အစေခံသုံးယောက်နဲ့ သူရဲကောင်းတစ်ယောက်..
Vol. 1 Ch. 7
"လှိမ့် ..လှိမ့်...ခင်ဗျားတို့..ချီးပဲ..."
ဆန်နီ သူ့ရဲ့ ရှိသမျှခွန်အား အကုန်လုံးကို ထုတ်သုံးပြီးကုန်လှည်းကြီးကို တွန်းနေခဲ့တယ်..။ဒီလှည်းကြီးကို ဆွဲလာခဲ့တဲ့ နွားထီး လေးကောင်က သေသွားပြီဖြစ်ပြီး အခုတော့..အစေခံတွေက သူတို့အစား အလုပ်လုပ် နေကြရပါပြီ..။
အနည်းငယ် စောင့်နေတဲ့..လမ်းက ကူညီပေးထားတာတောငိ..သူတို့တွန်းနေတဲ့ အရှိန်က အတော်လေး နှေးနေပါသေးတယ်..။တစ်ဖက်မှာတော့ နတ်ဘီလူးရဲ့ လှုပ်ရှားမူက အတော်လေး မြန်နေခဲ့တယ်..။
သူ့ရဲ့ အောက်ဘက်လက်နှစ်ချောင်းက သူရဲကောင်းလေးကို ပြနိတိုက်ခိုကိနေပြီး အပေါ်ဘက် လက်နှစ်ချောင်းကတော့..ကျော့ကွင်းလို ဖြစ်နေတဲ့ သံကြိုးတွေကို ဖယ်ရှားနေခဲ့ပါတယ်..။သို့ပေမယ့် တောင်ဘုရင် ရဲ့ လက်သည်းတွေက ကြောက်ဖို့ကောင်းပြီး သန်မာတယ် ဆိုရင်တောင် အခုလို သေချာဖယ်ရှားရမယ့် နေရာမှာတော့ မသုံးမဝင်ပါဘူး..။သူ့ရဲ့ ခေါင်းကို ဖြုတ်ပြီး မဖယ်ရှားသမျှကတော့..သူ ဒါကို ဖြုတ်ဖို့ အချိန်တစ်ခု ယူရဦးမှာပါ..။
အဲ့အချိန်မှာတော့..ကုန်လှည်းကြီးဟာ ချောက်ကမ်းပါး အစွန်းနားမှာ ရောက်နေခဲ့ပါပြီ..။
"လုပ်ထားကြ..နောက်ထပ် နည်းနည်းလောက်ပဲ.."
နောက်ဆက်တွဲ ဖြစ်ပျက်နေတာတွေက အတော်မြန်ဆန်နေခဲ့တယ်..။ကုန်လှည်းကြီးရဲ့ အနောက်ဘက်ဘီးတွေဟာ..နောကိဆုံးမှာတော့ လမ်းကနေ ကျော်သွားပြီး..အောက်ခြေနဲ့ လွတ်သွားခဲ့ပါပြီ..။သားရဲ ကောင်ကြီးရဲ့ ခေါင်းဟာ လှည့်လာပြီး..သူတို့သုံးယောက်ကို အသက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်..။
ဆန်နီကတော့ နောက်ကနေ တွန်းနေတဲ့ တစိယောက်တည်း သော သူပါ..။သူ သားရဲကြီးကို တစ်ချက်ကြည့်လိုက်ပြီး..ပုခုံးနဲ့ ကုန်လှည်းကြီးကို ထိကာ အားကုန်တွန်းချလိုကိတယ်..။
ကုန်လှည်းကြီးဟာ နောကိဆုံးမှာတော့..အလေးချိန်မညီမျှတော့ပဲ..ချောက်ကမ်းပါကြီး ထဲကို ပြုတ်ကျသွားခဲ့ပါတယ်..။ဆန်နီ ပါ ရှေ့ကို ဒူးထောက်လျက်ပြုတ်ကျသွားခဲ့ပြီး ..သူပါ ချောက်ထဲ ပြုတ်ကျဖို့ တီတီ လေးပဲ လိုပါတယ်..။
သူ ခေါင်းကို လှည့်လိုက်ပြီး..နတ်ဘီလူး ကြီးကို ကြည့်ကာ ပြုံးလိုက်တယ်..။
တောင်ဘုရင်ဟာ..သူ့ရဲ့ လက်လေးချောင်းလုံးကို သုံးပြီး သံကြိုးကို ဖြုတ်ဖို့ ကြိုးစားလိုက်ပေမယ့်လည်း နောက်ကျသွားခဲ့ပါပြီ..။ခနကြာတဲ့ အချိန်မှာ သူ့လည်ပင်းက တင်းကြပ်လာပြီး..အားတစ်ခုက နောက်ပြန်ဆွဲတာကို ခံလိုက်ရတယ်..။ယင်းနောက် အရုပ်ကလေးတစ်ရုပ်လိုပဲ..ချောက်နက်ထဲကို ပြုတ်ကျသွားပါတော့တယ်..။
ချောက်နက်ထဲကို ပြုတ်ကျသွားတဲ့ အချိန်မှာတော့..သူ့မျက်လုံးထဲမှာ ..မယုံကြည်နိုင်မူတွေ အထင်းသားပေါ်နေခဲ့ပါတယ်..။ဒီလို ..လူသားလေးတွေကို သူ ရှုံးနိမ့်ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး..။
"သွား သေလိုက်တော့...ခွေးသား.."
