← Chapters

ဘာမှ မဟုတ်ဘူး..

Vol. 1 Ch. 8

ဘာမှ မဟုတ်ဘူး..

Vol. 1 Ch. 8

"ဘာလို့လဲ ဆိုတော့ သားရဲကြီးက မသေသေးလို့ပဲ."

ဒီစကားလုံးတွေကြောင့် အကုန်တိတ်ဆိတ်သွားခဲ့တယ်..။သူတို့ရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ဆန်နီကို သာ ကြည့်နေခဲ့ကြပါတယ်..။

"ဘာလို့ ဒီလိုပြောတာလဲ.."

ဆန်နီ ခနလောက်တွေးကြည့်လိုက်တော့..နတ်ဘီလူးကြီး မသေဘူးဆိုတာက အမှန်တကယ်ပါပဲ..။သူ့ရဲ့ အကြောင်းပြချက်ကတော့ အရမ်းကို ရိုးရှင်းပါတယ်..။သားရဲကြီး ချောက်ထဲကို ပြုတ်ကျသွားတုန်းက..အခိုက်အတန့်ကနေပြီး..သူ့ကို သေဆုံးကြောင်းအတည်မပြုခဲ့ပေ..။

ဒါက မသေသေးဘူးလို့ ဆိုလိုတာပါပဲ...

သို့ပေမယ့် သူ ဒါတွေကိုတော့ ထုတ်ပြောမှမဟုတ်ပါဘူး..။

သူ အချက်အလက်ကိုပဲ ထောက်ပြလိုက်တယ်..။

"သတ္တဝါကြီးက ဒီကို စရောက်လာတုန်းက အမြင့်ကြီးကနေ ခုန်ဆင်းလာခဲ့တာလေ..။ဒါတောင် သူ့မှာ ဘာဒဏ်ရာမှ ရှိနေခဲ့တာ မဟုတ်ဘူး..။ဒါဆို အခုပြုတ်ကျ တာကလည်း..ဘာအတွက်ကြောင့် သေရမှာလဲ.."

သူရဲကောင်းလေး ရော..အစေခံတွေရော ဘာမှ ပြန်

မချေပ နိုင်ခဲ့ပါဘူး..။

ဆန်နီ ထပ်ပြောလိုက်တယ်..။

"ဒါက ..သူ တောင်အောက် တစ်နေရာရာမှာ အသက်ရှင်နေသေးတယ်လို့ ​ဆိုလိုတာပဲ..။တကယ်လို့ ကျုပ်တို့ သာ အောက်ကို ပြန်ဆင်းသွားမယ်ဆိုရင်..သူ့ ပါးစပ်ထဲကို ခုန်ဝင်သွားသလို ဖြစ်လိမ့်မယ်.."

ခိုးကြောင်ခိုးဝှက်ဟာ..ကျိန်ဆဲလိုက်ပြီး..မီးပုံအနားကို ပိုတိုးကာ..အမှောင်ထဲကို ထိပ်လန့်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်..။

"အမှန်ပဲ..ငါဘာလို့ ဒါကိုမတွေးမိလိုက်ပါလိမ့်.. "

သူရဲကောင်းလေး ကတော့ သုံးယောက်ထဲမှာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့ပါတယ်..။ဒါကို တွေးပြီးတဲ့ နောက်မှာ သူ ခေါင်းညိမ့်လိုက်တယ်..။

"ဒါဆိုလည်း အပေါ်ကိုဆက်တက်ပြီး တောင်ကို ဖြတ်သွားကြတာပေါ့..။ဒါပေမဲ့ ဒါတင်ပဲ မဟုတ်သေးဘူး.."

သူ နတ်ဘီလူးကြီး ပြုတ်ကျသွားတဲ့ နေရာကို လှမ်းကြည့်လိုက်တယ်..။

"တကယ်လို့ သားရဲကြီးသာ အသက်ရှင်နေဦးမယ် ဆိုရင်..ဒီကို ပြန်လာပြီး ငါတို့နောက်ကိုလိုက်လာမှာက အသေအချာပဲ..။ဒါက အချိန်က အရမ်းအရေးကြီးနေပြီလို့ ဆိုလိုတာပဲ..။ငါတို့ နေထွက်တာနဲ့ ဖြစ်နိုင်သမျှ မြန်မြန် ခရီးဆက်ကြမယ်.."

