာပါ..။တကယ်လို့ သူတို့သာ နိုးထသူ အဆင့် ၂ ၊ အဆင့် ၃ ဆိုရင်တော့ အခွင့်အရေး ရှိလောက်ပါတယ်..။
သေချာတာကတော့ ဆန်နီက နိုးထသူ မဟုတ်ပေ..။
ဒါတောင်မှ သူက တောင်ဘုရင်နဲ့တိုက်ခိုက်ဖို့ကို ရွေးချယ်ခဲ့ပါသေးတယ်..။အသက်ရှင်ဖို့ ရာခိုင်နှုန်းဆိုတာက..အိပ်မက်ဆိုးကို သံခြေကျင်းတွေနဲ့ စတင်ရကတည်းက သူ့အတွက်နည်းနေခဲ့တာပါ..။အခုတော့ သူ့မှာ ဒီအကြောင်းကို တွေးဖို့ ခွန်အားတောင် မရှိတော့ပေ..။ဒါပေမဲ့ ဘာကိုများ ကြောက်ရွံ့နေရဦးမှာလဲ..။
သူ့အခြေအနေက သန်းခေါင်ထက်တော့ ပိုပြီး ညဥ့်မနက် နိုင်တော့ပါဘူး..။
မီးပုံကြီးရဲ့ တစ်ခြားတစ်ဖက်မှာတော့..အခြေအနေက ဆိုးသထက် ဆိုးလာနေခဲ့တယ်..။အစေခံ အများစုကတော့ သေဆုံးသွားခဲ့ကြပါပြီ..။စစ်သည်အချို့က သားရဲကြီးကို အပြင်းအထန် တိုက်ခိုက်နေကြပေမယ့်လည်း သူတို့ ကြာအောင် တောင်မခံနိုင်တော့ဘူးဆိုတာ အသိသာကြီးပါပဲ..။
ဆန်နီရဲ့ မျက်လုံးရှေ့မှာပဲ..နတ်ဘီလူးကြီးဟာ သံကြိုးတန်းလန်းနဲ့ အစေခံအလောင်းတစ်ခုကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်ပါတယ်..။တစ်ချက်ကိုက်လိုက်ယုံနဲ့တင် အစေခံအလောင်းဟာ ထက်ပိုင်းပြတ်သွားခဲ့တယ်..။
တောင်ဘုရင်ရဲ့ မတူညီတဲ့ မျက်လုံး ငါးလုံးကတော့ အဝေးတစ်နေရာကို ကြည့်နေပုံထင်နေရပါတယ်..။သူအလောင်းကောင်ကို ဝါးနေတဲ့ အချိန်တိုင်း ပါးစပ်ထဲကနေ သွေးတွေးက ဆက်တိုက် ထွက်ကြလာနေခဲ့တာပါ..။
နတ်ဘီလူးကြီး ရဲ့ အပေါ်လက်တွေ..အလုပ်ရှုပ်နေတုန်းမှာပဲ..စစ်သည်တွေဟာ..အော်ဟစ်ပြီး လှံနဲ့ ပြေးထိုးလိုက်ကြတယ်..။နတ်ဘီလူးကြီးဟာ ခေါင်းတောင်လှည့်မကြည့်ပဲ..သူ့ရဲ့ နောက်ထပ်လက်တစ်ဖက်နဲ့ စစ်သည်ရဲ့ ခေါင်းကို လှမ်းကိုင်လိုက်ကာ..လက်နဲ့ ချေမွလိုက်ပါတယ်..။သနားစရာ စစ်သည်ရဲ့ ခေါင်းက ကွဲကြေသွားပြီး ဦးနှောက် တွေပါ ထွက်လာခဲ့တယ် .။
ခနကြာတဲ့ အချိန်မှာ ဦးနှောက်မရှိတဲ့ ခန္တာကိုယ်ကြီးကို လက်နဲ့ ရိုက်ထုတ်လိုက်ပြီး..ချောက်ထဲကို ကျသွားစေခဲ့ပါတယ်..။
ခိုးကြောင်ခိုးဝှက် အစေခံကတော့..မြင်ကွင်းတွေကို ကြည့်ပြီး အတတ်နိုင်ဆုံးအားတင်းထားခဲ့ရတယ်..။ယင်းနောက် ..သူ ဆန်နီ အနားကို ကပ်ကာ စိုက်ကြည့်လိုက်ပြီး..
