← Chapters

ဘာလို့လဲဆိုတော့ သူမက ဆရာမ ထာအို ကြောင့်ပဲ

Vol. 3 Ch. 35

ဘာလို့လဲဆိုတော့ သူမက ဆရာမ ထာအို ကြောင့်ပဲ

Vol. 3 Ch. 35

အင်တာဗျူးအခန်း တစိခုတွင်။

"မင်းရဲ့ ဘဝအောင်မြင်မူ အတွက်စွန့်လွတ်သင့် တာတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိလား?"

"ကျွန်မ ဆန္ဒရှိပါတယ်"

မိန်းမငယ်လေးဟာ ခေါင်းငြိမ့်ပြီးပြန်ဖြေလိူက်ပါတယ်။

ဒါရိုက်တာ ဟွာလုဟို ဟာ အခုဇာတ်ကားရဲ့ ဒါရိုက်တာတစ်ယောက်ပါ။သူက အနည်းငယ်ကျော်ကြားတဲ့ ဒါရိုက်တာ တစ်ယောက်လို့ ပြောလို့ရပါတယ်။

ယင်းနောက်သူဟာ မေးခွန်းအနည်းငယ် ကိုထပ်မံမေးလိုကိသည်။

မိန်းကလေးရဲ့ သဘောတူညီမူအပြီးမှာတော့ ဟွာလုဟို ဟာမိန်းကလေးရဲ့ ကိုယ်လုံးကိုပေါက်နဲ့ ရုပ်ရည်ကိုတစ်ချက်ကြည့်ကာ ခေါင်းညိမ့်ပြလိုက်ပါတယ်။

သို့ပေမဲ့ သူနောက်ထပ် တစ်ခြားလူတွေကိုလည်းအင်တာဗျူးရပါဦးမယ်...

"ကောင်းပြီ ၊ မင်းရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ အတွေ့အကြုံဖိုင်တွေကိုထားခဲ့ ငါတို့မင်းကိုပြန်ဆက်သွယ်လိုက်မယ်"

"ကောင်းပါပြီ"

မိန်းကလေးဟာ ပြန်ဖြေလိုက်ပြီး အခန်းထဲမှ ထွက်သွားဖို့လုပ်လိုက်ပါသည်။

သူမ မထွက်သွားခင်မှာ ဒါရိုက်တာ ဟွာလုဟို ကို ဆွဲဆောင်တဲ့မျက်လုံး တွေနဲ့ကြည့်လိုက်ပြီး ကြိုက်တဲ့အချိန်ခေါ်ဖို့ အချက်ပြသွားခဲ့ပါတယ်။

"ငါ အင်အာဗျူး ခဲ့တာတွေထဲမှာ ဒီကြက်မလေးက မဆိုးဘူးလို့ပြောလို့ရတယ်၊ ပြီးတော့ မျိုးရိုးနာမည် ဝမ်နဲ့ တစ်ယောက်ကောပဲ သူမရဲတင်ပါးလေးတွေဆိုရင် လုံးနေတာပဲ..."

"ဟားဟား ငါဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ သူတို့ကို လှမ်းခေါ်လိုက်လို့ရတယ်။ငါ သူ တို့ကို

****ပြီးတဲ့ အချိန်ကျရင် ၊ ဇာတ်ကားထဲက ကြုံရာ ဇာတ်ရုပ် တစ်ခုကို ပေးလိုက်ယုံပဲ"

(ကန်တော့ပါရဲ့ရှင်)

ဟွာလုဟို ဟာပြောလိုက်ပါတယ်။

အင်တာဗျူး အခန်းက အထူးပြုလုပ်ထားတာပါ။အခန်းထဲမှာ လူသုံးယောက်သာရှိပြီး သူတို့ဟာ အင်တာဗျူး ခြင်းကို လုံးဝ ထိန်းချုပ်ထားပါတယ်။