ဆန်နီ ကျိန်ဆဲလိုက်တယ်..။
ယင်းနောက် သူ အသက်ကို ပြင်းပြင်း ရူလိုက်ပြီးအားအင် ကုန်ခမ်းစွာပဲ မြေကြီးပေါ် လှဲချလိုက်ပါတယ်..။
"ဒါပဲလား..ငါ စမ်းသပ်ချက်ကို အောင်သွားပြီလား.."
ဆန်နီ သူ့ရဲ့ အောင်မြင်မူကို ကြေညာပေးမယ့် ရင်းနှီးတဲ့ အသံကို စောင့်နေခဲ့ပေမယ့်လည်း..ဘာသံမှ မကြားရပေ..။အဲဒီအစား သူ အစောက လျစ်လျူရူ ထားတဲ့ ဒဏ်ရာတွေရဲ့ နာကျင်မူတွေဟာ စတင်ပြီး အချက်ပြလာခဲ့တယ်..။
သူ တစ်ကိုယ်လုံး နာကျင်မူကြောင့် ညဥ်းတွားလိုက်ပါတယ်..။အထူးသဖြင့် သူ့နောက်ကျော အရည်ပြားမှာ..အသွင်ပြောင်းသားရဲ ရဲ့ ချွန်ထက်တဲ့အရိုးတွေနဲ့ ထိုးခံထားရတဲ့ နေရာက အနာဆုံးပါပဲ..။အေးစက်မူကို ပြန်လည် ခံစားလာရတာကြောင်လည်း ခိုက်ခိုက်တုန် နေခဲ့ပါပြီ..။
"မအောင်မြင်သေးတာလား.."
ဆန်နီ တွေးလိုက်တာပါ..။
"ငါက ဘာထပ်လုပ်ပေးရဦးမှာ လဲ.."
အနက်ရောင် ပုံရိပ်တစ်ခုဟာ သူ့ရှေ့မှာ ပေါ်လာခဲ့တယ်..။ဒါက တည်ငြိမ်ပြီးတော့ ခန့်ညားလှတဲ့ သူရဲကောင်းလေးပါ..။အခုချိန်မှာတော့..သူ့ရဲ့ ချပ်ဝတ် အင်္ကျီီမှာ အညစ်အကြေးတွေ ..ခြစ်ရာတွေ ရှိနေခဲ့ပါပြီ..။
သို့ပေမယ့် သူရဲကောင်းလေး ရဲ့ ပုံပန်းသွင်ပြင်ကတော့ အဆင်ပြေနေသေးတဲ့ ပုံပါပဲ..။သူ ဆန်နီကို လက်ဆန့်တန်းပေးလိုက်တယ်..။
"မတ်တတ်ရပ်..မင်း အေးခဲပြီး သေသွားလိမ့်မယ်.."