သူ သေဆုံးနေတဲ့ အလောင်းကောင်တွေကို လက်ညိုးထိုးလိုက်တယ်..။

"ငါတို့ တစ်ညလုံး ငုတ်တုတ်ထိုင်ပြီး နေလို့ မရတော့ဘူး..။ငါတို့အတွက် စားနပ်ရိက္ခာတွေကို စုဆောင်းဖို့လိုအပ်တယ်..။တကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင် ငါက ဒီလူတွေကို အတူတူမြေမြုပ်ပေးချင်ခဲ့တာ..ဒါပေမဲ့ ကံတရားက ခွင့်မပြုတော့ဘူး.."

သူရဲကောငိးလေးဟာ မတ်တတ်ထရပ်လိုက်ပြီး..ဓားကို ဝှေ့ယမ်းလိုက်တယ်..။ခိုးကြောင်ခိုးဝှက်ဟာ..ဓားကို သေချာဂရုတစိုက်ကြည့်နေခဲ့ပြီး..စစ်သည်လေးရဲ့ အန္တရာယ် မပြုမယ့် အမူအရာကို မြင်မှ စိတ်အေးသွားခဲ့ပါတယ်..။

"အစာ..ရေ..နွေးထွေးတဲ့အဝတ်အစားနဲ့..ထင်းတွေ..။ဒါက ငါတို့လိုအပ်တဲ့ အရာတွေပဲ..။ခွဲဝေပြီး တစ်ခုစီ လုပ်ကြရအောင်.."

ယင်းနောက် သူ့ကိုယ်သူ ဓားဦးနဲ့ ထိုးလိုက်ပြီး..

"ငါကတော့ အသားတစ်ချို့ရအောင်..နွားထီးတွေကို လှီးဖြတ်လိုက်မယ်..."

ပညာရှင်ကတော့..ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး..

"ငါ ထင်းရှာမယ်..."

ခိုးကြောင်ခိုးဝှက်ကတော့..ဘေး ဘယ်ညာကို ကြည့်ပြီး မျက်လုံးအရောင်လက်သွားခဲ့ပါတယ်..။

"ဒါဆိုလည်း ငါ အဝတ်အစားတွေ ရှာလိုက်မယ်.."

ဆန်နီ တစ်ယောက်တည်းသာ ကျန်ပါတော့တယ်..။သူရဲကောငိးလေးဟာ သူ့ကို အတော်ကြာအောင် ကြည့်နေခဲ့ပြီးမှ

"ရေအများစုက..ကုန်တင်လှည်းပေါ်မှာ တင်ထားခဲ့တာ..။ဒါပေမဲ့ သေဆုံးသွားတဲ့ စစ်သည်အများစုရဲ့ ကိုယ်ပေါ်မှာ ရေအိတ်တွေ ရှိနေသေးတယ်..။မင်း ရှာနိုင်သလောက် များများသာ စုထားလိုက်.."

***

အချိန်တစ်ချို့ကြာပြီးနောက်..မီပုံနဲ့အတော်ဝေးဝေး နေရာမှာ..ဆန်နီ ရေအိတ်တွေကို လိုက်ရှာနေခဲ့တာ အတော်များများတောင် ရနေခဲ့ပါပြီ..။

အေးစက်တဲ့ ရာသီဥတု ကြားထဲမှာပဲ..သူ စစ်သည်တစ်ယောက်ရဲ့ခန္တာကိုယ်ကို မြင်ပြီး ရပ်တန့်လိုက်တယ်..။

သူရဲကောင်းလေး ရေအိတ်ပေးတုန်းက သူ့ကို ကြာပွတ်နဲ့ ရိုက်ခဲ့တဲ့..စစ်သည်အိုကြီးပါ..။ဒါက အခုချိန်အထိ သူ့နောက်ကျောမှာ ဆိုးဝါးတဲ့ ဒဏ်ရာအဖြစ် ရှိနေတုန်းပါပဲ..။

ဒီလူရဲ့ ရင်ဘတ်တွေ..အစာအိမ်တွေ မှာ ဒဏ်ရာပေါင်းများစွာ ရှိနေပြီး..ကျိန်းသေ အတော်နာကျင်ခံစားနေရမှာပါ..။

သူ့ရဲ့ နောက်ဆုံးထွက်သက်က မကြာခင် ရောက်လာပါတော့မယ်..။

သူ ဒီစစ်သည်ရဲ့ ဘေးနားကို ဒူးထောက်ထိုင်ချလိုက်ပြီး ရေအိတ်ကို လိုက်ရှာလိုက်တယ်..။

"ဘယ်လို ကံကြမ္မာအလှည့်အပြောင်းမျိုးလဲ.."