ဟွာလုဟို အတွက်ကတော့ ၊ သူ ဆရာမ ထာအို

ရဲ့ ဝတ္ထုမှာ ဒါရိုက်လုပ်ခွင့် ရတာဟာကြီးမားတဲ့ကံကောင်းမူကြီး တစ်ခုပါပဲ။

ဆရာမ ထာအို ရဲ့ ဝတ္ထုတွေ ဟာအမှန်အကန်အောင်မြင်တဲ့ ဝတ္ထု တွေချည်းပါပဲ။သူမရဲ့ ဝတ္ထုများကို ဇာတ်ကား အဖြစ်ပြန်ပြောင်းလဲ ရိုက်ကူးတဲ့ အချိန်မှာ လူထုကြားထဲ ထိုးဖောက်နိုင်ပြီး အတော် ပေါက်ရောက်ပါတယ်။

အခန်းငယ်လေးတွေမှာ ပါဝင်တဲ့သရုပ်ဆောင်များတောငိ ဇာတ်လမ်းပြီးသွားတဲ့ အချိန်မှာ စူပါစတား တွေဖြစ်လာခဲ့ကြပါသည်။အထူးသဖြင့် သူတို့လို့ ဒါရိုက်တာတွေ အတွက်လည်း အကျိုးကျေးဇူးတွေ ရမှာပါ။

သို့ပေမဲ့ ဟွာလုဟို သတိမထားမိတဲ့ အချက်တစ်ခုက သူတို့ရဲ့ အင်တာဗျူးခန်းထဲက စကားလုံးတွေ၊အပြုအမူတွေဟာ စောင့်ကြည့်ခံနေတယ် ဆိုတာကိုပါပဲ။

အင်တာဗျုးအခန်းရဲ့ နံရံတစ်ဖက်မှာ မှန်အကြီးကြီးတစ်ချပ်ရှိပြီး အဲ့နောက်မှာ နောက်ထပ်အခန်းတစ်ခန်း ရှိပါတယ်။

ဒီအခန်းထဲမှာ အကုန်လုံးကို ကြည့်ပြီး နားထောင်နေတဲ့လူတစ်ချို့ရှိပါတယ်။သူတို့ဟာအင်တာဗျုးအခန်းထဲက ပြောဆိုနေတာတွေကိုကြည့်ပြီး လေထုသိပ်မကောင်း တော့ပေ။

"ဆရာမ ထာအို ၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ဒီ ဟွာလုဟိုက ဒီလို ကောငိစားမျိုးဆိုတာ သတိမထားမိလိုက်ဘူး...ကျွန်တော်သာကြိုးပြီး သိခဲ့ရင် ဒီလိုလူကို ထောက်ခံမှာ မဟုတ်ဘူး တကယ်ရှက်ရွံ့မိပါတယိ"

လူတစ်ယောက်ဟာ မျက်စိမျက်နှာ ပျက်ပြီး ထပြောလိုက်ပါတယ်။

သူက ဒီရုပ်ရှင်ရဲ့ ရင်းနှီးမြုပ်နှံသူပါ ဒါပေမဲ့ ဆုံးဖြတ်ချက်တွေ ချဖို့အတွက် သူ့မှာ ပါဝါ မရှိပါဘူး။

ဆရာမ ထာအို သာသူမရဲ့ ဝတ္ထုကို ရုပ်ရှငိအဖြစ်ရိုက်ကူးမယ် လို့သာကြေညာလိုက်ရင် မရေမတွက်နိုင်တဲ့ ရင်းနှီးမြုပ်နှံ မူတွေပြေးလာကြမှာပါ။

သူ ဒီလိုမျိုး အခွင့်အရေးရတယ်ဆိုတာ ဆရာမ ထာအိုနဲ့ ဆက်ဆံရေးကောင်း မွန်ခဲ့လိူ့ပါ။

အခုသူ ထောက်ခံပေးထားတဲ့ ဒါရိုက်တာဟာ ဆရာမ ထာအိုရှေ့မှာ သူမျက်နှာကို အိုးမဲနဲ့ လာသုတ်နေခဲ့ပါပြီ။ဒါက အတော်ရှက်ဖို့ကောင်းပါတယိ။