"ကောင်းပြီ..ငါတို့အခု ကြည့်ပြီးပြီ..ဘာထပ်လုပ်မလဲ.."
ဆန်နီကတော့..ပြန်မဖြေခဲ့ပဲ..နတ်ဘီလူးကြီးရဲ့ အခြေအနေကိုသာ ကြည့်နေခဲ့တယ်..။ခိုးကြောင်ခိုးဝှက် အစေခံဟာ သူ့ကို အနည်းငယ်
ထပ်ကြည့်လိုက်ပြီးမှ ပညာရှင် ဘက်ကို လှည့်လိုက်တယ်..။
"ငါ မင်းကို ပြောသားပဲ..။ဒီကောင်လေး ခေါင်းထဲမှာချီးတွေပဲ ရှိတာ..။သူက ဘယ်လိုလုပ် ဒီလောက်အထိ တည်ငြိမ်နိုင်မှာလဲ.."
"ရှုး..အသံကို နိမ့်ထား အရူး.."
ခိုးကြောင်ခိုးဝှက်ပုံ အစေခံဟာ..သူ့ပါးစပ်ကို လက်နှစ်ဖက်နဲ့ အလျင်အမြန် အုပ်လိုက်တယ်..။ယင်းနောက် သူ ကြောက်လန့်နေတဲ့ အမူအရာနဲ့ နတ်ဘီလူးကြီး ဘက်ကို ကြည့်လိုက်ပါတယ်..။
ကံကောင်းစွာပဲ ..ဒီ မိစ္ဆာကြီးက အစေခံတွေကို စားသုံးရင်းနဲ့ အလုပ်ရှုပ်နေခဲ့တာပါ..။ကံကောင်းတဲ့ လူတွေက သေဆုံးသွားပြီဖြစ်ပေမယ့်..ကံဆိုးတဲ့ လူတွေကတော့ အသက်ရှင်နေတုန်းဖြစ်ပြီး..ထိပ်လန့်ကြောက်ရွံ့မူတွေကို ခံစားနေရတုန်းပါပဲ..။
ဆန်နီကတော့..ရှင်သန်နိုင်မယ့် အခွင့်အရေးကိုသာ တွေးနေခဲ့ပါတယ်..။
"ငါ ဒါကြီးကို ဘယ်လို ဖယ်ရှားရမလဲ.."
သူ့မှာ ထူးခြားတဲ့..ပါဝါ တွေ မရှိသလို..နတ်ဘီလူးကြီးကို တိုက်ခိုက်ဖို့ လူအင်အားလည်း မရှိပါဘူး..။အနည်းဆုံး သူ့မှာ တိုက်ခိုက်စရာ လက်နက်တောင် မရှိပေ..။
ဆန်နီဟာ..သားရဲကြီးကို ကျော်ပြီး..အဆုံးမရှိ နက်ရှိုင်းတဲ့ ချောက်နက်ကြီးကို ကြည့်လိုက်တယ်..။ဆန်နီ ကြည့်နေတုန်းမှာပဲ..လေထဲမှာ အလင်းရောင်တစ်ချက်လက်သွားပြီး..နတ်ဘီလူးကြီးရဲ့ လက်မောင်းကို ထိမှန်သွားခဲ့ကာ မီးပွားလေးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်..။
အသွင်ပြောင်းသားရဲ တွေကို သက်သောင့်သက်သာ အနိုင်ယူခဲ့တဲ့..ဆန်နီ ရဲ့ သူရဲကောင်း လူငယ်စစ်သည်လေးဟာ..ဓားကို လေထဲမှာ မြှောက်ထားခဲ့တာပါ..။
"ငါနဲ့ ရင်ဆိုင်လိုက် ..မိစ္ဆာ.."
"အာရုံပြောင်းလဲအောင် လုပ်ထားတာပဲ..ဒါ ငါလိုနေတဲ့ အရာပဲ.."
ဆန်နီဟာ သူ့လက်နဲ့ တောင်ဘုရင်ကြီးကို သတ်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် တစ်ခြားလူတွေနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်..။လူတစ်ယောက်ရဲ့ ခွန်အားနဲ့ မဖြစ်နိုင်တာကြောင့်..သူ သဘာဝကို အသုံးချပြီးတိုက်ခိုက်ဖို့ စီစဥ်နေခဲ့တာပါ..။
"ငါ ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုတော့လည်း..မြေကြီးရဲ့ ဆွဲအားကို အသုံးချရတော့မှာပေါ့.."
