← Chapters

ဥာဏ်မမီသော

Vol. 3 Ch. 36

ဥာဏ်မမီသော

Vol. 3 Ch. 36

ပထမဆုံး ကာစတန်မာဟာ လင်းဖန်နဲ့လူလိမ်ထျန်နှစ်ယောက်စလုံးကို စိတ်ခွန်အားတွေတက်ကြွစေခဲ့ပါတယ်။

လင်းဖန်ဟာလဘက်ရည်ကို အထာကျကျသောက်နေခဲ့ပြီး အတွေးနက်နေခဲ့သည်။

စွမ်စုံကျမ်းဟာ သူ့ဘဝကြီးထဲကိုရုတ်တရက်ဝင်လာခဲ့ပြီး၊သူမှာ ဘာပြင်ဆင်ချိန်မှမရခဲ့ပါဘူး။

စွယ်စုံကျမ်းဟာ သူ့ရဲ့ဘဝကိုကြီးမားတဲ့ပြောင်းလဲမူတွေဖြစ်စေပြီး၊ ကံကောင်းမူတွေပါယူဆောင်လာတယ်ဆိုတာကတော့ သူဝန်ခံရမှာပါ။

နတ်ဘုရားပန်ကိတ်ကို လုပ်ဖို့လား?ဒါကသူ့အတွက်အဖြစ်နိုင်တဲ့ အရာပါ။အနာဂတ်ကို တိတိကျကျ ဟောကြားနိုင်တဲ့ ဗေဒင်ဆရာဖြစ်ဖို့ကလည်း လင်းဖန်စိတ်တောင် မကူးထားခဲ့တဲ့ အရာဖြစ်သည်။

သူ့ရဲ့ဘဝဟာ ပြောင်းလဲလာခဲ့ပြီး အချိန်တိုအတွင်မှာ ကိုယ်ပိုင်ဆိုင်ခန်းလေးတောင် ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

လင်းဖန်ရဲ့ ရည်မှန်းချက်ကတော့ စွယ်စုံကျမ်းဟာ သူ့ကိုကောင်းကောင်းဆက်ဆံဖို့ပါ။သူစွယ်စုံကျမ်းက ကောင်းတဲ့အရာဖြစ်တယ် ဆိုတာထပ်ပြီး စဥ်းစားစရာတောင် မလိုတော့ပေ။

တစ်ခြားလူတွေ ဘဝတစ်လျောက်လုံးစွယ်စုံကျမ်းလိုအရာမျိုးတွေ့ဖို့ တွေ့ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဒါက ဂိမ်းကစားနေရသလိုမျိုးပါပဲ။

အချိန်တိုင်းမှာ သူဟာ တွေးတောကြံဆနေရပြီးစွယ်စုံကျမ်း မရှိပဲနဲ့ ဒီလို အတွေ့အကြုံတွေကိုရမှာမဟုတ်ပါဘူး။

"သူဌေးလေး"

ရုတ်တရက် လင်းဖန်ဟာ အသံတစ်ခုကိုကြားလိုက်ရသည်။လင်းဖန် လှည့်ကြည့်လိုက်ပြီး လဘက်ရည်ခွက်ကို ချကာ နှုတ်ဆက်လိုက်ပါသည်။

"ခေါင်းဆောင်လီ ၊ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ?"

"ကျုပ် ဒီကို ဆုပေးဖို့ရောက်လာ တာလေ"

ခေါင်းဆောင်လီဟာ လင်းဖန်ရဲ့ဆိုင်ဝမှာရပ်နေပြီး အပြုံးလေးနဲ့ပြောလိုက်ပါတယ်။ယင်းနောက်သူဟာ လင်းဖန်၏ ဆိုင်းဘုတ်ကိုတစ်ချက် ရှိုးလိုက်သည်။

"တကယ်ကို ထိုက်တန်တဲ့ဂုဏ်ဒြပ်ပဲ မာစတာလင်း"

လီရှောင်ရှမ်းဟာ ကျေနပ်စွာပြောလိုက်ပါတယ်။ဒီနေ့ သူ့စိတ်တွေဟာ အတော်ကို​ပျော်ရွှင်နေခဲ့တာပါ။