ဆန်နီ သူ့ရဲ့ ပထမဆုံး အိပ်မက်ဆိုး အခိုက်အတန့် မပြီးသေးဘူး ဆိုတာ လက်ခံတဲ့ အနေနဲ့..သက်ပြင်းချလိုက်တယ်..။ယင်းနောက် အံကိုကြိတ်ကာ..မတ်တတ်ထရပ်လိုက်ပြီး..သူရဲကောင်းလေးရဲ့ လက်ကိုတော့ဘလျစိလျူရူ ထားလိုက်ပါတယ်..။
သူတို့ ဝန်းကျင်မှာတော့ အခြေအနေက ဗရမ်းဗတာဖြစ်နေခဲ့တယ်..။အစေခံ သုံးယောက်နဲ့ စစ်သည်တစ်ယောက်ကလွဲလို့ အကုန်လုံးက သေသွားကြပါပြီ..။သူတို့ရဲ့ အလောင်းတွေကတော့..ဆိုးဆိုးဝါးဝါးကို ပျက်ဆီး နေခဲ့တာပါ..။ဟိုနား ဒီနားတွေမှာလည်း အသွင်ပြောင်းသားရဲ အလောင်းတွေကို တွေ့နေခဲ့ရတယ်..။
ဆန်နီလည်း ဒါတွေကို ဂရုမစိုက်နိုင်တော့ပါဘူး..။
ပညာရှင် နဲ့ ခိုးကြောင်ခိုးဝှက် တို့ကတော့..အစောကတည်းက မတ်တတ်ရပ်နှင့်ပြီးဖြစ်ပြီး..သူရဲကောင်းလေးကို သတိအနေအထားနဲ့ ကြည့်နေခဲ့ကြတယ်..။သံကြိုးတွေ ရှိရှိမရှိရှိ သူတို့က အစေခံတွေဖြစ်ပြီး..ဒီသူရဲကောင်းလေးက..အစေခံတွေကို ထိန်းချုပ်ရတဲ့သူပါ..။
သူတို့ရဲ့ အကြည့်တွေကို သတိထားမိသွားတာကြောင့် စစ်သည်လေးဟာ သက်ပြင်းချလိုက်တယ်..။
"အကုန်လုံး မီးပုံ နားကို လာခဲ့ကြ..။ငါတို့ အရင်ဆုံး အနွေးဓာတ်ရဖို့လိုပြီး..ရှေ့ဆက်ဘာလုပ်မလဲ တိုင်ပင်ကြမယ်.."
သူတို့ ပြန်ဖြေတာကိုတောင် မစောင့်ပဲ သူရဲကောင်းလေး ဟာ ..လှည့်ထွက်ပြီး လျောက်သွားခဲ့တယ်..။ခနလောက် တွေဝေပြီးနောက်မှာတော့ အစေခံသုံးယောက်ပါ နောက်ကနေ လိုက်သွားခဲ့ပါတယ်..။
အချိန်ခနကြာပြီးနောက် သူတို့လေးယောက်ဟာ..မီးပုံပတ်လည်မှာထိုင်ပြီး အနွေးဓာတ်ကို ရယူလိုက်ကြတယ်..။ပညာရှင်နဲ့..ခိုးကြောင်ခိုးဝှက်ကတော့ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ရှိပြီး သူရဲကောင်းလေးနဲ့တော့ စိတ်ချရတဲ့ အကွာအဝေးတစ်ခုမှာ ရှိနေခဲ့တာပါ..။
ဆန်နီကတော့ သီးသန့်ရှိနေခဲ့တယ်..။ဒါက သူ တစ်ခုခုကို စိုးရိမ်လို့မဟုတ်ပဲ..လူတွေနဲ့ အတူတူ နေလေ့နေထ မရှိလို့ပါ..။
သူ ကြီးပြင်းလာကတည်းက တစ်ယောက်တည်းသာ ကြီးပြင်းခဲ့ရပါတယ် .။ဒါက သူ တစ်ခြားတစ်စုံတစ်ယောက် နဲ့ ဘယ်တော့မှ စကားမပြောချင်တာ မဟုတ်ပဲ..ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ အားနည်းနေခဲ့တာပါ..။
သူ နဲ့ တစိခြားလူတွေရဲ့ ကြားထဲမှာ မမြင်ရတဲ့ နံရံကြီးတစ်ခု ခြားနေသလိုပါပဲ..။
ရလာဒ်အနေနဲ့ ဆန်နီ တစ်ခြားလူတွေနဲ့ ဆက်ဆံတိုင်း မသေချာမရေရာ မူတွေ..အခက်တွေ့မူတွေ ဖြစ်ပေါ်စေပါတယ်..။ဒီအခြေအနေတွေက တစ်ခြားလူတွေအတွက်တော့..သက်သောင့်သက်သာ မဖြစ်စေပါဘူး..။
ဒါကြောင့်ပဲ..သူက အိပ်မက်ဆိုး ရဲ့ ကျန်တဲ့ အခိုက်အတန့်တွေကို ဒီသူစိမ်း သုံးယောက်နဲ့ ရှေ့မဆက်ချင်တာပါ..။ဆန်နီ စကားစတင်ပြောဖို့ ကြိုးစားမယ့်အစား..တိတ်တဆိတ်သာနေပြီး အတွေးထဲနစ်မြောနေခဲ့တယ်..။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူရဲကောင်းလေးရဲ့ အသံဟာ တိတ်ဆိတ်မူကို ဖြိုခွင်းလာခဲ့တယ်..။
"နေထွက်လာတာနဲ့..ငါတို့ ရှိသမျှ အစားအသောက်တွေ ရေတွေကို စုဆောင်းပြီး..တောင်ကုန်းပေါ်ကနေ ပြန်ဆင်းကြမယ်.."