သူ တွေးလိုက်တာပါ..။

လူအိုကြီးဟာ သူ့မျက်လုံးတွေနဲ့ ဆန်နီကို ကြည့်နေခဲ့ပြီး..သူ့လက်က တစ်ခုခုဆီကို လှမ်းနေခဲ့တယ်..။ဆန်နီ သူတို့နဲ့ မဝေးတဲ့နေရာမှာ ရှိနေတဲ့..ဓားတစ်ချောင်းကို သတိထားမိလိုက်ပါတယ်..။

သိချငိစွာပဲ သူ ကောက်ကိုင်လိုက်တယ်။

"ခင်ဗျား ဒါကို ရှာနေတာလား..။ဘာလုပ်ဖို့လဲ..။ခင်ဗျားတို့လို လူတွေက လက်ထဲမှာ ဓားကို ကိုင်ထားပြီးမှ သေချင်ကြတာလား.."

သေလုဆဲဆဲ စစ်သည်အိုကြီးဟာ ပြန်မဖြေခဲ့ပဲ လူငယ် အစေခံလေးကိုသာ ခွဲခြားရခက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့ပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။

"ကောင်းပြီလေ ဒါလည်း မဆိုးပါဘူး..။ဘာပဲဖြစ်ဖြစ် ကျုပ်လည်း..ခင်ဗျားသေတာကို စောင့်ကြည့်နေမယ်လို့ ကျိန်ဆိုထားခဲ့တာပဲ.."

ပြောပြီးတာနဲ့ ဆန်နီ ရှေ့ကို တိုးကာ..လူအိုကြီးရဲ့ လည်ပင်းကို သူ့ရဲ့ ဓားအကျိုးနဲ့ပဲ ထိုးစိုက်လိုက်ပါတယ်..။စစ်သည်တော်ကြီးဟာ ခန္တာကိုယ် လှုပ်ခါသွားခဲ့ပြီး သွေးတွေ စီးကျလာခဲ့တယ်..။သူ့ မျက်လုံးထဲက အမူအရာတွေက တော့ ပြောင်းလဲ သွားခဲ့ပါပြိီ ..။ဒါက ကျေးဇူးတင်မူလား..အမုန်းတရားလားတော့ ဘယ်သူမှ မသိနိုင်ပေ..။

ပုံရိပ်ယောင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်..ဒါက ဆန်နီ ပထမဆုံးအကြိမ် လူသတ်ဖူးတာပါ..။သူ စိတ်မကောင်းဖြစ်တာတို့ နောင်တရတာတို့ကို မျှော်လင့်ထားခဲ့ပေမယ့် စိတ်ထဲမှာ တစ်ခုမှ ရှိမနေခဲ့ပါဘူး..။အဆိုးထဲက အကောင်းဆိုသလိုပဲ..ပြင်ပကမ္ဘာရဲ့ ရက်စက်မူတွေက သူ့အတွက် ဒီအခြေအနေမှာ အဆင်သင့်ဖြစိနေသလိုပါပဲ..။

သူ လူအိုကြီးရဲ့ အနီးနားမှာ ထိုင်လိုက်ပြီး..နောက်ဆုံးခရီးကို အဖော်ပြုပေးနေခဲ့တယ်..။

ခနကြာတဲ့အချိန်မှာတော့..အခိုက်အတန့်ရဲ့ အသံက နားထဲကို ဝင်လာခဲ့ပါတယ် .။

[ သင်ဟာ လူသားတစ်ယောက်ကို သတ်လိုက်သည်..။အမည် - မသိရှိ ]

ဆန်နီ အံ့ဩသွားခဲ့တယ်..။

"အိုး ဟုတ်သားပဲ..လူကို သတ်တာကလည်း အောင်မြင်မူ တစ်မျိုးပဲ.."