သူ သားရဲကြီးကို တိုက်ခိုက်ဖို့တွေးတောနေတဲ့ အချိန်မှာတော့..လူငယ်သူရဲကောင်းလေးရဲ့ ရူးမိုက်မူက အခွင့်အရေး တစ်ခုပါပဲ..။အခု အရာရာတိုင်းက ဒီအရူး ဘယ်လောက်အထိ ရှင်သန်နေနိုင်မလဲ ဆိုတာမှာပဲ မူတည်ပါတော့တယ်..။
"ကျုပ်နဲ့ လိုက်ခဲ့.."
ဆန်နီဟာ..ကျောက်တုံးအဆုံးမှာ ရှိနေတဲ့..ကြီးမားတဲ့ ကုန်တင်လှည်းကြီး ရှိတဲ့နေရာကို အမြန်ပြေးသွားလိုက်တယ်..။ဒီကုန်တင်လှည်းကြီးက..အရမ်းကို အန္တရာယ်များတဲ့ ချောက်ကမ်းပါးကြီးနဲ့ အတော်လေးကို နီးကပ်နေခဲ့တာပါ..။
ခိုးကြောင်ခိုးဝှက် အစေခံ နဲ့ ပညာရှင်တို့ဟာ သံသယဖြစ်တဲ့ အကြည့်နဲ့ကြည့်လိုက်ကြပေမယ့်လည်း လိုက်သွားလိုက်ကြပါသေးတယ်..။
ဘာပဲဖြစ်ဖြစ် ရူးမိုက်တတ်တဲ့ လူတွေကို နတ်ဘုရားတွေက ကောင်းချီးပေးထားတတ်တယ် မဟုတ်လား..။
သူတို့နောက်ဘက်မှာတော့ သူရဲကောင်းလေးဟာ နတ်ဘီလူးကြီးရဲ့ လက်သည်းတွေကို ဓားနဲ့ အတင်းပြန်တိုက်ခိုက်နေခဲ့တယ်..။သူ့ရဲ့ ဓားချက်တွေဟာ..သားရဲကြီးရဲ့ ညစ်ပေနေတဲ့ အမွှေးတွေကိုသာ ထိပြီး..အစစ်အမှန် ခန္တာကိုယ်ကိုတော့ ခြစ်ရာလေးတောင် မဖြစ်စေပါဘူး..။
နောက်စက္ကန့်အနည်းငယ်မှာတော့..သားရဲကြီးဟာ သူ့ရဲ့ လက်လေးချောင်းလုံးနဲ့ သူ့ကို စိတ်အနှောက်ယှက် ဖြစ်နေစေတဲ့ ရန်သူဆီကိုသာ ဦးတည်ပြီး အရှိန်မြင့်ကာ တိုက်ခိုက်လိုက်ပါတယ်..။
သို့ပေမယ့် ဆန်နီကတော့ ဒါတွေကို မသိပါဘူး..။သူ လှည်းဆီကိုသာ အမြန်ဆုံးပြေးနေခဲ့တယ်..။သူ လှည်းဆီကို ရောက်တာနဲ့ အနားမှာ..အသွင်ပြောင်း သားရဲတွေ ရှိနေလားဆိုတာကို စစ်ဆေးကြည့်လိုက်ပါတယ်..။
ကုန်လှည်းကြီးကို ကျောက်တုံးတွေနားက..ကျဥ်းမြောင်းတဲ့ နေရာလေးတစ်ခုမှာ ထားထားတာပါ..။သူ့ရဲ့ ရှေ့ဘက်က တောင်နံရံဘက်ကို ဦးတည်ထားပြီး အနောက်ဘက်ကတော့ ချောက်ကမ်းပါး ဘက်ကို ဦးတည်ထားခဲ့တယ်..။
ကုန်လှည်းကြီး လှိ့မ်သွားမှာကို စိုးတာကြောင့် လှည်းဘီးတွေရဲ့ တွေရဲ့ အောက်မှာ သစ်သားတုံးကြီးတွေကို ခံထားပါသေးတယ်..။ဆန်နီ သူ့လူတွေဘက်ကို လှည့်လိုက်ပြီး..သစ်သားတုံးတွေကို လက်ညိုးထိုးပြလိုက်တယ်..။
"ကျုပ်ပြောလိုကိတာနဲ့..ဒီနှစ်ခုကို ဖယ်ပြီး..တွန်းပေတော့..။နားလည်လား.."