ဆရာမ ထာအိုဟာ အသက် ၆၀ ဝန်းကျင်အမျိုးသမီးတစ်ယောက် ဖြစ်သည်။သို့ပေမယ့် သူမဟာ နုပျိုနေတုန်းဖြစ်ပြီး ၊ လက်ချောင်းတွေနဲ့ စားပွဲခုံးကို ခံစားချက်မဲ့စွာ တတောက်တောက်ခေါက်နေခဲ့ပါတယ်။

အခန်းထဲမှာရှိတဲ့ လူတိုင်း ဆရာမ ထာအို ဒေါသထွက်နေတာ ခံစားနေပါသည်။သူမရဲ့ ရုပ်ရှင်မှာ အခန်းသေးသေးလေးဖြစ်ရင်တောင် ဒီလိုမျိုး ခွေးတိုးပေါက် ကဝင်လာတာ အရမ်းမုန်းတဲ့သူတစ်ယောက်ပါ။

"ဆရာမ ထာအို ၊ ကျွန်တော် ဒီသုံးကောင်ကို ချက်ချင်းအလုပ်ဖြုတ်လိုက်ပြီးတော့ နောက်ထပ်အင်တာဗျူး တစ်ခုစီစဥ်လိုက်မယ်"

ရင်းနှီးမြုပ်နှံ့သူ တစ်ယောက်ဟာ အလျင်အမြန်ပြောလိုကိပါတယ်။

"မလိုတော့ဘူး"

ဆရာမ ထာအိုဟာ သိပ်မကြည်လင်တဲ့ အသံနဲ့ပြောလိုက်ပါတယ်။

.......

နောက်တစ်ယောက် ချန်ရှင်းယီ။

"ရှင်းယီ နင့်အလှည့်ပဲ အကောင်းဆုံးကြိုးစားခဲ့နော်"

လျိုဒန်ဟာ လက်ဝှေ့ယမ်းပြီး ရှင်းယီကို အားပေးလိုက်ပါတယ်။

"ကောင်းပြီ"

ချန်ရှင်းယီ ဟာ အသက်ကို ဝအောင်ရူလိုကိပြီး အင်တာဗျူးခန်းထဲ ဝင်သွားလိုကိပါတယ်။

ဟွာလုဟို နဲ့ လူနှစ်ယောက်ဟာ သူတို့အင်တာဗျူးခဲ့တဲ့ ကြက်ကလေး တွေအကြောင်းဆွေးနွေးနေကြတဲ့ အချိန်မှာပဲ ချန်ရှင်းယီ ဝင်လာတာကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့ ရုပ်တွေဟာလေးနက် သွားခဲ့သည်။

ချန်ရှင်းယီ ဟာသူမကိုယ်သူမ မကြောက်အောင်အားတင်း လိုကိပြီး အင်တာဗျူး အခန်းထဲကို ဝင်လိုက်ပါတယ်။

"မဂ်လာပါ ဒါရိုက်တာတို့"

ချန်ရှင်းယီ ဟာ အခန်းထဲမှ လူသုံးယောက်ကို ဝင်ဝင်ချင်း နှုတ်ဆက်လိုကိပါတယ်။

ဟွာလုဟို ကတော့ သူမရဲ့ ကိုယ်ခန္ဓာအချိုးအစားကို တစ်ခုချင်း ကြည့်နေခဲ့သည်။

အရမ်းကို လှပတဲ့ မျက်နှာလေးနဲ့ အချိုးအစားကျတဲ့ ကိုယ်လုံးကိုယ်ပေါက်..ဘယ်လောက်တောင်ရှည်ပြီး သွယ်လျတဲ့ ခြေတံလေးတွေလည်း ....လုံးဝ အပြစ်ကင်းတယ်.....