သို့ပေမယ့်..အခိုက်အတန့် ရဲ့အသံက မဆုံးသေးပဲ ဆက်ပြောနေခဲ့ပါတယ်..။

[ သင့်အနေနဲ့ မှတ်သားမူ တစ်ခုကို ရရှိပါသည် ]

ဆန်နီ စိတ်ဝင်စားသွားခဲ့တယ်..။

"ဒါပဲလေ..တစ်ခုခု ကောင်းတာလေးတွေ ပေးစမ်းပါ..]

မှတ်သားမူ တွေက..လက်နက်တွေကနေပြီး တစ်ခြား ကျေနပ်စရာ ပစ္စည်းတွေလည်း ဖြစ်နိုင်ပါသေးတယ်..။သာမန်လူတစ်ယောက်ဆီကရမယ့် မှတ်သားမူအဆင့်က သိပ်မက်မောစရာ မရှိဘူးဆိုရင် တောငိ သူ လိုချင်နေပါသေးတယ်..။ဒါက ဘာမှသယ်ဆောငိသွားစရာတောင်မလိုပဲ..အတွေးလေးတစ်ချက်နဲ့တငိကို အသုံးပြုနိုင်မှာပါ..။

'လက်နက်တစ်ခု...ငါ့ကို ဓားပေးစမ်းပါ.."

[ မှတ်သားမူ : ငွေရောင်ခေါငိးလောင်း ]

ဆန်နီ စိတ်ပျက်စွာပဲ သက်ပြင်းချလိုက်တယ်..။

"ကောငိးပြီလေ..ငါ့ရဲ့ကံတရားနဲ့ ဘာတွေမျှော်လင့်နေရဦးမှာလဲ "

ဆန်နီ သူ့ရှေ့မှာ စခရင်တစ်ခုကို ထုတ်လိုက်ပြီး..ငွေရောင် ခေါင်းလောင်းဆိုတဲ့ စာလုံးလေးကို အာရုံစူးစိုက်လိုက်တယ်..။

[ ငွေရောင် ခေါင်းလောင်း : အချိန်တွေ အကြာကြီး အိမ်ကို ​ပျောက်ဆုံးနေတဲ့ ပိုင်ရှင်ကို စိတ်ကျေနပ်စေမဲ့ အမှတ်တရပစ္စည်းဖြစ်သည်..။ခေါင်းလောင်း၏ မြည်သံကို မိုင်ပေါင်းများစွာ အကွာမှ ကြားရမည်ဖြစ်သည်..]

"ဘယ်လို အမှိုက်မျိုးလဲ.."

ဆန်နီ တွေးလိုက်တာပါ..။

သူ ရလိုက်တဲ့ ပထမဆုံး မှတ်သားမူက ဘာမှအသုံးမဝင်ပါဘူး..။အခိုက်အတန့် ရဲ့ သူ့အပေါ် ဆက်ဆံတဲ့ ပုံစံတွေက..အိပ်မက်ဆိုး စတင်ကတည်းက သိပ်မဟုတ်သေးပေ..။

"ကိစ္စမရှိဘူး.."

ဆန်နီ ..စခရင် ကို ပြန်ဖျောက်လိုက်ပြီး ဒီလူကြီးရဲ့ အင်္ကျီတွေ..လည်သာ ဖိနပ်တွေကို ချွတ်လိုက်တယ်..။အရာရှိ တစ်ယောက်ဖြစ်တာကြောင့် ဒီလူ ဝတ်ထားတဲ့..အဝတ်အစားတွေက သာမန် စစ်သည်တွေထက် အများကြီး ပိုပြီး နွေးထွေးပါတယ်..။

ဆန်နီ အင်္ကျီတွေကို သူ့ကိုယ်​ပေါ်မှာပြောင်းဝတ်လိုက်တယ်..။လူငယ် အစေခံလေးဟာ အိပ်မက်ဆိုးစတင်ကတည်းက ပထမဆုံးအကြိမ် နွေးထွေးမူကို ခံစားလိုက်ရပါပြီ..။

" အမိုက်စားပဲ.."