ချင်ချုအန်ရဲ့ အမူဟာ နောက်ဆုံးတော့ဖြေရှင်းပြီးသွားပြီ ဖြစ်ပြီး၊ သူ့ပုခုံးပေါ်က လေးလံ အထုပ်ကြီးပြုတ်ကျသွားသလိုပါပဲ။

အထက်စီစဥ်သူတွေဟာ ချင်ချုအန် အမူကို ၇ရက်အတွင်း မဖြေရှင်းနိုင်ရင် လက်ရှိကိုင်နေတဲ့လူတေကို ဖြုတ်ပစ်မယ်လို့တောင် စာထုတိထားတာပါ။ပြီးတော့ သူတို့နေရာမှာ တစ်ခြားစွမ်းဆောင်နိုင်စွမ်း ရှိတဲ့လူတွေနဲ့ အစားထိုးမှာ ဖြစ်ပါတယ်။

လီရှောင်ရှမ်း လင်းဖန်အပေါ် အရမ်းဖော်ရွေပြီးယဥ်ကျေးနေတာဟာ အပိုတွေလုပ်နေတာ မဟုတ်ပါဘူး။

"ခင်ဗျား ကျွန်တော်ကို မျက်နှာချိုသွေးနေ သလိုပဲခေါင်းဆောင်လီ"

လင်းဖန်ယဥ်ကျေးစွာ ပြောလိုက်ပါတယ်။လီရှောင်ရှမ်းက သူ့ကို ပထမဆုံး ယုံကြည်တဲ့ လူတစ်ယောက်ပါ။

အရင်တုန်းက ခေါင်းဆောင်လီရဲ့ အကူညီကြောင့်သာ မဟုတ်ရင်၊ သူပန်ကိတ်သည် ဘဝနဲ့အခုထိ စိန်ပြေးတမ်း ဆော့နေရဦးမှာပါ။ဒါဆို စွယ်စုံကျမ်းရဲ့ မစ်ရှင်အောင်မြင်ဖို့က မဖြစ်နိင်တော့ပေ။

လင်းဖန်ဟာ သူခေါင်းဆောင်လီ ရဲ့ဘဝကို ကယ်တင်ခဲ့မိတယ် ဆိုတာတောင်မသိမထားမိပါဘူး။

"သူဌေးလေး....မဟုတ်ဘူး..မာစတာလင်း ဒါခင်ဗျား အတွက်"

လီရှောင်ရှမ်းဟာ ဆိုင်ထဲကို ဝင်လိုက်ပြီးတော့လင်းဖန်ကို လက်ထဲက သေချာထုပ်ပိုးထားတဲ့လက်ဆောင်ကို ကမ်းပေးလိုက်ပါတယ်။

လင်းဖန် လက်ဆောင်ကို ဖွင့်လိုက်ပြီး အထဲကိုကြည့်လိုက်ပါတယ်။

"နိုင်ငံသား ကောင်း ဆု"

ဒီလက်မှတ်ဟာ အတော်ကျက်သရေရှိပြီး လင်းဖန်ရဲ့နာမည်လည်း ပါဝင်ပါတယ်။

"မာစတာလင်း ၊ဒါတွေ အကုန်လုံးမင်းရဲ့ကျေးဇူးကြောင့်ပဲ။မာစတာလင်းရဲ့ လမ်းညွှန်မူကြောင့်သာမဟုတ်ရင် ချင်ချုအန်ကို ဖမ်းမိမှာမဟုတ်ဘူး"

လီရှောင်ရှမ်းအတွက်တော့ လင်းဖန်ဟာ သူ့ဘဝရဲ့ကယ်တင်ရှင်ပါ။

"မပြောပါနဲ့တော့ဗျာ ၊ ဒါကဘာမှ မဟုတ်တဲ့အရာလေးပါ"

လင်းဖန် ချက်ချင်းပဲပြန်ပြောလိုက်ပါတယ်။

"ဒါက ငွေသားဆုသပ်သပ်၊ ဒေါ်လာသုံးသောင်း"

လီရှောင်ရှမ်းဟာ ခရက်ဒက် ကတ် တစ်ခုကိုထုတ်ယူလိုက်ပြီး လင်းဖန်ကို လှမ်းပေးလိုက်ပါတယ်။