ဟွာလုဟို ရုပ်တရက်တစ်ခုခုကို သတိရသွားပြီးလည်ချောင်းရှင်းကာ မေးခွန်းစမေးလိုက်ပါတယ်။

တစ်ဖက်ခန်းထဲတွင်။

"ဒီမိန်းကလေးက ရိုးရှင်းပြီး လန်ယွန် ဇာတ်ကောင်အတွက် ကွတ်တိပဲ"

ဒါက အင်တာဗျူးစကတည်းက ဆရာမ လန်ရိုတစ်စုံတစ်ယောက်ကို ပထမဆုံး ချီးကျူးပြောဆိုတာပါ။

ရင်းနှီးမြုပ်နှံ့သူများဟာ ခေါင်းသာငြိမ့်ပြလိုက်ကြသည်။သူတို့က ရင်းနှီးမြုပ်နှံ့သူတွေ ဖြစ်ပေမဲ့လည်း ဆုံးဖြတ်ချက်ချနိုင်တဲ့ လူက ဆရာမ ထာအို ပါ။

အဲ့အချိန်မှာပဲ ဟွာလုဟို ရဲ့ အသံကို ကြားလိုက်ရသည်။

"ဒီရုပ်ရှင်က ဆရာမ ထာအိုရဲ့ ဝတ္ထုကို အခြေခံထားတာလေ၊ ဒါကို မင်းသိတယ်မလား"

"ဟုတ်၊ ညီမ ဆရာမ ထာအိုရဲ့ စာအုပ်တွေကိုဖတ်ဖူးပါတယ်။အထူးသဖြင့် လန်ယွန် ဇာတ်ကောင်ပေါ့ ညီမသာ အဲ့ဇာတ်ကောင်နေရာမှာသရုပ်ဆောင် ရရင် အကောင်းဆုံးကြိုးစားနိုင်မယ်လို့ ယုံကြည်မူရှိပါတယ်"

ဆရာမ ထာအိုဟာ ဒီစကားကိုကြားပြီး ခေါင်းညိမ့်လိုက်သည်။

"ဒီမိန်းကလေးက ယုံကြည်မူ အပြည့်ရှိတယ် ၊ မဆိုးဘူး"

"မင်းက ယုံကြည်မူရှိတာပဲ ၊ ဒါပေမဲ့ ဒီဇာတ်ကောင်အတွက် နာမည်ကြီး ထိပ်ထိပ်ကြဲတွေတောင် လာပြီး အင်တာဗျူးကြတယ်။ငါသိချင်တာက မင်းဒီဇာတ်ကောင် အတွက် နည်းနည်းစွန့်လွတ်မူ လုပ်နိုင်လား"

ဟွာလုဟန် ဟာမေးလိုက်ပေမယ်လည်း သူ့စိတ်ထဲမှာ ချန်ရှင်းယီ လက်ခံဖို့ကို မျှော်လင့်နေခဲ့တာပါ။

ချန်ရှင်ယီဟာ အနည်းငယ် တွန့်ဆုတ်နေပြီးမှ ပြန်မေးလိုက်သည်။

"ဘယ်လို စွန့်လွှတ်မူ မျိုးလဲ"

"စွန့်လွှတ်မူ ဆိုတာဘာကို ဆိုလိုလဲ မင်းမသိဘူးလား"

ဘေးနားက လူ ဟာ ရယ်မောပြီး ချန်ရှင်းယီ ကိုပြောလိုက်ပါတယ်။

ချန်ရှင်းယီဟာ သူတို့ရဲ့ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်ပြီး ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။

"ဟင့်အင် ညီမ သဘောမတူနိုင်ဘူး"

ဟွာလုဟန် ဟာအနည်းငယ် အပျော်မရွင်ဖြစ်သွားပြီး ထပ်ပြောလိုက်သည်။

"ဒီလို စွန့်လွတ်မူသေးသေးလေးက မင်းအတွက် အရေးပါတဲ့ အခန်းတစ်ခုရပြီး၊ အနာဂတ်မှာ အောင်မြင်လာလိမ့်မယ်။ပြီးတော့ ဖျော်ဖြေရေးလောက မှာဇာတ်ကောင် တစ်ခုရဖို့လည်း မခက်ခဲတော့ဘူး"