သူတွေးလိုက်တယ်..။

ဒီလူ အင်္ကျီတွေက သွေးစွန်းနေတယ် ဆိုပေမယ့်..သူ့ကိုယ်မှာလည်း နဂိုကတည်းက သွေးတွေ ထွက်နေတာပါပဲ..။

သူ ပတ်ဝန်းကျင် အမှောင်ထုထဲကို သူ့ရဲ့ ဖောက်ထွင်းမြင်နေရတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်တယ်..။သူရဲကောင်းလေး နဲ့ ပညာရှင် တို့ဟာ အခုထိ သူတို့အလုပ်ကို လုပ်နေကြတုန်းပါပဲ..။ခိုးကြောင်ခိုးဝှက်ကတော့ နွေးထွေးတဲ့အဝတ်အစားကို ရှာရမှာဖြစ်ပေမယ့် လောဘကြီးစွာပဲ သေတဲ့လူတွေရဲ့ လက်စွပ်တွေကို လိုက်ချွတ်နေခဲ့ပါတယ်..။

ဆန်နီ ဒီလူတွေကို ကြည့်ပြီး အခြေအနေကို စဥ်းစားသုံးသပ် နေခဲ့တယ်..။

သူ့ရဲ့ အပေါင်းအပါတွေက ယုံကြည်ရတဲ့လူ တစ်ယောက်မှ မပါပါဘူး..။အနာဂတ် ဆိုတဲ့ အရာကလည်း မသေချာပေ..။အိပ်မက်ဆိုး ပြီးမြောက်ဖို့ နောက်ဆက်တွဲလုပ်ရမယ့်အရာတွေကလည်း..ဘာတွေမှန်း သူ မသိသေးပါဘူး..။

ဆုံးဖြတ်ချက် တစ်ခုချင်းစီတိုင်းက လောင်းကစား လုပ်နေရသလိုကို အရေးပါလှတာပါ..။

ဒီအချိန်မှာ..သူ အသက်ရှင်သန်ချငိတယ်ဆိုရင်တော့..ဆုံးဖြတ်ချက်တစ်ချို့ ချဖို့ လိုအပ်ပါသေးတယ်..။

စဥ်းစားဖို့ အချိန်ထပ်မယူတော့ပဲ..ဆန်နီ ရေအိတ်တွေကို ကောင်ယူလိုက်ကာ သက်ပြင်းချလိုက်တယ်..။

***

သူတို့ တစ်ညလုံး မီးပုံကို ကျောပေးပြီး အမှောင်ထုထဲကို ကြောက်လန့်တကြားကြည့်ကာ..နေနေကြရတယ်..။ပင်ပန်းနွမ်းနယ် နေတာကလွဲလို့ ဘယ်သူမှ မအိပ်နိုင်ခဲ့ကြပါဘူး..။သားရဲကြီး သူတို့ဆီကို ပြန်လာပြီး သတ်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေက အတော်လေး ကြောက်ဖို့ကောင်းလှပါတယ်..။

သူရဲကောင်းလေး တစ်ယောက်တည်းသာ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တယ်..။ကခုန်နေတဲ့ မီးပုံဘေးမှာတော့ ..သူက ဓားသွေးနေခဲ့တာပါ..။

ဓားသွေးကျောက်နဲ့ ဓားနဲ့ ပွတ်တိုက်နေတဲ့ အသံက

သံစဥ်တစ်ခုလိုတောင် ဖြစ်နေခဲ့ပါတယ်..။

အချိန်အတော်ကြာအောင် အနားယူပြီးတဲ့ နောက်မှာတော့ နွေးထွေးတဲ့ နေရောင်ခြည်ဟာ ထွက်ပေါ်လာခဲ့တယ်..။သူတို့..စုဆောင်းထားတဲ့ ရိက္ခာတွေကို ကိုယ်စီသယ်ပြီး ရှေ့ကို ခရီးဆက်ဖို့ လုပ်လိုက်ကြပါတယ်..။

ဆန်နီ..ဒီနေရာတစ်ခုလုံးကို နောက်ဆုံးတစ်ကြိမ် ပြန်လှည့်ကြည့်လိုက်တယ်..။အစေခံ ခရီးသည်တန်းကြီး တိုက်ခိုက်ခံရတဲ့ ဒီနေရာကိုတော့ သူ ကျော်ဖြတ်နိုင်ခဲ့ပါပြိီ..။

ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲ ဆိုတာကိုတော့..ဘယ်သူမှ မသိနိုင်ပေ...

All Chapters