ယင်းနောက်သူဟာ လင်းဖန်ရဲ့ ပုခုံးကိုပုတ်ပြီး ပြောလိုက်ပါသည်။

"ငါ့ရဲ့ တာဝန် ဝတ္တရား တွေအရ သူတို့ကိုအကုန်လုံးတော့ပြောပြ လို့မရဘူး။ဒါကြောင့်သူတို့ကို မာစတာ လင်း အရင်က ချင်ချုအန်ကို မြင်ခဲ့တာလို့ပဲ ပြောခဲ့ရတယ်"

"ကျုပ်နားလည်ပါတယ်"

လင်းဖန် ပြန်ပြောလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် လီရှောင်ရှမ်ဟာ ပြည်သူ့အရာရှိတစ်ယောက်ပါ။သူသာ အထက်ကို ရီပို့တင်တဲ့အခါမှာ ဗေဒင်တွက်ပြီး တရားခံကိူဖမ်းလိုက်ပါတယ်လို့ ရေးထားရင် ရှော့အကြီးကြီးရှိပါတယ်။

"ဒါပေမဲ့ ကျုပ် မာစတာလင်းကို ယုံကြည်တယ်ဗျာ၊ ကျုပ်ရဲ့လုပ်ဖော်ကိုင်ဘက်တွေတောင် အံ့သြနေကြတယ်"

လီရှောင်ရှမ်း ဟာပြောလိုကိသည်။

"ခေါင်းဆောင်လီ ၊ ခင်ဗျား တစ်ချို့အရာတွေကိုတော့တကယ်ယုံကြည်ဖို့ လိုတယ်။ကျုပ်ခင်ဗျားရိုးသားပြီး ဟန်မဆောင်တတ်တဲ့ လူတစ်ယောက်ဆိုတာ သိပါတယ်။ခင်ဗျားသိပ်ပြီး လိပ်ပြာမသန့်ဖြစ်ဖို့တော့ မလိုပါဘူး...ခင်ဗျားမှာအနာဂတ်ကောင်းတွေ ရှိတာ ကျွန်တော်မြင်နေရတယ်...."

လင်းဖန်ဟာ လီရှောင်ရှမ်းနား ကပ်ပြီး လေးလေးနက်နက်ပြောလိုက်ပါတယ်။

လီရှောင်ရှမ်းဟာ အနည်းငယ်အိုနေပေမယ့်လည်း သူ့ရဲ့အတွေ့အကြုံတွေဟာ သူ့ရဲ့လျို့ဝှက် ကတ်တွေဖြစ်လာနိုင်ပါတယ်။

"မင်းရဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်မာစတာ လင်း၊ ငါစကားနည်းနည်းလောက် ပြောလို့ရမလား?"

လီရှောင်ရှမ်းဟာ ပတ်ဝန်းကျင်ကိုကြည့် ပြီးအသံတိုးတိုးပြောလိုက်ပါတယ်။

"ရပါတယ် ပြောလေ"

လင်းဖန်ဟာ အလျင်အမြန်ပြန်ပြောလိုက်သည်။

"ငါ့ရဲ့အထက်အရာရှိကို အမှန်အတိုင်းငါပြောပြ လိုက်တာ သူလည်းငါ့ကို တကယ်ယုံကြည်တယ်။အဲတာ သူငါ့ကို မင်းဆီက ဗေဒင်လေးတွက်ပေးခဲ့ပါလို့ အကူအညီတောင်းနေလို့"

လီရှောငိရှမ်းဟာ တိုးတိုးပြောလိုက်ပါတယ်။

ဒီကိစ္စဟာ လူသိခံလို့မရတဲ့ အရာပါ။မဟုတ်ရင် လူအများကြီးက လက်ညိုးထိုးပြီး ဝိုင်းရယ်ကြပါလိမ့်မယ်။

"ဒါက သူ့ရဲ့မွေးဖွားမူအချက် ရှစ်ချက်လေ"

လီရှောင်ရှမ်းဟာ ပြောလိုက်ပြီး လင်းဖန်ကို စာရွက်တစ်ခုကမ်းပေးလိုက်ပါတယ်။

"အိုး ကြည့်ရတာ သူလည်းဗေဒင်ပညာကို စိတ်ဝင်စားတယ်ထင်တယ်"