"မင်းက ဘာစွန့်လွတ်မူမှ မရှိပဲ အိပ်မက်ထဲက ဇာတ်ကောင်မှာ သရုပ်ဆောင်ခွင့်ရလိမ့်မယ်လိုထင်နေတာလား၊ ငါတို့မင်းကို ဆုံးဖြတ်ဖို့ အချိန်ပေးမယ်"

ချန်ရှင်းယီ ဟာ သူမအတွက်ဒီလို ဇာတ်ကောင်ရဖို့ အတော်ခက်ခဲတယ် ဆိုတာသိပါတယ်။သူမ စွန်လွတ်အနစ်နာခံပြီး မှ ဒီဇာတ်ကောင် ရနိုင်ပါတယ်။သို့ပေမဲ့ ဒီလို အခြေနေကြုံလာလိမ့်မယ်လို့မျော်လင့်မထားခဲ့ပါဘူး။

ချန်ရှင်းယီဟာ ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်။

"မင်းရဲ့ နှလုံးသားထဲက ဆန္ဒရှိတဲ့ အတိုင်းသာဆက်လုပ် ၊ အရာရာတိုင်းက အဆင်ပြေသွားလိမ့်မယ်"

"တောင်းပန်ပါတယ် ညီမ ဒီဇာတ်ကောင် အတွက်မသင့်တော်ဘူးထင်တယ်"

ချန်ရှင်းယီဟာ ဒီစကားကိုပြောလိုက်ပြီး ချက်ချင်းပြန်လှည့် ထွက်သွားခဲ့ပါတယ်။

"ဟမ့် မင်းလို မိန်းကလေးမျိုးက အောက်ခြေဇာတ်ကောင်မှာပဲ တစ်သက်လုံးနေရလိမ့်မယ်"

ဟွာလုဟိုဟာ ချန်ရှင်းယီကို ပြောလိုက်ပြီး သူမရဲ့ ကိုယ်ရေးအချက်အချက်အလက်တွေကို အမှိုက်တောင်းထဲ ပစ်ထည့်လိုကိပါတယ်။

"ဒီမိန်းကလေး တကယ်မဆိုးဘူး၊ ကျွန်မကို သူမရဲ့ ကိုယ်ရေး အကျဥ်းကိုပြကြည့်"

ဆရာမ ထာအို ဟာပြုံးလိုက်ပြီး သူဌေးဆီမှ ကိုယ်ရေးအကျဥ်းကို ယူလိုက်ပါတယ်။

.......

"ရှင်းယီ အခြေနေဘယ်လိုလဲ"

လျိုဒန်ဟာ ထိပ်လန့်စွာမေးလိုက်သည်။

ချန်ရှင်းယီဟာ လေးပင်စွာခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်ပါတယ်။

"အဆင်ပြေမယ် ထင်တာပဲ"

သူမဟာ လျိုဒန်ကို တစ်ခုခု ထပ်ပြောချင်ပေမယ့်လည်း

"နောက်တစ်ယောက် လျိုဒန်"

"ရှင်းယီ ငါသွားတော့မယ်"

လျိုဒန်ဟာ အလျင်အမြန်ပြောကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။

အချိန် အနည်းငယ်ကြာတဲ့ အချိန်မှာ ဆူညံတဲ့ ပေါက်ကွဲသံတွေ အခန်းထဲက ကြားလိုက်ကြရပါတယ်။