"..ဘာအတွက်လဲ.."
ခိုးကြောင်ခိုးဝှက် အစေခံဟာ သံသယဖြစ်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။ပညာရှင်ကတော့ သစ်သားတုံးတွေကို တစ်ချက်ကြည့်လိုက်ပြီး နတ်ဘီလူးကြီးကို ပြန်ကြည့်လိုက်ပါတယ်..။
သူရဲကောင်းလေးကတော့ သားရဲကြီးရဲ့ လက်သည်းတွေ အောက်မှာ ခက်ခက်ခဲခဲ အသက်ရှင်နေတုန်းပါပဲ..။သို့ပေမယ့် သူလည်း မကြာခင် အူတွေအသည်းတွေ ထုတ်ခံရတော့မှာပါ..။အချိန်နဲ့အမျှ လေထဲမှာ သူ့ဓားကို ဝေ့ယမ်းနေပေမယ့်..တောင်ဘုရင်ရဲ့ အမွှေးတွေဟာ..ဒဏ်ရာပေးဖို့ ထူလွန်းနေခဲ့ပါတယ်..။
ဆန်နီမြင်သလောက်တော့ တစ်ခြား စစ်သည်တွေ အကုန်လုံး သေနေခဲ့ပါပြီ..။ဒါကြောင့် သူ့အနေနဲ့ ဒီတစ်ယောက်ကို တော့ နည်းနည်းကြာအောင် တောင့်ခံစေချင်ခဲ့တယ်..။
'သေမယ်ဆိုလည်း ..ခနတော့ တောင့်ခံထားပါဦး.."
သူ တွေးလိုက်တာပါ..။
ခိုးကြောက်ခိုးဝှက် အစေခံကိုတော့ သူ ပြန်ပြောလိုက်တယ်..။
"ခင်ဗျား တွေ့လိမ့်မယ်.."
ယင်းနောက် ဆန်နီ အလျင်အမြန်ပဲ ကုန်လှည်းနဲ့ တွဲထားတဲ့ သံကြိုးကို ရှာလိုက်ပါတယ်..။သူ ရှာတဲ့ အရာက လူသေအလောင်းတွေကြားထဲမှာ တွေ့ဖို့ခက်ခဲပေမယ့်..ကံတရားက သူ့ဘက်မှာရှိနေခဲ့တယ်..။အချိန်ခန အကြာမှာတော့ သူ သံကြိုးရဲ့ တစ်ခြား တစ်ဖက်အစွန်းကို တွေ့လိုက်ရပါပြီ..။
သံကြိုးကို ရှာတွေ့ခဲ့ပေမယ့်လည်း..ဒါက ဆိုးဆိုးဝါးဝါးသေဆုံးနေတဲ့ အစေခံတွေရဲ့ အလောင်းနဲ့ တွဲချည်ထားခဲ့တာပါ..။ဆန်နီ ဒူးထောက်ချလိုက်ပြီး..အကုန်လုံးကို သော့နဲ့လိုက်ဖြုတ်လိုက်တယ်..။
တစ်ဖက်မှာတော့..ကျယ်လောင်တဲ့ အသံတစ်ခုနဲ့ အတူ သူရဲကောင်းလေး လေပေါ်မှာလွင့်သွားတာကို သူသတိ ထားမိလိုက်တယ်..။နောက်ဆုံးတော့..သူ သားရဲကြီးရဲ့ ရိုက်ချက်ကို ထိသွားခဲ့ပါပြီ..။သူရဲကောင်းလေးဟာ..မီတာအနည်းငယ် အထိ လွင့်စင်သွားပြီး ခက်ခဲစွာ ပြန်ထလာနိုင်ခဲ့တယ်..။
ခနလေးတောင် အနားမယူပဲ..သူရဲကောင်းလေးဟာ လွတ်ကျသွားတဲ့ သူ့ရဲ့ဓားကို ပြန်ကောက်ယူလိုက်တယ် .။ယင်းနောက် အော်ဟစ်ပြီး သားရဲကြီးဆီကို ပြေးတက်သွားခဲ့ပါတယ်..။
"လှိမ့်ရမှာလား..။ဘယ်သူက ဒီချိန်မှာ ဒီသောက်ရေးမပါတာကြီးကို လှိမ့်နေမှာလဲ.."