လင်းဖန်ဟာပြုံးကာ ပြောလိုက်သည်။

လီရှောင်ရှမ်းဟာလည်း လိုက်ရယ်လိုက်ပေမယ့်ဘာမှတော့ မပြောပါဘူး။ဒီနေ့ခေတ်မှာ ဗေဒင်မယုံပါဘူးဆိုတဲ့ လူတွေတောင် သူတို့ကို ဗေဒင်ဆရာဘယ်လို ဟောမလဲဆိုတာ စိတိဝင်စားကြပါတယ်။

လင်းဖန်ဟာ သူ့လက်ထဲကစာရွက်ကို သေချာဂရုစိုက်ပြီး ကြည့်လိုက်သည်။ယင်းနောက် သူလီရှောင်ရှမ်းကို ကြည့်ကာပြေားလိုကိပါတယ်။

"ခေါင်းဆောင်လီ ပုံမှန်ဆိုကျုပ်က လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီးမှဟောပေးတာ၊ဒီလိုအချက်အလက်တွေ ဆိုတာကျုပ်လှည့်တောင် မကြည့်ဘူး"

"ဒါပေမဲ့ ခင်ဗျားက ကျုပ်ကိုအများကြီးကူညီခဲ့တာဆိုတော့ ခင်ဗျားကို ကျုပ်အခက်တွေ့အောင်မလုပ်တော့ဘူး၊ ကျုပ်စာနည်းနည်းရေးပေးလိုက်မယ် သူသာယုံကြည်ရင် ဒါသူ့ကံတရားပဲ ၊ သူမယုံကြည်ရင် လည်း ဒါဟာ သူ့ဖြစ်ရမယ့် အကြောင်းပါလာတယ် လို့သတ်မှတ်ရလိမ့်မယ်"

"မာစတာ လင်း ကျေးဇူးအများကြီးတင်ပါတယ်"

လင်းဖန်ဟာ စားပွဲပေါ်က ဖောင်တိန်တစ်ချောင်းနဲ့ စာရွက်တစ်ရွက်ကို ယူကာ စာအနည်းငယ်ရေးလိုက်သည်။

"မင်းနှလုံးသား အတိုင်းသာ လုပ်ဆောင်ပါ"

လီရှောင်ရှမ်းဟာ လင်းဖန်ရေးလိုက်တဲ့ စာကြောင်းကို မြင်တဲ့ အခါမှာ ဆွံ့အသွားခဲ့ပါတယ်။

"မာစတာ လင်း ၊ တစ်ကြောင်းတည်းလား"

"ဒါသာ သူ့ကို ပေးလိုက်ပါ၊ သူနားလည်ပါလိမ့်မယ်"

လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။

"မာစတာ လင်း ..မင်းတကယ် စာကြောင်းနည်းနည်းလောက် ထပ်မရေးချင်တော့ဘူးဆိုတာ သေချာလား"

လီရှောင်ရှမ်းဟာ လင်းဖန်ရေးတာ အရမ်းနဲနေတယ်လို့ ခံစားနေရပါတယ်။အများအားဖြင့် တစ်ခြားဗေဒင်ဆရာတွေဆို လူတစ်ယောက်ကိုဟောဖို့ စာပိုဒ်သုံးလေးပိုဒ်လောက်တော့ ရေးပါတယ်။

လီရှောင်ရှမ်းဟာ သူ့အထက်အရာရှိက သူစာတစ်ကြောင်းထဲပြန်ယူလာလို့ ဆူမှာကို စိုးရိမ်နေခဲ့သည်။

"ထပ်ရေးဖို့ မလိုတော့ဘူး၊ ကျုပ်ကိုယုံတယ်မလား ခေါင်းဆောင် လီ"

လင်းဖန်ဟာ ပြောလိုက်သည်။

လီရှောင်ရှမ်းဟာ လင်းဖန်ကိုကြည့်ပြီး ခေါင်းညိမ့်လိုက်ပါတယ်။

"ကောင်းပြီလေ မင်းပြောတဲ့ အတိုင်းငါလုပ်မယ်၊ ဒါပေမဲ့ ငါအဆူခံရရင်တော့ မင်းဆီပြန်လာခဲ့မယ်နော်။ဒါက ဗေဒင်ဟောခ အဖြစ်သူပေးလိုက်တာ"