လျိုဒန်ဟာ တံခါးကို စောင့်ကန်လိုက်ပြီး အော်ဟစ်လိုက်သည်။

"နင်က ဒါကို အခွင့်ကောင်းယူပြီး ငါဆီက အမြတ်ထုတ်ချင်နေတာလား? နင့်စိတ်ဓာတ်ကခွေးစားသွားတာလား? လူထုထဲမှာ ဒါကို ဖုံးကွယ်နိုင်မယ် လိူ့ထင်နေတာလား ဟမ်?ဒီဇာတ်ကောင် မရလို့လညိး သေမသွားဘူး"

ယင်းနောက် ချန်ရှင်းယီဟာ အလျင်အမြန်ရှေ့ကို သွားလိုက်ပြီး လျိုဒန်ကို ဆွဲလိုကိသည်။

"လျိုဒန်"

"ရှင်းယီ သွားကြမယ် ၊ တဏှာရူး ဒါရိုက်တာနဲ့စောက်အဓိပါယ် မရှိတဲ့ကောင်တွေ။သူက ငါတို့ဆီကတောင် အသားယူချင်နေသေးတာ"

လျိုဒန်ဟာ အော်ဟစ်ကာပြောဆိုလိုကိသည်။

ဒီစကားကို ကြားတဲ့ တစ်ခြားလူတွေယာလည်း ဝိုင်းလာခဲ့ပါတယ်။

"နင့်ခေါင်း လွတ်သွားတာလား?နင်က ဒီဇာတ်ကောင်နဲ့ မသင့်တော်တော့ ငါတို့ကို ပြသနာရှာချင်နေတာလား?နင်ဘယ် ကုမ္ပဏီကလဲ ဆိုတာငါကြည့် ချင်သေးတယ်"

ဟွာလုယန် ယာ ဒီမိန်ကလေး ဒီလောက်အထိ ဒေါသကြီးပြီး ပြသနာ တွေဖန်တီးလိမ့်မယ် လို့မမျော်လင့်ထားခဲ့ပေ။

အစ်မယို ဟာ ဘာတွေဖြစ်နေလဲ မြင်လိုက်တဲ့ အချိန်မှာ အလျင်အမြန်ရောက်လာခဲ့သည်။

"လျိုဒန် တော်လိုက်တော့"

ယင်းနောက်သူမဟာ ဟွာလုဟို ကို ဂါရဝ ပြုကာတောင်းပန်လိုက်သည်။

"ဒါရိုက်တာ ဟွာ ၊ စိတ်မဆိုးပါနဲ့.."

"အိုး ထျန်မင် ဖျော်ဖြေရေး ဂရုကပါလား။မင်းတို့ကုမ္ပဏီက တစိယောက်မှ ဒီဇာတ်ကားမှာ ပါခွင့်ရမှာ မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်"

.......

"မဆိုးဘူး မဆိုးဘူး ငါဒီမိန်းကလေး နှစိယောက်ကို တကယ်သဘောကျတယ်။

ဆရာမ ထာအို ဟာ မိန်းကလေးနှစ်ယောက်ကို ဘေးနားက နေရပ်ကြည့်နေရင်း ပြောလိုက်ပါတယ်။

"ပြီးတော့ ဒီအမှိုက်သုံးကောင်ကို ကျွန်မအလုပိမှာ မမြင်ချင်ဘူး"

ဆရာမ ထာအိုဟာ လေးနက်စွာပြောလိုက်ပြီး ၊ ရင်းနှီးမြုပ်နှံသူတွေဟာ တစ်ယောက်မှ သူမရဲ့စကားကို မလွန်ဆန်ရဲပါဘူး။

ပုံမှန်လူတွေ အတွက်ကတော့ ရင်းနှီးမြုပ်နှံသူတွေဟာ ဆုံးဖြတ်ချက်တွေကို ချရတဲ့ လူတွေပါ။

ဒါပေမဲ့ ဒီနေရာမှာတော့ မရပါဘူး။

ဘာလို့လဲဆိုတော့ သူ့တို့ရှေ့မှာ ရှိနေတဲ့ လူက ဆရာမ ထာအို ဖြစ်နေလို့ပါပဲ။

All Chapters