အချိန်တွေဟာ အဖိုးတန်စွာပဲ ဆန်နီ သံကြိုးတွေကို အကုန်လိုက်ဖြည်ပြီးသွားခဲ့တယိ..။ယင်းနောက် အလောင်းတွေ မပါတော့ပဲ..သံကြိုးချည်းပဲ အဝိုင်းပုံစံ သော့နဲ့ ထပ်ခတ်လိုက်ပါတယ်..။
အခုတော့ အရာရာတိုင်းက သူ့ရဲ့ အားထုတ်မူ..အပေါင်းအပါတွေနဲ့..ကံတရား အပေါ်မှာပဲ မူတည်သွားပါပြီ..။
လှည်းဘေးနားမှာ ရှိနေသေးတဲ့ ခိုးကြောင်ခိုးဝှက်ပုံ အစေခံနဲ့ ပညာရှင် တို့ဘက်ကို လှည့်ပြီး သူအော်လိုက်တယ်..။
'အခုပဲ'
ယင်းနောက် သူ အတော်အသင့်ရှည်လျားတဲ့ သံကြားကို ကိုင်ကာ..နတ်ဘီလူးကြီးအနားကို သွားလိုက်ပါတယ်..။
သူရဲကောင်းလေးဟာ သူ့ကို တစ်ချက်ကြည့်လိုက်တယ်..။သူ့မျက်လုံးတွေက..သံကြိုးကို ရောက်သွားပြီး..ကုန်တင်လှည်းကြီးကို ထပ်ကြည့်လိုက်ပါတယ်..။ယင်းနောက် ဘာခံစားချက်မှ မရှိတဲ့အမူအရာနဲ့ သူ့ရဲ့ တိုက်ခိုက်မူကို အရှိန်မြင့်တင်လိုက်ကာ သားရဲကြီးရဲ့ အာရုံစိူက်မူကို တတ်နိုင်သလောက် ထိန်းထားဖို့ ကြိုးစားလိုက်ပါတယ်..။
"ဒီတော့..မင်းလည်း ဥာဏ်ကောင်းတယ်ပေါ့..ဘယ်လောက်တောငိ ကြောက်စရာလဲ..."
ဆန်နီ မလိုအပ်တဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်လိုက်ပြီး..သံကြိုးရဲ့အလေးချိန်ကို ..အာရုံစိုက်လိုက်တယ်..။သူနဲ့ ပစ်မှတ်ဖြစ်တဲ့ သားရဲကြီး ကြားက အကွာအဝေးကိုလည်း ညှိလိုက်ပါတယ်..။
အချိန်တွေက ခနတာ နှေးကွေးသွား သလိုပါပဲ..။
'ကျေးဇူးပြုပြီး..မလွဲလိုက်ပါနဲ့.."
ရှိသမျှ ခွန်အား အကုန်စုစည်းပြီး..ဆန်နီဟာ သံကြိုးကို လေထဲပစ်တင်လိုက်တယ်..။ဒါက ငါးဖမ်းသမား ဟာ ငါးတွေကို ပိုက်ကွန်ပစ်ပြီး ဖမ်းနေတာနဲ့တောင် တူနေပါသေးတယ်..။
သံကွင်းဟာ လေထဲမှာ ပျံသန်းသွားပြီး သူရဲကောင်းလေးနဲ့ သားရဲ့ကြီးတီကို ဦးတည်သွားခဲ့ပါပြီ..။
ဆန်နီရဲ့ အစီစဥ်က..သံကြိုးကွင်းကို တိုက်ခိုက်နေတဲ့ သားရဲကြီးရဲ့ အနီးဆုံး မြေကြီးပေါ်မှာထားဖို့ပါ..။သားရဲကြီး ရဲ့ ခြေထောက်က သံကြိုးကွင်းထဲ ဝင်သွားတာနဲ့ သူက ကြိုးရဲ့ တစ်ခြားတစ်ဖက်ကို ဆွဲပြီး ခြေထောက်ကို တင်းကြပ်သွားအောင် လုပ်လိုက်ရုံပါပဲ..။
သို့ပေမယ့်..သူ့အစီစဥ်က သိသာစွာပဲ ကျရှုံးသွားခဲ့တယ်..။
ပြောစရာရှိတာကတော့..ဒါက တကယ်ကို အံ့ဩစရာပါပဲ..။
တစ်ခနလေးအတွင်းမှာ..သံကြိုးက မြေကြီးပေါ်ကို ကျရမယ့် အစား..တောင်ဘုရင်ရဲ့ လည်ပင်းမှာ ပြီးပြည့်စုံစွာ သွားစွပ်နေခဲ့တာပါ..။
ဆန်နီ သူ့မျက်လုံးသူ မယုံကြည်နိုင်ဖြစ်သွားပြီး ခနလောက် အေးခဲသွားခဲ့တယ်..။ယင်းနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သံကြိုးကို ဆွဲထားခဲ့ပါတယ်..။
' ဒါပဲလေ.."