လင်းဖန်ဟာ ဘဏ်စာရွက်နှစ်ရွက်ကို မြင်လိုက်ပြီး ဘာမှမပြောပဲ လက်ခံလိုက်ပါတယ်။

"ငါလုပ်စရာရှိသေးလို့ သွားတော့မယ်၊ငါ့အကူညီကို လိုတဲ့အချိန်ကျရင် အချိန်မရွေး ဆက်သွယ်လိုက်"

"ကောင်းပြီလေ ပြသနာမရှိပါဘူး"

လင်းဖန်ဟာ သူ့လက်ပြပြီး နှုတ်ဆက်လိုက်ပါတယ်။

ခေါင်းဆောင်လီ ထွက်သွားပြီးတဲ့ နောက်မှာ လူလိမ်ထျန်ဟာ လင်းဖန်အနားကို လျောက်လာခဲ့ပါတယ်။

သူဟာ လင်းဖန်ကို အနည်းငယ် လေ့လာကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်းက ဘယ်တုန်းက နိုင်ငံသားကောင်း ဖြစ်သွားရတာလဲ? ပြီးတော့ ဒေါ်လာ သုံးသောင်းတောင် ပေးသွားလိုက်သေးတယ်"

"ဘာလဲ ကျုပ်က နိုင်ငံသားကောင်း ဖြစ်လို့မရဘူးလာ?ကျုပ်ရဲ့ ရိုးရှင်းတဲ့ လမ်းညွန်ချက်တစ်ခုကတင် ဒေါ်လာ သုံးသောင်းလောက်ဝင်တာ တွေ့တယ်နော်..ဒါက ပိုက်ရှာဘယ်လိုရှာတယ် ဆိုတာပဲ၊ ဒေါ်လာ နှစ်ရာလောက်နဲ့ ယှဥ်လို့မရဘူး"

.........

ခေါင်းဆောငိလီဟာ ရုံးခန်ကို ပြန်ရောက်တဲ့ အချိန်မှာ သူ့အထက်အရာရှိကို စာရွက်ကမ်းပေး လိုက်ပါတယ်။

လိန်ယောင် ဟာ ဒီစာရွက်ထဲမှာ ရေးထားတဲ့ ဟာကိုကြည့်ပြီး ပဟေဠိ ဖြစ်သွားခဲ့ပါတယ်။

"နှလုံးသားအတိုင်း လုပ်ဆောင်ရမှာလား.."

လိန်ယောင်ဟာ ချင်ချုအန်ကို ဖမ်းမိလို အလွန်ပျော်ရွှင်ခဲ့ပါတယ်။ဒါကြောင့် သူခေါငိးဆောင်လီကို အမှန်အတိုင်း မေးဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။

ပထမတော့ လီရှောင်ရှမ်းဟာ သူ့ကိုဖုံးကွယ်ထားဖို့ကြိုးစားခဲ့တာပါ သို့ပေမဲ့ သူဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူအကုန်လုံးသိပြီးတဲ့ နောက်မှာလင်းဖန်ကို စိတ်ဝင်စားသွားခဲ့ပြီး လီရှောင်ရှမ်းကနေတစ်ဆင့် အကူညီတောင်းခဲ့တာပါ။

စာရွက်ထဲမှာ ရေးထားတဲ့ စာသားများဟာ သူ့ကို အတွေး နက်သွားစေခဲ့ပါသည်။သို့ပေမဲ့ အချိန်အနည်းငယ် အကြာမှာ သူအကုန်လုံးကိုသဘောပေါက် သွားခဲ့ပါသည်။

ငါသိပြီ ငါသိပြီ.....

လင်းဖန် အတွက်တော့ ခေါင်းဆောင်လီရဲ့ အထက်အရာရှိကို လမ်းဘေးကကြုံရာလူတစ်ယောက်လို သဘောထားပြီး အလေးအနက် မဟောပေးလိုက်ပါဘူး။စာတစ်ကြောင်းလောက်က သူ့အတွက်လုံလောက်မှာပါ။

ဒါကို သူနားလည်ဖို့ ဥာဏ်မမီရင်လည်း သူ့ကံတရားပါပဲ......

All Chapters