ခိုးကြောင်ခိုးဝှက်ဟာ..အာခံတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး..
"ငါတို့က ဘာလို့ နောက်ပြန်သွားရမှာလဲ..။လက်တွေ ခြေတွေမှာ သံကြိုးတွေနဲ့ ပြန်အချည်ခံရဖို့လား.."
စစ်သည်ငယ်လေးဟာ သက်ပြင်းချလိုက်တယ်..။
"ငါတို့ တောင်အောက်ကို ရောက်တာနဲ့ ကိုယ့်လမ်းကိုယ် ဆက်သွားလို့ရတယ်..။ဒါပေမဲ့ အဲဒိီမတိုင်ခင် အထိတော့ မင်းတို့ရဲ့ အသက်တွေက ငါ့တာဝန်ဖြစ်နေတုန်းပဲ..။တောင်ကို ကျော်ရမယ့်လမ်းကလည်း ရှည်လျားပြီး ကြမ်းတမ်းနေသေးတော့ ငါတို့ ဆက်သွားလို့ မဖြစ်ဘူး..။ကုန်လှည်းပေါ်က ရိက္ခာတွေ မရှိပဲ နဲ့တော့..ဆက်သွားနိုင်ဖို့က အရမ်းကို အခွင့်အရေးနည်းတယ်လေ..။ဒါကြောင့်..နောက်ပြန်လှည့်တာက အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ.."
ပညာရှင်ဟာ တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့်..တစ်ဖက်လူ ပြောနေတာတွေက အမှန်တွေဖြစ်နေတာကြောင့်..တိတ်တဆိတ်နေဖို့သာ ဆုံးဖြတ်လိုက်တယ်..။ခိုးကြောင်ခိုးဝှက်ကတော့..သူရဲကောင်းလေးရဲ့ စကားကို ..ပြန်မချေပနိုင်လို့ စိတ်ထဲကနေသာ ကျိန်ဆဲလိုက်ပါတယ်..။
"အောက်ပြန်ဆင်းလို့ မဖြစ်ဘူး.."
သူတို့ သုံးယောက်လုံး ဒီအသံကြောင့် အံ့ဩသွားပြီး ဆန်နီကို လှည့်ကြည့်လိုက်ကြတယ်..။
ခိုးကြောင်ခိုးဝှက်ဟာ ရယ်မောလိုက်ပြီး စစ်သည်ငယ်ကိုပြောလိုက်တယ်..။
"သူပြောတာကို နားမထောင်နဲ့ အရှင်..။ဒီကောင်လေးက..နတ်ဘုရားတွေ ထိတွေ့ခံထားရတာ..။အာ..ကျွန်တော်ပြောချင်တာက သူက ရူးနေတာ..."
သူရဲကောင်းလေးဟာ မျက်မှောင်ကျုတ်လိုက်ပြီး..
"မင်းတို့နှစ်ယောက် အသက်ရှင်တယ်ဆိုတာ ဒီကောင်လေးရဲ့ ရဲရင့်မူကြောင့်ပဲ..။မင်းအခုလို သူ့မကောင်းကြောင်း ပြောနေတာကို ရှက်သင့်တယ်.."
.
ခိုးကြောင်ခိုးဝှက်ဟာ ပုခုံးတွန့်လိုက်ပြီး..သူ မရှက်ကြောင်း ပြလိုက်ပါတယ်..။
စစ်သည်ငယ်ဟာ ခေါင်းခါယမ်းလိုက်တယ်..။
"ငါ မင်းရဲ့ အကြောင်းပြချက်ကို ကြားချင်တယိ..။ဘာလို့ ငါတို့ အောက်ပြန်ဆင်းလို့ မရတာလဲ ပြောပါဦး.."
.
ဆန်နီ အနေနဲ့ လူတိုင်းရဲ့ အာရုံစိုက်မူက သူ့ဆီမှာ ရှိနေတာကြောင့် ..သက်သောင့်သက်သာတော့ ရှိမနေခဲ့ပါဘူး..။သူ လေးနက်တဲ့ အမူအရာနဲ့ပဲ ကြည့်လိုက်ပြီး
"ဘာလို့လဲ ဆိုတော့..အဲ့သားရဲကြီးက အခုထိ မသေသေးလို့ပဲ..."