သူ ကျေနပ်စွာ အော်ဟစ်လိုက်တာပါ..။
ခနနေ ကုန်လှည်း ချောက်ထဲကို ကျသွားရင် သားရဲကြီးပါ ပါသွားတော့မှာပါ..။ဆန်နီ သေချာအောင် နောက်က အခြေအနေကို ကြည့်လိုက်တဲ့ အချိန်မှာ မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။
အမှန်တကယ်ပဲ..ခိုးကြောင်ခိုးဝှက် နဲ့ ပညာရှင် ဟာ..ကုန်လှည်းကြီး အောက်က သစ်သားတုံးတွေကို ဖယ်ရှားကာ.. ချောက်ကမ်းပါဆီကို ဦးတည်တွန်းနေကြပါတယ်..။သို့ပေမယ့်..ကုန်လှမ်းရွေ့နေတာက နှေးကွေးနေပြီး..အတော်လေးကို နှေးကွေးနေတယ်လို့ ပြောရပါလိမ့်မယ်..။ဆန်နီ ထင်ထားတာထက် အများကြီးကို နှေးနေခဲ့တယ်..။
သူ သားရဲကြီးကို ထိပ်လန့်စွာ ပြန်ကြည့်လိုက်တယ်..။သားရဲကြီးဟာ ရုတ်တရက် ရောက်လာတဲ့ သူ့လည်ပင်းပေါ်က ဖိအားကို ခံစားဖိပြီး..သံကြိုးတွေကို ဖြတ်ပစ်ဖို့ လက်ကို မြှောက်လိုက်ပါတယ်..။
ဆန်နီ မျက်လုံးပြူးသွားခဲ့ပါပြီ..။
နောက်ထပ် စက္ကန့် အနည်းငယ်မှာတော့ သူရဲကောင်းလေးဟာ..နတ်ဘီလူးကြီးရဲ့ ခြေထောက်ကို အပြင်းအထန် တိုက်ခိုက်လိုက်ပြီး အချိန်တစ်ချို့ပိုရအောင် လုပ်လိုက်တယ်..။
ဆန်နီကတော့ စိတ်ထဲမှာ ကျိန်ဆဲရင်း လှည်းကြီးဆီီကို ပြေးသွားနေခဲ့ပါပြီ..။သူ အနားကို ရောက်တာနဲ့ ခိုးကြောင်ခိုးဝှက် ၊ ပညာ ရှင် တို့နဲ့အတူ ရှိသမျှခွန်အား အနည်းငယ်ကို အကုန်သုံးပြီး ကူတွန်းလိုက်တယ်..။
"လှိမ့် ..လှိမ့်..ခင်ဗျားတို့ ချီးပဲ..."
ကုန်လှည်းကြီးဟာ အနည်းငယ် မြန်သွားပေမယ့် ချောက်ကမ်းပါး ထိပ်ကို ရောက်ဖို့တော့ လိုအပ်နေပါသေးတယ်..။
တစ်ချိန်တည်းမှာပဲ သားရဲကြီးရဲ့ လက်က ..လည်ပင်းမှာရှိတဲ့ သံကြိုးဆီ ရောက်သွားပြီး လွတ်မြောက်ဖို့ အတွက် အဆင်သင့်ဖြစ်နေပါပြီ..။
အခုချိန်မှာ သူတို့ သေမှာလား ရှင်မှာလား ဆိုတာက ဘယ်အရာက အရင်ဖြစ်လာမလဲ ဆိုတာမှာပဲ မူတည်ပါတော့တယ်..။